← Chapters

နောက်တစ်ဖန်တံခါးပိတ်ကျင့်ကြံခြင်း

Vol. 139 Ch. 2083

နောက်တစ်ဖန်တံခါးပိတ်ကျင့်ကြံခြင်း

Vol. 139 Ch. 2083

ဆူဇီမိုသည် နတ်နဂါးဆေးလုံးကို သိမ်းဆည်းလိုက်၏။

တစ်ဘက်မှာတော့ လုံလီသည် နဂါးအရိုးစုကို သူမ၏ သိုလှောင်အိတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်၏။

နဂါးအရိုးစုက ပျောက်ကွယ်သွားသည့်ခဏမှာပင် နေရာလွတ်က အချိန်မရွေးပြိုကျလာတော့မည့်အလား ပြင်းထန်စွာလှုပ်ခါလာ၏။

ဆူဇီမိုနှင့်လုံလီက ခပ်မြန်မြန်ထွက်ခွာလိုက်၏။

“အစ်ကိုမိုလင်း... ကျွန်မသွားတော့မယ်”

လေထဲကနေလုံလီက ဆူဇီမိုကိုပြုံးပြလိုက်၏။

“ရှင်တစ်နေ့မှာ နဂါးကမ္ဘာကိုရောက်လာခဲ့မယ်ဆိုရင် ကျွန်မဆီကိုအလည်လာဖို့ သတိရဦး”

“ကောင်းပြီလေ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

လုံလီက လက်ပြနှုတ်ဆက်ပြီး သူမ၏ သိုလှောင်အိတ်ထဲကနေ ရွှေရောင်စိတ်ဝိညာဥ်ယာဥ်ပျံတစ်ခုကို ဆွဲထုတ်ကာ တက်လှမ်းလိုက်၏။

စိတ်ဝိညာဥ်ယာဥ်ပျံပေါ်ရှိ ရှေးဟောင်းစာလုံးများက သိပ်သည်းစုဖွဲ့လာပြီး ကြယ်တာရာကောင်းကင်ထက်မှ ပြင်းထန်ကြမ်းတမ်းသော လှိုင်းလေများကို ခုခံပေးမည့် ရွှေရောင်အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။

ရွှစ်...

အလင်းတန်းတစ်ခုက ဖြာလက်သွားပြီး စိတ်ဝိညာဥ်ယာဥ်ပျံက ပျောက်ကွယ်သွားလေသည်။

လုံလီသည် ကြယ်တာရာကောင်းကင်ကိုဖြတ်ကျော်လာနိုင်ခဲ့သည်မှာ ဤကြယ်ယာဥ်ပျံသည် ဦးတည်ချက်ကိုအကြမ်းဖျင်းဆုံးဖြတ်ပေးနိုင်ပြီး အန္တရာယ်များစွာကို ခုခံပေးနိုင်ခဲ့သောကြောင့် ဖြစ်၏။

လုံလီက ကြယ်ယာဥ်ပျံပေါ်မှာစီးနင်းပြီး ကြယ်စင်စုများကိုဖြတ်ကျော်လာ၏။

သိပ်မကြာခင် လုံလီသည် တစ်စုံတစ်ရာကိုအာရုံခံမိသွားပြီး ကြယ်ယာဥ်ပျံကို အလောတကြီးရပ်တန့်လိုက်၏။

ရှေ့တည့်တည့်ကြယ်တာရာကောင်းကင်ထဲမှာ ပုံရိပ်တစ်ခုက မတ်တတ်ရပ်နေ၏။ အဲ့ဒါက အရပ်အမောင်းမြင့်မားခြင်းမရှိဘဲ သေးသွယ်ကြော့ရှင်းသောလူတစ်ယောက်ဖြစ်၏။ ဘေးပတ်ဝန်းကျင်ရှိ ကြယ်များနှင့်နှိုင်းဆလျှင် ထိုပုံရိပ်က အစက်အပြောက်တစ်ခုကဲ့သို့ဖြစ်နေ၏။

သို့သော်လည်း ထိုပုံရိပ်သည် ကြယ်စင်စုတစ်ခုလုံးပေါ်မှာ တက်လှမ်းနေသည့်အလား ကြယ်တာရာကောင်းကင်ထဲမှာ မတ်တတ်ရပ်နေ၏။ သူထုတ်ဖော်ထားသည့် အော်ရာက ဘေးပတ်ဝန်းကျင်ရှိ ကြယ်များထက်ပင် ပို၍သိပ်သည်းကျစ်လစ်နေ၏။

တစ်ယောက်ယောက်က ဤနေရာကိုလှမ်းကြည့်မည်ဆိုလျှင် သူတို့ပထမဆုံးတွေ့မြင်ရမည်မှာ ကြီးမားသောကြယ်များမဟုတ်ဘဲ ထိုပုံရိပ်ဖြစ်နေပေလိမ့်မည်။

အဲ့ဒါက ငွေရောင်ဆံပင်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမသည် အသက်ကြီးသည့်ပုံမပေါ်ဘဲ ခပ်ဖျော့ဖျော့တောက်ပနေသည့် ငွေဖြူရောင်မှန်ကူကွက်ပုံစံကြေးခွံနှင့် ဝတ်စုံရှည်တစ်စုံကို ဝတ်ဆင်ထား၏။

ငွေရောင်ဆံပင်နှင့် အမျိုးသမီးတစ်ယောက်က အလွန်တရာ ချောမောလှပပြီး လုံလီနှင့်အတော်လေးဆင်တူလေသည်။

ရွှစ်...

ဖျတ်ခနဲဆိုငွေရောင်ဆံပင်နှင့်အမျိုးသမီးက ကြယ်ယာဥ်ပျံထဲမှာပေါ်ထွက်လာ၏။

“အမေ..”

လုံလီက သူမ၏ အကြည့်ကို ရှောင်လွှဲလိုက်ပြီး ငွေရောင်ဆံပင်နှင့် အမျိုးသမီး၏ အကြည့်ကို ဆုံမိရဲခြင်းမရှိဘဲ ညင်သာစွာအော်ခေါ်လိုက်၏။

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက အပြစ်တင်လိုသော၊ ဒေါသထွက်နေသော၊ စိတ်သက်သာရာရသောအကြည့်နှင့်အတူ လုံလီကိုကြည့်လိုက်၏။

“ငါက...မိတ်ဆွေဟောင်းတစ်ယောက်ဆီကို အလည်လာဖို့အတွက် ကောင်းကင်ဘုံကမ္ဘာကိုလာခဲ့တာ... အစကတော့ ငါနင့်ကိုခေါ်မလာချင်ဘူးဆိုတာ နင်ကဆိုးသွမ်းပြီးတော့ လျှောက်သွားနေမှာကိုစိုးရိမ်လို့ပဲ”

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက ပြစ်တင်ကြိမ်းမောင်းလိုက်၏။

“အပြင်လောကမှာ... အထူးသဖြင့် ​အခြားကမ္ဘာတစ်ခုမှာ ဘယ်လောက်တောင်အန္တရာယ်များလဲဆိုတာ ငါနင့်ကိုဘယ်နှစ်ခါပြောရမှာလဲ... နင့်ရဲ့လက်ရှိကျင့်ကြံမှုနယ်ပယ်က နင့်ကိုယ်နင်ကာကွယ်နိုင်လောက်အောင် မမြင့်မားသေးဘူး”

“တခြားမျိုးနွယ်ကသက်ရှိတွေက နင့်ကိုတွေ့သွားမယ်ဆိုရင် နင်အသက်ရှင်နေဦးမှာလား”

“အမေ... အခုကျွန်မမှားမှန်းသိပါပြီ”

လုံလီက သူမ၏ ဇက်ကိုပုပြီး လျှာကိုထုတ်လိုက်၏။

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက စိတ်သက်သာစွာ သက်ပြင်းချပြီး လုံလီကိုစိုက်ကြည့်ကာ ဒေါသတကြီးပြောလိုက်၏။

“တော်သေးတာပေါ့... နင်ဘေးကင်းကင်းနဲ့ပြန်ရောက်လာလို့... နင်သာတစ်ခုခုဖြစ်မယ်ဆိုရင် ငါကကောင်းကင်ဘုံကမ္ဘာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို သေချာပေါက်စတင်ရတော့မှာ”

“အမေ... ကျွန်မအကြောင်းကို ပြောမနေနဲ့တော့... ဒီမှာကြည့်ဦး”

လုံလီက သူမ၏ သိုလှောင်အိတ်ထဲကနေ ဧရာမဦးချိုတစ်ခုကိုထုတ်ပြလိုက်၏။

“ဒါက... အဖေပိုင်ခဲ့တဲ့အရာပဲ... အဲ့ဒါက ကျွန်မတို့နဂါးမျိုးနွယ်အတွက် အရေးကြီးတဲ့အမွေအနှစ်ပစ္စည်းတစ်ခုလည်းဖြစ်တယ်... ကျွန်မအဲ့ဒါကို ရှာတွေ့နိုင်ခဲ့ပြီ”

ငွေရောင်ဆံပင်နှင့်အမျိုးသမီး၏ အကြည့်က သိပ်သည်းကျစ်လစ်သွားပြီး ဦးချိုကိုလက်ခံယူကာ တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုနှင့်အတူ အဲ့ဒါကို ညင်သာစွာပွတ်သပ်လိုက်၏။

“ကျွန်မက အဖေ့ရဲ့အလောင်းကိုလည်း ပြန်ယူလာခဲ့တယ်”

လုံလီက ဆက်ပြောလိုက်ပြီး သူမ၏ လေသံကပို၍လေးနက်လာခဲ့၏။

အတန်ကြာတိတ်ဆိတ်ငြိမ်သက်ပြီးနောက် ငွေရောင်ဆံပင်နှင့် အမျိုးသမီးက လုံလီကိုညင်သာစွာဆွဲယူကာ ပွေ့ဖက်လိုက်၏။

“တော်လိုက်တဲ့ကလေး... ငါစောစောက နင့်ကိုစိုးရိမ်နေလို့ ငါ့ရဲ့လေသံကနဲနဲမာသွားတယ်”

“အမေ... ကျွန်မကိုစိတ်မဆိုးတော့ဘူးမလား”

လုံလီက သူမ၏ မျက်တောင်ကိုခတ်လိုက်၏။

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက အတိတ်ကာလမှ တစ်စုံတစ်ရာကိုအမှတ်ရသွားသည့်အလား ငေးငိုင်စွာဖြင့် နဂါးဦးချိုကိုကြည့်နေ၏။

“အမေ... ဒေါသမထွက်တော့ဘူးဆိုရင် ဖြစ်ပျက်ခဲ့တဲ့အရာရာတိုင်းကို ကျွန်မပြောပြမယ်”

လုံလီက နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ သူမကြုံတွေ့ခဲ့ရသည့်အရာရာတိုင်းကို အသေးစိတ်ပြန်ပြောပြလိုက်၏။

အစကတော့... ငွေရောင်ဆံပင်နှင့် အမျိုးသမီးက သိပ်ပြီးအာရုံမစိုက်ပေ။

သို့သော်လည်း လုံလီကအန္တရာယ်ကျရောက်ပြီး ဝန်းရံပိတ်ဆို့တိုက်ခိုက်ခံခဲ့ရသည်ကိုကြားရသောအခါ သူမ၏ မျက်လုံးများက မြူခိုးတစ်လွှာဖြင့် ချက်ချင်းပင်ပြည့်နှက်လာပြီး သတ်ဖြတ်လိုစိတ်က တလိပ်လိပ်တက်လာ၏။

လူတစ်ယောက်က လုံလီကိုကယ်တင်ပြီး သူမကို ထိုလျှိုဝှက်နေရာလွတ်သို့ခေါ်သွားကာ နောက်ဆုံး နှုတ်ဆက်ခွဲခွာခဲ့သည်ကိုကြားရသောအခါ ငွေရောင်ဆံပင်နှင့် အမျိုးသမီး၏ အမူအရာက အနည်းငယ်ပျော့ပြောင်းသွား၏။

“အစစ်အမှန်နဂါးလျှပ်စီးကိုးချက်လား”

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်၏။

လုံလီက ထပ်တလဲလဲခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒါတကယ့်ကိုအမှန်ပဲ... ကျွန်မအဲ့ဒါကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ်... အဲ့ဒီအစ်ကိုက အဆင့်-၄ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ... သူက အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို ဘယ်လိုလုပ်ပြီး အသုံးပြုနိုင်တာလဲ”

“အမေ... အစစ်အမှန်နဂါးလျှပ်စီးကိုးချက်က နဂါးမျိုးနွယ်ရဲ့ လျှို့ဝှက်ချက်တစ်ခုလို့ အမေမပြောခဲ့ဘူးလား... အစ်ကိုမိုလင်းက အဲ့ဒါကိုဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်တာလဲ... နောက်ပြီးသူကလူသားတစ်ယောက်ပဲ”

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက တီးတိုးရေရွတ်လိုက်၏။

“နဂါးမျိုးနွယ်မှာတောင် အစစ်အမှန်နဂါးတစ်ကောင်ဖြစ်လာတဲ့အထိကျင့်ကြံပြီးမှပဲ သူတို့က အဲ့ဒါကိုကျင့်ကြံဖို့အဆင့်မီလိမ့်မယ်... အစစ်အမှန်နဂါးအောက်မှာရှိတဲ့ဘယ်သူမဆို အဲ့ဒီလျှို့ဝှက်အတတ်ကိုကျင့်ကြံဖို့က အရမ်းကိုခဲယဥ်းလွန်းတယ်... အဲ့ဒါကြောင့်ပဲ အဲ့ဒါကို အစစ်အမှန်နဂါးလျှပ်စီးကိုးချက်လို့ ခေါ်တာပေါ့”

“ငါက အဲ့ဒါကိုသိထားပေမယ့် နင့်ကိုတစ်ခါမှမသင်ပေးခဲ့ဘူးဆိုတာ အဲ့ဒါကြောင့်ပဲ”

လုံလီက ပို၍ပင်တွေဝေရှုပ်ထွေးသွား၏။

“ထူးဆန်းတယ်... အစ်ကိုမိုလင်းက အဲ့ဒီလျှို့ဝှက်အတတ်ကိုအဖေ့ဆီကနေ ရထားတာဆိုရင်တောင် သူကကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ... နောက်ပြီး သူကလူသားတစ်ယာက်.. သူကအဲ့ဒါကိုဘယ်လိုလုပ်ပြီး အောင်မြင်အောင်ကျင့်ကြံနိုင်ခဲ့တာလဲ”

“ဖြစ်နိုင်တာက...”

ငွေရောင်ဆံပင်နှင့်အမျိုးသမီးက ရင်တစ်ချက်ထိတ်သွား၏။

“အမေ... အမေအဲ့ဒါကို ဘယ်လိုထင်လို့လဲ”

လုံလီက အလောတကြီးမေးလိုက်၏။

ငွေရောင်ဆံပင်နှင့်အမျိုးသမီးက သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“တဗူးနဂါးဖီးနစ်တွေမှာဆိုရင်တော့... သူတို့က ကျင့်ကြံမှုနယ်ပယ်ကန့်သတ်မှုမရှိဘဲ အဲ့ဒါကို အချိန်မရွေးကျင့်ကြံနိုင်တယ်... ဒါပေမဲ့ နင်ပြောတဲ့သူက တဗူးတစ်ကောင်ဘယ်လိုမှမဖြစ်နိုင်ဘူး”

“ထားလိုက်ပါတော့... အဲ့ဒီအကြောင်းကို ဆက်ပြီးမပြောတော့ဘူး”

လုံလီက ပြုံးပြလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုမိုလင်းက လူကောင်းတစ်ယောက်ပဲ... ကျွန်မက ဒီတစ်ခေါက်ခိုးထွက်ပြီး အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရပေမယ့် လူသားမျိုးနွယ်က အစ်ကိုတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့နိုင်ခဲ့တယ်”

“ဟမ်..”

ငွေရောင်ဆံပင်နှင့် အမျိုးသမီးကပြောလိုက်၏။

“နင်ကဒီတစ်ခေါက်အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရတာတောင် ပြုံးနေနိုင်သေးတယ်ပေါ့.... ပြန်ရောက်တာနဲ့ နင်နှစ်တစ်ထောင်တံခါးပိတ်ကျင့်ကြံရမယ်”

“အမေ...”

လုံလီက ညည်းတွားအော်ဟစ်လိုက်၏။

ငွေရောင်ဆံပင်နှင့်အမျိုးသမီးက ကြယ်ယာဥ်ပျံကိုထိန်းချုပ်ပြီး အဲ့ဒါကို ​အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွားစေ၏။ သူတို့သည် သိပ်မကြာခင်ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ထဲမှာ ဝေးကွာပျောက်ကွယ်သွားလေသည်။

………

နဂါးအသူရာချောက်နက်ကြယ်တွင်...။

ဆူဇီမိုသည် ခဏမျှစဥ်းစားတွေးတောကာ အရပ်တစ်ဘက်ကို ဦးတည်လိုက်၏။

သိပ်မကြာခင်သူက အဖွဲ့အစည်းတစ်ခုသို့ ရောက်ရှိလာခဲ့၏။

နှင်းလေတောင်ကြောရိုး...။

သူသည် အထက်ဘုံသို့ ပထမဆုံးရောက်ရှိလာခဲ့စဥ်က သူသည် ဤနေရာမှာ နှစ်တစ်ရာကျော်ကြာအောင် နေခဲ့ဖူးလေသည်။

နှစ်နှစ်ထောင်ကျော်ကြာပြီးနောက် နှင်းလေတောင်ကြောရိုး၏ စွမ်းအားက ယခင်ကထက် သိသိသာသာပိုမိုကြီးမားလာခဲ့၏။ သူတို့၏ ပိုင်နက်နယ်မြေကလည်း ပိုမိုကျယ်ပြန့်လာပြီး ကျင့်ကြံသူများကလည်း ပို၍များပြားလာ၏။

အရာရာတိုင်းက အစီအစဥ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်လာနေ၏။

ဆူဇီမိုသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး နှင်းလေတောင်ကြောရိုးတစ်ခုလုံးကို လွှမ်းခြုံကာ အတိတ်ကာလက သူ၏ မိတ်ဆွေဟောင်းတချို့ကို အာရုံခံကြည့်လိုက်၏။

ရှချင်းယင်၊ ယွဲ့ဟောက်၊ သွမ့်ထျန်လျန်၊ ရှန်ဖေး...။

နှစ်နှစ်ထောင်ကျော်အကြာမှာ ဆူဇီမို၏ ကျင့်ကြံမှုက ခုန်ပေါက်၍တိုးမြင့်လာခဲ့၏။

သို့သော်လည်း နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ရှချင်းယင်နှင့်အခြားသူများ၏ ကျင့်ကြံမှုက တိုးတက်လာသော်လည်း သူတို့သည် သူတို့၏ မူလကျင့်ကြံမှုနယ်ပယ်များမှာသာ ဆက်ရှိနေကြ၏။

သူတို့၏ ပါရမီအရည်အချင်းက မလုံလောက်သောကြောင့်မဟုတ်ပေ။

နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ လုံလောက်သည့် ကျင့်ကြံရေးအရင်းအမြစ်များ ရှိသည်ဆိုလျှင်တောင် အဆင့်တစ်ခုချိုးဖျက်တက်လှမ်းဖို့က အရမ်းကိုကြာမြင့်ပြီး အနည်းဆုံးနှစ်တစ်သောင်းလောက်အချိန်ယူရပေလိမ့်မည်။

သူတို့ကြားကွာဟချက်က ပို၍ပင်တိုးလာပေလိမ့်မည်။

ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က နှင်းလေတောင်ကြောရိုးမှလူတိုင်းထက် များစွာသာလွန်လေသည်။ သူကဤနေရာကိုစစ်ဆေးကြည့်ရှုခဲ့သည်ဆိုလျှင်တောင် သူ့ကိုမည်သူကမှ သတိမထားမိကြပေ။

ဆူဇီမိုကမထွက်ခွာခင် သူ၏ သိုလှောင်အိတ်ထဲမှ သာမန်အမြုတေစုဖွဲ့ဆေးလုံးများအားလုံးကို ထုတ်ယူကာ ရှချင်းယင်၏ လျှို့ဝှက်ကျင့်ကြံရေးအခန်း၏ အပြင်ဘက်မှာချပေးထားခဲ့၏။ သူက သူ့ကိုယ်သူရုပ်လုံးထွက်ပြခြင်းမရှိဘဲ ထွက်ခွာသွားလေသည်။

အတိတ်ကာလက သူ၏ ဤမိတ်ဆွေဟောင်းများက အဆင်ပြေနေသည်ကိုတွေ့ရသောအခါ သူ၏ ရင်ထဲမှာ မည်သည့်ချည်နှောင်ရစ်ပတ်မှုမှ ဆက်လက်၍မရှိတော့ပေ။

နဂါးအသူရာချောက်နက်မြို့တော်သို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် ပို့ဆောင်ရေးဝင်္ကပါထဲသို့ဝင်ရောက်ကာ နေလတိုင်းပြည်ကို ရောက်ရှိလာခဲ့၏။

ထို့နောက် သူကနေ့နေ့ညည ခရီးဆက်ပြီး ကြယ်တာရာဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။

သူသည် ဤတစ်ခေါက်ခရီးစဥ်မှ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများစွာကိုရရှိခဲ့ပြီး သူ၏ ကျင့်ကြံမှုကို မြှင့်တင်ဖို့အတွက် ဆက်လက်၍ တံခါးပိတ်ကျင့်ကြံရန်ပြင်လိုက်လေသည်။

All Chapters