တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခြင်း
Vol. 139 Ch. 2075
ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၊ မဟာကျင်းအင်မော်တယ်နိုင်ငံတွင်...။
နေလတိုင်းပြည်၊ ကြယ်တာရာဂိုဏ်း...။
ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံဖို့ ဝင်ရောက်သွားခဲ့သည်မှာ နှစ်ပေါင်းထောင့်ငါးကျော်ကြာသွားခဲ့လေပြီ။
ဤနှစ်များအားလုံးမှာ သူသည် လုံးဝပေါ်ထွက်မလာခဲ့ပေ။
သူ့လိုဏ်ဂူခန်းဝါ၏ အနီးနားဝန်းကျင်မှာ မြက်ပင်ပေါင်းပင်များဖြင့် ပြည့်နှက်နေပြီဖြစ်၏။ ဒါ့အပြင် သူတို့က အလွန်တရာကြီးထွားလာပြီး လိုဏ်ဂူခန်းဝါကိုပင် ဖုံးအုပ်တော့မည်ဖြစ်၏။
လိုဏ်ဂူခန်းဝါအတွင်းမှာ ခပ်ဖျော့ဖျော့အသက်ဓာတ်အားတစ်ခုကို အာရုံခံမိနေခြင်းကြောင့်သာ မဟုတ်လျှင် ထိုစဥ်တုန်းက ယစ်ထုတ်သည် လိုဏ်ဂူခန်းဝါအတွင်းမှာ သေဆုံးသွားသည်ဟု အခြားသောလူများက တွေးမိကြပေလိမ့်မည်။
သူသည် ကြယ်တာရာဂိုဏ်းကို ဝင်ရောက်ခဲ့စဥ်က ကြယ်ငေးကြည့်စင်ပေါ်မှာ ဖြစ်ပွားခဲ့သော အပြောင်းအလဲများကိုလည်း လူတိုင်းက တဖြည်းဖြည်းမေ့ပျောက်သွားကြပြီဖြစ်၏။
ရှန်ကွမ်မိသားစု၏ ရှန်ကွမ်ချန်ကလွဲလျှင်။
သူမ၏ လိုဏ်ဂူခန်းဝါက ဆူဇီမို၏ လိုဏ်ဂူခန်းဝါအနီးနားမှာဖြစ်၏။
အချိန်တစ်ခုကြာပြီးတိုင်း သူမသည် ဤနေရာသို့ တစ်ချက်လာရောက်ကြည့်ရှုတတ်၏။
. . . . .
“ဒီလူက ဘယ်လိုမူးနေရမလဲပဲသိတယ်... သူက လိုဏ်ဂူခန်းဝါထဲမှာ အမူးလွန်ပြီး အချိန်စီးဆင်းမှုကိုတောင် မသိတော့ဘူးထင်တယ်”
မလှမ်းမကမ်းမှာလူငယ်တစ်ယောက်က အစိမ်းရောင်ကျောက်တုံးတစ်တုံးပေါ်မှာလှဲပြီး ခြေနှစ်ဖက်ကိုချိတ်ထား၏။
အခြားသောလူတစ်ယောက်က ပြောလိုက်၏။
“ငါ့အထင်တော့... ငါတို့က ဒီနေရာမှာသက်သက်အချိန်လာဖြုန်းနေရတာဘဲ... အဲ့ဒီငမူးကောင်က ဘယ်အချိန်မှာ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာမလဲ ဘယ်သူသိမှာလဲ”
ရှဲကလန်၏ ကလန်သားတစ်ယောက် ရှဲယုံ။
အခြားသောတစ်ယောက်က လင်းကလန်၏ ကလန်သား လင်းကုံဖြစ်၏။ သူတို့နှစ်ယောက်စလုံးသည် အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်များဖြစ်ကြ၏။
အရင်တုန်းက ရှဲထျန်ဖုန့်နှင့် လင်းမင်သည် ဆူဇီမိုကို ပြဿနာရှာချင်ခဲ့ကြ၏။ သို့သော်လည်း လိုဏ်ဂူခန်းဝါ၏ အပြင်ဘက်ရှိ အစီအရင်ဝင်္ကပါက သူတို့ကို ပိတ်ဆို့တားဆီးထားပြီး သူတို့သည် ဆူဇီမိုကိုစောင့်ကြည့်ဖို့အတွက် သူတို့၏ ကလန်သားနှစ်ယောက်ကိုသာ ပို့လွှတ်ထားခဲ့၏။
တစ်ခဏချင်းမှာပင် နှစ်ပေါင်းတစ်ထောင်ကျော်က ကုန်ဆုံးသွားခဲ့လေပြီ။
“အဲ့ဒီယစ်ထုတ်က နဲနဲတော့ထူးဆန်းတယ်”
ရှဲယုံက ပြောလိုက်၏။
“ပုံမှန်ဆိုရင်... ကြယ်တာရာဂိုဏ်းကို ဝင်ရောက်လာတဲ့ကျင့်ကြံသူတွေက ကြယ်တာရာဂိုဏ်းရဲ့ ဒဏ္ဍာရီလာကျင့်ကြံရေးနည်းစနစ်ကိုရှာဖွေဖို့အတွက် မျှော်လင့်ချက်နဲ့ပဲ... ဒါပေမဲ့ အဲ့ဒီယစ်ထုတ်ကတော့... အပြင်ဘက်ကို ဘယ်တုန်းကမှ ထွက်မလာခဲ့ဘူး”
“အမှန်ပဲ... သူက ဂိုဏ်းကနေကျင်းပပေးတဲ့ ပွဲတော်တွေနဲ့ ပြိုင်ပွဲတွေမှာတောင်မှ ဝင်မပါခဲ့ဘူး”
လင်းကုံက ပြန်ပြောလိုက်၏။
“အဲ့ဒီလူက ဂိုဏ်းရဲ့တာဝန်တွေကိုလည်း တစ်ခါမှမထမ်းဆောင်ဘူးဆိုတော့... သူကကျင့်ကြံဖို့အတွက် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေနဲ့ အမြုတေစုဖွဲ့ဆေးလုံးတွေကို ဘယ်ကနေရမှာလဲ”
“အဲ့ဒီယစ်ထုတ်ကောင်က ဂိုဏ်းအတွက်တာဝန်တစ်ခုခုကို ပြီးမြောက်အောင်မထမ်းဆောင်ဘူးဆိုလျှင်တောင် သူက ဝိုင်သောက်ရဖို့အတွက် တစ်ခုခုကိုသေချာပေါက်လုပ်ရတော့မယ်လို့ငါထင်တယ်”
“ဟားဟား”
သူတို့နှစ်ယောက်က ရယ်မောလိုက်ကြ၏။
ထိုစဥ်မှာပင် မလှမ်းမကမ်းလိုဏ်ဂူခန်းဝါကနေ တကျွိကျွိမြည်သံက ထွက်ပေါ်လာ၏။
ရှဲယုံနှင့် လင်းကုံက မှင်တက်သွားပြီး ခပ်မြန်မြန်လှမ်းကြည့်လိုက်ကြ၏။
မြက်ပင်ပေါင်းပင်များဖြင့် အုပ်မိုးနေသည့် လိုဏ်ဂူခန်းဝါတံခါးက ဖြည်းဖြည်းချင်းပွင့်ဟသွား၏။ ဖုန်လုံးများက တထောင်းထောင်းထလာခဲ့လေသည်။
ထို့နောက် လိုဏ်ဂူခန်းဝါထဲကနေ လေပြင်းတစ်ချက်တိုက်ခတ်လာပြီး ဝင်ပေါက်ဝမှာရှိသော ဖုန်မှုန့်များကို လွင့်ပြယ်သွားစေ၏။
အရပ်ရပ်ရှည်ရှည်ပုံရိပ်တစ်ခုက ယိမ်းထိုးကာထွက်လာခဲ့၏။
အဲ့ဒါက မိုလင်းဟုခေါ်သောယစ်ထုတ်ကောင်ဖြစ်လေသည်။
“ဒီလူက တံခါးပိတ်ကျင့်ကြံရာကနေ တကယ်ကြီးထွက်လာခဲ့ပြီပဲ”
ရှဲယုံက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
ဤလူက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာသည်ကိုတွေ့မြင်သောအခါ သူက ဤကိစ္စကို ပြန်သွားကာ အစီရင်ခံတင်ပြပြီး ဤနေရာကို စောင့်ကြည့်နေစရာလိုတော့မည်မဟုတ်ပေ။
“ညီကိုရှဲ.... တစ်ခုခုတော့လွဲနေသလိုပဲ”
ရှဲယုံက ထွက်ခွာတော့မည့်ဆဲဆဲမှာပင် လင်းကုံက သူ့ကိုရုတ်တရက် ဖမ်းဆွဲပြီး ပြောလိုက်၏။
“ဘာလို့လဲ”
ရှဲယုံက အစီရင်ခံတင်ပြဖို့အတွက် အလောတကြီးရှိနေပြီး သူကစိတ်မရှည်နိုင်စွာပြောလိုက်၏။
လင်းကုံက ပြောလိုက်လေသည်။
“အဲ့ဒီယစ်ထုတ်က ကြယ်တာရာဂိုဏ်းကို ဝင်ရောက်တုန်းက သူကအဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဆိုတာ ကျုပ်မှတ်မိပါသေးတယ်”
“အဲ့ဒါဟုတ်တယ်လေ”
ရှဲယုံက ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် သူသည် လင်းကုံဆိုလိုသည့်အဓိပ္ပါယ်ကိုသတိထားမိသွားပြီး တုန်လှုပ်စွာဖြင့် အလောတကြီးမေးလိုက်၏။
“ဘာလို့လဲ... သူက အဆင့်-၂ ကမ္ဘာမြေအမြုတေနယ်ပယ်ကို ချိုးဖျက်တက်လှမ်းသွားပြီလား”
နှစ်ထောင့်ငါးရာမှာ အဆင့်တစ်ခုကိုချိုးဖျက်နိုင်သောမည်သူမဆို ပါရမီရှင်များကြားမှ ပါရမီရှင်တစ်ဦးဖြစ်၏။
“သူက အဆင့်-၂ အမ္ဘာမြေအမြုတေနယ်ပယ်ကို ချိုးဖျက်တက်လှမ်းသွားတာမဟုတ်ဘူး”
လင်းကုံက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပုံရပြီး သူ၏ ခေါင်းကိုခါယမ်းလိုက်၏။
“ခင်ဗျားဘာသာတစ်ချက်ကြည့်လိုက်ဦး... ကျုပ် မြင်တာမှားနေတာ ဖြစ်ချင်ဖြစ်မယ်”
ရှဲယုံသည် တစ်ဘက်သို့လှည့်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ စစ်ဆေးကြည့်လိုက်၏။
“အို...”
ရှဲယုံ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
“အဆင့်-၄ ကမ္ဘာမြေအမြုတေနယ်ပယ်”
နှစ် ၁၅၀၀ မှာ အဆင့်သုံးဆင့်။
ရှဲယုံသည် မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွား၏။
“အဲ့...အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”
ရှဲယုံသည် အဲ့ဒါကိုလက်မခံနိုင်ဘဲ ထပ်တလဲလဲတီးတိုးရေရွတ်လိုက်၏။
သူက ထိုယစ်ထုတ်၏ ကျင့်ကြံမှုကို ထပ်မံ၍စစ်ဆေးကြည့်မည်ပြုစဥ်မှာပင် ထိုသူက လေထဲသို့ပျံတက်ကာ သူတို့၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားပြီကို တွေ့ရှိလိုက်ရ၏။
“အဆင့်-၄ ကမ္ဘာမြေအမြုတေနယ်ပယ်လား”
လင်းကုံက မေးလိုက်၏။
ရှဲယုံက ခက်ခက်ခဲခဲဖြင့် ခေါင်းညိတ်ပြလိုက်၏။
သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်ပြီး ခပ်မြန်မြန်မတ်တတ်ထရပ်ကာ ဤကိစ္စကို ရှဲထျန်ဖုန့်နှင့်လင်းမင်ထံ အစီရင်ခံတင်ပြဖို့ ပြင်လိုက်ကြ၏။
တကယ်တော့... ဆူဇီမိုသည် ရှဲယုံနှင့် လင်းကုံ၏ တည်ရှိမှုကို သတိထားမိခဲ့၏။
သို့သော်လည်း သူကသူတို့နှစ်ယောက်ကို လျစ်လျူရှုထားခဲ့၏။
သူသည် ဤတစ်ခေါက်ကြယ်တာရာဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်မှာ ဂိုဏ်း၏ အကာအကွယ်ကိုအသုံးချကာ တံခါးပိတ်ကျင့်ကြံလိုသောကြောင့်ဖြစ်၏။
သူသည် မည်သူ့ကိုမှ ရန်မစလိုသလို မည်သည့်ပြဿနာကိုမှလည်း မရှာချင်ပေ။
ဆူဇီမိုသည် ဤတစ်ခေါက်ကျင့်ကြံမှုကနေ အကျိုးအမြတ်များစွာရရှိခဲ့၏။
သူသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၊ ဗလာနယ်မိုးကြိုးကျင့်စဥ်နှင့် နတ်ဆင်အသက်ရှုခြင်းနည်းစနစ်တို့ကို နားလည်ဆင်ခြင်နိုင်ခဲ့၏။
မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်ကနေ သင်ကြားပေးခဲ့သော လျှို့ဝှက်အတတ်ကိုလည်း သာမန်ကျွမ်းကျင်မှုရရှိသည်အထိ ကျင့်ကြံနိုင်ခဲ့ပြီဖြစ်၏။
ဒါ့အပြင် သူ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၄ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
သူ၏ အမြုတေစိတ်ဝိညာဥ်ကလည်း အဆင့်-၆ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ရောက်ရှိသွားခဲ့လေပြီ။
ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာပင် ဤကဲ့သို့သော ကျင့်ကြံမှုအလျင်အဟုန်ကို ကျော်တက်နိုင်မည့်သူက မရှိသလောက်ပင်ဖြစ်၏။
အဓိကအကြောင်းအရင်းမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် တဗူးဂမ္ဘီရကျင့်စဥ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကြောင့်ဖြစ်၏။
သူသည် ဤတစ်ခေါက်တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့သည်မှာ သူ၏ ကျင့်ကြံရေးအရင်းအမြစ်များက ကုန်ဆုံးသွားသောကြောင့်ဖြစ်၏။
သူသည် ကောင်းကင်နှင့်မြေကြီး အမြုတေချီနှင့်အတူ ဆက်လက်၍ တံခါးပိတ်ကျင့်ကြံမည်ဆိုလျှင် သူ၏ ကျင့်ကြံမှုက တိုးတက်လာနိုင်သော်လည်း သူ၏ အလျင်အဟုန်က အလွန်တရာနှေးကွေးသွားပေလိမ့်မည်။
ဆူဇီမိုသည် သူ၏ ကျင့်ကြံမှုကို တတ်နိုင်သမျှမြန်မြန် မြှင့်တင်လို၏။
အောက်ဘုံလောကမှာ သူ၏ မိတ်ဆွေဟောင်းများ.. မျောက်၊ ထောင်ယောင်၊ နန်းကြည်၊ ပေမင်ရွှယ်၊ ရှောင်းယောင်၊ လင်းရွှမ်ကျီ၊ မင်းကျန်နှင့် အခြားသူများက တက်လှမ်းလာခဲ့ကြပြီဖြစ်၏။
အောက်ဘုံလောကများမှာ ဤလူများသည် နေရာဒေသတစ်ခုကိုအုပ်စိုးခဲ့သော ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတားများဖြစ်ခဲ့ကြ၏။
သို့သော်လည်း အထက်ဘုံလောကမှာ လူတိုင်းသည် သူတွေ့ကြုံခဲ့ရသည့်အရာရာတိုင်းကို တွေ့ကြုံဖြတ်ကျော်ရပေလိမ့်မည်။
တကယ်ဆို... သူတို့သည် ပို၍ပင် အန္တရာယ်များသောအခြေအနေနှင့် ရင်ဆိုင်ရနိုင်သလို... ပို၍ပင်ဆိုးရွားသော ပတ်ဝန်းကျင်ဒေသသို့လည်း ရောက်ရှိသွားနိုင်၏။
သူသည် သူ့ကိုယ်သူနှင့် သူ၏ မိတ်ဆွေဟောင်းများကို ကာကွယ်နိုင်မည့်တစ်ခုတည်းသောနည်းလမ်းမှာ သူ၏ ကျင့်ကြံမှုကို တတ်နိုင်သမျှ မြန်မြန်မြှင့်တင်ဖို့ဖြစ်၏။
ဆူဇီမိုသည် ပင်မတောင်ထွတ် အဲခိတ်ပေါ်မှ ကျောက်တိုင်တစ်တိုင်ရှေ့သို့ ရောက်ရှိလာခဲ့၏။
ကျောက်စာတိုင်ပေါ်မှာ စာကြောင်းများကို ရေးထိုးထားပြီး အဲ့ဒါတွေက ကြယ်တာရာဂိုဏ်းကနေချမှတ်ထားသော ဂိုဏ်းတာဝန်များဖြစ်လေသည်။
သူတို့ကို မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်ဟူ၍ အဆင့်သုံးဆင့်ခွဲခြားထားပြီး သူတို့က မတူညီသော ကျင့်ကြံမှုနယ်ပယ်များကို ကိုယ်စားပြုလေသည်။
ခက်ခဲမှုအတိုင်းအတာပေါ်မှာ မှီခိုပြီး အဆင့်တစ်ခုချင်းစီမှာရှိသော တာဝန်များကို အမျိုးအစားအမျိုးမျိုးထပ်မံခွဲခြားထားပြီး ကြယ်အရေအတွက်ဖြင့် အမှတ်အသားပြုထားလေသည်။
ကြယ်ကိုးလုံးသည် အခက်ခဲဆုံးဖြစ်ပြီး ထိုတာဝန်ကို ထမ်းဆောင်သည့်အခါ အသက်သေဆုံးရဖို့ပင် အခွင့်များလေသည်။
ကြယ်တစ်ပွင့်က အလွယ်ကူဆုံးဖြစ်၏။
တာဝန်တစ်ခုကိုပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြင့် သူတို့သည်ဂိုဏ်းကနေ တာဝန်ကျေပွန်အမှတ်များကိုရရှိမည်ဖြစ်ကာ ကြယ်တာရာဂိုဏ်းမှ ကျင့်ကြံရေးအရင်းအမြစ်များ၊ ဆေးလုံးများ၊ ကျင့်ကြံရေး စနစ်များနှင့် လျှို့ဝှက်အတတ်တချို့ကို ဖလှယ်ရယူနိုင်မည်ဖြစ်၏။
အထက်ဘုံမှာရှိသော ဂိုဏ်းအများစုသည် ဤကဲ့သို့သောပုံစံဖြင့် ထိန်းချုပ်ထားလေသည်။
ဥပမာအားဖြင့် ကမ္ဘာမြေအဆင့် တာဝန်များကြားမှာ ခက်ခဲမှုအတိုင်းအတာကြယ်တစ်ပွင့်နှင့် အောက်ဆုံးမှာရှိသာ တာဝန်တစ်ခုသည် စိတ်ဝိညာဥ်ဆေးပင်တစ်တစ်ခုကိုသာ ရှာဖွေရုံသာဖြစ်၏။
လဲလှယ်ရယူနိုင်မည့် တာဝန်ကျေပွန်အမှတ်ကလည်း ပင်မအမြုတေစုဖွဲ့ဆေးလုံးတစ်လုံးကိုသာ ဖလှယ်ရယူနိုင်မည်ဖြစ်။
သာမန်အမြုတေစိတ်ဝိညာဥ်ဆေးလုံးများကို မဟူရာအမြုတေနယ်ပယ်မှာ ကျင့်ကြံဖို့အတွက်အသုံးပြုကြလေသည်။
ကမ္ဘာမြေအမြုတေနယ်ပယ်မှာတော့ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများအပြင် ကျင့်ကြံဖို့အတွက် ပင်မအမြုတေစုဖွဲ့ဆေးလုံးများကိုလည်း သုံးစွဲနိုင်လေသည်။
ဆူဇီမို၏ အကြည့်က နောက်ထပ်ကျောက်စာတိုင်တစ်တိုင်သို့ ရွေ့လျားသွား၏။
ထို့ကျောက်စာတိုင်မှာ ဂိုဏ်းကနေချမှတ်ထားသည့် ထူးခြားသောတာဝန်တစ်ခုရှိနေပြီး အဲ့ဒါကို မည်သည့်ကျင့်ကြံမှုနယ်ပယ်မှာရှိသော မည်သည့်ကျင့်ကြံသူမဆို လက်ခံထမ်းဆောင်နိုင်၏။
ရရှိမည့်ဆုလာဘ်များက တာဝန်ကျေပွန်အမှတ်များမဟုတ်ဘဲ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများ၊ ပင်မအမြုတေစုဖွဲ့ဆေးလုံးများ သို့မဟုတ် ထူးခြားသောပစ္စည်းများဖြစ်လေသည်။
ပထမအရာက လူတစ်ယောက်ကိုရှာဖွေဖို့ဖြစ်၏။
၎င်းပေါ်မှာ ပန်းချီကားတစ်ချပ်ကိုပင် ချိတ်ဆွဲထားလေသည်။ ပန်းချီကားထဲမှလူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်နှင့် ကြော့ရှင်းသောသွင်ပြင်များရှိလေသည်။ အဲ့ဒါက ဆူဇီမိုဖြစ်၏။