ရှောင်လွှဲ၍မရသောဒုက္ခ.... နတ်ဘုရားအပ်နှင်းခြင်း........
Vol. 24 Ch. 348
ကောင်းကင်နှင့်မြေပြင်ကြားတိုက်ပွဲ.....
ထျန်းကျင်း တရားရုံးက ဒီသတင်းကို ကြေညာပြီးနောက် ကမ္ဘာကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ ကောင်းကင်နှင့်မြေပြင်၏ နတ်ဘုရားကို တိုက်ခိုက်ပြီးနောက်၊ သိုင်းပညာရှင်များက မယုံနိုင်စရာကောင်းသောအချက်များကို ရှာမတွေ့ခဲ့ပေ။ သို့သော် များပြားလှသော မျိုးနွယ်စုများ၏ နားထဲသို့ ထိုသတင်းများ ရောက်ရှိလာသောအခါ ကြီးမားသော တုန်လှုပ်ချောက်ချားစရာ ဖြစ်ခဲ့သည်။
နောက်ဆုံး၌ဖြစ်နိုင်ချေတစ်ခုကို သူတို့သဘောပေါက်သွားခဲ့သည်။
ဆိုလိုသည်မှာ ကောင်းကင်ကို လူသားများက လွှမ်းမိုးထားခြင်းဖြစ်သည်။
မဟာကန္တရရှိတန်ခိုးကြီးတဲ့ မျိုးနွယ်စုတွေအတွက် သူတို့မျိုးနွယ်ဟာ ကောင်းကင်နှင့်မြေပြင်၏အဓိက ဇာတ်ဆောင်လို့ အားလုံးက ထင်နေကြသည်။ လူသားမျိုးနွယ်က မကြာသေးမီကမှ သြဇာလွှမ်းမိုးလာခဲ့သော်လည်း၊ ပြင်ပကမ္ဘာကို လူသားမျိုးနွယ်က လွှမ်းမိုးထားကြောင်း သူတို့သိလိုက်သည်နှင့် ထိုအချက်က ၎င်းတို့၏ယုံကြည်ချက်များကို ကြီးမားစွာ အကျိုးသက်ရောက်စေမည်ဖြစ်သည်။
ဒီကိစ္စက နောက်ဆယ်နှစ်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပေမည်။ မျိုးနွယ်စုအများစုက ၎င်းကိုမယုံကြဘဲ လူသားများက မဟာကန္တရအား ပေါင်းစည်းရန် အခွင့်အရေးကို ရယူလိုကြသည်ဟုသာ ယုံကြည်ကြသည်။ ထျန်းကျင်း အတွက်ကတော့ စစ်ပွဲအတွက် စတင်ပြင်ဆင်နေချေပြီ.......
ဆယ်နှစ်ကြာသွားပြီးနောက်......
ကျန်းချန်ရှန်း ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ့အကြည့်တွေက ကောင်းကင်ကို ဖြတ်ကျော်သွားသည်။ မဟာကန္တရ သို့ရောက်ရှိခါနီးတွင် ကောင်းကင်မြစ်နှင့်ဆင်တူသော အလင်းတန်းကြီးကို သူမြင်လိုက်ရသည်။ အလင်းတန်းနောက်ကို လိုက်ကြည့်ရင်း သိုင်းကမ္ဘာ သို့မဟုတ် ကြယ်များစွာ ချိတ်ဆက်ထားသည်ကို သူမြင်လိုက်ရသည်။ ဒါက သူ့ကို အမှောင်ထဲမှာ ဝှက်ထားတဲ့ သိုင်းလောကထဲကို ချောင်းကြည့်နိုင်စေခဲ့သည်။
မဟာကန္တရနဲ့ တူညီတဲ့ သိုင်းပညာကမ္ဘာတွေ အများကြီးရှိတယ်ဆိုတာ သိလာရပြီး ၎င်းတို့က ပုံမှန်အားဖြင့် ကောင်းကင်မြစ်နှင့် ဝေးကွာပြီး အမှောင်ထဲတွင် ပုန်းနေခဲ့ကြသည်။ သို့သော် ယခုအချိန်တွင် ၎င်းတို့က ကောင်းကင်မြစ်၏ စွမ်းအားဖြင့် ဖွဲ့စည်းထားသော အလင်းရောင်ဖြင့် ချိတ်ဆက်ထားကာ ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်လာသည်။
ပထမတစ်ချက်တွင်၊ ၎င်းသည် ခရုပတ်သဏ္ဍန်ဖြင့် ကောင်းကင်မြစ်ကို ဝန်းရံထားဟန်တူသော်လည်းအကျယ်အဝန်းကို စိတ်ကူးမကြည့်နိုင်ပေ။
ကျန်းချန်ရှန်း ရုတ်တရက် အတွေးတစ်ခုကို တွေးလိုက်မိသည်။
အထက်ကမ္ဘာမှ ကျွမ်းကျင်သူများ အခြားသိုင်းလောကသို့ ဆင်းလာမည်လော.......
ပြိုင်ဆိုင်မှုစတင်သောအခါတွင် အထက်ကမ္ဘာမှ သိုင်းဧကရာဇ်နယ်ပယ်ကို သာလွန်သောတည်ရှိမှုများက ၎င်းတို့နှစ်သက်သည့်အတိုင်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ဒုတိယအတွေးကြောင့် အလွန်အမင်းစိုးရိမ်သွားသည်ဟု ခံစားလိုက်ရသည်။
သူ့ကို သတ်ချင်သူ နှစ်ယောက်ပဲ ရှိပြီး နတ်ဘုရားဇီဟွမ်းနှင့် ဧကရာဇ် ကျွယ်ကျု့တို့ဖြစ်သည်။ သူသည် နောက်ကွယ်မှ အာရုံပြောင်းနေပြီဖြစ်သည်။
ကျန်းရှန်ကို ကျန်းချန်ရှန်း လှမ်းကြည့်လိုက်သည်။
ကျန်းရှန်က ငယ်စဉ်ကပင် ကျန်းချန်ရှန်း၏ လူဝင်စားအမှတ်အသား တံဆိပ်ရိုက်ခံခဲ့ရသည်။ သူ ဘယ်လောက်ပဲ ဝေးနေပါစေ ကျန်းချန်ရှန်း သူ့ကို အလျင်အမြန် ရှာတွေ့နိုင်သည်။
မဟာကန္တရတဝိုက်ကို သူ ခရီးထွက်ကတည်းက ကျန်းရှန်ရဲ့ အလားအလာပိုကောင်းလာပြီဖြစ်သည်။ ကောင်းကင်သွေဖွယ်ခြင်းသိုင်းနိယာမကို မကျင့်ကြံ
ထားသော်လည်း တိုက်ပွဲတွင် လျင်မြန်စွာ အားကောင်းနေဆဲဖြစ်သည်။
အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်က သတ်ဖြတ်ခြင်းဖြင့် ပိုမိုအားကောင်းလာနိုင်သည်။
သူ့လက်များ သွေးစွန်းနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ကျန်းရှန်က သူ့ကိုစိတ်မပျက်စေဘဲ ၎င်း၏မူလစရိုက်ကို ထိန်းသိမ်းထားခဲ့သည်။
ချန်ယောင်လင်း ပြောတဲ့ ဒဏ္ဍာရီထဲက အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်လို ဆိုးသွမ်းမနေပေ။
ကျန်းချန်ရှန်း သူ့အကြည့်ကို ရုတ်သိမလိုက်ပြီး အခြားအရာတစ်ခုကို စတင်စဉ်းစားလိုက်သည်။
သိုင်းလောကကိုဖွင့်လိုက်သောအခါတွင် သူသည် ကောင်းကင်တရားရုံးကို ကြိုတင်တည်ထောင်ပြီး ထျန်းကျင်း အားကောင်းလာစေဖို့ ကျန်းဇီယုကို ကောင်းကင်တရားရုံးအား လုံးလုံးလျားလျား ထိန်းချုပ်ခွင့်ပေးသင့်ပါသလား။
ကောင်းကင်တရားရုံး ပိုအားကောင်းလေ ကျန်းချန်ရှန်းရဲ့ကံတရားလည်း ပိုအားကောင်းလာလေပင်။ တစ်ချိန်တည်းမှာပင် အင်မော်တယ်နတ်ဘုရားများကို သက်ရှိသတ္တဝါအားလုံး၏ ရိုသေလေးစားမှုရှိလာမည်ဖြစ်ပြီး သူသည်လည်း အင်မော်တယ်ဘိုးဘေးအနေဖြင့် သဘာဝအလျောက် အမွှေးတိုင်အရေအတွက် ပိုမိုရရှိမည်ဖြစ်သည်။
သူသည် ထျန်းကျင်းအပြင် အခြားသော သိုင်းလောကကိုလည်း ကြည့်ချင်သည်။
ထျန်းကျင်းက သူ၏သားစဉ်မြေးဆက်အတွက် ထားခဲ့သော အခြေခံအုတ်မြစ်သာဖြစ်သည်။ အနာဂတ်တွင်၊ သူ၏အာရုံစူးစိုက်မှုက ကောင်းကင်တရားရုံးသာဖြစ်လိမ့်မည်။
ကျန်းချန်ရှန်း ဆုံးဖြတ်ချက်ချလိုက်သည်။
ယခုနှစ်သည် အင်မော်တယ်ခေါတ်၏ ၁၄၀ နှစ်မြောက်ဖြစ်သည်။ ကျန်းဇီယုက တပ်သားများကို လေ့ကျင့်သင်ကြားပြီး စစ်တပ်ကို တိုးချဲ့ခဲ့ကာ သိုင်းကမ္ဘာ ပြိုင်ပွဲစတင်မည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။
ကြီးမားကျယ်ပြန့်သော နဂါးငွေ့တန်းအထက်တွင် ငြိမ်သက်စွာ မျောပါနေသော ကျွန်းတစ်ကျွန်း၌......
နတ်ဘုရားဇီဟွမ်းသည် ချောက်ကမ်းပါးစွန်းတွင်ရပ်ကာ ကြီးမားသော ကြယ်ပင်လယ်ကြီးကို ငုံ့ကြည့်နေသည်။ ဤမြင်ကွင်းမှနေ၍ အလင်းတန်းတစ်ခုက အမှောင်ဟင်းလင်းပြင်ကို နှစ်ပိုင်းခွဲကာ အလွန်ဖမ်းစားနိုင်သော အရာဖြစ်သည်။
သိုင်းကမ္ဘာများ၏ လမ်းကြောင်းအားလုံးကို ချိတ်ဆက်ပေးသော ကောင်းကင်မြစ်၏ စွမ်းအား..........
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးနှင့် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတို့ သူမနောက်တွင် ရပ်ကာ ထိုမြင်ကွင်းကို
စောင့်ကြည့်နေခဲ့သည်။
နတ်ဘုရားဇီဟွမ်းက.... " ယဲ့မျိုးနွယ်.... အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်နဲ့အတိမ်အနက်မသိနိုင်တဲ့ တာအိုဘိုးဘေး.... ဒီသိုင်းကမ္ဘာတွေရဲ့
ပြိုင်ဆိုင်မှုဆိုတာ ဒီလောက်မရိုးရှင်းနိုင်မှာ စိုးရိမ်မိတယ်...."
၀တ်စုံဖြူဝတ်အမျိုးသမီးက “ဒီပြိုင်ပွဲမှာ မဟာကန္တရသိုင်းကမ္ဘာကြီးကိုယူဆောင်လာပေးတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့တည်ရှိမှုဟာ ဧကရာဇ်ကျူ့ကျွယ် မဟုတ်ဘဲ တခြားတစ်ယောက်လို့ ဆိုလိုတာလား...."
နတ်ဘုရားဇီဟွမ်းက.... “မှန်တယ်....ယဲ့ကလန်က မဟာကန္တရသိုင်းကမ္ဘာဆီ ထွက်ပြေးလွတ်မြောက်သွားတာကို ငါတွေ့ခဲ့တယ်...သဘာဝအတ်ိုင်းဆို...သူတို့တွေက မြင့်မြတ်သောသိုင်းလောကကို လျစ်လျူရှုပြီး သိုင်းလောကကို ကျူးကျော်ရဲကြတာမဟုတ်ဘူး... ဒါ့အပြင် အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ဝင်စားတဲ့ မျိုးနွယ်ကို စုံစမ်း စစ်ဆေးခြင်း မရှိသေးဘူး.... ဒါတွေကို မဟာကန္တရသိုင်းနတ်ဘုရားက သိနိုင်ပေမယ့်... ကံမကောင်းစွာနဲ့...သူက သေဆုံးသွားပြီ”
" တာအိုဘိုးဘေးကို ငါကြောက်ပေမဲ့ သူ့ကိုသနားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး.....သူက တကယ်ကို ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒီတစ်ခါ ဘေးဆိုးကြီးကနေ လွတ်မြောက်နိုင်ပါ့မလားလို့ တွေးမိတယ်.....”
ထိုအကြောင်းကို ပြောရင်း နတ်ဘုရားဇီဟွမ်း သက်ပြင်းချလိုက်သည်။
ကျန်းချန်ရှန်းနှင့် ယခင်က စကားပြောဆိုသောအခါတွင် သူမ အကူအညီမဲ့သလိုဟန်ဆောင်နေခဲ့သည်။ သူမ အမှန်တကယ်လည်း အကူအညီမဲ့နေခဲ့သည်။ မဟာကန္တရနတ်ဘုရား၏ အဆိုပြုချက်ကို သဘောတူလက်ခံခဲ့သည်ကိုပင် နောင်တရမိသည်။ သူမအနေဖြင့် အမည်မသိပဋိပက္ခ၏ ရေစီးကြောင်းတွင် သူမကိုယ်သူမ မကာကွယ်နိုင်မည်ကို ကြောက်ရွံ့ခဲ့သည်။
ထိုစဉ် ခရမ်းရောင်ဝတ်ထားသော အမျိုးသမီးတစ်ဦး ရုတ်တရက်ရောက်ရှိလာပြီး........ “အရှင်....ကျွန်တော်မျိုးမတို့
လူတွေ အောက်ကမ္ဘာကို ဆင်းသက်ကြပြီ....အောက်ခြေက လှုပ်ရှားမှုမှန်သမျှကို သေချာပေါက် သိနိုင်လိမ့်မယ်”
နတ်ဘုရားဇီဟွမ်းက ခေါင်းညိတ်လိုက်ကာ အဝေးကို လှမ်းကြည့်သည်။ ကောင်းကင်မြစ်၏အခြားတစ်ဖက်တွင်က သာယာလှပသောနဂါးငွေ့တန်း
အထက်တွင်ရပ်တည်နေသောကျွန်းတစ်ခုလည်းရှိသည်။
အင်မော်တယ်ခေါတ်၏ 141 နှစ်တွင်......
ကောင်းကင်မြစ်၏စွမ်းအားက မဟာကန္တရ သိုင်းကမ္ဘကိုဖြတ်၍ ရာသီဥတုပြောင်းလဲမှုကိုဖြစ်ပေါ်စေသော်လည်း ကမ္ဘာမြေကြီးတွင် သဘာဝဘေးအန္တရာယ်ကို မဖြစ်ပေါ်စေခဲ့ပေ။
သိုင်းကမ္ဘာပြိုင်ပွဲ တရားဝင် စတင်ချေပြီ.....
ဇူလိုင်လတွင် ကျန်းချန်ရှန်းက ကျန်းဇီယု ကို ခေါ်ယူပြီး စည်းဝေးပွဲအကြောင်း ပြောပြခဲ့သည်။
“ဒီစာရင်းက တရားရုံးမှာရှိတဲ့ နတ်ဘုရားတွေအတွက်ပဲ... ကြိုတင်ပြင်ဆင်ပြီး အစားထိုးဖို့ တစ်စုံတစ်ဦးကို ခေါ်ယူပါ....."
ကျန်းချန်ရှန်းက စာလိပ်တစ်လိပ်ကို ပေးအပ်လိုက်ပြီး ကျန်းဇီယုက အမြန်ဖွင့်ကြည့်လိုက်သည်။ ပထမဦးဆုံး နာမည်အနည်းငယ်ကိုမြင်သည်နှင့် သူ့မျက်ခွံများ တုန်ခါသွားသည်။
သိုင်းကမ္ဘာပြိုင်ပွဲ ရောက်ရှိလာတာနဲ့အမျှ သူ့ရဲ့ စွမ်းရည်တွေကို ပြသချင်နေပြီဖြစ်သည်။ သို့သော် ကျန်းချန်ရှန်း အထက်သို့ တက်လှမ်းပြီးနောက် သူ့အကြံအစည်တော်တော်များများ ပျက်သွားလိမ့်မည်။
စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ထိုနေ့ရောက်လာသောအခါတွင်မူ အဆင်မပြေသေးပေ။ ယခု သူသည် ဧကရာဇ်မင်း၏ နံဘေး၌ ရပ်နေသည်။
"ခမည်းတော် နတ်ဘုရားဖြစ်လာတာနဲ့ ထျန်းကျင်းရဲ့တော်ဝင် တရားရုံးက ပြောင်းလဲလိမ့်မယ်!" ကျန်းဇီယုက ခါးသီးသောအမူအရာဖြင့်ပြောလိုက်သည်။
ကျန်းချန်ရှန်းက...... "မင်း သူတို့ကို ပြုစုပျိုးထောင်ပေးလို့ မရဘူးလား....မမေ့လိုက်နဲ့.... ငါသူတို့ကိုခေါ်သွားရင်တောင် အနာဂတ်မှာ မင်း အထက်ကိုတက်လှမ်းတဲ့အခါ သူတို့ကို မင်းပဲဦးဆောင်ရဦးမှာပဲ..... အနှေးနဲ့အမြန်ဆိုသလို၊ ကောင်းကင်ဧကရာဇ်ရဲ့ရာထူးက မင်းအတွက်ပဲဖြစ်လိမ့်မယ်......”
ကောင်းကင်တရားရုံး၏အမိန့်အာဏာ တည်ငြိမ်သောအခါ၊ သူသည် ကျန်းဇီယု အား မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ရာထူးပေးအပ်မည်ဖြစ်သည်။ ထို့နောက် သူသည် မြင့်မားပြီး တန်ခိုးကြီးသောတာအိုဘိုးဘေး ဖြစ်လာမည်ဖြစ်သည်။
ထိုအခါ ကျင့်ကြံမှုကိုသာ အာရုံစိုက်နိုင်ပေမည်။
ယခင်ကကဲ့သို့ပင်၊ ကျန်းဇီယုက ဧကရာဇ်မင်းမြတ်၏သားတော်ဖြစ်ပြီးကောင်းကင်တရားရုံးတွင်၊ ထိုသို့သောဆက်ဆံရေးသည်လည်း ထာဝရတည်မြဲနေမည်ဖြစ်သည်။
ဒါကိုကြားတော့ ကျန်းဇီယုရဲ့ စိတ်အခြေနေ တိုးတက်လာသည်။
သားအဖနှစ်ယောက် ဆွေးနွေးပြီးနောက် ဆယ်နှစ်အကြာ နွေဦးရာသီသစ်တွင် ကျန်းဇီယု နန်းတက်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
နတ်ဘုရားအပ်နှင်းပွဲ......
အိမ်ရှေ့စံမင်းသားက ဤကြီးမားသောကိစ္စရပ်ကို ကမ္ဘာသိအောင်ကြေငြာရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ကမ္ဘာကြီးကို အလွန်တုန်လှုပ်စေခဲ့သည်။
ကျန်းချန်ရှန်း၏ယုံကြည်သူများမှလွဲ၍ လူအများစုသည် တာအိုဘိုးဘေး
မိမိကိုယ်ကိုအရူးလုပ်နေသည်ဟုထင်ကြသည်။ သို့သော် ထိုနေ့ အမှန်တကယ် ရောက်လာမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။
တာအိုဘိုးဘေး မကြာမီ အထက်သို့တက်လှမ်းတော့မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်နေစဉ်တွင်၊ တရားဝင်သော နတ်ဘုရား 365ပါး၊ ကောင်းကင်စစ်သည်များနှင့် ကောင်းကင်စစ်ဗိုလ်ချုပ် 100 တို့ကိုလည်း အဆင့်မြှင့်တင်ပေးမည်ဖြစ်သည်။ နန်းတွင်းအရာရှိများမှ သာမန်လူများအထိ မည်သူမဆို ကုသိုလ်တရားပေါ်မူတည်၍ထိုရာထူးများကိုရနိုင်သည်။ ဒါက ထျန်းကျင်းပြည်သူများကို စိတ်လှုပ်ရှားစေခဲ့ပြီး ဒီကိစ္စက တခြားမျိုးနွယ်စုတွေဆီကိုပါ ပျံ့နှံ့သွားခဲ့သည်။
ကျောက်တုံးပြာမျိုးနွယ်စုတွင်ရောက်ရှိနေသော လင်းဟောက်ထျန်းက ကျန်းဂျန် ကို အမြန်ရှာဖွေခဲ့ပြီး.....
"ကျန်းဂျန်.... မြန်မြန်ပြန်သွားတော့.... စီနီယာက နတ်ဘုရားဖြစ်လာတော့မှာမို့လို့ ငါတို့ဒီအခွင့်အရေးကိုလက်လွတ်လို့မရဘူး....”
လင်းဟောက်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် ကျန်းဂျန်ကို ချက်ခြင်း တိုက်တွန်းလိုက်သည်။
ကျောက်တုံးပြာမျိုးနွယ်စုမှ စစ်သည်များကို ထျန်းကျင်းသို့စေလွှတ်ပြီးကတည်းက ကျောက်တုံးပြာ မျိုးနွယ်စုကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ဤနှစ်များတစ်လျှောက်တွင် ထျန်းကျင်းကို အားကိုးသင့်သလားဟုပင် ဆွေးနွေးခဲ့ကြသည်။
ကျန်းဂျန်က တောထဲတွင် လေ့ကျင့်နေရင်း လင်းဟောက်ထျန်း ၏ စကားကို ကြားသောအခါ တုံ့ဆိုင်းသွားသည်။
လင်းဟောက်ထျန်းက သူ့ကို စူးစူးရဲရဲစိုက်ကြည့်ပြီး ဒေါသတကြီးနဲ့..... "မင်းဘာအတွက် တုံ့ဆိုင်းနေတာလဲ..... မင်းဒီကိုရောက်တာကြာနေပြီဆိုပေမယ့် မင်းအရင်က ဘယ်သူလဲဆိုတာ မမေ့လိုက်နဲ့..... တပ်မက်မှုကို ခံနိုင်ရည်ရှိဖို့ သိုင်းပညာ လေ့ကျင့်ခဲ့တာမလား..... ဒီလိုဆိုရင် ငါတို့ဘာလို့ တောနက်ကြီးထဲကို ရောက်နေတာလဲ....”
ထိုစကားကြောင့်ကျန်းဂျန် ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
“ငါတို့ကြားက ကွာဟချက်က ပိုကြီးမားလာတယ်.... ထျန်းကျင်းရဲ့ နဂါးငါးကောင်ကို ကျော်လွန်ဖို့ဆိုတာ အဝေးကြီးပဲ.... ကျန်းထျန်းမင်ကိုမပြောနဲ့ အငယ်ဆုံး ကျန်းရှန်ကတောင် သူ့ရဲ့ အရည်အချင်းကို ထုတ်ဖော်ပြသပြီးပြီ.... မင်းရဲ့အရည်အချင်းတွေကို ဖြုန်းတီးချင်နေတာလား..... မင်းအဖေနဲ့ မင်းရဲ့စီနီယာတွေ မင်းကို ပြုစုပျိုးထောင်ကျိုးမနပ်အောင်လုပ်တော့မလို့လား...."
လင်းဟောက်ထျန်းက ကျန်းဂျန် ပိုကောင်းလာမည်ဟု မျှော်လင့်ထားသည်။ ကျန်းဂျန်ကြောင့်သာမဟုတ်ရင် သူ ကျောက်တုံးပြာ မျိုးနွယ်ကနေ ထွက်သွားခဲ့တာ ကြာပြီ။ ကျန်းဂျန် ထျန်းကျင်းသို့ပြန်မည်နေ့ကို သူစောင့်နေခဲ့ခြင်းပင်....
ကျန်းဂျန်၏ အမူအရာ ပြောင်းသွားသည်။
လင်းဟောက်ထျန်း၏ စကားများသည် သူ့နှလုံးသားကိ ဓားတစ်လက်လိုပင် ထိုးနှက်နေသည်.......
သို့သော် သူ့အဖိုးအကြောင်းကို တွေးမိပြီး ရှက်သွားသည်။
ဟုတ်တယ်၊ သူ ဘယ်သူ့ကိုမဆို စွန့်လွှတ်နိုင်တယ်.....ဒါပေမယ့် သူ့အဘိုးကို စွန့်လွှတ်နိုင်ပါ့မလား....
ကျန်းဂျန်က အံကြိတ်ပြီး..... "ကောင်းပြီ၊ ဒါပေမယ့် ငါ သူတို့ကို ထျန်းကျင်းကို ပြန်ပို့ချင်တယ်" ဟုပြောလိုက်သည်။
“ဟားဟား ဟုတ်ပါပြီ.... မြန်မြန်ပြင်ဆင်ပါ.....ဆယ်နှစ်ဆိုတာ တိုတောင်းလွန်းတယ်....မလွတ်စေနဲ့!"
လင်းဟောက်ထျန်းက ကျန်းဂျန် ပုခုံးကို ပုတ်ပြီးနောက် ပျောက်ကွယ်သွားသည်။
ကျန်းဂျန် မော့ကြည့်လိုက်တော့ သစ်ရွက်များကြားမှ ဖြာကျနေသော နေရောင်ခြည်ကြောင့် တစ်သက်လုံး ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။
သူပြန်ရောက်လာတာ နှစ်အတော်ကြာခဲ့ပြီ..... ဒါပေမယ့် တကျန်းကတော့ နတ်ဘုရားတွေကို အပ်နှင်းနေပြီ…
ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်း၌.......
ပိုင်ချီက ကျန်းချန်ရှန်းရှေ့မှာ တောင်းပန်ခယနေပြီး ရွှေကျီးကန်းနှင့် ပိုင်လုံတို့လည်း ရောက်ရှိလာပြီး သူ့ကို သနားစိတ်ဖြင့် ကြည့်နေကြသည်။ တိုင်ဝကတော့ ငြိမ်သက်နေသည်။
သူတို့အားလုံး နတ်ဘုရားများ ဖြစ်ချင်ကြသည်။
“ဆရာတော် ကျေးဇူးပြုပြီး ကျွန်မကိုပါ ခေါ်သွားပါ.....ကျွန်မကို လုပ်ချင်တာလုပ်လို့ရတယ်...ကျွန်မက ဆရာတော်ရဲ့သစ္စာအရှိဆုံး လက်ပါးစေပဲလေ....”
ပိုင်ချီက အလွန်ချစ်စရာကောင်းသောပုံစံဖြင့် ပြောလိုက်သည်။
ကျန်းချန်ရှန်းက ၎င်း၏ ရွံရှာဖွယ်အပြုအမူကို ရုတ်တရက် ခံစားလိုက်ရသည်။ နောက်ဆုံးတော့ သူမကို မတွေ့ရတာ နှစ်အတော်ကြာပြီ။
“မင်းက ငါနဲ့အတူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာမို့ မင်းကို မေ့မထားပါဘူး.... ဆိုရိုးစကားအတိုင်း တစုံတယောက်သာ တာအိုကိုနားလည်သွားရင် သူ့ရဲ့ ကြက်တွေ ခွေးတွေတောင် ကောင်းကင်ကို တက်ကြလိမ့်မယ်တဲ့.... ငါ မင်းကိုအတူခေါ်သွားနိုင်ပေမယ့် နတ်ဘုရားတပါးဖြစ်ဖို့ မင်းရဲ့ စွမ်းဆောင်မှု လိုအပ်တယ်..... "
သူပြောပြီးတာနဲ့ ပိုင်ချီ၊ ပိုင်လုံ နဲ့ တခြားသူတွေက ကျန်းချန်ရှန်းကို ကျေးဇူးတင်နေကြသည
ကျန်းချန်ရှန်းက လူသားတစ်ဦးဖြစ်သည်။ လူသားများသည် တစ်ကိုယ်ကောင်းဆန်သော်လည်း အတိုင်းအတာတစ်ခုအထိ ကွဲပြားသည်။ သူက ပိုင်ချီကို အမြဲအနိုင်ကျင့်နေပေမယ့်လည်း သူမကို သူ့လူတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခဲ့တာ ကြာပါပြီ....
ကျန်းချန်ရှန်းကတော့ အနောက်အရပ်သို့ခရီးသွားခြင်းဒဏ္ဍာရီအကြောင်းတွေးလိုက်မိသည အကယ်၍ ပိုင်ချီနှင့် ပိုင်လုံတို့သာ ကမ္ဘာပေါ်တွင် မယုံကြည်နိုင်သော တည်ရှိမှုများ ဖြစ်လာခဲ့ပါက ကျန်းချန်ရှန်း၏ ပုံရိပ်က သာမန်လူများ၏ အမြင်တွင် မည်သို့ရှိမည်နည်း။
သူ အဲဒါကို စောင့်မျှော်နေခဲ့တာကြာပြီ......
စိတ်လှုပ်ရှားပြီးနောက် တိုင်ဝ၊တိုင်ရှီး၊ ရွှေကျီးကန်းနှင့် ပိုင်လုံတို့အတူ ထွက်ခွာသွားခဲ့ပြီး ပိုင်ချီသာ ကျန်ရစ်ခဲ့သည်။
ပိုင်ချီက အရမ်းစိတ်လှုပ်ရှားနေပြီး မူးလဲလုနီးပါးဖြစ်သွားသည်။ ခရမ်းရောင် တိမ်တိုက်နန်းတော်တံခါးပိတ်သွားသည့်အခိုက်တွင် သူမက ညုတုတုအမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး.....
“ဘာတွေလျှောက်လုပ်နေတာလဲ...ငါက မင်းကို သင်ပေးစရာရှိလို့ နေခဲ့ခိုင်းတာ...အင်မော်တယ်နတ်ဘုရားကံကြမ္မာကို ငါပေးအပ်ခဲ့ရင်တောင် မင်းရဲ့ကြီးထွားမှုက နှေးကွေးလွန်းတယ်...ဒါ့အပြင် နတ်ဘုရားတပါးဖြစ်လာပြီဆို အရင်လို ပေါ့ပေါ့လျော့လျော့နေလို့မရတော့ဘူး..."
ကျန်းချန်ရှန်းက လေးနက်စွာပြောလိုက်ပြီး ပိုင်ချီက အလျင်စလို ခေါင်းညိတ်လိုက်ကာ.....
"ဒါက ဆရာတော်ရှေ့မို့ပါ.... အပြင်လူတွေရှေ့မှာဆို ကျွန်မက အရမ်းကြောက်စရာကောင်းတယ်လေ....."
သူမ လိမ်ခဲ့တာ မဟုတ်ပေ။ ကျန်းချန်တွင် မင်းမျိုးမင်းနွယ်တွေ အများကြီးရှိပေမယ့် တဖက်လူက သူ့ကို လက်ဆောင်အများကြီးမပေးမချင်း သူတို့ကို လှည့်မကြည့်ဖူးပေ။
ထို့နောက် ကျန်းချန်ရှန်းက နတ်ဘုရားတစ်ပါး၏ အခန်းကဏ္ဍကို စတင်ပြောပြခဲ့သည်။
ပိုင်ချီက နာခံမှုဖြင့် နားထောင်သော်လည်း ကျန်းချန်ရှန်းကို မည်သို့ သွေးဆောင်ရမည်ကို သူမ တွေးနေသည်။
ကျန်းချန်ရှန်းက ပိုင်ချီကိုဘယ်ရာထူးပေးသင့်သလဲ စဉ်းစားနေသည်။
ကပ်ဘေးနတ်ဘုရား?
ဒီရာထူးက ပိုင်ချီနှင့် အလွန်လိုက်ဖက်ပေလိမ့်မည်.......