အခန်း (၆၉-၇၅)
Vol. 5 Ch. 69-75
Chapter 69
သူတို့ ထမင်းစားပြီးတာနဲ့ သီးသန့်အခန်းက ထွက်လာပြီး စားပွဲထိုးက ဥက္ကဋ္ဌရဲ့ရုံးခန်းကို ခေါ်သွားသည်။
“ချစ်လှစွာသော ယောက်ဖ! ငါ့ညီမ ဘယ်မှာလဲ" ဆန်က မေးလိုက်သည်။
“မဟုတ်ဘူး! ငါ့ကိုယောက်ဖလို့ မခေါ်နဲ့။ မစ္စပုလဲ နဲ့ ငါက လုပ်ဖော်ကိုင်ဖက်တွေပဲလို့ ပြောခဲ့ဖူးတယ်မလား။ ငါတို့က ဘယ်တုန်းကမှ မတွဲဘူးဖူး ငါက တက္ကသိုလ်ကျောင်းသားဖြစ်နေတုန်းပဲ။ ငါက မင်းရဲ့ယောက်ဖ ဘယ်လိုဖြစ်နိုင်မှာလဲ" ဒေးဗစ်က ပြန်ပြောလိုက်သည်။
သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ တစ်ခုခုတော့ မမှန်ဘူးဗျ။ အရင်က ပြဿနာမဟုတ်ပေမယ့် အခုတော့ သူ့ကို ဒီလိုခေါ်လို့မရတော့ပေ။
"အင်း... မစ္စတာ လစ်ဒဲလ်၊ ငါ့ညီမ ဘယ်မှာလဲ" ဆမ်က ထပ်မေးလိုက်သည်။
"မင်းညီမ သွားပြီ။ ထမင်းစားပြီးရင် အိမ်ပြန်သင့်ပြီ!" ဒေးဗစ်ပြောလိုက်သည်။
"သူမထွက်သွားပြီ? ငါတို့သူမကိုသွားရှာမယ်!"
“သူမ ထွက်သွားတယ်လို့ ပြောတာက သူက ဟိုတယ်ကနေ ထွက်သွားတာကို မဆိုလိုဘဲ မြစ်မြို့ကနေထွက်သွားပြီလို့ပြောတာ။ ဒါကတော့ မစ္စပုလဲ ရဲ့ နုတ်ထွက်စာပါ။ မင်းကိုယ်တိုင်ကြည့်ပါ!"
ဒေးဗစ်သည် ထိုစကားကိုပြောပြီးနောက် ဆမ်ကို စာရွက်တစ်ရွက် ပေးလိုက်သည်။
သူမ နှုတ်ထွက်သွားတာလား။
သူတို့တုန်လှုပ်သွားသည်။ တစ်ခုခုတော့ မှန်ပုံမဟုတ်တော့ပေ ။
ဆမ်က ယူကြည့်လိုက်တော့ ပုလဲဆီက နုတ်ထွက်စာ အမှန်ပဲလို့သိလိုက်သည်။
“မစ္စတာ လစ်ဒဲလ်၊ ငါ့ညီမ ဘာကြောင့် နုတ်ထွက်သွားတာလဲ။"
"ဒါကို ဘယ်လိုပြောရမလဲ။ မစ္စပုလဲ က သူမ ဒီမှာ အလုပ်လုပ်ရင် သူ့ကို ဆက်ပြီး အနှောက်အယှက် ပေးလိမ့်မယ်လို့ထင်တယ်။ မင်းတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်တဲ့အတွက် ထွက်သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပါဘူးလို့ပြောတယ်” ဟု ဒေးဗစ်က ဖြေလိုက်သည်။
"ညီမလေး ဘယ်ကိုသွားတာလဲ"
"ငါမသိဘူး။ သူ့ တက္ကသိုလ် အခန်းဖော် ရှာဖို့သွားတာထင်တယ်”
လိ သည် သူမ၏ ဆဲလ်ဖုန်းကို အမြန်ထုတ်လိုက်ပြီး ပုလဲကို ဖုန်းဆက်လိုက်သည်။
"တောင်းပန်ပါတယ်! သင်ခေါ်ဆိုနေသောနံပါတ်ကို ခေါ်ဆို၍ မရနိုင်ပါ။ တောင်းပန်ပါတယ်…”
'မဟုတ်ဘူး'
'အိုး မဟုတ်ဘူး!
လီက မြေပြင်ပေါ် လဲကျသွားသည် ။
"ဟမ့်! မင်းက ငါတို့ကို လှည့်စားဖို့ သူမနဲ့ ပေါင်းကြံတာလား။ ငါမင်းကိုပြောလိုက်မယ်။သူမ ထွက်မလာမချင်း ငါတို့ ထွက်သွားမှာ မဟုတ်ဘူး။” ဘီလီက ဒေးဗစ်ကို ဒေါသအပြည့်နဲ့ ပြောလိုက်သည်။
"အဒေါ်! ဒီမှာလာပြီးဒေါသထွက်မနေပါနဲ့။ ခင်ဗျားရဲ့သမီးကို ထွက်သွားဖို့ ငါ အတင်းမတိုက်တွန်းခဲ့ဘူး။ မင်းက အဲဒါကို လုပ်တဲ့သူပဲ။ ငါနဲ့ဘာဆိုင်လဲ။ မင်းဒီမှာ ဝုန်းဒိုင်းကြဲပစ်လိုက်ရင် မင်းအပြစ်ဖြစ်လိမ့်မယ်!"
"ငါ ဂရုမစိုက်ဘူး! သူမထွက်မလာရင် ငါဒီမှာနေမယ်။ ဘာပဲဖြစ်ဖြစ် အစားအသောက်ကောင်းကောင်းနဲ့ အချိုရည်တွေကို ကောင်းကောင်းခံစားနိုင်မှာပဲ” ဘီလီသည် မတုန်မလှုပ်ဖြစ်နေခဲ့သည်။
“ဒီမှာ မစ္စပုလဲ ရှိတုန်းကတော့ သူ့အတွက်ကြောင့် ဟိုတယ်မှာ အကောင်းဆုံး အစားအသောက်တွေ ကျွေးမယ်။ ဒီဟင်းပွဲက ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျတယ်။ ဒါပေမယ့် အခု သူမ မရှိတော့ရင် မင်းကို ယဉ်ကျေးနေဖို့ မလိုတော့ဘူး။
ဒီမှာ ဝုန်းဒိုင်းကြဲပစ်လိုက်ရင် ရဲကိုဖုန်းဆက်လိုက်မယ်။ အချိန်အတန်ကြာ ပိတ်လှောင်ခံထားရပြီး မင်းရဲ့ဂုဏ်သိက္ခာကို ပျက်ပြားစေလို့ ငါ့ကို အပြစ်မတင်ပါနဲ့!" ဒေးဗစ်က ဖြည်းညှင်းစွာပြောလိုက်သည်။
ဒေးဗစ်ပြောပြီးတာနဲ့ သူတို့ကြောက်သွားသည်။
ဒေးဗစ်သည် သူတို့၏မျက်လုံးထဲတွင် ကြီးမားသော သူဌေးကြီးဖြစ်သည်။
"ငါ့ကို အထင်မသေးနဲ့! ငါမင်းကိုပြောမယ် ငါ အသက်ရှင်နေတာ ကြာပြီ။ ဘာမှ ကြောက်စရာမရှိတော့ဘူး” လို့ ဘီလီက ပြောလိုက်သည်။
သူဒီလိုပြောပေမယ့် တုန်ယင်နေတဲ့အသံက သူ့ကိုသစ္စာဖောက်နေသည်။
"ကျွန်တော် မစ္စ ပုလဲရဲ့ အခြေအနေကို နည်းနည်းသိတယ်။ သူမကလည်းခင်ဗျားရဲ့ကလေးပဲဒါပေမဲ့ဘာလို့ဒီလောက်ထိ ကွဲပြားစွာဆက်ဆံတာလဲ။
တကယ်လို့ မစ္စပုလဲကို ဂရုစိုက်ခဲ့မယ်ဆိုရင် သူမ ဒီနေ့ ထွက်သွားမှာ မဟုတ်ဘူး။မစ္စပုလဲ ထွက်သွားတုန်းက မျက်လုံးတွေ မျက်ရည်တွေဝဲနေတယ်။ သူထွက်သွားတုန်းက ပြုစုပျိုးထောင်ခဲ့တဲ့အတွက် မင်းကို ကျေးဇူးဆပ်ပြီးပြီ လို့ပြောခဲ့တယ်။ သူမ မင်းကို ထပ်မတွေ့ချင်တော့ဘူး။ မင်း သူမကို ဘယ်တော့မှ ပြန်မတွေ့တော့မှာ သေချာတယ်။”
ဘီလီသည် ဒေးဗစ်ပြောသည်ကို ကြားသောအခါ ဒေါသတဟုန်းဟုန်းတောက်ကာ ရင်ဘတ်ကို ပြည့်လျှံသွားသလို မူးလဲလုမတတ် ဖြစ်ခဲ့ရသည်။ လိ သည် ဘီလီ ကို ထောက်ခံရန် လျင်မြန်စွာ ရှေ့ကို တိုးလာသည်။
ဆမ် သည် သူ့ခေါင်းထဲတွင် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
တောက်ပသော အနာဂတ်ကို သူ စိတ်ကူးယဉ်မိသွားခဲ့သည် ။
Chapter 70
မင်နီ ရဲ့မိဘတွေက မင်နီ ကို ထွက်သွားဖို့ ဆွဲခေါ်သွားသည်။
တကယ်အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ။
"မင်နီ!" ဆမ်အော်လိုက်သည်။
မင်နီ က ဝမ်းနည်းစွာနဲ့ ဆမ် ကို လှည့်ကြည့်လိုက်သည်။
"ဒီအရှုံးသမားကို နင်ဘာကြည့်နေတာလဲ။ သူတို့မှာ ဒီလိုအခွင့်အရေးကောင်းတွေ ရှိခဲ့တယ်။ ဒါပေမယ့် သူတို့ကပုလဲ ကို အတင်းအကြပ် ဖယ်ခိုင်းတယ်။ အခု အခြေအနေကို ကြည့် သူတို့ ဘာကိုမှ မတတ်နိုင်ခဲ့ဘူး။ သူ့အရည်အချင်းနဲ့သူ ဘယ်အချိန်မှာ အိမ်တစ်လုံးနဲ့ ကားတစ်စီး တတ်နိုင်မှာလဲ။ လာ၊ ငါနဲ့ အမြန်အိမ်ပြန်။ သူနဲ့ သင့်အဆက်အသွယ်ဖြတ်လိုက်တော့။ ငါ မင်းကို ပိုကောင်းတဲ့သူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်" လို့ မစ္စ ဖူလာ က မင်နီ ကို ပြင်းပြင်းထန်ထန်ပြောဆိုလိုက်သည်။
ဆမ် က ကောင်ကင်ဘုံကနေ ငရဲကိုကျသွားသလို ခံစားလိုက်ရသည်။
ဘီလီနှင့် လိ တို့သည် ဒေါသကြောင့် သွေးဆူလာသလို ခံစားလိုက်ရသည်။
ပုလဲသည် သူမ၏ အဆက်အသွယ် အချက်အလက်ကို ပြောင်းလဲခဲ့ပါက သူမကို သူတို့ ဘယ်သွားရှာမှာလဲ။
ပုလဲက သူတို့ကို လစဉ် ပိုက်ဆံ ပို့ခဲ့တာ နှစ်တွေကြာလာတော့ အလေ့အထ ဖြစ်လာခဲ့သည်။သူတို့ အချိန်အတော်ကြာ အလုပ်မလုပ်ခဲ့ကြပါ။
သမီးကောင်းတစ်ယောက်ကို ပြုစုပျိုးထောင်ပြီး အလုပ်မလုပ်ဘဲ ပိုက်ဆံသုံးနိုင်တော့ရွာကလူတိုင်း မနာလိုဖြစ်ကြသည်။
ရုတ်တရက် ငွေရေးကြေးရေး ဖြတ်တောက်ခံရရင် ဘယ်လိုလုပ်မလဲ။
ဟိုးအရင်တုန်းကလို မနက်ခင်း အပြင်ထွက်အလုပ်လုပ်ပြီး ညနေမှအိမ်ပြန်ရတဲ့အလုပ်ကိုလုပ်ကြရမှာလား။
ရွာက မိသားစုကို ဘယ်လိုထငကြမ်လဲ။
ဇနီးမောင်နှံနှစ်ယောက်က အဲဒါကို တွေးမိတဲ့အခါ နောင်တရသွားသည်။
အိမ်ထဲမှာပဲ နေရတာ ပျော်သည်။ သူတို့သည် ဖဲကစားခြင်း၊ လမ်းလျှောက်ခြင်းဖြင့် တစ်နေ့တာကုန်ဆုံးနိုင်သည်။
ဒါတွေအားလုံးဆန်ရဲ့ အပြစ်ပဲ။
သူ့ကြောင့်မဟုတ်ရင် သူတို့အိမ်မှာ တစ်သက်လုံးရှိနေကြဦးမှာပဲ။
ကဲ ကောင်းတယ်အခုသူတို့မှာ ဘာမှ မကျန်တော့ဘူး။
ပုလဲကို ငယ်ငယ်လေးကတည်းက ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့ကြတဲ့ ဇနီးမောင်နှံဟောင်းတွေက မစဉ်းစားတတ်ကြပေ။ ဆမ်ရဲ့စကားကို နားထောင်ပြီး ဒီကိုရောက်လာတာကိုပဲ နောင်တရနေကြသည်။
သူတို့ပြောတာ မှန်ပါတယ်။ သူတို့အိမ်မှာနေရင်ပုလဲက တစ်ပြားတစ်ချပ်မှ မလျှော့ဘဲ ဒီအတိုင်းပဲ ပိုက်ဆံပို့လိမ့်မည်။
ဒေးဗစ်သည် မိသားစု၏တုံ့ပြန်မှုကို ကြည့်ရင်း ဆိုဖာပေါ်တွင် ငြိမ်သက်စွာထိုင်နေသည်။
သူတို့ကို ပြန်ခိုင်းရန် ဒေးဗစ်ကပိုက်ဆံပေးနျုင်သည်။ ရူးသွပ်သောငွေပမာဏအများကြီးကို လည်းပေးနိုင်သည်။
သို့သော် ဒေးဗစ်သည် သူတို့ကို ပေးဆောင်ရန် မလိုလားပါ။
ပုလဲ သည် ထိုသို့သော မိသားစုနောက်ခံဖြင့် သူ့ကိုယ်သူ မစွန့်လွှတ်ခဲ့သော အံ့ဖွယ်အမှုတစ်ခုကို ဒေးဗစ်တွေ့ရှိခဲ့ပြီး ၎င်းကို အထင်ကြီးစေခဲ့သည်။
ပုလဲသည် ရုပ်ရည်လှပပြီး အရည်အချင်းလည်းသည်။ သူမသည် ယောက်ျားများအတွက် ပို၍ပင်ဆွဲဆောင်မှုရှိသော ရင့်ကျက်မှုတစ်ခုဖြစ်သည်။ ဒါကို သူကောင်းကောင်းသိတယ်။
သူမသည် Golden Leaf Hotel လို စိတ်ကူးယဉ်နေရာတစ်ခုတွင် အလုပ်လုပ်ပြီး ချမ်းသာသော စီးပွားရေးသမားများနှင့် အဆက်အသွယ်ရှိသောကြောင့် သူမသာ ပိုက်ဆံရှာလိုလျှင် လွယ်လွယ်လေးဖြစ်လာမည်ဖြစ်သည်။
“ငါ့ကိုမယုံသေးရင် မစ္စပုလဲ အလုပ်လာမလားဆိုတာ စောင့်ကြည့်ဖို့ မနက်တိုင်း ဟိုတယ်ဝင်ပေါက်မှာ စောင့်နိုင်ပါတယ်။ ဟုတ်တယ်၊ အခြေအနေက ဟိုတယ်ရဲ့ လုပ်ငန်းလည်ပတ်မှုကို မထိခိုက်စေနိုင်ရင်ပေါ့။ မဟုတ်ရင် မင်းတို့ကို မျက်နှာသာမပေးလို့ ငါ့ကို အပြစ်မတင်ပါနဲ့။ ဒါပဲပြောစရာရှိတယ်။ မင်းတို့သွားနိုင်ပြီ"
သူတို့သည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားခဲ့သည်။
သူတို့ ချက်ချင်း အိမ်ပြန်မလား ဒါမှမဟုတ် စောင့်မှာလား ဒေးဗစ် မသိပေ။
သို့သော် သူနှင့် ဘာမှမဆိုင်တော့ပါ။
မစ္စပုလဲ၏ ကူညီမှု ဆုံးရှုံးပြီး ခဏတာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် မစ္စပုလဲဟာမည်မျှတန်ဖိုးရှိကြောင်း သူတို့ နောက်ဆုံးတွင် သိရှိလာပေမည်။
Chapter 71
မွန်းလွဲပိုင်းတွင် ဒေးဗစ် သည် East League Internationalဟုခေါ်သော ကုမ္ပဏီကို မှတ်ပုံတင်လိုက်သည်။ ပုလဲ က အထွေထွေမန်နေဂျာဖြစ်ပြီး Golden Leaf Hotel သည် ၎င်း၏လုပ်ငန်းခွဲဖြစ်မည်။
သို့သော်လည်း ကုမ္ပဏီက အခွံမျှသာ ဖြစ်နေပြီး ပုလဲဟာ ကုမ္ပဏီကိုချဲ့ထွင်ရန် အရည်အချင်းရှိသောလူများကို အလုပ်ခန့်ရန် စောင့်ဆိုင်းနေရသည်။
နောက်တစ်နေ့တွင်
ဒေးဗစ် Golden Leaf ဟိုတယ်ကို ရောက်တဲ့အခါ ကားပါကင်ရဲ့ ထောင့်တစ်နေရာမှာ ဆမ် နဲ့ သူ့မိသားစု ပုန်းနေတာကို တွေ့လိုက်သည်။
သေချာတာပေါ့၊ သူတို့ လက်မလျှော့သေးပေ။
ဒေးဗစ်လည်း သူတို့ကို လျစ်လျူရှုကာ ဟိုတယ်ထဲသို့ တည့်တည့်ဝင်သွားသည်။
မနက်ခင်းက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။
ဒေးဗစ်နေ့လယ်တွင် ပါဆယ်ထုပ်တစ်ထုပ်ကို လက်ခံရရှိသည်။ ၎င်းသည် SCC ရုံးချုပ်မှ အဆင့်မြင့်အသင်းဝင်တံဆိပ်ဖြစ်သည်။
တံဆိပ်ဟု ခေါ်သော်လည်း SCC ဆိုသောလိုဂိုပါသည့် လက်စွပ်ဖြစ်သည်။
ဒေးဗစ် အပြင်ထွက်ခါနီးတွင် မမျှော်လင့်ထားသော ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာသည်။
ဆာရာ ရဲ့ အချစ်ဆုံးသူငယ်ချင်း ဆိုဖီ ဆီကဖြစ်သည်။
ဆာရာ ရုတ်တရက် မူးလဲသကာ ဆေးရုံတက်နေရကြောင်း ဒေးဗစ်ကို ပြောပြသည်။
ဒေးဗစ်သည် ကြားပြီးနောက် အံ့အားသင့်သွားသည်။
'ဆာရာ မူးလဲတာ ငါနဲ့ ဘာဆိုင်လို့လဲ'
'သူငါ့နဲ့လမ်းခွဲပြီးပြီလေ'
'လီယိုကို ခေါ်ရမှာမဟုတ်ဘူးလား'
ဒေးဗစ်လျစ်လျူရှုရန် ကြိုးစားလိုက်သည်။
သို့သော် ထိုအကြောင်းကို စဉ်းစားပြီးနောက် သွားဖို့ဆုံးဖြတ်လိုက်သည်။
သွားမယ်!'
နောက်ဆုံးတော့ ဒါဟာ သူ့ဘဝရဲ့ လေးနှစ်ချစ်ခဲ့ရတဲ့ချစ်သူဖြစ်သည်'
'ဒါက နောက်ဆုံးတစ်ခေါက်ပေါ့"
ဆိုဖီက ဆေးရုံကိုပြောပြသည်။ လမ်းမှာသစ်သီးတွေဝယ်ပြီး ဆေးရုံကို ကားမောင်းသွားလိုက်သည်။
သစ်သီးဝလံတွေဝယ်ဖို့ Limited Edition Bugatti Veyron ကို မောင်းနှင်လာသောကြောင့်ဆိုင်ရှင် ဝမ်းသာသွားသည်။
သူတို့သည်တစ်ရက်လုံးရောင်းလေ့ရှိသော အရာကိုချက်ချင်း ရောင်းချနိုင်ခဲ့သည်။ဒေးဗစ်သည် ယနေ့ တွင် အသီးအနှံများစွာ ဝယ်ခဲ့သည်။
ဆေးရုံထဲရောက်တော့…
အခန်းတစ်ခုမှ ထွက်လာသော အသံနှစ်သံကို ရုတ်တရက်ကြားလိုက်ရပြီး ဆေးရုံစင်္ကြအောက်သို့ လျှောက်လာခဲ့သည်။
"ဒေါက်တာ ကျေးဇူးပြုပြီး ကျွန်တော့်အမေကိုရအောင် ကယ်ပေးပါ တောင်းပန်ပါတယ်!"
“အို့ ၊ ငါတို့ဆေးရုံက ပရဟိတဆေးရုံ မဟုတ်ဘူးလေ။ မင်းမှာ ပိုက်ဆံမရှိရင် ငါတို့ မင်းအမေကို ဘယ်လိုကယ်ပေးရမှာလဲ။"
"ကျွန်တော့်အမေကို အရင်ကယ်ပေးပါ။ကျွန်တော်ပိုက်ဆံရှာလိုက်ပါ့မယ်။ ”
"အမှန်အတိုင်းပြောမယ် ကောင်လေး မင်းအမေရောဂါက အရမ်းဆိုးနေပြီး။ငါတို့ဆေးရုံမှာ ခွဲစိတ်ပြီးတောင် အကြာကြီးပစ်ထားရတာ။ ပိုပြီးအဆင့်မြင့်တဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေရှိတဲ့ ဆေးရုံကို ဘာကြောင့် မရှာတာလဲ။အဲ့ဆိုရင် မင်းအမေကိုကယ်ဖို့ပိုအခွင့်ရေးရလိမ့်မယ်။”
"ဒေါက်တာ၊ ကျွန်တော့် အမေ အသက်ရှင်ဖို့ဘယ်လောက်ကျန်သေးလဲ"
“ခွဲစိတ်မှုမလုပ်ရင် နောက်ထပ် သုံးလလောက်ကျန်သေးတယ်။တကယ်လို့ခွဲစိတ်မှုအောင်မြင်ရင်တော့ နောက်ထပ် ဆယ်နှစ် အဲ့ထပ်လည်းပိုနေနိုင်တယ်။ မအောင်မြင်ရင်တော့ သူမအသက်ရှင်ဖို့ သုံးလတောင်ရှိမှာမဟုတ်တော့ဘူး။”
ဒေးဗစ်သည် အခန်းကိုဖြတ်သွားစဉ် ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်သည်။
အသက်သုံးဆယ်ရှိ အမျိုးသားတစ်ဦးသည် သူ၏မိခင်ကို ကယ်တင်ရန် အသက်ငါးဆယ်ကျော်အရွယ် ဆရာဝန်တစ်ဦးကို တောင်းပန်နေသည်။
ဒေးဗစ်လည်း လျစ်လျူရှုလိုက်သည်။ ဒီလိုမျိုးတွေ နေ့တိုင်း ဖြစ်ပျက်နေတာကြောင့်ပါ။
ပြင်းထန်တဲ့ရောဂါတစ်ခုဖြစ်ပြီးရင် တစ်သက်လုံး ပင်ပန်းမည်ဖြစ်သည်။
ဆိုဖီ ခုနတုန်းက ပြောတဲ့ အခန်းထဲကို သူဝင်သွားလိုက်သည်။
ဆာရာ ကုတင်ပေါ်တွင် ဖျော့တော့စွာ အိပ်နေပြီးဆရာဝန်က သူမကို စစ်ဆေးနေသည်။ ဆိုဖီကလူနာကုတင်ဘေးတွင် ထိုင်နေသည်။
ဒေဗစ်ဝင်လာပြီးနောက် သစ်သီးများကို စားပွဲပေါ် တင်လိုက်သည်။
ဒေးဗစ်ဝင်လာသည်ကိုမြင်သောအခါ ဆာရာ၏ဖြူဖျော့သောမျက်နှာတွင် ရွှင်လန်းမှုဖြင့်ပြည့်နှက်သွားသည်။
ဆိုဖီက ဒေးဗစ်ကို ပြောလိုက်တာကို သူမသိသည်။
ဒေးဗစ်သည် ထိုနေရာ၌ မလှုပ်ရှားဘဲ၊ရပ်နေသည်။
ဆရာဝန်က စစ်ဆေးပြီးတဲ့အခါလှည့်ကြည့်လိုက်တော့ ဒေးဗစ် ကိုသူ့အနောက်မှာရပ်နေတာကို တွေ့လိုက်ရသည်။
"မင်းက လူနာရဲ့ ချစ်သူဖြစ်ရမယ် လူနာမှာ ကိုယ်ဝန်သုံးပတ်ရှိနေပြီး အားနည်းနေတယ်။ ဒီလိုဆက်သွားရင် ကလေးအတွက် မကောင်းဘူး။တကယ်လို့ ကလေး လိုချင်ရင် ခွဲစိတ်မှုလုပ်ရလိမ့်မယ်။”
'ကိုယ်ဝန်ရှိနေတာလား။'
ဒေးဗစ်သည် ဆရာဝန်၏စကားကြားပြီးနောက် သူ၏ခေါင်းထဲတွင် မူးဝေသွားသလိုခံစားလိုက်ရသည်။
လေးနှစ်!
လေးနှစ်အတွင်းမှာ
သူဟာ သူမရဲ့ အဆောင်မှာ ဆာရာကို နေ့ရောညပါမိုးရွာရွာနေပူပူ နေ့တိုင်းမုန့်ဝယ်ကျွေးခဲ့သည်။
ဆာရာကို လက်ဆောင်တွေဝယ်ပေးနိုင်ရန် အချိန်ပိုင်းအလုပ်တွေ အများကြီးလုပ်ခဲ့သည်။
သူတို့နှစ်ယောက်ဟာ ကောင်းတဲ့အချိန်တွေမှာရောဆိုးတဲ့အချိန်တွေမှာရော အများကြီးအတူရှိခဲ့ကြသည်။
အိမ်ထောင်ပြုပြီးနောက် ချစ်စရာကောင်းတဲ့ သားသမီးတွေ မွေးဖွားမယ့် အနာဂတ်ကို သူတို့ တွေးခဲ့ကြသည်။
သို့သော် သူတို့ဒီလို အဆုံးသတ်လိမ့်မည်ဟု မထင်ခဲ့ပေ။
သူသည် ဆာရာ နှင့်လေးနှစ်အတူရှိခဲ့သော်လည်း သူမရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး သူမကို မထိခဲ့ပါ။
သို့သော် အခြားတစ်ယောက်နှင့် စတင်ချိန်းတွေ့ပြီးနောက်ဘယ်လောက်မကြာဘဲ ကိုယ်ဝန်ရသွားသည်ကို သူ မယုံနိုင်ပေ။
'ဘယ်လိုတောင်လဲ။'
'လေးနှစ်ကြာ ဆက်ဆံရေးက အရမ်းကို စျေးပေါနေလား။ အယ်လ် ဘရန်း အိတ်အသစ်လောက်တောင်တန်ဖိုးမရှိဘူးလား။'
ဒေးဗစ်က အသက်ပြင်းပြင်းရှူပြီးနောက်
”ကျွန်တော်သိပါပြီ ကျေးဇူးတင်ပါတယ် ဒေါက်တာ"
ဆရာဝန်က ကိုယ်ဝန်ရှိနေကြောင်းဒေးဗစ်အား ပြောပြီးနောက် ဆာရာ၏ နောက်ဆုံးမျှော်လင့်ချက်အနည်းငယ်က ပျောက်ဆုံးသွားသည်။
ဖြူဖျော့နေပြီဖြစ်သော သူမ၏ မျက်နှာသည်ပို၍ ဖြူဖျော့သွားသည် ။
တစ်ခုခုပြောဖို့ ပါးစပ်ကိုဖွင့်ရန်ကြိုးစားလိုက်သည်။
သို့သော်သူမအသံမထွက်နိုင်မှန်း သိလိုက်ရသည်။
ဆိုဖီလည်းဒီလို ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
နေ့တိုင်း သူ့သူငယ်ချင်း ငိုနေတာကိုမြင်တော့ ဒေးဗစ်နဲ့ ပြန်အဆင်ပြေအောင် ကူညီပေးချင်ခဲ့သည်။
ဒေးဗစ်က ဆာရာကို ချစ်နေသေးကြောင်း သူမ သိသည်။
သူတို့နှစ်ယောက် ချစ်ခဲ့တဲ့အချိန်တွေကို မြင်ခဲ့တာကို။
သို့သော်၊ ဤအရာဟာ သူမခန့်မှန်းထားသောအဆုံးသတ်မဟုတ်ပေ။
ခဏအကြာဆရာဝန်ထွက်သွားပြီးနောက် အခန်းက တိတ်ဆိတ်သွားသည်။။
နောက်ဆုံးတွင်၊ ဆာရာက
"ဒေးဗစ် ငါ…ငါ တောင်းပန်ပါတယ်"
“ရပါတယ်။ နောင်တရစရာ ဘာမှမရှိပါဘူး။ လူတိုင်းမှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လေ။ မင်း ဒီလမ်းကို ရွေးပြီးကတည်းက မင်းကံကောင်းပါစေလို့ ငါဆုတောင်းပေးပြီးသားပါ။
"ဒေးဗစ်ငါတောင်းပန်ပါတယ် ၊ ငါသာ လီယိုရဲ့လက်ဆောင်တွေကိုလက်မခံပဲ ငြင်းပယ်ခဲ့မယ်ဆိုရင် သူ့ရဲ့ပါတီ ဖိတ်ကြားချက်ကိုလက်ခံခဲ့မိမှာမဟုတ်ဘူး။ သူငါ့ကို အခွင့်ကောင်းယူနိုင်အောင် အရမ်းမူးနေခဲ့မှာလည်းမဟုတ်ဘူး။ဒါပေမယ့်လဲ နောက်နေ့ နိုးလာတော့ အားလုံးနောက်ကျနေပြီ”
ဆာရာ ငိုကြွေးလိုက်သည်။
ထူးဆန်းသည်မှာ ဆာရာ၏ရှင်းပြချက်သည် ဒေးဗစ်၏နှလုံးကို လုံးဝမလှုပ်ယှက်စေနိုင်တော့ပါ။
သူ ဒေါသထွက်ပြီး လီယိုကို လက်စားချေဖို့ စိတ်ကူးခဲ့ပေမယ့် သူ မလုပ်တော့ပါဘူး။
သူမ တကယ်မူးနေခဲ့တာလား
ဟုတ်ချင်ဟုတ်မှာပေါ့
နောက်ဆုံးမှာတော့ သူတို့ရဲ့ လေးနှစ်ကြာ ဆက်ဆံရေးဟာ ခိုင်မာမှု မရှိသေးပါ ဆာရာ မှာ ဒီလိုစိတ်ထားရှိပြီးသားမို့ လီယိုနဲ့မဟုတ်ရင်တောင်မှ တခြားတစ်ယောက်နဲ့ဖြစ်မှာပါ။
"ကောင်းပြီ! မင်းအဆင်ပြေအောင်နေပါ၊ ငါသွားစရာရှိသေးတယ်။”
ဒေးဗစ် ဒီမှာ မနေချင်တော့ပေ။ သူထွက်သွားချင်နေသည်။
ဆာရာ အေးခဲသွားသည်။ ဒေးဗစ်၏တုံ့ပြန်မှုသည် သူမမျှော်လင့်ထားသလိုမဟုတ်ပေ။
သူသည် လီယိုအပေါ် ဒေါသမဖြစ်သလို သူမအတွက် စိတ်မကောင်းဖြစ်ခြင်းမဖြစ်ပေ။ငြိမ်သက်ခြင်းသာရှိခဲ့သည်။
ဒေးဗစ်ကို လေးနှစ်ကြာသိပြီးနောက် သူဒီလိုတုံ့ပြန်မယ်လို့မထင်ခဲ့ပေ။
သူမဒေးဗစ်အကြောင်းအကုန်နားမလည်သေးဘူးဆိုတာ သူမသဘောပေါက်သွားသည်။
ဒေးဗစ်သည် အခန်းထဲမှ ထွက်လာခဲ့သည်။
သူစိတ်ထဲမှ 'နှုတ်ဆက်ပါတယ်… ဆာရာ….”
ဒီလိုနဲ့ သူနဲ့ လေးနှစ်ကြာ ဆက်ဆံရေးကိုဖြတ်တောက်လိုက်သည်။ ဆာရာသည် အခုကစပြီးအတိတ်ကလူဖြစ်သွားလိမ့်မည်။
မထိန်းနိုင်တော့တဲ့ ဆာရာရဲ့ငိုသံကအခန်းထဲမှထွက်လာသည်။
သို့သော်ထိုအရာသည် သူနှင့် ဘာမှမဆိုင်တော့ပါ။
Chapter 72
ဒေးဗစ်သည် ဆေးရုံမှ ထွက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။
အားလုံးပြီးဆုံးသွားပြီ။
ဒေးဗစ်သည် အရာအားလုံးကို စွန့်လွှတ်လိုက်သည့်အခိုက်တွင်၊ သူသည် ယခင်ကထက် ပို၍ ပေါ့ပါးလာသည်။
"သူခိုး! သူခိုးကို တားပါ!"
ဒေးဗစ်၏နားထဲတွင် အသံတစ်ခုထွက်ပေါ်လာသည်။
ဒေးဗစ်သည် ကားပေါ်မှအမြန်ဆင်းလိုက်သည်။
ကားပေါ်မှ ဆင်းသောအခါ မလှမ်းမကမ်းတွင် လူငယ်တစ်ဦး လက်ထဲတွင် ပိုက်ဆံအိတ် ကိုင်ဆောင်ကာ ပြေးလာသည်ကို တွေ့လိုက်ရသည်။
အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦးသည် အနောက်မှပြေးလိုက်နေသည်။
"ဖယ်စမ်း! ဖယ်စမ်း! မင်းသေချင်လို့လား" လူငယ်က အော်ဟစ်ပြီး ပြေးနေစဉ်တွင် အခြားလက်တွင် ကိုင်ဆောင်ထားသော ဓားမြှောင်တစ်လက်ဖြင့်လက်ဟန်ပြသည်။
ဒေးဗစ်သည် သူ၏ခန္ဓာကိုယ်ကို အမြင့်ဆုံးကန့်သတ်ချက်အထိ အဆင့်မြှင့်တင်ပြီးနောက် မိမိကိုယ်ကို စမ်းသပ်လိုခဲ့သည်။
သိူ့သော် သူမလှုပ်ရှားရသေးခင်အရိပ်တစ်ခုက ရုတ်တရတ် ဖြတ်ပြေးသွားသည်။။ အရမ်းမြန်တယ်
သူခိုးကိုကြည့်ပြီး လက်တစ်ဖက်ဖြင့် မြေပြင်ပေါ်တွင် ဖိချထားလိုက်သည်။
သူခိုးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ရုန်းကန်နေရသော်လည်း သံပလာယာတစ်ရံနှင့်တူသော လက်ထံမှ မလွတ်မြောက်နိုင်သေးပေ။
ပညာရှင်တစ်ဦး
သူက ပရော်ဖက်ရှင်နယ်တစ်ယောက်ပဲ။
ဒါ ဒေးဗစ်ရဲ့ ပထမဆုံး အထင်အမြင်ပဲ။
ဒေးဗစ်၏စိတ်သည် ယခုအချိန်တွင် အထွတ်အထိပ်သို့ရောက်ရှိသွားကာ သူ၏အာရုံခြောက်ပါးသည် အလွန်စိတ်အားထက်သန်လာခဲ့သည်။ စောစောက ယောက်ျားက သူ့အနားက ဖြတ်သွားတဲ့အခါ ပြင်းထန်တဲ့ အော်ရာသူ့ရဲ့ခန္ဓာကိုယ်ထဲက ထွက်လာတာကို ခံစားလိုက်ရသည်။
ဒေးဗစ်သည် အနီးကပ်ကြည့်လိုက်သည်။
'သူကသူ့အမေကို ကယ်တင်ပေးဖို့ ဆရာဝန်ကို တောင်းဆိုနေခဲ့တဲ့တစ်ယောက်မဟုတ်ဘူးလား'
ပေါလ်သည် စိုးရိမ်မှုအပြည့်ဖြင့် ဆေးရုံမှ ထွက်လာခဲ့သည်။
သူ့အမေရဲ့ ရောဂါက ပြင်းထန်ပြီး ကုသရန်အခွင့်အလမ်း အများကြီး လိုအပ်သည်။
သို့သော် သူ့တွင် ပိုက်ဆံမရှိပေ။
သူသည် နိုင်ငံရပ်ခြားတွင် ကြေးစားသမားအဖြစ် နှစ်အတော်ကြာ လုပ်ကိုင်ခဲ့သည်။ သူသည် ငွေအမြောက်အမြားရခဲ့ပြီး မကြာမီတွင် သူ့မိသားစုအတွက် ကောင်းမွန်သော ဘဝပေးနိုင်ရန် အိမ်ပြန်နိုင်တော့မည်ဖြစ်သည်။
သို့သော်လည်း ၎င်းတို့၏ နောက်ဆုံး သဘောတူညီချက်ကို ပြီးဆုံးခါနီးတွင်သူကာကွယ်ပေးနေသည့်နိုင်ငံငယ်လေး၏ အရာရှိတစ်ဦးကို ပြင်ပတွင် မိန့်ခွန်းပြောနေစဥ် အမည်မသိပါတီတစ်ခုက တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ ၎င်းတို့အနက်မှ သုံးဦးသာ လွတ်မြောက်ခဲ့သည်။
မွေးရပ်မြေသို့ ပြန်ရောက်ပြီးနောက် ၎င်းတို့သုံးဦးသည် တိုင်းတစ်ပါးတွင် ထာဝစဉ်နေထိုင်ရန် အတင်းအကြပ် ခိုင်းစေခံရသောကြောင့် ၎င်းတို့၏ ညီအကို မောင်နှမများမိသားစုများထံ ပြန်သွားရန်ဆုံးဖြတ်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အနည်းဆုံး အသက်ပြန်ရှင်လာခဲ့ကြပြီး၊ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ကြသော ၎င်းတို့၏ ညီအစ်ကိုများသည် တိုင်းတစ်ပါးတွင် ထာဝရ ကျန်ရစ်ခဲ့ကြသောကြောင့် ဖြစ်သည်။
သူ့အမေရဲ့ ကျန်းမာရေးက ဒီလောက်မြန်မြန်ကြီး ဆိုးရွားလာမယ်လို့ သူ မမျှော်လင့်ထားပေ။ ခွဲစိတ်မှု နှောင့်နှေးပါက အကောင်းဆုံး ကုသမှု ကာလကို သူလွတ်သွားလိမ့်မည်၊ သို့သော် မကြာမီ သူသည် ဤမျှလောက်ငွေများစွာကိုဘယ်ကရနိုင်မည်နည်း။
ငွေအများကြီးမပြောနဲ့ တစ်ပြားတစ်ချပ်တောင်မှသူရဲကောင်းတစ်ယောက်အတွက် အဆင်မပြေနိုင်ဘူးလို့ ဆိုရိုးရှိပါတယ်။
သူဘာလုပ်နိုင်သလဲ။
နှစ်ပေါင်းများစွာ နိုင်ငံရပ်ခြားကို သွားခဲ့သည်။ သူ့အခင်ဆုံး သူငယ်ချင်းနှစ်ယောက်ကတော့ သူနဲ့အတူ အသက်ရှင်လျက် ပြန်လာခဲ့ကြသူတွေပါ။
သို့သော် သူတို့သည် သူကိုယ်တိုင်ကဲ့သို့ ဆင်းရဲသော မိသားစုမှ ဆင်းသက်လာကြသည်။ မဟုတ်ရင် ဘယ်သူကမှ ငွေအတွက် အသက်စွန့်ဖို့ နိုင်ငံခြားကို ထွက်မှာ မဟုတ်ပါဘူး။ သူတို့ပြန်လာတဲ့အချိန်မှာ သူတို့မှာ တစ်ပြားတစ်ချပ်မှပေ။
သူတို့သည် ယခုအချိန်တွင် အသက်မွေးဝမ်းကြောင်းပြုရန် ရုန်းကန်နေကြရသည်။
သူတို့ကို အကူအညီတောင်းတာက ရေပုံးထဲကရေတစ်စက်လိုပဲဖြစ်လိမ့်မည်။
ဆေးရုံမှ ဆင်းလာစဉ် သူခိုးကို တားဖို့အော်ဟစ်သံကို ကြားရသည်။ ထို့ကြောင့် သူသည် အလိုလို ပြေးလာပြီး သူခိုးကို နှိမ်နင်းခဲ့သည်။
သူခိုးကို လက်တစ်ဖက်တည်းနဲ့ ဖိလိုက်သည်။ သူဘယ်လောက်ပဲ ရုန်းကန်ကြိုးစား ဘာမှမဖြစ်ခဲ့ပါ။
အမျိုးသမီးသည် မကြာမီ ၎င်းတို့ကို ဖမ်းမိပြီး ခိုးယူခံထားသော ပိုက်ဆံအိတ်ကို ယူလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ!" အမျိုးသမီးက သူ့ကို ချက်ချင်း ကျေးဇူးတင်တယ်။
“အဲဒါကို မပြောနဲ့! မြန်မြန် ရဲကို ခေါ်လိုက်ပါ!”
ပေါလ်က ပြန်ပြောလိုက်သည် ။
"ကောင်းပြီ ကောင်းပြီ။”
အမျိုးသမီးက သူ့လက်ကိုင်ဖုန်းကို ထုတ်ပြီး ရဲကို ဖုန်းဆက်လိုက်သည်။
မိနစ်အနည်းငယ်ကြာတော့ ရဲတွေရောက်လာပြီး သူခိုးကို ဖမ်းသွားသည်။
အမျိုးသမီးက ပေါလ်ကို ကျေးဇူးတင်ကြောင်း ထပ်ခါတလဲလဲ ပြောပြီး သူ့ကို ကျေးဇူးတင်ဖို့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေ အများကြီး ထုတ်ပေးသည်။
သို့သော် သူငြင်းလိုက်သည်။ ပိုက်ဆံလိုချင်လို့ သူခိုးကို ဖမ်းတာမဟုတ်ပေ။ သူလိုအပ်ရင်တောင် လက်မခံနိုင်ပေ။
သူထွက်သွားခါနီးမှာ လူတစ်ယောက်က သူ့လမ်းကို ပိတ်ဆို့လိုက်သည်။ ဘယ်ဘက်သို့သွားလျှင်သူကဘယ်သို့လိုက်ပိတ်သည် ညာဘက်တွင် သွားရင်ညာဘက်သို့ပိတ်ဆို့သည်။
ထိုလူသည် ၎င်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း သူမသိမီတွင် အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။
"ဒါက ဘာအဓိပ္ပာယ်လဲ " ပေါလ်က ဒေးဗစ်ကိုကြည့်ရင်း မေးလိုက်သည်။
"ဆာ ၊ ငါနဲ့ တစ်နေရာရာကို သွားပြီး စကားမပြောချင်ဘူးလား" ဒေးဗစ်ပြောလိုက်သည်။
"ငါတို့ အချင်းချင်း သိမယ် မထင်ဘူး!"
"မင်းအမေကို ကယ်ဖို့ ငါပိုက်ဆံပေးနိုင်တယ်! အထင်မမှားပါနဲ့ ၊ ဆေးရုံမှာ သူငယ်ချင်းတစ်ယောက်ကို လာကြည့်တုန်း မင်းဆရာဝန်ကိုတောင်းဆိုနေတာတွေ့လိုက်တာ”
ပေါလ်သည် ဒေးဗစ်ကို ဂရုတစိုက်ကြည့်ရှုလိုက်သည်။
အသက်နှင့်သေခြင်း၏အနီးမှားနှစ်များကြာပြီးနောက်၊ ဒေးဗစ်၏ခြိမ်းခြောက်မှုအနည်းငယ်ကို သူခံစားရနိုင်သည်။
ထိုလူငယ်သည် မည်သို့လုပ်ခဲ့သည်ကို အံ့ဩမိသည်။
နိုင်ငံခြားမှာတောင် ခေါင်းဆောင် အသိုင်းအဝိုင်းမှာတောင် သူ့ကို ခြိမ်းခြောက်တဲ့လူ တော်တော်နည်းသည်။
မကြာခင်မှာပဲ အနီးနားက ပန်းခြံတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။
စောသေးသည်မို့ ပန်းခြံထဲတွင် လူသိပ်မရှိပေ။
"ခင်ဗျား နာမည်ဘယ်လိုခေါ်လဲ" ဒေးဗစ်မေးလိုက်သည်။
"ငါ့နာမည် ပေါလ်ရှောပါ"
“မစ္စတာ ရှော၊ မင်းအမေကို ကယ်တင်ဖို့ မင်း ပိုက်ဆံ အရေးတကြီး လိုအပ်နေတာ ငါသိတယ်။ အကောင်းဆုံးဆေးရုံမှာ အကောင်းဆုံးစက်ကိရိယာနဲ့ မင်းအမေအတွက် အကောင်းဆုံးကိုငါပေးနိုင်တယ်။ ဒါပေမယ့်မင်းငါ့ကို ဆယ်နှစ်လောက် အလုပ်လုပ်ပေးရမယ် မင်းဘယ်လိုထင်လဲ?"
ပေါလ်သည် ဒေးဗစ်ကို ကြည့်လိုက်သည်။
ပျော့ညံ့တဲ့ပုံမပေါ်ဘဲ ဒေးဗစ်လည်း ပေါလ်ကိုကြည့်သည်။
ခဏအကြာတွင် ပေါလ်က “ကောင်းပြီ။ ဒါပေမယ့် မင်းရဲ့လုံခြုံရေးအတွက် ငါပဲ တာဝန်ယူမယ်။ မင်းတရားမဝင်လုပ်ရင် ငါကူညီမှာမဟုတ်ဘူး!"
"သဘောတူတယ်!"
ဒေးဗစ်သည် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ပေါလ်လည်း သူ့လက်ကို ကိုင်လိုက်သည် ။
သူတို့လက်တွေကို တွဲလိုက်သည်။
သူတို့သည် ဒဏ္ဍာရီတစ်ခုကို ဖန်တီးခဲ့ကြသည်။
Chapter 73
“မစ္စတာ ရှော၊ ကျွန်တော့်နာမည်က ဒေးဗစ်လစ်ဒဲလ်ပါ။ မင်းငါ့ကို မစ္စတာလစ်ဒဲလ်လို့ ခေါ်နိုင်ပါတယ်!"
“မစ္စတာ လစ်ဒဲလ်၊ ငါ့ကို မစ္စတာရှောလို့ မခေါ်နဲ့။ ငါ့ကို ပေါလ်လို့ပဲ ခေါ်ပါ!"
“ကောင်းပြီ ပေါလ် ငါ မင်းရဲ့ အရည်အချင်းတွေကို သိချင်လို့ မင်းနဲ့ စမ်းသပ်ချင်တယ်"
ဒေးဗစ်သည် သူ၏ အရည်အချင်းကို စမ်းသပ်လိုသည်မှာ ကြာပြီဖြစ်သည်။
သူ၏ခန္ဓာကိုယ်နှင့် စိတ်နှစ်ရပ်စလုံးသည် အထွတ်အထိပ်သို့ရောက်ပြီးကတည်းက ဒေးဗစ်သည် ပိုမိုပြင်းထန်သော အာရုံခြောက်ပါးကို ခံစားနိုင်ရုံသာမက သူ၏ခန္ဓာကိုယ်အတွင်း မကုန်ခန်းနိုင်သော ခွန်အားကိုလည်း ခံစားခဲ့ရသည်။
“မစ္စတာ လစ်ဒဲလ်၊ ကျေးဇူးပြု၍ စတင်ပါ။” ပေါလ်က ပြောလိုက်သည်။
သူ့အား အနည်းငယ် ခြိမ်းခြောက်နိုင်သည့် လူငယ်သည် ဘာလုပ်နိုင်သည်ကို သူလည်း မြင်ချင်သည်။
သူတို့နှစ်ဦးသည် ဆယ်မီတာကျော် အကွာအဝေးတွင် ရပ်နေကြသည်။
ဒေးဗစ်တွင်အရည်အချင်းမရှိပေ။ သူ့မှာ စူးရှတဲ့ အာရုံခံစားမှုနဲ့ ခန္ဓာကိုယ်ရဲ့ ပေါက်ကွဲထွက်နိုင်တဲ့ စွမ်းအားတွေရှိသည်။ သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအားတွေကို စုစည်းပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အားပြည့်စေခဲ့တယ်။
ဤအခိုက်အတန့်တွင် ဒေးဗစ်သည် ရှေးခေတ်
ထရန်နိုဆောရပ်စ်(Tyrannosaurus rex-ဒိုင်နိုဆောမျိုးစိတ်တစ်မျိုး) ၏ အသွင်အပြင်ကို ထုတ်ဖော်ခဲ့သည်။
ပေါလ်သည် ပြင်းထန်သောဖိအားကို ခံစားခဲ့ရသည်။ ထိတ်လန့်တုန်လှုပ်ခြင်းအပြင် အသက်နှင့်သေခြင်း၏အစွန်းတွင် နှစ်ပေါင်းများစွာ ကျင်လည်သွားခြင်းမှ ဖြစ်ပေါ်လာသော သွေးစွန်းသောရောင်ဝါကိုလည်း ဖော်ထုတ်ခဲ့သည်။
ဒေးဗစ်သည် သူ၏ခြေထောက်ကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်ပြီး သူ၏ လက်သီးဖြင့် ထိုးသတ်ခဲ့သည်။
သူတို့ဟာ အချင်းချင်းရဲ့ အရည်အချင်းကို စမ်းသပ်နေကြတာဖြစ်ပြီး၊ ဒေးဗစ်ဟာ သူ့ကိုယ်ပိုင်အစွမ်းသတ္တိကို ရှင်းရှင်းလင်းလင်း နားလည်မှုမရှိတဲ့အတွက် သူ့ရဲ့အစွမ်းထက်ဝက်လောက်ကိုသာ အားသုံးခဲ့သည်။
ဒေးဗစ်သူ့ထံ ပြေးလာသောအခါ ပေါလ်သည် ဖိအားများတစ်ဟုန်ထိုး ခံစားလာရသည်။
သူ ခဏတာ စိတ်ရှုပ်သွားပြီး ဒေးဗစ်က သူ့ကို ထိုးနေပြီဆိုတာ တွေ့လိုက်ရသည်။ ဒေးဗစ်ရဲ့ ထိုးချက်တွေကို တားဆီးဖို့ သူက ချက်ချင်း လက်ကို တင်းတင်းဆုပ်ကာ သူ့ရင်ဘတ်ရှေ့မှာ ကြက်ခြေခတ်ပုံစံထားလိုက်သည်။
ဒိုင်း!
ဒေးဗစ်၏ ထိုးချက်သည် ပေါလ်ကို မရပ်မီ ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာအကွာသို့ရောက်သွားစေသည်။
ဒေးဗစ်သည် ယခင်က ပေါလ်ရပ်နေသည့်နေရာကို ပြုံးပြီးကြည့်ကာ နာကျင်နေသော ညာလက်ကို ခါယမ်းလိုက်သည်။
ပေါလ်သည် နီရဲပြီး ရောင်ရမ်းနေသော လက်မောင်းကို ကြည့်ကာ သူ့မျက်နှာကထိတ်လန့်နေသည် ။
ဒေးဗစ်သည် သူထင်သည်ထက် ပိုသန်မာသည်။
ဒေဗစ်သည် အစပိုင်းတွင်သူ့ကိုအနည်းငယ်ခြိမ်းခြောက်နိုင်ခဲ့သော်လည်း သူ့ကို အလေးအနက်မထားခဲ့ပေ။
ဒေးဗစ်က အရမ်းငယ်သေးသည်။ သူ့ကြည့်ရတာ အသက်နှစ်ဆယ်လောက်ပဲရှိသေးသည်။
သူသည် ငယ်ငယ်ကတည်း လေ့ကျင့်ခဲ့ပြီး နှစ်အတော်ကြာ စစ်မြေပြင်မှာရှိခဲ့သည်။
ထို့ကြောင့်၊ သူသည် ဒေးဗစ်ကို အနည်းငယ်အဖင်သေးမိသည်မှာ မလွဲမသွေဖြစ်သည်။ သို့သော်
ဒေးဗစ်၏ထိုးချက်သည် ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာအကွာသို့ရောက်စေပြီး လက်မောင်းမှာ အနည်းငယ်နီလာပြီး ရောင်လာသည်။
ဒေးဗစ်ကို လျှော့တွက်ခဲ့မိသည်။
မင်းထက်သာတဲ့သူတစ်ယောက် အမြဲရှိနေမှာပါ။
ဒေးဗစ်သည် သူ၏ ခွန်အား၏ ၅၀ ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့သည်ကို သူမသိခဲ့ပေ။
သူသာသိရင်ရင် ဘယ်လိုခံစားရမယ်ဆိုတာမသိပေ။ ။
"ပေါလ်၊ ငါ့လက်သီးချက်နဲ့ ပတ်သက်ပြီး မင်းဘယ်လိုထင်လဲ။" နာကျင်နေဆဲ ညာလက်ကို ယမ်းခါရင်း ဒေးဗစ်မေးလိုက်သည်။
“မစ္စတာ လစ်ဒဲလ် မင်းက ဒီအရွယ်မှာ ငါပထမဆုံးတွေ့ဖူးတဲ့လူပဲ။ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းသန်မာတယ် ငါ သဘောကျတယ်။"
'ပထမဆုံးလူလား ငါ့အသက်မှာလား?
'ဒါဆို ငါ့ထက် ပိုကောင်းတဲ့လူကို မင်းတွေ့ဖူးတာပေါ့။
ဒေးဗစ်သည် ပေါလ်၏မှတ်ချက်ကို အနည်းငယ်မကျေမနပ်ဖြစ်ခဲ့သည်။
ကိုယ်ရော စိတ်ပါ အမြင့်ဆုံးအထိ အဆင့်မြှင့်ပြီးပြီ။ ငါ့ထက်သာလွန်တဲ့သူတစ်ယောက်ရှိတာလား။ အဲဒါတွေကို ငါမကျော်နိုင်ဘူးလို့ ဆိုလိုတာလား။
'ငါ လှည့်စားပြီးရင်တောင် ငါ မရုန်းနိုင်တော့ဘူး။
'ကြည့်ရတာ စနစ်ကို လေ့လာဖို့ လိုပုံရတယ်။'
“ပေါလ် သွားရအောင်။ မင်းအမေကို တခြားဆေးရုံကို လွှဲပြီး ခွဲစိတ်မှုကိုစောစော ဖြေရှင်းရအောင် မင်းငါ့အနားမှာ စိတ်ပူစရာ မလိုဘဲ နေနိုင်မှာပါ"
"ကျေးဇူးတင်ပါတယ် မစ္စတာ လစ်ဒဲလ်!" ပေါ်လ်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။
ချန်ပီယံဆေးရုံ၏ စီမံခန့်ခွဲသူကို တစ်ယောက်ယောက် သိလားလို့ တောင်ပိုင်းမြစ်ပြည်နယ် SCC chat group တွင် ဒေးဗစ်က မေးမြန်းလိုက်သည်။
ခဏကြာတော့ တစ်စုံတစ်ယောက်က ပြန်ဖြေတယ်။
ချားလ်စ်လူသာအမည်ရှိ အမျိုးသားတစ်ဦးက
ဒေးဗစ်ကို ချန်ပီယံဆေးရုံ၏ ဒါရိုက်တာနှင့် စကားပြောရန် ဖုန်းနံပါတ်ပေးခဲ့သည်။
ဒေးဗစ်က ဖုန်းဆက်ပြီး သူ့ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။ ဒါရိုက်တာက ယဉ်ကျေးပြီး ဖော်ရွေသည်။ လူနာသည် အချိန်မရွေး လွှဲပြောင်းနိုင်ကြောင်း ဒေးဗစ်ကို ပြောကြားခဲ့ပြီး တတ်နိုင်သမျှ အထူးကုများနှင့် တိုင်ပင်ဆွေးနွေးရန် စီစဉ်ပေးခဲ့သည်။
ဒေးဗစ်၊ ပေါလ်နှင့် ၎င်း၏မိခင်တို့သည် မွန်းလွဲပိုင်းတွင် ချန်ပီယံဆေးရုံသို့ရောက်ရှိလာသောအခါ၊ အထူးကုတစ်ဒါဇင်ကျော်ပါသောအဖွဲ့သည် ဝင်ပေါက်တွင်စောင့်ဆိုင်းနေပြီဖြစ်သည်။
"မင်းက မစ္စတာလစ်ဒဲလ်ဖြစ်ရမယ်။ မင်္ဂလာပါ၊ ကျွန်တော်က ချန်ပီယံ ဆေးရုံရဲ့ဒါရိုက်တာတွမ်လိတ်ပါ။ဆေးရုံမှကြိုဆိုပါတယ် လူနာကို ကုသဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။”
"ကျေးဇူးတင်ပါတယ် ဒေါက်တာ လိတ်!"
“မင်း ယဥ်ကျေးနေပါပြီ မစ္စတာ လစ်ဒဲလ်။ ဒါ ငါတို့အလုပ်ပါ"
ထို့နောက်တွင် အထူးကုတစ်ဒါဇင်ကျော်ဖြင့် ပေါလ်၏မိခင်အား စစ်ဆေးမှု ဆက်တိုက်ပြုလုပ်ခဲ့သည်။
နိဂုံးချုပ်အနေဖြင့် သူမ၏ ရောဂါ ဆိုးရွားခြင်းမှ ကာကွယ်ရန် တတ်နိုင်သမျှ မြန်မြန် ခွဲစိတ်ရန် လိုအပ်ပြီး ကျော်လွန်သွားသောနေ့စဥ်နဲ့အမျှ ခွဲစိတ်မှုကအန္တရာယ် ပိုများလာလိမ့်မည်။
ထို့ကြောင့် ဆေးရုံမှ ပေါလ်၏မိခင်အား နောက်တစ်နေ့တွင် ခွဲစိတ်ရန် စီစဉ်ခဲ့သည်။
ချန်ပီယံဆေးရုံ၏ ဗွီအိုင်ပီအခန်း။
“ပေါလ် ဒီလိုကောင်းတဲ့ဆေးရုံက ပိုက်ဆံအများကြီးကုန်တယ်မလား”
“အမေ၊ စိတ်မပူပါနဲ့။ ငွေနဲ့ပတ်သက်တဲ့ ပြဿနာကို ဖြေရှင်းပြီးပြီ။ အေးအေးချမ်းချမ်း ပိုကောင်းလာဖို့ပဲ အာရုံစိုက်သင့်တယ်။”
“ငါ့ရောဂါကို မကုချင်တော့ဘူး။ မင်းမိန်းမယူဖို့ပိုက်ဆံစုပါ။ မင်းအသက် ၃၀ ကျော်နေပြီ ခုထိမိန်းမရသေးဘူး။ မင်းနဲ့ ကြီးပြင်းလာတဲ့ ဘေးအိမ်က ကောင်လေးကို ကြည့်လိုက်။ သူကလက်ထပ်တော့မယ်။
"အမေ၊ မြန်မြန် နေကောင်းလာမှာပါ ပြီးတော့ မိန်းမယူပြီးအမေချီဖို့ ကျန်းမာတဲ့မြေးလေးတွေမွေးပေးမယ် ဟုတ်ပြီလား"
"ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ! မင်းရဲ့စကားကို တည်ပါ။ ငါ့မြေးတွေကို တသက်လုံးစောင့်မျှော်နေခဲ့တာ"
ပေါလ်သည် အခန်းထဲမှ ထွက်လာပြီး စိုစွတ်နေသော မျက်လုံးများကို သုတ်လိုက်သည်။
သူအမှားဆုံးလုပ်ခဲ့တာက သူ့မိဘတွေပါ။
သူ့အမေကို နောင်တရစရာတွေနဲ့ ဒီကမ္ဘာကနေ ထွက်သွားခွင့်မပေးနိုင်ဘူး။
Chapter 74
ပေါလ်၏မိခင်သည် နောက်တစ်နေ့တွင် အောင်မြင်စွာ ခွဲစိတ်ကုသမှုခံယူခဲ့သည်။ ခွဲစိတ်မှုကို South River ပြည်နယ်ရှိ ထိပ်တန်းဆေးဘက်ဆိုင်ရာ ပါမောက္ခများက လုပ်ဆောင်ခဲ့ပြီး ဆေးရုံမှ အကြီးတန်းသူနာပြုနှစ်ဦးကို ပြုစုရန် စေလွှတ်ခဲ့သည်။
အဲဒီနောက် ဒါဝိဒ်က ပေါလုကို သူ့ရဲ့ Benz G-Class ကို ပေးခဲ့ပြီး ပေါလုက အလုပ်စလုပ်တယ်။ ဒါဝိဒ်ကို လျှို့ဝှက်စွာ ကာကွယ်ပေးခဲ့တယ်။
တစ်ချိန်တည်းမှာပင် Sam နှင့် သူ့မိသားစုသည် နှစ်ခြမ်းကွဲသွားသည်။
Sam က South River International Residence ရဲ့ ဝင်ပေါက်မှာ စောင့်နေတုန်း Billy နဲ့ Maggie တို့ဟာ ဟိုတယ်အပြင်ဘက်မှာ စောင့်ဆိုင်းခဲ့ကြပါတယ်။
ထိုကဲ့သို့ ထွက်ခွာရန် ဆန္ဒမရှိကြပုံရသည်။
Pearl ၏ဘဏ္ဍာရေးပံ့ပိုးမှုမရှိဘဲ၊ သူတို့၏အနာဂတ်ကိုမသေချာပါ။
ဒါဝိဒ်သည် သူတို့မည်မျှကြာအောင် ဆက်သွားနိုင်မည်ကို သိရန် သူတို့ကို လျစ်လျူရှုခဲ့သည်။
အနည်းဆုံးတော့ သူတို့ကို အမှတ်ရစရာ သင်ခန်းစာတစ်ခု သင်ပေးလိမ့်မယ်။
ပုလဲထံမှ သတင်းကောင်းလည်း ပါးလိုက်ပါသည်။
ငွေကြေးအမြောက်အမြား၏သွေးဆောင်မှုအောက်တွင် East League International ကိုစိတ်ဝင်စားသူများရှိနေပြီဖြစ်ပြီး သူမနှင့်လည်း အဆက်အသွယ်ရှိနေပြီဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုအနေဖြင့် East League International သည် ခိုင်မာသောရှေ့နေများ၊ ညှိနှိုင်းရေးကျွမ်းကျင်သူများနှင့် အကဲဖြတ်အဖွဲ့တစ်ဖွဲ့ကို ဦးစွာခေါ်ယူမည်ဖြစ်သည်။
ဒေးဗစ်က ပုလဲကို အမြန်လုပ်ခိုင်းပြီး ပိုက်ဆံပိုသုံးရင် အရေးမကြီးဘူးလို့ ဆိုပါတယ်။ မကြာခင် သူတို့ Andy နဲ့ တွဲလုပ်တော့မှာ ဖြစ်ပြီး တပ်သားသစ်တွေက အထောက်အကူဖြစ်လိမ့်မယ်လို့ David မျှော်လင့်ပါတယ်။
ညနေပိုင်း။
River City Fuller Golden Sands ဖျော်ဖြေရေးစင်တာ။
Madison သည် သူမ၏အတန်းပြန်ဆုံပွဲအတွက် Patrick ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်။
ဒီနေ့ ပါတီကို အားလပ်ရက်မှာ ကျောင်းတက်တဲ့သူတွေက စီစဉ်တယ်။ စောစောပြန်လာတဲ့ သူတချို့လည်း တက်တယ်။ သို့သော် Tara သည် ၎င်းတို့နှင့် မပူးပေါင်းခဲ့ပေ။ အိမ်မှာ ပြဿနာတချို့ရှိလို့ ရက်အနည်းငယ် အနားယူဖြစ်နိုင်ပါတယ်။
Madison သည် ချမ်းသာသူဖြစ်ပြီး ရုပ်ရည်ချောမောသောကြောင့် ပက်ထရစ်ကို သူမနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။ သူက သာမန်အရပ်ရှည်ပြီး ချောမောတဲ့ သူဌေးဖြစ်တာကြောင့် မက်ဒီဆင်က ထုတ်ပြချင်ခဲ့တာ။
ကြီးမားသော သီးသန့်ခန်းထဲသို့ ဝင်လာတော့ အထဲမှာ လူငယ် အယောက် နှစ်ဆယ်သုံးဆယ်ခန့် ယောက်ျားရော မိန်းမပါ ရှိနေသည်ကို တွေ့လိုက်ရသည်။
ဒီလူငယ်လေးတွေက ရုပ်ရည်ကောင်းတယ်။ နောက်ဆုံးတွင်၊ ၎င်းတို့သည် SRMU ၏ခေတ္တဌာနမှဖြစ်သည်။ ရုပ်ရည်ကောင်းသူ မရှိလျှင် ပြုမူကျင့်ကြံရန် မည်သူမျှ သင်ယူနိုင်မည် မဟုတ်ပါ။
မက်ဒီဆင်နှင့် ပက်ထရစ် ရောက်ရှိလာမှုသည် လူတိုင်း၏ အာရုံကို ဖမ်းစားခဲ့သည်။
Madison သည် သူမ၏အတန်းထဲတွင် ထင်ရှားပေါ်လွင်သော လူများထဲမှ တစ်ဦးဖြစ်သည်။
"မက်ဒီဆင်၊ ဒါဘယ်သူလဲ။ မင်း ငါတို့ကို မိတ်ဆက်ပေးမလို့လား။" အတန်းဖော်တစ်ယောက်က မေးတယ်၊
Madison က “ဒါက ကျွန်တော့်ချစ်သူ Patrick Reed ပါ။ SRU မှာ ကျောင်းတက်နေပါတယ်။ သူ့မိသားစုက ပိုင်ဆိုင်မှု သန်းဆယ်ဂဏန်းပဲရှိတဲ့ အသေးစားစီးပွားရေးလုပ်ငန်းကို လုပ်တယ်။”
"အလို! မက်ဒီဆင်၊ အရပ်ရှည်ပြီး ချမ်းသာတဲ့ ရုပ်ရည်နဲ့ မင်းကို ငါ မယုံဘူး။ ငါ မင်းကို အရမ်းမုန်းတယ်။"
"မက်ဒီ! စကားတစ်ခွန်းမှ မပြောဘဲ မင်း ငါတို့ရှေ့ကို လျှောက်သွားနေတာ ငါမယုံနိုင်ဘူး"
“မင်း ကံကောင်းတယ်။ ဘွဲ့ရပြီး ချမ်းသာပြီး အခြေချပြီး လက်ထပ်နိုင်ပါတယ်။ ငါတို့ အသက်မွေးဝမ်းကြောင်းပြုဖို့ ကြိုးစားရသေးတယ်!”
သူ့ပတ်ဝန်းကျင်ရှိ အသံများက ငြူစူနေပါသည်။
Madison က သူမ cloud 9 မှာ ရှိနေသလို ခံစားရတယ်။ သူမသည် မနာလိုဖြစ်ခြင်းကို နှစ်သက်သည်။
"မင်္ဂလာပါ! ကျွန်တော့်နာမည် ပက်ထရစ်ရိဒ်ပါ။ ငါက Maddie ရဲ့ ချစ်သူ။ Maddie ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် မုန့်တစ်ခု တောင်းချင်ပါတယ်” လို့ ပက်ထရစ်က စားပွဲပေါ်ကနေ ဘီယာကိုယူကာ ချက်ချရင်း ပြောလိုက်ပါတယ်။
Patrick ဟာ မိန်းကလေးတွေဆီက ချီးကျူးမှုများစွာရရှိခဲ့တယ်။
ကောင်လေးတွေက ပက်ထရစ်ကြောင့် နည်းနည်းစိတ်ဆိုးသွားတယ်။ အခြားကျောင်းမှ တစ်စုံတစ်ယောက်သည် အတန်းထဲတွင် အလှဆုံးမိန်းကလေးကို ခိုးယူသွားသည်ကို သိလိုက်ရသည်မှာ ထူးဆန်းနေပေလိမ့်မည်။
အကျဉ်းချုံးမိတ်ဆက်ပြီးနောက် အားလုံးက သီဆိုကခုန်ကြသည်။
SRMU ရဲ့ ကျောင်းသားတွေနဲ့ ကလပ်တစ်ခုကို သွားရတာ ဘယ်လိုလဲ။
Patrick က အခု ဘယ်လိုခံစားရလဲ သိတယ်။
ပါတီငယ်တစ်ခုမျှသာဖြစ်သည်။
လူတိုင်းသည် သီဆို၊ ကခုန်ကြသည်။ ပက်ထရစ်သည် သူစွမ်းဆောင်နိုင်သည်ကို ပြသရန် အခွင့်အရေးမရှိပေ။
ပက်ထရစ်သည် ထိုနေရာသို့တက်ကာ အော်ဟစ်ချင်သော်လည်း သူ့ကိုယ်သူ အရှက်ရမှာကို ကြောက်သည်။ ထိုပညာရှင်များကို မယှဉ်နိုင်သောကြောင့် ဆိုဖာပေါ်တွင်သာ ထိုင်ပြီး စောင့်ကြည့်နေနိုင်ခဲ့သည်။
ကံကောင်းစွာပဲ၊ မယ်ဒီဆင် က သူ့အတွက် ရှိနေသည်။
ခဏကြာတော့ မယ်ဒီဆင် က ထပြီး သန့်စင်ခန်းထဲဝင်သွားသည်။
ဆယ်မိနစ်လောက်ကြာသော်
မယ်ဒီဆင်သည် သီးသန့်ခန်းထဲသို့ အမြန်ဝင်ကာ ပက်ထရစ်ကို ခေါ်ကာ "ပက်၊ သွားရအောင်!"
"ဘာဖြစ်တာလဲ?မယ်ဒီ!” ပက်ထရစ် က မေးလိုက်သည်။
မယ်ဒီဆင် မှာ တစ်ခုခုမှားနေပြီဆိုတာ သူမြင်နေရသည်။
“မြန်မြန်။ ငါတို့ ထွက်သွားပြီးရင် စကားပြောမယ်!” မယ်ဒီဆင် က ကမန်းကတန်းပြောလိုက်သည်။
“ကောင်းပြီ!”
သူတို့သီးသန့်ခန်းမှ ထွက်သွားတော့မည်။
သို့သော် လျှို့ဝှက်အခန်းတံခါး ရုတ်တရက် ပွင့်လာပြီး အနက်ရောင် ၀တ်စုံဖြင့် လူအုပ်ကြီး ဝင်လာသည်။
ထို့နောက် သီးသန့်ခန်းရှိမီးကို ဖွင့်လိုက်သည်။
အားလုံးက သူတို့လုပ်နေတာတွေကို ရပ်လိုက်ပြီး မဖိတ်ကြားထားတဲ့ ဧည့်သည်အုပ်စုကို ကြည့်နေကြသည်။
"ချီးပဲ ။ စောစောက ဘယ်သူက ငါ့ကို ရိုက်တာလဲ။” ခေါင်းခပ်ပြောင်ပြောင်နဲါ လူတစ်ယောက် ဝင်လာပြီး မေးလိုက်သည်။
အဲဒီလူက သူ့အသက်သုံးဆယ်အရွယ်ရှိသည်။ သူ ခန္ဓာကိုယ်သည်အဆီများဖြင့်ပြည့်နေပြီး အင်္ကျီမဝတ်ဘဲ ထူးထူးဆန်းဆန်း တက်တူးများစွာဖြင့် ဖုံးအုပ်ထားသည်။
အခန်းက တိတ်ဆိတ်နေသည်။ ဘယ်သူမှ စကားမပြောကြပေ။
လူတိုင်း တုန်လှုပ်သွားကြသည်။
နောက်ဆုံးတွင်၊ သူတို့သည် ကျောင်းသားများသာဖြစ်ပြီး၊ ထိုလူများဟာရောနှောသင့်သော သူတွေမဟုတ်ပေ။
မကြာမီ ထိပ်ပြောင်သော အမျိုးသားသည် မက်ဒီဆင်နှင့် ပက်ထရစ်တို့ ထွက်ခွာရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။
သူတို့ဆီ ခြေလှမ်းအနည်းငယ်လှမ်းပြီး မက်ဒီဆင်၏ ဆံပင်ရှည်များကို လှမ်းဆွဲလိုက်သည်။ မယ်ဒီဆင်က အော်ဟစ်ပြီး ခေါင်းပြောင်ပြောင် ယောက်ျားရဲ့ ရင်ခွင်ထဲကို ဆွဲသွင်းခံလိုက်ရသည်။
"မင်းငါ့ကိုရိုက်တယ်မဟုတ်လား? F*ck မင်း။ တစ်စုံတစ်ယောက်ငါ့မျက်နှာကို ပါးရိုက်တာ ဒါပထမဆုံးအကြိမ်ပဲ။ ငါ ဘာလုပ်သင့်တယ် ထင်လဲ" ထိပ်ပြောင်သောလူသည် မယ်ဒီဆင် နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။
ပက်ထရစ်သည် မက်ဒီဆင်၏ဆံပင်ကိုထိုလူဆွဲထားတာမြင်တော့“မင်းဘာလုပ်နေတာလဲ။ မယ်ဒီ လွှတ်လိုက် မဟုတ်ရင်ငါ ရဲခေါ်လိုက်မယ်"
ပက်ထရစ်က ဖုန်းခေါ်ရန် ဆဲလ်ဖုန်းကို ထုတ်ကာ ပြောလိုက်သည်။
သို့သော်လည်း အနက်ရောင် ၀တ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက သူ့ကို ဖုန်းမခေါ်မီ သူ့ကို ဆိုဖာပေါ်သို့ ကန်ထုတ်လိုက်သည်။ လက်ကိုင်ဖုန်းကို ကျောင်းသားများ၏ လူအုပ်ထဲသို့ ကန်သွင်းရင်း ဗိုက်ကိုထိုးလိုက်ပြီး ရင်ဘတ်အောင့်လာသည်။
အရှက်အကြောက်ကြီးသော မိန်းကလေးများစွာ အော်ဟစ်ကြသည်။
တခြားသူတွေကလည်း ကြောက်ရွံ့နေကြသည်။
F*ck
Chapter 75
ထိပ်ပြောင်သောလူသည် သီးသန့်ခန်းရှိ အခြားလူများကိုကြည့်ရင်း မယ်ဒီဆင်၏ဆံပင်ကို ကောက်ကိုင်လိုက်ပြီး "နင်တို့ အတူတူပဲလား" ဟု မေးလိုက်သည်။ "ဒီကလေးမလေးက ငါ့ကို ပါးရိုက်လိုက်တယ် ငါဘာလုပ်သင့်တယ်ထင်လဲ"
"မင်းငါ့ကိုအရင်ထိတာ!" မယ်ဒီဆင်က သူမ ငိုပြီးပြောလိုက်သည် ။
“မင်းကိုငါထိတွေ့တာ ဂုဏ်ယူရမှာ။ မိန်းကလေးတော်တော်များများက ဟယ်ရီ က သူတို့ကို ထိတာကိုခံချင်နေတာမင်းသိလား။ ဒါပေမယ့် ငါစိတ်မဝင်စားဘူး"
သီးသန့်ခန်းထဲမှာ ဘယ်သူမှ စကားမပြောရဲကြပေ။
သို့သော် လူအုပ်၏နောက်ကွယ်တွင် ပုန်းအောင်းနေသည့် အမျိုးသမီး ကျောင်းသူတစ်ဦးသည် ပက်ထရစ်၏ ဆဲလ်ဖုန်းကို ခိုးယူသွားခဲ့သည်။
ထို့နောက် သူမသည် စကားလုံးအချို့ကို ရိုက်ထည့်ခဲ့သည်- “Fuller Golden Sands သီးသန့်အခန်းနံပါတ် ၄၇ ရှိ အန္တရာယ်” ဟု တစ်စုံတစ်ဦးထံ ကြုံရာပေးပို့လိုက်သည်။
ထို့နောက် ဖုန်းကို နဂိုအနေအထားသို့ တိတ်တဆိတ် ပစ်ချလိုက်သည်။
ပက်ထရစ်သည် အနည်းငယ် အာရုံများလာသည်။
ထိပ်ပြောင်တဲ့လူကို ကြည့်လိုက်တော့ “ဟယ်ရီ ဟုတ်တယ်မလား မယ်ဒီ့ကိုယ်စား တောင်းပန်ပါတယ်။ သူမကို လွှတ်ဖို့ ငွေဘယ်လောက်ပေးရမလဲ စျေးနှုန်းကို ခေါ်လိုက်ပါ”
ယခုတော့ သူသည် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူတို့ဘက်မှာ လူတွေအများကြီးရှိပေမယ့် အများစုကတော့ အမျိုးသမီးတွေပါ။ ရန်ဖြစ်ရင် သူတို့ဘက်က ဒုက္ခရောက်မည်။
ထို့အပြင် သူမှလွဲ၍ အခြားမည်သူမည်သူကတိုက်ခိုက်ဝံ့မည်လားဟု သံသယဖြစ်စရာပင်။ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
"မင်းက ဒီကောင်မလေးရဲ့ ချစ်သူလား" ထိပ်ပြောင်သူက မေးလိုက်သည်။
“ဟုတတယ််!” ပက်ဖရစ်က ပြန်ပြောလိုက်သည် ။
"ကောင်းပြီ! မင်းကထက်မြက်ပုံရတယ်။ ငါတို့ကို ဒေါ်လာတစ်သန်းပေး၊ ငါမင်းကိုလွှတ်ပေးလိုက်မယ်။ ဒီလိုမှမဟုတ်ရင် သူမကအရမ်းလှနေလို့ ဒီကောင်မလေးနဲ့ပျော်အောင်နေလို့ရတယ်နော်။ ဟား!” ထိပ်ပြောင်က ပြောပြီး ရယ်နေသည်။
"ပက်! ငါ့ကိုကယ်ပါဦး!” မယ်းဒီဆင်က ငိုပြီး အော်ပြောလိုက်သည်။
“ဟယ်ရီ၊ ဒေါ်လာတစ်သန်းက အရမ်းများတယ်။ ငါတို့က ကျောင်းသားတွေချည်းပဲ။ ငါတို့မှာ ပိုက်ဆံအများကြီးမရှိဘူး။ မယ်ဒီကိုလွှတ်လိုက်ရင် ဒေါ်လာတစ်သိန်းပေးမယ်။"
"ဒေါ်လာတစ်သိန်း? ငါတို့က သူတောင်းစားတွေလို့ မင်းထင်နေတာလား။" မျက်စိမှေးပြီး ပက်ထရစ်ကို ကြည့်ရင်း ထိပ်ပြောင်သောလူက မေးလိုက်သည်။
"ဒါပဲ မင်းက ပိုကြီးတဲ့လူဖြစ်လို့ ငါတို့ကို ညှာတာပေးဖို့ ငါမျှော်လင့်တယ်!” ပက်ထရစ်တွင် ဒေါ်လာတစ်သိန်းသာရှိသည်။ သူသည် ချမ်းသာသော ကလေးဖြစ်သော်လည်း သူ့မိဘများက စီးပွားရေးအင်ပါယာဖြစ်သည်။ သူသည် ငွေကုန်ကြေးကျ ကြီးသောကြောင့် ငွေမစုနိုင်ပေ။
ဒေါ်လာတစ်သိန်းသည် လာမည့်လတွင် ၎င်း၏ထောက်ပံ့ကြေးဖြစ်သော်လည်း မက်ဒီဆင်ကို ဦးစွာကယ်တင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
"ကောင်းပြီ! အဲဒီ့ ဒေါ်လာတစ်သိန်း။ ငါ့ကို ငွေအရင်လွှဲပေးပါ” ဟု ထိပ်ပြောင်ကပြောလိုက်သည်။
အခုခေတ် ကျောင်းသားတွေ ဒီလောက်ချမ်းသာဖို့ သူ မမျှော်လင့်ထားပေ။ ဒေါ်လာတစ်သန်းကို ပေါ့ပေါ့တန်တန် တောင်းရုံနဲ့ ဒေါ်လာတစ်သောင်းလောက်ရရင် လုံလောက်မယ်လို့ တွေးနေခဲ့သည်။
သူ့ကို ဒေါ်လာတစ်သိန်းပေးမယ်လို့ မမျှော်လင့်ထားဘူး။ ဒီငွေက သူ့ကို ခဏလောက် ဖြုန်းတီးဖို့ လုံလောက်တယ်။
ထိပ်ပြောင်သောလူက သဘောတူသောအခါ ပက်ထရစ် သက်သာရာရသွားသည်။ ဒေါ်လာတစ်သိန်းပဲရှိတော့ အကြောင်းပြချက်တစ်ခုနဲ့ သူ့မိဘတွေကို ပိုက်ဆံပိုတောင်းလို့ရသည်
သူ့ကို ငြင်းပယ်ရင် ဘာလုပ်ရမှန်းမသိပေ။
ပက်ထရစ်က သူ့ဖုန်းကို ကောက်ကိုင်ပြီး ငွေလွှဲခါနီးမှာ မက်ဒီဆင် အော်ဟစ်သံကို ကြားလိုက်ရသည်။
“အာ! ခွေးကောင်! ရပ်!"
ပက်ထရစ် လှမ်းကြည့်လိုက်သော်လည်း ထိုမြင်ကွင်းက ပက်ထရစ်ကို ဒေါသဖြစ်စေပြီး ဝိုင်ပုလင်းကို ကိုင်ကာ ထိပ်ပြောင်နေသော အမျိုးသား၏ ခေါင်းကို ရိုက်ခွဲလိုက်သည်။
ပက်ထရစ်က သူ့ဆဲလ်ဖုန်းကို ကောက်ကိုင်လိုက်ချိန်မှာတော့ ထိပ်ပြောင်နေတဲ့လူက မက်ဒီဆင်ရဲ့ ဆံပင်တွေကို လက်တစ်ဖက်နဲ့ ဆွဲဆုတ်လိုက်ပြီး နောက်တစ်ဖက်နဲ့ သူမခန္ဓာကိုယ်ကို ထိလိုက်သည်။
ထိပ်ပြောင်သော အမျိုးသား၏ ဦးခေါင်းမှာ သွေးများဖြင့် ဖုံးလွှမ်းသွားသည်။ သူက မယ်ဒီဆင် ကို လွှတ်လိုက်ပြီး ခေါင်းကို ကိုင်ရင်း အော်ဟစ်နေသည်။
အနက်ရောင်ဝတ်ထားသော အမျိုးသားအများအပြားသည် လျင်မြန်စွာတုံ့ပြန်ကြပြီး ပြေးလာကာ ပက်ထရစ်ကို ဝိုင်းရိုက်ကြသည်။
ထို SRMU ကျောင်းသားများသည် အလွန်ကြောက်လန့်ပြီး မလှုပ်ရှားဝံ့ကြပေ။ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးကြပေ။
မယ်ဒီဆင် လည်း အံ့သြသွားသည်။ ပက်ထရစ်၏ ရဲရင့်သော ကယ်တင်မှုကြောင့် သူမကို ထိမိခဲ့သည်။
ပက်ထရစ် သည် အနက်ရောင် ၀တ်စုံဖြင့် လူများစွာကြောင့် မြေပြင်ပေါ်တွင် လဲလျောင်းနေရသည်ကို ကြည့်ရင်း သူမကူညီချင်သော်လည်း အာရုံများ ပြန်လည်နိုးထလာသောအခါ ထိပ်ပြောင်သော အမျိုးသား၏ ဖမ်းဆုပ်ခြင်းကို ခံခဲ့ရသည်။
ထိုအချိန်တွင် ထိပ်ပြောင်သောလူသည် ကြောက်မက်ဖွယ်ကောင်းနေပုံရသည်။ သူ့မျက်နှာမှာ သွေးတွေစီးကျနေပြီး ကြောက်စရာကောင်းတဲ့ပုံပေါက်နေသည်။
"ကောင်လေး၊ မင်းက သတ္တိကောင်းလိုက်တာ။ ငါ ဟယ်ရီ က မြစ်မြို့မှာနေတာကြာပြီ၊ ဒါပေမယ့် မင်းကတော့ ငါ့ခေါင်းကိုရိုက်တဲ့ ပထမဆုံးလူပဲ။ သင်ခန်းစာတစ်ခုမသင်ပေးရင် အနာဂတ်မှာ တခြားသူတွေကို ဘယ်လိုရင်ဆိုင်ရမလဲ။ ခေါင်းကို မော့ထား။
"မင်းရည်းစား စော်ကားခံရတဲ့အခါ မင်းမုန်းတယ် မဟုတ်လား? မင်းရဲ့မျက်လုံးတွေကိုဖွင့်ပြီး ငါသူ့ကို ဘယ်လိုစော်ကားလဲဆိုတာ ကြည့်စမ်း။"
အနက်ရောင်ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ပက်ထရစ်အား ဆံပင်ကိုဆွဲကိုင်ကာ ပြောင်နေသောလူဆီသို့ ပြလိုက်သည်။
ထိပ်ပြောင်သောလူက မယ်ဒီဆင် ကို သူ့လက်နှစ်ဖက်ဖြင့် သူမကို စတင် ဆုပ်ကိုင်လိုက်သည်။ မယ်ဒီဆင် ရုန်းကန်နေသော်လည်း ထိပ်ပြောင်သောလူက သူမကို မျက်နှာကို ပါးရိုက်လိုက်သောကြောင့် ခေါင်းမူးသွားခဲ့သည်။ သူမသည် ထပ်၍ မခုခံရဲတော့ဘဲ သူလုပ်ချင်ရာကို လုပ်ခွင့်ပေးလိုက်သည်။
"ရပ်! ရပ်! မင်းကိုငါပေးမယ်။ ဒေါ်လာတစ်သန်း!"
ပက်ထရစ်သည် စိတ်ပျက်လက်ပျက်ဖြစ်ပြီး သူအားရှိသလောက် ရုန်းကန်သော်လည်း အနက်ရောင်ဝတ် အမျိုးသားများက သူ့ကို မလှုပ်နိုင်အောင် တားဆီးခဲ့သည်။ သူသည် ထိပ်ပြောင်သောလူ အနိုင်ကျင့်နေသော မယ်းဒီဆင်ကိုသာ ကြည့်နေခဲ့ရသည်။
ထိပ်ပြောင်သောလူသည် ပက်ထရစ်ကို လျစ်လျူရှုကာ မယ်ဒီဆင်ကို ဆက်လက်နမ်းရှုံ့ခဲ့သည်။ စောစောက မက်ဒီဆင်ကို ရေချိုးခန်းထဲမှာ တွေ့တုန်းက အရက်သောက်လို့ သူ့ကို သည်းမခံနိုင်တော့ပေ။ သူအရင်တုန်းက ဒီလိုအများကြီးလုပ်ခဲ့ပြီး ဟယ်ရီ ရဲ့အဆင့်အတန်းနဲ့ လိုက်လျောညီထွေဖြစ်တဲ့သူတွေဟာ သူတို့ရဲ့မာနကိုမျိုချပြီး သည်းခံနိုင်ကြပါတယ်။
သို့သော် ယနေ့တွင် မက်ဒီဆင်က သူ့ကို ပါးရိုက်လိုက်သည်။
ထို့ကြောင့် သူသည် မယ်ဒီဆင် ကို သူ့လူများနှင့်အတူ လိုက်ခဲ့လေသည်။
ထိပ်ပြောင်သောအမျိုးသားသည် သင်ခန်းစာတစ်ခုသင်ကြားပြီးနောက် လှပသောမယ်ဒီဆင် သည် နာခံမှုရှိလာသည်ကိုမြင်သောအခါ အနီရောင်နှုတ်ခမ်းနီ ကို နမ်းရန်ကြိုးစားလိုက်သည်။