ပိုင်ရှင်ကအိုမင်းမလာခင်မှာပင်
Vol. 139 Ch. 2084
နှစ်တစ်ထောင်က ကုန်ဆုံးသွားခဲ့၏။
အောက်ဘုံလောကများမှာ။
အပြာရောင်ကြယ်တစ်စင်း၏ အပြင်ဘက်မှာ လူနှစ်ယောက်က ကျယ်ပြောလှသောလေဟာနယ်ထဲမှာ မတ်တတ်ရပ်နေကြ၏။
အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်။
အမျိုးသား၏ ဆံပင်က အနက်ရောင်ဖြစ်ပြီး ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ မျက်နှာက ချောမောခံ့ညားပြီး သူ၏ မျက်လုံးများက ကောင်းကင်နှင့်မြေကြီး၏ လျှို့ဝှက်ချက်များကို ထွင်းဖောက်မြင်နိုင်သည့်အလား ကြည်လင်နက်ရှိုင်းနေ၏။ သူကလှုပ်ရှားခြင်းမရှိသော်လည်း သူက လောကကို အထင်အမြင်သေးနေသည့် အရှင်သခင်တစ်ပါး၏ အော်ရာကို ထုတ်ဖော်ပေးနေ၏။
အမျိုးသမီးက ကြော့ရှင်းတင့်တယ်၍ ချောမောလှပပြီး သူမ၏ အသားအရည်က နှင်းကဲ့သို့ဖြူဖွေးနေ၏။
သူမက အဝါဖျော့ဖျော့ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထား၏။
ဝတ်ရုံက အနည်းငယ်အိုဟောင်းနေပြီး ၎င်း၏ အရောင်အဝါက အဖြူရောင်ပင် အနည်းငယ်သန်းနေပြီဖြစ်၏။
သို့သော်လည်း အဲ့ဒါက အမျိုးသမီး၏ ခံ့ညား၍ ကြော့ရှင်းသောအော်ရာကို ဖုံးကွယ်ပေးမထားနိုင်ပေ။
အမျိုးသားနှင့် အမျိုးသမီးက လေထဲမှာမတ်တတ်ရပ်နေကြ၏။
အဝေးကနေကြည့်လျှင် သူတို့သည် အင်မော်တယ်စုံတွဲတစ်တွဲနှင့်တူနေ၏။
ပြီးခဲ့သည့်နှစ်တစ်ထောင်အတွင်း ဆူဇီမိုသည်ကျိယောင်ရွှယ်ကို ကမ္ဘာငယ်များစွာသို့ ခေါ်ဆောင်သွားခဲ့ပြီး သူတို့သည် မြင့်မြတ်သော ယဥ်ကျေးမှုများ၊ အမျိုးမျိုးသော သက်ရှိများနှင့် အလွန်တရာလက်ရာမြောက်သော ဗိသုကာလက်ရာ…. များစွာကို တွေ့မြင်ခဲ့ကြရ၏။
သူတို့နှစ်ယောက်သည် ကမ္ဘာငယ်တစ်ခုသို့ ရောက်ရှိလာသည့်အကြိမ်တိုင်းမှာ သူတို့သည် ထိုနေရာနှင့်ရောနှောပြီး ဒေသခံများ၏ ပုံပန်းသွင်ပြင်ကိုယူကာ အမျိုးမျိုးသောနေထိုင်မှုဘဝပုံစံများကို တွေ့ကြုံခံစားခဲ့ကြ၏။
နှစ်တစ်ထောင်ကြာပြီးတာတောင် သူတို့နှစ်ယောက်သည် ကမ္ဘာငယ်များအားလုံးသို့ မရောက်ရှိနိုင်ပေ။
သို့သော်လည်း သူတို့နှစ်ယောက်သည် ပြီးခဲ့သည့် နှစ်တစ်ထောင်မှာ အတွေ့အကြုံများစွာရရှိခဲ့ပြီး ရှုခင်းပေါင်းစုံကို တွေ့မြင်ခဲ့ရ၏။ အဲ့ဒါက အမျိုးမျိုးသောနေထိုင်မှုဘဝများနှင်အတူ စိတ်ဝင်စားစရာကောင်းလေသည်။
မပြောင်းလဲသွားသည့်တစ်ခုတည်းသောအရာမှာ သူတို့နှစ်ယောက်က အမြဲတမ်းအတူတကွရှိနေခဲ့ကြ၏။
ကမ္ဘာငယ်တစ်ခုမှာ ကျိယောင်ရွှယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်နှင့် လုံးဝကွဲပြားခြားနားသော နေထိုင်ယဥ်ကျေးမှုပုံစံကို တွေ့မြင်ခဲ့ရ၏။
ထိုကမ္ဘာငယ်မှာ လူသားများက အားနည်းနေဆဲဖြစ်၏။ သို့သော်လည်း နည်းပညာက အလွန်တရာမြင့်မားပြီး သူတို့သည် အမျိုးမျိုးသောကြမ်းကြုတ်တောကောင်များနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် ကြီးမားသောစက်ပစ္စည်းများကို ထိန်းချုပ်နိုင်ကြ၏။
ဆူဇီမို၏ အကူအညီနှင့်အတူ ကျိယောင်ရွှယ်သည် အဖွဲ့အစည်းတစ်ခုထဲသို့ အလွယ်တကူရောနှောဝင်ရောက်ကာ အခြားသောလူသားများနှင့် အတူယှဥ်တွဲကာတိုက်ခိုက်ဖို့အတွက် ကြီးမားသော ထိုစက်ပစ္စည်းများကို ထိန်းချုပ်ကြည့်ခဲ့၏။
အဲ့ဒါက မကြုံစဖူး ထူးခြားသောအတွေ့အကြုံတစ်ခုဖြစ်၏။
အဲ့ဒါသည် သူမဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့သည့် ယဥ်ကျေးမှုပုံစံတစ်ခုလည်းဖြစ်၏။
အရာရာတိုင်းက အသစ်အဆန်းဖြစ်၍ စိတ်ဝင်စားစရာကောင်းနေ၏။
အခြားသောကမ္ဘာငယ်မှာ မှော်ပညာလောကတစ်ခုရှိနေ၏။
အဲ့ဒါသည် အင်မော်တယ်တာအို၊ ဗုဒ္ဓတာအို၊ မိစ္တာတာ၊ သိုင်းတာအိုများနှင့် ကွဲပြားခြားနားသော နောက်ထပ်ကျင့်ကြံရေးယဥ်ကျေးမှုပုံစံတစ်ခုဖြစ်လေသည်။
ဤကမ္ဘာငယ်မှာ စွမ်းအားကြီးမားသော မှော်ပညာရပ်များကို စုဖွဲ့ဖို့အတွက် မြေ၊ ရေ၊ လေနှင့် မီးဟူသော ဓာတ်လေးပါးကို ထိန်းချုပ်နိုင်သည့် မှော်ဆရာများစွာရှိလေသည်။
ထိုမှော်ပညာရပ်များသည် မီး၊ ဆီးနှင်း၊ မိုးကြိုး၊ အမှောင်ထု၊ အာကာသ… စသည်ဖြင့် အမျိုးမျိုးကွာပြားနေ၏။
အဲ့ဒါကို သူတို့၏ အကန့်အသတ်ထိကျင့်ကြံနိုင်သည့်အခါ သူတို့သည် တောင်တန်းများကိုဖြိုနိုင်၊ ပင်လယ်များကို မှောက်လှန်နိုင်ပြီး လောကကို ကိုင်လှုပ်နိုင်ကြ၏။
မှော်ပညာရပ်တချို့သည် ကျောက်တုံးများကို ရွှေအဖြစ်သို့ပင် ပေါင်းစပ်ချက်လုပ်နိုင်ကြ၏။
ထိုကမ္ဘာငယ်မှာ ကျိယောင်ရွှယ်သည် အမျိုးသမီးမှော်ဆရာမတစ်ဦးဖြစ်လာခဲ့၏။ သူမသည် မှော်ပညာနှင့်ပတ်သက်၍ နားမလည်နိုင်သော်လည်း သူမက ဓမ္မပညာရပ်များကိုအသုံးချကာ လူတိုင်းကိုလှည့်စားနိုင်၏။
အမှားအယွင်းတစ်စုံတစ်ရာရှိခဲ့လျှင် ဆူဇီမိုက အဲ့ဒါကို ထိန်းကျောင်းပေးမည်ဖြစ်၏။
ကမ္ဘာငယ်တချို့က တိုက်ပွဲချီကိုကျင့်ကြံကြပြီး တချို့သောကမ္ဘာငယ်များက ဓားကျင့်ကြံသူများဖြင့် ပြည့်နှက်နေ၏။
အဲ့ဒီမှာ ကျင့်ကြံရေးယဥ်ကျေးမှုမရှိသလောက်နီးပါးဖြစ်သော ကမ္ဘာငယ်တချို့လည်းရှိလေသည်။
ဥပမာအားဖြင့် သူတို့နှစ်ယောက်နှင့် မလှမ်းမကမ်းမှာရှိသော အပြာရောင်ကြယ်ပေါ်တွင် မည်သည့်ကျင့်ကြံရေးယဥ်ကျေးမှုမှ မရှိသလောက်နီးပါးပင်။
အဲ့ဒီမှာရှိခဲ့မည်ဆိုလျှင်တောင် ဤကြယ်ပေါ်ရှိ ကျင့်ကြံသူများက ကျင့်ကြံမှုနယ်ပယ်အလွန်တရာနိမ့်ကျလေသည်။
တကယ်ဆို... အမြုတေတစ်ခုကို ဖွဲ့တည်န်ိုင်သည့်သူများကပင် မရှိသလောက်နီးပါးဖြစ်၏။
ဆူဇီမိုနှင့် ကျိယောင်ရွှယ်သည် အချိန်တစ်ခုကြာသည်အထိ ဤအပြာရောင်ကြယ်ပေါ်မှာနေထိုင်ခဲ့ပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှ ကျင့်ကြံရေးဂိုဏ်းများနှင့်ဆင်တူသော ကျောင်းဆောင်တစ်ခုသို့ပင် ဝင်ရောက်ခဲ့ကြ၏။
သို့သော်လည်း ဤကြယ်ပေါ်မှာရှိသောကျောင်းများသည် မည်သည့်ကျင့်ကြံရေးဓမ္မအစီအရင်ကိုမှ သင်ကြားပေးခြင်းမဟုတ်ဘဲ အသိပညာဗဟုသုတများကိုသာဖြစ်၏။
ဤကြယ်ပေါ်မှာ လူများစွာကိုတင်ဆောင်နိုင်သည့် သံနှင့်ပြုလုပ်ထားသော ယာဥ်များစွာလည်းရှိလေသည်။
ဤကြယ်ပေါ်မှာရှိသော လူသားများသည် သူတို့ဘာသာသူတို့မပျံသန်းနိုင်ကြသော်လည်း သူတို့သည် အမျိုးမျိုးသောနည်းလမ်းများကိုကြံဆကာ သူတို့ကိုလေထဲသို့သယ်ဆောင်သွားနိုင်မည့် ပစ္စည်းကိရိယာများစွာကို တီထွင်နိုင်ခဲ့ကြ၏။
ဤနေရာတွင် အဆန်းကြယ်ဆုံးအရာသည် သေးငယ်သောသတင်းပို့ပစ္စည်းများဖြစ်၏။
သူတို့က ကီလိုမီတာထောင်နှင့်ချီပြီးဝေးကွာနေလျှင်တောင် လူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်မျက်နှာချင်းဆိုင်ပြောဆိုနေသည့်အလား ချက်ချင်းပင်အပြန်အလှန်စကားပြောဆိုနိုင်ကြ၏။
ဤကြယ်ပေါ်မှာ သူတို့နှစ်ယောက်သည် စုံတွဲတစ်တွဲကဲ့သို့ သို့မဟုတ် ငယ်ပေါင်းကြီးဖော်များကဲ့သို့ ရှိနေခဲ့ကြ၏။
သူတို့သည် ဤထူးခြားသောယဥ်ကျေးမှုနှင့် မော်တယ်များ၏ စိတ်ခံစားချက်များကို တွေ့ကြုံခံစားခဲ့ကြ၏။
“ဒီမှာရှိတဲ့ စိတ်ဝိညာဥ်ချီက အရမ်းကိုပါးတာပဲ”
ကျိယောင်ရွှယ်က အပြာရောင်ကြယ်ကိုကြည့်ပြီး ပြောလိုက်၏။
“ဒီလိုမျိုးပါးလွှာတဲ့ စိတ်ဝိညာဥ်ချီနဲ့ဆို ဒီနေရာမှာ ဓမ္မအစီအရင်တစ်ခုခုရှိခဲ့မယ်ဆိုရင်တောင် အဲ့ဒါကိုကျင့်ကြံဖို့က မဖြစ်နိုင်သလောက်နီးပါးပဲ... ဒီကြယ်မှာဒီလိုမျိုးယဥ်ကျေးမှုတစ်ခုထွန်းကားလာတာ သဘာဝကျပါတယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“ဒါပေမဲ့... ဒီကြယ်ရဲ့သမိုင်းကြောင်းမှာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက ကမ်ဘရီယံခေတ်လို့ခေါ်တဲ့ စိတ်ဝိညာဥ်ချီပေါကြွယ်ဝတဲ့ခေတ်တစ်ခေတ်ရှိခဲ့ဖူးတယ်”
“အဲ့ဒီခေတ်တုန်းက ကြွယ်ဝတဲ့စိတ်ဝိညာဥ်ချီကြောင့် ဒီကြယ်ပေါ်မှာရှိတဲ့ အသက်ဓာတ်အားက ကြီးမားစွာပေါက်ကွဲသွားပြီး သက်ရှိအမျိုးစားပေါင်းစုံကို ပေါ်ထွက်လာစေခဲ့တယ်... သူတို့ထဲမှာ အရမ်းကြီးမားပြီး ကြမ်းကြုတ်ခက်ထန်တဲ့တောကောင်တွေလည်း ပါဝင်ခဲ့တယ်”
ဆူဇီမိုနှင့် ကျိယောင်ရွှယ်က ဤကြယ်ပေါ်ရှိကျောင်းတောာ်များကနေ ဤဗဟုသုတများကို ရရှိခဲ့ကြ၏။
“ဒါပေမဲ့ကြီးမားတဲ့ကပ်ဘေးတစ်ခုကြောင့် ဒီကြယ်ပေါ်မှာရှိတဲ့သက်ရှိတွေအားလုံးနီးပါးက ဆိတ်သုဥ်းပျောက်ကွယ်သွားပြီး စိတ်ဝိညာဥ်ချီကလည်း တဖြည်းဖြည်းခန်းခြောက်သွားခဲ့တယ်”
“စိတ်ဝိညာဥ်ချီက ပါးလာပြီးတော့... ဒီမှာရှိတဲ့ သက်ရှိများစွာရဲ့ခန္ဓာတွေက တဖြည်းဖြည်းကျုံ့ဝင်သွားပြီး နောက်ဆုံးမှာတော့ ဒီလိုပုံစံဖြစ်လာခဲ့တာပဲ”
“တကယ်တော့... ဒီမှာနေရတာက ကောင်းပါတယ်”
ကျိယောင်ရွှယ်က ပြုံးလိုက်၏။
“ဒီနေရာမှာ ကျင့်ကြံရေးယဥ်ကျေးမှုတွေမရှိဘူးဆိုပေမယ့် တခြားကြမ်းကြုတ်တောကောင်တွေရဲ့ ခြိမ်းခြောက်မှုလည်းမရှိဘူး”
“အဲ့ဒါဟုတ်တယ်”
ဆူဇီမိုက ပြုံး၍ခေါင်းညိတ်ပြလိုက်၏။
“ဒီနေရာမှာ တခြားဘာခြိမ်းခြောက်မှုမှ မရှိဘူးဆိုရင် ဒီကြယ်ပေါ်မှာ ရှင်သန်နေထိုင်ရတာက တကယ်ကိုမဆိုးဘူး”
ဤကြယ်၏ သမိုင်းကြောင်းမှာ ကမ်ဘရီယံခေတ်၏ ကြီးမားသောပေါက်ကွဲမှုအပြီး၌ အခြားသောကမ္ဘာဖျက်ကပ်ဘေးများ ကျရောက်လာသည်က မရှိသလောက်နီးပါးပင်။
ဤကြယ်ပေါ်မှာရှိသောကျောင်းတော်သားများစွာက အမျိုးမျိုးသောခန့်မှန်းချက်များကိုထုတ်ခဲ့ကြ၏။
ဆူဇီမို၏ ထင်မြင်ချက်အရ... ပညာရှင်တစ်ဦးက လောကများ၏ ချိပ်စည်းကိုချိုးဖျက်ပြီး ဤနေရာသို့ အတင်းအကျပ်ဆင်းသက်ခဲ့သောကြောင့် ထိုကပ်ဘေးကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ဖို့များလေသည်။ ဓမ္မပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများထွက်ပေါ်လာခြင်းက ဤကမ္ဘာငယ်ကို ဖျက်ဆီးပစ်ခဲ့ပေလိမ့်မည်။
“အထီးကျန်သိုင်းသခင်က တာအိုတစ်ခုကိုတည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာသင်ကြားပေးချင်တယ်”
ကျိယောင်ရွှယ်က ပြုံးလိုက်၏။
“နင်ဒီကြယ်ပေါ်မှာ သိုင်းပညာရဲ့အမွေအနှစ်ကို ချန်ထားပေးခဲ့ပါလား... တစ်နေ့မှာ ဒီနေရာမှာ စိတ်ဝိညာဥ်ချီပေါကြွယ်ဝလာတဲ့အခါ အဲ့ဒါက သိုင်းတာအိုထွန်းကားတဲ့မဟာခေတ်တစ်ခု ဖြစ်ချင်ဖြစ်လာမှာပေါ့”
ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောလိုက်၏။
“ကောင်းပြီလေ”
သူက သူ၏ နှာရောင်ကိုညင်သာစွာထိပြီး သူ၏ လက်ညှိုးကို ခတ်ထုတ်လိုက်၏။ ခရမ်းရောင်အလင်းစီးကြောင်းတစ်ခုက လေဟာနယ်ကိုဖြတ်သန်းသွားပြီး အပြာရောင်ကြယ်ပေါ်သို့ ဆင်းသက်သွား၏။
“ဘယ်သူက အဲ့ဒါကိုရရှိဖို့ ကံပါလာမလဲမသိဘူး”
ကျိယောင်ရွှယ်၏ မျက်နှာပေါ်မှာ ခပ်ယဲ့ယဲ့အပြုံးတစ်ခုရှိလာခဲ့၏။
သူတို့နှစ်ယောက်သည် ဘေးချင်းယှဥ်ရပ်နေပြီး အပြာရောင်ကြယ်ကို တိတ်တဆိတ်ဖြင့်ကြည့်နေကြ၏။
“ဇီမို...”
အတန်ကြာပြီးနောက် ကျိယောင်ရွှယ်က ရုတ်တရက် ညင်သာစွာအော်ခေါ်လိုက်၏။
“ဘာလို့လဲ”
ဆူဇီမိုက လှည့်ကြည့်လိုက်၏။
ကျိယောင်ရွှယ်က သူမ၏ ခေါင်းကိုအနည်းငယ်ငုံ့ပြီး ညင်သာစွာပြောလိုက်လေသည်။
“ငါပင်ပန်းနေပြီ”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
နှစ်တစ်ထောင်ကြာပြီးတာတောင် ကျိယောင်ရွှယ်၏ ကျင့်ကြံမှုက တိုးတက်မလာခဲ့ပေ။
သူမမှာ နေရဖို့အတွက် ဘဝသက်တမ်းများစွာမကျန်ရှိတော့ဟု အဓိပ္ပါယ်ရလေသည်။
ဘာမှန်းမသိရသောအကြောင်းအရင်းတချို့ကြောင့် နှစ်တစ်ထောင်ကြာပြီးတာတောင် ကျိယောင်ရွှယ်၏ မျက်နှာသည် အိုစာလာမည့် မည်သည့်လက္ခဏာမှမပြသဘဲ သူတို့ပထမဆုံးတွေ့ဆုံခဲ့စဥ်ကအတိုင်းပင်ရှိနေ၏။
သို့သော်လည်း သူမ၏ ဘဝသက်တမ်းက အဆုံးသတ်လာခဲ့ပြီဖြစ်၏။
ဆူဇီမိုသည် ကျိယောင်ရွှယ်ကိုကြည့်ပြီး သူ၏ မျက်လုံးများက နီမြန်းလာ၏။
သူက တစ်စုံတစ်ရာကို ပြောချင်နေသည့်အလား သူ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်၏။
သို့သော်လည်း သူက မည်သည့်အရာကိုမှ မပြောဆိုနိုင်ပေ။
ကျိယောင်ရွှယ်ဝတ်ဆင်ထားသည့် အဝါဖျော့ဖျော့ဝတ်စုံက အရမ်းကိုအိုဟောင်းနေပြီဖြစ်၏။
သို့သော်လည်း သူမသည် အဲ့ဒါကို ဘယ်တုန်းကမှမလဲခဲ့ဘဲ ဝတ်ဆင်ထားဆဲ ဖြစ်၏။
ကျိယောင်ရွှယ်သည် အကြောင်းအရင်းကို ဖော်ပြခဲ့ခြင်းမရှိဘဲ အဲ့ဒါကိုနားလည်သဘောပေါက်သည့်သူက မရှိသလောက်နီးပါးပင်။
ဤဝတ်ရုံကို ဆူဇီမိုသည် မဟာကျိုးမြို့တော်မှာနေခဲ့စဥ်က ကျိယောင်ရွှယ်အတွက် ကိုယ်တိုင်သွန်းလုပ်ပေးခဲ့သည်ကို ဆူဇီမိုတစ်ယောက်ကသာလျှင် သိရှိထား၏။
တစ်ခဏချင်းမှာပင် နှစ်ငါးထောင်က ကုန်ဆုံးသွားခဲ့၏။
ကျိယောင်ရွှယ်သည် ဤဝတ်ရုံကို သူမ၏ ဘေးမှာ အမြဲတမ်းထားခဲ့ပြီး အဲ့ဒါကို စွန့်မပစ်ခဲ့ပေ။
ထိုဝတ်ရုံ၏ ပိုင်ရှင်က အိုမင်းမလာခင်မှာပင် အဝတ်အစားက ၎င်း၏ အရောင်အဝါကို ဆုံးရှုံးလာရပြီဖြစ်၏။