အခန်း (၈၅-၉၀)
Vol. 6 Ch. 85-90
Chapter 85
အသံ တုန်ခါမှုထွက်ပေါ်လာသည်။ သီးသန့်ခန်းသည် အလုံပိတ်ထားခြင်းကြောင့် နှစ်ဦးသား အချင်းချင်း တိုက်မိသွားသောအခါ တုန်ခါသံဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် အချို့သော အခြေခံအုတ်မြစ်ရှိသော လူအနည်းငယ်မှလွဲ၍ အခြားသာမန်လူများသည် ၎င်းတို့၏ နားရွက်များကို ဖုံးအုပ်ထားပြီး ၎င်းတို့၏မျက်နှာပေါ်တွင် နာကျင်နေပုံပေါ်သည်။
ထိပ်တိုက်တွေ့ပြီးနောက်ပုံရိပ်နှစ်ခုသည် လျင်မြန်စွာ ခုန်ထွက်သွားသည်။
မက် သည် သူ မရပ်မီ နောက်သို့ ခြေလှမ်း ငါးလှမ်း သို့မဟုတ် ခြောက်လှမ်း ဆုတ်သွားသည်။
ပေါလ်သည်လည်း နောက်သို့ ခြေလှမ်း ငါးလှမ်း သို့မဟုတ် ခြောက်လှမ်း ဆုတ်သွားသည်။ ချားလ်စ်က သူ့နောက်က မြေပြင်ကို ထောက်လိုက်သည်။
"ချားလ်စ်!"
ဆန်ဒီ ချားလ်စ် ကိုကူညီရန် အမြန်သွားပြေးခဲ့သည်။ ချားလ်စ် နိုးလာသောအခါ သူ့ပါးစပ်မှ သွေးများ ထွက်ကျလာသည်။
ကျားအဆင့် သခင်နှစ်ယောက်ကြား ယှဉ်ပြိုင်မှုတွင် ပေါလ်သည် ဆုတ်ခွာသွားသောလည်း ၎င်း၏ အတွင်းအင်္ဂါများ ထိခိုက်ဒဏ်ရာရခဲ့သည်။
ကျားအဆင့် သခင်တွေရဲ့ ခွန်အားက တကယ်ကို ကြောက်စရာကောင်းသည်။
"ချာလ်စ်၊ မင်းဘာလို့သွေးတွေအန်နေတာလဲ။ မင်းအဆင်ပြေရဲ့လား?" ဆန်ဒီ ချားလ်စ်ကို ကြည့်ရင်း မျက်ရည်ဝဲကာ မေးလိုက်သည်။
"ဆန်ဒီ ငါနေကောင်းပါတယ်"
ချားလ်စ် ဖြူဖျော့နေသည်။
သတိပြန်ရလာပြီးနောက် ဒေးဗစ်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ ဒေးဗစ်သည် ပေါလ်ကို အချိန်မီတားဆီးရန် မတောင်းဆိုခဲ့ပါက၊ သူသည် ယခု အလောင်းဖြစ်နေလိမ့်မည်။
သူ ငြိမ်သက်သွားသောအခါတွင် စောစောက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်သတိရပြီး သူသည် အမှန်တကယ် စိတ်လောသွားမှန်း သိလိုက်သည်။
အဓိကကတော့ ဇာချယ်ရီ က သူ့ရဲ့အားနည်းချက်ကိုထိုးဆွလိုက်တာကြောင့် ဒေါသနဲ့ မျက်စိကွယ်သွားပြီး သေနတ်ကို ဆွဲထုတ်လိုက်တာဖြစ်သည်။
အခု သူစဉ်းစားလိုက်တော့ မက် ကို သေနတ်နဲ့ ပစ်သတ်ရင် ဘာဖြစ်မလဲ။ နှစ်ဖက်စလုံးရဲ့ စည်းကမ်းတွေကို ချိုးဖောက်ရကြလိမ့်ည်။
ထို့အပြင် ဇာချယ်ရီ ကို သူ မသတ်ဝံ့သော်လည်း
ဇာချယ်ရီ က သူ့ကို သတ်ဝံ့သည်။ ဒါက သူတို့နှစ်ယောက်ရဲ့ အဆင့်အတန်း ကွာခြားချက်ပဲ။
မက် နှင့် နှင့်ပေါလ် နှစ်ယောက်စလုံး နောက်ပြန်လှည့်ဆုတ်သွားသည်ကို မြင်သောအခါ ဇာချယ်ရီအံ့သြသွားသည်။
ယခု သူသည် ဒေးဗစ်ကို တည့်တည့်ကြည့်လိုက်သည်။ မက် နှင့် တူညီသောအဆင့်ရှိ ဤလူသည် ဤလူ၏ဘေးတွင် တစ်ချိန်လုံးရှိနေပုံရသည်။
"မင်းကဘယ်သူလဲ?" ဇာချယ်ရီက ဒေးဗစ်ကိုကြည့်ရင်း မေးလိုက်သည်။
"ငါက SCC ရဲ့အဆင့်မြင့်အဖွဲ့ဝင် ဒေးဗစ်လစ်းဒဲလ် ပါ" လို့ ဒေးဗစ်က ဖြေလိုက်သည်။
"မင်းက River City SCC ရဲ့ နောက်ဆုံးအဆင့်မြင့်အဖွဲ့ဝင်လား။"
"မှန်တယ်။"
"မင်းငါ့ကိုတားချင်တာလား။"
"မစ္စတာ ချင်းမင်းအခုထွက်သွားရင် ငါ ဘာမှလုပ်မှာမဟုတ်ဘူး။"
“ဘာရယ်။ ချားလ်စ် က T Faction နဲ့ SCC ကြားက စည်းမျဥ်းစည်းကမ်းကို ချိုးဖျက်ပြီးတော့ငါ့ကိုသေနတ်နဲ့ ချိန်တာ။ ဒီလိုငါ့ကျုလုပ်ဖူးတာသူကပထမဆုံးဆိုတော့သူ့ကိုသတ်ပစ်ရမယ်။
ဇာခရိ(ဇာခရိလို့ပဲဆက်ပြန်သွားပါမယ်) က တကယ်ကို ရူးသွပ်နေသည်။ သူက မြို့တော်ရှိ ချင်မိသားစု ၏သားဖြစ်ပြီး T Faction ၏ အကြီးကျယ်ဆုံး တိုက်ခိုက်ရေးသမား ရှစ်ဦးတွင် တစ်ဦးအနေဖြင့် SCC ၏ ထိပ်တန်းအဖွဲ့ဝင်တစ်ဦးမှ သူ့ကိုသေနတ်ဖြင့်ချိတ်ရွယ်သောကြောင့် ချားလ်စ်မသေရင် သူ့ဂုဏ်သိက္ခာကို ဘယ်လိုထိန်းသိမ်းရမလဲ။
“အဲဒီတော့ ပြောစရာမရှိတော့ဘူး။ငါကတော့ ချားလ်စ်ကို ကာကွယ်မှာပဲ"
"မက် ဆက်တိုက်ပါ" ဇာခရိ က မက်ကိုပြောလိုက်သည်။
မက်သည် ထိုစကားကိုကြားပြီးနောက် ဘာမှပြန်မပြောဘဲ ပေါလ်ကို ချက်ချင်းတိုက်လိုက်သည်။
ပေါလ်လည်း မကြောက်ပေ။
နှစ်ယောက်သား တိုက်ခိုက်ကြပြန်သည်။
သည်း!
ဒိုင်း!
ဘုန်း!
သူတို့ ရဲ့ ထိုးချက်တွေက အကြိမ်တိုင်း ပြင်းထန်လွန်းသည်။
သီးသန့်ခန်းတစ်ခုလုံးသည် သူတို့၏ ကျယ်လောင်သော ထိုးဖေါက်သံများနှင့် ပြည့်နေသည်။ ထို့အပြင် ပြင်းထန်သော စွမ်းအားများကြောင့် လေထုထဲတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
အခြားသူများ မဆိုထားနှင့် ဒေးဗစ် မှလွဲ၍ ဗင် နှင့် ရော့ ကဲ့သို့သော ထိပ်တန်း သခင်များပင်လျှင် သူတို့၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ၊ နှစ်ယောက်သားချနေသည်ကိုသာ မြင်နိုင်သည်။
ကျားအဆင့်ရှိ ကျွမ်းကျင်သူများ၏ စွမ်းအားသည် သာမန်လူတစ်ဦးအနေဖြင့် မှတ်သားနိုင်သော အရာများမဟုတ်ပါ။
ဒိုင်း!
နှစ်ယောက်သား ခနောက်ပြန်မဆုတ်ခင် တစ်ဖက်နဲ့တစ်ဖက် ထိုးနှကခဲ့ကြသည်။ တစ်ယောက်ယောက်က သူတို့ကို သေသေချာချာ ကြည့်လိုက်ရင် သူတို့ နှစ်ယောက်စလုံး နာကျင်နေတာကို သတိထားမိမှာပါ။ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
ဇာခရိ က တကယ်ကို အံ့သြသွားသည်။
မက် ၏စွမ်းရည်များသည် ချင် များကြားတွင်ပင် ထိပ်တန်းအဆင့်ဖြစ်သည်။ ယခု သူသည် မြစ်မြို့ ကဲ့သို့သော နေရာငယ်လေးတွင် လက်ရည်ညီသော ပြိုင်ဘက်နှင့် ဆုံတွေ့ခဲ့သည်။
၎င်းတို့နှစ်ဦးသည် ကာလအတန်ကြာ ရန်ဖြစ်ခဲ့သော်လည်း ရလဒ်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဒါ့အပြင် မက်လည်း ထိခိုက်ခဲ့သည်။
ဒေးဗစ်သည် လက်ရှိ တိုက်ပွဲတွင် ပါဝင်နေသော နှစ်ယောက်ကို အနီးကပ် စိုက်ကြည့်နေသည်။
ပေါလ်သည်ရှုံးမည့်လက္ခဏာများ ပြသပါက၊ ဒေးဗစ် ချက်ချင်းဝင်ပါမည်ဖြစ်သည်။
ပေါလ်နှင့် နောက်ဆုံးအကြိမ် တိုက်ခိုက်ရာတွင် သူ၏အင်အား၏ ၅၀ ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ပြီး ပေါလ်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းထိုးသွားအောင် စွမ်းဆောင်နိုင်ခဲ့သည်။ သူ့ခွန်အားကို ၁၀၀% အသုံးချရင် ဘာဖြစ်မယ်ဆိုတာ သူမသိပေ။
ယခုအချိန်တွင် သူသည် ကျားအဆင့် မှ သခင်နှစ်ဦးကြား ပြင်းထန်သော တိုက်ပွဲကို ကြည့်ရှုနေစဉ် ၎င်းကို စမ်းကြည့်ရန် စိတ်အားထက်သန်နေသည်။
ကျားအဆင့် သခင်နှစ်ဦးသည် နောက်ဆုံးထိုးနှက်မှုအတွက် ပြင်ဆင်နေသကဲ့သို့ ဆယ်မီတာအကွာအဝေးတွင် ငြိမ်သက်စွာရပ်နေခဲ့သည်။
Chapter 86
ပေါလ် နှင့် မက်သည် ဆယ်မီတာအကွာတွင် ရပ်နေခဲ့သည်။
နှစ်ယောက်စလုံး တစ်ဖက်လူ၏ အစွမ်းကြောင့် တုန်လှုပ်သွားကြသည်။
သို့သော် ပြိုင်ဘက်၏ တိုက်ခိုက်လိုစိတ်ကိုလည်း မြင်နိုင်သည်။
လက်ရည်ညီတဲ့ ပြိုင်ဘက်ကို ရှာတွေ့ဖို့ဆိုတာ မလွယ်ကူသလို ခုခံနိုင်ရုံသာမကတိုက်ခိုက်နိုင်မည့် ဒီလိုပြိုင်ဘက်မျိုးကို ရှာတွေ့ဖို့က ပိုခက်သည်။
မက် သည် မြေအောက်နပန်းကွင်းတစ်ခုတွင် ကြီးပြင်းခဲ့ပြီး နပန်းသမားများထံမှ ကျွမ်းကျင်မှုအမျိုးမျိုးကို သင်ယူခဲ့သည်။ နောက်ပိုင်းတွင် သူသည် စစ်တပ်ထဲဝင်ခဲ့သော်လည်း သူ၏ နှုတ်ထွက်စရိုက်ကြောင့် အရေးပါသူတစ်ဦးကို စော်ကားခဲ့သည်။ နောက်ဆုံးတွင် သူသည် သခင်ကြီးချင် မှ ကယ်တင်ခဲ့ပြီး ချင်မိသားစုသို့ ဝင်ရောက်ခဲ့သည်။
ထို့နောက်သူသည်ချင်မိသားစု၏ သားကိုကာကွယ်ရန်တာဝန်ရှိသည်။
အခြားတစ်ဖက်တွင်၊ ပေါလ်သည် အသက်နှင့်သေခြင်း၏အစွန်းတွင် အမြဲရှိနေခဲ့သည်။ စစ်ပွဲမီးတောက်တွေ အဆက်မပြတ်ဖုံးလွှမ်းနေတဲ့ တိုင်းတစ်ပါးမှာ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်နိုင်ခဲ့တာဟာ ကံတရားကြောင့် မဟုတ်ပေ။
နှစ်ယောက်စလုံးက သူတို့ရဲ့ အားကောင်းမှုကြောင့်ကြောင့် နာမည်ကြီးတယ်။ သူတို့နှစ်ယောက်လုံး ပိတ်ဆို့ရန် ကြိုးပမ်းမှုမျိုး မပြုလုပ်ကြသောကြောင့် ၎င်းတို့၏ လက်များသည် အကြိမ်တိုင်း ထိခိုက်လာမည်ဖြစ်သည်။
ထို့အတွက်ကြောင့် နှစ်ဖက်စလုံးတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း ၎င်းတို့အတွက် ဘာမှမဖြစ်ခဲ့ပေ။
အခုတော့ သူတို့ဟာ သူတို့ရဲ့ အပြီးသတ်တိုက်ကွက်ပြသဖို့ အဆင်သင့်ဖြစ်နေပြီး သူတို့ကိုယ်သူတို့ ပြင်ဆင်နေကြပါပြီ။
သီးသန့်အခန်းသည် ခေတ္တတိတ်ဆိတ်နေသည်။
မူလက ဒေးဗစ်သည် လှုပ်ရှားချင်သော်လည်း ပေါလ်၏မျက်လုံးများကို မြင်သောအခါတွင် သူသည် ထိုအတွေးကို မျိုသိပ်လိုက်သည်။
သူ၏ စိတ်အားထက်သန်သော အာရုံခြောက်ပါးဖြင့် ပေါလ်သည် စိတ်လှုပ်ရှားနေပြီး သူ၏သွေးများ ပွက်ပွက်ဆူလာသည်ကို ခံစားရနိုင်သည်။
သူက ဒီတိုက်ပွဲကို တောင့်တပြီး အောင်မြင်မှုတွေလည်း လိုချင်သည်။
လူသာမိသားစု၏ ကိုယ်ရံတော်များဖြစ်သော ရော့နှင့် ဗင် တို့သည် ကျားအဆင့် သခင်နှစ်ဦးကြား တိုက်ပွဲကို အနီးကပ် အာရုံစိုက်ခဲ့ကြသည်။ ဒါဟာ သူတို့အတွက် တစ်သက်မှာ တစ်ကြိမ်သာ ရနိုင်တဲ့အခွင့်အရေးပါ။
သူတို့နှစ်ဦးစလုံးသည် ထိပ်တန်းသခင်များဖြစ်ကြပြီး ကျားအဆင့် သို့ဝင်ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။
သို့သော် ဤခြေတစ်လှမ်းပင်လျှင် သူတို့တစ်သက်လုံး မဖြတ်ကျော်နိုင်သော ချောက်တစ်ခုလိုပင်။
ကျားအဆင့် သခင်နှစ်ယောက်ကြား တိုက်ပွဲကို ကြည့်ခြင်းဖြင့် လှုံ့ဆော်မှုခံရနိုင်လျှင် ၎င်းတို့နောက်ထပ်တက်ရန် အခွင့်အလမ်းရှိပေမည်။
ချားလ်စ်၊ ဆန်ဒီနှင့် အခြား SCC အဖွဲ့ဝင်အုပ်စုတစ်စုသည် ပေါလ်အား ထိတ်လန့်စွာ ကြည့်နေကြသည်။
ပေါလ်သည် ထိုသို့သောခွန်အားရှိရန် လုံးဝမမျှော်လင့်ထားပေ။ ထိုသို့ဆိုလျှင် ဒေးဗစ်၏နောက်ခံသည် အနည်းငယ်ကြောက်စရာကောင်းလိမ့်မည်။ ဒါကသူတို့အားလုံး၏ အမြင်တွင် ဒေးဗစ်ကိုနည်းနည်းကွဲပြားသွားစေသည်။
ရုတ်တရက် ငြိမ်သက်စွာ ရပ်နေသော လူနှစ်ယောက်သည် တစ်ပြိုင်နက် လှုပ်ရှားသွားကြသည်။
အလယ်မှာ ချက်ခြင်းမဆုံခင် အရှိန်ပြင်းပြင်းနဲ့ အရိပ်နှစ်ခုက တစ်ခုနဲ့တစ်ခု အရှိန်အဟုန်နဲ့ ပြေးနေတာကိုပဲ မြင်နေရသည်။
သူတို့နှစ်ဦးတွေ့ဆုံသောအခါတွင် မက် သည် သူ၏ဝမ်းဗိုက်အောက်ပိုင်းအထိ အသက်ရှုသွင်းပြီး သူ့တစ်ကိုယ်လုံး၏အရှိန်နှင့်အတူ လက်ဖဝါးကို တွန်းထုတ်လိုက်သည်။ ထို့နောက် 'King Kong Palm' ဟု စိတ်ထဲတွင် ကျယ်လောင်စွာ အော်လိုက်သည်။
ပေါလ်သည် သူ၏ ရင်ဘတ်ရှေ့တွင် ညာလက်သီးကို ဆုပ်ထားသည်။ အဆက်အသွယ်ရချိန်တွင် သူသည် ခွန်အားအားလုံးကို စုဆောင်းကာ 'Tiger Cannon Fist' ဟု စိတ်ထဲတွင် တိတ်တဆိတ်အော်ကာကာ လက်သီးဖြင့် ထိုးလိုက်သည်။
ဘုန်း... !
လက်သီးနှင့် လက်ဖဝါးတို့ တိုက်မိသွားသောအခါ တုန်ခါမှုနှင့်အတူ လူတိုင်း၏နားထဲတွင် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကို မူးဝေစေသည်။
ကျယ်လောင်သော ဆူညံသံများသာမကဘဲ၊ ယခုတစ်ကြိမ်တွင် ၎င်းတို့နှစ်ဦး အချင်းချင်း တိုက်ခိုက်ရန်အတတ်နိုင်ဆုံး ကြိုးစားစဉ်တွင် ကြီးမားသော လေလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ အစောပိုင်းက ဇာခရိ နှင့် ဟောင်းဝပ် ထိုင်သည့် စားပွဲနှင့် ကုလားထိုင်များပင် မှောက်သွား လူတိုင်းသည် ပြင်းထန်သောမုန်တိုင်းတွင် ရှိနေသကဲ့သို့ ခံစားလာရသည်။
ထို့နောက် ညည်းတွားသံနှစ်ခု ထွက်ပေါ်လာသည်။
ပေါလ် နှင့် မက် တို့သည် တစ်ချိန်တည်းတွင် နောက်ပြန်ဆုတ်သွားကြသည်။
ဒေးဗစ်သည် ရှေ့သို့အလျင်အမြန်သွား၍ ပေါလ်၏နောက်ကျောကို လက်တင်ကာ ပျံလွင့်သွားသောလေကို ပျော့သွားစေသည်။
အခြားတစ်ဖက်တွင်၊ ဇာခရိသည် မက် ၏ပျံသန်းနေသောခန္ဓာကိုယ်ကိုလည်းဖမ်းမိခဲ့သည်။
မက်နှင့် ပေါလ် တို့သည် ၎င်းတို့၏ ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး တစ်ချိန်တည်းတွင် သွေးများကို ထွေးထုတ်ခဲ့ကြသည်။ လောလောဆယ်တော့ နှစ်ယောက်လုံး နည်းနည်း အားနည်းနေသည်။
ဒီတစ်ကြိမ်မှာတော့ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် ထိခိုက်နစ်နာအောင် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။ ဤအချိန်တွင် ၎င်းတို့နှစ်ဦးစလုံးသည် လာမည့်လအနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာရန် ခက်ခဲမည်ဖြစ်သည်။
"ပေါလ် ဘယ်လိုနေလဲ" ဒေးဗစ်က ပေါလ်ကိုမေးလိူက်သည်။
“ကျွန်တော် အဆင်ပြေပါတယ်၊ ဒါပေမယ့် သခင်လေး ငါခဏတာ မင်းကို အကာအကွယ် မပေးနိုင်ဘူး” လို့ ပေါလ်က ဆိုလိုက်သည်။
"ရပါတယ်။ မင်း အရင်ပြန်ကောင်းလာအောင်လုပ်သင့်တယ်” လို့ ဒေးဗစ်က ပြောပါတယ်။
တစ်ဖက်တွင်။
“မစ္စတာ ချင်!”
မက် က စကားပြောချင်ပေမယ့်ဇာခရိ က “မက် မင်း အရင်အနားယူသင့်တယ်။ ကျန်တာ ငါ့ဆီ ထားခဲ့ပါ။"
ဇာခရိသည် မက် ကို ဟောင်းဝပ် ထံ ပေးအပ်ခဲ့ပြီး သူ့ကို ကူညီပေးခဲ့သည်။ ထို့နောက် သီးသန့်ခန်းအလယ်သို့ သူကိုယ်တိုင် လျှောက်သွားခဲ့သည်။
"ချားလ်စ်၊ ဒီနေ့ မင်းကို ကူညီနေတဲ့သူတစ်ယောက်နဲ့ လွတ်မြောက်နိုင်မယ်လို့ မင်းထင်နေလား" ဇာခရိ ရဲ့ အသံဆုံးသွားတာနဲ့ သူ့ခန္ဓာကိုယ်ထဲက ရောင်ဝါက အပြင်ဘက်ကို ချက်ချင်း ဖြာထွက်လာပြီး သူ့ခါးကနေဓားကို ဆွဲထုတ်လိုက်သည်။
ချားလ်စ် မဖြေမီ ဇာခရိသည် သူရပ်နေသည့်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
“မစ္စတာ လူသာ သတိထား!”
“မစ္စတာ လူသာ သတိထား!”
ရော့ နဲ့ ဗင် က တပြိုင်နက် အော်လိုက်သည်။
နှစ်ယောက်စလုံး ချားလ်စ်နဲ့ ဆန်ဒီတို့ရှေ့မှာ နှစ်ယောက်သား ရပ်လိုက်ကြသည်။
ထိုအချိန်တွင် ဇာခရိ ၏ တိုက်ခိုက်မှုသည်လည်း ရောက်လာသည်။
တကယ်တော့ ဇာခရိ ရဲ့ အင်အားဟာ ပထမတန်းစား အဆင့်မှာသာ ရှိပါသေးသည်။
သို့သော်လည်း ရော့နှင့် ဗင် နှစ်ဦးစလုံးသည် အစောပိုင်းတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သောကြောင့် ၎င်းတို့၏ ကြံ့ခိုင်မှုမှာ အလွန်လျော့ကျသွားခဲ့သည်။ သူပေါ်လာတဲ့အခိုက်မှာ ဇာခရိ ရဲ့ဓားနှစ်ချောင်းနဲ့ လုပ်ကြံခံခဲ့ရသည်။ ထို့နောက် သွေးထွက်သံယို ဒဏ်ရာများ သူတို့ရဲ့ ခန္ဓာကိုယ်မှာ ပေါ်လာပါတော့သည်။
၎င်းတို့နှစ်ဦးကို အနိုင်ယူပြီးနောက် ဇာခရိ သည် မရပ်တန့်ခဲ့ပေ။ အဲဒီအစား ချားလ်စ်နဲ့ဆန်ဒီရှေ့ကို တိုက်ရိုက်ပြေးသွားပြီး ချားလ်စ် ကို ဓားနဲ့ထိုးလိုက်သည်။
ဇာခရိ ရဲ့လက်ထဲကဓားဟာ သူ့ကို ဓားနဲ့ထိုးတော့မှာကိုမြင်တော့ ချားလ်စ်က မျက်လုံးတွေကိုမှိတ်ထားပြီး ခုခံဖို့လက်လျှော့လိုက်ပေမယ့် သူ့ဘေးမှာရှိနေတဲ့ ဆန်ဒီ က သူ့ကိုတွန်းဖယ်လိုက်ပြီး ဇာခရိ ရဲ့ဓားအောက်မှာ သူကိုယ်တိုင်လဲကျသွားသည်။
“မဟုတ်ဘူး!” ချားလ်စ် က အော်လိုက်ပြီး မျက်လုံးပြူးသွားသည်။
ဆန်ဒီ က သူ့ကို တွန်းဖယ်ပြီး ဇာခရိ ရဲ့ ဓားအောက်မှာ လဲကျသွားသည်။ သူမသည် သူ့အတွက် အသေခံချင်နေသည်၊ ဘာလို့ဒီလိုလုပ်ရသနည်း။
ဓားဖျားက ဆန်ဒီအရှေ့ တစ်စင်တီမီတာလောက် မှာရပ်သွားသည်။
ဇာခရိက သူ့အသိစိတ်နဲ့ မောင်နှမတွေကို လွှတ်ထားချင်တာ မဟုတ်ပေ။
အဲဒီအစား လက်နှစ်ချောင်းက ဓားထိပ်ကို ညှပ်ထားသည်။
ဤလက်နှစ်ချောင်းသည် သဘာဝအားဖြင့် ဒေးဗစ်နှင့်သက်ဆိုင်သည်။
ထိုလက်နှစ်ချောင်းသည် ပထမတန်းစား အထွတ်အထိပ်သခင် ဇာခရိ ထံမှ ထိုးနှက်မှုကို ရပ်တန့်လိုက်သည် ။
ဇာခရီသည် မျက်လုံးပြူးကာ ဒေူဗစ်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
ဇာခရိသာမက မက်အပါအဝင် လူတိုင်းသည် ဒေးဗစ်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြသည်။
“မစ္စတာ ချင်၊ ဒီလောက်ဆို လုံလောက်ပြီ” လို့ ဒေးဗစ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဇာခရိ ဘာမှပြန်မပြောခင် သူ့နောက်မှာရပ်နေတဲ့ မက် က စကားပြောလိုက်သည်။
“မစ္စတာ ချင်သွားရအောင်။"
"မက်!" ဇာခရိ က တစ်ခုခု ပြောချင်နေသေးသည်။
"သွားကြရအောင်!" မက် က ထပ်ပြောလိုက်သည်။
အခုလေးတင်ပဲ၊ ဒေးဗစ် အရိပ်အာဝါသကို သူတောင် ကြောက်နေသည်။
ဇာခရိက မက်ဟာ ဒီလောက်လေးလံတဲ့ လေသံနဲ့ ပြောနေတာကို တစ်ခါမှ မမြင်ဖူးခဲ့သလို အဲဒီအချိန်မှာ သူ အနည်းငယ် အံ့ဩသွားခဲ့သည်။
Chapter 87
ဇာခရိသည်ယခုနေရခက်နေသည်။
အကယ်၍ သူသည် ယခုမှ ထွက်သွားပါက၊ ချင် မိသားစု၏သားဖြစ်သလို T Faction ၏ တိုက်ခိုက်ရေးသမားကြီး ရှစ်ယောက်အနက်မှ တစ်ဦးလည်း ဖြစ်သော သူ့ကိုယ်သူ လုံးဝအရှက်ရစေမည်ဖြစ်သည်။
သို့သော် သူ မသွားလျှင် နောက်ဆက်တွဲဆိုးကျိုးများကို သူကြောက်သည်။ မက် က သူ့ကို ဒီလိုလေသံမျိုးနဲ့ ပြောနေတာ တစ်ခါမှ မတွေ့ဖူးပေ။ မက် သည် သူ့အနားတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး သူ့ကို ထိခိုက်စေရန် မည်သည့်အခါမျှ မလုပ်ခဲ့ပေ။
သူဘာလုပ်သင့်လဲ။
သူထွက်သွားသင့်လား ဒါမှမဟုတ် သူနေသင့်လား။
ဇာခရိ သည် သီးသန့်ခန်းရှိ လူတိုင်းကို တစ်ချက်ကြည့်လိုက်သည်။
ဒေးဗစ်၏ လျစ်လျူရှုသောအမူအရာမှလွဲ၍ ကျန်လူတိုင်း အနည်းငယ် ထိတ်လန့်နေကြသည်။
ကျားအဆင့် သခင်များ၏ ပြင်းထန်သော တိုက်ခိုက်မှုသည် အမှန်တကယ်ပင် စိတ်လှုပ်ရှားစရာကောင်းပြီးသည်။
ဇာခရိ က သူ မထွက်ခွာနိုင်သေးဘူးလို့ ခံစားခဲ့ရပြီး ဒီနေ့ ချားလ်စ် ကို မသတ်နိုင်ရင်တောင် သူ့အတွက် ဘယ်တော့မှ မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခု သင်ပေးရမည်။
ယနေ့ ဆုတ်ခွာသွားပါက သူ၏ ဂုဏ်သိက္ခာအပြင် သူ၏ စိတ်အခြေအနေကိုလည်း ထိခိုက်စေမည်ဖြစ်သည်။ သူသည် ပထမတန်းစား သခင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ သူသည် ကျားအဆင့် သို့ ၀င်လိုပါက မခံချင်စိတ်ဖြင့် ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ မည်သူမျှ သူ့ကိုသတ်ဝံ့ခြင်း သို့မဟုတ် ပြင်းပြင်းထန်ထန် နာကျင်စေခြင်းပင်ဖြစ်သည်ဟု သူခံစားခဲ့ရခြင်းပင်ဖြစ်သည်။ မြို့တော်ရှိ ချင်မျသားစု ၏အကြီးဆုံးသားအဖြစ်၊ သူဤသို့ယုံကြည်မှုရှိသည်။
မြို့တော်ရှိ ချင်မိသားစု၏ ဒေါသကို မြစ်မြို့တွင် မည်သူမျှ မခံနိုင်ပါ။ လူသာမိသားစုမှမဟုတ်ပေ တခြားမိသားစုတွေလည်းပါသည်။
ချားလ်စ်က သေနတ်သုံးနေတဲ့အချိန်မှာတောင် မက် ကို ချိန်ရန်သာ သတ္တိရှိခဲ့သည်။
ဒါဟာ ခိုင်မာတဲ့ နောက်ခံရှိခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။ သူသည် အခြားသူများကို သတ်နိုင်သော်လည်း အခြားသူများက သူ့ကို မသတ်ဝံ့ပေ။
ထိုအဓိကအချက်ကို စဉ်းစားပြီးနောက် ဇာခရိသည် ညာလက်ဖြင့် ဓားကို အပြင်းအထန် တွန်းကာ ဆန်ဒီ ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။
သို့သော် သူသည် အစွမ်းကုန်သုံးလျှင် သူ့လက်ထဲတွင်ရှိသော ဓားသည် လုံးဝမလှုပ်ရှားပေ။
ဘယ်လို?
ဒါက ဘယ်လိုဖြစ်နိုင်သလဲ။
ခွန်အားတွေ အကုန်ထုတ်ပြီးတာတောင် လက်နှစ်ချောင်းကမရွေ့ဘူးလား။
ဇာခရိ က ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့မက်က ပြောနိုင်သည်။
ဇာခရိက မထွက်သွားချင်ဘူးဆိုရင် သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။ သူသည် ဇာခရိ ကိုကာကွယ်ရန် သာ ဤနေရာ၌ရှိခဲ့ပြီး ချင်မိသားစု၏ အရှိန်အဝါအရ အစွမ်းကုန်ကာကွယ်မည်ဖြစ်မည်။
"သခင်လေး ကျေးဇူးပြုပြီးသူ့ကို ညှာတာပေးပါ။ အဲ့တာဆိုရင်ချင်မိသားစုက ထာဝရကျေးဇူးတင်နေမှာပါ!” မက်က မြန်မြန်ပြောလိုက်သည်။
ဒေးဗစ်သည် မက် ကို လျစ်လျူရှုပြီး ဇာခရိအားအား တိုးတိုးလေးပြောလိုက်သည် “မစ္စတာချင် မင်းလက်မလျှော့သေးဘူးထင်တယ်"
ထို့နောက် သူသည် ဓားဖျားကို ကိုင်ထားသော သူ့လက်ချောင်းများကို လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် ဖိကာ ဓားဖျားကို လှန်လိုက်သည်။
ဒင်!
ကျယ်ပြောလှသော အသံသည် သီးသန့်ခန်းထဲတွင် ပဲ့တင်ထပ်နေသည်။
ဤသည်မှာ အလွန်လျင်မြန်သော တုန်ခါမှုမှ ထွက်လာသော အသံဖြစ်သည်။ ၎င်းသည် လူတိုင်း၏နားထဲသို့ ပြင်းထန်စွာ စူးစူးရှရှ ဝင်ရောက်သွားပြီး မရေမတွက်နိုင်သော ဆေးထိုးအပ်များဖြင့် ထိုးသွင်းလိုက်သကဲ့သို့ ခံစားရစေသည်။
ဓားဖျားမှ အလွန်လျင်မြန်သော တုန်ခါမှုကြောင့် ဇာခရိ၏ ညာလက်သည်လည်း တုန်ခါသွားသည်။ သူ့လက်တစ်ပြင်လုံး ထုံကျင်နေပြီး၊ ထိုလက်မောင်းသည် သူ့လက်နှင့်မဆိုင်သလိုပင်။
သူသည် ဓားသွားကို အမြန်လွှတ်လိုက်သည်။
ဓားစောင်းကို လွှတ်လိုက်သည်နှင့် ဓား၏ကိုယ်ထည်သည် ထိုကဲ့သို့ လျင်မြန်သော တုန်ခါမှုကို ခံနိုင်ရည်မရှိတော့ဘဲ မရေမတွက်နိုင်သော အစိတ်စိတ်အမြွှာမြွှာအဖြစ် ကွဲအက်ကာ မြေပြင်ပေါ်တွင် ပြန့်ကျဲသွားသည်။
ကျားအဆင့် သခင်နှစ်ယောက် အပါအဝင် ဤမြင်ကွင်းကို လူတိုင်း အံ့အားသင့်စွာ ကြည့်ရှုခဲ့ကြသည်။
ဒေးဗစ်သည် ဆန်ဒီ၏ ဘေးတွင် ဘာမှမထူးခြားဘဲ ရပ်နေသည်။ ဆန်ဒီသည်သူမ၏ မျက်လုံးတွေကိုမှိတ်ထားပြီး မျက်နှာက နီရဲနေသည်။ ဇာခရိသည် နှစ်မီတာအကွာတွင်ရပ်နေပြီး သူ၏ညာဖက်လက်ကို ဘယ်လက်ဖြင့်ဆုပ်ကိုင်ထားကာ သူ့မျက်နှာမှာ နာကျင်မှုများဖြင့် ရှုံတွနေသည်။ ထို့အပြင် သူ၏ ပျော့ပျောင်းသော ဓားအပိုင်းအစများသည် ၎င်းတို့ကြားတွင်ရှသည်။
ဇာခရိ သည် သူ့ရှေ့က မြေပြင်ပေါ်ရှိ အပိုင်းအစများကို ကြည့်ကာ သူ့စိတ်ထဲတွင် ဖော်မပြနိုင်သော ထိတ်လန့်မှုတစ်ခု ရှိနေသည်။ ၎င်းသည် အဆင့်မြင့်ဆုံးနည်းပညာဖြင့် ပြုလုပ်ထားသည့် စူပါလွိုင်းလက်နက်ဖြစ်သည်။ သံကို ရွှံ့ကဲ့သို့ ဖြတ်နိုင်သည်ဟု ချဲ့ကားပြောဆိုခြင်းမဟုတ်သော်လည်း ယခုအခါ တစ်ချက်ဖိပြီးနောက် အပိုင်းပိုင်းကွဲသွားခဲ့သည်။
ဒီလူရဲ့ ခွန်အားက ရိုးရိုးရှင်းရှင်းမဟုတ်ပေ။အခု သူတကယ်ကို ကြောက်ရွံ့နေခဲ့သည်။ ဒီလူက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် ခွန်အားရှိတယ်ဆိုရင် သူ့နောက်က မိသားစုဟာဘယ်လောက် ခိုင်မာနေမလဲ။
မက် သည် သူ၏ပြင်းထန်သောဒဏ်ရာရနေသောခန္ဓာကိုယ်ကို လျင်မြန်စွာလျစ်လျူရှုပြီးဟောင်းဝပ် ၏အကူအညီကိုတွန်းထုတ်ကာ ဇာခရိ၏ရှေ့တွင်ရပ်ရန် လျင်မြန်စွာရှေ့တိုးခဲ့သည်။
Chapter 88
ဟောင်းဝပ် သည် ဒေးဗစ်ကို အနည်းငယ်အာရုံစိုက်ပြီး ထိုနေရာတွင် ရပ်ကြည့်နေသည်။
ဒေးဗစ်ကို ပထမဆုံးအကြိမ်တွေ့သောအခါ ဤလူကျု ရင်းနှီးသည်ဟု ခံစားမိသော်လည်း သူဘယ်မှာတွေ့ဖူးသည်ကို မမှတ်မိတော့ပါ။
ဟောင်းဝပ် သတိရမိသည်မှာ ဒေးဗစ်လီဒဲလ်ကို အခြားပါတီက သူ့ကိုယ်သူ ဒေးဗစ် လီဒဲလ်ဟု မိတ်ဆက်သည့်အချိန်အထိ ပင်။ လွန်ခဲ့သော ရက်အနည်းငယ်က South River University ကွင်းဘေးရှိ တောအုပ်ထဲတွင်သူ့ ရည်းစားက ပစ်တာပြီးနောက် သွေးအန်ပြီး သတိမေ့မြောသွားသည်ဟု ကောလာဟလသတင်းများထွက်နေသည့် ယောက်ျားမဟုတ်ပါလား။
ဒေးဗစ်၏ ဓာတ်ပုံနှင့် လက်ရာအချို့ကို သူ့ဖုန်းထဲတွင် တွေ့နိုင်သေးသည်။
သူတို့ဟာ ပုံပန်းသဏ္ဍာန်တူ၊ နာမည်တူ၊ အသက်အရွယ်တူပေမယ့် သူတို့ရဲ့ စိတ်နေစိတ်ထားတွေက လုံးဝကွဲပြားသည်။
သူတို့နှစ်ယောက်ဟာ မတူညီတဲ့လူနှစ်ယောက်လို့ သူသံသယရှိခဲ့ပေမယ့် ဒီလိုတိုက်ဆိုင်မှုမျိုး ဘယ်လိုဖြစ်နိုင်မလဲ။ သူတို့ရဲ့ အသက်၊ အသွင်အပြင်နဲ့ နာမည်တူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ထို့ကြောင့် ဤလူသည် သူ့ရည်းစား၏ စွန့်ပစ်ခြင်းကိုခံရပြီးနောက် သွေးအန်ခဲ့သော တက္ကသိုလ်မှ ကျောင်းသား ဒေးဗစ်လစ်ဒဲလ် ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
သို့သော်လည်း သူသည် ဤမထူးခြားသော စိတ်ထားဖြင့် ဤနေရာတွင် ရပ်နေသည်။ မစ္စတာ ချင်ကိုတောင် အလေးအနက်မထားပေ။
ဒါက နည်းနည်း မယုံနိုင်စရာလို့ သူ ခံစားရသည်။
“မစ္စတာ ချင် မင်း ဆက်လုပ်ချင်လား" ဒေးဗစ်ကမးေလိုက်သည်။
သူ၏ရည်ရွယ်ချက်မှာ ခားလ်စ် ကိုကယ်တင်ရန်သာဖြစ်သည်။ နောက်ဆုံးတော့ ချားလ်စ် က သူ့ကို ကူညီခဲ့ပြီး သူတို့နှစ်ယောက်ဟာတစ်ဖွဲ့တည်းဖြစ်သည်။ ထို့ကြောင့် သူ့ကို အခြားတစ်ဦး အသတ်ခြင်းကို မကြည့်နိုင်တော့ပေ။
ဇာခရိကိုလည်း မစော်ကားချင်ပေ။ ယခုအချိန်တွင် သူ၏ ခွန်အားသည် အတော်လေး အားကောင်းသည်ဟု ခံစားမိသော်လည်း သူ၏ နောက်ခံမှာ အထင်ကြီးလောက်စရာ ဝေးနေသေးသည်။
ထို့အပြင် ၎င်းတို့နှစ်ဦးကြား ပြိုင်ဆိုင်မှုလည်း မရှိခဲ့ပေ။ ဇာခရိ က ချားလ်စ် ကိုသတ်ချင်နေတာမဟုတ်ပဲ သူ့ကို သတ်ချင်နေတာဆိုရင် ဒေးဗစစက ထိန်းထားမှာမဟုတ်ဘူးလို့ ခံစားရသည်။ ပြိုင်ဘက်၏နောက်ခံအခြေအနေ မည်သို့ပင်ရှိစေကာမူ မတုံ့ဆိုင်းဘဲ သတ်ပစ်မည်ဖြစ်သည်။ ဤသည်မှာ ခွန်အားဖြင့် ဖြစ်ပေါ်လာသော အပြောင်းအလဲဖြစ်သည်။
ဇာခရိက ဘာမှ မပြောပါပေယ သူသည် ဒေးဗစ်ကို သူတို့ကြားတွင် မက် နှင့် တည့်တည့်ကြည့်နေသည်။
သူနားမလည်နိုင်ခဲ့။ ဒေးဗစ်သည် သူ့ထက် အသက်ငယ်သော်လည်း အဘယ်ကြောင့် ဤမျှ သန်မာနေသနည်း။
ဖြစ်ကောင်းဖြစ်နိုငသည််…
Zachary သည် ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိသည်။
ဒါမှသာ အားလုံးရှင်းပြနိုင်မှာပါ။
ဒါကိုတွေးပြီး ဇာခရိ စိတ်သက်သာရာရသွားသည်။ သူတို့သာလျှင် ထိုကဲ့သို့သော အရည်အချင်းရှိများကို မွေးမြူနိုင်မည်ဖြစ်သည်။
ဒါပေမယ့် ဒီကိစ္စကို T Faction ကို တတ်နိုင်သမျှ မြန်မြန် အကြောင်းကြားရမည်။ ထိုလူများ ပေါ်လာပြီး အချို့မှာ SCC သို့ ဝင်ရောက်နေပြီဖြစ်သည်။ ဒါဟာ T Faction အတွက် သတင်းကောင်း မဟုတ်ပေ။
"မက်၊ ဟောင်ဝပ် သွားကြရအောင်။"
ဟောင်းဝပ် သည် မက်ကို ထောက်ပံ့ရန် လျင်မြန်စွာ ရှေ့သို့ တိုးလာသည်။ ထို့နောက် သုံးယောက်သား သီးသန့်အခန်းမှ ထွက်သွားကြသည်။
ဇာခရိသည် သီးသန့်အခန်းတံခါးဆီသို့ လျှောက်သွားသောအခါ ချားလ်စ်ကိုလှည့်ကြည့်ကာ "ချားလ်စ်၊ နောက်တစ်ကြိမ်တွေ့တဲ့အခါ ထပ်တူကံကောင်းမယ်လိုငါ မျှော်လင့်ပါတယ်"
ဒေးဗစ် ငါတို့ပြန်ဆုံမယ်” ဟု ဒေးဗစ်အားပြောလိုက်သည်။
ထို့နောက် သုံးယောက်သား ထွက်သွားကြသည်။
ဒေးဗစ်နှင့် ပေါလ်တို့မှလွဲ၍ သီးသန့်ခန်းရှိလူတိုင်း သက်ပြင်းချကြသည်။
မြို့တော်ရဲ့ T Faction ၏ ဒဏ္ဍာရီဆန်သော တိုက်ခိုက်ရေးသမား ရှစ်ဦးထဲကတစ်ဦး၏ အသွင်အပြင်ကြောင့် ၎င်းတို့သည် အလွန်အလေးအနက် ခံခဲ့ရသည်။
နောက်တော့ လူတိုင်းက ဒေးဗစ်ကို မတူတဲ့အမြင်နဲ့ ကြည့်လာသည်။ သူ့ကို စတွေ့တုန်းကတော့ သူတို့မျက်လုံးတွေက သူ့ကို အထင်အမြင်သေးပြီးကြည့်နေကြပေမယ့် အခုတော့ လေးစားမှုနဲ့ အစားထိုးသွားပါပြီ။
သူသည် T Faction ၏ တိုက်ခိုက်ရေးသမားကြီး ရှစ်ဦးထဲမှ တစ်ဦးဖြစ်သော ဇာခရိနှင့် ထိပ်တိုက်တွေ့ဆုံပြီး အနိုင်ရခဲ့သည်။ ထို့အပြင် မစ္စတာလူသာကို တိုက်ခိုက်ခြင်းမှလည်း ကယ်တင်ခဲ့သည်။ ဒီအကြောင်း စကားထွက်လာရင် Sheffield SCC တစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်။
ဘယ်သွားသွား တန်ခိုးကြီးတဲ့သူကို လေးစားကြသည်။
"ဒေ့၊ ငါ့ညီမနဲ့ ငါ့ကို ဒီနေ့မင်းကယ်တင်ခဲ့တာ ကိုဘယ်တော့မှ မမေ့ဘူး။ အခုချိန်ကစပြီး မင်းဘာပဲလိုအပ်နေပါစေ ငါ့ကိုပြောပါ ငါဘယ်တော့မှမငြင်းဘူး”
"ငါလည်းပဲ! အတူတူပဲ။ မြစ်မြို့ မှာ မင်းတစ်ခုခုဖြစ်ခဲ့ရင် ငါ့ကိုပြောပါ။"
ဆန်ဒီသည် ချက်ချင်းပင် သူမ၏ ဆိုးသွမ်းသော ပုံစံကို ပြန်သွားခဲ့သည်။ "မင်းက သိပ်သဘောကောင်းတာပဲ "
Chapter 89
ဇာခရိနှင့် အဖွဲ့သည် ကားပေါ်တွင် ထိုင်ကြသည်။ ဟောင်းဝပ်သည် ရှေ့တွင် ကားမောင်းနေပြီး ဇာခရိ နှင့် မက် က နောက်တွင် ထိုင်နေသည်။ သာမာန်အားဖြင့် မက်သည် ကားမောင်းသူဖြစ်မည်ဖြစ်သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် ဟောင်းဝပ် သာ မောင်းနှင်နိုင်ခဲ့သည်။
ဟောင်းဝပ်သည် ၎င်းတို့အား မြောက်ပိုင်းမြစ် ပြည်နယ်သို့ ပြန်ပို့ရန် လိုအပ်မည်ဖြစ်သည်။
ကားထဲတွင်
"မက်ခ်၊ ဒေးဗစ်က ဘယ်အဆင့်မှာရှိလဲ။" ဇာခရိက မေးလိုက်သည်။
သူ့ထက်ငယ်သော ဒေူဗစ်၏ခွန်အားကို သူသိချင်သည်။
“ဆရာ၊ ကျွန်တော် မပြောနိုင်ဘူး။ သူက သူ့ရဲ့ ရောင်ဝါကို တစ်အောင်စလောက်သာ ပြသခဲ့ပေမယ့် အဲဒါက ကျွန်တော့်ကို ထိတ်လန့်စေခဲ့တယ်။ နောက်ပြီး သူ့လို လက်ညှိုးတစ်ချောင်းနဲ့ ဓားကိုချိုးမရဘူး။ အနည်းဆုံးတော့ ကျားအဆင့်ရဲ့ အထွတ်အထိပ် ဒါမှမဟုတ် ဒီထက်ပိုမြင့်တယ်လို့ ကျွန်တော်ထင်တယ်။” မက် က အဲဒါကို စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
"ကျားအဆင့်ထက်? ဒါ.. ဒါကဘယ်လိုဖြစ်နိုင်မှာလဲ" ဇာခရိက အံ့အားသင့်စွာ မေးလိုက်သည်။
“ဆရာ၊ ပိုတော်တဲ့သူတွေ အမြဲရှိတယ်ဆိုတာ သိထားသင့်တယ်။ တချို့က အလွန်ထက်မြက်တယ်။ ကျွန်တော် မြေအောက်နပန်းကွင်းမှာရှိစဉ်တုန်းက ဒေးဗစ်ထက် မညံ့တဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်” ဟု မက်က စိတ်ရှည်စွာ ရှင်းပြခဲ့သည်။
"မက်၊ ငါ့မှာ အဲဒီအဆင့်ရောက်ဖို့ အခွင့်အရေးရှိတယ်လို့ မင်းထင်လား"
"ဆရာ၊ မင်းက တော်တော် အရည်အချင်းရှိတယ်၊ ဒါကြောင့် မင်း အလုပ်ကြိုးစားရင် မင်းလုပ်နိုင်မှာပါ"
"ဒါပေမယ့်၊ ငါသူတို့လိုအဆင့်ရောက်တဲ့အချိတ် သူတို့ကဘယ်လောက်တိုးတက်နေမှာလဲ"
ဒီတစ်ခါတော့ မက်က မဖြေပေ။
အဘယ်ကြောင့်ဆိုသော် သူမည်သို့ဖြေရမည်ကို မသိသောကြောင့်ဖြစ်သည်။
တစ်စုံတစ်ယောက်၏ အစမျဉ်းသည် အခြားသူများ၏ ဘဝတစ်သက်တာတွင် မည်သည့်အခါမျှ အောင်မြင်နိုင်မည်မဟုတ်သည့် ပန်းတိုင်ကဲ့သို့ပင် လူသားများတွင် ကွဲပြားမှုများရှိခဲ့သည်။
တစ်ချို့လူတွေက အရမ်းထူးချွန်စွာမွေးဖွားလာခဲ့ကြသည်။ ကြိုးစားမှုအနည်းငယ်ဖြင့် ၎င်းတို့သည် အလွန်မြင့်မားသောအဆင့်သို့ ရောက်ရှိနိုင်သည်။
သို့သော် အခြားသူများမှာ ထိုကဲ့သို့သော အရည်အချင်းမျိုး မရှိကြသောကြောင့် မည်မျှပင် ကြိုးစားအားထုတ်သည်ဖြစ်စေ တူညီသောနေရာတွင် အမြဲရှိနေမည်ဖြစ်သည်။
အဲဒါကြောင့် ဒီမေးခွန်းကို သူဘယ်လိုဖြေရမှန်းမသိပေ။ ဇာခရိသည် အရည်အချင်းရှိသော်လည်း သူနှင့် ထိုပါရမီရှင်အစစ်များကြားတွင် ကွာဟချက်အချို့ရှိသေးသည်။
“မစ္စတာ ချင်း အဲ့ကောင်ကို ငါသိတယ်” ဟု ဟောင်းဝပ်က သူကားမောင်းရင်း ပြောလိုက်သည်။
"အိုး? မင်းသူ့ကိုသိတာလား?" ဇာခရိ က မေးလိုက်သည်။
"ဟုတ်တယ်၊ သူက SRU က ကျောင်းသားပါ။"
"SRU က ကျောင်းသား?"
"ဟုတ်တယ်!"
ထို့နောက် ဟောင်းဝပ်သည် ဒေးဗစ်အကြောင်း ကောလာဟလအချို့ကို ဇာခရိ အား ပြောပြသည်။ ထို့နောက် သူ့ဖုန်းတွင် သိမ်းဆည်းထားသည့် ဓာတ်ပုံများကို ဇာခရိထံသို့ ပေးပို့ခဲ့သည်။
"ဒါဆို သူက ကျောင်းဝင်းထဲမှာ နိမ့်ကျတဲ့ ပရိုဖိုင်ကို တမင်တကာ ထိန်းနေတာပဲ!" Zachary က မေးတယ်။
"အဲဒါဖြစ်နိုင်တယ်!" ဟုဟောင်းဝပ်ကပြောလိုက်သည်။ ။
ဘယ်လောက်စိတ်ဝင်စားစရာကောင်းလဲ။ သူသည် ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်ဖြစ်သော်လည်း နိမ့်ကျသောသူဟန်ဆောင်နေသည်။ သူ့ကောင်မလေး ခိုးယူခံရပြီးနောက်ပိုင်း သူဘာမှ မလုပ်ဖြစ်ခဲ့ပါဘူး။ သူက ဘယ်လိုလူလဲ။
ဒေးဗစ်သည် ပေါလ်ကို ချန်ပီယံ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ညဘက်ဆိုပေမဲ့ ဆေးရုံခေါင်းဆောင် အများစုက သူတို့ကို စောင့်နေကြသည်။ ထို့အတွက်ကြောင့် ချားလ်စ်သည် ၎င်းတို့အား ကြိုတင်အသိပေးခဲ့သည်ဟု ဒေးဗစ်ထင်သည်။
တစ်ကိုယ်လုံးကို စစ်ဆေးပြီးနောက် ပေါလ်၏ ခန္ဓာကိုယ်တွင် ဆိုးရွားစွာ ထိခိုက်မှုမရှိကြောင်း တွေ့ရှိခဲ့သည်။ သို့သော် သူ့အတွင်းအင်္ဂါများ ထိခိုက်မှုအချို့ရှိသဖြင့် အချိန်အတော်ကြာ ပြန်လည်ထူထောင်ရန် လိုအပ်သည်။
ဒေးဗစ်သည် ဆေးရုံတက်ကုသမှုလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ရန် ဆေးရုံကို တောင်းဆိုခဲ့သည်။ သူ့အမေရဲ့အခန်းနဲ့ ဝေးဝေးမှာနေမှာမဟုတ်ပေ ဒါကြောင့် သူသွားချင်တဲ့အချိန်တိုင်း သူ့အမေကိုသွားတွေ့နိုင်သည်။
သူသည် သူ့အမေနှင့် တစ်ခန်းတည်းနေနိုင်သော်လည်း သူ့အမေက ပေါလ်နာကျင်မှန်းသိလျှင် စိတ်ပူနေမည်ကို ပေါလ်က စိုးရိမ်သောကြောင့် သူမနှင့် ခပ်ဝေးဝေးနေလျှင် ပိုကောင်းမည်ကို သူနားလည်ခဲ့သည်။
“ပေါလ်၊ မင်း ကောင်းကောင်းပြန်ကောင်းလာရမယ်။ အားလပ်ချိန်မှာ မင်းအမေနဲ့လိုက်သွားလို့ရတယ်။ တခြားဘာကိုမှ မတွေးပါနဲ့။ မင်းနဲ့ မင်းအမေ ဆေးရုံကဆင်းပြီးရင် မင်း မြစ်မြို့ မှာ နေနိုင်တယ်။ မင်းအတွက် အရာအားလုံးကို ငါစီစဉ်ပေးပါ့မယ်” လို့ဒေးဗစ်က သူနေခဲ့တဲ့ ဆေးရုံခန်းထဲမှာ ပေါလ်ကို ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ။ ငါဆေးရုံတက်နေချိန် ငါ့သူငယ်ချင်းနှစ်ယောက်ကို အစားထိုးခိုင်းလိုက်မယ်။ သူတို့ဟာ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာ နိုင်ငံရပ်ခြားကို ခရီးထွက်ခဲ့ပြီး သူတို့ကငါ့ထက်မညံ့ပါဘူး” ဟု ပေါလ်က ပြောလိုက်သည်။
Chapter 90
သူတို့သည် သေခြင်းရှင်ခြင်းဆိုင်ရာအခြေအနေများကို တွေ့ကြုံခဲ့ရသော သူငယ်ချင်းများဖြစ်သောကြောင့် ပေါလ်လည်းသူတို့ ကူညီချင်ခဲ့သည်။
အဲဒီတုန်းက သူတို့ သုံးယောက်က နိုင်ငံခြားမှာနေပြီးသူတို့၏မိသားစုကို ပိုက်ဆံတွေ အားလုံးကို ပြန်ပြီး ပေးသည်။ အခုဆို သူတို့ဘဝကအဆင်မပြေတော့ပေယ
ထို့ကြောင့် ဒေးဗစ်ကဲ့သို့သော မင်းမျိုးမင်းနွယ်မှလူတစ်ယောက်အတွက် အတူတကွ လက်တွဲလုပ်ဆောင်နိုင်လျှင် အကောင်းဆုံးဖြစ်ပေမည်။
"အိုး? မင်းမှာဒီလိုသူငယ်ချင်းတွေရှိတာလား သူတို့နဲ့ ဆက်သွယ်လိုက်ပါ။ ၎င်းတို့ကို တတ်နိုင်သမျှများများပေးမှာပါ။ ” လို့ ဒေးဗစ်က အလျင်အမြန် ပြောလိုက်သည်။
ပေါလုလို ကျွမ်းကျင်သူတွေ ပိုရှိဖို့က ပိုကောင်းသည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ ပိုက်ဆံတွေအများကြီးရှိသည်။
“ငါတို့ကနိုင်ငံခြားကို အတူတူသွားခဲ့ကြပြီး သုံးယောက်ပဲ ပြန်လာနိုင်ခဲ့ကြတယ်။ ကျန်တဲ့သူတွေက အဲ့မှာပဲထာဝစဥ်ကျန်ခဦ့တယ်”ဟု ပေါလ်က လေးနက်သောလေသံဖြင့်ပြောလိုက်သည်။
ဒေးဗစ်သည် ပေါလ်၏ပခုံးကို လက်ဖြင့်ပုတ်ကာ “ငါ စိတ်မကောင်းပါဘူး” ဟုပြောလိုက်သည်။
“သခင်လေး၊ ငါတို့အားလုံး ကငရဲတံခါးက ပြန်လာတဲ့အတွက် အသေးအမွှားကိစ္စတွေအတွက် စိတ်မပူရဘူး”
"အဲဒါကောင်းတယ်။ မနက်ဖြန် သူတို့ကို ခေါ်လိုက်ပါ"
"ဟုတ်ကဲ့ပါ!"
ဒေးဗစ်သည် South River International Residence သို့ ပြန်သွားသောအခါ ည ၁၁ နာရီထိုးနေပြီဖြစ်သည်။
ရေချိုးပြီးတာနဲ့ လှဲအိပ်ပြီး ဖုန်းဆော့လိုက်သည်။
လူတော်တော်များများက သူ့ကို မက်ဆေ့ခ်ျပို့ကြသည်။
တာရာ: (ဒေးဗစ်၊ ဘယ်အချိန်အားလဲ၊ ငါ့မိဘတွေက မင်းကို ကျေးဇူးတင်ဖို့ ညစာကျွေးချင်နေတယ်။]
ဒေးဗစ်: [အဆင်ပြေပါတယ်။အဲ့တာက ဘာမှမဟုတ်ပါဘူး။)
ဒေးဗစ်ပြန်ဖြေပြီး မကြာခင်မှာ တာရာက စာပြန်ပို့သည်။
တာရာ- [မင်းအတွက် ဘာမှမဟုတ်ပေမယ့် ငါတို့အတွက်က ကြီးမားတဲ့ကိစ္စတစ်ခုပါ။]
ဒေးဗစ်: [ကောင်းပြီ၊ ဒါပေမယ့် ဒီနှစ်အတွင်း ငါ့မှာ အချိန်မရှိဘူး၊ နောက်အပတ်အထိ စောင့်ကြရအောင်။]
တာရာ : (ကောင်းပြီ မင်းဖုန်းခေါ်တာကို ငါစောင့်နေမယ်။)
ဒေးဗစ်သည် Tara နှင့် စကားပြောအပြီးတွင် ပက်ထရစ်၏ မက်ဆေ့ချ်ကို ဖွင့်လိုက်သည်။
ပက်ထရစ် - (အဆင်ပြေရဲ့လား ဒေ့ဗ် ၊ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်! မင်းမပေါ်လာရင် ငါနဲ့ မယ်ဒီဘာဖြစ်သွားမလဲ မသိဘူး၊ Fuller Golden Sands ဖျော်ဖြေရေးစင်တာ ရဲ့ အခန်း၄၇မှာ ငါရောက်နေတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ။)
ဒေးဗစ်: [ငါအဆင်ပြေပါတယ် အိမ်ပြန်ရောက်နေပြီမို့ အနားယူဖို့ ပြင်ဆင်နေတယ်။ Fuller Golden Sands ဖျော်ဖြေရေးစင်တာရဲ့ အခန်း၄၇မှာမင်းဒုက္ခရောက်နေတယ်ဆိုပြီး ငါ့ကို စာပို့တာမဟုတ်ဘူးလား။]
ပက်ထရစ် : [ငါမဟုတ်ဘူး။ ပြီးတော့ မင်းကဒီလောက်ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးကိုသိမ်းထားလိမ့်မယ်လို့ငါထင်မထားဘူး။မင်းငါ့ကိုရော ကောင်လေးတွေကို ဘယ်တော့ရှင်းပြမှာလဲ]
ဒေးဗစ် အံ့ဩသွားသည်။ အကယ်၍ ပက်ထရစ်သည် အကူအညီတောင်းရန် စာမပို့ခဲ့ပါက၊ ထိုမက်ဆေ့ချ်ကို ပေးပို့ရန် သူ့ဖုန်းကို မည်သူက အသုံးပြုသနည်း။
ဒေးဗစ်: (ဒါကို တစ်ချက်ကြည့်လိုက်။]
ပက်ထရစ်ပေးပို့သည့် မက်ဆေ့ချ်ကို ဒေးဗစ်က
စခရင်ရှော့ရိုက်ပြီး ပက်ထရစ် အား ပြလိုက်သည်။
ပက်ထရစ်ကိုမြင်သောအခါ၊
ပက်ထရစ်: [အဲဒီအချိန်က မက်ဒီရဲ့သူငယ်ချင်းက ဒါကို ပို့တဲ့သူလို့ ထင်တယ်။ အဲ့ဒီအချိန်မှာငါ အရိုက်ခံရပြီး ဖုန်းက လွတ်ကျသွားတယ်။ အဲဒီလိုဖြစ်ရင် သူ့ကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ဘာဖြစ်မယ်မှန်းတောင် တွေးကြည့်လို့ မရဘူး။]
ဒေးဗစ်: ပက်၊ မင်း မယ်ဒီဆင်ကို နှစ်သိမ့်သင့်တယ်။ အခုသူကြောက်နေလောက်တယ်။ အချိန်ရရင် ညစာစားရအောင် အခြေအနေကို ပြောပြမယ်။]
ပက်ထရစ်: [ဟုတ်တယ်။ ငါတို့အတူတူ စောင်ထဲမှာ ရှိတယ် ဟားဟား။ ငါတို့ အခု ရေချိုးလိုက်တော့မယ်!)
David: [F*ck… တိရိစ္ဆာန်ကောင် !)
ပက်ထရစ် : (ငါ့ကို မနာလိုမဖြစ်နဲ့ အမလီယာကို ဘယ်အချိန်လိုက်မှာလဲ။ မင်း လုပ်နိုင်ပါတယ်၊ ကောင်းပြီ ငါ အခု သွားရမယ်။ မယ်ဒီက ရေချိုးပြီးပြီ ငါလည်းရေချိုးဖို့သွားတော့မယ်။ နောက်တစ်ခါ မှမင်းကို ကောင်းကောင်း ကျေးဇူးတင်မယ်။)
ဒေးဗစ်သည် အခြားသူများထံ စာပြန်ရန် ပင်ပန်းလွန်းသဖြင့် ဖုန်းကို ကုတင်ပေါ်ပစ်ချလိုက်သည်။ သူ ဒီနေ့ အရမ်း ပင်ပန်းနေပြီမို့ မနက်ဖြန်မှသူတို့ကို အကြောင်းပြန်တော့မည်။
စာစဥ်(၆)End