← Chapters

အကုန်သေ

Vol. 139 Ch. 2072

အကုန်သေ

Vol. 139 Ch. 2072

ထိုစကားကို ကြားသောအခါ မဟူရာနတ်ဘုရား ၁၂ ဦး၏ ပထမဆုံး တုံ့ပြန်မှုမှာ အဲဒါက ရယ်စရာကောင်းသော စကားဖြစ်၏။

အောက်ဘုံလောကများမှ ဧကရာဇ်တစ်ဦးသည် သူတို့ကို ခြိမ်းခြောက်နေပြီး သူတို့ကို ဤနေရာမှာ သတ်ဖြတ်မည်ဟုပင် ကြေညာပြောဆိုနေ၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ဖမ်းဆုပ်ခြင်း ခံထားရသည့် အဆင့်-၁ မဟူရာအင်မော်တယ်က လုံးဝ မပြုံးနိုင်ပေ။

သူသည် သူ၏ လက်ဖဝါးမှ နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ သူ၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး သတိလစ်လုမတတ် ဖြစ်နေလေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ ဖမ်းဆုပ်ခြင်းခံထားရသော သူ၏ လက်သီးသည် အဆက်မပြတ် တင်းကျပ်လာနေသော တုတ်ခိုင်သည့် လက်ဖဝါးကို ခံစားမိနေ၏။ သူ၏ လက်သီးက ကျိုးကြေတော့မည့်ဆဲဆဲ ဖြစ်လာခဲ့၏။

ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ သူ၏ လက်သီးသည် သိုင်းတာအိုပင်မခန္ဓာ၏ ဖမ်းဆုပ်ခြင်းခံထားရသောအခါ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက ငြိမ်သက်သွားပြီး ဆက်လက်၍ မလည်ပတ်နိုင်တော့ပေ။

သူ့မှာ ခုခံဖို့အတွက် ခွန်အားပင် မကျန်ရှိတော့ပေ။

ဖောက်…

သွေးရောင်က ဖြာလက်သွား၏။

အဆင့်-၁ မဟူရာနတ်ဘုရား၏ လက်သီးက သိုင်းတာအိုပင်မခန္ဓာ၏ ညှစ်အားဖြင့် ​ကြေမွသွားလေသည်။

“အား..”

မဟူရာအင်မော်တယ်က စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

သူက နောက်သို့ မဆုတ်နိုင်ခင်မှာပင် သူ့ရှေ့မှာ ပုံရိပ်တစ်ခု ဖျပ်ခနဲလက်သွားသည်ကို ခံစားလိုက်ရ၏။ ထို့နောက် သူ၏ နှာရောင်မှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ အသိစိတ်ကို ဆုံးရှုံးသွားရ၏။

စူးစူးဝါးဝါးအော်သံက ယတိပြတ် ရပ်တန့်သွားခဲ့၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်ညှိုးကို ညင်သာစွာ ဝှေ့ယမ်းပြီး မဟူရာအင်မော်တယ်၏ နှာရောင်ထဲသို့ ဓားချီတစ်ခုကို ပစ်ထည့်ကာ သူ့ကို အလွယ်တကူ သတ်ဖြတ်ပစ်လိုက်၏။

သူက လုံးဝ ရပ်တန့်ခြင်း မရှိဘဲ မဟူရာနတ်ဘုရား၏ အလောင်းကို နင်းဖြတ်ကာ ကျန်ရှိနေသော မဟူရာနတ်ဘုရား ၁၂ ဦးထံသို့ လျှောက်လှမ်းသွား၏။

“အားလုံးပဲ သတိထား.. ဒီလူက ထူးဆန်းနေတယ်”

နတ်မျိုးနွယ်သက်ရှိအို၏ အမူအရာက တည်ကြည်လေးနက်လာခဲ့၏။

“ငါတို့ အတူပူးပေါင်းပြီး ဘာထိန်ချိန်မှုမှ မရှိဘဲ ဒီလူကို အရင်သတ်ပစ်ရအောင်”

သူ့စကား မဆုံးသေးခင်မှာပင် မဟူရာနတ်ဘုရား ၁၂ ဦးအတွင်းမှာ ရွှေရောင်သွေးချီတစ်ခုက တလိပ်လိပ်ထိုးတက်လာပြီး သူတို့က သူတို့၏ မျိုးဆက်သွေးနယ်မြေများကို စုဖွဲ့လာကြ၏။

နတ်ဘုရားမျိုးနွယ်သည် တိကျသော အသက်အရွယ်တစ်ခုထိ ရောက်ရှိလာပြီး သူတို့၏ မျိုးဆက်သွေးက နိုးထလာသည်နှင့် သူတို့သည် မျိုးဆက်သွေးနယ်မြေတစ်ခုကို စုဖွဲ့နိုင်ကြ၏။

“ကောင်းကင်ဘုံနတ်ဘုရား ဆင်းသက်ခြင်း”

“နတ်ဘုရားသွေးကျော့ကွင်း”

“……”

ထို့နောက် ချက်ချင်းပင် မဟူရာနတ်ဘုရား ၁၂ ဦးသည် သူတို့၏ ပင်ကိုနတ်ဘုရားစွမ်းအားများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်လိုက်ကြ၏။

“သတ်”

မဟူရာနတ်ဘုရားအိုက မာန်သွင်းအော်ဟစ်လိုက်ပြီး မဟူရာနတ်ဘုရား ၁၂ ဦးသည် တစ်ချိန်တည်းမှာ တိုက်ခိုက်ကာ သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ဆူဇီမိုထံ ပစ်ထုတ်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် မဟူရာနတ်ဘုရား ၁၂ ဦးသည် လူခွဲ​ပြီး သိုင်းတာအိုပင်မခန္ဓာထံသို့ အဘက်ဘက်ကနေ ဝင်ရောက်လာကြ၏။

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူ၏ ခန္ဓာကိုယ်ကနေ အသံတချို့ ထွက်ပေါ်လာ၏။

ဘန်း.. ဘန်း.. ဘန်း..

အချုပ်အနှောင်အချို့က ရုတ်တရက် ကျိုးပြတ်သွားသည့်အလား သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်တွင် ခရမ်းရောင် ရောင်လျှံစက်ဝန်းများက တစ်ခု​ပြီးတစ်ခု ပေါ်ထွက်လာသည်။

တစ်ခဏချင်းမှာပင် ခရမ်းရောင် ရောင်လျှံစက်ဝန်း ခြောက်ခု ပေါ်ထွက်လာ၏။

အဆင့်-၆ ကံကြမ္မာစက်ကွင်း..။

ကံကြမ္မာစက်ကွင်း ခြောက်ခုသည် သိုင်းတာအို၏ စိတ်စွမ်းအားကို စုစည်းပြီး ဓမ္မပညာရပ်များ အားလုံးက ယှက်ဖြာသွား၏။ သုတ္တန်တစ်ရာကျော်က လှည့်ပတ်လာပြီး နတ်ဘုရားဆန်ဆန် အလင်းတစ်ခုက တောက်ပလာခဲ့၏။

မဟူရာနတ်ဘုရား ၁၂ဦး ထုတ်ဖော်ထားသော မျိုးဆက်သွေးနယ်မြေများ၊ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များသည် ကံကြမ္မာစက်ကွင်း ခြောက်ခုနှင့် ညင်သာစွာ ထိခတ်​ပြီး ဖုန်မှုန့်များအဖြစ် ချက်ချင်းပင် ပြောင်းလဲသွား၏။

ကံကြမ္မာစက်ကွင်း ခြောက်ခု၏ လွှမ်းခြုံမှုအောက်မှာ သိုင်းတာအိုပင်မခန္ဓာသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ အနက်ရောင်ဆံပင်များက လေမတိုက်ဘဲ ယိမ်းနွဲ့နေ၏။ သူ၏ အကြည့်က တစ်လောကလုံးကို အထင်အမြင်သေးနေသော ဧကရာဇ်တစ်ပါးကဲ့သို့ လျစ်လျူရှု၍ မရနိုင်ဘဲ သမုဒ္ဒရာတစ်စင်းကဲ့သို့ နက်ရှိုင်းနေ၏။

နတ်ဘုရားကုန်းမြေမှာ မဟူရာနတ်ဘုရားများသည် စိတ်ရှိလက်ရှိ တိုက်ခိုက်နိုင်ကြ၏။

သို့သော် သိုင်းတာအိုပင်မခန္ဓာသည်လည်း ဤနေရာမှာ မည်သည့် ထိန်ချန်မှုမှ မရှိဘဲ တိုက်ခိုက်နိုင်လေသည်။

သူတို့အကြား ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေ၏။

မဟူရာအင်မော်တယ်အချို့သည် အချိန်မီ မရပ်တန့်နိုင်ဘဲ ကံကြမ္မာစက်ကွင်း ခြောက်ခုနှင့် ထိခတ်မိကာ နေရာမှာပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွား၏။

မဟူရာအင်မော်တယ်တစ်ဦးသည် သူ၏ကိုယ်ကာယနှင့် ကံကြမ္မာစက်ကွင်းများကိုပင် ဖျက်ဆီးပစ်လိုခဲ့၏။

သို့သော်လည်း သူ၏လက်သီးက ခရမ်းရောင် ကံကြမ္မာစက်ကွင်းများနှင့် ထိမိသည့်အချိန်မှာပင် အဲဒါက နေရာမှာပင် အေးခဲသွားပြီး တစ်ခဏချင်းမှာပင် ဘာမှမကျန်အောင် ပြောင်းလဲသွား၏။ အဲဒါက ကြေမွသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရ၏။

တကယ်ဆို သိုင်းတာအိုပင်မခန္ဓာသည် တိုက်ခိုက်ခြင်း မရှိပေ။

သူက ကံကြမ္မာစက်ကွင်း ခြောက်ခုကိုသာ ဆင့်ခေါ်ပြီး မဟူရာအင်မော်တယ်များ ရှေ့သို့ လျှောက်လှမ်းလာရုံဖြင့် သူတို့က တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြ၏။

တစ်ခဏချင်းမှာပင် မဟူရာနတ်ဘုရား ၁၂ ဦးထဲမှ တစ်ဝက်က သေဆုံးသွား၏။

ထိုအခိုက်အတန့်မှာ မဟူရာနတ်ဘုရားအိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ ဤလူသားက သူတို့ ရင်ဆိုင်နိုင်သည့် တစ်စုံတစ်ယောက် မဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်သွား၏။

“နတ်ဘုရား သရဖူကို ငါ့ကို ပေးစမ်း”

မဟူရာနတ်ဘုရားအိုက အော်ငေါက်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွား၏။ သူက နတ်ဘုရားဧကရာဇ်၏ ဦးခေါင်းထက်မှ နတ်ဘုရား သရဖူကို ဖြုတ်ယူပြီး မလှမ်းမကမ်းကနေ အဲဒါကို ဆင့်ခေါ်လိုက်၏။

သူက ကျန်ရှိနေသော မဟူရာနတ်ဘုရားများနှင့် အကြည့်ချင်းဖလှယ်ပြီး စိတ်ဝိညာဉ်အသိစိတ်များကို တစ်ချိန်တည်းမှာ လှည့်ပတ်ကာ​ ဂါထာမန္တန်များကို ရွတ်ဆို၍ လျှို့ဝှက်အတတ်များကို စုဖွဲ့လိုက်၏။

“နတ်ဘုရားမြို့တော်ရဲ့ အမည်နာမအားဖြင့် လောကမှာ ရှိတဲ့ အရာရာတိုင်းကို ဖယ်ရှားရှင်းလင်းပေးပါ”

နတ်ဘုရား သရဖူပေါ်ရှိ ကျောက်မျက်ရတနာ ရှစ်ခုက ရုတ်တရက် နို့နှစ်ဖြူရောင် အရောင်အဝါတစ်ခုကို ထုတ်ဖော်ပေးလိုက်၏။ မဟူရာနတ်ဘုရား ခြောက်ဦး၏ ထိန်းချုပ်မှုအောက်မှာ သူတို့သည် အလင်းတန်းတစ်ခုကို စုဖွဲ့ပြီး သိုင်းတာအိုပင်မခန္ဓာထံသို့ ပစ်ဝင်သွားစေ၏။

ဘုန်း..

နို့နှစ်ဖြူရောင် အလင်းတန်းက ကံကြမ္မာစက်ကွင်း ခြောက်ခုပေါ်သို့ ဆင်းသက်လာအခါ သူတို့က အနည်းငယ် ယိမ်းထိုးသွား၏။

သို့သော်လည်း နို့နှစ်ဖြူရောင် အလင်းတန်းက ချက်ချင်းပင် ပျက်ပြယ်သွားလေသည်။

မဟူရာနတ်ဘုရား ခြောက်ဦးက ဆတ်ခနဲ တုန်ယင်သွားပြီး စွမ်းအား၏ တန်ပြန်ရိုက်ခတ်မှုကို ခံစားရကာ ဖြူဖပ်ဖြူရော် အမူအရာများနှင့်အတူ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရ၏။

သိုင်းတာအိုပင်မခန္ဓာက ချဉ်းကပ်လာပြီး နတ်ဘုရား သရဖူကို ကောက်ယူလိုက်၏။

“အဲဒါ မဖြစ်နိုင်ဘူး”

မဟူရာနတ်ဘုရားအို၏ မျက်လုံးများက ပြူးကျယ်နေပြီး သူက မကျေမချမ်းဖြစ်နေ၏။

“မင်းက ဒီအဆင့်ထိရောက်အောင် ကျင့်ကြံလို့ မရဘူး.. မင်းရဲ့ ကျင့်ကြံမှုက မဟူရာနတ်ဘုရားနယ်ပယ်ကိုတောင် ကျော်လွန်နေပြီပဲ”

သိုင်းတာအိုပင်မခန္ဓာက ဂရုမစိုက်သော အမူအရာဖြင့် ကြည့်လိုက်၏။ သူ၏ နှာရောင်ပေါ်ရှိ ခရမ်းရောင်အလင်းက တောက်ပလာပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်က ဖျတ်ခနဲ လှုပ်ရှားသွား၏။

မဟူရာနတ်ဘုရား ခြောက်ဦး၏ အသိစိတ်များထဲမှာ ခရမ်းရောင်မီးတောက်တစ်ခုစီက သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို ရုတ်တရက် လောင်ကျွမ်းလာပြီး သူတို့ကို ချက်ချင်းပင် လွှမ်းခြုံသွား၏။

တစ်ခဏချင်းမှာပင် မဟူရာနတ်ဘုရားများ၏ အမြုတေစိတ်ဝိညာဉ်များက ခရမ်းရောင်မီးတောက်ဖြင့် လောင်ကျွမ်းပြာကျသွား၏။

မဟူရာနတ်ဘုရား​ ခြောက်ဦး၏ ခန္ဓာကိုယ်များက အကောင်းအတိုင်း ရှိနေသေးသော်လည်း သူတို့၏ အမြုတေစိတ်ဝိညာဉ်များကမူ ပျက်စီးသွားခဲ့လေပြီ။

အဲဒါသည် သိုင်းတာအိုပင်မခန္ဓာ ထုတ်ဖော်လိုက်သော အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် သိုင်းစိတ်ဝိညာဉ်မီး ဖြစ်၏။

သူ၏ အမြုတေစိတ်ဝိညာဉ် ကျင့်ကြံမှုနယ်ပယ်အရ မဟူရာနတ်ဘုရား​ ခြောက်ဦး၏ အမြုတေစိတ်ဝိညာဉ်များကို သန့်စင်ဖို့အတွက် အမြုတေစိတ်ဝိညာဉ်စွမ်းအားများစွာကိုပင် မလိုအပ်ပေ။

နတ်ဘုရားဧကရာဇ်သည် ဘေးတစ်ဖက်မှာ လုံးဝကို ကြောင်အမှင်တက်နေ၏။

သိပ်မကြာခင် မဟူရာနတ်ဘုရား ၁၃ ဦးစလုံးက နတ်ဘုရားကုန်းမြေ ဤနေရာမှာ သေဆုံးသွားကြ၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ့လက်ထဲရှိ နတ်ဘုရား သရဖူကို ကြည့်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထိုးသွင်းကာ အဲဒါကို ညင်သာစွာ အသက်သွင်းကြည့်လိုက်၏။ နတ်ဘုရား သရဖူကနေ မည်သည့် တုံ့ပြန်မှုမှ ရှိမလာဘဲ နို့နှစ်ဖြူရောင်စွမ်းအားကလည်း ထွက်ပေါ်မလာခဲ့ပေ။

နို့နှစ်ဖြူရောင်စွမ်းအားက အတော်လေး ထူးဆန်းပြီး ကံကြမ္မာမီးတောက်များကို ချေဖျက်ကာ သူ၏ ကံကြမ္မာစက်ကွင်းကိုပင် လှုပ်ခတ်စေနိုင်ခဲ့၏။

ထို့ကြောင့်​ သိုင်းတာအိုပင်မခန္ဓာက အဲဒါကို စူးစမ်းရှာဖွေချင်နေ၏။

နတ်ဘုရားဧကရာဇ်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ကြောက်ရွံ့စွာဖြင့် တံတွေးကို အလျင်အမြန် မျိုချလိုက်၏။ သိုင်းတာအိုပင်မခန္ဓာက နတ်ဘုရား သရဖူကို လေ့လာအကဲခတ်နေစဉ် သူ၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး နတ်ဘုရားကုန်းမြေ၏ အပြင်ဘက်သို့ ပြေးထွက်လိုက်၏။

သို့သော်လည်း သူက နတ်ဘုရားကုန်းမြေ၏ အာကာသဆုံမှတ်သို့ ရောက်ရှိလာပြီး အဲဒါကို ပစ်တိုက်လိုက်စဉ် သူသည် အပြင်ဘက်သို့ ထွက်မသွားနိုင်ဘဲ အထဲသို့ ပြန်ကန်ကျလာခဲ့၏။

“မင်း မေ့သွားပြီလား.. နတ်ဘုရားကုန်းမြေမှာ အဟန့်အတားတစ်ခုကို ခင်းကျင်းထားပြီးပြီလေ.. မင်း ထွက်ပြေးလို့ မရတော့ဘူး”

ထိုစဉ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ အသံက နတ်ဘုရားဧကရာဇ်၏ နားထဲမှာ ပေါ်ထွက်လာ၏။

နတ်ဘုရားဧကရာဇ်က ခေါင်းနားပန်းကြီးသွားပြီး ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့၏။

သူ မတုံ့ပြန်နိုင်ခင်မှာပင် တုတ်ခိုင်သော လက်ဖဝါးတစ်ဖက်က သူ၏ ဦးခေါင်းပေါ်သို့ ဆင်းသက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဆွဲထုတ်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာသည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ဝိညာဉ်ရှာဖွေခြင်းအတတ်ကို ထုတ်ဖော်လိုက်၏။

သူ၏ လက်ဖဝါးထဲမှ အလင်းလုံး၏ မျက်နှာပြင်ပေါ်တွင် အနက်ရောင် ချိန်းကြိုးများက ဆန့်တန်းထွက်ပေါ်လာပြီး နတ်ဘုရားဧကရာဇ်၏ အမြုတေစိတ်ဝိညာဉ်ကို ရစ်ပတ်လိုက်၏။

“အား…”

နတ်ဘုရားဧကရာဇ်၏ အမြုတေစိတ်ဝိညာဉ်က လှုပ်ရှားရုန်းကန်၍ ထပ်တလဲလဲ အော်ဟစ်နေ၏။ သို့သော်လည်း သူသည် နာကျင်ရသော ဖြစ်စဉ်ကို ခံနိုင်ရည် မရှိပေ။

နတ်ဘုရားဧကရာဇ်၏ အမြုတေစိတ်ဝိညာဉ်ကနေတစ်ဆင့် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲသို့ ပုံရိပ်များစွာက တဖျပ်ဖျပ်ဝင်ရောက်လာ၏။

သူသည် နတ်ဘုရား သရဖူနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရှာဖွေနေ၏။

ခဏနေပြီးနောက် နတ်ဘုရားဧကရာဇ်၏ အမြုတေစိတ်ဝိညာဉ်က ညှိုးခြောက်လုနီးပါးဖြစ်လာစဉ် သိုင်းတာအိုပင်မခန္ဓာသည် သူလိုချင်သည့်အဖြေကို ရရှိသွားပြီး သူ၏လက်ကို ညင်သာစွာ ဆုပ်လိုက်၏။

အလင်းလုံးက ကြေမွသွားပြီး နတ်ဘုရားဧကရာဇ်၏ အမြုတေစိတ်ဝိညာဉ်ကလည်း ပျက်စီးသွားလေသည်။

All Chapters