အမွှေးတိုင်အရေအတွက် 100 ဘီလီယံ.... အံ့မခန်း မြင့်မြတ်သောနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်ခြင်း.........
Vol. 24 Ch. 352
အဆုံးမရှိသော သစ်တောထဲတွင်၊ တောင်ကြီးများ၏အရွယ်အစားရှိ ကြီးမားသော သားရဲများ ခိုနားနေကြသည်။ သူတို့၏ ကိုယ်လုံးကိုယ်ထည်သည် လူသားများနှင့် ဆင်တူပြီး ၎င်းတို့၏ အပေါ်ပိုင်း ခန္ဓာကိုယ်များက သန်မာသည်။ သူတို့ခန္ဓာကိုယ်မှာ အမွှေးအမျှင်တစ်မျှင်မရှိသလို အရေပြားကလည်း စိမ်းပြာရောင်သန်းနေ၏။ တိရိစ္ဆာန်အရေခွံနဲ့လုပ်ထားတဲ့ သားရေချပ်တွေကို သူတို့ရဲ့ခါးမှာ ရစ်ပတ်ထားပြီး သူတို့အားလုံးဟာ ကျောက်နဲ့လုပ်ထားတဲ့ လက်နက်ကြီးတွေ ကိုင်ဆောင်ထားကြသည်။
ရှီယွမ်မျိုးနွယ်စု.......
တောင်ခြေရင်းကမြစ်ကမ်းဘေးတွင် လူတစ်စု အနားယူနေကြသည်။၎င်းတို့အားလုံး အယောက်နှစ်ဆယ်ခန့်ရှိ၍ အားလုံးဒဏ်ရာရပြီး စိတ်မကောင်းဖြသ်နေကြ၏။ ရံဖန်ရံခါ၊ သူတို့ပတ်ဝန်းကျင်ရှိ ရှီယွမ်မျိုးနွယ်စု၏ ကြောက်မက်ဖွယ်ကောင်းသော စစ်သည်တော်များကို ကြည့်ရှုနေကြသည်။
အဝါရောင် ၀တ်စုံနဲ့ အမျိုးသမီး တစ်ယောက်က “လူတိုင်း ထိတ်လန့်မနေနဲ့...ကောင်းကင်တရားရုံးက ငါတို့ကို ကယ်ဆယ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ထားတယ်....”
သူမ ထိုသို့အားပေးနေသော်လည်း မည်သူမျှ မျက်နှာမကောင်းပေ။
“သူတို့က ငါတို့ကို ကယ်တင်ဖို့ လာရင်တောင် အချိန်ကြာဉီးမှာ...”
"ဟုတ်တယ်... ဒီနေရာက ထျန်းကျင်း နဲ့ ဘယ်လောက်ဝေးလဲ....."
“ဒါတွေအားလုံးကဘာမှန်းမသိတဲ့ မြေအောက်နန်းတော်ကို သွားခိုင်းတဲ့ ခွေးအိုကြီး ကျောက်တုရဲ့ အပြစ်ပဲ..... နောက်ဆုံးတော့ ဒီနတ်ဘုရားတွေရဲ့ ကျေးဇူးတော်ကြောင့် နေရာကူးပြောင်း ပို့ဆောင်ပေးတဲ့ ထူးဆန်းတဲ့ ပုံစံတစ်ခုကို တွေ့လိုက်ရတယ်.... လူတော်တော်များများ သေကုန်ပြီး ငါတို့ပဲ ကျန်တော့တယ်...ဒီဘေးဆိုးကြီးကနေ လွတ်ကင်းနိုင်မယ်ထင်ပါရဲ့.....”
"ဟမ့်....မင်း စွန့်စားဖို့ ထွက်လာတုန်းက မင်းကို တစ်ယောက်ယောက်က အတင်းအကြပ်စေခိုင်းခဲ့လို့လား..."
သိုင်းပညာရှင်တွေ စကားများများပြောလေ ဒေါသပိုထွက်လေလေပင်.... မကြာခင်မှာပဲ ငြင်းခုံကြပါတော့သည်။ ဆိုးရွားတဲ့အခြေအနေမှာ သူတို့ဟာ ဖိအားများစွာကို ခံနေရရှာသည်။
အဝါရောင်ဝတ် အမျိုးသမီးက မျက်မှောင်ကြုတ်ကာ ရုတ်တရက် တစ်စုံတစ်ခုကို တွေ့လိုက်သောအခါ ငြင်းခုံခြင်းကို ရပ်တန့်ရန် ဖျောင်းဖျဖို့ပြင်နေစဉ် သူမ၏ ကြည်လင်သော မျက်လုံးများ ပြူးကျယ်ကာ...... "ကြည့်စမ်း!"
အားလုံးက သူမ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ခေါင်းလှည့်လိုက်ရာ တိမ်ပင်လယ်မှ ဆင်းသက်လာသော အကန့်အသတ်မဲ့ ရွှေရောင်အလင်းတန်းက တောင်ပေါ်တောအုပ်ကို လင်းထိန်စေသည်ကို တွေ့လိုက်ရသည်။ တိမ်ပင်လယ်ထက်မှာ လူရိပ်တွေပေါ်လာပြီး သူတို့သည် ကောင်းကင်စစ်သည်များနှင့် ကောင်းကင် စစ်သူကြီးများ ဖြစ်ကြသည်။
အင်မော်တယ်နတ်ဘုရားများက တောင်တန်းများကြားရှိ ရှီယွမ်မျိုးနွယ်စုများကို ငုံ့ကြည့်နေကြသည်။
"ကောင်းကင်စစ်သူကြီးနဲ့ ကောင်းကင် စစ်သည်တွေရောက်လာပြီ !"
အဝါရောင်ဝတ် အမျိုးသမီးက စိတ်လှုပ်ရှားစွာ အော်လိုက်မ််ိသည်။ သူမသည် တာအိုဘိုးဘေးကို ယုံကြည်သူဖြစ်ပြီး စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ တွင် အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ ကောင်းကင်စစ်သည်များနှင့် ကောင်းကင်စစ်သူကြီးများ ဤမျှ မြန်မြန်ဆန်ဆန် ရောက်လာမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
"ဧကရာဇ်မင်းမြတ်၏ အမိန့်အရ ဤဆိုးယုတ်သောမျိုးနွယ်စုကို နှိမ်နင်းကြလော့......"
ကွမ်းတုံးယု၏ အသံက ကျယ်လောင် ပြတ်သားပြီး ကမ္ဘာအနှံ့ ပဲ့တင်ထပ်နေသည်။ ရှီယွမ်မျိုးနွယ်စု စစ်သည်တော်များကို အလွန်တုန်လှုပ်စေကာ အချင်းချင်း မတ်တပ်ထရပ်ကာ ကောင်းကင်ယံကိုမော့ကြည့်၍ အော်ဟစ်နေကြသည်။
ကြီးမားသော တိုက်ပွဲကြီး ပေါ်ပေါက်လာချေတော့မည်......
ကွမ်းတုံးယုက သူ့လှံကို မြှောက်လိုက်သည်နှင့် ကောင်းကင်စစ်သူကြီးများနှင့် ကောင်းကင် စစ်သည် ၁၀,၀၀၀ သည် မြှားမိုးကဲ့သို့ မြေပြင်သို့ ဆင်းသက်လာသည်။ ထိုမြင်ကွင်းက အလွန်ကို ကြီးကျယ်ခမ်းနားပြီး သိုင်းပညာရှင်များသည် ၎င်းကို ဘယ်တော့မှ မမေ့နိုင်ပေ။
[ပထမအကြိမ် သင့်ရဲ့ အမွှေးတိုင်တန်ဖိုးက ဘီလီယံ ၁၀၀ ကျော်သွားပြီဆိုတာ ဖော်ထုတ်တွေ့ရှိခဲ့တယ်။
အမွှေးတိုင်လုပ်ဆောင်ချက်— အမွှေးတိုင်အရေအတွက်လွှဲပြောင်းခြင်းကို အသက်သွင်းခဲ့သည်။]
[အမွှေးတိုင် လွှဲပြောင်းခြင်း- သင်သည် အမွှေးတိုင်အရေအတွက်များကို ယုံကြည်သူတိုင်းထံ တိုက်ရိုက် ပေးပို့နိုင်ပါသည်။ လိုအပ်သော အမွှေးတိုင်အရေအတွက်များသည် ယုံကြည်သူ၏ ခွန်အားအပေါ် မူတည်ပါသည်။]
တရားထိုင်နေသော ကျန်းချန်ရှန်းသည် အကြောင်းကြားချက်ကြောင့် အနှောင့်အယှက်ဖြစ်ခဲ့သည်။ မျက်လုံးမှိတ်ထားသော်လည်း စနစ်သတိပေးချက်ကို မြင်နိုင်သည်။
အမွှေးတိုင်အရေအတွက် လွှဲပြောင်းခြင်း....?
မဆိုးပါဘူး.... အမွှေးတိုင် အလုံအလောက်ရှိသရွေ့ သူသာ မရှုံးနိမ့်နိုင်သော တည်ရှိမှုတစ်ခုကို ကြုံတွေ့ရပါက အဆက်မပြတ် ယုံကြည်သူများထံပို့ပေးနိုင်သည်။
ကျန်းချန်ရှန်း ဤအရာကို ပထမဆုံးတွေးခဲ့မိသည်။ ဒီလုပ်ဆောင်ချက်က သူ့ကို ဟောပြောရာမှာ ကူညီပေးနိုင်သည်။
အချိန်တွေ လျင်မြန်စွာကုန်ဆုံးသွားပြီး မသိလိုက်ဘဲ၊ အမွှေးတိုင်ပေါင်း 100 ဘီလီယံကျော် စုဆောင်းထားနိုင်ခဲ့သည်။
ယခုနှစ်သည် တင်းထျန်း ခေတ်၏ ၂၃ နှစ်မြောက်နှစ်ဖြစ်သည်။ ကျန်းချန်ရှန်း ဟာ အသက် 508 နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့နောက်ဆုံးအဆင့်တက်ခဲ့ခြင်းက 175 နှစ်ရှိခဲ့ပါပြီ။
ကျန်းချန်ရှန်း နောက်ဆုံးတွင် အနှစ်တစ်ထောင် အထီးကျန်ဆန်သည့်ခံစားချက်ကို ခံစားခဲ့ရသည်။
အင်မော်တယ် ကျင့်ကြံသူများသည် အထီးကျန်မှုကို ကြံ့ကြံ့ခံရပေမည်......
သူသည် ကျင့်ကြံနေသမျှ
ကာလပတ်လုံး အသက်ရှင်နေနိုင်စေရန် နတ်ဘုရားအပ်နှင်းခြင်းစာလိပ်ထဲသို့ သူဂရုစိုက်သောလူများကို ဆွဲသွင်းပြီးဖြစ်သည်။ ထို့ကြောင့် သူ တံခါးပိတ်ကျင့်ကြံရာမှ နိုးလာသောအခါတွင် သူ့သူငယ်ချင်းဟောင်းများ အသက်ကြီး၍ မြေကြီးထဲတွင် နစ်မြုပ်သွားမည်ကို စိုးရိမ်စရာမလိုတော့ပေ။
ကျန်းချန်ရှန်းက စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေကို စတင်စူးစမ်းခဲ့ပြီး ယုံကြည်သူအရေအတွက် သိသိသာသာတိုးလာသည်။ သူတို့သည် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေတွင် အမျိုးမျိုးသော အဆောက်အဦးများနှင့် မြေမျက်နှာသွင်ပြင်များကို ဖန်တီးခဲ့သည်။ တစ်ချိန်တည်းမှာပင် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေမှ လူအရေအတွက် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ယင်းက ကမ္ဘာပေါ်ရှိ ခေတ်မီအွန်လိုင်းဂိမ်းများကို အမှတ်ရစေသည်။
အတုအယောင် အရောင်းအဝယ်များကို စတင်အကောင်အထည်ဖော်ပြီး လုပ်ဆောင်ရန်ကြိုးပမ်းနေသည့် ယုံကြည်သူများပင် ရှိခဲ့သည်။
စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေကို ကောင်းကင်တရားရုံးက အုပ်စိုးထားသောကြောင့် သူဘာကိုမျှ မကြောက်ပေ။ ကောင်းကင်တရားရုံးတွင် အင်မော်တယ်နတ်ဘုရားများ ပိုများလာသည်။ များမကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူသည် လောကသုံးပါးကို ထိန်းချုပ်နိုင်ပြီး သူစိတ်ကူးထားသည့် ကောင်းကင်တရားရုံးကို တည်ဆောက်နိုင်မည်ဖြစ်သည်။
ရှီယွမ်မျိုးနွယ်စုကို သိမ်းပိုက်ရန် ကောင်းကင်စစ်သည်များနှင့် ကောင်းကင်စစ်သူကြီးများကို ကွမ်းတုံးယုဦးဆောင်ပြီးကတည်းက ကောင်းကင်တရားရုံးဘက်ကလည်း ကောင်းကင်အကျဉ်းထောင်ကို တည်ဆောက်ခဲ့သည်။ ရှီယွမ်မျိုးနွယ်စုသည် ကောင်းကင်အကျဉ်းထောင်၏ ပထမဆုံးအသုတ်အကျဉ်းသားများဖြစ်သည်။ စီရင်ချက်ချပြီးမှသာ လွတ်မြောက်နိုင်ပေမည်။
ရှီယွမ်မျိုးနွယ်စုက မဟာကန္တရ၌ ဒုစရိုက်မျိုးစုံကို ကျူးလွန်ခဲ့သည်။
ဥပမာအားဖြင့်၊ သူတို့သားကောင်ကို မစားခင် ညှဉ်းပန်းနှိပ်စက်တာကို နှစ်သက်ကြသည်။ သူတို့သားကောင်၏သွေးသည် အလွန်အမင်းကြောက်လန့်မှုအောက်တွင် ပိုသစ်လွင်သည်ဟု ယုံကြည်ကြသည်။ သို့သော်၊ ၎င်းတို့၏ ပြစ်မှုများကို ကောင်းကင်တရားရုံးက တွေ့ရှိခဲ့သည်။
နတ်ဘုရားအဖြစ်အပ်နှင်းခြင်းစာလိပ် ၏ကောင်းချီးကြောင့် အင်မော်တယ်နတ်ဘုရားများသည် သက်ရှိသတ္တဝါများ၏ ကုသိုလ်နှင့်ကံတရားကို ခံစားသိရှိနိုင်မည်ဖြစ်သည်။ ကုသိုလ်ကံတရားများပြားသူသည် အလွန်အကျွံ သတ်ဖြတ်မှုများကျူးလွန်ပါပါ အကုသိုလ်ကို တိုးပွားစေကာ ကုသိုလ်ကံ အားနည်းသွားနိုင်သည်။ ဒါတွေအားလုံးဟာ ကံတရားရဲ့ မမြင်နိုင်တဲ့ စည်းမျဉ်းတွေပင်......
ဤတိုက်ပွဲအပြီးတွင် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေရှိ ကောင်းကင်တရားရုံး၏ ဂုဏ်သတင်း မြင့်တက်လာခဲ့သည်။
ကျန်းချန်ရှန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက်၊ သူသည် ယခုအချိန်တွင် အန္တရာယ်မဖြစ်စေရေး သေချာစေရန် အမျိုးမျိုးသော အကွာအဝေးရှိ အပြင်းထန်ဆုံး ကျွမ်းကျင်သူများကို စတင်တွက်ချက်ခဲ့သည်။
သိုင်းကမ္ဘဲာပြိုင်ပွဲ စတင်ခဲ့သော်လည်း ကြောက်စရာကောင်းသော ကျွမ်းကျင်သူတစ်ဦးသာ အချိန်မတိုင်မီ ဆင်းသက်လာပါက မည်သို့ဖြစ်မည်နည်း။ တစ်ယောက်ယောက်က စည်းကမ်းဖောက်ဖျက်ပြီး အောက်ကမ္ဘာသို့ ထပ်ဆင်းနိုင်ရင် ဘယ်လိုလုပ်မလဲ.....
ကံကောင်းထောက်မစွာ၊ အချို့သော တွက်ချက်မှုများပြီးနောက်၊ သူမှလွဲ၍ မဟာကန္တရသိုင်းကမ္ဘာတွင် အပြင်းထန်ဆုံး ကျွမ်းကျင်သူသည် ၎င်း၏ ခွန်အားတန်ဖိုးထက် အဆတစ်ရာလျော့နည်းသည့် အမွှေးတိုင် 9 ဘီလီယံခန့်သာတန်ကြေးရှိသည်။
ထိုမှသာလျှင် ကျန်းချန်ရှန်း ကျေနပ်အားရစွာဖြင့် တံခါးပိတ်ကျင့်ကြံနိုင်ခဲ့သည်။ ဘီလီယံ 100 အထိ စံချိန်ချိုးသွားသော အမွှေးတိုင်များကို လောလောဆယ်တွင် အသုံးမပြုရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ၎င်းတို့ကို ၎င်း၏နောက်ထပ်အောင်မြင်မှုများအတွက် အသုံးပြုမည်ဖြစ်သည်။
တင်းထျန်းခေတ် 28 နှစ်၊ ထျန်းကျင်း၏ရာဇပလ္လင်တော်အခန်း၌......
ကျန်းဇီယုသည် ဂုဏ်သိက္ခာရှိသော ကိုယ်ဟန်အနေအထားဖြင့် ပလ္လင်ပေါ်တွင် ထိုင်နေလေသည်။ အရင်တုန်းက ကျင်းထိုင်ကျုံးနဲ့ ယှဉ်ရင် သူ့ရဲ့ ဩဘာက ပိုအားကောင်းလာသည်။
"သိုင်းကမ္ဘာပြိုင်ပွဲအကြောင်း မင်းသိထားသင့်တယ်..... တခြားကမ္ဘာတွေကစစ်တပ်တွေရဲ့ ပထမအသုတ်က တိုက်ခိုက်တော့မယ်... ဒါက ထျန်းကျင်းရဲ့ ပထမဆုံးသော တိုက်ပွဲဖြစ်တယ် ငါတို့ ကောင်းကောင်းတိုက်ခိုက်ရမယ်...."
ကျန်းဇီယု စကားဆုံးသောအခါတွင် သူသည် စစ်သူကြီးများကို စတင်ခန့်အပ်ခဲ့သည်။ ခန့်အပ်ခံရသော စစ်သူကြီးများအားလုံး စိတ်လှုပ်ရှားနေကြသည်။ ၎င်းတို့အားလုံးသည် အောင်မြင်မှုများရရှိရန် နှင့် အင်မော်တယ်လူတန်းစားတွင် အဆင့်သတ်မှတ်ခံရရန် လာမည့်စစ်ပွဲကို အသုံးပြုလိုကြသည်။
ကျန်းဇီယု စကားဆုံးသောအခါ အရာရှိဟောင်းတစ်ယောက်က ရှေ့သို့တိုးလာပြီ......
"အရှင်မင်းကြီး....နောက်ဆုံးအကြိမ် နတ်ဘုရားအဖြစ်အပ်နှင်းခြင်းအခမ်းအနားကျင်းပပြီးတာ ၂၈ နှစ်သာရှိပါသေးတယ်.... ထျန်းကျင်းမှာ လုံလောက်တဲ့တပ်တွေရှိနေပေမယ့် သိုင်းဘုရင်နယ်ပယ်ထက်သာလွန်တဲ့ ကျွမ်းကျင်ပညာရှင်များတွေကို ရင်မဆိုင်နိုင်သေးပါဘူး....."
သူပြောပြီးတာနဲ့စစ်သူကြီးတွေ အားလုံး အခြေနေကို သဘောပေါက်သွားကြသည်။ယုံကြည်ချက်ရှိသော်လည်း ခွန်အားအရာ၌ ကြီးမားသော ခြားနားမှု ရှိလျှင် အဘယ်သို့နည်း။
လက်ရှိတွင်၊ ထျန်းကျင်း၌ သူတော်စင်နယ်ပယ် အရေအတွက်ကို လက်တစ်ဖက်ဖြင့် ရေတွက်နိုင်သည်။ သူတို့ရဲ့ရန်သူကတော့ သိုင်းလောကတစ်ခုလုံးကို စုစည်းထားတဲ့ လူသားတွေပင်ဖြစ်သည်။
“ကောင်းကင်တရားရုံးက ငါတို့ကို ကူညီပေးလိမ့်မယ်.... အရာရှိတွေ.... ငါကိုယ်တော်က အနာဂတ်ရဲ့ ကောင်းကင်ဧကရာဇ်ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့..... တာအိုဘိုးဘေးက အင်မော်တယ် သတ္တဝါအားလုံးရဲ့ ဘိုးဘေးပဲ....ကောင်းကင်ဧကရာဇ်ရဲ့ ရာထူးဆိုတာ သူ့အောက်မှာ ရှိတယ်....”
ကျန်းဇီယု ဟက်ဟက်ပက်ပက် ရယ်မောလိုက်သဖြင့် အားလုံး ရုတ်တရတ် သဘောပေါက်လာကြသည်။
မှန်တယ်.....တာအိုဘိုးဘေးက သူ့သားကို ဘယ်လောက်ထိ အခွင့်အရေးပေးတယ်ဆိုတာ လူတိုင်းသိတယ်.....
ခဏလောက်ကြာတော့ ညီလာခံရဲ့ အငွေ့အသက်က တက်ကြွလာသည်။လူတိုင်း အဆုံးမရှိသော မျှော်လင့်ချက်များဖြင့် ၎င်းတို့၏ နောက်လာမည့်ဗျူဟာကို စတင်ဆွေးနွေးကြသည်။
ကျန်းဇီယု၏ ရည်မှန်းချက်မှာ အနိုင်ရရန်သာမက ကမ္ဘာအရပ်ရပ်မှ လူသားများကို ပေါင်းစည်း၍ အနှစ်တစ်ထောင်အတွင်း သိုင်းကမ္ဘာတိုင်းရှိ လူသားမျိုးနွယ်ကို ပေါင်းစည်းရန်ဖြစ်သည်။
ထိုအချိန်တွင် စစ်သူကြီးတယောက် ရုတ်တရက် မော့ကြည့်လိုက်ပြီး သူ့အမူအရာ ပြောင်းသွားသည်။
ကျန်းဇီယုက သူ့အမူအရာ ပြောင်းလဲသွားတာကို သတိထားမိပြီး.....
"စစ်သူကြီးဝမ် ဘာပြဿနာရှိလို့လဲ"
အားလုံးက စစ်သူကြီးဝမ်ကို ကြည့်ကာ သူ့မျက်လုံးထဲက ကြောက်ရွံ့မှုကိုသာ မြင်လိုက်ရသည်။ သူက တုန်လှုပ်သောအသံဖြင့်......
"ကောင်းကင်ပေါ်မှာ အရမ်းအစွမ်းထက်တဲ့ အော်ရာတွေ...!"
ရန်သူတွေ တိုက်ခိုက်လာပြီလား.....
ကျန်းဇီယု ချက်ခြင်းမတ်တပ်ထရပ်ပြီး စစ်သူကြီးများလည်း အပြင်သို့ထွက်လာကြသည်။
ကိုးကောင်းကင်အထက်ရှိ အရှေ့ဘက်ကောင်းကင်တံခါး၌.....
လေ့ကျင့်သင်ကြားနေသော ကောင်းကင်စစ်သည်များ တယောက်ပြီးတယောက် မျက်လုံးဖွင့်ကာ မတ်တပ်ထရပ်၍ ကောင်းကင်ကို လေးနက်သောအမူအရာဖြင့် မျှော်ကြည့်နေကြသည်။
“ကောင်းကင်နန်းတော်.. ကောင်းကင်ဧကရာဇ်တဲ့လား....ဘယ်လောက်မာနကြီးလိုက်သလဲ....အထက်ကမ္ဘာကလူတွေတောင် သူတို့ကိုယ်သူတို့ ကောင်းကင်ဧကရာဇ်လို့ မခေါ်ဝံ့ဘူး... မင်း တကယ် သတ္တိကောင်းနေတာပဲ....ဒီနေ့ မင်းရဲ့ ကောင်းကင်တရားရုံးကို ကောင်းကင်ကိုယ်စား ငါကိုယ်တိုင်ဖျက်စီးပစ်မယ်...!"
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်ဟစ်သံတခု မိုးကုပ်စက်ဝိုင်းမှ ထွက်ပေါ်လာသည်။
အရှေ့ဘက်ကောင်းကင်တံခါးအောက်ရှိ ကောင်းကင်စစ်သည်များ သွေးအန်ကုန်ကြသော်လည်း ၎င်းတို့ကို ကောင်းကင်တရားရုံး၏ ကံကြမ္မာက ကာကွယ်ထားသောကြောင့် ကြီးကြီးမားမားတော့ မထိခိုက်ခဲ့ကြပေ။
သူတို့ မတုံ့ပြန်နိုင်ခင်မှာ အရိပ်တခု ကောင်းကင်တရားရုံးကနေ ပြေးထွက်လာပြီး မိုးကုပ်စက်ဝိုင်းဆီကို မရပ်မနား အရှိန်နဲ့ ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာပင် အားကောင်းမောင်းသန်သော အသွင်အပြင်နှင့် မိုးကုတ်စက်ဝိုင်းမှာတင် တိုက်ခိုက်နေကြသည်။
ဝုန်းးးးးး
တိချန်သည် အနက်ရောင်ဝတ်ထားသူ တစ်ဦးနှင့် တိုက်ခိုက်ပြီး အားကောင်းသည့် စစ်မှန်သောချီလမ်းကြောင်းနှစ်ခုသည် တောက်ပသော နေနှစ်စင်းကဲ့သို့ တိုက်မိသွားသည်။ သူတို့နှစ်ဦးက ပေထောင်ပေါင်းများစွာ အကွာအဝေးရှိကာ တိမ်တိုက်များ၏ အလွှာများကို လွင့်စင်သွားစေကာ ကမ္ဘာအဆုံးအထိ ကျယ်ပြန့်သည့် ခမ်းနားထည်ဝါသော လေပွေများ ဖြစ်ပေါ်လာသည်။
ငွေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည့် တိချန်က တဖက်လူကို သေသေချာချာ အကဲခတ်နေသည်။
အနက်ရောင် ၀တ်ဆင်ထားသော အမျိုးသားသည် ထွားကျိုင်းသော ကိုယ်လုံးကိုယ်ပေါက်၊ ကျားမျက်လုံးနှင့် ကျားသစ်မျက်နှာတို့ ရှိပြီး သူ့မျက်နှာတွင် မာနကြီးသော အပြုံးတစ်ခုရှိသည်။
"ကောင်းကင်နဲ့မြေပြင်ဧကရာဇ်နယ်ပယ်လောက်နဲ့ ငါနဲ့ပြိုင်ဝံ့သလား။"
အနက်ရောင်ဝတ်လူက အော်ဟစ်ပြီး ညာလက်ဖဝါးကို ရှေ့သို့ တွန်းကာ တိချန်ကို နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။
ကောင်းကင်တရားရုံး၏ သြဇာအာဏာအရှိဆုံး စစ်သူကြီးကြီးတိချန် လျှို့ဝှက်စွာ တုန်လှုပ်သွားခဲ့သည်။ တစ်ဖက်လူက အပြင်ကမ္ဘာက လာတယ်လို့ သူချက်ချင်း ခန့်မှန်းလိုက်သည်။
သူတို့သည် မဟာကန္တရ၌ နှစ်ပေါင်းများစွာ ကြီးစိုးနေခဲ့ကြသော်လည်း တာအိုဘိုးဘေးမှလွဲ၍ ထိုကဲ့သို့သော တန်ခိုးကြီးသော အော်ရာမျိုး တစ်ခါမျှ မကြုံခဲ့ကြပေ။
အနက်ရောင်၀တ် အမျိုးသားက ရမ်းကားပုံပေါက်သော်လည်း တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။ သူသည် တုနှိုင်းမဲ့နတ်ဘုရားနယ်ပယ်သို့ ရောက်နေပြီဖြစ်သော်လည်း တဖက်လူ၏ တွန်းလှန်ခြင်းကို ခံခဲ့ရသေးသည်။
"သူ့ရဲ့ကံကြမ္မာက ဘာကြောင့် ဒီလောက်ကွာခြားရတာလဲ.... သိုင်းကမ္ဘာက သန့်ရှင်းသောမြေရဲ့ကံကြမ္မာကို မွေးထုတ်ပေးနိုင်တာလား"
အနက်ရောင်ဝတ်ထားသူ အံ့သြနေ၏။ သူ မတုံ့ပြန်ခင်မှာတိချန်က ထပ်ပြီး တိုက်ခိုက်ခဲ့ပြန်သည်။
တိချန်က သူ့လက်တွေကို ဆန့်ထုတ်လိုက်သည်နှင့်ကောင်းကင်တရားရုံး၏ ကံတရားနှင့် ဧကရာဇ်မျိုးနွယ်၏ စစ်မှန်သောချီဓာတ်တို့ ရောနှောသွားပြီး အနက်ရောင်ဝတ်ထားသူဆီသို့ ဉီးတည်နေသော ခရမ်းရောင်မြှားရှည်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
ခရမ်းရောင်မြှားသည် အလွန်လျင်မြန်ပြီး အနက်ရောင်ဝတ်ထားသူကို ချက်ခြင်း ထိုးဖောက်သွားသည်။ သို့သော်လည်း အနက်ရောင်ဝတ်ထားသူက အနက်ရောင်အမှုန်အမွှားထဲသို့ တိုက်ရိုက် လွင့်စင်သွားသည်။
တိချန်က လှည့်ကြည့်လိုက်ပြီး သူ့ခါးက ဓားကို ဆွဲထုတ်လိုက်ပြီး တိုက်ခိုက်ပြန်သည်။ ဒီတိုက်ခိုက်မှုက သူ့နောက်က လေဟာနယ်ကိုပင် အေးခဲသွားစေပေမယ့် အခုလေးတင် ပေါ်လာတဲ့ ဝတ်ရုံအနက်ရောင် အမျိုးသားကတော့ တိချန်ကို ညာဖက်လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
ဝုန်းးးးးးးး
တိချန်ရဲ့ ကံကြမ္မာ ပြန့်ကျဲလုနီးပါးဖြစ်သွားချေပြီ....
အခင်းဖြစ်ရာနေရာသို့ ကောင်းကင်စစ်သူကြီးများ ပြေးလာကြသည်။တိချန် ပစ်ချခံရတာကို တွေ့လိုက်တဲ့အခါ သူတို့ရဲ့ အမူအရာတွေ သိသိသာသာ ပြောင်းလဲသွားသည်။
အနက်ရောင်ဝတ်ထားသူက ရက်စက်သော အပြုံးဖြင့် ကောင်းကင် စစ်သူကြီးများကို ကြည့်နေပြီး.....
"ကောင်းကင်တရားရုံးက ဒီလောက်ပဲလား..? ဒီကောင်က မင်းတို့ရဲ့ ကောင်းကင်တမန်တော်လို့ မပြောနဲ့နော်..."
အနက်ရောင်ဝတ်ထားသူက မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည်။ သူသည် ညာဖက်လက်ဖဝါးကို မြှောက်လိုက်ပြီး ၎င်းတွင် ထူထပ်သော အနက်ရောင်အော်ရာများ စိမ့်ဝင်နေသဖြင့် ပတ်ဝန်းကျင်က လေဟာနယ်ကိုပင် ပုံပျက်သွားစေသည်။
ထိုအချိန်တွင်တိချန် ရုတ်တရက် ရှေ့သို့ တိုးလာသည်။ သူ့ခန္ဓာကိုယ်မှ ငွေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင်ဝတ်ရုံလူကို လက်သီးဖြင့်ထိုးချလိုက်သည်။
အနက်ရောင်ဝတ်ထားသူ၏ တုံ့ပြန်မှုကို မစောင့်ဆိုင်းဘဲ၊တိချန်က ဘယ်လက်ကိုဆုပ်ကိုင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်တွင်းမှ အခိုးအငွေ့များသည် ထောင်သောင်းချီသော ကိုယ်ပွားများအဖြစ် ထွက်ပေါ်လာသည်။ သူသည် ညာဖက်လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်နှင့် ထောင်သောင်းချီသော ကိုယ်ပွားများ ရှေ့သို့ ပျံသန်းသွားသည်။ လမ်းတစ်လျှောက်တွင် သူတို့သည် ဝတ်ရုံအနက်ရောင်ဝတ်ထားသူကို ဉီးတည်တိုက်ခိုက်နေပြီး တိချန်နှင့် ဆင်တူသည့် တန်ခိုးကြီးသော စစ်နတ်ဘုရား၏ အရိပ်အဖြစ် လျင်မြန်စွာ ပေါင်းစပ်လိုက်ကြသည်။
ထျန်းကျင်း၏ ကိုယ်ပွားကျင့်စဉ်များကို တော်ဝင်မျိုးနွယ်စုမှ လွှမ်းမိုးထားသည်။တိချန် ပြသသည့်ပညာရပ်သည် တော်ဝင်မျိုးနွယ်စု နတ်ဘုရားကျင့်စဉ် ဆယ်ခုအနက်မှတစ်ခုဖြစ်သည်။
ဤနတ်ဘုရားကျင့်စဉ်သည် ကောင်းကင်တရားရုံး၏ ကံကြမ္မာဖြင့် မြှင့်တင်ထားသောကြောင့် ၎င်း၏ တိုက်ခိုက်ရေး စွမ်းအားက ပို၍ပင် အားကောင်းလာသည်။ အနက်ရောင်ဝတ်ထားသူက ကိုယ်ပွားများကို ဆုတ်ဖြဲလိုက်သော်လည်း ကိုယ်ပွားများက တဖန်ပြန်လည်စုစည်း၍ တိုက်ခိုက်နေပြန်သည်။
အရှေ့ဘက်ကောင်းကင်တံခါးအောက်ရှိ ကောင်းကင်စစ်သူကြီးများကတော့ ဖိအားတစ်စုံတစ်ရာမရှိဘဲ တိုက်ပွဲအကြောင်း စတင်ဆွေးနွေးနေကြသည်။
မည်သို့ပင်ဆိုစေ တာအိုဘိုးဘေး ဒီမှာပဲရှိနေသေးသည် မဟုတ်ပေလော.......