မင်းတို့အားလုံး ဒီနေ့ဒီနေရာမှာ သေလို့ရပြီ
Vol. 139 Ch. 2071
အူးမြူးအားရနေသော နတ်ဘုရားဧကရာဇ်နှင့်ယှဥ်လျှင် သိုင်းတာအိုပင်မခန္ဓာက တစ်ချိန်လုံးမှာတည်ငြိမ်နေ၏။
တကယ်တော့... စောစောက လေဟာနယ်အက်ကွဲသွားစဥ် သူသည် လေဟာနယ်အနက်ပိုင်းထဲမှ အင်အားကြီးမားသော စွမ်းပကားတစ်ခုစိမ့်ထွက်လာခဲ့သည်ကို ခံစားမိခဲ့ပြီဖြစ်၏။
ထိုစွမ်းအားသည် အောက်ဘုံလောကများ၏ အကန့်အသတ်ကို ကျော်လွန်နေခဲ့ပြီဖြစ်ပြီး မဟူရာအမြုတေနယ်ပယ်သို့ ရောက်ရှိနေလေပြီ။
သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်က ကမ္ဘာမြေအင်မော်တယ်တစ်ယောက်နှင့် ယှဥ်နိုင်နေပြီဖြစ်၏။
ထို့ကြောင့် သူက အကြောက်အလန့်ကင်းမဲ့ပြီး နတ်ဘုရားကုန်းမြေသို့ နတ်ဘုရားဧကရာဇ်နောက်ကနေ လိုက်ပါလာခဲ့၏။
နတ်ဘုရားကုန်းမြေဟုခေါ်သောဤနေရာမှာ ဘယ်လိုနတ်ဘုရားတွေရှိမလဲ သူကတွေ့မြင်ချင်၏။
ထိုစဥ်မှာပင် ရွှေရောင်အလင်းများက လောကကနေရုတ်တရက်ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်လေဟာနယ်ထဲသို့ဝင်ရောက်ကာ ရွှေရောင်မှော်စာလုံးများကိုဖြစ်ပေါ်လာစေ၏။
လောကကအနည်းငယ်တုန်ခါသွားပြီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။
“ဟီးဟီး”
နတ်ဘုရားဧကရာဇ်က ပြုံးလိုက်၏။
“သိုင်းဧကရာဇ်... နတ်ဘုရားကုန်းမြေကို လုံးဝချိပ်ပိတ်လိုက်ပြီ... အခုမင်းက ထွက်ပြေးချင်တယ်ဆိုရင်တောင်မှ ထွက်ပြေးဖို့မဖြစ်နိုင်တော့ဘူး”
“ငါမင်းကိုစောစောက စကားပြောနေခဲ့တာက နတ်ဘုရားမျိုးနွယ်သက်ရှိတွေက သူတို့ရဲ့ပညာရပ်တွေကိုထုတ်ဖော်နိုင်ဖို့ အချိန်ဆွဲပေးနေခဲ့တာပဲ... မင်းအဲ့ဒါကိုထင်မှတ်မထားဘူးမလား”
“မင်း.. ငါ့လှည့်ကွက်ထဲမှာ တစ်ခါထပ်ပြီး ကျဆင်းသွားရပြန်ပြီ”
တကယ်တော့... နတ်ဘုရားဧကရာဇ်က အနည်းငယ်စိတ်လှုပ်ရှားနေပြီး သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ဦးဆောင်မှုနောက်သို့ တစ်ဆင့်ပြီးတစ်ဆင့် လိုက်ပါလာခဲ့သည်ဟု တွေးထင်နေ၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာသည် အရူးတစ်ယောက်ကိုကြည့်နေရသည့်အလား သူ့ကိုကြည့်နေ၏။
ရုတ်တရက်ဆိုသလို... ။
တလက်လက်တောက်ပနေသော ပုံရိပ်ဆယ်ခုကျော်က နတိဘုရားဧကရာဇ်၏ နောက်ဘက် လေဟာနယ်ထဲမှာ တဖြည်းဖြည်းပေါ်ထွက်လာ၏။ သူတို့၏ အော်ရာများက စွမ်းအားကြီးမားပြီး နတ်ဘုရားဧကရာဇ်အဆင့်ကို များစွာကျော်လွန်သွားခဲ့လေပြီ။
ထိုနတ်ဘုရားမျိုးနွယ်သက်ရှိများ၏ ခန္ဓာကိုယ်များထဲကနေ ကောင်းကင်နှင့်မြေကြီး အမြုတေချီအတက်အကျများရှိနေသည်ကို သိုင်းတာအိုပင်မခန္ဓာက ရှင်းလင်းစွာခံစားမိလိုက်၏။
သူ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး နတ်ဘုရားမျိုးနွယ်သက်ရှိများ၏ ကျင့်ကြံမှုနယ်ပယ်များကို ရှင်းလင်းစွာစစ်ဆေးကြည့်လိုက်နိုင်၏။
နတ်ဘုရားမျိုးနွယ်သက်ရှိများကြားမှာ အားအနည်းဆုံးသူက အဆင့်-၁ မဟူရာအမြုတေနယ်ပယ်မှာရှိပြီး အသန်မာဆုံးသူက အဆင့်-၇ မဟူရာအမြုတေနယ်ပယ်မှာသာရှိလေသည်။
ဒါ့အပြင် အဆင့်-၇ မဟူရာအမြုတေနယ်ပယ်မှာရှိသော နတ်ဘုရားမျိုးနွယ် သက်ရှိသည် တစ်ခေါင်းလုံးဖြူဖွေးနေပြီး ဘဝသက်တမ်းများစွာမကျန်ရှိတော့ဘဲ သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်နေလေပြီ။
သိုင်းတာအိုပင်မခန္ဓာက လုံဝအံ့အားသင့်သွားခြင်း မရှိပေ။
ဤလောကသည် ကမ္ဘာငယ်တစ်ဘီလီယံနှင့် ကင်းလွတ်ပြီး အောက်ဘုံလောကရှိ ကောင်းကင်နှင့်မြေကြီး နိယာမများ၏ သက်ရောက်ခြင်းမခံရသော်လည်း၊ ကောင်းကင်နှင့်မြေကြီး အမြုတေချီကပင်တည်ရှိနေသော်လည်း ဤလောကမှာရှိသောအမြုတေချီက အရမ်းကိုပါးလွှာလွန်းလေသည်။
ဤလောကမှာ အထက်ဘုံလောက၏ အမြုတေချီတစ်စကို ခိုးယူထားဖို့အတွက် အထက်ဘုံမှ အန္တိမပညာရှင်တစ်ဦးက လျှို့ဝှက်အတတ်တချို့ကို အသုံးပြုခဲ့သည့်ပုံပင်။
အချိန်ကာလကြာမြင့်ပြီးနောက် ဤလောကထဲသို့ ဝင်ရောက်လာသောအမြုတေချီက လျစ်လျူရှု၍ ရသလောက်နီးပါး ဖြစ်သွားခဲ့လေပြီ။
ဤကုန်းမြေတိုက်မှာရှိသော အမြုတေချီကပါးလွှာလွန်းပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ပထမဆုံး တက်လှမ်းခဲ့သော နဂါးအသူရာချောက်နက်ကြယ်ထက်ပင် များစွာနိမ့်ကျနေ၏။
နဂါးအသူရာချောက်နက်ကြယ်မှာကျင့်ကြံနေသော သက်ရှိများမှာ ကျင့်ကြံရေးအရင်းအမြစ်များက အကန့်အသတ်ရှိလေသည်။ သူတို့က ဘဝသက်တမ်းကုန်ဆုံးလာလျှင်တောင် ထိုကြယ်ပေါ်ရှိ ကောင်းကင်နှင့်မြေကြီးအမြတေချီနှင့်အတူ အဆင့်-၉ မဟူရာအမြုတေနယ်ပယ်သို့ရောက်ရှိအောင်ပင် ကျင့်ကြံနိုင်ကြလိမ့်မည် မဟုတ်ပေ။
နဂါးအသူရာချောက်နက်ကြယ်မှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီက ဘယ်လောက်ပင်ပါးလွှာသည်ဖြစ်စေ အဲ့ဒါက အထက်ဘုံလောကဖြစ်နေဆဲပင်။
နဂါးအသူရာချောက်နက်ကြယ်မှာပင် ထိုသို့ဆိုလျှင် အောက်ဘုံလောက၏ ဤနတ်ဘုရားကုန်းမြေက ဘယ်လောက်များတတ်နိုင်မှာလဲ။
အမြုတေစုဖွဲ့ဆေးလုံးကဲ့သို့ ကျင့်ကြံရေးအရင်းအမြစ်များမရှိဘဲ ဤနတ်ဘုရားကုန်းမြေမှာရှိသော နတ်ဘုရားမျိုးနွယ်သက်ရှိများသည် သူတို့၏ ဘဝသက်တမ်းများကုန်းဆုံးသွားမည်ဆိလျှင်တောင် အဆင့်-၉ မဟူရာအမြုတေနယ်ပယ်ထိရောက်အောင် ကျင့်ကြံနိုင်လိမ့်မည်မဟုတ်ပေ။
“မင်းက... ထျန်ဟွမ်ကုန်းမြေတိုက်က သိုင်းဧကရာဇ်... ဟုတ်တယ်မလား”
နတ်ဘုရားမျိုးနွယ်သက်ရှိအိုကြီး၏ အကြည့်က သိုင်းတာအိုပင်မခန္ဓာပေါ်သို့ ဆင်းသက်လာပြီး မေးလိုက်၏။
“စီနီယာ”
နတ်ဘုရားဧကရာဇ်က ခပ်မြန်မြန်ဝင်ပြောလိုက်၏။
“အဲ့ဒါသူပဲ... ကျုပ်တို့နတ်ဘုရားမျိုးနွယ်ရဲ့ မြင့်မြတ်ပုရောဟိတ်နဲ့ နဂါးစီးသူရဲကောင်းက သူ့ရဲ့လက်ထဲမှာသေဆုံးသွားပြီ... ကျုပ်တို့ရဲ့ ကလန်သားပေါင်း သန်းရာချီကလည်း သူ့ရဲ့သတ်ဖြတ်ခြင်းခံခဲ့ရပြီ”
“နတ်ဘုရားကုန်းမြေတိုက်ရဲ့ ဗဟိုနတ်ဘုရားမြို့တော်ကတောင် သူ့ရဲ့မီးတောက်တွေနဲ့ လောင်ကျွမ်းခံရပြီး ပျက်စီးသွားခဲ့ပြီ”
မဟူရာအမြုတေနယ်ပယ်မှာရှိသော နတ်ဘုရားမျိုးနွယ် သက်ရှိများသည် သိုင်းတာအိုပင်မခန္ဓာကို အေးစက်စွာ စိုက်ကြည့်ပြီး သူတို့၏ ရင်ထဲရှိသတ်ဖြတ်လိုစိတ်များကို ဖုံးကွယ်မထားကြပေ။
ဤမဟူရာနတ်ဘုရားများသည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို ထုတ်ဖော်ပြီး သိုင်းတာအိုပင်မခန္ဓာကို ကြိမ်ဖန်များစွာ စစ်ဆေးကြည့်ခဲ့သော်လည်း သူတို့သည် ထူးခြားမှုတစ်စုံတစ်ရာကို သတိမထားမိနိုင်ကြပေ။
အတိအကျဆိုရလျှင် သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ နောက်ခံကို လုံးဝမထောက်လှမ်းနိုင်ကြပေ။
သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအိုကိုကျင့်ကြံထားပြီး သိုင်းတာအိုမျိုးဆက်ကို တည်ဆောက်ကာ ကံကြမ္မာစက်ကွင်းများကိုစုဖွဲ့ခဲ့၏။ ဤမဟူရာနတ်ဘုရားများကို မပြောနှင့် ကောင်းကင်နတ်ဘုရားများ သို့မဟုတ် ပကတိနတ်ဘုရားများ ဤနေရာမှာရှိနေလျှင်တောင် သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်ကို ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
မဟူရာနတ်ဘုရားများစွာသည် သိုင်းတာအိုပင်မခန္ဓာ၏ နောက်ခံကိုမပြောနိုင်သော်လည်း အောက်ဘုံလောကများမှာ သူတို့ထက်သာလွန်နိုင်သည့်သူ မည်သူမျှမရှိဟု သူတို့ကယုံကြည်ထားသောကြောင့် အကြောက်အလန့်ကင်းမဲ့နေ၏။
နတ်ဘုရားမျိုးနွယ်သက်ရှိအိုက သူ၏ခေါင်းကိုညင်သာစွာခါပြီး သက်ပြင်းချလိုက်၏။
“ထျန်ဟွမ်ကုန်းမြေတိုက်က အမျိုးသား... မင်းက ဘယ်အချိန်မှာ ရပ်တန့်ရမလဲ သိခဲ့မယ်ဆိုရင် မင်းက အခုလိုမျိုးသေရချင်မှသေရလိမ့်မယ်”
“ဒါပေမဲ့... မင်းရဲ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အရမ်းကိုထက်ရှလွန်းတယ်... မင်းက ငါတို့ကို အမြစ်ဖြတ်ချေမှုန်းသတ်ဖြတ်ချင်နေတာပဲ... အခု မင်းက ဒီလောကထဲကိုရောက်လာခဲ့ပြီဆိုတော့... မင်းက ဒီနေရာမှာ သေရတော့မယ်”
နတ်ဘုရားကုန်းမြေ၏ မဟူရာနတ်ဘုရားများက နတ်ဘုရားကုန်းမြေတိုက်မှာ ပေါ်ထွက်မလာတတ်ပေ။
အကြောင်းမှာ နတ်ဘုရားကုန်းမြေတိုက်တွင် သူတို့သည် ကောင်းကင်နှင့်မြေကြီး နိယာမများ၏ ကန့်သတ်ခြင်းခံထားရပြီး မဟူရာအမြုတေနယ်ပယ်မှာရှိသော သူတို့၏ စွမ်းအားကို ထုတ်ဖော်ရဲလိမ့်မည် မဟုတ်သောကြောင့်ပင်။
ထိုသို့ဖြင့် ဤမဟူရာနတ်ဘုရားများသည် အပြင်ဘက်မှာရှိသော နတ်ဘုရားဧကရာဇ်များနှင့် များစွာသိသာကွာခြားလိမ့် မည်မဟုတ်ပေ။
ဤနတ်ဘုရားကုန်းမြေမှာသာလျှင် မဟူရာနတ်ဘုရားများသည် မည်သည့်ထိန်ချန်မှုမှမရှိဘဲ သူတို့၏ အစွမ်းကုန်ဖြင့် ထုတ်ဖော်တိုက်ခိုက်နိုင်၏။
ထို့ကြောင့်ပင်လျှင် နတ်ဘုရားဧကရာဇ်သည် သိုင်းတာအိုပင်မခန္ဓာကို နတ်ဘုရားကုန်းမြေသို့ မျှားခေါ်ထုတ်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားခဲ့ခြင်းဖြစ်၏။
ထိုစဥ်မှာပင် နတ်ဘုရားဧကရာဇ်၏စိတ်က တဖြည်းဖြည်းတည်ငြိမ်လာပြီး သူကတစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိလာ၏။
သိုင်းတာအိုပင်မခန္ဓာက တည်ငြိမ်လွန်းနေ၏။
သူသည် နတ်ဘုရားကုန်းမြေထဲသို့ ဝင်ရောက်လာစဥ်ကတည်းက သိုင်းတာအိုပင်မခန္ဓာသည် စကားတစ်ခွန်းပြောဆိုခြင်းမရှိဘဲ သူ၏ မျက်နှာပေါ်မှာ မည်သည့်စိတ်ခံစားချက်မှလည်း ရှိမလာခဲ့ပေ။
မဟူရာနတ်ဘုရားဆယ်ပါးကျော် ပေါ်ထွက်လာစဥ်မှာတောင် သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲမှာ မည်သည့်အံ့အားသင့်မှုမှမရှိသည်ကို နတ်ဘုရားဧကရာဇ်က သတိထားမိလာ၏။
သိုင်းတာအိုပင်မခန္ဓာသည် မဟူရာနတ်ဘုရားများ၏ ကျင့်ကြံမှုနယ်ပယ်ကိုမသိရှိဘူးဆိုလျှင်တောင် မဟူရာနတ်ဘုရားများထုတ်ဖော်ထားသည့် ကြောက်စရာကောင်းသည့်စွမ်းအားကို သူကအာရုံမခံမိနိုင်တာ ဟုတ်နိုင်ပါ့မလား။
ဧကရာဇ်များထက် များစွာသာလွန်သော ဤကဲ့သို့သော စွမ်းအားနှင့်ရင်ဆိုင်ရချိန်မှာ သိုင်းဧကရာဇ်က ဘယ်လိုလုပ်ပြီး သူ့ဣန္ဒြေကိုထိန်းထားနိုင်တာလဲ။
နတ်ဘုရားဧကရာဇ်က အဲ့ဒါကို တွေးမိလေ သူကပို၍မသက်မသာခံစားလာရလေဖြစ်၏။
“သိုင်းဧကရာဇ်... မင်းက သေမင်းတံခါးဝကိုတောင်ရောက်နေပြီ... ဘာလို့တည်ငြိမ်ချင်ယောင် ဟန်ဆောင်နေသေးတာလဲ”
နတ်ဘုရားဧကရာဇ်က မနေနိုင်တော့ဘဲ အော်မေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက နတ်ဘုရားဧကရာဇ်နှင့် အခြားသူများကိုကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“နတ်ဘုရားကုန်းမြေလို့ခေါ်တဲ့ဒီနေရာမှာ ဒီမဟူရာနတ်ဘုရားတွေပဲရှိတာလား”
“ဟီးဟီး... တော်တော်မိုက်မဲတဲ့ကောင်ပဲ”
အဆင့်-၁ မဟူရာနတ်ဘုရားတစ်ယောက်က လှောင်ပြောင်ထေ့ငေါ့လိုက်၏။
“ငါတစ်ယောက်တည်းကတောင် မင်းကိုသတ်ဖို့လုံလောက်တယ်”
သူ့စကားမဆုံးသေးခင်မှာပင် အဆင့်-၁ မဟူရာနတ်ဘုရား၏ ပုံရိပ်က ဖျတ်ခနဲလှုပ်ရှားသွားပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။
တစ်ခဏချင်းမှာပင် သူက သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့သို့ရောက်ရှိလာ၏။
မဟူရာနတ်ဘုရားက မည်သည့်နည်းစနစ်ကိုမှ ထုတ်ဖော်ခြင်းမရှိဘဲ သူ၏ လက်သီးကိုဆုပ်လိုက်၏။ သူ၏ သွေးချီက ပစ်လွင့်ထွက်ပေါ်လာပြီး သူက သိုင်းတာအိုပင်မခန္ဓာ၏ ဦးခေါင်းကို ပစ်ထိုးချလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက လုံးဝလှုပ်ရှားခြင်းမရှိဘဲ မျက်တောင်ပင်မခတ်ပေ။
မဟူရာနတ်ဘုရား၏ လက်သီးက သူ၏ ဆံပင်နှင့်ထိတွေ့တော့မည့်ဆဲဆဲမှာပင် သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက် မဟူရာနတ်ဘုရား၏ လက်သီးကို ဖမ်းဆွဲလိုက်၏။
“ဟမ့်...”
တိုက်ခိုက်လိုက်သော အဆင့်-၁ မဟူရာနတ်ဘုရားသာလျှင်မဟုတ်ဘဲ လက်ရှိနတ်ဘုရားမျိုးနွယ်သက်ရှိများအားလုံး၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်လိုက်ကြ၏။
အဆင့်-၁ မဟူရာနတ်ဘုရားတစ်ဦး၏ ခန္ဓာကိုယ်ပင်လျှင် ကောင်းကင်နှင့်မြေကြီး အမြုတေချီ၏ ဆေးကြောသန့်စင်မှုကိုခံယူထားပြီး တကယ့်ကိုထူးခြားလေသည်။
ဒါ့အပြင် နတ်ဘုရားမျိုးနွယ်သည် အစကတည်းက သန်မာသောမျိုးဆက်သွေးနှင့် ကိုယ်ကာယကို ပိုင်ဆိုင်ထား၏။
အဆင့်-၁ မဟူရာနတ်ဘုရား၏ လက်သီးသည် အောက်ဘုံလောကများ၏ မည်သည့်ဓမ္မရတနာကိုမဆို သို့မဟုတ် မည်သည့်ဧကရာဇ်ကိုမဆို ဖျက်ဆီးပစ်ဖို့လုံလောက်နေ၏
သို့သော်လည်း သူ၏ လက်သီးသည် သိုင်းတာအိုပင်မခန္ဓာ၏ ဖမ်းဆုပ်ခြင်းကိုခံလိုက်ရပြီး တုတ်တုတ်မျှမလှုပ်နိုင်တော့ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်က အထက်ဘုံလောကနှင့် ကွာခြားသော်လည်း သူ၏ ခန္ဓာကိုယ်ကို တစ်ချိန်လုံး မီးတောက်များဖြင့် မီးဆေးထားပြီး ကောင်းကင်နှင့်မြေကြီး အမြုတေချီပမာဏများစွာကို အရည်ဖျော်ချထား၏။
သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ကို အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို သန့်စင်စုပ်ယူခြင်းဖြင့် ကျင့်ကြံထားခဲ့ပြီး ဤမဟူရာနတ်ဘုရားများ၏ ခန္ဓာကိုယ်များထက် အဆင့်များစွာပိုမိုမြင့်မားလေသည်။
“ဒီနေရာမှာ... မင်းတို့တွေပဲရှိတာဆိုရင် မင်းတို့တွေအားလုံး ဒီနေ့ဒီနေရာမှာ သေလို့ရပြီ”
သိုင်းတာအိုပင်မခန္ဓာက ဂရုမထားဟန်ဖြင့် ပြောလိုက်၏။