အခန်း (၁၁၅-၁၂၀)
Vol. 8 Ch. 115-120
Chapter 115
ဆန်ဒီသည် ဒေးဗစ်၏ လက်တစ်ဖက်ကိုကိုင်ကာ ဂျေစီအား သူမကိုယ်သူမ မိတ်ဆက်ရင်း လက်တစ်ဖက်ကို လှမ်းကိုင်လိုက်သည်။
“အိုး! ဟ.. ဟိုင်း! ငါ… ငါက ဂျေ့, ဂျေစီ!” ဂျေစီက စကားထစ်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
ထို့နောက် ဆန်ဒီ၏လက်ကို လှမ်းဆွဲလိုက်သည် ။ သူတို့ရဲ့လက်ဖဝါးတွေကို ထိလိုက်တာနဲ့ ဂျေစီ ရဲ့ပါးပြင်တွေ နီရဲလာသည်။
ဆတ်ဒီသည် ဂျေစီ၏ အမှုအရာလွဲချော်မှု တစ်စုံတစ်ရာကို မသိလိုက်ဘဲ လက်ကို လှုပ်ခါပြီးနောက် သူမလက်ကို လွှတ်ပေးလိုက်သည်။ သူမ၏ အတွေးအားလုံးသည် ဒေးဗစ်အပေါ်တွင် ရှိခဲ့သည်။
ဒေးဗစ်သည် ဂျေစီစကားထစ်သည်ကိုကြားသောအခါ ဂျေစီကို လှည့်ကြည့်လိုက်သည်။
တစ်ခုခုမှားနေပြီဆိုတာ သူသဘောပေါက်သွားသည်။ ဂျေစီ က ရှက်နေရုံတင်မကဘဲစကားပါထစ်နေသည်။ ကြည့်ရတာ သူက crush နေသလိုပဲ။
ထို့နောက် ဒေးဗစ် သည် ဆန်ဒီ ကို တစ်ချက်ကြည့်လိုက်သည်။ သူမရဲ့ စကတ်တိုနဲ့ ကျောင်းဝတ်စုံနဲ့ သိမ်မွေ့တဲ့အသွင်အပြင်က သူမကို နုပျိုတဲ့စွမ်းအင်နဲ့ ပွင့်လန်းစေခဲ့ပါတယ်။ လွန်ခဲ့သည့် နှစ်ညက Fuller Golden Sands တွင် သူမြင်ခဲ့သော ဆန်ဒီနှင့် သိသိသာသာ ကွာခြားသွားပါသည်။
တကယ်တော့ သူမရဲ့ အသွင်အပြင်က ဂျေစီလိုမျိုး ယောက်ျားလေးတွေအတွက် အလွန်ဆွဲဆောင်မှု ရှိပါလိမ့်မည်။
လူပျိုဖော်ဝင်စအဆင့်။
ထို့နောက် ဒေးဗစ်သည် ကောင်လေးနှင့် စကားပြောရန် အချိန်ရှာမည်ဟု ဆုံးဖြတ်လိုက်သည်။
ဆတ်ဒီ သည်ဆက်ဆံရန် လွယ်ကူသောလူမဟုတ်ပေ။ ဂျေစီ သည် ဆန်ဒီကိုတတ်နိုင်သမျှ အမြန်ဆုံး စွန့်လွှတ်လိုက်ရင် ကောင်းပေလိမ့်မည်၊ သူ စုတ်ပြတ်သတ်သွားမည်ကို စိုးရိမ်သည်။
'ဟင်း။ အချစ်ဦး ဟမ်!'
လေးနှစ်ကြာတွဲခဲ့သော
ဒေးဗစ်၏အချစ်ဦးသည် သူ့ကိုသွေးအိုင်ထဲတွင်ထားရစ်ခဲ့သည်။
"ငါ ကျောင်းနဲ့ စကားပြောပြီးပြီ ဒေ့ဗ်! ဒါကြောင့် ရှင့်ရဲ့ဝမ်းကွဲကို ကျောင်းအုပ်ရုံးခန်းကို ခေါ်သွားပြီး စာရင်းသွင်း လိုက်ပါ” ဟု ဆတ်ဒီက ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်ဆန်ဒီ” ဒေးဗစ်က ယဉ်ကျေးစွာ ကျေးဇူးတင်စကားဆိုသည်။ "ကျမကို သိပ်ကြင်နာမနေပါနဲ့ ဒေ့ဗ်!" ဆန်ဒီကမကျေမနပ်ဖြစ်ဟန်ပြောကာ ပါးပြင်များ နီလာသည်။
“အိုး၊ ကောင်းပြီ၊ ကောင်းပြီ။” ဒေးဗစ်သည်
ဆန်ဒီ၏ခေါင်းထိပ်ကို ပွတ်သပ်ရန် သူ့လက်တစ်ဖက်ကို မြှောက်လိုက်သည်။
"ဟုတ်တယ်! သွားကြစို့ ဒေ့ဗ်!”
ဆန်ဒီသည် ဒေးဗစ်ကို သူ့နောက်သို့ ဆွဲခေါ်ကာ သူမအပေါ် ကျရောက်သည့်ပုံစံကို သဘောကျကာ ဂျေဒီ သည် သူတို့နောက်မှ တိတ်တဆိတ် လိုက်သွားခဲ့သည်။
ဆန်ဒီ သည် ဒေးဗစ်ကို ကျောင်ဒ၏ ထောက်ပံ့ပို့ဆောင်ရေးရုံးသို့ တိုက်ရိုက်ခေါ်ဆောင်သွားပြီး ဆယ်မိနစ်အတွင်း ဂျေစီ၏ စာရင်းသွင်းခြင်းလုပ်ငန်းစဉ်များ ပြီးဆုံးသွားခဲ့သည်။
ထို့နောက် ရုံးဝန်ထမ်းမှ ဂျေစီ ကို ၎င်း၏အတန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုအချိန်တွင် ဆန်ဒီသည် ဒေးဗစ်ကို ကျောင်းဝင်ပေါက်ဆီသို့ လိုက်ပို့ခဲ့သည်။
"အတန်းသွားတက်တော့ ဆန်ဒီ!"
"ရှင် ကျမအိမ်ကိုဘယ်တော့လာမှာလဲ ဒေ့ဗ် " ဆတ်ဒီထွက်သွားဖို့ တွန့်ဆုတ်စွာ မေးလိုက်သည်။
“မကြာပါဘူး။ ငါဒီရက်တွေနည်းနည်းအလုပ်များနေတယ်၊ ငါဖြေရှင်းပြီးတာနဲ့လာလည်မယ်” ဟုဒေးဗစ်သည်အတန်ကြာစဉ်းစားပြီးနောက်ပြန်ပြောလျုက်သည်။
“ကောင်းပြီ ဒါဆို။ အားရင် လာခဲ့ရမယ် ဟုတ်ပြီလား"
"ဟုတ်ပြီ၊ ငါလာခဲ့မယ်။"
"ဒါဆို ငါ အတန်းတက်တော့မယ် ဒေ့ဗ်! နှုတ်ဆက်ပါတယ်!”
“ဘိုင်။ အတန်းကို အာရုံစိုက်ပြီး ကောင်းကောင်းလေ့လာပါ။"
"အွန်း!"
ဆတ်ဒီသည် ခြေလှမ်းအနည်းငယ်တိုင်းတွင် ဒေးဗစ်ကို လှည့်ကြည့်သော်လည်း ကျောင်းအဆောက်အဦဆီသို့ ပြန်သွားခဲ့သည်။
ဒေးဗစ်သည် သူ့ကားထဲသို့ ဝင်သွားသည်။ သို့သော် ဆန်းီ၏ အပြုအမူကို တွေးလေလေ၊ တစ်ခုခု မှားမှန်း သိလေလေ ဖြစ်သည်။
'မဖြစ်နိုင်ပါဘူး၊ သူက ငါ့ကို ချစ်ဖို့ မဖြစ်နိုင်ဘူး မဟုတ်လား?
'တကယ်တော့ သူမ ဖြစ်နိုင်တယ်!
'ဒါမှမဟုတ်ရင် သူမကို ငါပြောဖူးတဲ့အခိုက်အတန့်မှာ သူဘာကြောင့် အသွင်အပြင်ပြောင်းသွားတာလဲ။
'သူ့မိသားစုက သူ့ကိုပြောတုန်းက မပြောင်းလဲဘူး။
'ငါ အခု ဘာလုပ်ရမလဲ။
ဟုတ်တယ်၊ ငါက ရုပ်ချောပြီး သန်မာတယ်၊ ချမ်းသာတယ်၊ အောင်မြင်တယ်ဆိုတာ ငါသိတယ်...
'သူမကို အလွန်အန္တရာယ်ကြီးပြီး မျှော်လင့်ချက်ကင်းမဲ့နေချိန်မှာ သူမကို ကယ်တင်တာက သူ့အပေါ် လေးလေးနက်နက် စွဲထင်ကျန်ရစ်ခဲ့မယ်ထင်တယ်။
'ဒီခံစားချက်က ခဏပြီးသွားရမှာ ဟုတ်တယ်မလား' ထို့ကြောင့် ဒေးဗစ်သည် ထိုအချိန်မှစ၍ သူမနှင့် အဆက်အသွယ်ကို လျှော့ချရန် ဆုံးဖြတ်ခဲ့သည်။
Chapter 116
မြို့တော်။
တိတ်ဆိတ်သော ခြံဝင်းအတွင်း။
အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့သည် စစ်တုရင်ကစားနေကြသည်။
အဘိုးအိုကိုကြည့်ရသည်မှာ အသက် ၇၀သို့မဟုတ် ၈၀ နှစ်ဖြစ်လောက််သည်။
သူ့အသက်အရွယ်နှင့် ဆံပင်ဖြူနေသောဦးခေါင်းရှိသော်လည်း၊ ငယ်ရွယ်နုပျိုသော မျက်နှာထားနှင့် စိတ်ဓာတ်မြင့်မားနေသေးသည်။ ဇရာ၏ လက္ခဏာမရှိသော အဘိညာဉ် သို့မဟုတ် အနတ္တဟု၍ မရှိပေ။
လူငယ်သည် အနည်းဆုံး အသက်သုံးဆယ်ရှိသော်ငြားလည်း ငယ်သေးသည်။
"မင်း စစ်တုရင်မှာ ပိုကောင်းလာတယ် စတန်!" အဘိုးကြီးက ရွှင်မြူးစွာပြောလိုက်သည်။
"အဘိုးနဲ့ယှဥ်ရင်ဘာမှမဟုတ်သေးပါဘူး မစ္စတာဂျေ" စတန်က ကျိုးနွံစွာ ပြန်ဖြေသည်။
ထိုလူငယ်မှာ မြို့တော်၏ T Faction မှ Ts များထဲမှ စတန်ဝါနာ ဖြစ်သည်။
စတန်ဝါနာသည် လူငယ်များကြားတွင်သာမက မျိုးဆက်ဟောင်းများကြားတွင်ပါ ကျော်ကြားသည်။
“ဟုတ်လား၊ စစ်တုရင်ဆိုတာ အသက်နဲ့တူတယ်။ သင့်တော်တဲ့ ရွေ့လျားမှုယူဖို့ ဘယ်အချိန်မှာ ရွှေ့ရမယ်။ ရှေ့တစ်လှမ်းတိုးရမယ့်အချိန်ရောက်ရင် ရှေ့တစ်လှမ်းတိုးပြီး နောက်ခြေတစ်လှမ်းဆုတ်ဖို့ အချိန်တန်တဲ့အခါ ခြေတစ်လှမ်းဆုတ်ပါ။ ဒါပေမယ့် မကြာသေးခင်က မင်းက တုံ့ဆိုင်းနေတာကို ငါသတိထားမိတယ်” ဟု အဘိုးအိုက ပြောလိုက်သည်။
"မင်းပြောတာမှန်တယ် မစ္စတာဩျေ. ငါ မကြာသေးခင်ကမှ စိတ်ရှုပ်သွားခဲ့တယ်!"
"မင်းတို့သုံးယောက်လုပ်ထားတဲ့ ဆယ်နှစ်စာချုပ်က နီးလာပြီမို့လား။ လပ်ဗ်ဝု ရဲ့ ကလေးမလေးဟာ ဆယ်နှစ်ကြာပြီးနောက် နောက်ဆုံးမှာ ပြန်လာခဲ့ပြီ ။”
“မစ္စတာ ဂျေ ၊ ကျွန်တော်နဲ့ ညီအစ်ကိုတွေကအရမ်းရင်းနှီးခဲ့ကြပေမယ့် ကောင်မလေးတစ်ယောက်ကြောင့် ပြိုလဲသွားခဲ့ကြတယ်။ အရမ်းဆိုးလို့ စကားမပြောဖြစ်တော့ဘူး။ မတူတာတွေ လုပ်သင့်လားလို့ အမြဲတွေးနေမိတယ်!”
“အတွင်းအပြင် လှပပြီး သီလရှိတဲ့ အမျိုးသမီးကောင်းက တစ်ယောက်ကို တစ်ယောက် ရည်ညွှန်းပါတယ်။ ဆိုရိုးစကားအတိုင်း၊ ဘုရင်ကြီးသည် သူ၏ မိန်းမလှလေးအတွက် နံနက်ခင်းအစည်းအဝေးများကို ရှောင်သွားပေလိမ့်မည်။ ဒါ့အပြင် လပ်ဗ်ဝု ကောင်မလေးက တကယ်ကို တော်တဲ့ မိန်းကလေးတစ်ယောက်ပါ။ အဲဒါကို အရမ်းကြီး မစိုးရိမ်သင့်ဘူး။ မင်းရဲ့နှလုံးသားကပြောတဲ့အတိုင်း လိုက်လုပ်ပါ။"
"ဟုတ်ပါတယ် မစ္စတာဂျေ အဲဒါကို မှတ်ထားမှာပါ!"
ထိုအချိန်တွင် စတန် ၏ဖုန်းမြည်လာသည်။
ဇာခရိကခေါ်နေခြင်းဖြစ်သည်။
ဇာခရိ သည် တောင်ပိုင်းပြည်နယ်တွင် စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ပြီးနောက် မြို့တော်သို့ ပြန်လာခဲ့သည်။
မြစ်မြို့ မှာ ဇာခရိ လုပ်ခဲ့တာတွေကို စတန် က ကြားဖူးပေမယ့် အဲဒါတွေအားလုံးက ကောလဟာလတွေဖြစ်ပြီး ဇာခရိ ကိုယ်တိုင်ပြောတာထက် ပိုကောင်းတာ ဘာမှမရှိပါဘူး။
ဇာခရိ ဟာ တောင်ပိုင်းမြစ် ကို ခရီးထွက်ပြီးကတည်းက မြစ်မြို့ မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ စတန် သိချင်ခဲ့သည်။
လော်ရိန်း နှင့် ပတ်သက်သော ဆယ်နှစ်စာချုပ်သည် နီးကပ်လာသည်ကိုသဖြင့် SCC တွင် ရုတ်တရက် ပေါ်လာခဲ့သော အင်အားကြီးသူအား အနီးကပ် စောင့်ကြည့်နေရမည်ဖြစ်သည်။
သူတို့ရဲ့ ပုံမှန်နေရာဖြစ်တဲ့ The Great Wall Club မှာ တွေ့ဆုံဖို့ သဘောတူခဲ့ကြသည်။ Great Wall Club သည် မြို့တော်ရှိ ထိပ်တန်းကလပ် ၃ ခုအနက်မှ တစ်ခုဖြစ်ပြီး မြို့တော် ရှိ နာမည်ကြီးလူများစုဝေးရာ နေရာတစ်ခုဖြစ်ပြီး T Faction ၏ဌာနချုပ်လည်းဖြစ်သည်။
“မစ္စတာ ဂျေ ၊ ငါ အခု လုပ်စရာ ရှိတယ် ဆိုတော့ သွားစရာ ရှိတယ် ။ နောက်တစ်ခေါက်မှထပ်လာခဲ့မယ်"
"ကောင်းပြီ မင်းသွားတော့! ။ ငါ့လို အဘိုးကြီးတစ်ယောက်အတွက် မင်းရဲ့အချိန်တွေကို ဖြုန်းနေဖို့ မလိုပါဘူး။"
စတန် သည် The Great Wall Club သို့ရောက်သောအခါ သူ့ကိုမြင်သူတိုင်းက ခေါင်းညိတ်ပြီး နှုတ်ဆက်ကြသည်။
အပေါ်ထပ်ရှိ သီးသန့်ခန်းကို တွန်းဖွင့်လိုက်သောအခါတွင် ဇာခရိ သည် အထဲမှာ စောင့်နေပြီဖြစ်သည်။ "တီမန်း!" ဇာခရိ သည် စတန်ဝင်လာသည်ကိုမြင်သောအခါ မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်။
"ဇာခရိ၊ ငါ့ကိုအကုန်ပြောပြ!" ထိုင်ပြီးနောက် စတန်က ဇာခရိ ကို ပြောလိုက်သည်။
"တီမန်း၊ ကျွန်တော် အလုပ်ကိစ္စအတွက်မြောက်ပိုင်းမြစ် ပြည်နယ်ကို သွားခဲ့ပြီး လူနာ အကြောင်း ဟောင်းဝပ် ကို မေးဖို့ မြစ်မြို့ကိုသွားတာ၊ ဒါပေမယ့် အဲဒီမှာ ချားလ်စ်နဲ့တွေ့လိုက်တယ်..."
ဇာခရိ က စတန် ကို ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ်ပြောပြခဲ့သည်။
"အယ်? ဒေးဗစ်မှာ မက်စ် ကို တိုက်နိုင်တဲ့သူရှိပြီးသူကိုယ်တိုင်လည်း အရမ်းသန်မာတယ်လို့ မင်းပြောနေတာလား။
“ဟုတ်တယ်! သူက ကျွန်တော့်ဓားကို လက်နှစ်ချောင်းနဲ့ကိုင်ပြီး လက်ချောင်းနဲ့ဖိလိုက်တာ ကျိုးသွားတယ်။ မက်စ်က သူဒီလိုမလုပ်နိုင်ဘူးလို့ပြောတယ် မက်စ်ပြောတာ သူကအနည်းဆုံး ကျားအဆင့် အထွတ်အထိပ် ဒါမှမဟုတ် ပိုမြင့်တယ်လို့ သံသယရှိတယ်။”
ခွက်
စတန် ရဲ့ လက်ထဲက ခွက်ကအပိုင်းပိုင်း ကြေမွသွားသည်။
'သူက ထိပ်တန်း ကျားအဆင့် လား။ ဒါမှမဟုတ် ပိုမြင့်တာလား။'
ဒါက ဘာကိုဆိုလိုမှန်းထုံးစံအတိုင်း သူသိသည်။ ။
ဇာခရိ ၏ အဆိုအရ၊ ဒေးဗစ်ကဲ့သို့ အသက်နှစ်ဆယ်အရွယ်တွင် ဤနေရာသို့ရောက်ရန် ဤကဲ့သို့သော အရည်အချင်းမျိုးရှိရန်မှာ အလွန်ရှားပါးသည်။
ထိုသို့ဖြစ်လျှင် ဒေးဗစ်သည် လျှို့ဝှက်မင်းနွယ်ဖွားမိသားစု၏ အမွေဆက်ခံသူဖြစ်ကြောင်း သေချာပေါက်ဆိုလိုသည်။
ထို့အပြင်၊ သူသည် ပထမ အမွေဆက်ခံသူလည်း ဖြစ်နိုင်သည်။
'ဆယ်နှစ်စာချုပ်ရဲ့ နောက်ဆုံးအခိုက်အတန့်မှာ ကလင်တန်က ဒီလိုအစွမ်းထက်တဲ့အကူအညီကို ဘယ်လိုရရှိခဲ့တာလဲ။'
မြစ်မြို့။
ဒေးဗစ်ကဂျေစီ ကို မြစ်မြို့ကျောင်း မှာ ကျောင်းအပ်ပေးပြီး Golden Leaf Hotel ကိုသွားလိုက်သည်။
ထို့နောက် ရှုမြို့တွင်ရှိသော ဝိန်း နှင့် ဂါဗင် ကိုပြန်ခေါ်လိုက်သည်။
တစ်ချိန်တည်းမှာပဲ သူ့မိဘတွေရဲ့ လျော်ကြေးငွေကို ဘော်ဘီဆီက ပြန်ယူရမည်။
အန်တီ ဒိုင်ယာနာရဲ့မိသားစုကို မြစ်မြို့ ကိုပြောင်းဖို့ ဆွဲဆောင်နိုင်မလားဆိုတာလည်း ကြည့်ဖို့လိုသည်။
ဒေးဗ၏စ်သည် ဖုန်းခေါ်ဆိုမှုကြောင့် နိုးလာသောအခါတွင် ရုံးခန်းထဲတွင် ခဏတာ တစ်ရေးတစ်မော အိပ်နေခဲ့သည်။
ဖုန်းကို ကောက်ကိုင်လိုက်တော့ ဟာ့ ရဲ့ အသံကို ချက်ချင်းကြားလိုက်ရသည်။
"ဒေ့! မင်းငါ့ကို မေ့နေပြီလား။ ဒီအချိန်မှာ မင်းငါ့ကိုဘယ်လိုအဆက်အသွယ်မလုပ်နိုင်တာလဲ!?"
"အဲ့လိုမဟုတ်ပါဘူး ဟာ့! မကြာသေးမီကငါ အလုပ်များခဲ့ပြီး အားလပ်ချိန်မရှိလို့ပါ။ အချိန်ရရင် လိဒ်မြို့ ကိုလာလည်မယ်လို့ ကတိပေးတယ်။” ဒေးဗစ် ပြန်ဖြေသည်။
“မင်း အလုပ်ရှုပ်နေမှန်း ငါသိတယ်။ SCCကလူတိုင်းက မင်းရဲ့ လတ်တလောအောင်မြင်မှုတွေအကြောင်းသိတယ်။ မင်းကိုယ်မင်း လျှို့ဝှက်ထားခဲ့တာ ငါမသိခဲ့ဘူး! ဇာခရိ ကို မင်းရိုက်ခဲ့တာ ငါမယုံနိုင်ဘူး။
ဒေးဗစ်သည် ဤမျှလောက် တန်ခိုးကြီးမည်ဟု သူ အမှန်တကယ် မမျှော်လင့်ခဲ့ပေ။
ဟာ့ သည် Golden Leaf ဟိုတယ်ကို ဒေးဗစ်အားရောင်းလိုက်သောအခါ ဒေးဗစ်သည် လျှို့ဝှက်မင်းမျိုးနွယ်ဖွားမိသားစု၏ အမွေဆက်ခံသူဖြစ်ကြောင်း ဘေလ်ဟာ့ သို့ပြောခဲ့သော်လည်း၊ သို့တိုင်၊ အချို့သော မိသားစုကြီးများတွင် အမွေဆက်ခံသူ သုံးဦး သို့မဟုတ် လေးဦး ရှိသည့် လျှို့ဝှက်မင်းနွယ်ဖွားမိသားစု၏ အမွေဆက်ခံသူများ၏ အမွေဆက်ခံသူ အဆင့်ဆင့်ရှိသည်။
အမွေဆက်ခံသူ တစ်ဦးစီ၏ ဆက်ဆံပုံမှာ ပထမအမွေဆက်ခံသူမှ တတိယအမွေဆက်ခံသူ သို့မဟုတ် စတုတ္ထအမွေဆက်ခံသူအထိ ကွဲပြားသည်။
အစကတော့ဒေးဗစ်ဟာ ဒုတိယမြောက်အမွေဆက်ခံသူလို့ ထင်ခဲ့ကြပေမယ့် ဒေးဗစ်ဟာသူ့ခွန်အားကို ပြသပြီးတဲ့နောက်မှာ သူပိုင်ဆိုင်တဲ့ ခွန်အားဟာ ပထမအမွေဆက်ခံသူသာ ရရှိနိုင်တဲ့ အရာဖြစ်ပြီး သူကအလွန်တန်ခိုးကြီးတဲ့မိသားစုထဲက ဖြစ်နိုင်ချေများသည်။
ထိုကဲ့သို့သော အဆင့်အတန်းရှိသော အမျိုးသားသည် SCC သူဌေးကြီး သုံးဦးနှင့် နှိုင်းယှဉ်နိုင်သည်။
ဒေးဗစ်နှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာမိသည်။
ဒေးဗစ်၏ စွမ်းဆောင်နိုင်ရည်ကို ယခုမြင်လိုက်ရသောအခါ၊ဒေးဗစ်အား SCC သို့ မိတ်ဆက်ပေးခြင်းသည် အမှန်ပင် ပညာရှိသော လှုပ်ရှားမှုဖြစ်ကြောင်း အတည်ပြုခဲ့သည်။
"အို၊ မင်း ငါ့ကို မြှောက်ပင့်နေတာပဲ ဟာ့၊" ဒေးဗစ်သည် ကျိုးနွံစွာပြောလိုက်သည်။
“ငါ မင်းကို မြှောက်နေတာမဟုတ်ဘူး။ SCC မှာ ဇာခရိ ကို ယှဥ်နိုင်တဲ့ လူတွေ အများကြီး မရှိဘူး၊ပြန်မောင်းထုတ်ဖို့နေနေသာသာ သူ့ခြေထောက်ကြား အမှီးနှံနေရတယ်၊ မင်း အခု မြစ်မြို့မှာလား။ မင်းနဲ့တွေ့ချင်တဲ့သူရှိတယ်!"
"ဘယ်သူလဲ?" ဒေးဗစ် မေးလိုက်သည်။
“ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ် ငါက မြစ်မြို့ မှာနေတယ်။"
"တွေ့ဖို့ ဆုံးဖြတ်ပြီးရင်မင်းကို ငါပြန်ပြီး ဆက်သွယ်လိုက်မယ်။"
ဒေးဗစ်သည် ဖုန်းချသွားကာ လေးလေးနက်နက် စဉ်းစားနေတော့သည်။
အခု သူလုပ်ထားတဲ့ အရာတွေကို အားလုံးမြင်တွေ့နေရတော့ သူလည်း နာမည်ကြီးတချို့နဲ့ တွေ့လာရတော့သည်။
ဒါတောင်မှ သူ့မှာ လုံလောက်တဲ့ သြဇာအာဏာ မတည်ဆောက်ရသေးသလို၊ သူ့မှာ လုံလောက်တဲ့ စွမ်းအားလည်း မရှိဘူးလို့ ခံစားရသည်။
ပိုက်ဆံပိုသုံးဖို့ နည်းလမ်းရှာရမယ်ဆိုတာ သူသိသည်။
'မစ္စပုလဲ က ဘာ့ကြောင့် အကြောင်းမကြားသေးတာလဲ။ သူအဲဒီမှာနေတာကြာပြီ။
'ငွေကို ဘယ်လိုသုံးရမှန်းမသိဘူး
'ဟင်း!
ဒေးဗစ်သည် ငွေသုံးရန်ခက်ခဲသော နေ့တစ်နေ့ ရှိလာမည်ဟု တစ်ခါမျှ မထင်ခဲ့ပေ။
Chapter 117
နေ့ခင်းပိုင်းတွင်။
ဒေးဗစ် သည် South River International Residence မှ အရောင်းဝန်ထမ်း ဂျမ်နီ ကို ဆက်သွယ်ခဲ့သည်။
South River International Residence မှာ အိမ်ကျန်သေးလားလို့ မေးလိုက်သည်။
Golden Leaf Hotel မှာ အလုပ်မဝင်ခင် အဒေါ်ဆယ်လီအတွက် တစ်လုံးနဲ့ အန်တီဒိုင်ယာနာအတွက် တစ်လုံးဝယ်လိုက်သည်။ သူတို့မှာ ကျွမ်းကျင်မှုမရှိဘူးဆိုရင်တောင် လွယ်ကူတဲ့အလုပ်တစ်ခုရဖို့ တစ်နှစ်ကို ဒေါ်လာသန်းထောင်ဂဏန်းလောက်ပေးပြီး သူတို့လိုချင်တာမှန်သမျှ အကုန်အကျခံပြီး မြစ်မြို့ မှာ ခြေကုပ်ယူနိုင်ဖို့ လုံလောက်ပါတယ်။
ထုံးစံအတိုင်း ဂျမ်နီ ဝမ်းသာသွားသည် ။ သူမသည် ဒေးဗစ်ထံမှ မကြာမီကပင် သန်းနှင့်ချီသော ကော်မရှင်ဖွဲ့ငွေပမာဏဖြင့် သူမဘယ်တုန်းကမှ မထင်မှတ်ထားသော အရာတစ်ခုဖြစ်လာခဲ့သည်။
အခု သူက ငါတို့ဆီက တခြားနေရာကို ထပ်ဝယ်နေတာလား။
'သူကတော်တော်ကြီးတယ့်သူဌေးကြီးပဲ။
'အမိုက်စား သူဌေး!'
ဒေးဗစ်သည် ဂျမ်နီ နှင့် နေရာကို ကြည့်ရှုရန် အရောင်းဌာနသို့ သွားခဲ့သည်။
သူထပ်ရောက်တဲ့အခါ တခြားအရောင်းဝန်ထမ်းတွေအတွက် နာကျင်စရာအမှတ်တရတွေကို နှိုးဆွပေးလိုက်သည်ေယ
ဒေးဗစ်သည် အရောင်းပြခန်း၏ ဧည့်ခန်းတွင် မိနစ်အနည်းငယ်ကြာ မတ်တပ်ရပ်နေပုံကို သတိရပြီး သူ့အား အမှုဆောင်ရန် မည်သူမျှ မလာကြပေ။ အဲဒီအစား မိန်းကလေးအသစ်ဖြစ်တဲ့ ဂျမ်နီ က တက်လာပြီး အကျိုးကျေးဇူးတွေကို ကောက်နှုတ်လိုက်သည်။
သူမသည် ကော်မရှင်တွင် သန်းပေါင်းများစွာ ရရှိခဲ့သည်။
ထိုအတွေးကြောင့် အသက်မရှူနိုင်လောက်အောင် ကြေကွဲခဲ့ရသည်။
ဒီတစ်ခါ ဒေးဗစ်ကို တွေ့တာနဲ့ အရောင်းဝန်ထမ်းတွေက ဝိုင်းပြီးမေးကြသည်။
"သခင်လေး! ကျွန်မဘာလုပ်ပေးရမလဲ?"
"သခင်လေး! အိမ်ဝယ်ရန်ရှာနေတာလား။ အချိန်မရွေးကြည့်နိုင်လို့ မင်းကို လွတ်လွတ်လပ်လပ် လိုက်ပို့ပေးနိုင်ပါတယ်!”
"သခင်လေး၊ ဒီမှာ ငါ့ကတ်။ တစ်ခုခုလိုအပ်ရင် ငါ့ကို အချိန်မရွေး ဆက်သွယ်လိုက်ပါ။ အချိန်မရွေး!”
"အမ်!!! ခွင့်လွှတ်ပါ မိန်းကလေးတွေ ငါက ဂျမ်နီနဲ့ ချိန်းထားပြီးသား။" ဒေးဗစ်သည် သူတို့ကို ပြန်ပြောပြီးနောက် လူအုပ်ထဲမှ ရုန်းထွက်ခဲ့သည်။
အဲဒီအချိန်မှာ ဂျမ်နီက သော့တွေကိုင်ပြီး သူ့ဆီ လျှောက်လာသည်။
“မစ္စတာ လစ်ဒဲလ်ငါ့မှာသော့တွေရှိတယ်။ အခုပဲ သွားကြည့်လို့ရပါပြီ။ ကျေးဇူးပြုပြီး လိုက်ခဲ့ပါ!”
နှစ်ယောက်သား အတူတူ ထွက်သွားကြသည်။
အရောင်းပြခန်းရှိလူများအားလုံး စကားစမြည်ပြောကြပြန်သည်။
"မိန်းကလေးအသစ် ဂျမ်နီက သူနဲ့အိပ်ရမယ်ဆိုတာ ငါသေချာတယ်!"
"ဟုတ်တာပေါ့! ဘာလို့ သူ့ဆီက နောက်ထပ် ဈေးကြီးတဲ့ နေရာကို ဝယ်မှာလဲ" “ဒီမိန်းကလေးက သူ့ကိုယ်သူ သိပ်အပြစ်ကင်းစင်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ သူက နည်းနည်းလေးဘဲ။ Pfft!"
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏ အသံလေသံဖြင့် ငြူစူခြင်းနှင့် မနာလိုခြင်း၏ အရိပ်အမြွက်ကို မည်သူမဆို ကြားနိုင်သည်။
Block 1 တွင် ယူနစ်များမရှိတော့သောကြောင့် ဒေးဗစ် သည် ပေါ့ပေါ့ဆဆ လှည့်ပတ်ကြည့်ရှုပြီး Block 2 နှင့် Block 3 တွင် တစ်ခုစီလျှင် သန်း ၁၀၀တန်ကြေးရှိသော နောက်ထပ် အလားတူယူနစ်တစ်ခုကို ဝယ်ယူခဲ့သည်။
အရောင်းပြခန်းသို့ပြန်ရောက်သောအခါ၊ ဒေးဗစ်သည် ဆယ်ရာခိုင်နှုန်းစပေါ်ငွေပေးပြီး ကျန်လုပ်ထုံးလုပ်နည်းများအပြီးသတ်ရန်အနည်းငယ်အကြာတွင်ပြန်လာမည်ဟု ဂျမ်နီ ကပြောခဲ့သည်။
နောက်ထပ် သန်းနှစ်ရာ ရောင်းရတယ်။
ပြီးခဲ့သည့် အကြိမ်ရောင်းရငွေ သန်းလေးရာနှင့်အတူ ဒေးဗစ်တစ်ဦးတည်းထံမှ ဂျဲနီရရှိသည့် ကော်မရှင်မှာ ၆သန်းဖြစ်သည်။
အရောင်းဆိုင်မှ လူအချို့သည်လည်း နောင်တရနေကြသည်။
ထို့နောက် ဒေးဗစ် သည် Block 1 သို့ပြန်လာပြီး အဒေါ်ဆယ်လီ၊ ဦးလေး ယူဆက်ဖ်နှင့် ၎င်း၏ဝမ်းကွဲ လီလီကို ထိုနေရာကိုကြည့်ရန် ခေါ်ဆောင်သွားခဲ့သည်။
အဒေါ်ဆယ်လီသည် မနေ့ ကမှ သူမ၏ခွဲစိတ်မှုကို ခံယူခဲ့သော်လည်း၊ ၎င်းသည် အသေးအဖွဲ လုပ်ငန်းစဉ်ဖြစ်သောကြောင့် တစ်ပတ်အတွင်း သက်သာလာမည်ဟု သူမ၏ဆရာဝန်က ပြောသည်။
Chapter118
အဲဒီနောက် ဒေးဗစ်က သူတို့သုံးယောက်ကို Block ဖို့ ခေါ်သွားသည်။
သူတို့၏ ယူနစ်သည် ဒေးဗစ်၏ အကောင်းဆုံး ယူနစ်ကို မယှဥ်နိုင်သော်လည်း ၎င်းသည် အလွန်ဇိမ်ကျသော ဒီဇိုင်းတစ်ခု ရှိနေသေးသည်။ နောက်ဆုံးတော့ ဒေါ်လာ သန်း ၁၀၀ ကုန်ကျတယ်မဟုတ်လား။
"ဒေးဗစ်၊ မင်း ငါတို့ကို ဘာလို့ ဒီကို ခေါ်လာတာလဲ။" လှည့်ကြည့်ပြီးနောက် ဆယ်လီက သူ့ကို မေးသည်။
"အန်ကယ်ဆယ်လီ၊ အန်ကယ် ယူဆက်ဖ်၊ ဒီနေရာကို ဘယ်လိုထင်လဲ" ဒေးဗစ်သည် ဆယ်လီ၏မေးခွန်းကို မဖြေဘဲ ၎င်းတို့ကို သူ့ဘာသာမေးခွန်းတစ်ခု မေးခဲ့သည်။
"ဒေးဗစ်၊ ဒီနေရာက အံ့မခန်းပါပဲ၊ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီလိုနေရာမျိုးဝယ်ဖို့ မတတ်နိုင်ဘူး!” ဆယ်လီက ပြန်ပြောသည်။
နေရာ၏စျေးနှုန်းကို သူမ မသိသော်လည်း မြင်သည့်အချိန်က စျေးသက်သာမည်မဟုတ်ကြောင်း သူမပြောပြနိုင်ခဲ့သည်။ သူတို့သည် ဤနှစ်များအားလုံးကို စေ့စပ်ရန်သာ လုပ်နေခဲ့သည်။ နေရာသစ်ဝယ်ဖို့ ပိုက်ဆံဘယ်ကရမှာလဲ။
“အန်တီဆယ်လီ၊ ဒီနေရာကို ငါဝယ်ပြီးပြီ၊ ဒါပေမယ့် တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အကုန်လုံးတော့ မပြီးသေးဘူး။ မင်းလုပ်ရမှာက မင်းရဲ့ ID ကတ်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ပြီးအောင်လုပ်ပြီးရင် နေရာက မင်းပိုင်လိမ့်မယ်!"
ဆယ်လီနှင့် ယူဆက်ဖ်တို့သည် ဒေးဗစ်ကအမှန်တကယ် နေရာပေးမည်ဟု မယုံနိုင်ဖြစ်ခဲ့ကြရသည်။
ဒေးဗစ်က သူတို့နေမဲ့နေရာကိုတွေ့ဖို့ ခေါ်သွားမယ်မှန်းသိပေမဲ့ တကယ်ဖြစ်ပျက်ချိန်မှာတော့ သူတို့အတွက် တုန်လှုပ်စရာဖြစ်နေတုန်းပါပဲ။
ဆယ်လီက “ဘာလဲ၊ ဒေ့ဗ်၊ မင်း မင်းကငွေရှာဖို့ ကြိုးစားခရဲ့တယ်။ ဒီနေရာကို ငါတို့လက်မခံနိုင်ဘူး!"
"ဟုတ်တယ် ဒေ့ဗ်! ဒီနေရာက ဈေးကြီးတယ်၊ ငါတို့ လက်မခံနိုင်ဘူး!" ယူဆက်ဖ် သည် ဘေးမှ အော်ဟစ်လိုက်သည်။ လီလီသည် ပြတင်းပေါက်နားတွင် မြင်ကွင်းကို ငေးကြည့်နေသူတစ်ဦးသာဖြစ်သည်။ ထိုနေရာသည် ယခုမှစပြီး သူမ၏အိမ်အသစ်ဖြစ်လာမည်ဖြစ်သည်။ ဒီလိုဇိမ်ခံတဲ့ နေရာလေးမှာ နေရလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။
'ဒေ့ဗ် က ကမ်းလှမ်းကတည်းက ငါတို့ယူသင့်တယ်' လို့ သူ့ကိုယ်သူ တွေးခဲသည်။ မယူဘူးလို့ ပြောတာ ဘာသဘောလဲ။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ငြင်းဆိုချက်ကိုဒေးဗစ်ကလက်ခံမည်မဟုတ်ပါ။'
ထို့အပြင် သူမ၏ကတ်ပေါ်ရှိ သန်း ၁၀၀အကြောင်းကို သူမ၏မိဘများအား ပြောပြရန် သူမကိုယ်တိုင် လုပ်ရမည်။
“အန်ကယ်ဆယ်လီ၊ အန်ကယ် ယူဆက်ဖ်၊ ကျေးဇူးပြုပြီး ဒီလက်ဆောင်ကို ကျွန်တော့်ရဲ့ ကျေးဇူးတင်ကြောင်း သင်္ကေတအဖြစ် လက်ခံလိုက်ပါ။ ငါမင်းတို့နဲ့ အတူမနေဘဲ နောက်ဆုံး ဘော်ဘီ နဲ့ ဆက်နေခဲ့ရင်၊ ငါအမြဲတစေ စော်ကားခံရလိမ့်မယ်။ ဘယ်သူသိနိုင်မလဲ?ကျွန်တော်က ရိုင်းဆိုင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့ ကြီးပြင်းလာလိမ့်မယ်။
"အန်တီတို့ရဲ့နေရာကို ငါပထမဆုံးရောက်တုန်းက ငါအမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အရမ်းအေးတဲ့ကောင်လေးတစ်ယောက်ဖြစ်ခဲ့တာ ငါမှတ်မိတယ်။ မိသားစုရဲ့ ချစ်ခြင်းမေတ္တာကို ကကျွန်တော်ကို အခုလိုဖြစ်လာအောင် လုပ်ပေးခဲ့တဲ့အတွက်ပါ။ အခုဆိုလို့ရှိရင် ကျေးဇူးဆပ်ချင်တယ်ဗျာ။ ဒီလက်ဆောင်ကို လက်မခံရင် နေနိုင်မှာမဟုတ်ဘူး။"
ဒေးဗစ်က အသံတိုးတိုးဖြင့်ပြောသည်။
အမှန်မှာ၊ အကယ်၍ သူသည် လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း အန်တီဆယ်လီ၏ မိသားစုနှင့် မနေထိုင်ခဲ့ပါက သူသည် ကျောင်းမှထွက်ပြီး ပြန်မလာနိုင်သော မှောင်မိုက်သောလမ်းကို လျှောက်လှမ်းနေပေမည်။
ဆယ်လီသည် ဒေးဗစ်ပြောသည်ကို ကြားသောအခါ၊ သူမသည် တိတ်တိတ်ဆိတ်ဆိတ် ငိုရှိုက်လာသည်။
“ဒေ့၊ မင်းနောက်ဆုံးတော့ မင်းအမှတ်အသားကို လုပ်ပြီးသွားပြီ။ မင်းမိဘတွေ ဒီကိုလာကြည့်စေချင်တယ်။ သူတို့အသက်ရှင်နေသေးရင် မင်းဘယ်လောက်အောင်မြင်လဲဆိုတာကို သူတို့အရမ်းပျော်နေလိမ့်မယ်။”
ယူဆက်ဖ် သည် ဒေးဗစ် ကိုကြည့်ကာ ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။
သူ့ဇနီး ဆယ်လီ ဒေးဗစ်ကို အိမ်ပြန်ခေါ်လာသောအခါ ယူဆက်ဖ်သည် အစပိုင်းတွင် ကန့်ကွက်ခဲ့သည်။
တကယ်တော့ သူတို့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး သူတို့မိသားစုက သိပ်မချမ်းသာပါဘူး။
လိုအပ်တာအပြင် အခြားပါးစပ်ကို ကျွေးမွေးပြီး ဒေးဗစ်၏ ကျောင်းလခနှင့် နေထိုင်စရိတ်ကိုလည်း ပေးရမည်။
ဒါပေမယ့် သူ့မိန်းမက ဒါကို အခိုင်အမာ ပြောတဲ့အတွက် လက်ခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။
ဒေးဗစ်ကို ဆန့်ကျင်ခဲ့ပေမဲ့ သူတို့နဲ့ အတူနေဖို့ ဆုံးဖြတ်ထားပြီးဖြစ်လို့ ဒေးဗစ်ကို ကွဲပြားစွာ မဆက်ဆံခဲ့ပေ။
ဒီလိုဖြစ်လာတဲ့အတွက်၊ဒေ့ဗ် ကို သူ့ဦးလေး ဘော်ဘီ ဆက်ဆံသလိုမျိုး ဆက်ဆံတာ ဘာအကြောင်းမှ မရှိဘူးလို့ ယူဆက်ဖ်က တွေးခဲ့သည်။ ထို့အပြင် သူ့တွင် ရန်သူအလုံအလောက်ရှိသည်။
ယူဆက်ဖ်သည် ဒေးဗစ်ကို သူတို့နှင့်အတူ နေထိုင်စေကာ သို့မဟုတ် ၎င်းတို့နှင့် အတူနေခွင့်ပေးကာ အခြားကလေးများနှင့်လည်း ဆက်ဆံစေခဲ့သည်။
ကံကောင်းစွာဖြင့်၊ ယူဆက်ဖ် သည် အလွန်ပွင့်လင်းသောလူဖြစ်သည်။ ပုံမှန်အားဖြင့်၊ ဝင်ငွေနည်းသော အခြားမိဘများသည် တူလေးတစ်ဦးကို ပြုစုစောင့်ရှောက်ရန် သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိနေပြီဆိုလျှင် ၎င်းတို့နှင့်အတူ နေခွင့်မပြုပေ။
အခုအချိန်မှာ သူတို့ရှိနေကြပြီမို့ ဆယ်လီနဲ့ သူ့ခင်ပွန်းက သူ့လက်ဆောင်ကို ငြင်းဆန်ဖို့ နေရာမရှိတော့ပေ။
အဲဒီနောက်မှာတော့ ဒေးဗစ်ဟာ တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို အပြီးသတ်ဖို့ ယူဆက်ဖ် ကို အရောင်းပြခန်းဧည့်ခန်းကို ခေါ်သွားခဲ့သည်။
ထိုအချိန်တွင် ဆယ်လီနှင့် လီလီတို့သည် ၎င်းတို့၏နေရာအသစ်တွင် သူတို့ကို စောင့်ဆိုင်းနေခဲ့သည်။ နေရာကို ဇိမ်ကျကျ ပြင်ဆင်ထားပြီး လိုအပ်တာမှန်သမျှ အကုန်ပါသည်။ သူတို့လိုအပ်တာတွေအားလုံးက ထုပ်ပိုးဖို့ဖြစ်ပြီး အဲဒါက အခုမှစပြီး သူတို့အိမ်ဖြစ်လာမှာပါ။
ဥပဒေလုပ်ထုံးလုပ်နည်းများကို ပြီးမြောက်ပြီး သန်းတစ်ရာပြည့်အောင် ပေးချေပြီးနောက်၊ ဒေးဗစ်သည် စနစ်တွင် နောက်ထပ် ခမ်းနားသော အမှတ်ရခဲ့ပြီး ၎င်း၏ စုစုပေါင်းအမှတ် ရှစ်ဆယ့်တစ်မှတ်ရရှိခဲ့သည်။
အဒေါ်ဆယ်လီ၏မိသားစုကို ၎င်းတို့၏နေရာသစ်တွင် အခြေချနေထိုင်စေပြီးနောက် ဒေးဗစ်သည် ဂျေစီကိုခေါ်ဆောင်ကာ ၎င်း၏အိမ်သို့မပြန်မီ ၎င်း၏နေရာသစ်သို့ပိုရန် ဒေးဗစ်သည် မြစ်မြို့ကျောင်း သို့သွားခဲ့သည်။
Chapter 119
နောက်တစ်နေ့သည် တနင်္ဂနွေနေ့ဖြစ်သည်။
ဒေးဗစ်သည်ဟာ့ကို ဆက်သွယ်မည်ဟု ထင်ခဲ့သော်လည်း တစ်နေ့လုံး စောင့်ဆိုင်းပြီးနောက်တွင် သူထံမှ ဖုန်းခေါ်ဆိုမှု မရရှိခဲ့ပေ။
ညဘက်တွင် ဒေးဗစ်သည် တာရာထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
ဒီအပတ် တာရာရဲ့နေရာကို သွားဖို့ ကတိပေးထားတယ်လို့ ဒေးဗစ် သတိရမိပေမယ့် အန်တီဆယ်လီအတွက် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် သူ့ကနဦးအချိန်ဇယားကို မလိုက်နာနိုင်ဘဲ နောက်တစ်ကြိမ်စောင့်ရမယ်လို့ ပြောလိုက်သည်။
နေ့ခင်းဘက်တွင် ဒေးဗစ် သတင်းကောင်းရရှိခဲ့သည်။
ပုလဲသည် ၎င်းတို့ကမ်းလှမ်းထားသော မက်လုံးမြင့်မားမှုကြောင့် အရည်အချင်းရှိသူများစွာကို ဖမ်းစားနိုင်ခဲ့ပြီး အသင်းက အဆင်သင့်ဖြစ်လုနီးပါးဖြစ်နေပြီဟု ဖုန်းဆက်ပြောဆိုခဲ့သည်။
ဒေးဗစ်က သူမမြင်ခဲ့ရတဲ့ ကောင်းမွန်တဲ့ ပရောဂျက်တွေမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ ငွေအတွက် စိတ်မပူပါနဲ့။ အန်ဒီကို ရင်းနှီးမြှပ်နှံရန် ငါးဘီလီယံရှိကြောင်း ပြောပြရန် သူမအား အန်ဒီထံ ဆက်သွယ်ရန်ပင် ပြောကြားခဲ့သည်။ နောက်ဆုံးတော့၊ သူ့မှာ ခမ်းနားထည်တဲ့ အမှတ်ငါးဆယ်ရထားပြီး အန်ဒီ ကို အရင်ထိန်းထားစေချင်သည်။
လက်ရှိအချိန်မှာတော့ ခမ်းနားတဲ့ အမှတ်တွေရဖို့အတွက် ပိုက်ဆံကုန်ဖို့ အရမ်းလိုအပ်နေသည်။ သူ့မှာ သူ့ခန္ဓာကိုယ်နဲ့ စိတ်နှစ်ခုလုံးရဲ့ အထွတ်အထိပ်ကို မရောက်သေးဘူးလို့ ခံစားမိတဲ့အတွက် သူ့မှာ ပိုကြီးကျယ်ခမ်းနားတဲ့ အမှတ်တွေရှိရင် စနစ်အဆင့်ကို မြှင့်တင်နိုင်မလားဆိုတာ သူကြည့်ချင်နေသည်။
ပေါလ်၏အဆိုအရ၊ အချို့သော ဆရာများသည် သူ၏လက်ရှိကိန်းဂဏာန်းအတိုင်းပင် သူ့ကို အနိုင်ယူနိုင်ဆဲဖြစ်သည်။
“ကျွန်တော် လှည့်စားမိတဲ့အခါ အဆိုးဆုံးလူ မဟုတ်ဘူးဆိုတာကို ဘယ်လိုလက်ခံနိုင်မလဲ။
"မြန်မြန်လုပ်၊ ငါ့ကို အဆင့်မြှင့်လိုက်။
'မဟုတ်ရင် ဒီစနစ်ကို ဘယ်လိုသုံးရမလဲ။
နောက်ဆုံးတော့၊ ဘုရားသခင်က သူ့ကို ဒီလိုအခွင့်အရေးကောင်းတွေကို ပေးခဲ့တာကိုမဖြုန်းတီးနိုင်ဘူး၊
ဒီလိုပဲ နောက်တစ်ပတ် ကုန်ဆုံးသွားပြီး အပတ်အသစ်တစ်ခု စတင်ခဲ့သည်။
တနင်္လာနေ့
ဒေးဗစ်သည် မနက်ခင်းတွင် အတန်းတက်သည်။
နေ့လည်ပိုင်းတွင် သူသည် ကျောင်း၏ ကိုယ်ခံပညာအသင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
လျှို့ဝှက်နည်းပညာတွေကို လေ့လာဖို့ အဲဒီကို သွားခဲ့သည်။
ယခုအချိန်တွင် သူသည် အဆင့်မြှင့်ထားသော သူ၏ ခန္ဓာကိုယ်နှင့် စိတ်ကိုသာ အားကိုးနေသည်။ ဆိုလိုသည်မှာ သူသည် အခြားသော လှုပ်ရှားမှုများကို မသိဘဲ သူ့အား ကာကွယ်ရန် သူ၏ လက်ရှိ ခွန်အားနှင့် တုံ့ပြန်မှုများသာ ရှိသည်၊
သူသည် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်မလားဆိုတာ သိရန် အစွမ်းထက်သော နည်းစနစ်အချို့ကို သင်ယူလိုသည်၊ သို့မဟုတ် ကိုယ်ခံပညာအချို့လည်း ဖြစ်နိုင်သည်။
နဂါးထိန်းချုပ်ခြင်း၁၈ကွက်ကို မထည့်ဘဲ ပေါ့လျော့စွာနဲ့ ဆယ်မှတ်ကို နုတ်ယူလိုက်ကတည်းက ဒေးဗစ် ဟာ ကျပန်းကျွမ်းကျင်မှု အထူးသဖြင့် ကိုယ်ခံပညာစွမ်းရည်တွေကို ထပ်မထည့်ဝံ့တော့ပေ။
သူတို့ ရှိနေသလားတောင် မသိ။
အကယ်၍ ၎င်းတို့သည် အခြားသော ခမ်းနားသော ရမှတ် ဆယ်မှတ်ကို နုတ်ယူမည် မဟုတ်ပါက၊ သူ့မှာ အစစအရာရာ သိပ်မရှိဘူး။
'ဟင်း! ငါအရမ်းဆင်းရဲတာပဲ!"
သူသည် ကလပ်များနှင့် လူ့အဖွဲ့အစည်းအားလုံးအတွက် ရည်စူးထားသည့် သူ၏ တက္ကသိုလ်ရှိ အဆောက်အဦတစ်ခုသို့ သွားခဲ့သည်။
ဟုတ်ပါတယ်၊ ကလပ်တွေနဲ့ လူ့အဖွဲ့အစည်းတွေက အဲဒီမှာ အစည်းအဝေးကျင်းပဖို့ အခကြေးငွေပေးဆောင်ရပေမယ့် ပိုကြီးတဲ့ ကလပ်တွေအားလုံး အဲဒီနေရာမှာ ရှိနေသည်။
ဒေးဗစ်သည် ကိုယ်ခံပညာကလပ်၏ ကြမ်းပြင်သို့ ရောက်သောအခါ အခန်းထဲသို့ ဝင်လိုက်သည်နှင့် လူများဖြင့် ပြည့်နေသော ခန်းမကြီးကို တွေ့လိုက်ရသည်။ အဲဒီထဲတွင်ဘအနည်းဆုံး ရာဂဏန်းရှိခဲ့တယ်။ ယောက်ျားရော မိန်းမရော ရှိပေမယ့် အမျိုးသားတွေက အများစုဖြစ်ပြီး အားလုံးက ဒူးထောက်ထိုင်နေကြသည်။
ဒေးဗစ်အံ့ဩသွားသည်။
'အခု သူတို့ လေ့ကျင့်နေတာလား။
'ကိုယ်ခံပညာကလပ်က ဘယ်လိုတိုက်ခိုက်ပြီး ဘယ်ပစ္စည်းတွေနဲ့ လေ့ကျင့်မယ်ထင်လဲ။
'ဘာလို့ ဒီနားမှာထိုင်ပြီး အသက်ရှုလေ့ကျင့်ခန်း လုပ်နေကြတာလဲ'
သို့သော်၊ ဒေးဗစ်သည် အနီးကပ်ကြည့်ရှုလိုက်ရာ အများစုမှာ တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောနေကြသောကြောင့် အလေ့အကျင့်မစတင်သေးသည်ကို သူတွေ့လိုက်ရသည်။
ဒေးဗစ်သည် နောက်ဆုံးတန်းတွင် ထိုင်ခုံတစ်ခုကိုတွေ့၍ ထိုင်လိုက်သည်။
သူက သူ့ဘေးနားက အဖွဲ့ဝင်တစ်ယောက်ကို လှမ်းဆွဲပြီး “အစ်ကို၊ ငါတို့ ဘာလုပ်နေတာလဲ” လို့ မေးလိုက်သည်။
ယောက်ျားလေးတွေက ဒေးဗစ်ကိုကြည့်ကာ “မင်းက ကိုယ်ခံပညာအသင်းအဖွဲ့ဝင်မဟုတ်ဘူးလား” လို့မေးလိုက်သည်။
"အင်း၊ ငါဒီနေ့မှစတာ"
"ကောင်းပြီ မင်း အချိန်မီရောက်လာတာပဲ။ဒီနေ့ငါတို့ကလပ်ရဲ့ဥက္ကဌဖြစ်ပြီး Campus Belles သုံဦးထဲမှတစ်ဉီးဖြစ်တဲ့ လူနာရှိုရွန်ကစကားပြောမှာ"
လူနာရှိုရွန် ?
'သူမက Campus Belles သုံးဦးထဲက လျှို့ဝှက်ဆန်းကြယ်ဆုံးသူ မဟုတ်လော။
'သူမက ကိုယ်ခံပညာအသင်းဥက္ကဌလား။
'ကိုယ်ခံပညာအသင်းဥက္ကဌက မိန်းမလား။ 'မင်း ငါ့ကို နောက်နေတာ ဖြစ်ရမယ်!
Chapter 120
'ဒီယောက်ျားတစ်ယောက်က ဘာလို့မထသေးတာလဲ။
'မိန်းမတစ်ယောက်ကို အုပ်စိုးခွင့်ပေးထားတာ ငါမယုံနိုင်ဘူး'
"ဟေ့ ! လူနာ က ကိုယ်ခံပညာကလပ်ရဲ့ ဥက္ကဌလို့ ပြောနေတာလား။ သူမ အရမ်းကောင်းလား"
"ဟုတ်တယ်! သူမက ငါတို့ထဲက တစ်ယောက်ယောက်ကို သုံးချက်လောက်နဲ့ အနိုင်ယူနိုင်တယ်!”
"သူမက အရမ်းရက်စက်တာလား? အနာဂတ်မှာ ခင်ပွန်းကို ရှာနိုင်ပါ့မလား"
"ညီ၊ နောက်နေတာလား။ ခေါင်းဆောင်ရှိုရွန်က သည် Campus Belles သုံးယောက်ထဲကတစ်ယောက်လေ။ သူမကို လိုက်ဖမ်းတဲ့ လူတွေအတွက် လိုင်းဘယ်လောက်ကြာလဲ သိလား။ လိုင်းက SRMU ဘက်အထိ ရောက်နိုင်တယ်။”
'SRMU သို့?
'သူကအလေးနက်ပြောနေတာလား။
'မင်း SRU မှာ ကောင်လေးတွေ အားလုံးကို တန်းစီနေရင်တောင် SRMU ဆီကိုတောင် ရောက်မလာဘူး။'
ထို့နောက် ဒေးဗစ်သည် နောက်ထပ်မေးခွန်းများ မမေးတော့ပါ။
အဲဒီအစား သူ တိတ်တိတ်လေး ထိုင်နေလိုက်သည်။
ဒီကိုယ်ခံပညာအသင်းဥက္ကဋ္ဌက ဘာပြောလဲဆိုတာကို သူမြင်ချင်ခဲ့သည်။
များမကြာမီတွင် အဖြူရောင် လေ့ကျင့်ရေးယူနီဖောင်းကို ၀တ်ဆင်ထားသော မြင်းမြီးဖြင့် လတ်ဆတ်ပြီးအရည်အချင်းပြည့်မီသော အမျိုးသမီးငယ်တစ်ဦးဟာ စင်ပေါ်မှ ထွက်လာပြီး စင်မြင့်ဆီသို့ လျှောက်လာခဲ့သည်။ ထို့နောက် သူမသည် အခြားသူများကဲ့သို့ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်လိုက်သည်။ 'ဒါက လူနာ ဖြစ်မယ်' ဟု သူတွေးလိုက်သည်။
ဒေးဗစ်သည် SRU တွင် သုံးနှစ်ကျောင်းသားဖြစ်ခဲ့သော်လည်း အားလပ်ချိန်တိုင်းတွင် သူ၏အချိန်ပိုင်းအလုပ်တွင် အမြဲပါဝင်ခဲ့သည်။
အန်တီဆယ်လီနဲ့ အန်တီဒိုင်ယာနာတို့မိသားစုဟာ ပြေလည်အောင် ရုန်းကန်နေရတယ်ဆိုတာ သူသိသည်။ အချိန်ပြည့်အလုပ်လုပ်ခြင်းဖြင့်၊ သူသည် ၎င်းတို့အတွက် ဝန်ထုပ်ဝန်ပိုးအချို့ကို ဖယ်ရှားနိုင်သည့်အပြင် ဆာရာ အတွက် လက်ဆောင်အသေးစားများဝယ်ခြင်း သို့မဟုတ် အစားအသောက်ကောင်းကောင်းစားရန် တစ်ကြိမ်တစ်ခါမျှ သူမကို အပြင်သို့ ခေါ်သွားနိုင်သည်။
ထို့ကြောင့် သူသည် Campus Belles သုံးယောက်ထဲမှလျှို့ဝှက်ဆန်းကြယ်ဆုံးသော လူနာအကြောင်း လုံးဝမသိခဲ့ပေ။ အဗာကတော့ အမြဲတန်းအတူတူရှိလို့သူသိသည်။
ဒေးဗစ်သည် နောက်ဆုံးတန်းတွင် ထိုင်နေပြီး လူနာနှင့် အနည်းငယ် ဝေးသော်လည်း သူ၏ စူးရှသော မျက်လုံးများကြောင့် လူနာ ထွက်လာသည့် အချိန်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
အမြင်အာရုံစစ်ဆေးပြီးနောက် လူနာသည် အနည်းဆုံး ၅ပေ၉လက်မလောက် အရပ်ရှည်ပြီး ၎င်း၏ တက္ကသိုလ်တွင် အရပ်အရှည်ဆုံး မိန်းကလေးများထဲမှ တစ်ဦးဖြစ်ကြောင်း သိနိုင်သည်။
သူမတွင် နူးညံ့သော ဘဲဥပုံ မျက်နှာ၊ မျက်လုံးကြီးကြီးတစ်စုံ၊ ရှည်လျားသော မျက်တောင်များနှင့် မြင့်မားသော နှာတံလေးရှိသည်။ သူမ၏ မျက်နှာအသွင်အပြင်သည် လုံးဝ အချိုးကျနေပုံရပြီး သူမတွင် မိတ်ကပ်လိမ်းခြယ်မှု မရှိပေ။ သူမသည် ဖန်ကဲ့သို့ ချောမွေ့သော အသားအရေနှင့် လုံးဝကို သဘာဝအတိုင်း လှပနေပါသည်။ သူမသည် Campus Belles သုံးယောက်ထဲမှတစ်ယောက်ဖြစ်သည်မှာ အံ့သြစရာမဟုတ်ပေ။ သူမ၏လျှို့ဝှက်ဆန်းကြယ်မှုနှင့်အတူ၊ ၎င်းသည်သူမတွင် မြင့်မြတ်သောအော်ရာ အမျိုးအစားအချို့ရှိသကဲ့သို့ဖြစ်သည်။
ဒေးဗစ်သည် ပါးစပ်မှသွားရည်ကျလုနီးပါးဖြစ်နေသောသူ့ပတ်ဝန်းကျင်ရှိ လူများအားလုံးကို လှည့်ကြည့်လိုက်သည်။
ဒီလူတွေဟာ ကိုယ်ခံပညာ သင်ယူဖို့လား ဒါမှမဟုတ် လှပတဲ့ လူနာ ကို ကြည့်ရှုဖို့ ရှိနေသလားလို့ သူ တွေးမိသည်။
ထို့နောက် လူနာ သည် စင်ပေါ်မှ စတင် စကားပြောသည်။
"မင်္ဂလာပါ ကျောင်းသားတို့!" သူမ၏ အသံသည် ကြည်လင်ပြတ်သားသည်။
"မင်္ဂလာပါ ဥက္ကဌ!" ရာနှင့်ချီသော လူများက အော်ဟစ်ကြသည်။
ဒါကဒေးဗစ်ကို ထိတ်လန့်စေသည်။
နိုင်ငံတစ်ခု၏ အုပ်စိုးရှင်ပြောသောစကားကို သူနားထောင်နေပုံရသည်။
“ဒီနေ့တော့ ကိုယ်ခံပညာဆိုတာ ဘာလဲ ဆိုတာကို မင်းတို့အားလုံးကို ပြောပြမယ်။
“ကိုယ်ခံပညာက မင်းတို့ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး အသက်ကို ရှည်စေနိုင်တယ်။
“ပျံသန်းနေသလိုမျိုး လမ်းလျှောက်နိုင်သေးတဲ့ အသက်တစ်ရာအရွယ် အဘိုးအိုတစ်ယောက်ကို တွေ့ဖူးတယ်မလား ဒါက ကိုယ်ခံပညာ လေ့ကျင့်ခြင်းက မင်းရဲ့ ခန္ဓာကိုယ်ကို ပေးစွမ်းနိုင်စေမယ့် သက်တမ်းကိုဆိုလိုတာပါ။
“ကိုယ်ခံပညာ ကောင်းကောင်းတတ်ဖို့က မင်းရဲ့စိတ်ကို မွေးမြူခြင်းနဲ့ စတယ်။
"မင်းရဲ့စိတ်တွေကို မှန်ကန်တဲ့ ခေါင်းစဥ်မှာထားမှ ကိုယ်ခံပညာမှာ တစ်ခုခုကို အောင်မြင်နိုင်မှာပါ။
"သေချာပါတယ်၊ မင်းသိုင်းပညာကို ထပ်ပြီးတက်ချင်တယ်ဆိုရင်တော့ အရည်အချင်းက အရေးကြီးဆုံးပါပဲ။
"အချို့သော ပါရမီရှင်တွေက လေ့ကျင့်မှု သုံးနှစ်ဖြင့်သာ သာမန်လူများ တစ်သက်လုံး မတက်နိုင်သော နှိုင်းမဲ့ အမြင့်သို့ ရောက်နိုင်တယ်။"
“ဟုတ်ပါတယ်၊ ငါမင်းတို့အားလုံးကို စိတ်ဓာတ်ကျဖို့ မလိုပါဘူး။ ဘာမှ မအောင်မြင်ရင်တောင် အနည်းဆုံးတော့ ခန္ဓာကိုယ်ကို သန်မာအောင် ကူညီပေးနိုင်ပါတယ်။
“ကိုယ်ခံပညာရဲ့ စိတ်ဓာတ်က မထိခိုက်စေဘဲ ရန်လိုမှုကို ထိန်းချုပ်ဖို့ဖြစ်ပြီး အဆုံးစွန်ပန်းတိုင်ကတော့ ပဋိပက္ခကိုရယူပြီး အလယ်ဗဟိုကိုရှာဖွေဖို့ပါပဲ။ “ကိုယ်ခံပညာသည် အကြမ်းဖက်မှု၊ သတ်ဖြတ်ခြင်းအတွက် မဟုတ်ဘဲတိုက်ခိုက်ခြင်းလည်း မဟုတ်ပါ။ ယင်းအစား သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းမှန်သမျှကို လျင်မြန်စွာရပ်တန့်ရန်၊ သတ္တဝါအားလုံးကို ကာကွယ်စောင့်ရှောက်ရန်၊ တွန်းတွန်းတိုက်တိုက်တွန်းလှန်ရန်၊ အခြားသူများကို ငဲ့ညှာရန်၊ ကိုယ်ခံပညာကို သင်မည်သူဖြစ်သည်ကို အသွင်ပြောင်းရန်နှင့် ကောင်းကင်နှင့်မြေကြီးကို အသက်ရှုသွင်းရန်သာ အသုံးပြုရန်ဖြစ်တယ်။"
အဲဒီနောက်မှာတော့ သူမက စကားတစ်ခွန်းကို ဆက်ပြောခဲ့သည်။
ဒေးဗစ်သူမပြောသော စကားတစ်ခွန်းကိုမှနားမလည်။
'ဘာတွေပြောနေတာလဲ၊
နည်းစနစ်တွေ သင်ယူဖို့၊ တိုက်ခိုက်နည်းတွေကို သင်ယူဖို့၊ ရပ်တည်ချက်တွေကို လေ့လာဖို့ ဒီကို ရောက်လာတာပါ။
ကြွားလုံးထုတ်ပြီး ပြောတာကို နားထောင်ဖို့ ငါ ဒီကိုလာတာ မဟုတ်ဘူး။
*ss ဟောပြောပွဲကို အကြာကြီး နားထောင်ပြီးနောက် လက်တွေ့ ဘာမှ မလေ့လာရသေးပါ။
စာစဥ်(၈)End