← Chapters

ကမ္ဘာလုံးဆိုင်ရာသိုင်းပြိုင်ပွဲ.... ကံတရားတိုက်ပွဲ....

Vol. 24 Ch. 347

ကမ္ဘာလုံးဆိုင်ရာသိုင်းပြိုင်ပွဲ.... ကံတရားတိုက်ပွဲ....

Vol. 24 Ch. 347

ငရဲ၌......

လက်ရှိတွင် အပြစ်ပေးအကြီးအကဲက

စားပွဲပေါ်ရှိ ငရဲဘုံကို ကြည့်နေသည်။ သူ့တာဝန်က ငရဲကို စောင့်ကြည့်နေရခြင်းပင်.... လူဝင်စားခြင်းကိစ္စအား ငရဲဘုရင်ဆယ်ပါးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အများအားဖြင့်၊ သူသည် ငရဲ၏ ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ရန်သာ လိုအပ်သည်။

ထိုစဉ် ပုံရိပ်တခုလျင်မြန်စွာရောက်လာသည်.....

ကျန်းရွှမ်းနျန်.......

ကျန်းရွှမ်းနျန် သေဆုံးပြီးနောက် တစ္ဆေကျွန်ဖြစ်လာခဲ့သည်။ သူ့အနေနှင့် တစ္ဆေကျွန်ဖြစ်လိုသည်ဖြစ်စေ မဖြစ်ချင်သည်ဖြစ်စေ ရွေးချယ်နိုင်သောကြောင့် ယင်းကို တကျန်းဧကရာဇ်မင်းမြတ်အတွက် ဦးစားပေးဆက်ဆံမှုအဖြစ် သတ်မှတ်ခဲ့သည်။ ကျန်းရွှမ်းနျန်က လူ့လောကကြီး၏ ဒုက္ခဆင်းရဲကို ထပ်မံမခံစားချင်တော့ဘဲ ငရဲ၌နေခဲ့သည်။ တကျန်းကို ကျဆင်းခြင်းမှ မကယ်တင်ခဲ့သော်လည်း သူ၏ အုပ်ချုပ်နိုင်မှုမှာ အလွန်အားကောင်းခဲ့သည်။ မကြာခင်မှာပဲ သူ့ကို ပြစ်ပေးအကြီးအကဲကပင် အထင်ကြီးခဲ့ရသည်။

အိမ်တော်သခင်၊ ငါအရင်က ပုံမှန်မဟုတ်တာကို သေသေချာချာ စုံစမ်းပြီးပြီ.....အဲ့နှစ်က ကလေးများစွာမွေးဖွားခဲ့ပြီး အရည်အချင်းအရှိဆုံးသူကတော့ ထျန်းကျင်းရဲ့ အိမ်ရှေ့မင်းသား ကျန်းရှန်ပဲ

ကျန်းရွှမ်းနျန်က ထူးဆန်းတဲ့အမူအရာနဲ့ ပြောလိုက်သည်။

အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် လူပြန်ဝင်စားသောအခါ၊ ငရဲ၌ လူဝင်စားခြင်း၏စည်းမျဉ်းများကို ကမောက်ကမဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထျန်းကျင်း၏ လူဝင်စားသံသရာက ငရဲနှင့် ဆက်စပ်နေသောကြောင့်ဖြစ်သည်။ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် ထျန်းကျင်း၌ လူဝင်စားဖြစ်လာသည့်အခါ ၎င်းသည် ငရဲ၌ လူဝင်စားခြင်းစည်းမျဉ်းများ သဘာဝအတိုင်း ပါ၀င်သည်။ သို့သော်၊ ငရဲက အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် ကို မစုံစမ်းရသေးပေ။

ပြစ်ပေးအကြီးအကဲက ထိုစကားကိုကြားပြီးနောက် သေချာတွေးတောကာ.... "ဒီကိစ္စကို ငါ တာအိုဘိုးဘေးကို ပြောပြလိုက်မယ်"

ကျန်းရွှမ်းနျန်က ခေါင်းညိတ်ပြပြီး သူထွက်မသွားခင် အခြားအရာတစ်ခုကို သတင်းပို့ခဲ့သေးသည်။

အပြစ်ပေးအကြီးအကဲက ခေါင်းငုံ့ကာ စားပွဲပေါ်ရှိ ဖန်သားပြင်ကို ကြည့်လိုက်သည်။ သူဘာတွေတွေးနေလဲ ဘယ်သူမှမသိနိုင်ပေ။

ကျန်းချန်ရှန်း၏ ကျင့်ကြံမှုက တာအိုကို နားလည်ခြင်းမှ တာအိုသစ်သီးကို သန့်စင်ခြင်းသို့ ပြောင်းလဲခဲ့ပြီး သူ့အသိစိတ်ကိုလည်း အာရုံစူးစိုက်မှု နည်းပါးစေခဲ့သည်။ ထိုအခြေအနေတွင် လူအချို့ ကောင်းကင်မှ ဆင်းလာလေ့ရှိကြောင်း သူတွေ့ရှိခဲ့သည်။ထိုသူများက ဖုံးကွယ်ထားသော်လည်း ကျန်းချန်ရှန်း၏နတ်ဘုရားအာရုံမှ မလွတ်မြောက်နိုင်ပေ။ သို့သော် ဤလူများက အလွန်အားနည်းသောကြောင့် သူတို့ကို မတားခဲ့ပေ။ အဲဒါကို လုပ်ခဲ့တဲ့သူက နတ်ဘုရားဇီဟွမ်းပဲလို့ သူ ခန့်မှန်းထားသည်။

နတ်ဘုရားဇီဟွမ်းက ချန်ယောင်လင်းကို သံသယဖြစ်ပုံရသည်။ဒါကလည်း ပုံမှန်ပင်.... ချန်ယောင်လင်း အလွန်ပြောင်းလဲသွားသဖြင့် သူသာဆိုရင် တစ်ခုခုလွဲချော်နေတာကို သတိထားမိပေမည်။

နတ်ဘုရားဇီဟွမ်းဘက်က မဟာကန္တရသိုင်းကမ္ဘာမှ ကျွမ်းကျင်သူများ စုဆောင်းခြင်းကို မရပ်တန့်သရွေ့ သူမ သူ့ကို ရူးသွပ်စွာ တိုက်ခိုက်ဝံ့လိမ့်မည် မဟုတ်ပေ။

ဒါတောင်မှ ကျန်းချန်ရှန်းက မဟာကန္တရမင်းဆက်တစ်ဝိုက်မှာ အသန်မာဆုံး ကျွမ်းကျင်သူတွေကို တွက်ချက်လေ့ရှိသည်။

မကြာသေးမီက၊ သူ၏ တာအိုသစ်သီး သည် တာအိုကမ္ဘာနှင့် စတင်ချိတ်ဆက်ခဲ့ပြီး တာအိုကမ္ဘ ရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများနှင့် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်စေခဲ့သည်။ ယင်းက သူ့အား နောက်ဆက်တွဲ နယ်ပယ်များအတွက် စိတ်ကူးသစ်တစ်ခု ပေးခဲ့သည်။

နွေဦးပေါက်ပြီး ဆောင်းဦးရောက်လာပြီး ဉတုလေးလီ ပြောင်းသွားပြန်သည်။

ထျန်းကျင်းကလည်း နေ့စဥ်ပြောင်းလဲနေသည်။ သိုင်းဘုရင်နယ်ပယ် ကျွမ်းကျင်သူများ ပိုများလာကာ ကောင်းကင်နယ်ပယ်က ယခင်ကကဲ့သို့ မြင့်မားပြီး အင်အားမရှိတော့ပေ။ သို့သော် မဟာသူတော်စင် မမွေးဖွားသေးပေ။ မဟာသူတော်စင် ဖြစ်လာရန် မျှော်လင့်ချက် အမြင့်မားဆုံး သူများကတော့ ကှမျးတုံးယု၊ကြျိဝူကြှငျး၊ ကျန်းထျန်းမင်၊ ကျန်းဇီယုနှင့် မုလင်းလော့ တို့ဖြစ်သည်။ သူတို့၏အရည်အချင်းများက အခြားသူများထက် များစွာသာလွန်ပြီး သိုင်းဘုရင်နယ်ပယ်သို့ရောက်ရှိပြီးနောက် ဆက်လက်၍ သန်မာလာနိုင်ပါသည်။

အင်မော်တယ်ခေတ်စတင်ခဲ့သည်မှာ နှစ်ပေါင်း ၁၃၀ ရှိပြီဖြစ်သည်။

ဒီနှစ်မှာတော့ ကျန်းဇီယုက အသက် 128 နှစ်ဖြစ်ပြီး ကျန်းရှန် ကတော့ အသက် 30 ရှိချေပြီ......

ကျန်းထျန်းမင်၊ ကျန်းလော့၊ ကျန်းယဲ့၊ ကျန်းရှန် နှင့် ကျန်းရွှမ်ကျန့်တို့လည်း တဖြည်းဖြည်း နာမည်ရလာကြသည်။ အငယ်ဆုံး ကျန်းရှန်ကတော့ ကောင်းကင်နယ်ပယ်သို့ရောက်ရှိနေပြီဖြစ်သည်။ သူတို့ငါးယောက် လက်တွဲပြီး ရှေးဟောင်းအပျက်အစီးနယ်မြေတွေကို ဖောက်ထွင်းဝင်ရောက်ပြီး ထျန်းကျင်းအတွက် ရှားပါးတဲ့ ရတနာတွေနဲ့ ရှေးဟောင်း သိုင်းပညာဆိုင်ရာ နည်းစနစ်များစွာကို တူးဖော်ရာမှာ ကူညီပေးခဲ့ကြပြီး၊ ဒီအတွက်ကြောင့်လည်း သူတို့ဟာ နာမည်ကောင်းရခဲ့ကြသည်။

ထျန်းကျင်း၏နဂါးငါးကောင်......

တကမ္ဘာလုံး၏အမြင်တွင်၊ ဧကရာဇ်က နဂါးအစစ်ဖြစ်ပြီး၊ နဂါးအစစ်၏သားမြေးများသည်လည်း သဘာဝအတိုင်း နဂါးများဖြစ်သည်။

သူတို့၏ ခွန်အားက ကျန်းမိသားစုကိုလည်း အကျိုးသက်ရောက်စေခဲ့သည်။ ထျန်းကျင်းတွင်၊ ကျန်မိသားစုက ကမ္ဘာပေါ်တွင် နံပါတ်တစ်မျိုးနွယ်ဖြစ်လာခဲ့သည်။

နွေရာသီ၌....

ကျန်းချန်ရှန်း အနားယူရန် အင်ပါယာ ဥယျာဉ်သို့ ရောက်လာသည်။ နန်းတွင်းအစေခံများက ဝိုင်ကောင်းကောင်းနှင့် အရသာရှိသောအစားအသောက်များကို ချက်ချင်းပြင်ဆင်ကြသည်။ ဒီတစ်ခါတော့ ဘယ်သူ့ကိုမှ မခေါ်ဘဲ သူတစ်ယောက်တည်း တိတ်ဆိတ်စွာအနားယူခဲ့သည်။

အကြောင်းတစ်ခုခုကြောင့် လွန်ခဲ့သည့် နှစ်နှစ်တာလုံး စိတ်မသက်မသာ ခံစားခဲ့ရသည်။ တစ်ခုခုဖြစ်နေပြီဟုလည်း သူခံစားမိသည်။

ဝိုင်သောက်ရင်းနဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တော့......

စကြဝဠာအဆုံးသတ်ကဲ့သို့ပင် ကောင်းကင်မြစ်က ဤကမ္ဘာနှင့် ဝေးကွာနေသည်။ကောင်းကင်မြစ်က ပြိုးပြိုးပြက်ပြက်နှင့် လှပနေသော်လည်း မသိနိုင်သော အန္တရာယ်များကို သိုဝှက်ထားသည်။

ကောင်းကင်မြစ်ထိပ်ရှိ အလင်းရောင်ကတော့ မဟာရွှမ်းဟန်ကမ္ဘာကြီး ဖြစ်သည်။

ကောင်းကင်မြစ်အောက်ပိုင်းတွင်တော့ သိုင်းပညာမထွန်းကားသေးသော သေမျိုးကမ္ဘာများ၊ သိုင်းကမ္ဘာများနှင့် ပြည့်နှက်နေသည်။ ချန်ယောင်လင်း၏ အဆိုအရ မဟာရွှမ်းဟန်ကမ္ဘာကြီးက အလွန်ကျယ်ဝန်းသည်။ ကျန်းချန်ရှန်းအနေနှင့် မဟာရွှမ်းဟန်ကမ္ဘာကြီးသို့သွားရန် ကြိုးစားခဲ့လျှင် ကျွမ်းကျင်သူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိမ့်မည်ကို စိုးရိမ်နေသည်။

ကျန်းချန်ရှန်းတွင် မဟာရွှမ်းဟန်ကမ္ဘာကြီးနှင့် ပတ်သက်၍ စိတ်ကူးယဉ်မှုများ ရှိခဲ့သော်လည်း လောလောဆယ်တွင် ၎င်းနှင့် မထိတွေ့ဝံ့ပေ။

ကျန်းချန်ရှန်း မျက်ခုံးပင့်လိုက်ပြီး ကောင်းကင်မြစ်ထိပ်ပိုင်းမှ အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ အလင်းတန်းများထဲမှ တစ်ခုက မဟာကန္တရသိုင်းကမ္ဘာဆီသို့ ပျံ့နှံ့လာသည်။

တစ်ခုခုတော့ မှားယွင်းနေပြီ.....

ကျန်းချန်ရှန်း ချန်ယောင်လင်းဆီသို့ အသံပို့လွှတ်ခြင်းမပြုမီ ခဏမျှစဉ်းစားခဲ့သည်။

ယုံကြည်သူဖြစ်လာပြီးကတည်းက ချန်ယောင်လင်းက ကျင်းချန်ကနေထွက်မသွားဘဲ ကျန်းချန်ရှန်းနှင့် နတ်ဘုရားဇီဟွမ်း ကြားကချိတ်ဆက်မှုအဖြစ်သရုပ်ဆောင်ခဲ့သည်။

သိပ်မကြာခင်မှာပဲ ချန်ယောင်လင်း ရောက်လာသည်။

"တာအိုဘိုးဘေး၊ နတ်ဘုရားဇီဟွမ်းက မကြာသေးမီက ရှင့်ကိုတွေ့ချင်ခဲ့ပေမယ့် ကြီးကြီးမားမားကိစ္စတော့မဟုတ်ဘူးတဲ့....ရှင် ထွက်လာတဲ့အခါ သူ့ကို ဆက်သွယ်ဖို့ ပြောခဲ့တယ်

ကျန်းချန်ရှန်း ခေါင်းညိတ်လိုက်တော့ ချန်ယောင်လင်းက ချက်ချင်းပင် ကျောက်စိမ်းတုံးကို ထုတ်ယူလိုက်ပြီး နတ်ဘုရားဇီဟွမ်းထံ စတင်ဆက်သွယ်ခဲ့သည်။

ကျန်းချန်ရှန်း ဤကျောက်စိမ်းတုံးကြီးအကြောင်းကို အမြဲသိချင်နေခဲ့သည်။ ဤကျောက်စိမ်းတုံးတွင် အကြောင်းတရားနှင့် အကျိုးတရား၊ နေရာ၊ အချိန်၊ အစရှိသည်တို့ ပါ၀င်သည်။ စည်းမျဥ်းအားလုံးနှင့်လည်း အလွန်သဟဇာတဖြစ်ခဲ့သည်။ ထို့အပြင် ဤအရာက ဖန်တီးထားခြင်းမဟုတ်ဘဲ သဘာဝအတိုင်းဖြစ်နေခြင်းပင်.....

ဤကျောက်စိမ်းမျိုးကို နတ်ဘုရားဇီဟွမ်းနှင့် ရောင်းဝယ်ဖောက်ကားရန် နည်းလမ်းကို စဉ်းစားပြီး ကျန်းဇီယုကို လွှဲပြောင်းပေးရမည်လားဟု တွေးနေမိသည်။ သို့သော်၊ သူ့ဘက်က နတ်ဘုရားဇီဟွမ်းနှင့် ရောင်းဝယ်ရန် အဖိုးတန်တစ်စုံတစ်ရာ မရှိခဲ့ပေ။ သူနဲ့ အရောင်းအဝယ်လုပ်စရာ တစ်ခုခုရှိခဲ့ရင်တောင် သူ့ရဲ့ကြောက်လန့်မှုကို အလွယ်တကူ နှိုးဆွနိုင်ပါလိမ့်မည်။

ကျောက်စိမ်းတုံးမျက်နှာပင် တောက်ပလာပြီး နတ်ဘုရားဇီဟွမ်း၏ မျက်နှာ ပေါ်လာသည်။

ကျန်းချန်ရှန်းကိုမြင်သည်နှင့်တပြိုင်နက် နတ်ဘုရားဇီဟွမ်းက သက်ပြင်းချလိုက်ပြီး .......

မဟာကန္တရသိုင်းကမ္ဘာကြီး ဒုက္ခရောက်နေတယ်၊ ဒါပေမယ့် ဒါက အခွင့်အရေးတစ်ခုပါပဲ

ကျန်းချန်ရှန်းက နတ်ဘုရားဇီဟွမ်း.... ပွင့်ပွင့်လင်းလင်းပြောပါ....မဟာကန္တရသိုင်းကမ္ဘာဒုက္ခရောက်နေတယ်ဆိုရင် ထျန်းကျင်းက ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူး....."

နတ်ဘုရားဇီဟွမ်းက.... "ကမ္ဘာသုံးထောင်က ယေဘုယျအခေါ်အဝေါ်သက်သက်ပဲ...... တကယ်တော့ သိုင်းကမ္ဘာပေါင်း သုံးထောင်ကျော်ရှိတယ်...ဒါပေမယ့် အဆင့်တက်ဖို့ပိတ်ဆို့နေပြီး ကောင်းကင်မြစ်ကတောင် မကယ်တင်နိုင်တော့တဲ့ သိုင်းကမ္ဘာတွေကို နတ်ဘုရားသိုင်းနယ်မြေက သုတ်သင်ဖယ်ရှားပစ်တော့မှာ.....ဒီတကြိမ်မှာ နတ်ဘုရားသိုင်းနယ်မြေက သုတ်သင်ခံရန်ိုင်တဲ့ သိုင်းကမ္ဘာတွေကို ပြိုင်ပွဲတခုလုပ်ဖို့ အမိန့်ပေးခဲ့တယ်....နတ်ဘုရားသိုင်းနယ်​မြေက ကောင်းကင်မြစ်ကိုသုံးပြီး အဲ့ဒီ့သိုင်းကမ္ဘာတွေကို လမ်းကြောင်းဖွင့်ပြီး ကံတရအတွက် ပြိုင်ဆိုင်စေလိမ့်မယ်....နှစ်ပေါင်းတထောင်ကြာပြီးရင် သိုင်းကမ္ဘာသုံးခုပဲ ကျန်ခဲ့လိမ့်မယ်....အဲ့ဒီ့ သိုင်းကမ္ဘာသုံးခုက ကမ္ဘာသုံးထောင်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး မဟာရွှမ်းဟန်ကမ္ဘာနဲ့ ပေါင်းစည်းသွားလိမ့်မယ်.... မဟာကန္တရသိုင်းကမ္ဘာကိုလည်း ပြိုင်ပွဲဝင်ပြိုင်ဖို့ ရွေးချယ်ထားတာကြောင့် ဒါဟာ သတင်းကောင်းတော့မဟုတ်ဘူး...ဒီလို ပြိုင်ဆိုင်မှုမျိုးက သိုင်းပညာလောကရဲ့ အားကောင်းမှုနဲ့ သိုင်းပညာစွမ်းအား တိုးတက်မှုကို လွယ်ကူချောမွေ့စေဖို့ပဲ.... အနိုင်ရသူက မဟာရွှမ်းဟန်ကမ္ဘာကြီးကို ပြောင်းရွှေ့နိုင်တယ်...အဲ့အချိန်ကျရင် သိုင်းလောကရဲ့ ကောင်းကင်တံတိုင်းကို ဖယ်ရှားပစ်လိမ့်မယ်...ရှင့်ရဲ့ရုပ်ခန္ဓာသန်မာနေသရွေ့ ​ဒီသိုင်းကမ္ဘာကနေထွက်သွားပြီး မဟာရွှမ်းဟန်ကမ္ဘာကြီးကို ဝင်သွားနိုင်တယ်......"

ဒါကိုကြားတော့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုအငွေ့အသက်ကို ကျန်းချန်ရှန်း ချက်ချင်း အာရုံခံမိလိုက်သည်။

ချန်ယောင်လင်းက အံ့အားသင့်စွာဖြင့်....

" မဟာကန္တရ သိုင်းကမ္ဘာက အဲဒီအမျိုးအစားထဲမှာ မပါဝင်သင့်ဘူး...ဒါ့အပြင်၊ မဟာကန္တရသိုင်းကမ္ဘာက ကောင်းကင်မြစ်ရဲ့ကောင်းချီးမင်္ဂလာကို မကြာသေးမီကမှ ရရှိထားတာ... ဒီလိုသိုင်းကမ္ဘာက ကံကြမ္မာရဲ့ ရက်စက်ကြမ်းကြုတ်တဲ့တိုက်ပွဲထဲ မပါဝင်သင့်ဘူး...

လူသားမျိုးနွယ်၏ကံကောင်းခြင်းများက အထက်ကမ္ဘာမှ ဆင်းသက်လာကြောင်းကျန်းချန်ရှန် ယခင်ကတည်းက သိရှိခဲ့သည်။ လူသားမျိုးနွယ်တစ်ခုတည်းသာ အခုလို သိရခြင်းအကြောင်းရင်းက ဤအရာက လူသားမျိုးနွယ်၏ အဆင့်အတန်းကို ကမ္ဘာအရပ်ရပ်တွင် အထွတ်အမြတ်ထား၍ မြင့်မြတ်သောသိုင်းလောကမှ လက်ဆောင်တစ်ခုဖြစ်သောကြောင့် ဖြစ်သည်။

သို့ရာတွင်၊ မဟာကန္တရရနတ်ဘုရားတွင် မကောင်းသောအကြံအစည်များရှိပြီး ကံကြမ္မာမင်းဆက်များ၏ဧကရာဇ်များ၏သက်တမ်းကိုကန့်သတ်ထားသည်။ သူ၏ ရည်ရွယ်ချက်မှာ ကံကြမ္မာမင်းဆက်များကို အဆုံးမဲ့ အာဏာပြိုင်ဆိုင်မှုထဲသို့ တွန်းပို့ရန်ဖြစ်သည်။

နတ်ဘုရားဇီဟွမ်းက သက်ပြင်းချလိုက်ပြီး...." ဒါကို ကျွန်မလည်း အံ့ဩမိပါတယ်.... ဒါပေမယ့် အထက်အရာရှိတွေရဲ့ သဘောထားက ထိရှလွယ်တယ်.... မဟာကန္တရနတ်ဘုရားရဲ့ ကျောထောက်နောက်ခံနဲ့လည်း ပတ်သက်မှု ရှိကောင်းရှိနိုင်တယ်..."

ကျန်းချန်ရှန်း က "သိုင်းကမ္ဘာတွေကိုဖွင့်လိုက်ရင် ကောင်းကင်မြစ်ရဲ့ စွမ်းအားတခုပဲရောက်လာနိုင်ပါ့မလား..."

" ဒါက သိုင်းကမ္ဘာတွေကြားက တိုက်ပွဲတစ်ခုပါပဲ... ဒုက္ခဖြစ်ပေမဲ့ ရှင့်ရဲ့ခွန်အားနဲ့ဆို ပြဿနာမရှိနိုင်ပါဘူး..."

မျက်လုံးချင်းဆုံပြီး သူတို့ရဲ့ အမူအရာတွေ ငြိမ်သက်သွားသည်။

ကျန်းချန်ရှန်းက ခေါင်းညိတ်ပြီး ...

"နားလည်ပြီ....များပြားလှတဲ့ မျိုးနွယ်စုတွေဆီ တတ်နိုင်သမျှ အမြန်ဆုံး အကြောင်းကြားပြီး ပြင်ဆင်မှုတွေ ပြုလုပ်ပေးပါ့မယ်...."

နတ်ဘုရားဇီဟွမ်းက ခေါင်းညိတ်ပြီး...." ဒါလည်း အခွင့်အရေးတစ်ခုပါပဲ.... သိုင်းကမ္ဘာတခု မဟာရွှမ်းဟန်ကမ္ဘာကြီးဆီဝင်ရောက်လိုက်တာနဲ့တစ်ပြိုင်နက် သိုင်းပညာဂိုဏ်းခွဲတွေနဲ့ မင်းမျိုးမင်းနွယ်မိသားစုတွေက သိုင်းလောကရဲ့ကန့်သတ်ချက်တွေကနေ ခုန်ထွက်နိုင်ပြီ.... အချို့သော မင်းမျိုးမင်းနွယ်တွေနဲ့ မြေခွေးအိုကြိီးတွေရဲ့ မျိုးနွယ်စုတွေက ဒီနည်းလမ်းနဲ့ အဆင့်အတန်းမြင့်မားလာကြတာ...."

ကျန်းချန်ရှန်းက နောက်ထပ်မေးခွန်းအချို့ကို မေးပြီး နတ်ဘုရားဇီဟွမ်းက တစ်ခုပြီးတစ်ခု ဖြေကြားခဲ့သည်။

ကျောက်စိမ်းတုံးနဲ့ ဆက်သွယ်မှုပြတ်တောက်ပြီးနောက် ချန်ယောင်လင်းက....

" သူ ရှင့်ကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်လား..."ဟု မေးလိုက်သည်။

ကျန်းချန်ရှန်းက ခေါင်းခါလိုက်ပြီး ...

" မထင်ဘူး...ကောင်းကင်မူလအဓိပတိနယ်ပယ်က ကျွမ်းကျင်သူတွေကို ငါ သတ်နိုင်ပြီး သိုင်းကမ္ဘာကို ဖွင့်နိုင်တယ်ဆိုတာ သူသိတယ်... သူ့ကို ခြိမ်းခြောက်ဖို့က မခက်ဘူး... နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုရှိသေးတယ်... မဟာကန္တရသိုင်းကမ္ဘာက မဟာရွှမ်းဟန်ကမ္ဘာကြီးနဲ့ ပေါင်းစည်းနိုင်မယ်လို့ သူမျှော်လင့်နေတာလဲ ဖြစ်နိုင်တာပဲ...."

မဟာကန္တရသိုင်းကမ္ဘာက မဟာရွှမ်းဟန်ကမ္ဘာကြီး သို့ဝင်ရောက်ပြီးသည်နှင့် ကောင်းကင်တံတိုင်း၏

ကန့်သတ်မှုမရှိတော့ပေ။ ထိုအခါ နတ်ဘုရားဇီဟွမ်းက မည်သည့်အတားအဆီးမရှိဘဲ သိုင်းကမ္ဘာကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ထိုအချိန်တွင်၊ ကျန်းချန်ရှန်းအတွက် ပို၍ပင် အန္တရာယ်ရှိလိမ့်မည်။

ကံကောင်းထောက်မစွာ၊ အချိန်အလုံအလောက်ရှိသေးသည်။

အနှစ်တစ်ထောင်ပြီးမှသာ စတင်လိမ့်မည်!

နတ်ဘုရားဇီဟွမ်း၏ အဆိုအရ ပြိုင်ပွဲ၏ စည်းမျဉ်းများက လူသားမျိုးနွယ်၏ ကံကြမ္မာကို အဓိကအခြေခံထားသည်။ ဤစည်းမျဉ်းက များပြားလှသော မျိုးနွယ်စုများကို လူသားမျိုးနွယ်၏ အစီအစဉ်များတွင် ယာယီပါဝင်အားဖြည့်ရန် တွန်းအားပေးနိုင်သည်။ အမှန်တော့၊ မဟာကန္တရသိုင်းကမ္ဘာမှလွဲ၍ ကျန်သိုင်းလောကများကို လူသားမျိုးနွယ်ကသာ လွှမ်းမိုးထားသည်။ အနှစ်တစ်ထောင်အတွင်း သိုင်းကမ္ဘာမှ ကျွမ်းကျင်ပညာရှင်များအနေဖြင့် အထက်သို့ မတက်နိုင်၊ မဆင်းနိုင်တော့ပေါ သူတို့က သာလွန်သော စွမ်းအားကို ပြသထားသော်လည်း၊ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားဖြင့် ၎င်းတို့ကို မောင်းထုတ်ခြင်း ခံရမည်မဟုတ်ပေ။

နတ်ဘုရားသိုင်းနယ်မြေက ပြိုင်ပွဲတွင် ရှုံးနိမ့်သွားသော သိုင်းကမ္ဘာများကို တိုက်ရိုက်ဖျက်ဆီးရန် ကောင်းကင်ပြစ်ဒဏ်၏ စွမ်းအားကို အသုံးပြုမည်ဖြစ်သည်။

ကောင်းကင်ပြစ်ဒဏ်၏ စွမ်းအား မည်ကဲ့သို့ ပြင်းထန်သည်ကို သူ မသိသော်လည်း၊ ၎င်းက သိုင်းကမ္ဘာကို တိုက်ရိုက် ဖျက်ဆီးနိုင်သောကြောင့် ၎င်းကို လျှော့တွက်၍ မရပေ။

ချန်ယောင်လင်းက ခဏလောက်စဉ်းစားပြီး.....

"ရှင်အထက်ကိုမတက်လှမ်းတဲ့အတွက် ကျွန်မသာ နတ်ဘုရားဇီဟွမ်း ဆိုရင် ရှင်ဒီမှာနေနေရတဲ့ အကြောင်းရင်းကို အံ့သြပြီး ကြောက်နေလိမ့်မယ်.... မဟာကန္တရသိုင်းကမ္ဘာကို ပြိုင်ပွဲထဲ ပစ်သွင်းဖို့ ရည်ရွယ်ချက်တစ်ခုအနေနဲ့ ဒါကိုသုံးဖို့က တကယ်ဖြစ်နိုင်ပါတယ်...."

ချန်ယောင်လင်း မသွားခင် သူတို့နှစ်ယောက် ခဏလောက် စကားစမြည်ပြောခဲ့ကြသည်။

ကျန်းချန်ရှန်း ဝိုင်ဆက်သောက်ရင်း အကြောင်းတစ်ခုခုကြောင့် ကျန်းရှန်ကို တွေးနေမိသည်။

ဤကိစ္စက ကျန်းရှန် နှင့် သက်ဆိုင်သည်ဟု ခံစားမိသည်။ သိုင်းကမ္ဘာပြိုင်ပွဲက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ကျန်းရှန်ကလည်း အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ဖြစ်သည်။ ကျန်းရှန်က မဟာကန္တရသိုင်းကမ္ဘာ ဤအရှုပ်အထွေးထဲသို့ မကျရောက်မီ နှစ်အနည်းငယ်စော၍ လူဝင်စားခဲ့သည်။ နတ်ဘုရားဇီဟွမ်းက မီးစာထဲဆီလောင်းလိုက်ပုံပင်...

သူမက ကျန်းချန်ရှန်း၏တည်ရှိမှုကို နတ်ဘုရားသိုင်းနယ်မြေသို့ အဘယ်ကြောင့်သတင်းမပို့ခဲ့သည်ကို နားလည်နိုင်သည်။ မဟာကန္တရနတ်ဘုရား၏ အမှန်တရားကို ဖော်ထုတ်လိုက်သည်နှင့်အမျှ နတ်သခင် ဇီဟွမ်သည်လည်း ဒုက္ခရောက်ပေလိမ့်မည်။

ကျန်းချန်ရှန်းက ဤကိစ္စကို ကျန်းဇီယု ထံလွှဲထားခဲ့ရန် ဆုံးဖြတ်ခဲ့သည်။

သူသည် အနှစ်တစ်ထောင်အတွင်း နတ်ဘုရားသိုင်းနယ်​မြေကို ကြောက်စရာမလိုသည့် နယ်ပယ်သို့ မရောက်နိုင်ပေ။

အဲဒီနေ့မှာပင် ကျန်းဇီယုကို ဒီအကြောင်း ပြောပြပြီး ပြင်ဆင်မှုတွေ လုပ်ခိုင်းခဲ့သည်ဖယ

ကျန်းဇီယု ထိုစကားကိုကြားသောအခါ ထိတ်လန့်ခြင်းမရှိပေ။ အဲဒီအစား သူက ပ်ို၍ပင် စိတ်လှုပ်ရှားလာသည်။

"ကမ္ဘာ့အရပ်ရပ်က လူသားတွေရဲ့ စစ်ပွဲက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမဟုတ်ရင်တောင် တိုက်ခိုက်သိမ်းပိုက်မှုပဲလေ.... ထျန်းကျင်း ဖွံ့ဖြိုးတိုးတက်မှုအတွက်၊ ဒါက တကယ်ကို အခွင့်အရေးတစ်ခုပဲ...."

ကျန်းဇီယုက လက်သီး ဆုပ်ထားပြီး စိတ်လှုပ်ရှားမှုကို မျိုသိပ်ထားသည်။

ပြိုင်ပွဲတွင်ပါဝင်ခဲ့သည့် သိုင်းကမ္ဘာများက အလွန်ပြင်းထန်မည်မဟုတ်ပေ။ အထူးရွေးချယ်ထားသော မဟာကန္တရမင်းဆက်၏ အလုံးစုံ ခွန်အား သို့မဟုတ် အသန်မာဆုံးပညာရှင် တစ်ယောက်ပင်လျှင် ရှေ့ဆုံး၌ အဆင့်သတ်မှတ်ခံရပေမည်။ သို့သော်လည်း မဟာကန္တရသိုင်းကမ္ဘာက အားကောင်းသော်လည်း လူသားမျိုးနွယ်ကတော့ အားနည်းနေသည်။

နောက်တစ်နေ့မနက်တွင် ကျန်းဇီယုက နံနက်၌ အစည်းအဝေးတစ်ခုခေါ်ယူပြီး တာဝန်ရှိသူများကြားတွင် ရုတ်ရုတ်သဲသဲဖြစ်စေမည့် အဆိုပါသတင်းကို ထုတ်ဖော်ကြေငြာခဲ့သည်။

All Chapters