← Chapters

နဂါးမျိုးနွယ်

Vol. 139 Ch. 2078

နဂါးမျိုးနွယ်

Vol. 139 Ch. 2078

စန်းယွီမြို့တော်သို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် ပို့ဆောင်ရေးဝင်္ကပါထံသို့ တန်းပြီးသွားလိုက်၏။

မြို့ရိုးပေါ်မှာ သူ့အတွက် အလိုရှိကြော်ငြာများ ရှိနေဆဲဖြစ်၏။

နှစ်ပေါင်းတစ်ထောင်ကျော်ကြာပြီးနောက် လုံခြုံရေးက တဖြည်းဖြည်းလျော့ကျသွားခဲ့ပြီဖြစ်၏။

ဆူဇီမိုသည် မြို့ထဲမှာ နေ့တစ်ဝက်ကြာအောင် အကဲခတ်ကြည့်နေ၏။

ပို့ဆောင်ရေးဝင်္ကပါကို မဝင်ရောက်ခင် သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို ထုတ်ဖော်ခိုင်းသည့် အစောင့်တပ်သားများက ဆက်လက်၍မရှိတော့ပေ။

ထိုသို့ဖြင့် သူ၏ အမြုတေစိတ်ဝိညာဥ်က သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကို ကိုင်ဆွဲထားခြင်းနှင့်အတူ မည်သည့်ဟာကွက်မှရှိတော့မည်မဟုတ်ပေ။

ဆူဇီမိုသည် ပို့ဆောင်ရေးဝင်္ကပါထဲသို့ ဒယီးဒယိုင်လျှောက်လှမ်းသွားပြီး နဂါးအသူရာချောက်နက်ကြယ်နှင့် အနီးဆုံးမြို့ ပြိုင်စံရှားမြို့သို့ ပို့ဆောင်ပေးခြင်းကို ခံယူလိုက်လေသည်။

ပို့ဆောင်ပေးသောအကွာအဝေးက ပို၍ဝေးကွာလေလေ ပေးဆောင်ရသောအမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကလည်း ပိုများလေဖြစ်၏။

အနက်ရောင်ဝတ်လူ၏ သိုလှောင်အိတ်ထဲမှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတချို့ပါရှိပြီး အဲ့ဒါက ပို့ဆောင်ရေးအတွက် ပေးချေဖို့ လုံလောက်လေသည်။

ပြိုင်စံရှားမြို့သို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် မြို့ထဲကနေ နဂါးအသူရာချောက်နက်ကြယ်သို့ ပို့ဆောင်ရေးဝင်္ကပါကနေ ဆက်လက်၍ဦးတည်လိုက်၏။

နဂါးအသူရာချောက်နက်မြို့တော်သည် နှစ်ပေါင်းနှစ်ထောင်ကျော်ကြာပြီးနောက် များစွာ​ပြောင်းလဲသွားခြင်းမရှိပေ။

ဆူဇီမိုသည် ရှေးဟောင်းမြို့တော်ထဲသို့ ပြန်လည်ဝင်ရောက်လာသောအခါ သူသည် စိတ်ခံစားချက်တချို့ကိုရရှိလာခဲ့၏။

သူသည် နဂါးအသူရာချောက်နက်မြို့တော်ကနေ ထွက်ခွာလာခဲ့စဥ်က အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်ခဲ့၏။

သူသည် ဤတစ်ခေါက်ပြန်လည်ရောက်ရှိလာသောအခါ သူ၏ ကျင့်ကြံမှုအဆင့်က အဆင့်-၄ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်နေလေပြီ။

ဆူဇီမိုသည် ပို့ဆောင်ရေးဝင်္ကပါထဲကနေ လျှောက်လှမ်းထွက်လာသည့်ခဏမှာပင် သူက ကွာခြားမှုတချို့ကို အာရုံခံမိလိုက်၏။

ထိုကွာခြားမှုသည် မြို့တော်ထဲရှိ ကျင့်ကြံသူများစွာ၏ အကြည့်များထံမှလာခြင်းဖြစ်၏။

ကျင့်ကြံသူတိုင်းက သူ့ကိုကြည်ညိုလေးစားစွာဖြင့် ကြည့်နေကြ၏။

ပို့ဆောင်ရေးဝင်္ကပါကို စောင့်ကြပ်နေသော အစောင့်တပ်သားပင်လျှင် ဆူဇီမိုပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ သူက ရိုသေလေးစားသောအမူအရာတစ်ခုနှင့်အတူ အနည်းငယ် ဦးညွှတ်လိုက်၏။

ပို့ဆောင်ရေးဝင်္ကပါကို စောင့်ကြပ်နေသော အစောင့်တပ်သားက အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်၏။

“ဒီမြို့တော်ရဲ့ မြို့တော်အရှင်ကဘယ်သူလဲ”

ဆူဇီမိုသည် ဘေးမှာရှိသော အစောင့်တပ်သားကိုတစ်ချက်ကြည့်ပြီး သာမန်ကာလျှံကာမေးလိုက်၏။

“အဆင့်မြင့်အင်မော်တယ်... နဂါးအသူရာချောက်နက်မြို့တော်ရဲ့ လက်ရှိမြို့တော်အရှင်က ချူးမင်ပါ”

ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်ပြီး ထပ်မေးလိုက်၏။

“အရင်တုန်းက မြို့တော်အရှင်ရဲ့ မျိုးရိုးနာမည်က 'ရှု'ဆိုတာ ငါမှတ်မိပါသေးတယ်”

“အဆင့်မြင့်အင်မော်တယ်... ခင်ဗျားက ရှုရှစ်ကို ပြောနေတာပဲဖြစ်ရမယ်...ဟုတ်တယ်မလား”

အစောင့်တပ်သားက ပြောလိုက်၏။

“ရှုရှစ်က ကမ္ဘာမြေအင်မော်တယ်နယ်ပယ်ကို ဝင်ရောက်လာပြီးတဲ့နောက် သူက သူ့မိသားစုနဲ့အတူ နဂါးအသူရာချောက်နက်မြို့တော်တော်ကနေ ထွက်ခွာသွားခဲ့ပါပြီ.. သူက အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ရောက်ဖို့အတွက် ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်ကို ရွှေ့ပြောင်းသွားတာဖြစ်လိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

သူသည် ရှုရှစ်နှင့် နှုတ်ဆက်ခွဲခွာခဲ့စဥ်က သူ့မှာဤကဲ့သို့သော အစီအစဥ်ရှိကြောင်း ထိုသူက တကယ်ပင်ပြောခဲ့ဖူးလေသည်။

“အဆင့်မြင့်အင်မော်တယ်... ခင်ဗျားလည်း အသူရာချောက်နက်ကိုသွားဖို့ ဒီကိုရောက်လာတာမလား”

အစောင့်တပ်သားက မေးလိုက်၏။

“ဟမ်...”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်၏။

“ဘာလို့လဲ... အဲ့ဒီအသူရာချောက်နက်ကို တခြားကျင့်ကြံသူတွေလည်း သွားကြလို့လား”

အစောင့်တပ်သားက ပြောလိုက်၏။

“အဆင့်မြင့်အင်မော်တယ်... ခင်ဗျားမသိလို့နေမယ်... အရင်တုန်းက နဂါးအသူရာချောက်နက်ကြယ်မှာ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားပြီးကတည်းက အချိန်တစ်ခုကြာပြီးတိုင်း ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်က အဆင့်မြင့်အင်မော်တယ်တချို့က ရှာဖွေဖော်ထုတ်ဖို့အတွက် ဒီနေရာကို ရောက်လာတတ်ကြတယ်”

“အဲ့ဒီမှာ ကွယ်ဝှက်ထားတဲ့ ရတနာအချို့ရှိတယ်လို့ပြောကြတယ်... ဒါပေမယ့် ဒီနှစ်တွေအားလုံးထဲမှာ အဲ့ဒါကိုတစ်ယောက်ယောက်ရသွားတယ်လို့တော့ ကျုပ်မကြားမိသေးဘူး”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“နဂါးအသူရာချောက်နက်ကြယ်ကို မကြာသေးခင်က တစ်ယောက်ယောက် ရောက်လာကြသေးလား”

“အဲ့ဒီမှာ ဂိုဏ်းနှစ်ဂိုဏ်းရှိတယ်”

“အဲ့ဒါက မဟူရာရေခဲတောင်ကြားနဲ့ အင်မော်တယ်ပြန်ဂိုဏ်းပဲ... အဲ့ဒီဂိုဏ်းနှစ်ဂိုဏ်းလုံးက မဟူရာအဆင့်ဂိုဏ်းတွေဖြစ်တယ်လို့ ကျုပ်ကြားမိတယ်”

ထိုလူက ပြန်ဖြေလိုက်၏။

“အဲ့ဒီဂိုဏ်းက ကျင့်ကြံသူတွေက ဘယ်ကျင့်ကြံမှုမှာရှိကြလဲ”

ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။

“သူတို့က ကမ္ဘာမြေအင်မော်တယ်တွေဖြစ်ကြလိမ့်မယ်... ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်အတိအကျကိုတော့ ကျုပ်မပြောတတ်ဘူး”

အစောင့်တပ်သားက ပြုံးလိုက်၏။

“ကျုပ်နဲ့ အဲ့ဒီအဆင့်မြင့်အင်မော်တယ်တွေကြားမှာ ကျင့်ကြံမှုနယ်ပယ်ကြီးတစ်ခုကွာဟနေတာပဲ... ကျုပ် သူတို့ရဲ့ ကျင့်ကြံမှုတွေကို ဘယ်ပြောနိုင်ပါ့မလဲ”

ဆူဇီမိုက ခေါင်းညိတ်ပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပုလင်းတစ်လုံးကိုထုတ်ယူကာ အစောင့်တပ်သားကို ပစ်ပေးလိုက်၏။

“အဲ့ဒါကိုယူပြီး မင်းငါ့ကိုတစ်ခါမှမတွေ့ခဲ့ဘူးလို့ သဘောထားလိုက်”

အစောင့်တပ်သားက ကျောက်စိမ်းပုလင်းကို ဖွင့်ကြည့်လိုက်၏။

အထဲမှာ သာမန်အမြုတေစုဖွဲ့ဆေးလုံးတစ်သောင်းကို တွေ့မြင်ရသောအခါ သူက ကျေနပ်သဘောကျသွား၏။

“အဆင့်မြင့်အင်မော်တယ်... မပူပါနဲ့”

အစောင့်တပ်သားက ကျောက်စိမ်းပုလင်းကို ဝမ်းသာအားရဖြင့် သိမ်းဆည်းလိုက်၏။

ဆူဇီမို၏ သိုလှောင်အိတ်ထဲမှာ သာမန်အမြုတေစုဖွဲ့ဆေးလုံးများစွာရှိနေဆဲဖြစ်၏။

ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ရောက်ရှိလာပြီးနောက် သူက သာမန် အမြုတေစုဖွဲ့ဆေးလုံးများကို စားသုံးမည်ဆိုလျှင်တောင် သက်ရောက်မှုက သူ့အတွက်လျစ်လျူရှု၍ရသလောက်နီးပါးပင်။

သူသည် ထိုကဲ့သို့သောဆေးလုံးများကို အလွယ်တကူပစ်ထုတ်ပေးနိုင်လေသည်။

ဆူဇီမိုသည် လေထဲသို့ခုန်တက်ပြီး အသူရာချောက်နက်ရှိရာသို့ တန်းပြီးသွားလိုက်၏။

တစ်ရက်ကြာပြီးနောက်..။

ဆူဇီမို၏ အလျင်အဟုန်က တဖြည်းဖြည်းလျော့ကျသွားပြီး သူ့မြင်ကွင်း၏ အဆုံးမှာ နဂါးအသူရာချောက်ကြယ်ကို နှစ်ပိုင်းနီးပါးထိုးခွဲထားသည့် နက်မှောင်နေသော ဧရာမအက်ကွဲကြောင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။

သူရောက်မလာခင်မှာပင် ဆူဇီမိုက ပြင်းထန်သောတိုက်ပွဲသံကိုကြားလိုက်ရ၏။

ထိုအသံများကြားမှာ နဂါးဟိန်းသံတစ်သံပင် ရောနှောပါဝင်နေ၏။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး အသူရာချောက်နက်ရှိရာသို့ ဆက်လက်၍ဦးတည်လိုက်၏။

သိပ်မကြာခင် သူသည် အသူရာချောက်နက်၏ အထက်သို့ ရောက်ရှိလာပြီး ဖြည်းဖြည်းချင်းဆင်းသက်လိုက်၏။

ချောက်နက်၏ အောက်ခြေမှာ အလောင်းများပေါ်တွင် လူ ၁၃ ယောက်က အဆက်မပြတ် ကူးလူးယှက်ဖြာလှုပ်ရှားနေသည်ကို တွေ့မြင်ရလေသည်။

သူတို့က ဓမ္မရတနာများကိုထုတ်ဖော်ပြီး အမျိုးမျိုးသော နတ်ဘုရားစွမ်းအားများကို ဆင့်ခေါ်ကာ အဖြူရောင်ဝတ်မိန်းကလေးတစ်ယောက်ကို ဝိုင်းပတ်ထား၏။

လူ ၁၃ ယောက်စလုံးက ကမ္ဘာမြေအင်မော်တယ်များဖြစ်ကြ၏။

ကျင့်ကြံမှုနယ်ပယ်အမြင့်မားဆုံးက အဆင့်-၅ အင်မော်တယ်နှစ်ယောက်ဖြစ်ပြီး သူတို့၏ ခါးများတွင် မတူညီသောဂိုဏ်းတံဆိပ်ပြားများကို ချိတ်ဆွဲထားကြ၏။

သူတို့က မတူညီသောဂိုဏ်းများကနေ လာကြသည်မှာသိသာလေသည်။

အခြားသော ကမ္ဘာ​မြေအင်မော်တယ် ၁၁ ယောက်ကြားမှာ အားအနည်းဆုံးက အဆင့်-၂ ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်ဖြစ်လေသည်။

အဲ့ဒီမှာ အဆင့်-၃ ကမ္ဘာမြေအင်မော်တယ် ၆ ယောက်နှင့် အဆင့်-၄ ကမ္ဘာမြေအင်မော်တယ် ၃ ယောက်ရှိလေသည်။

သို့သော်လည်း အလယ်မှာပိတ်မိနေသော မိန်းကလေးက အဆင့်-၁ ကမ္ဘာမြေအမြုတေနယ်ပယ်မှာသာရှိနေ၏။

ဆူဇီမို၏ အကြည့်က ရွေ့လျားသွား၏။

မြေပြင်ပေါ်မှာ ကျင့်ကြံသူ ၈ ယောက်က လဲကျနေ၏။

သူတို့က ယခုတင်သေဆုံးထားခြင်းဖြစ်သည်မှာ သိသာပြီး သူတို့၏ ဒဏ်ရာများကနေ စီးကျနေသောသွေးများက ပူနွေးနေဆဲ ဖြစ်၏။

ဤလဲကျနေသော ကျင့်ကြံသူများက ဆိုးဆိုးဝါးဝါးပုံစံဖြင့် သေဆုံးထားကြ၏။

သူတို့သည် သိပ်သည်းပြင်းထန်သော အင်အားတစ်ရပ်ဖြင့် ဆုတ်ဖြဲခံထားရခြင်း၊ သူတို့၏ ဦးခေါင်းများက ပိုင်ဖြတ်ခံထားရခြင်း သို့မဟုတ် သူတို့၏ အူများက ဆုတ်ဖြဲခံထားရခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် သေဆုံးနေကြ၏။

အဲ့ဒါကို ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိလျှင် ထိုကျင့်ကြံသူများသည် မိန်းကလေးတစ်ယောက်၏ လက်ထဲမှာ သေဆုံးခဲ့ရခြင်းဖြစ်သည်ကို စဥ်းစားကြည့်ဖို့ ခက်ခဲပေလိမ့်မည်။

အဖြူရောင်ဝတ်မိန်းကလေးသည် ဤမျှများပြားသော ကမ္ဘာမြေအင်မော်တယ်များ၏ ဝိုင်းပတ်ခြင်းခံထားရတာတောင် ကျင့်ကြံသူ ၈ ယောက်ကို ပြန်လည်သတ်ဖြတ်နိုင်ခဲ့သည်မှာ အကြောင်းအရင်းတစ်ခုတည်းသာလျှင် ရှိလေသည်။

သူမက လူသားမဟုတ်ပေ။

ဆူဇီမိုသည် ဤမိန်းကလေးထံမှ ရင်းနှီးနေကျမျိုးဆက်သွေးအော်ရာတစ်ခုကို အာရုံခံမိနေ၏။

နဂါးမျိုးနွယ်၏ မျိုးဆက်သွေး။

ဂါး....

ထိုစဥ်မှာပင် အဖြူရောင်ဝတ်မိန်းကလေး၏ ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ်ဒဏ်ရာတစ်ခုက ပေါ်ထွက်လာ၏။

သူမက အမျက်ဒေါသဖြင့် သူမ၏ ပါးစပ်ကိုဖွင့်ဟပြီး နဂါးဟိန်းသံကို ထုတ်ဖော်လိုက်၏။

အဖြူရောင်ဝတ်မိန်းကလေးသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး နဂါးဟိန်းသံက သိသိသာသာအားနည်းနေ၏။

ဆူဇီမိုက သူ့ဘာသာသူ ခေါင်းညိတ်လိုက်၏။

အဖြူရောင်ဝတ်မိန်းကလေးနှင့် ကမ္ဘာမြေအင်မော်တယ်များကြား ကျင့်ကြံမှုနယ်ပယ်ကွာဟချက်က အဆင့်လေးဆင့်တောင် ဖြစ်နေ၏။

သူမအနေဖြင့် ဤကဲ့သို့ ကြီးမားသောကွာဟချက်နှင့်အတူ ယခုအချိန်ထိတောင့်ခံနိုင်နေဖို့ တကယ်ပင်မလွယ်ပေ။

ယခုအချိန်မှာ ဆူဇီမိုသည် အဆင့်-၄ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်၏။ သူ၏ တိုက်ခိုက်ရည်ခွန်အားအရ သူသည် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်နှင့်ရင်ဆိုင်ရမည်ဆိုလျှင် အနိုင်ရရှိမည့်သူကို ပြောနိုင်ဖို့ ခက်ခဲပေလိမ့်မည်။

တကယ်တော့ သူ့မှာနည်းလမ်းများစွာရှိလေသည်။

သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုမှာ အနိုင်ရလဒ်ကို တဒင်္ဂအတွင်း မကြာခဏအဆုံးအဖြတ်ပေးနိုင်လေသည်။

ပုံမှန်အခြေအနေမှာဆိုလျှင် နဂါးများသည် သူတို့၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲထားမှသာ သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို အကန့်အသတ်ထိထုတ်ဖော်နိုင်ပေလိမ့်မည်။

သို့သော်လည်း အဖြူရောင်ဝတ်မိန်းကလေးက သူမ၏ နဂါးသွင်ပြင်သို့ ပြောင်းလဲမထားပေ။

သူမက သူမ၏ မျိုးဆက်သွေးကို တစ်ကြိမ်အသက်သွင်းလိုက်တိုင်း အလင်းတန်းတစ်ခုက သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာတတ်၏။

သူမ၏ ခန္ဓာကိုယ်က စတင်အသွင်ပြောင်းလဲသည့်ခဏမှာပင် သူမ၏ ခန္ဓာကိုယ်က အလင်းတန်းဖြင့်ထိခတ်ခံရပြီး သူမ၏ လူသားသွင်ပြင်သို့ အလျင်အမြန်ပြန်ပြောင်းသွားတတ်၏။

“သားရဲထုတ်ဖော်ကြေးမုံ”

ဆူဇီမိုက လေထဲမှာရှိသော ရှေးဟောင်းကြေးမုံနှစ်ချပ်ကို ကြည့်လိုက်၏။

ထိုရှေးဟောင်းကြေးမုံများသည် အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်၏ ဓမ္မရတနာများဖြစ်လေသည်။

သူမကို ဝိုင်းပတ်ထားသော ကမ္ဘာမြေအင်မော်တယ် ၁၃ယောက်ကြားမှာ အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်က အဖြူရောင်ဝတ်မိန်းကလေး၏ စွမ်းအားအများစုကို ပိတ်ဆို့တားဆီးပေးထား၏။

ထိုအဆင့်-၅ ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်သာမရှိလျှင် ကျန်ရှိနေသော ကမ္ဘာ​မြေအင်မော်တယ် ၁၁ယောက်က အဖြူရောင်ဝတ်မိန်းကလေးကို ဖိနှိမ်နိုင်ချင်မှ ဖိနှိမ်နိုင်ပေလိမ့်မည်။

“ဟားဟား”

အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က ပြုံးလိုက်၏။

“ငါက ဒီနေ့တကယ်ကိုကံကောင်းတာပဲ... ငါက ဂိုဏ်းတာဝန်တစ်ခုကိုဆောင်ရွက်ရင်း ဒီနေရာမှာ နဂါးငယ်တစ်ကောင်နဲ့လာပြီး ကြုံတွေ့နေရတယ်လို့.. သူ့ကိုအရှင်ဖမ်းပြီး ငါ့ရဲ့စိတ်ဝိညာဥ်တောကောင်အဖြစ် ယဥ်ပါးအောင်လုပ်ရမယ်”

All Chapters