← Chapters

မီးတောက်သခင်..... ကောင်းကင်နန်းတော်တိုက်ပွဲ....

Vol. 24 Ch. 351

မီးတောက်သခင်..... ကောင်းကင်နန်းတော်တိုက်ပွဲ....

Vol. 24 Ch. 351

နတ်ဘုရားအဖြစ်အပ်နှင်းခြင်းအခမ်းအနားပြီးနောက် ကျန်းချန်ရှန်း၏ အမွှေးတိုင်အမှတ်များ တဟုန်ထိုးတက်လာခဲ့သည်။ ချန်းလီ၊ ကိုယ်တော်ပိုင်နှင့် ယန်ချယ်တို့ မကြာခဏဆိုသလို သူ့ထံလာပြီး ကောင်းကင်တရားရုံး၏ စည်းမျဉ်းများနှင့် ၎င်းတို့၏ လုပ်ဆောင်မှုများ တင်ပြခဲ့သည်။

လက်ရှိအချိန်တွင်၊ ကောင်းကင်တရားရုံး၏တာဝန်မှာ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ ၏အချက်အလက်များကိုအခြေခံ၍ မကောင်းမှုကို ပြစ်ဒဏ်ပေးရန်နှင့် ကောင်းမှုကိုမြှင့်တင်ရန်ဖြစ်သည်။ အဆိုပါကိစ္စရပ်၏ အမှန်တရားကို ကောင်းကင်တရားရုံးမှ တာဝန်ရှိသူများက ဆက်လက်စစ်ဆေးရန် လိုအပ်နေသေးသည်။ သူတို့သည် ပုံပြင်တစ်ပုဒ်ကို တစ်ဖက်တည်း နားထောင်လို့မရပေ။ တစ်နည်းဆိုရသော် ကောင်းကင်တရားရုံးသည် ယုံကြည်သူများကို လက်ရှိအချိန်တွင်သာ အကာအကွယ်ပေးထားသည်။ကောင်းကင်တရားရုံးသည် ၎င်း၏တည်ဆောက်မှု၏အစောပိုင်းအဆင့်တွင်ရှိသေးသည်မဟုတ်လော...

သူတော်စင်လေးယောက်က ကောင်းကင်စစ်သည်များနဲ့ ကောင်းကင်စစ်သူကြီး တွေကို လေ့ကျင့်ပေးနေသည်။ နတ်ဘုရားအဖြစ်အပ်နှင်းခြင်းစာလိပ်၏ ကံကြမ္မာကို ရယူပြီးနောက် ၎င်းတို့၏ လေ့ကျင့်မှု အရှိန်အဟုန် အလွန်တိုးလာခဲ့သည်။ နတ်ဘုရားအဖြစ်အပ်နှင်းခြင်းစာလိပ်သည် များပြားလှသော ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို သူတို့လက်ခံနိုင်သော သိုင်းပညာဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲခဲ့ပြီး ၎င်းတို့၏ လေ့ကျင့်မှုအရှိန်က အတိတ်ကာလထက်ပင်ကျော်လွန်သွားခဲ့သည်။

ယေဘူယျအားဖြင့်ပြောရလျှင် ကျန်းချန်ရှန်း ပိုမိုအားကောင်းလေလေ၊ အင်မော်တယ်နတ်ဘုရားများရရှိမည့် ခွန်အားတိုးပွားလေလေဖြစ်သည်။ တစ်ဖက်တွင်မူ အင်မော်တယ်သတ္တဝါများ အားကောင်းလေ ကျန်းချန်ရှန်းအတွက် အမွှေးတိုင်များ များများရရှိလေလေဖြစ်သည်။ ဒီသံသရာက သူ့ကို အတိဒုက္ခကို ကျော်လွှားနိုင်ပြီး ပိုမြင့်တဲ့နယ်ပယ်ကို အဆက်မပြတ် တက်လှမ်းနိုင်အောင် ကူညီပေးနိုင်သည်။

၎င်းတို့၏တာဝန်များကို ပထမဆုံးစတင်ကြသူများမှာ နက္ခတ်တာရာဌာန၊ တောင်သုံးလုံးနှင့် တောင်ထွတ်ကြီးငါးခု၊ မိုးတိမ်နတ်ဘုရားများနှင့် အခြားအရာများဖြစ်သည်။ နက္ခတ်တာရာဌာနသည် နက္ခတ်ဗေဒင်ဆိုင်ရာ ဖြစ်စဉ်ကို ကြီးကြပ်ရန် ကောင်းကင်တွင် ပြန့်ကျဲနေပြီး တစ်ချိန်တည်းတွင် ကိုယ်တိုင် အားကောင်းလာစေရန် နက္ခတ်ဗေဒဆိုင်ရာ ဖြစ်စဉ်ကို နားလည်သဘောပေါက်လာကြသည်။ တောင်သုံးလုံးနှင့် တောင်ထွတ်ကြီးငါးခုတို့သည်လည်း လူ့ကမ္ဘာတွင် ပြန့်ကျဲနေခဲ့သည်။ သူတို့သည် တောင်ပေါ်နတ်ဘုရားများနှင့် မြေနတ်ဘုရားများကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိသည်။ သူတို့သည် နတ်ဘုရားအဖြစ်အပ်နှင်းခြင်းစာလိပ်၏ ခေါ်ဆောင်ခြင်းခံရပါက ကောင်းကင်တရားရုံး၏ ကံကြမ္မာကို ခံစားနိုင်မည်ဖြစ်သည်။ သူတို့၏အမြင်တွင်၊ ကောင်းကင်တရားရုံး၏ ကံတရားသည် အဆုံးမရှိသည့်အပြင် နားမလည်နိုင်လောက်အောင် ဖြစ်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့အတွက် ကြီးမားသော စွမ်းအားတစ်ခု ဖြစ်ခဲ့သည်။

အင်မော်တယ်မက်မွန်သီးများအကြောင်း သတင်းများလည်း ပြန့်နှံ့ခဲ့ပြီး အဓိကအားဖြင့် တရား၀င်နတ်ဘုရားများအောက်ရှိ နတ်ဘုရားများကို အဓိကပစ်မှတ်ထားသည်။ အနှစ်တစ်ထောင် သက်တမ်းရှိသော မက်မွန်သီးကို စားသုံးခြင်းသည် အင်မော်တယ် နတ်ဘုရားများကို စိတ်လှုပ်ရှားစေသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် အကျပ်အတည်းကို ခံစားခဲ့ရသည်။ မည်သူကမျှ ဤအခွင့်အရေးကို လက်လွတ်ချင်မည်မဟုတ်ပေ။

ပထမဆယ်နှစ်တာကာလအတွင်း၊ နတ်ဘုရားများသည် အင်မော်တယ်နတ်ဘုရားများ၏ အထောက်အထားများနှင့် ရင်းနှီးနိုင်စေရန် ကောင်းကင်တရားရုံးက ပြုပြင်ပြောင်းလဲပေးခဲ့ရသည်။ တစ်ချိန်တည်းမှာပင် နတ်ဘုရားများ၊ တောင်နတ်ဘုရားများသည် ကောင်းကင်တရားရုံးကို ခိုင်ခံ့စေရန်အတွက် ကောင်းကင်နန်းတော်သို့ အဆက်မပြတ်လာရောက်ခဲ့ကြသည်။ ဤသတင်းသည် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ တစ်လျှောက် ပျံ့နှံ့သွားပြီး မရေတွက်နိုင်သော ယုံကြည်သူများကို စိတ်လှုပ်ရှားစေသည်။ ၎င်းတို့သည် နောက်လာမည့် နတ်ဘုရားအပ်နှင်းပွဲကို မစောင့်ဘဲ အချိန်မရွေး အင်မော်တယ် လူတန်းစားတွင် အဆင့်သတ်မှတ်ခံရနိုင်ကြောင်း ထွက်ပေါ်လာခဲ့သည်။

တင်းထျန်း ခေတ် ၁၁ နှစ်တွင်......

ကျန်းဇီယု ဧကရာဇ်ဖြစ်လာပြီးနောက် သူသည် မျက်စိစုံမှိတ်ပြီး စစ်မတိုက်ခဲ့ပေ။ ယင်းအစား ခွန်အားစုဆောင်းပြီး သိုင်းပညာလေ့ကျင့်မှုအတွက် အရင်းအမြစ်များကို တိုးမြှင့်ခဲ့သည်။ နတ်ဘုရားအဖြစ်အပ်နှင်းခြင်းက ထျန်းကျင်း၏ အထက်တန်းစား အများစုကို ဖယ်ထုတ်လိုက်သော်လည်း ဆယ်နှစ်တာကာလအတွင်း ၎င်း၏ ခွန်အားအများစုကို ပြန်လည်ရရှိခဲ့သည်။

ယခုအချိန်တွင် တောင်တန်းနတ်ဘုရားကျောင်းများနှင့် ဒေသဆိုင်ရာနတ်ဘုရားကျောင်းများသည် ထျန်းကျင်း၏တောင်တန်းများတစ်လျှောက်တွင် မိုးဉီးကျမှိုများကဲ့သို့ အများအပြားပေါ်ထွက်လာခဲ့သည်။

ကမ္ဘာသားတို့​၏နှလုံးသားထဲတွင် တာအိုဘိုးဘေး၏ပုံရိပ်သည်လည်း ပို၍မြင့်မြတ်လာသည်။

အလုံးစုံသော အင်မော်တယ်ဘိုးဘေး၊ လူသားဧကရာဇ်၊ ကောင်းကင်နန်းတော်၏ ကောင်းကင်ဧကရာဇ်..... တရားဓမ္မရုပ်တု ၃၀၀၀၊ အနန္တတန်ခိုးရှင် စသည်ဖြင့်...ဂုဏ်သတင်းကျော်ဇောလာသည်။

တနေ့သ၌..

ခရမ်းရောင်တိမ်တိုက်နန်းတော်ထဲမှာရှိနေသည့် ကျန်းချန်ရှန်းက သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

အမွှေးတိုင်နှင့် ကံကြမ္မာကို စနစ်ကိုစစ်ဆေးကြည့်တော့.....

[လက်ရှိ အမွှေးတိုင်အရေအတွက် : 89,046,700,241]

[လက်ရှိ ကံကြမ္မာအမှတ်များ- 173,210,002,244]

အမွှေးတိုင်အရေအတွက်က ဘီလီယံ ၁၀၀ ကျော်လောက်ရှိတော့ ကံကောင်းခြင်းအမှတ်တွေက ဘီလီယံ ၁၀၀ ကျော်သွားပြီ။ လက်ရှိ အမွှေးတိုင်များနှင့် ကံကြမ္မာအမှတ်များက သူ့ကို လာမည့် ကောင်းကင်အတိဒုက္ခမှ လွတ်မြောက်အောင် ကူညီပေးနိုင်ပါ့မလားဟု တွေးတောမိသည်။

သူ့ရဲ့တာအိုသစ်သီးဟာလည်း စတင်ပြောင်းလဲလာပြီး သူ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေ တိုးလာချေပြီ။ နောက်တစ်ကြိမ် အဆင့်တက်ဖို့က မကြာခင်မှာ ဖြစ်တော့မယ်လို့ သူ့မှာ ကြိုတင်သတိပေးချက်ရှိနေပြီ.....

သူသည် ထောင့်နားရှိ ပိုင်ချီနှင့်ပိုင်လုံကို လှမ်းကြည့်လိုက်သည်။ ပိုင်လုံ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်တွင် ပိုင်ချီကတော့ ကြိုးကြိုးစားစား ကျင့်​ငြံနေသည်။

မုလင်းလော့ရ မကြာသေးမီက နတ်သမီးများကို ရွေးချယ်ရန် အောက်ပိုင်းနယ်မြေသို့ သွားရောက်ခဲ့ပြီး ကျန်းဇီယုနှင့်အတူရှိနေသည်။တိုင်ဝနှင့်တိုင်ရှီးတို့သည် နန်းတော်တစ်ခုထဲတွင်နေထိုင်ကြသည်။ တိချန်က သူတို့ကို အသိအမှတ်ပြုထားပြီးသားဖြစ်ပြီး လောလောဆယ်တွင် ၎င်းတို့အား နတ်ဘုရားသိုင်းကျမ်းများကို သင်ကြားပေးနေပါသည်။

ထိုအတောအတွင်း ရွှေကျီးကန်းက ကောင်းကင်တိမ်တိုက်ပင်လယ်ပေါ်တွင် အိပ်နေပြီး ကျူးကျော်သူများကို ကင်းလှည့်ရန် ကောင်းကင်တရားရုံးတစ်ဝိုက်တွင် အခါအားလျော်စွာ လှည့်ပတ်နေတတ်သည်။

နတ်ဘုရားအပ်နှင်းပွဲ အခမ်းအနားအပြီးတွင်၊ ပညာရှင်များ တိမ်တိုက်ပင်လယ်ကိုမကြာခဏ လာကြည့်ကြသည်။ နောက်ဆုံးတွင်၊ ကောင်းကင်တရားရုံးသည် မဟာကန္တရသိုင်းကမ္ဘာတွင်ရှိနေဆဲဖြစ်ပြီး လုံးဝအထီးကျန်ခြင်းမရှိသေးပါ။ ထို့ကြောင့် သူတို့သည် ကျွမ်းကျင်သူများ ခိုးဝင်ချင်သူများရှိနေဆဲပင်.... ကံကောင်းထောက်မစွာဖြင့် တိချန်ရှိနေသဖြင့် မည်သူမျှ မဝင်ရဲခဲ့ကြပေ။

ကောင်းကင်တရားရုံး၌........

ကောင်းကင်နန်းတော်၏ ဘုန်းအာနုဘော်ကိုလည်း ထိုပညာရှင်များကတဆင့် ပျံ့နှံ့ခဲ့ပြီး ကောလာဟလများကို အမှန်ဖြစ်စေကာ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ တွင် နိုင်ငံခြားမျိုးနွယ်စုများ ပိုများလာစေခဲ့သည်။

ကျန်းချန်ရှန်းက အကန့်အသတ်မဲ့အမြင်အာရုံကိုသုံး၍ မဟာကန္တရတလျှောက် သူ့အကြည့်များကို ဖြန့်ကျက်လိုက်သည်။

သိုင်းကမ္ဘာပြိုင်ပွဲ စတင်ခဲ့ပြီး၊ အခြားသော သိုင်းလောကမှ လူသားများ မဟာကန္တရ၏တောနက်ပိုင်းတွင် ပေါ်လာခဲ့သည်။

မဟာကန္တရတွင် လူသားမျိုးနွယ် ကျဆင်းလာမှုကြောင့် အခြားကမ္ဘာမှ လူသားစစ်တပ်များ ပထမဆုံးရောက်ရှိလာခဲ့သည်။ လောလောဆယ်တော့ တောထဲမှာ လူသားမျိုးနွယ်ကို ရှာမတွေ့သေးကြသေးပေ။ သို့သော်၊ အချို့သောနိုင်ငံခြားမျိုးနွယ်စုတို့က ထျန်းကျင်း၏တည်ရှိမှုကို သစ္စာဖောက်ပြီးပြောပြခဲ့ကြသည်။ အနှစ်နှစ်ဆယ်အကြာတွင်၊ထျန်းကျင်းသသည် အခြားကမ္ဘာမှ လူသားစစ်တပ်ကို ရင်ဆိုင်ရမည်ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်တရားရုံးက ထျန်းကျင်းကို ကူညီပေးပြီး အခြားကမ္ဘာမှ ဝင်လာသော စစ်တပ်ကို ရန်သူအဖြစ် အမှတ်အသားပြုမည်ဖြစ်သည်။

ကျန်းချန်ရှန်း၏ ရည်မှန်းချက်မှာ ကောင်းကင်စစ်သည် 100,000 သည် အနှစ်တစ်ထောင်ကာလ အဆုံးတွင် မဟာသူတော်စင်နယ်ပယ်သို့ရောက်ရှိရန်ဖြစ်ပြီး တရား၀င်နတ်ဘုရားများသည် အနည်းဆုံး ကောင်းကင်နှင့်မြေပြင်

ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိရန်ဖြစ်သည်။ မဟာကန္တရသိုင်းကမ္ဘာသည် ကောင်းကင်မြစ်၏ကောင်းချီးများကိုရရှိပြီးနောက် သိုင်းဝိညာဉ်စွမ်းအားနှစ်ဆတိုးလာသည်။ ထို့အပြင်၊ ကောင်းကင်တရားရုံးသည် နတ်ဘုရားအဖြစ်အပ်နှင်းခြင်းစာလိပ်ထံမှ ကံကောင်းခြင်းကိုလည်း ရှိခဲ့သည်၊ ထို့ကြောင့် အင်မော်တယ်နတ်ဘုရားများ ရရှိနိုင်သော သိုင်းဝိညာဉ်စွမ်းအင် ပို၍ကြီးမားသည်။ နတ်ဘုရားအဖြစ်အပ်နှင်းခြင်းစာလိပ်က ၎င်းတို့၏ နားလည်နိုင်စွမ်းကို တိုးမြင့်စေနိုင်သည်၊ ထို့ကြောင့် ၎င်းတို့သည် အနှစ်တစ်ထောင်အတွင်း သိုင်းဧကရာဇ်နယ်မြေသို့ ရောက်ရှိရန် မဖြစ်နိုင်စရာအကြောင်းမရှိပေ။

အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် ကျန်းချန်ရှန်း အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဆက်လက် လေ့ကျင့်ခဲ့သည်။

ဤနေရာ၌ သူသည် ပို၍ သက်တောင့်သက်သာရှိပြီး ရဲဝံ့စွာ ပုန်းအောင်းနေနိုင်သည်။

ရေပေါ်ကျွန်းတစ်ခုတွင်.....

နတ်ဘုရားဇီဟွမ်းက ချောက်ကမ်းပါးအစွန်းတွင် ရပ်ကာ ခမ်းနားထည်ဝါသော ကောင်းကင်မြစ်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေလေသည်။

အဖြူရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးနှင့် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတို့လေထုထဲမှ ထွက်ပေါ်လာကာ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက ဦးဆောင်ပြီး.......

“အရှင်... သူတို့တွေ ကောင်းကင်နန်းတော်ဆီရောက်သွားပြီးဆိုတော့ အောင်မြင်တယ်လို့ ယူဆန်ိုင်တယ်မလား....”

နတ်ဘုရားဇီဟွမ်းက... "သူတို့ တစ်ခုခုမှားနေတယ်လို့ မင်းမထင်ဘူးလား?"

ဒါကိုကြားတော့ အမျိုးသမီးနှစ်ယောက် အံ့အားသင့်သွားကာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

"သူတို့အဲဒီမှာနေတာကြာပြီ...တာအိုဘိုးဘေး နတ်ဘုရားဖြစ်သွားကတည်းက သူတ်ို့ပို့သမျှသတင်းတွေအရဆို ကောင်းကင်တရားရုံးက အရေးမပါတဲ့ ဂိုဏ်းတစ်ခုလိုဖြစ်နေတယ်...ကြည့်ရတာ တာအိုဘိုးဘေးက လူတွေရဲ့စိတ်ကို ထိန်းချုပ်နိုင်စွမ်း ရှိတဲ့ပုံပဲ...."

နတ်ဘုရားဇီဟွမ်းက ထိုသို့ပြောလိုက်ပြီးမှောင်မိုက်နေသော ဟင်းလင်းပြင်ထဲရှိ မဟာကန္တရသိုင်းကမ္ဘာကို ကြည့်နေခဲ့သည်။

အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက......

"မဖြစ်နိုင်ပါဘူး၊ သူတို့ရဲ့ နယ်ပယ်က မမြင့်ဘူး၊ အောက်ကမ္ဘာကို ဆင်းဖို့ နာမည်ဝှက်တွေပဲသုံးခဲ့တဲ့အပြင် ထျန်းကျင်းကို တိုက်ရိုက်ဆင်းသက်ခဲ့တာမဟုတ်ဘူး ..တာအိုဘိုးဘေး သူတို့ကို ဘယ်လို သတိထားမိနိုင်မှာလဲ"

အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက “အခုတော့ သိုင်းလောကကို ချိတ်ပိတ်လိုက်ပြီ အောက်ကမ္ဘာကို လူတွေ မပို့နိုင်တော့ဘူး၊ ဘယ်လိုဆက်လုပ်ရမလဲ..."

နတ်ဘုရားဇီဟွမ်းက... "ဘာမှမလုပ်ဘဲ ငါတို့စောင့်ကြည့်ကြမယ်..." အမျိုးသမီး နှစ်ယောက်က ခေါင်းညိတ်ပြပြီး ဒီပြဿနာကို ဆက်မပြောကြတော့ပေ။

“အရှင်.....သိုင်းကမ္ဘာပြိုင်ပွဲမစခင်မှာ အင်အားစုများစွာက ကျွမ်းကျင်ပညာရှင်တွေကို အောက်ပိုင်းနယ်မြေဆီ စေလွှတ်ခဲ့တယ်လို့သိထားတယ်.... ဒီသိုင်းကမ္ဘာပြိုင်ပွဲက အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်နဲ့ ယဲ့ကလန်နဲ့ တကယ်ပဲ ဆက်စပ်နေတယ်...ဒါပေမယ့် ဒါတွေမတိုင်မီ တစ်စုံတစ်ဦးက အထက်ကမ္ဘာကလူတွေ အောက်ကမ္ဘာကို သွားအောင်ဆွဲဆောင်နေပုံရတယ်.... ဘယ်သူလဲဆိုတာတော့ ကျွန်မတို့ မသိရသေးဘူး...."

အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက စိုးရိမ်တကြီးပြောလိုက်သည်။ သူမသည် မဟာကန္တရသိုင်းကမ္ဘာအတွက် စိတ်မပူဘဲ နတ်ဘုရားဇီဟွမ်းကိုသာ စိတ်ပူနေသည်။

နတ်ဘုရားဇီဟွမ်းက မဟာကန္တရသိုင်းကမ္ဘာ၏နတ်ဘုရားဖြစ်သောကြောင့်ဂိုဏ်းဂဏများ ပိုများလာလေလေ ယင်းသည် ကောင်းသောကိစ္စမဟုတ်ပေ။

နတ်ဘုရားဇီဟွမ်းက .... “ကဲ ဒီနေရာရောက်နေပြီပဲ ဆက်ကြည့်ကြရအောင်.....”

အဖြူ​ရောင်​ဝတ်​စုံဝတ်​ထားသည့်​အမျိုးသမီးနှင့်​ အစိမ်း​ရောင်​၀တ်​စုံဝတ်​ထားသည့်​အမျိုးသမီးသည်​ လှည့်​ကြည့်​ကာ နန်း​တော်​ဆီသို့ အတူတူ​လျှောက်​သွားခဲ့ကြသည်။

ကမ္ဘာကြီးသည် မှိန်ဖျော့နေပြီး ချော်ရည့ လှိုင်းလုံးများသည် အခါအားလျော်စွာ ဖြစ်ပေါ်လာသည်။ ပူလောင်သောအပူရှိန်ကြောင့် အာကာသကိုပင် ကမောက်ကမဖြစ်စေသည်။

ချော်ရည်ပင်လယ်ထက်မှာ လူတစ်ယောက် တရားထိုင်နေပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗလာကျင်းထားကာခန္ဓာကိုယ်မှာ တောက်လောင်နေသော တက်တူးများဖြင့် ဖုံးအုပ်ထားသည်။ ထိုတက်တူးများက နဂါးများနှင့် သက်ရှိသတ္တဝါများကဲ့သို့ အချိန်မရွေး ပြေးထွက်လာသလိုမျိုး ပြင်းထန်သော အော်ရာများဖြာထွက်နေသည်။

သူ၏ အနက်ရောင်ဆံပင်များက ရိုင်းစိုင်းစွာ ကခုန်နေသည်။ အေးစက်သောအမူအရာဖြင့် သူ၏လှုပ်ရှားမှုများကို ပြောင်းလဲလိုက်ပြီး အောက်ရှိ တောက်လောင်နေသော ချော်ရည်များကို အဆက်မပြတ် စုပ်ယူလိုက်သည်။

အိုး!

ထိုစဉ် အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ဆံပင်ဖြူဖြူ အမျိုးသားတစ်ဉီး မီးတောက်လူသားရှေ့မှာ ရပ်လိုက်ပြီး....

"မီးတောက်သခင်၊ သိုင်းလောကတွေ အကုန်ပွင့်သွားပြီ....ငါတို့ ဘယ်တော့ စကြမလဲ... "

မီးတောက်သခင်ဟုခေါ်သော အမျိုးသားက မျက်လုံးကို မဖွင့်ဘဲ “မင်းဘာလို့ အလျင်လိုနေတာလဲ၊ အနှစ်တစ်ထောင်ကာလက အတော်ကြာဉီးမှာပဲ” ဟု ဖြည်းညှင်းစွာပြောခဲ့သည်။

ဆံပင်ဖြူ အမျိုးသားက မျက်မှောင်ကြုတ်ပြီး.....

" အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ကိုပဲ အဓိက စိတ်ပူတယ်.... အနှစ်တစ်ထောင်ဆိုတာ ဒီကြယ်စင်ကို သတ်ပစ်ဖို့ လုံလောက်တယ်...ငါတို့ရဲ့ ပစ်မှတ်က သူမဟုတ်ပေမယ့် သူကြီးထွားလာရင် ငါတို့အပေါ် သက်ရောက်မှု ရှိမှာ သေချာတယ်။ ပြီးတော့ သူက မဟာကန္တရသိုင်းကမ္ဘာကို ရောက်နေတာ..."

မီး​တောက်သခင်က....

" အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်...မဟာကန္တရသိုင်းကမ္ဘာရဲ့ထူးခြားဖြစ်တည်မှု...ယဲ့ကလန်ရဲ့သားမြေးတွေ အကုန်လုံး မဟာကန္တရသိုင်းကမ္ဘာမှာ ရှိနေတာဆိုတော့ သူတို့တွေသေချာပေါက်တိုက်ခိုက်ကြမှာပဲ....ငါသူတို့နဲ့မတိုက်ခိုက်ခင် မြေကမ္ဘာသေးကြောကမီးတောက်တွေကို စုပ်ယူပြီး နတ်ဘုရားကျင့်စဉ် ကျင့်ကြံလိုက်ဉီးမယ်....မဟာကန္တရသိုင်းကမ္ဘာရဲ့ထူးခြားတဲ့ဖြစ်တည်မှုက နတ်ဘုရားကိုတောင် သတ်ပစ်ခဲ့တာမို့ ပေါ့ဆနေလို့မရဘူး....ဒါ့အပြင် အောက်ကမ္ဘာကို ရောက်နေတာ ငါတို့တွေပဲမဟုတ်ဘူး...."

ဆံပင်ဖြူအမျိုးသားက ဒါကို ကြားလိုက်တာနဲ့ အဓိပ္ပါယ်ရှိတယ်လို့ ခံစားလိုက်ရသည်။

"လူသားမျိုးနွယ်စုအတွက် စည်းလုံးညီညွတ်ကိုဆောင်ကြဉ်းပေးကြရမယ်...ငါတို့ အောက်ကမ္ဘာကိုရောက်နေပြီမို့ ကိုယ့်အတွက်ကိုယ် တိုက်ခိုက်ကြရမယ်...."

“ကောင်းပြီ!”

ဆံပင်ဖြူအမျိုးသားက ပြုံးပြက၍ လှည့်ထွက်ကာ မိုးကုတ်စက်ဝိုင်းထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ထိုမှပင် မီးတောက်သခင်က မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် ရူးသွပ်သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

“မင်း ကောင်းကောင်းကြီးပြင်းလာပြီး ငါ့ခွန်အားရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာရမယ်” ​​လို့ ခပ်ပြုံးပြုံး ရေရွတ်လိုက်သည်။

တိမ်ပင်လယ်ထက်မှာ လူနှစ်ယောက် တိုက်ခိုက်နေကြပြီး သူတို့အားလုံး ငွေရောင် ချပ်ဝတ်တန်ဆာနှင့် ခမောက်များကို ၀တ်ဆင်ထားကြသည်။ ၎င်းတို့သည် ကောင်းကင် စစ်သည်များနှင့် ကောင်းကင်စစ်သူကြီးများ၏ ကောင်းကင်လက်နက်များဖြစ်သည်။ ၎င်းကို ကျန်းချန်ရှန်းက ဖန်တီးထားပြီး အကာအကွယ်အလွှာတစ်ခုပါရှိသောကြောင့် ၎င်းသည် သေမျိုးကမ္ဘာရှိ သံချပ်ကာများထက် ပိုမိုအားကောင်းစေသည်။

တိုက်ပွဲဝင်သူများမှာ ကျန်းဂျန်နှင့်ကျန်းရှန်တို့ဖြစ်သည်။

ကျန်းဂျန်သည် သုံးခွချွန်ဓားကို ကိုင်ဆောင်ထားပြီး ကျန်းရှန်ကတော့ စစ်သုံးပုဆိန်ကို ကိုင်ဆောင်ထားသည်။ အဓိကအားဖြင့် ကျန်းဂျန်သည် သူ့နယ်ပယ်ကို ဖိနှိပ်ထားသောကြောင့် ညီအကိုနှစ်ယောက်အဆင့်တူနေသည်။

ကောင်းကင် စစ်သူကြီးတစ်စုက အဝေးကနေ တိုက်ပွဲကို စောင့်ကြည့်နေသည်။

"ကျန်းရှန်က မရိုးရှင်းဘူး.... ဘုရင်မင်းမြတ်ရဲ့ မြေးတော်က မျှော်လင့်ထားတဲ့အတ်ိုင်းပဲ....."

"ကျန်းဂျန်လည်း အရမ်းသန်မာတယ်...."

"ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ.... ငါက သူတို့နဲ့ တူညီတဲ့နယ်ပယ်မှာ ရှိနေပေမယ့် သူတို့ရဲ့ ပြိုင်ဘက်မဟုတ်ဘူးလို့ ခံစားရတယ်..."

"ဘယ်အချိန်မှ သူတို့နဲ့ လက်ရည်တူတိုက်ခိုက်နိုင်မှာလဲ...."

"ဟာဟားဟား၊ မင်းကိုယ်မင်း လုံလောက်တယ်လို့ ထင်သလား....အနာဂတ်မှာ... ကောင်းကင်နန်းတော်ရဲ့ နတ်ဘုရားတွေကသာ ဆက်ပြီး အားကောင်းလာနိုင်တယ်.... နောက်ကျသွားတဲ့သူကို အစားထိုးလိမ့်မယ်..."

ကောင်းကင် စစ်သူကြီးများ အချင်းချင်း ဆွေးနွေးနေကြသည်။

မြောက်ပိုင်းနယ်ခြားစောင့်ဘုရင်က သူတို့ကြားတွင်ရပ်ပြီး တိုက်ပွဲကိုကြည့်ရင်း မုတ်ဆိတ်မွေးကို ပွတ်သပ်နေကာ ထီးနန်းကို မသိမ်းပိုက်နိုင်ခဲ့လို့ ကံကောင်းတယ်လို့ တိတ်တဆိတ် တွေးနေမိသည်။

ထိုအချိန်တွင်၊ ကွမ်တုံယု ပျံသန်းလာပြီး ကောင်းကင် စစ်သူကြီးများက အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။

ကွမ်းတုံးယုက .... "ကောင်းကင်ဧကရာဇ်က လူသားကမ္ဘာကို ဘေးဥပဒ်ဖြစ်စေတဲ့ ဆိုးယုတ်သောမျိုးနွယ်များကို နှိမ်နင်းရန် ကောင်းကင်ဗိုလ်ခြေအရှင် ၁၀,၀၀၀ ကို အမိန့်ပေးလိုက်တယ်...!"

ကောင်းကင် စစ်သူကြီးများအားလုံး ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားသည်။ ကျန်းဂျန် နှင့် ကျန်းရှန် တို့သည်လည်း တိုက်ခိုက်မှုကို ရပ်တန့်ကာ စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ သူတို့အားလုံးက စစ်တိုက်ချင်ကြပြီ....

ကွမ်းတုံးယုက ကျန်းရှန် အပါအဝင် ရွေးချယ်ထားသော စစ်သူကြီးများကို စတင်ကြေငြာလိုက်သည်......

ယခုနှစ်သည် တင်းထျန်း ခေတ်၏ 17 နှစ်ဖြစ်သည်။ ကောင်းကင် စစ်သည်များနှင့် ကောင်းကင် စစ်သူကြီးများ တိုက်ပွဲဝင်ရန် သေမျိုးကမ္ဘာသို့ ပထမဆုံး ဆင်းသက်ခဲ့သည့် နှစ်ဖြစ်သည်။ ကွမ်းတုံးယုသည် ကောင်းကင်စစ်သူကြီး ၁၂ ဦး၊ မြေကမ္ဘာအဆင့် စစ်သူကြီး ၃၆ ဦးနှင့် ကောင်းကင်စစ်သည် ၁၀,၀၀၀ ကို ဦးဆောင်ခဲ့သည်။ သူသည် ရွှေကျီးကန်းကိုစီးနင်း၍ ကောင်းကင်တိမ်တိုက် ပင်လယ်ကြီးကို ဖြတ်သန်းလာချေပြီ.....

သူ ကောင်းကင်မြို့တော်ကို ရောက်ကတည်းက ရွှေကျီးကန်း၏တောင်ပံသည် ယခုအခါ ပေနှစ်ထောင်ကျော်ကျော်ရှိပြီး ၎င်း၏ကိုယ်ဟန်အနေအထားမှာ လွှမ်းမိုးချုပ်ကိုင်ထားသည်။

ကောင်းကင်တိမ်တိုက်ပင်လယ်သည် အာကာသကိုဖြတ်၍ သွားလာနိုင်ပြီး နေ့တစ်ဝက်မပြည့်မီ ၎င်းတို့၏ ဦးတည်ရာသို့ ရောက်ရှိလာသည်။ ကောင်းကင် စစ်သည်များနှင့် ကောင်းကင်စစ်သူကြီးကြီးများ အံ့အားသင့်သွားကြသည်။ သူတို့ကိုယ်တိုင် ပျံသန်းဖို့ဆိုရင် သူတို့ဒီကို ရောက်ဖို့ နှစ်ဒါဇင်လောက် အချိန်ယူရလိမ့်မည်....

All Chapters