နဂါးဦးချို
Vol. 139 Ch. 2082
ဆူဇီမိုသည် နဂါးကမ္ဘာနှင့် အဖြူရောင်ဝတ်မိန်းကလေးအကြောင်းကို များစွာသိရှိမထားပေ။
သို့သော်လည်း အဖြူရောင်ဝတ်မိန်းကလေးသည် ဤအသက်အရွယ်မျှနှင့် ကမ္ဘာမြေအမြုတေနယ်ပယ်ထိရောက်အောင် ကျင့်ကြံထားနိုင်သည့်အတွက် သူမမှာလုံလောက်သည့် ကျင့်ကြံရေးအရင်းအမြစ်များ သေချာပေါက်ရှိနေပေလိမ့်မည်။
ဒါ့အပြင် အဖြူရောင်ဝတ်မိန်းကလေးသည် နဂါးကမ္ဘာကနေ ကောင်းကင်ဘုံကမ္ဘာထိ ဝေးကွာလွန်းသောကြယ်တာရာကိုဖြတ်ကျော်လာခဲ့ပြီး ဦးချိုနဂါးသေဆုံးခဲ့သောနေရာကိုပင် သိရှိထားသည့်အတွက် သူမမှာ အဆင့်အတန်းတချို့ရှိကောင်းရှိပေလိမ့်မည်။
သူက ရတနာတချို့ကို စွန့်လွှတ်ရပြီး လုံရန်ရှင်သန်ကြီးထွားဖို့အတွက် အခွင့်အရေးနှင့် သူ့အတွက် ပိုမိုကောင်းမွန်သော နေထိုင်ရာပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်မည်ဆိုလျှင် ဆူဇီမိုက တွေဝေတုံ့ဆိုင်းနေလိမ့်မည် မဟုတ်ပေ။
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာတုန်းက သူ၏ အတွင်းအမြုတေကို လုံရန်၏ သွေးကြောင့်သာ ပြန်လည်ကုသနိုင်ခဲ့၏။
နောက်ပိုင်းမှာ သူ၏ နဂါးအစစ်အမှန်ခန္ဓာကို တည်ဆောက်နိုင်ခဲ့ခြင်းမှာလဲ လုံရန်ကြောင့်ပင်ဖြစ်၏။
“လုံရန်လား”
အဖြူရောင်ဝတ်မိန်းကလေးက တီးတိုးရေရွတ်လိုက်၏။
“ဟုတ်ပြီ... ကျမအဲ့ဒါကိုမှတ်ထားလိုက်မယ်”
ခဏမျှရပ်တန့်ပြီးနောက် သူမကဆက်ပြောလိုက်၏။
“ဒါပေမဲ့... ရှင်အဲ့ဒါကိုစိုးရိမ်နေစရာမလိုပါဘူး... နဂါးကမ္ဘာမှာ အောက်ဘုံကတက်လှမ်းလာတဲ့ နဂါးတွေနဲ့ပတ်သက်ပြီး ဘက်လိုက်မှုတချို့ရှိတယ်ဆိုပေမယ့် တခြားကမ္ဘာတွေလိုမျိုး အောက်ဘုံကတက်လှမ်းလာတဲ့သက်ရှိတွေကို အရမ်းဖိနှိမ်ထားတာမျိုး မရှိသလောက်ပါပဲ”
ဆူဇီမိုက အသံတိတ်နေ၏။
ဝေးကွာလွန်းသော နဂါးကမ္ဘာမှ နဂါးငယ်တစ်ကောင်ပင်လျှင် ကောင်းကင်ဘုံကမ္ဘာ၏ ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး သိရှိထားလေသည်။ ဤကဲ့သို့သော ပိတ်ဝန်းကျင်က ဖြစ်ပေါ်လာခဲ့သည်မှာ အချိန်များစွာကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိသာနေ၏။
ဤကဲ့သို့ကြာမြင့်ခဲ့သော အချိန်ကာလမှာ အောက်ဘုံကတက်လှမ်းလာသောသက်ရှိပေါင်းများစွာသည် သူတို့တစ်ခါက မျှော်မှန်းတမ်းတခဲ့သည့် ဤကုန်းမြေမှာ သေဆုံးခဲ့ကြရ၏။
“သွားကြတာပေါ့”
ဆူဇီမိုက အဖြူရောင်ဝတ်မိန်းကလေးကို နံရံဆီသို့ ခေါ်ဆောင်သွား၏။
ထိုနံရံက အခြားသောကျင့်ကြံသူများကို ပိတ်ဆို့ထားနိုင်လေသည်။
သို့သော်လည်း ဆူဇီမိုက အဲ့ဒါကိုဖြတ်ကျော်သောအခါ ထိုနံရံက ဝဲဂယက်များဖြာထွက်နေသည့် ရေအကာအရံအလွှာတစ်ခုကဲ့သို့ဖြစ်နေ၏။
ကျောက်သားနံရံသည် အဖြူရောင်ဝတ်မိန်းကလေးကိုလည်း လုံးဝမတားဆီးပေ။
နေရာလွတ်ထဲသို့ ဝင်ရောက်လာပြီးနောက် သူတို့နှစ်ယောက်သည် အလွန်ကြီးမားသည့် ရွှေရောင်ဖျော့ဖျော့ နဂါးအရိုးစုတစ်စုကို တွေ့မြင်လိုက်ရ၏။
အဲ့ဒါက မနှိုင်းယှဥ်သာအောင် တုန်လှုပ်စရာကောင်းပြီး ကီလိုမီတာ ထောင်နှင့်ချီအောင်ဆန့်တန်းနေ၏။
နဂါးအရိုးစုကို တွေ့မြင်သောအခါ အဖြူရောင်ဝတ်မိန်းကလေး၏ လှပသောခန္ဓာကိုယ်က ဆတ်ခနဲတုန်ယင်သွားပြီး သူမ၏ မျက်လုံးများက နီရဲလာ၏။ သူမသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား မြေပြင်ပေါ်မှာ ဖြည်းဖြည်းချင်း ဒူးထောက်ချလိုက်၏။
ဆူဇီမိုက ဘေးကနေတိတ်တဆိတ်မတ်တတ်ရပ်နေ၏။
အဖြူရောင်ဝတ်မိန်းကလေးသည် အဲ့ဒါကိုရှင်းလင်းစွာမပြောဆိုသော်လည်း ဤနေရာမှာသေဆုံးခဲ့သော ဦးချိုနဂါးသည် ထိုမိန်းကလေးနှင့် အတွင်းကျကျပတ်သက်ဆက်နွယ်မှုတချို့ရှိကောင်းရှိနေနိုင်သည်ဟု သူက ခန့်မှန်းမိလိုက်၏။
အဖြူရောင်ဝတ်မိန်းကလေးက နဂါးအရိုးစုရှေ့မှာ ဒူးထောက်ပြီး ထပ်တလဲလဲရှိခိုးဦးချနေ၏။
နောက်ဆုံးမှာတော့ သူမကမြေပြင်ပေါ်မှာ ဒူးထောက်ချပြီး တိတ်တဆိတ်ငိုရှိုက်နေ၏။
အတန်ကြာပြီးနောက် အဖြူရောင်ဝတ်မိန်းကလေးက မတ်တတ်ထရပ်လိုက်၏။
“ရှေ့ကိုတစ်ချက်လောက်သွားကြည့်ရအောင်”
ဆူဇီမိုက ညင်သာစွာပြောလိုက်၏။
“အင်း”
အဖြူရောင်ဝတ်မိန်းကလေးက နှာရှုံ့ပြီး ခေါင်းညိတ်လိုက်၏။
ဤနေရာလွတ်၏ အနက်ပိုင်းထဲမှာ ရွှေရောင်နန်းတော်အဆောက်အအုံတချို့ပင်ရှိနေ၏။ သို့သော်လည်း အဲ့ဒါကယိုယွင်းပျက်စီးနေခဲ့လေပြီ။
လွန်ခဲ့သည့် နှစ်နှစ်ထောင်ကျော်က ဆူဇီမိုသည် ထိုနေရာကို ရှာဖွေဖော်ထုတ်ချင်သော်လည်း သူက မဝင်ရောက်နိုင်ဘဲ အပြင်ဘက်မှာသာ ပိတ်ဆို့တားဆီးခံခဲ့ရ၏။
ယခုသူက ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ကျင့်ကြံနိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာကာ အဖြူရောင်ဝတ်မိန်းကလေးကို ရှေ့သို့ဦးဆောင်ကာခေါ်သွား၏။
သိပ်မကြာခင်သူသည် ယခင် သူတားဆီးခံခဲ့ရသည့်နေရာသို့ ရောက်ရှိလာခဲ့၏။
ဤတစ်ခေါက်မှာ ဆူဇီမိုသည် ပြင်းထန်သော ခုခံမှုတစ်ခုကို နောက်တစ်ဖန်ခံစားလိုက်ရ၏။ သူ၏ ကျင့်ကြံမှုနယ်ပယ်အရ သူက အဲ့ဒါကို လုံးဝဖြတ်မကျော်နိုင်သေးပေ။
ထိုစွမ်းအားက ကမ္ဘာမြေအမြုတေနယ်ပယ်ထက် များစွာကျော်လွန်နေ၏။
သူက သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားများနှင့် သူ၏ ဝှက်ဖဲများအားလုံးကို ထုတ်ဖော်မည်ဆိုလျှင်တောင် သူကအဲ့ဒါကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
ဆူဇီမိုက ဘာမှမတတ်နိုင်ဘဲ သူ၏ ခြေလှမ်းကိုရပ်တန့်လိုက်ရ၏။
သူ့နောက်ဘက်မှာရှိသော အဖြူရောင်ဝတ်မိန်းကလေကတော့ သူမ၏ ခြေလှမ်းများကို ခဏမျှရပ်တန့်လိုက်၏။ အခြားတစ်ဘက်မှဖိအားကို အာရုံခံပြီးနောက် သူမ၏ ခန္ဓာကိုယ်ထဲရှိနဂါးသွေးက သူ့ဘာသာသူလှည့်ပတ်လာ၏။
သူမခန္ဓာကိုယ်ပေါ်ရှိ ခုခံမှုကလည်း ရုတ်ရက်ပျောက်ကွယ်သွားလေသည်။
အဖြူရောင်ဝတ်မိန်းကလေးက ရှေ့သို့အလျင်အမြန်လျှောက်လှမ်းသွား၏။
သို့သော်လည်း ဆူဇီမိုက ရှေ့သို့ဆက်မတက်နိုင်ဘဲ နေရာမှာပင်မတ်တတ်ရပ်နေရ၏။
ဆူဇီမိုက အနည်းငယ်ကသိကအောက် ခံစားနေရ၏။
သည့်ယခင်က သူသည်တောင်းဆိုချက်တစ်ခုအတွက် သူက သူမကိုရတနာတချို့ပေးနိုင်သည်ဟုပင် ဤနဂါးမိန်းကလေးနှင့် ဆွေးနွေးပြောဆိုခဲ့၏။
သို့သော်ယခု... သူက အထဲကိုလုံးဝမဝင်ရောက်နိုင်ပေ။
ရှေ့မှာရှိသော ဧရိယာက နဂါးမိန်းကလေးကို လုံးဝတားဆီးမထားပေ။
တစ်နည်းအားဖြင့်ဆိုလျှင် အထဲမှာရတနာတစ်ခုခုရှာတွေ့ခဲ့မည်ဆိုလျှင်တောင် အဲ့ဒါက သူနှင့်ဘာမှမပတ်သက်တော့ပေ။
သူမက ဘာကိုမှ အာရုံမခံမိသည့်အလား အဖြူရောင်ဝတ်မိန်းကလေးက ဆူဇီမိုကိုလှည့်ပြီး ပြုံးပြလိုက်၏။
“ရပါတယ်... ကျွန်မရှေ့ကိုတစ်ချက်သွားကြည့်ပြီးတော့ ရတနာတွေကိုယူလာခဲ့မယ်... ဒီနေရာမှာပဲကျွန်မကိုစောင့်နေလိုက်”
ဆူဇီမိုက သဘောတူသည့်အနေဖြင့် ညင်သာစွာချောင်းဟန့်လိုက်၏။
သိပ်မကြာခင် အဖြူရောင်ဝတ်မိန်းကလေးက ရွှေရောင်နန်းတော်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။
ဆူဇီမိုသည် အပြင်ဘက်မှာ စိတ်ရှည်ရှည်စောင့်ဆိုင်းနေခဲ့၏။
သူက တင်ပျဥ်ခွေထိုင်ပြီး စတင်ကျင့်ကြံလိုက်၏။
နေ့တစ်ဝက်လောက်ကြာပြီးနောက် ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။ သူကတစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ရှေ့သို့လှမ်းကြည့်လိုက်၏။
အဖြူရောင်ဝတ်မိန်းကလေးက နန်းတော်ထဲကနေ ပြန်ထွက်လာခဲ့ပြီဖြစ်၏။
“အခြေအနေဘယ်လိုလဲ”
ဆူဇီမိုက သာမန်ကာလျှံကာမေးလိုက်၏။
“အင်း”
အဖြူရောင်ဝတ်မိန်းကလေးက ခေါင်းညိတ်ပြပြီး သူမ၏ သိုလှောင်အိတ်ထဲကနေ သူ့အရပ်တစ်ဝက်လောက်ရှိသော ဦးချိုတစ်ခုကို ထုတ်ပြလိုက်၏။
“ကျွန်မ နဂါးမျိုးနွယ်ရဲ့ဒီရတနာကို ရှာတွေ့ခဲ့တယ်”
ထိုဦးချိုကို ဘယ်လိုပစ္စည်းမျိုးဖြင့် ပြုလုပ်ထားသည်မသိရသော်လည်း ၎င်း၏ မျက်နှာပြင်က လျှို့ဝှက်ဆန်းကြယ်သောအင်းကွက်များဖြင့် ပြည့်နှက်နေ၏။
ဆူဇီမိုသည် အဲ့ဒါကို တစ်ချက်မျှသာကြည့်ပြီး သူ၏ ဦးခေါင်းက ချာချာလည်လာသည်ဟုခံစားလိုက်ရ၏။
ထိုဦးချိုက ထူးခြားဆန်းကြယ်မှုတစ်ခုရှိသည်မှာ သိသာလေသည်။
သို့သော်လည်း အဖြူရောင်ဝတ်မိန်းကလေးက တစ်ခုခုကိုကြံစည်နေခြင်း သို့မဟုတ် သတိထားခြင်းလုံးဝမရှိဘဲ ဆူဇီမို၏ ရှေ့မှာ အဲ့ဒါကို ဒီတိုင်းပင်ထုတ်ပြလိုက်၏။
ဆူဇီမိုက သူ၏ အကြည့်ကို ခပ်မြန်မြန်ရုပ်သိမ်းပြီး သူ့ကိုယ်သူဣန္ဒြေဆယ်လိုက်၏။
“အဲ့ဒါကနဂါးမျိုးနွယ်ရဲ့ မဟာရတနာတစ်ခုဆိုမှတော့... မြန်မြန်သိမ်းထားလိုက်လေ... တခြားသူတွေရှေ့မှာ အဲ့ဒါကိုထုတ်မပြမိစေနဲ့”
“အင်း..”
အဖြူရောင်ဝတ်မိန်းကလေးက ခေါင်းညိတ်ပြီးပြုံးပြလိုက်၏။
“ကျွန်မရှင့်ကိုယုံတယ်... ရှင်က ကျွန်မကို ထိခိုက်အောင်လုပ်မယ့်သူမဟုတ်ဘူး”
“ဒါနဲ့ရှင့်နာမည်ကို ကျွန်မအခုထိမသိရသေးဘူး”
အဖြူရောင်ဝတ်မိန်းကလေးက ထပ်မံ၍မေးလိုက်၏။
“ငါ့နာမည်က မိုလင်း”
ဆူဇီမိုကပြောလိုက်၏။
အဖြူရောင်ဝတ်မိန်းကလေးက ပြုံးပြလိုက်၏။
“ကျွန်မနာမည်က လုံလီ”
ထိုသို့ပြောရင်း လုံလီက သိုလှောင်အိတ်တစ်အိတ်ကိုထုတ်ယူကာ ဆူဇီမိုကိုကမ်းပေးလိုက်၏။
“အစ်ကိုမိုလင်း... ဒီထဲမှာကျွန်မရှာတွေ့ထားတဲ့ ကျင့်ကြံရေးအရင်းအမြစ်တချို့ရှိတယ်... အဲ့ဒါကိုယူလိုက်”
“အမ်”
ဆူဇီမိုက သိုလှောင်အိတ်ကိုဖွင့်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ကာ သူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။
ထိုသိုလှောင်အိတ်ထဲမှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံး စုစုပေါင်းဆယ်သန်းရှိနေ၏။
ဆူဇီမို၏ လက်ရှိကျင့်ကြံမှုအရ သူသည် တစ်နေ့မှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံး ဆယ်တုံးကို စုပ်ယူသန့်စင်နိုင်၏။
အမြုတေစိတ်ဝိညာဥ်ကျောက်တုံးဆယ်သန်းသည် သူ့အတွက် နှစ်သုံးထောင်ကြာအောင် ကျင့်ကြံဖို့အတွက် လုံလောက်လေသည်။
အဲ့ဒါက အလွန်ကိုများပြားသည့် ကြွယ်ဝမှုတစ်ခုဖြစ်၏။
“ဒါက...”
ဆူဇီမိုကတွေဝေတုံ့ဆိုင်းနေ၏။
ပြောရမည်ဆိုလျှင် ဤနေရာကို သူကအရင်ဆုံးရှာဖွေတွေ့ရှိခဲ့၏။
သို့သော်လည်း ဤနေရာလွတ်၏ ပိုင်ရှင်က ဤနေရာအနက်ပိုင်းထဲမှာရှိသော ရတနာများနှင့် ကျင့်ကြံရေးအရင်းအမြစ်များကို အပြင်လူများကို မထိစေချင်သည်မှာသိသာလေသည်။ ထို့ကြောင့်ပင်လျှင် သူ့ကိုမဝင်ရောက်နိုင်အောင် တားဆီးခဲ့ခြင်းဖြစ်၏။
အထဲမှာရှိသောရတနာများက တကယ်ဆိုသူနှင့် ဘာမှမပတ်သက်တော့ပေ။
လုံလီက သူ့ကိုရတနာတစ်ခုခုမပေးဘူးဆိုလျှင်တောင် အဲ့ဒါကဖြစ်သင့်လေသည်။
“အစ်ကိုမိုလင်း... ကျေးဇူးပြုပြီးအဲ့ဒါကိုလက်ခံပေးပါ”
လုံလီက သိုလှောင်အိတ်ကို အတင်းထိုးပေးပြီးပြုံးပြလိုက်၏။
“ရှင်က စောစောက ကျွန်မရဲ့အသက်ကိုတောင်ကယ်ခဲ့တယ်ဆိုတာ မမေ့လိုက်နဲ့”
ခဏမျှရပ်တန့်ပြီးနောက် သူမက သူမ၏ ခေါင်းကိုအနည်းငယ်မော့ကာ ဝင့်ကြွားစွာပြောလိုက်၏။
“ကျွန်မရဲ့အသက်က အဲ့ဒီအမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေလောက်တောင် မထိုက်တန်တော့ဘူးလား... ဟမ့်”
“အဲ့ဒါဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ်”
ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောပြီးနောက် သိုလှောင်အိတ်ကို လက်ခံယူလိုက်၏။ သူသည် တတ်နိုင်သမျှမြန်မြန်ကျင့်ကြံလိုပြီး သိုလှောင်အိတ်ထဲရှိ အရင်းအမြစ်များက သူ့အတွက်အလွန်တရာအရေးပါလေသည်။
“ဒါနဲ့... ဟိုကျောက်စိမ်းပုလင်းကရော”
ဆူဇီမိုက သိုလှောင်အိတ်ထဲရှိ ကျောက်စိမ်းပုလင်းတစ်လုံးကို လက်ညှိုးထိုးပြီး သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
ကျောက်စိမ်းပုလင်းထဲမှာ ဆေးလုံးတချို့ကို သိုလှောင်ထားပုံရလေသည်။
သို့သော်လည်း နဂါးမျိုးနွယ်မှာ ပင်မအမြုတေစုဖွဲ့ဆေးလုံးများမရှိလောက်ပေ။
“ကျောက်စိမ်းပုလင်းထဲမှာ နတ်နဂါးဆေးလုံးတစ်လုံးရှိတယ်... ကျွန်မတို့နဂါးတွေကကျင့်ကြံတဲ့အခါ ကျွန်မတို့စားသုံးတဲ့ဆေးလုံးက ကျွန်မတို့ရဲ့ခန္ဓာကိုယ်... မျိုးဆက်သွေးနဲ့ ကောင်းကင်နဲ့မြေကြီး အမြုတေချီကိုစုပ်ယူဖို့တောင်မှ သက်ရောက်မှုအများကြီးရှိစေတယ်”
လုံလီက ပြောလိုက်၏။
“ဒါပေမဲ့... နတ်နဂါးဆေးလုံးကိုစားသုံးဖို့အတွက် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်လိုအပ်ချက်က အရမ်းကိုမြင့်မားတယ်.. အစ်ကိုမိုလင်း ရှင်က ကောင်းကင်အင်မော်တယ်နယ်ပယ်ထိကျင့်ကြံပြီးမှ အဲ့ဒီဆေးလုံးကို စားသုံးမယ်ဆိုရင် အကောင်းဆုံးပဲ”