← Chapters

ကျန်းမိသားစု၏နတ်ဘုရား ဗိုလ်ချုပ်........

Vol. 24 Ch. 346

ကျန်းမိသားစု၏နတ်ဘုရား ဗိုလ်ချုပ်........

Vol. 24 Ch. 346

“အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် အကြောင်း ကျွန်မ သိပ်မသိဘူး.... ဒဏ္ဍာရီအရတော့ အနှစ်တစ်သန်းကြာတိုင်းမှာ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်တစ်ပွင့် မွေးဖွားလာတယ်လို့ ဆိုကြတယ်....သူက ထူးကဲတဲ့စွမ်းရည်တွေနဲ့ မွေးဖွားလာပြီး သိုင်းပညာ လမ်းကြောင်းကို လျှောက်လှမ်းကြတယ်....သူသွားလေရာတိုင်းမှာ အလောင်းတွေနဲ့သွေးပင်လယ်ပဲကျန်ခဲ့လိမ့်မယ်... သိုင်းတာအို အတွက် သူကကောင်းကင်နဲ့​မြေပြင်ရဲ့ ဟန်ချက်ညီမှုကို ထိန်းသိမ်းဖို့ဆိုပေမယ့် လူသားတွေအတွက်ကတော့ ကပ်ဘေးကြီးပဲ.... အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် ပေါ်လာတိုင်း မဟာရွှမ်းဟန်ကမ္ဘာကြီးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတွေဖြစ်ပေါ်လာလိမ့်မယ်....”

ချန်ယောင်လင်းက အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် အကြောင်းက သူမကြားသိခဲ့ရသည်များကို စတင်ပြောဆိုခဲ့သည်။ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်

အကြောင်း ပြောနေစဉ် သူမ၏ တုံ့ပြန်မှုက ကြီးကျယ်ခြင်းမရှိပေ။ နောက်ဆုံးတော့ သူမဟာ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်နှင့် လုံးဝ ထိတွေ့မှု မရှိခဲ့ပေ။

“လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းမှာ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်တစ်စင်း မဟာရွှမ်းဟန်ကမ္ဘာမှာ မွေးဖွားခဲ့ဖူးတယ်....သူ အသတ်ခံလိုက်ရပြီး နတ်ဘုရားသိုင်းနယ်မြေက သူ့အလောင်းကို ကောင်းကင်မြစ်ထဲ လွှင့်ပစ်ခဲ့တယ်....သူတို့ဘာကြောင့် ဒီလိုလုပ်ကြတာလဲ ကျွန်မ မသိဘူး၊ နတ်ဘုရားဇီဟွမ်းကလဲ မပြောပြဘူး... နတ်ဘုရားသိုင်းနယ်မြေမှာ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်အတွက် အစီအစဉ်တစ်ခု ရှိကောင်းရှိလိမ့်မယ်ထင်တယ်.....”

ဒီအကြောင်းပြောရင်း ချန်ယောင်လင်း ခေါင်းခါလိုက်မိသည်။

ကျန်းချန်ရှန်းက စိတ်ဝင်တစားဖြင့်.... "နတ်ဘုရားသိုင်းနယ်မြေဆိုတာ ဘယ်လိုမျိုးတည်ရှိမှုမျိုးလဲ"ဟု မေးလိုက်သည်။

ချန်ယောင်လင်းက ...“နတ်ဘုရားသိုင်းနယ်မြေက ထျန်းကျင်းရဲ့ တော်ဝင်တရားရုံးနဲ့ ဆင်တူတယ်....ကမ္ဘာသုံးထောင်ကတော့ သူ့လက်အောက်က ပြည်နယ်တေ့ပေါ့...နတ်ဘုရားသိုင်းနယ်မြေက မဟာရွှမ်းဟန်ကမ္ဘာကြီးကို ထိန်းချုပ်ထားပေမယ့် ဂိုဏ်းဂဏတွေနဲ့ မင်းမျိုးမင်းနွယ်တွေကို မထိန်းချုပ်နိုင်ဘူး... နှစ်ဘက်စလုံးက ပွင့်လင်းမြင်သာစွာတမျိုး လျှို့ဝှက်စွာတဖုံ တိုက်ပွဲတွေ ဖြစ်နေကြတာ.....နတ်ဘုရားသိုင်းနယ်မြေက အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ကို ကောင်းကင်မြစ်ထဲကို ဝင်ခွင့်ပေးလိုက်ပြီး အဲဒီ မြေခွေးအိုကြီးတွေကို တွန်းလှန်ဖို့ ဒီအခွင့်အရေးကို အသုံးချချင်ခဲ့တာ ဖြစ်နိုင်တယ်....”

ကျန်းချန်ရှန်း လေးနက်သော အတွေးထဲသို့ ရောက်သွားခဲ့သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် မဟာရွှမ်းဟန်ကမ္ဘာကြီးက သူထင်ထားသည်ထက် ပိုမိုရှုပ်ထွေးခဲ့သည်။သို့ပေမယ့် လေ့ကျင့်ရန် နေရာများစွာရှိသဖြင့် ဖွံ့ဖြိုးတိုးတက်ရန် အချိန်ပိုပေးနိုင်သည်။

ချန်ယောင်လင်းက ချန်ကလန်၏ဒုက္ခများအကြောင်းကို စတင်ပြောဆိုခဲ့သည်။ ချန်ကလန်က အင်အားကြီးပေမယ့် သူတို့မှာလည်း အခက်အခဲတွေရှိသည်။ဤသည်မှာ မျိုးနွယ်ကြီးများစွာအတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သည်။

ကျန်းချန်ရှန်း စိတ်ရှည်ရှည်နဲ့ နားထောင်ပြီး သူတို့နှစ်ယောက် စကားအကြာကြီးပြောဖြစ်ခဲ့ကြသည်။

နှစ်တစ်ရာ အခမ်းအနားအပြီးတွင် အိမ်ရှေ့မင်းသား ကျန်းဇီယုက အစိုးရရေးရာများကို စတင်တာဝန်ယူခဲ့သည်။ ထျန်းကျင်းမှ အရာရှိများက အချိန်အတော်ကြာ မကျင်းပခဲ့သော နံနက်ခင်းညီလာခံသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ မနက်ပိုင်း ညီလာခံအတွင်း ကျန်းဇီယုက နဂါးပလ္လင်ပေါ်တွင် မထိုင်ဘဲ တဆင့်နိမ့်သော ပလ္လင်ပေါ်တွင်သာ ထိုင်နေခဲ့သည်။

မနက်ခင်းညီလာခံတွင် ကျန်းဇီယု ပေါ်လာတာကိုတွေ့တော့ အရာရှိတွေအားလုံးက သဘောပေါက်သွားကြသည်။

တာအိုဘိုးဘေး အထက်သို့တက်လှမ်းမည့် နေ့ရက်များ နီးကပ်လာလေပြီ။ တာအိုဘိုးဘေးမရှိရင် ထျန်းကျင်း အစွမ်းထက်နိုင်ပေဉီးမည်လော.....

ထို့ပြင် သူတို့စည်လည်း အချိန်မီ နတ်ဘုရားများ ဖြစ်လာနိုင်ပါမည်လား....

ထျန်းကျင်း၏အရာရှိများက အရေးပေါ်အခြေအနေကြောင့် ပိုကြိုးစားခဲ့ကြသည်။ ကျန်းဇီယုကလည်း သူတို့ကို စိတ်မပျက်စေခဲ့ပေ။ ကြီးမားသော အစီအစဥ်များစွာကို အဆိုပြုခဲ့ပြီး တာဝန်ရှိသူများအား ၎င်းတို့၏ အရည်အချင်းများကို ပြသရန် နေရာပေးခဲ့သည်။

ကျန်းရှန်၏အမည်သည်လည်း မြို့တော်တွင် စတင်ပျံ့နှံ့ခဲ့သည်။ အိမ်ရှေ့မင်းသား၏ တစ်ဦးတည်းသောသားတော်ဖြစ်သောကြောင့် သဘာဝအတိုင်း လင်းလက်တောက်ပနေ၏။ မုလင်းလော့ က သူ့ကို အရမ်းသဘောကျပြီး သူ့ကို ဝိဉာဉ်တောင်တန်းနှင့်မုမိသားစုဆီကို ခေါ်သွားလေ့ရှိသည်။

နောက်ထပ်ဆယ်နှစ်ကြာသွားပြီးနောက်...

ကျန်းချန်ရှန်းက ဆယ်နှစ်တစ်ကြိမ် မျက်လုံးဖွင့်လေ့ရှိသည်။ ထျန်းကျင်း အဆင်ပြေနေသရွေ့တော့ လူရှေ့ထွက်လာဖို့ ပျင်းလွန်းသည်။ ဆယ်နှစ်တစ်ကြိမ် မျက်လုံးဖွင့်ရတဲ့ အကြောင်းရင်းက သူ့ပတ်ဝန်းကျင်က လူတွေကို ဂရုစိုက်ဖို့ပင်.....

အသက် 10 နှစ်အရွယ် ကျန်းရှန်က ၎င်း၏စွမ်းရည်များကို ပြသခဲ့ပြီး မကြာသေးမီက ကျန်းထျန်းမင်နှင့်အတူလေ့ကျင့်ခဲ့သည်။ ဒါကလည်း မုလင်းလော့၏ အစီအစဉ်ပင်... ကျန်းထျန်းမင်က ကျန်းရှန်၏ ကြီးပြင်းမှုအပေါ် အကျ်ိုးသက်ရောက်မှုရှိစေလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့သည်။ ကျန်းချန်ရှန်းက ကျန်းဇီယုကို ဧကရာဇ်အဖြစ်ထီးနန်းစိုးစံရန် ချက်ချင်းမကူညီနိုင်ခဲ့ခြင်းကြောင့် ကျန်းရှန်ကလည်း အိမ်ရှေ့စံ မဖြစ်နိုင်တော့ပေ။ ဒီလိုအခြေအနေမျိုးမှာ ကျန်းရှန် အတွက် ရည်မှန်းချက်ကြီးကြီးမထားဖို့က အကောင်းဆုံးပင်....

ကျန်းဇီယုက ကမ္ဘာ့နံပါတ်တစ် ပါရမီရှင်အဖြစ် ချီးကျူးခံရပြီး ကမ္ဘာပေါ်ရှိလူတိုင်းက သူ၏ကြီးထွားမှုကို စောင့်မျှော်နေကြသည်။ တကယ်တော့ ကျန်းရှန်တွင် အားနည်းချက်မရှိပေ။ သို့သော် ကျန်းဇီယုနှင့် နှိုင်းယှဥ်ကြည့်လျှင် ချို့တဲ့နေဆဲဖြစ်သည်။

ကျန်းချန်ရှန်းက ကျန်းရှန်ကိုစောင့်ရှောက်ရန် သူ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့သည်။ ဒီက​လေး​လေး လမ်းလွဲသွားတာမဟုတ်​ဘူးဆိုတာ ​သေချာ​မှသာ သူစိတ်​​အေးနိုင်ခဲ့သည်။

ကျန်းရှန်၏ အရည်အချင်းက ကျန်းဇီယု ထက် နိမ့်ကျသော်လည်း ကျန်းချန်ရှန်းအနေဖြင့် ၎င်း၏ စွမ်းရည်ကို မဖော်ထုတ်ရသေးကြောင်း ခံစားခဲ့ရသည်။ သူ၏ကြွက်သားများနှင့် အရိုးများပေါ်ရှိ မှော်စာလုံးများက သူ၏ ရုပ်ခန္ဓာကိုအားကောင်းအောင် ကူညီနေဆဲပင်.....

"ကျန်းဂျန်... ကျန်းထျန်းမင်...ကျန်းရွှမ်ကျန့်....ကျန်းရှန်..."

အနာဂတ်တွင် ကောင်းကင်တရားရုံးအတွက် တိုက်ပွဲဝင်နိုင်ရန် သူ၏သားစဉ်မြေးဆက်များကြားတွင် အင်မော်တယ်နတ်ဘုရားတစ်ဖွဲ့ကို ဖွဲ့စည်းသင့်သလား.....

ကျန်းမိသားစုတွင် သားစဉ်မြေးဆက်များစွာ ရှိပြီး အရည်အချင်းရှိသူများလည်း ရှိသည်။

သို့ပါသော်​ကြောင့် ဤအစီအစဥ်က မဆိုးလှပေ။

အနာဂတ်တွင် ကျန်းချန်ရှန်း တစ်ယောက်တည်း ကောင်းကင်တရားရုံးတွင် နေနိုင်မည်မဟုတ်ဟု တိတ်တဆိတ် တွေးခဲ့သည်။ သူတကယ် တန်ခိုးကြီးချင်ရင်တော့ ဖုန်းရှန်းယန်ရိစာလိပ်ရဲ့တရားဝင်နတ်ဘုရားစာရင်းတွင် ထူးချွန်ထက်မြက်တဲ့ အရည်အချင်းရှိသူတွေရှိနေရမည်။

မုလင်းလော့နှင့် ကျိဝူကျွင်းတို့ မဟာကန္တရမင်းဆက်သို့ ခရီးထွက်ခဲ့ကြသောကြောင့် ကျန်းချန်ရှန်း မျက်လုံးမှိတ်ထားပြီး ဆက်လက် ကျင့်ကြံခဲ့သည်။

ပိုင်ချီရှင်းဟာ ​​နှစ်ပေါင်းများစွာ အဝေးပို့ခံခဲ့ရပေမယ့် သူလျှိုလုပ်သလိုမျိုး မခံစားရပေ။ ဆိုလိုသည်မှာ ဧကရာဇ်ကျု့ကျွယ်က မဟာကန္တရသိုင်းကမ္ဘာကို ထပ်မံမကြည့်ရှုလိုတော့ပေ။

သို့ပါသောကြောင့် ကျန်းချန်ရှန်း နောက်ထပ် အောင်မြင်မှုမရမချင်း မည်သည့်ပြဿနာမျှ မကြုံနိုင်ပေ။

ထပ်မံအဆင့်တက်မည့်အချိန်တွင် မဟာကန္တရသိုင်းကမ္ဘာ၏ နတ်ဘုရားအသစ် ဇီဟွမ်းက မည်သို့သဘောထားမည်ကို ကျန်းချန်ရှန်း သေချာမသိသေးပေ။

မည်သို့ပင်ဆိုစေကာမူ သူလိုချင်သည်မှာ သန်မာလာရန်ဖြစ်သည်။

နှစ်နှစ်အကြာ... အင်မော်တယ်ခေတ်၏ ၁၁၂ နှစ်မြောက်တွင်....

ကျန်းချန်ရှန်း ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိပြီး မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။ဦးတည်ရာတစ်ခုကို လှမ်းကြည့်ဖို့ တာအိုမျက်လုံးကိုအသုံးပြုခဲ့သည်။

သူ၏အမြင်အာရုံနယ်ပယ် တိုးတက်လာပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် တစ်ဖက်သို​မြင်နိုင်ခဲ့သည်။

ကြီးကျယ်ခမ်းနားပြီး မြင့်မြတ်သော တောင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်တခု တဖြည်းဖြည်း မြင့်တက်လာသည်။ သူ့မှာ လူနဲ့တူတဲ့ ကိုယ်လုံးကိုယ်ပေါက်၊ ခြေလက်တွေရှိပြီး ဆံသားများက ဖြာလန်ကျဲနေသည်။ လေအေးတွေက ထိုသူ့ကို ဝိုင်းရံထားသည်။

ဒီကောင် အထက်ကိုတက်လှမ်းနေပြီး....

ကျန်းချန်ရှန်း လူတစ်ယောက် အထက်သို့တက်လှမ်းခြင်းကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ထိုသူက ကောင်းကင်နှင့်မြေပြင်ဧကရာဇ်နယ်ပယ်၏စတုတ္ထအဆင့်တွင်ရှိသင့်ပြီး ထိုသူ၏မျိုးနွယ်စုကို သူတစ်ခါမျှမမြင်ဖူးပေ။

ဆိုလိုသည်မှာ နတ်ဘုရားဇီဟွမ်းဘက်က စတင်လှုပ်ရှားနေပြီဖြစ်သည်။ မဟာကန္တရသိုင်းကမ္ဘာကို နတ်ဘုရားဇီဟွမ်း သိမ်းပိုက်လိုက်သောအခါ၊ သဘာဝအားဖြင့် ဤကမ္ဘာက သူမဆီက ဘာမျှလက်ခံရမည်မဟုတ်ပေ။ မဟာကန္တရသိုင်းကမ္ဘာကသာ သူမအတွက် သိုင်းဧကရာဇ်များ အဆုံးမရှိ ပံ့ပိုးပေးနိုင်သည်။

သိုင်းတာအိုကမ္ဘာမှ ကျွမ်းကျင်သူများအတွက် အထက်သို့တက်လှမ်းခြင်းက ဆွဲဆောင်မှုကောင်းတစ်ခုလည်းဖြစ်သည်။

အထက်နယ်ပယ်ရှိ အရင်းအမြစ်များနှင့် သိုင်းပညာဆိုင်ရာ နည်းစနစ်များက ပိုမိုအားကောင်းပေလိမ့်မည်။ ထို့ကြောင့် အထက်သို့တက်လှမ်းခြင်းကသာ ၎င်းတို့အား မြင့်မားသောနယ်ပယ်သို့ ဖြတ်ကျော်ရန် မျှော်လင့်ချက်ကို ပေးစွမ်းနိုင်သည်။

အရင်တုန်းကတော့ လူသားသိုင်းပညာရှင်များ အထက်သို့မတက်လှမ်းနိုင်ဘဲ များပြားလှသော မျိုးနွယ်စုတွေသာ

ဧကရာဇ်မျိုးနွယ်ရဲ့ အဆင့်အတန်းအတွက် ယှဉ်ပြိုင်နိုင်ကြသည်။ ယခုမူကား လူသားမျိုးနွယ်က များပြားလှသော မျိုးနွယ်များကို ခြိမ်းခြောက်လာသောကြောင့် ထိုပညာရှင်များက လူသားမျိုးနွယ်နှင့် မယှဉ်ဝံ့ဘဲ တက်လှမ်းဖို့လမ်းကြောင်းကိုသာ စတင်နိုင်ခဲ့သည်။

ကျန်းချန်ရှန်းက ၎င်းကို ခဏတာသာ ကြည့်ရှုခဲ့သည်။

အင်မော်တယ်ခေတ်၏ ၁၁၈ နှစ်တွင် ကျန်းရှန်လည်း အရွယ်ရောက်လာပြီးဖြစ်သည်။

လုံချီတောင်ပေါ်တွင် တိုင်ဝ၊တိုင်ရှီးနှင့်ရွှေကျီးကန်းတို့ရှိနေပြီး ရဲရွှမ်နှင့်ဓားနတ်ဘုရားတို့ကတော့ တနေရာသို့သွားနေကြသည်။

ပိုင်လုံက ကျန်းရှန်ကိုကြည့်ပြီး အိပ်ချင်မူးတူးလေသံနှင့်.....

" သူက ဆရာတော်ရဲ့မြေးပဲ....ဒါ့ကြောင့် ဆရာ​တော်နဲ့တူတာ သဘာဝကျသားပဲ...."

ထိုစဉ် ကျန်းရှန်နားသို့ ကျန်းထျန်းမင် ရောက်လာသည်။

အခုအချိန်မှာတော့ ကျန်းထျန်းမင် က အရပ်ရှည်ပြီး ရုပ်ရည်ချောမောက စိတ်ဓာတ် ပြင်းပြသူတစ်ယောက်ဖြစ်နေချေပြီ။ကျန်းရှန် ရှေ့မှာ ရပ်နေတဲအခါ ကျန်းရှန်၏အစ်ကိုကြီးဟုပင်ထင်ရသည်။သူ၏ ကျယ်ပြန့်သော ပခုံးနှစ်ဖက်က ခိုင်မာသော လုံခြုံမှုကို ပေးစွမ်းသည်။

"ကျန်းရှန်၊ ငါ မင်းကို ရွှမ်ကျန့်၊ကျန်းလော့ နဲ့ ကျန်းယဲ့တို့နဲ့အတူ စွန့်စားခန်းဖွင့်ဖို့ ခေါ်သွားမယ်....."

ကျန်းထျန်းမင်က ကျန်းရှန်ကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။ ထိုစကားကိုကြားသောအခါ ကျန်းရှန် မျက်လုံးများကိုဖွင့်လိုက်ပြီး လျင်မြန်စွာ မတ်တပ်ထရပ်လိုက်ကာ အံ့သြဖွယ်ကောင်းသော အမူအရာကို ထုတ်ဖော်လိုက်သည်။

ကျန်းရှန်က ကြီးပြင်းလာသော်လည်း သူသည် ကျန်းထျန်းမင်ထက် ဦးခေါင်းတလုံးစာအရပ်ပုနေသေးသည်။

"မင်း ငါတို့ကို ဘာလို့ စူးစမ်းလေ့လာဖို့ ရုတ်တရက် ခေါ်သွားမှာလဲ...."

ကျန်းရှန်က စိတ်ဝင်တစား မေးလိုက်သည်။ ကျန်းထျန်းမင်က သူ့ကို ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးခဲ့သူဖြစ်သောကြောင့် သူတို့နှစ်ဦးကြားတွင် ဝါစဉ်၊ ရာထူးများကို ဂရုမစိုက်ကြပေ။

ကျန်းထျန်းမင်က ပြုံးပြီး..... “ဒါက ဘိုးဘေးရဲ့ အစီအစဉ်ပါ.... ငါတို့ငါးယောက်က အချိန်အကြာကြီး အတူတူနေရမယ်...."

ဒါကိုကြားတော့ ကျန်းရှန် ပိုလို့တောင် စိတ်လှုပ်ရှားသွားသည်။ သူ အပြင်ထွက်ပြီး စူးစမ်းချင်နေတာ ကြာပါပြီ.....

ကျန်းထျန်းမင်က တဖက်လှည့်ပြီး ပိုင်ချီ၊ပိုင်လုံနှင့် နတ်ဆိုး တိရစ္ဆာန်တွေကို ကျန်းရှန်နဲ့အတူ နှုတ်ဆက်ခဲ့သည်။

ပိုင်ချီက ကောင်းကင်ကို မော့ကြည့်လိုက်ကာ..."ကျန်းဂျန်သာ ဒီမှာရှိနေရင် အရမ်းကောင်းမှာပဲ... ဆရာတော်က ကျန်းမိသားစုရဲ့ သားစဉ်မြေးဆက်ကို အရမ်းအလေးထားတယ်....”

ပိုင်လုံကတော့ အိပ်ပျော်သွားပြန်သဖြင့် စကားမပြန်နိုင်ပေ။

ဒီကောင် ဒီအတိုင်း အိပ်ပျော်သွားပြန်ပြီ.....

နန်းတော်တစ်ခုအတွင်းတွင် အလင်းရောင်သည် တောက်ပနေပြီး လူငါးယောက် ဘေးချင်းကပ်ရပ်နေ၏။ အချို့မှာ ပေတစ်ထောင်မြင့်ပြီး အချို့မှာ ပေဒါဇင်နှင့်ချီမြင့်မားသည်။ သူတို့အားလုံးမှာ ထူးထူးခြားခြား အော်ရာများရှိကြပြီး သူတို့၏အကြည့်များက နတ်ဘုရားဇီဟွမ်း၏ရှေ့ရှိ မြင့်မားသောစင်မြင့်ပေါ်သို့ ကျရောက်သွားပြီး ၎င်းတို့သည် အတော်လေးကို ထိတ်လန့်သွားကြသည်။

နတ်ဘုရားဇီဟွမ်း၏ တစ်ဖက်တစ်ချက်စီတွင် အမျိုးသမီးတစ်ဦးစီ ရပ်နေသည်။ သူတို့တွင် ချောမောလှပတဲ့ ကိုယ်ဟန်အမူအရာနဲ့ လှပတဲ့ မျက်နှာလေး ပိုင်ဆိုင်ထားကြသည်။

“မင်း ငါ့အတွက် အလုပ်လုပ်ပေးမယ်ဆို ငါမင်းကို မနှိပ်စက်ဘူး... အခုလောလောဆယ် တာအိုဘိုးဘေးအကြောင်း ပြောပြ....မင်းသူ့အကြောင်းဘယ်လောက်သိလဲ"

ကျူရုန်မျိုးနွယ်စုမှ ကျွမ်းကျင်ပညာရှင်တစ်ဦးက အံကြိတ်ကာ ....

" တာအိုဘိုးဘေးက မထင်မှတ်လောက်အောင် အစွမ်းထက်တယ်.... ဘယ်လို လေ့ကျင့်ထားလဲတော့ မသိဘူး....”

ကျူရုန်မျိုးနွယ်စုက တာအိုဘိုးဘေးကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သောကြောင့် ဤမုန်းတီးမှုကို မည်သို့လွယ်ကူစွာဖြေရှင်းနိုင်မည်နည်း။

ကျူရုန်မျိုးနွယ်စုဝင်နှင့်အတူရပ်နေသည့် အခြားသူလေးယောက်ကလည်း.....

"ငါလည်း စုံစမ်းဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်တယ်... ထျန်းကျင်းကလူတွေတောင် တာအိုဘိုးဘေး ဘယ်လို အားကောင်းလာတယ်ဆိုတာ မသိကြဘူး....တာအိုဘိုးဘေးက အသက် 400 လောက်ရှိပြီလို့ ပြောကြတယ်...."

"အသက် ၄၀၀ လောက်ရှိပြီလား.... အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... အထက်ကမ္ဘာမှာ​တောင် ဒီလောက် အသက်ရှည်တဲ့သူမရှိဘူး.... ”

"အရှင်..... တာအိုဘိုးဘေးရဲ့ မူလဇာစ်မြစ်ကို သိလား"

“ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဘုရားသခင်ကိုတောင် တာအိုဘိုးဘေးက သတ်ပစ်လိုက်ပြီ...မဟာကန္တရသိုင်းကမ္ဘာတစ်ခုလုံးမှာ ဘယ်သူမှ တာအိုဘိုးဘေးကို ခြိမ်းခြောက်နိုင်စွမ်းမရှိဘူး.... ဒါကလည်း ကျွန်တော် အခုလိုအထက်ကိုတက်လှမ်းလာရတဲ့ အကြောင်းရင်းပါပဲ.....”

သူတို့စကားကြားတော့ နတ်ဘုရားဇီဟွမ်း မျက်မှောင်ကြုတ်လိုက်သည်။

နတ်ဘုရားဇီဟွမ်းက ဖြည်းညှင်းစွာဖြင့်.... "မင်းမသိတဲ့အတွက် ထားလိုက်ပါတော့... ကောင်းကောင်းလေ့ကျင့်ကြပါ...ကောင်းကင်နှင့်မြေကမ္ဘာဧကရာဇ်နယ်ပယ်က မဟာရွှမ်းဟန်ကမ္ဘာကြီးမှာ အစမှတ်လောက်ပဲရှိတာ.... နောင်နှစ်တစ်ရာအထိ မင်းတို့ မဟာရွှမ်းဟန်ကမ္ဘာကြီးနဲ့ အကျွမ်းတဝင်မရှိမချင်း ဒီနေရာမှာနေပြီး လေ့ကျင့်ပေးရမယ်... "

“ဟုတ်ကဲ့...!”

သိုင်းဧကရာဇ်ငါးပါးတို့က တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

ထိုသူများ နန်းတော်မှ ထွက်သွားသောအခါ နတ်ဘုရားဇီဟွမ်း ပို၍မျက်မှောင်ကြုတ်နေမိတော့သည်။

အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးက.... “အရှင်...ဘာလို့ ဒီအကြောင်းကို ယောင်လင်းဆီ တိုက်ရိုက်မမေးတာလဲ...."

"ချန်ယောင်လင်း ငါ့ကို သစ္စာဖောက်ပြီး တာအိုဘိုးဘေးနောက်ကို လိုက်သွားတယ်လို့ခံစားနေရတယ်...."

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? သူက အရှင်နဲ့အတူ ချန်ကလန်မှာ ကြီးပြင်းလာတာမဟုတ်လား...."

"ဟုတ်တယ်...ကလန်သားအချင်းချင်း တစ်ယောက်ကို တစ်ယောက် ဘယ်လို သစ္စာဖောက်နိုင်မှာလဲ"

အစိမ်းရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးက ထပ်ပြောလိုက်သည်။ အကယ်၍ နတ်ဘုရားဇီဟွမ်းသာ ချန်ယောင်လင်းကို သံသယဖြစ်လျှင် နောင်တွင် ၎င်းတို့ကိုရော သံသယရှိမည်လား။

နတ်ဘုရားဇီဟွမ်းက. . "သူသာ စိတ်ဓာတ်ခိုင်မာရင် ငါ့ကို သစ္စာမဖောက်ဘူး... ဒါပေမယ့် တာအိုဘိုးဘေးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းရည်တွေပိုင်ဆိုင်ထားတာကြောင့် စိတ်မအေးနိုင်ဘူး... ဧကရာဇ်ကျူ့ကျွယ် လွှတ်လိုက်တဲ့ ပိုင်ချီရှင်းလို လူမျိုးတောင် အောက်ကမ္ဘာမှာ တစ်လကြာနေထိုင်ပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး.... ဧကရာဇ်ကျူ့ကျွယ်ကလည်း ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက်ဖို့ လာခဲ့တာမျိုး မရှိဘူး.... ငါတကယ်ကို နားမလည်နိုင်တော့ဘူး.... "

“ဒါ့အပြင် ချန်ယောင်လင်း ငါ့ဆီ အဆက်အသွယ် နည်းလာတယ်.... သူ့စကားတွေက တာအိုဘိုးဘေးကို ကာကွယ်ဖို့ အရင်းခံရည်ရွယ်ချက်တွေနဲ့ချည်းပဲ.....”

ထိုအကြောင်းကို ပြောရင်း နတ်ဘုရားဇီဟွမ်း သက်ပြင်းချလိုက်သည်။

ဤနေရာ၌ ထိုင်ရင်း မဟာကန္တရနတ်ဘုရား၏သဘောထားကို ရုတ်တရက် သဘောပေါက်သွားသည်။

သူ တာအိုဘိုးဘေးနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသော်လည်း မည်သည့်အခါမှ ထိတွေ့ဆက်ဆံခြင်းမရှိခဲ့ပေ။ တာအိုဘိုးဘေး မည်မျှ တန်ခိုးကြီးသည်ကိုပင် သူမ မသိ။ သို့သော် တာအိုဘိုးဘေး အထက်သို့ မတက်သေးသရွေ့ သူမကို သတိထားနေမည်ဟု ဆိုလိုသည်။ သတိထားရင်း ရန်သူဖြစ်သွားနိုင်ပေသည်။

အဖြူရောင်ဝတ် အမျိုးသမီးနှင့်အစိမ်းရောင်ဝတ်အမျိုးသမီးတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အံ့သြနေမိတော့သည်။

နတ်ဘုရားဇီဟွမ်းက.... "အဆင့်နိမ့် သိုင်းပညာရှင်အချို့ကို ရှာပြီး သိုင်းတာအိုကမ္ဘာထဲဝင်ခွင့်ပြုလိုက်....ပြီးရင် သူတို့ကို ထျန်းကျင်းနဲ့ပေါင်းစည်းဖို့ နည်းလမ်းရှာထား.... အဲ့ဒီ့လူတွေက ချန်ယောင်လင်း မသိတဲ့သူဖြစ်ရမယ်ဆိုတာ မမေ့နဲ့...."

All Chapters