← Chapters

ကောင်းကင်ဘုံပကတိရေ

Vol. 139 Ch. 2076

ကောင်းကင်ဘုံပကတိရေ

Vol. 139 Ch. 2076

“ဘာဖြစ်တယ်”

လိုဏ်ဂူခန်းဝါတစ်ခုထဲတွင် ရှဲထျန်ဖုန့်သည် စားပွဲကို ဘန်းခနဲမြည်အောင်ရိုက်ပြီး မတ်တတ်ထရပ်လိုက်၏။

တုန်လှုပ်စွာဖြင့် သူကမျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“အဲ့ဒီယစ်ထုတ်ကောင်က နှစ် ၁၅၀၀ နဲ့ အဆင့် ၃ ဆင့်ကို ဖြတ်ကျော်သွားတယ်လို့ မင်းပြောချင်တာလား”

“အဲ့ဒါ တကယ့်ကိုအမှန်ပါပဲ”

ရှဲယုံက အလောတကြီးပြန်ပြောလိုက်၏။

“အဲ့ဒါကျုပ်တစ်ယောက်တည်း မဟုတ်ဘူး... လင်းကုံကလည်း အဲ့ဒါကိုမြင်လိုက်တယ်... အဲ့ဒါနဲ့ပတ်သက်ပြီး မှားစရာမရှိဘူး”

“အဲ့ဒါဘယ်လိုဖြစ်နိုင်မှာလဲ….”

ရှဲထျန်ဖုန့်က အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်ပြီး တွေဝေရှုပ်ထွေးနေ၏။

သူ၏ ပါရမီအရည်အချင်းနှင့်ပင်လျှင် အဆင့်သုံးဆင့်ကို တစ်ခါတည်းဖြတ်ကျော်ဖို့မပြောနှင့် နှစ် ၁၅၀၀ မှာ အဆင့်တစ်ခုဖြတ်ကျော်ဖို့ကိုပင် အိပ်မက်သာမက်နိုင်လေသည်။

အဲ့ဒါက သူနားလည်နိုင်စွမ်းထက်ကျော်လွန်နေ၏။

ကမ္ဘာမြေအင်မော်တယ်များမှာ ဘဝသက်တမ်းနှစ်နှစ်သိန်းရှိလေသည်။

သူက နှစ်တစ်သောင်းတိုင်းမှာ အဆင့်တစ်ခုကိုချိုးဖျက်တက်လှမ်းနိုင်မည်ဆိုလျှင်တောင် သူက ပါရမီရှင်တစ်ဦးဖြစ်နေပေလိမ့်မည်။

“အဲ့ဒီလူက သူ့ရဲ့ကျင့်ကြံမှုကို ဖုံးကွယ်ဖို့အတွက် နည်းလမ်းတချို့ကို အသုံးပြုခဲ့တာများလား”

ရှဲထျန်ဖုန့်က စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။

“သူက... အစကတည်းက အဆင့်-၄ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အစစ်အမှန် ကျင့်ကြံမှုကို ဖုံးကွယ်ထားတာလည်း ဖြစ်ချင်ဖြစ်မှာပါ”

သို့သော်လည်း နောက်တစ်ဖန်ပြန်တွေးပြီး သူက ထိုထင်မြင်ယူဆချက်ကို ပယ်ချလိုက်၏။

အရင်တုန်းက ထိုယစ်ထုတ်၏ ကျင့်ကြံမှုကို လူတိုင်းက တွေ့မြင်ခဲ့ကြရ၏။

သူက အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်၏။

ဤယစ်ထုတ်သည် သူ၏ အသိစိတ်ကနေ အဲ့ဒါကို ဖုံးကွယ်ထားနိုင်စရာအကြောင်းမရှိပေ။

သို့သော်လည်း ထိုသို့မဟုတ်လျှင် ဤလူသည် နှစ် ၁၅၀၀ မျှနှင့် အဆင့်သုံးဆင့်ကိုတစ်ခါတည်း ဘယ်လိုချိုးဖျက်တက်လှမ်းနိုင်ခဲ့တာလဲ။

အချိန်ကာလလိုအပ်ချက်ကို အသာထား.. အဆင့်သုံးဆင့်ကိုချိုးဖျက်တက်လှမ်းဖို့အတွက် လိုအပ်သော ကျင့်ကြံရေးအရင်းအမြစ်များကပင်လျှင် အရမ်းကိုကြီးမားသော ပမာဏဖြစ်၏။

ဤလူက အဆင့်-၁ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်၏။

သူ့မှာ ဤမျှများပြားသည့် ကျင့်ကြံရေးအရင်းအမြစ်များ မည်သို့ရှိနိုင်ပါမည်နည်း။

အစကတော့ ရှဲထျန်ဖုန့်သည် ဆူဇီမိုကိုသိပ်ပြီးအလေးအနက်မထားခဲ့ပေ။

ဆူဇီမိုသည် အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်၏။ ရှဲထျန်ဖုန့်၏ ကျင့်ကြံမှုနယ်ပယ်က သူ့ထက်များစွာမြင့်မားပြီး သူတို့က လုံးဝမတူညီသောအဆင့်များမှာရှိနေကြ၏။

သူသည် လူတချို့ကိုစေလွှတ်ပြီး စောင့်ကြည့်ခိုင်းခဲ့သည်သည်မှာ ရှန်ကွမ်ချန်က ဤလူ့ကို စိတ်ဝင်စားနေပုံရသောကြောင့်ဖြစ်၏။

သို့သော်ယခု... သူသည် အကဲဖြတ်မှားယွင်းနိုင်ခဲ့ကြောင်း ရှဲထျန်ဖုန့်က ခပ်ရေးရေးသတိထားမိလာ၏။

“ရှဲယန်”

ရှဲထျန်ဖုန့်က ညင်သာစွာခေါ်လိုက်၏။

“ဟုတ်ကဲ့”

အရပ်ရှည်ရှည်နှင့် ထောင်ထောင်မောင်းမောင်းအမျိုးသားတစ်ယောက်ကရှေ့သို့ထွက်လာခဲ့၏။

သူက အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်၏။

ရှဲထျန်ဖုန့်က ပြောလိုက်၏။

“အဲ့ဒီလူနောက်ကိုလိုက်ပြီး သူ့ရဲ့လှုပ်ရှားမှုမှန်သမျှကိုစောင့်ကြည့်ထား... မင်းက ထူးခြားတာတစ်ခုခုရှာတွေ့မယ်ဆိုရင်... ငါ့ကိုချက်ချင်းတင်ပြ”

“ကောင်းပါပြီ”

ရှဲယန်က နာခံ၍လှည့်ထွက်သွား၏။

တစ်ချိန်တည်းမှာပင် လင်းကလန်သားတစ်ယောက်ကလည်း လင်းမင်၏ လိုဏ်ဂူခန်းဝါထဲကနေထွက်လာခဲ့၏။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ပင်မတောင်ထွတ် အဲခိတ်ကနေထွက်လာခဲ့ပြီဖြစ်ပြီး ဂိုဏ်း၏ အပြင်ဘက်သို့ ဦးတည်လိုက်၏။

ပင်မတောင်ထွတ် အဲခိတ်မှာ ဆောင်ရွက်ရမည့်တာဝန်များစွာရှိသော်လည်း ဆုလာဘ်များက သာမန်မျှသာဖြစ်၏။

ခက်ခဲမှုအတိုင်းအတာကြယ်ကိုးပွင့် တာဝန်တစ်ခုဆိုလျှင်ပင် ရရှိနိုင်မည့် တာဝန်ကျေပွန်အမှတ်များက အမြုတေစိတ်ဝိညာဥ်ကျောက်တုံး သို့မဟုတ် ပင်မအမြုတေစုဖွဲ့ဆေးလုံးများစွာကို ဖလှယ်ရယူနိုင်မည်မဟုတ်ပေ။

ခက်ခဲမှုအတိုင်းအတာ ကြယ်ကိုးပွင့်တာဝန်တစ်ခုက အလွန်တရာအန္တရာယ်များပြီး ကြာမြင့်သော အချိန်တစ်ခုကိုလည်း လိုအပ်ပေလိမ့်မည်။

အဲ့ဒါက စွန့်စားဖို့အတွက် မထိုက်တန်ပေ။

ကြယ်တာရာဂိုဏ်းသည် ဘာပဲပြောပြော မဟူရာအဆင့် ဂိုဏ်းတစ်ဂိုဏ်းသာဖြစ်ပြီး သူတို့ပေးနိုင်သည့် ဆုလာဘ်များက အကန့်အသတ်ရှိလေသည်။

ဆူဇီမိုသည် နေရာတစ်ခုကိုပြန်လည်အမှတ်ရသွားပြီး ထိုနေရာကိုသွားရောက်စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်၏။

နဂါးအသူရာချောက်နက်ကြယ်၏ တောင်ကြား...။

ထိုတောင်ကြားထဲမှာ ကွယ်ဝှက်ထားသော လျှို့ဝှက်နေရာလွတ်တစ်ခုရှိနေ၏။ ဆူဇီမိုမှာ နဂါးဖီးနစ် အမြုတေစိတ်ဝိညာဥ်ရှိသည့်အတွက် သူက ထိုနေရာကို လွတ်လပ်စွာဝင်နိုင်ထွက်နိုင်လေသည်။

ထိုအချိန်တုန်းက ထိုနေရာလွတ်ထဲမှာ ဆူဇီမိုသည် ယိုယွင်းပျက်စီးနေသော နန်းတော်အဆောက်အအုံတစ်ခုကို တွေ့မြင်ခဲ့ရ၏။

သို့သော် သူက ထိုနေရာကိုရှာဖွေဖော်ထုတ်ချင်ခဲ့သော်လည်း သူ့ကို စွမ်းအားကြီးမားသောအင်အားတစ်ရပ်က ပိတ်ဆို့တားဆီးထားခဲ့ပြီး သူက နန်းတော်အနက်ပိုင်းထဲသို့ ဆက်လက်၍ မဝင်ရောက်နိုင်ခဲ့ပေ။

ယခု သူ၏ ကျင့်ကြံမှုက အဆင့်-၄ ကမ္ဘာမြေအင်မော်တယ််နယ်ပယ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူက ဤနေရာဟောင်းသို့ ပြန်လည်သွားရောက်လည်ပတ်ကာ အဲ့ဒီကနေ တစ်ခုခုရရှိနိုင်မလား စွန့်စားကြည့်ရပေလိမ့်မည်။

ထိုနေရာသည် ပကတိအင်မော်တယ် ဦးချိုနဂါးတစ်ကောင်ဖွင့်လှစ်ခဲ့သော နေရာလွတ်တစ်ခုဖြစ်နိုင်ပြီး အထဲမှာ ရတနာများရှိကောင်းရှိနေနိုင်၏။

ကြယ်တာရာဂိုဏ်းကနေ ဆူဇီမိုထွက်ခွာသွားပြီးမကြာမီ သူကမျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူ့နောက်သို့ တစ်စုံတစ်ယောက်လိုက်လာနေသည်ကို သူကအာရုံခံမိခဲ့၏။

ဆူဇီမိုက ကြိတ်၍ လှောင်ရယ်လိုက်၏။

သူသည် ကြယ်တာရာဂိုဏ်းကို ဝင်ရောက်ခဲ့စဥ်ကတည်းက သူသည် မည်သူနှင့်မှ ပတ်သက်ဆက်နွယ်မှုမရှိခဲ့သလို မည်သူနှင့်မှလည်း အတိုက်အခံ မပြုလုပ်ခဲ့ပေ။ ယခုသူက စိတ်အာရုံတချို့ကို ဆွဲဆောင်မိနေဆဲဖြစ်၏။

သစ်ပင်က ငြိမ်သက်လိုသော်လည်း လေက ရပ်တန့်ဖို့ကို ငြင်းဆန်နေ၏။

ဆူဇီမိုသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ပြီး ကန့်သတ်မဲ့ရွှေအလင်း၊ ကောင်းကင်ဘုံခြေလှမ်းနှင့် အခြားသော နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်၏။ သူက သူ၏ နောက်ကျောမှာ ဆန်းကြယ်တောင်ပံများကိုထုတ်ဖော်ပြီး သူ၏ အလျင်အဟုန်က ဆပွားတိုးလာခဲ့၏။

ရှဲယန်သည် သူ၏ သွေးချီအကုန်ကိုထုတ်ဖော်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။ သို့သော်လည်း သူသည်လိုက်မမီနိုင်ဘဲ နောက်ဆုံးမှာဆူဇီမိုကို မျက်ခြည်ပြတ်သွား၏။

လင်းကလန်သားအတွက်လည်း ထို့အတူပင်ဖြစ်ပြီး သူသည် သိပ်မကြာခင် ဆူဇီမို၏နောက်မှာ ကျန်ရစ်ခဲ့၏။

“အဲ့ဒီယစ်ထုတ်ရဲ့ လှုပ်ရှားမှုနည်းစနစ်က တော်တော်အထင်ကြီးဖို့ကောင်းတာပဲ”

ရှဲယန်က အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။

“သူက ဒီလောက်များတဲဲ့ လှုပ်ရှားမှုနည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေကိုတောင် သိထားတယ်ဆိုတော့...”

“ငါတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်က သူ့ထက်ပိုပြီးမြင့်မားတာတောင်မှ ငါတို့က သူ့ကိုဘာမှမလုပ်နိုင်ဘူး”

လင်းကလန်းသားကလည်း ပခုံးတွန့်ပြလိုက်၏။

“သွားကြတာပေါ့... ကျုပ်တို့ပြန်ဖို့ပဲရှိတော့တယ်”

သူတို့နှစ်ယောက်က ရွေးချယ်စရာမရှိတော့ဘဲ ကြယ်တာရာဂိုဏ်းသို့ပြန်သွားရလေသည်။

အခြားတစ်ဘက်မှာတော့ ဆူဇီမိုသည် နတ်ဘုရားစွမ်းအားသုံးခုနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်ထား၏။ လမ်းတစ်လျှောက်မှာ အရှိန်အဟုန်မြှင့်တင်ပြီး လမ်းကြောင်းများစွာကို ကွေ့ပတ်ကာ နောက်ဆုံးမှာ သူက အနီးဆုံး စန်းယွီမြို့တော်သို့ဦးတည်လိုက်၏။

သိပ်မကြာခင် ဆူဇီမို၏ စိတ်ထဲသို့ နောက်ထပ်သတိပေးချက်တစ်ခုဝင်ရောက်လာ၏။

သူ့နောက်သို့ တစ်စုံတစ်ယောက်လိုက်ပါလာနေဆဲ ဖြစ်၏။

ဤလူ၏ ကျင့်ကြံမှုနယ်ပယ်က အနည်းဆုံး သူ့ထက် အဆင့်နှစ်ဆင့်ပိုမိုမြင့်မားပေလိမ့်မည်။

မဟုတ်ပါက ထိုသူသည် ဤမျှအထိ ထပ်ကြပ်မကွာလိုက်ပါလာနိုင်လိမ့်မည်မဟုတ်ပေ။

ဆူဇီမိုအနေဖြင့် ဤလူကို ခါချချင်သည်ဆိုလျှင် ရိုးရှင်းလေသည်။ သူလုပ်စရာရှိသည်မှာ သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ပြီး ဧရာမရွှေငှက်တောင်ပံများကို စုဖွဲ့ဖို့ဖြစ်၏။

သို့သော်လည်း ဧရာမရွှေငှက်တောင်ပံများက အလွန်တရာသိသာထင်ရှားပြီး သူသည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်မှာ မင်းသားယွမ်ကျော၏ အမဲလိုက်ခြင်းခံခဲ့ရစဥ်က အဲ့ဒါကို အသုံးပြုခဲ့ဖူးလေသည်။

သူက ထိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်မည်ဆိုလျှင် နောက်ထပ်ပြဿနာများကို ဆွဲဆောင်မိနိုင်ခြေရှိလေသည်။

ဆူဇီမိုက စဥ်းစားတွေးတောနေစဥ်မှာပင် ထက်ရှသောလက်နက်တစ်ခု၏ အသံက လေထုကိုဆုတ်ဖြဲပြီး သူ၏ နောက်ဘက်ကနေ ဝင်ရောက်လာ၏။

အဲ့ဒါကအရမ်းကိုမြန်ဆန်ပြီး တစ်ခဏချင်းမှာပင် သူ၏ ဦးခေါင်းထက်သို့ ရောက်ရှိလာခဲ့၏။

တိုက်ခိုက်သူက ထိုတိုက်ခိုက်မှုမှာ လုံးဝထိန်ချန်ထားခြင်းမရှိပေ။ အဲ့ဒါက ပကတိသတ်ဖြတ်ကွက်တစ်ကွက်ဖြစ်၏။

ဆူဇီမို၏ အမူအရာက အေးစက်လာပြီး သေကွင်းသေကွက်ကို ရှောင်လွှဲဖို့အတွက် သူ၏ ဦးခေါင်းကို အနည်းငယ်မျှသာ စောင်းငဲ့လိုက်၏။

တစ်ချိန်တည်းမှာပင် သူက ခြေလှမ်းကိုရပ်တန့်ပြီး လှည့်ကြည့်လိုက်၏။

မလှမ်းမကမ်းမှာ သုန်မှုန်နေသောအမူအရာနှင့် အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်ဖြစ်သော အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က နီမြန်းနေသောမျက်နှာနှင့် ချွေးများစိုရွှဲကာ ပြေးလွှားလာနေ၏။

သူက လမ်းတစ်လျှောက် ဆူဇီမို၏ နောက်ကနေ လိုက်ပါလာနိုင်သော်လည်း သူကမောပန်းနေပြီဖြစ်၏။

“မင်းငါ့နောက်ကို ဘာလို့လိုက်လာတာလဲ”

ဆူဇီမိုက အေးစက်စွာမေးလိုက်၏။

“ဟမ့်..”

အနက်ရောင်ဝတ်အမျိုးသားက ချဥ်းကပ်လာပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ့ကိုယ်သူတည်ငြိမ်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။ ရန်လိုခက်ထန်သော အမူအရာတစ်ခုနှင့်အတူ သူကပြောလိုက်၏။

“မင်းက အဲ့ဒီမေးခွန်းကို ငရဲမင်းနဲ့တွေ့မှ မေးကြည့်လိုက်ပေါ့”

တကယ်တော့... သူသည် တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိနေပြီဖြစ်၏။ ရုတ်တရက် ထိုယစ်ထုတ်သည် ဆက်လက်၍ မူးယစ်မနေတော့ဘဲ သူ၏ မှုန်မှိုင်းနေသောမျက်လုံးများက ကြည်လင်တောက်ပလာ၏။

သို့သော်လည်း အနက်ရောင်ဝတ်အမျိုးသားက အဲ့ဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောခြင်းမရှိဘဲ တိုက်ခိုက်လိုက်၏။

သူသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်ပြီး နတ်ဘုရားစွမ်းအားများက ဖြန့်ကြက်ထွက်ပေါ်လာ၏။ ဧရာမမီးလုံးတစ်လုံးက သူ၏ လက်ဖဝါးထဲမှာ ဖြစ်ပေါ်လာပြီး ဆူဇီမိုထံသို့ ထိုးညွှန်လိုက်၏။

မီးလုံးက အလျှံညီးညီး နေတစ်စင်းကဲ့သို့ အော်မြည်လာခဲ့၏။

အနက်ရောင်အမျိုးသားသည် သူတိုက်ခိုက်လိုက်သည့်အချိန်မှာပင် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေလေသည်။

တစ်ဘက်လူက အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း ထိုအခိုက်အတန့်မှာ ထိုအဆင့်-၆ ကမ္ဘာမြေအင်မော်တယ်ကို ဖိနှိမ်ဖို့အတွက် သူ့မှာနည်းလမ်းများစွာရှိလေသည်။

သူကခဏမျှ စဥ်းစားတွေးတောပြီးနောက် လှုပ်ရှားမလာခဲ့ပေ။

သူက အမြုတေစိတ်ဝိညာဥ်ကို တိတ်တဆိတ်စုဖွဲ့ပြီး သူ၏ လျှို့ဝှက်အတတ်ကို စုဖွဲ့လိုက်၏။

ဝှစ်...

အဆုံးမဲ့ကောင်းကင်နှင့်မြေကြီး အမြုတေချီက သူ၏ ဘေးပတ်လည်မှာစုစည်းလာပြီး အနက်ရောင်ရေစက်တစ်စက်က သူ၏ လက်ဖျားမှာ အလျင်အမြန်စုဖွဲ့လာခဲ့၏။

ထိုရေစက်က အတော်လေးလျှို့ဝှက်ဆန်းကြယ်လေသည်။

အဲ့ဒါက ရေတစ်စက်သာဖြစ်သော်လည်း အဲ့ဒီမှာ အဆုံးမဲ့၍ စဥ်းစားကြည့်၍မရနိုင်သော စွမ်းအားတစ်ခုပါဝင်နေပုံရ၏။

အနက်ရောင်ရေစက်က မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်ကနေ ဆင်းသက်လာခဲ့သော လျှို့ဝှက်အတတ် ကောင်းကင်ဘုံပကတိရေဖြစ်၏။

ကောင်းကင်ဘုံပကတိရေသည် သန့်စင်ယင်၏ စံနမူနာနှင့် ရေဓာတ်အားလုံး၏ အမြုတေဖြစ်၏။ ရေစက်တစ်စက်က မြစ်များနှင့် သမုဒ္ဒရာများအဖြစ်သို့ ပြောင်းလဲနိုင်၏။

ဆူဇီမိုသည် သူ၏ လက်ညှိုးကို ညင်သာစွာဝေ့ယမ်းပြီး ရေစက်ကိုပစ်ထုတ်ကာ ဝင်ရောက်လာသောဧရာမမီးလုံးနှင့် ထိခတ်သွားစေ၏။

သူတို့နှစ်ခုကြားကွာဟချက်က အရမ်းကိုကြီးမားပုံရလေသည်။

အဲ့ဒါသည် ကျောက်တုံးတစ်တုံးကို ကြက်ဥတစ်လုံးနှင့် ပစ်ပေါက်လိုက်ခြင်းနှင့်တူနေ၏။

သို့သော်လည်း အနက်ရောင်ရေစက်သည် ဧရာမမီးလုံးပေါ်သို့ ဆင်းသက်သွားသောအခါ အလွန်တရာစူးရှသောအသံတစ်သံထွက်ပေါ်လာ၏။

ချက်ချင်းပင် မီးလုံးက ငြိမ်းသေသွားပြီး နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက ပျက်ပြယ်သွား၏။

All Chapters