သူ့နာမည်က လုံရန်
Vol. 139 Ch. 2081
အမြုတေပြန်ဂိုဏ်းနှင့် မဟူရာရေခဲတောင်ကြားမှ ကျန်ရှိနေသောကျင့်ကြံသူများသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး လူစုခွဲ၍ ထွက်ပြေးလိုက်ကြ၏။
သိုသော်လည်း ထိုကျင့်ကြံသူများက ဘယ်လောက်ပင်မြန်ဆန်သည်ဖြစ်စေ သူတို့သည် အဖြူရောင်ဝတ်မိန်းကလေး၏ နတ်နဂါးခန္ဓာကို မယှဥ်နိုင်ပေ။
သူတို့က အသူရာချောက်နက်ထဲကနေမလွတ်မြောက်နိုင်ခင်မှာပင် သူတို့သည် အဖြူရောင်ဝတ်မိန်းကလေး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ကြရ၏။
အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုက ထပ်မံ၍မတိုက်ခိုက်တော့ပေ။ ထိုအစား သူက သူတို့၏ ခါးပေါ်မှ သိုလှောင်အိတ်များကို ဖြုတ်ပြီး စစ်ဆေးကြည့်ကာ သိမ်းဆည်းလိုက်၏။
သိပ်မကြာခင် အဖြူရောင်ဝတ်မိန်းကလေးက ပြန်လည်ရောက်ရှိလာပြီး သူမ၏ နဂါးသွင်ပြင်မှာသာရှိနေသေး၏။ သူမက သူမ၏ ကြီးမားသောမျက်လုံးများနှင့် ဆူဇီမိုကိုစိုက်ကြည့်ပြီး သတိအနေအထားရှိနေ၏။
ဆူဇီမိုက သူမကိုလျစ်လျူရှုပြီး တိုက်ပွဲနယ်မြေကိုဆက်လက်ရှင်းလင်းကာ ကျန်ရှိနေသောသိုလှောင်အိတ်များကို စုယူလိုက်၏။
“ဒါတွေကိုမင်းမလိုချင်ဘူးဆိုရင်တော့ ငါ့ဟာပဲ”
သူက သူ့လက်ထဲမှ သိုလှောင်အိတ်များကို ကိုင်မြှောက်ပြလိုက်၏။
“ဟွန်း...”
အဖြူရောင်ဝတ်မိန်းကလေးက ဒေါသတကြီးပြောလိုက်၏။
“အဲ့ဒီရွံစရာကောင်းတဲ့လူသားတွေရဲ့ သိုလှောင်အိတ်တွေကို ငါမလိုချင်ဘူး”
ဆူဇီမိုက အနည်းငယ်နှုတ်ခမ်းစူပြီး သူ့လက်ထဲရှိ သိုလှောင်အိတ်များကိုသိမ်းဆည်းကာ ပြောလိုက်၏။
“ဒါက... ကောင်းကင်ဘုံကမ္ဘာပဲ နင်က နဂါးကမ္ဘာကနေလာတာလို့ပြောတယ်.... ဒါပေမဲ့ ငါသိရသလောက်ဆိုရင် ကမ္ဘာမြေနှစ်ခုကြားမှာ အဆုံးမဲ့ကြယ်ပင်လယ်တစ်ခုရှိနေတယ်... နင်က အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်အဆင့်ပဲရှိသေးတယ် နင်က ကြယ်တာရာကောင်းကင်ကို ဘယ်လိုဖြတ်ကျော်လာတာလဲ”
ကြယ်တာရာကောင်းကင်ကိုဖြတ်ကျော်ဖို့အတွက် လူတစ်ယောက်သည် အနည်းဆုံး ကောင်းကင်အမြုတေနယ်ပယ်မှာ ရှိနေရပေမည်။
သဘောတရားအရ သူတို့သည် ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ဦးဖြစ်လာပြီးမှသာ ကြယ်တာရာကောင်းကို ဖြတ်ကျော်နိုင်ပေလိမ့်မည်။
နဂါးအသူချောက်နက်ကြယ်ကနေ ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်သို့ ကြယ်တာရာကောင်းကင်ကို ဖြတ်ကျော်ရခြင်းကလည်း ထိုကဲ့သို့ပင် ဆင်တူလေသည်။
သို့သော်လည်း ကမ္ဘာနှစ်ခုကြား ကြယ်တာရာကောင်းကင်များကိုဖြတ်ကျော်ဖို့က ကောင်းကင်အင်မော်တယ်ပညာရှင်များပင်လျှင် အဲ့ဒါကိုကြိုးစားကြည့်ပါက သေဆုံးရနိုင်ခြေများလေသည်။
အနီးဆုံးကမ္ဘာနှစ်ခုကြား ကြယ်တာရာကောင်းကင်များကပင်လျှင် စဥ်းစားကြည့်၍မရနိုင်အောင် ကျယ်ပြောလေသည်။
ကောင်းကင်အင်မော်တယ်ပညာရှင်များ၏ အလျင်အဟုန်အရ အဲ့ဒါကိုဖြတ်ကျော်ဖို့အတွက် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ပေလိမ့်မည်။
ဤကျယ်ပြောလှသော ကြယ်တာရာကောင်းကင်များထဲမှာ အန္တရာယ်များက နေရာအနှံ့ရှိနေပြီး အဘက်ဘက်ကနေဝင်ရောက်လာနိုင်၏။
ဤကြယ်တာရာကောင်းကင်များထဲမှာ အန္တရာယ်များသောလျှို့ဝှက်ကုန်းမြေများ မရေမတွက်နိုင်အောင်ရှိနေပြီး သူတို့ကရေကန်တစ်ကန်၊ တောအုပ်တစ်အုပ် သို့မဟုတ် မဟူရာတွင်းနက် စသည်ဖြင့် ဘာမဆိုဖြစ်နေနိုင်၏။
ကြယ်တာရာကောင်းကင်များထဲမှာ သက်ရှိအမျိုးအစားပေါင်းစုံကလည်းရှိနေ၏။ မည်သည့်သက်ရှိမဆို ကောင်းကင်အင်မော်တယ်ပညာရှင်များကို အလွယ်တကူသတ်ဖြတ်နိုင်လေသည်။
ထို့ကြောင့် ကောင်းကင်အင်မော်တယ်ပညာရှင်များအနေဖြင့် ကမ္ဘာနှစ်ခုကြား ကြယ်တာရာကောင်းကင်များကိုဖြတ်ကျော်ဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။
ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ပြီး ပကတိအင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ တာအိုသစ်သီးကိုစုဖွဲ့ခြင်းဖြင့်သာ သူတို့သည် ကြယ်တာရာကောင်းကင်များကို ဖြတ်ကျော်သည့်အခါ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် အဖြူရောင်ဝတ်မိန်းကလေးသည် နဂါးကမ္ဘာမှလာသည်ဟုကြားရသောအခါ အဆင့်-၁ ကမ္ဘာမြေအင်မော်တယ် နဂါးတစ်ကောင်က ကောင်းကင်ဘုံကမ္ဘာသို့ မည်သို့မည်ပုံရောက်ရှိလာသလဲ ဆူဇီမိုက စဥ်းစားကြည့်လို့ မရနိုင်ပေ။
“ငါ့မှာလည်း ငါ့နည်းငါ့ဟန်ရှိတာပေါ့... ငါနင့်ကိုဘာလို့ပြောရမှာလဲ”
အဖြူရောင်ဝတ်မိန်းကလေးက ထိုသို့ပြောဆိုပြီး ဆူဇီမိုကို ခပ်စိန်းစိန်းစိုက်ကြည့်ကာ သူမ၏ မျက်လုံးများက ရန်လိုစိတ်နှင့် သတိထားမှုနှင့် ပြည့်နှက်နေဆဲ ဖြစ်၏။
ဆူဇီမိုက အဖြူရောင်ဝတ်မိန်းကလေးကို စိုက်ကြည့်လိုက်၏။
“မိန်းကလေး... ငါနင့်ကိုကယ်ထားတာနော်... နင်ငါ့ကိုဘာလို့အဲ့လိုကြည့်နေတာလဲ”
“ပြင်ပမျိုးနွယ်က နင်တို့လူသားတွေက စက်ဆုပ်ဖွယ်ရာကောင်းတယ်... အရှက်မဲ့တယ်... ကောက်ကျစ်စဥ်းလဲတယ်လို့ ငါ့အမေက ငါ့ကိုမှာထားတယ်”
အဖြူရောင်ဝတ်မိန်းကလေးက ပြောလိုက်၏။
“နင်ကငါ့ကိုကယ်ပြီးရင် ဟိုလူတွေလိုမျိုး ငါ့ကိုဖမ်းဆီးချင်နေမလား ဘယ်သူသိမှာလဲ”
ဆူဇီမိုကရယ်မောလိုက်၏။
“ငါနင့်ကိုဖမ်းဆီးချင်တယ်ဆိုရင် နင်ကခုခံနိုင်မှာမလို့လား... ငါကစောစောကတင် ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်ကို သတ်ထားတာနော်”
“ဟမ့်...”
အဖြူရောင်ဝတ်မိန်းကလေးက သူမ၏ နဂါးဦးခေါင်းကိုအနည်းငယ်မော့ပြီး ဝင့်ကြွားစွာပြောလိုက်၏။
“ငါကအခုချိန်မှာ နဂါးမျိုးနွယ်ရဲ့တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်နေပြီ... ငါနင့်ကို လုံးဝမကြောက်ဘူး”
သူမက ဆူဇီမိုဘက်သို့ သူမ၏ နဂါးသွားများကို လှစ်ဟပြလိုက်ပြီး ဟိတ်ကြီးဟန်ကြီးဖြင့် ပြောလိုက်လေသည်။
“နင်ကလည်း အဆင့်-၄ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ... စောစောကတင် ငါ့လက်သည်းအောက်မှာ အဆင့်-၄ ကမ္ဘာမြေအင်မော်တယ်တွေ သေသွားတာနင်မမြင်ဘူးလား”
“နင်... ကောင်စုတ်”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
“ကြည့်ရတာ ငါနင့်ကိုသင်ခန်းစာတစ်ခုပေးရတော့မယ်နဲ့ထင်တယ်”
ထိုသို့ပြောလိုက်သည့်ခဏမှာပင် ဆူဇီမိုကရုတ်တရက် သူ၏ လက်ဖဝါးကိုဆန့်ထုတ်ပြီး မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ထုတ်ဖော်ကာ အဖြူရောင်ဝတ်မိန်းကလေး၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။
“လူဆိုးကောင်... နင့်မှာတကယ်ကိုမကောင်းတဲ့စိတ်ရှိနေတာပဲ”
အဖြူရောင်ဝတ်မိန်းကလေးက ဒေါသထွက်သွားပြီး ဟိန်းဟောက်လိုက်၏။ သူမ၏ နဂါးပါးစပ်ကိုဖြဲပြီး ထက်ရှ၍ကြောက်စရာကောင်းသော နဂါးသွားများကို အတန်းလိုက်ထုတ်ဖော်ကာ ဆူဇီမို၏ လက်ကို ပစ်ကိုက်ချလိုက်၏။
အဖြူရောင်ဝတ်မိန်းကလေးက တိုက်ခိုက်လိုက်သော်လည်း သူမထိန်ချန်ထားပြီး သတ်ဖြတ်ဖို့ကို မရည်ရွယ်ပေ။
သူမ၏ နှလုံးသားထဲမှာ မည်သို့ပင်ဆိုစေ ဤအရက်သမားက ယခုတင်သူမအသက်ကိုကယ်တင်ပေးခဲ့၏။
ဆူဇီမို၏ လက်ဖဝါးက အဖြူရောင်ဝတ်မိန်းကလေး၏ နဂါးပါးစပ်ထဲသို့ ဆင်းသက်တော့မည့်ဆဲဆဲမှာပင် သူ၏ခန္ဓာကိုယ်က ယိမ်းထိုးကာ ရုတ်တရက်ပျောက်ကွယ်သွား၏။
ဆူဇီမိုပြန်လည်ပေါ်ထွက်လာသည့်အခါ အဖြူရောင်ဝတ်မိန်းကလေး၏ နောက်ဘက်သို့ ရောက်ရှိနေလေပြီ။
အစစ်အမှန်နဂါးလျှပ်စီးကိုးချက်..။
ဆူဇီမိုသည် အဖြူရောင်ဝတ်မိန်းကလေး၏ ဦးခေါင်းကို သူ၏ လက်ဖဝါးဖြင့် ဖိချပြီး စွမ်းအားကိုထုတ်ဖော်လိုက်၏။
အဖြူရောင်ဝတ်မိန်းကလေးက တုန်လှုပ်ချောက်ချားသွားပြီး သူမ၏ မျိုးဆက်သွေးက ဖိနှိမ်ခံလိုက်ရ၏။ သူမ၏ ကြီးမားသော နဂါးခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာ ကျုံ့ဝင်လာခဲ့၏။
တစ်ခဏချင်းမှာပင် သူမသည် သူမ၏ လူသားသွင်ပြင်သို့ ပြန်ပြောင်းသွားရ၏။ သူမက ဆူဇီမို၏ ဘေးမှာ မတ်တတ်ရပ်နေပြီး သူမ၏ ခန္ဓာကိုယ်က သူ့အရပ်တစ်ဝက်လောက်သာရှိလေသည်။
ထိုအခိုက်အတန့်မှာ ဆူဇီမို၏ လက်ဖဝါးက သူမ၏ ဦးခေါင်းထက်မှာ ရစ်ဝဲနေ၏။
သူက သူ့လက်ဖဝါးထဲရှိခွန်အားကို စိုက်ထုတ်လိုက်သည်နှင့် သူက အတွေးတစ်ချက်နှင့်အတူ သူမကိုသတ်ဖြတ်နိုင်မည်ဖြစ်၏။
အဖြူရောင်ဝတ်မိန်းကလေးက တုန်လှုပ်သွားပုံရပြီး မယုံကြည်နိုင်စွာဖြင့် နေရာမှာပင် ငေးမောမှင်တက်နေ၏။
“နင်ကြောက်သွားပြီမလား”
ဆူဇီမိုက အဖြူရောင်ဝတ်မိန်းကလေး၏ ဦးခေါင်းကိုပွတ်သပ်ပေးလိုက်၏။
“မကြောက်ပါနဲ့... ငါကနဂါးမျိုးနွယ်နဲ့ ပတ်သက်ဆက်နွယ်မှုတချို့ရှိတယ်... ငါနင့်ကိုထိခိုက်အောင်လုပ်မှာမဟုတ်ဘူး”
“အာ...”
ရုတ်တရက် အဖြူရောင်ဝတ်မိန်းကလေးက ခပ်စူးစူးအော်ပြီး ဆူဇီမို၏ လက်ကိုဖမ်းဆွဲလိုက်၏။ သူမက သူမ၏ မျက်လုံးနှစ်ဖက်ကို တဖျတ်ဖျတ်ခတ်ပြီး ဆူဇီမိုကို ကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ပြောလိုက်၏။
“နင်..နင်... ဘယ်လိုလုပ်ပြီး အဲ့ဒီလျှို့ဝှက်အတတ်ကို သိနေရတာလဲ”
“အဲ့...အဲ့ဒါက...”
“အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကိုပြောတာလား”
ဆူဇီမိုက အဖြူရောင်ဝတ်မိန်းကလေး၏ စကားကို ပြုံးစစဖြင့် ဖြတ်ပြောလိုက်၏။
“အဲ့ဒါက နဂါးမျိုးနွယ်ရဲ့ သီးသန့်မူပိုင်လျှို့ဝှက်အတတ်ပဲ”
အဖြူရောင်ဝတ်မိန်းကလေးက ပြောလိုက်၏။
“အဲ့ဒါဘယ်လိုဖြစ်နိုင်မှာလဲ... နင်ကနဂါးတစ်ကောင်လား ငါကြည့်ကြည့်မယ်”
ထိုသို့ပြောရင်း အဖြူရောင်ဝတ်မိန်းကလေးက ဆူဇီမို၏ အဝတ်စကိုဖြဲပြီး အနီးကပ်ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။
ဆူဇီမိုက သူမကိုခပ်မြန်မြန်တွန်းဖယ်လိုက်၏။
“ငါကနဂါးတစ်ကောင်မဟုတ်ဘူး”
သူ၏ အမြုတေစိတ်ဝိညာဥ်က နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်နှင့်ပေါင်းစည်းထားသော်လည်း သူ့ကိုနဂါးတစ်ကောင်ဟု မဆိုနိုင်တော့ပေ။
ဆူဇီမိုက စကားလမ်းကြောင်းပြောင်းပြီးမေးလိုက်၏။
“နင်ဘာလို့ ဒီလောက်ထိဝေးကွာတဲ့ နဂါးအသူရာချောက်နက်ကြယ်ကို ရောက်လာတာလဲ”
ဆူဇီမိုက အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို အသုံးပြုလိုက်သည်ကိုတွေ့မြင်လိုက်သောအခါ အဖြူရောင်ဝတ်မိန်းကလေးက သူမ၏ သတိကို လုံးဝလျှော့ချပြီး သူမသည် ရင်းနှီးကျွမ်းဝင်မှု ခံစားချက်တစ်ခုကိုပင် ရရှိလာ၏။
သူမသည် အခြားကမ္ဘာမှာ သူမ၏ ကလန်သားတစ်ယောက်နှင့် ပြန်လည်တွေ့ဆုံနေရသည့်အလား ခံစားလိုက်ရလေသည်။
စောစောက သူမသည် အော်ဟစ်၍ တိုက်ခိုက်နေခဲ့ဆဲဖြစ်၏။
တစ်ခဏချင်းမှာပင် သူမကအဲ့ဒါကိုမေ့လျော့သွားပြီး ဆူဇီမိုကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေ၏။
အဖြူရောင်ဝတ်မိန်းကလေးက ပြောလိုက်လေသည်။
“နဂါးမျိုးနွယ်ကစီနီယာတစ်ယောက်က ဒီနေရာမှာ တစ်ခါကသေဆုံးသွားခဲ့တယ်... ငါကသူ့ရဲ့အလောင်းနဲ့ရတနာတွေကို ပြန်ယူဖို့အတွက် ဒီနေရာကိုခိုးဝင်လာခဲ့တာ”
“အို...”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီးမေးလိုက်၏။
“နဂါးမျိုးနွယ်က အဲ့ဒီစီနီယာက ဘယ်မျိုးဆက်ကလဲ”
“ဦးချိုနဂါး”
အဖြူရောင်ဝတ်မိန်းကလေးက ပြောလိုက်၏။
“အဲ့ဒီစီနီယာက အရင်တုန်းက အရမ်းကိုစွမ်းအားကြီးမားပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ်ကိုတောင် ဝင်ရောက်နိုင်လုနီးပါးဖြစ်နေခဲ့ပြီ”
အဖြူရောင်ဝတ်မိန်းကလေးပြောနေသည့် ဦးချိုနဂါးသည် သူတွေ့ခဲ့ဖူးသောနဂါးဖြစ်ဖို့များကြောင်း ဆူဇီမိုကသိရှိလိုက်၏။
“နဂါးမျိုးနွယ်က အဲ့ဒီစီနီယာကို မြှုပ်နှံထားတဲ့နေရာကို ငါသိတယ်”
ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောလိုက်၏။
“ဒါပေမဲ့... အဲ့ဒီနေရာကို အရင်ဆုံး ရှာဖွေတွေ့ရှိတာက ငါဆိုတော့... ငါတို့ကြားမှာ ဦးစားပေးသတ်မှတ်ချက်တစ်ခုရှိထားရမယ်”
“ဟမ့်...”
အဖြူရောင်ဝတ်မိန်းကလေးက သူမ၏ စိတ်ပျက်မှုကိုမဖုံးကွယ်နိုင်ဘဲ အံအားတသင့်ရေရွတ်လိုက်၏။
ဆူဇီမိုက ခဏမျှတွေးပြီး ဆက်ပြောလိုက်၏။
“အဲ့ဒီနေရာက နဂါးမျိုးနွယ်က မင်းတို့စီနီယာရဲ့မြှုပ်နှံရာသင်္ချိုင်းဖြစ်တယ်ဆိုမှတော့... ငါကအထဲမှာရှိတဲ့ရတနာရဲ့တစ်စိတ်တစ်ပိုင်းကိုပဲလိုချင်တယ်”
“တကယ်ပြောနေတာလား”
အဖြူရောင်ဝတ်မိန်းကလေး၏ ဝမ်းနည်းမှုက ဝမ်းသာမှုအဖြစ်ပြောင်းလဲသွားပြီး သူမကကျေနပ်သဘောကျသွာ၏။
“ဒါပေမဲ့ တောင်းဆိုချက်တစ်ခုတော့ရှိတယ်”
ဆူဇီမိုကစကားလမ်းကြောင်းပြောင်းလိုက်၏။
“နင်က... နဂါးကမ္ဘာကိုပြန်ရောက်တဲ့အခါ ထျန်ဟွမ်ကုန်းမြေတိုက်ကနေ နဂါးကမ္ဘာကိုတက်လှမ်းလာတဲ့နဂါးတစ်ကောင်ကို တွေ့ရမယ်ဆိုရင် နင်သူ့ကိုကောင်းကောင်းဂရုစိုက်ပေးဖို့ ငါမျှော်လင့်တယ်”
“သူ့နာမည်ကလုံရန်”