← Chapters

နယ်မြေသုံးခုမဟာမိတ်.... ဟေးဟူ

Vol. 24 Ch. 354

နယ်မြေသုံးခုမဟာမိတ်.... ဟေးဟူ

Vol. 24 Ch. 354

"သိုင်းကမ္ဘာပြိုင်ပွဲအကြောင်း ခင်ဗျား ဘယ်လိုသိတာလဲ၊ ဒီကမ္ဘာရဲ့ ကောင်းကင်နဲ့မြေပြင်နတ်ဘုရားက ပြောပြခဲ့တာလား...."

ချန်းလီက အဖြေမပေးဘဲ ထိုမေးခွန်းကိုမေး၍ သူ့အကြည့်က လက်တဖက်အဘိုးအိုထံ ရောက်သွားခဲ့သည်။

လက်တဖက် အဘိုးအိုက နှာမှုတ်လိုက်ပြီ.... "ဒါပေါ့..."ဟု ဖြေလိုက်သည်ဖယ

ချန်းလီက ....."ဒါဆို မင်းတို့ကမ္ဘာရဲ့ ကောင်းကင်နဲ့မြေပြင်နတ်ဘုရားကို မင်းသိလား"

လက်တဖက် အဘိုးအိုက မျက်မှောင်ကြုတ်လိုက်သည်။ တခြားသူတွေက တစ်ယောက်ကို တစ်ယောက်ကြည့်နေကြပေမယ့် ဘယ်သူမှ မဖြေရဲကြဘူး။

သူ့လူတွေကို လိမ်ညာလှည့်ဖြားဖို့ ကြိုးစားနေတဲ့ ဒီလူကို သတ်သင့်သလား ဆိုသည့်အကြည့်မျိုးဖြင့် သံချပ်ကာဝတ်အမျိုးသားက ချန်းလီကို စိုက်ကြည့်နေသည်။

"သိုင်းဧကရာဇ်နယ်ပယ်ရဲ့အထက်မှာ သိုင်းနတ်ဘုရားနယ်ပယ်လို့လည်းခေါ်ကြတဲ့ တုနှိုင်းမဲ့နတ်ဘုရားနယ်ပယ်ရှိတယ်..... ကောင်းကင်တရားရုံးက သိုင်းဘုရင်ကိုတောင် လွယ်လွယ်ကူကူနှိမ်နှင်းနိုင်တယ်.... မင်းတို့ဆီမှာ သိုင်းဧကရာဇ်နှစ်ယောက်ပဲရှိတယ်.... မင်းတို့ကမဟာ သူတော်စင်တိချန်ရဲ့ပြိုင်ဘက်တောင်မဟုတ်ဘူး....ဒါနဲ့များ ကောင်းကင်တရားရုံးကို မင်းဘယ်လိုယှဉ်ပြိုင်နိုင်မလဲ..."

ချန်းလီ၏ လေသံ ရုတ်တရက် ပြင်းထန်လာသည်။ ထို့နောက် သူသည် ခရမ်းရောင်ဘူးသီးခြောက်ကို ဖွင့်ကာ လူအားလုံးကို နောက်ပြန်ဆုတ်သွားစေသည်။ တစ်ချိန်တည်းမှာပင်ဓားကိုဆွဲထုတ်လိုက်ရာ စခန်းထဲတွင် ဓားအလင်းများ လင်းထိန်သွားသည်။

ချန်းလီက ပြုံးပြီး..... "မထိတ်လန့်ပါနဲ့.... ငါ မင်းတို့ကို တိုက်ခိုက်မှာမဟုတ်ဘူး.... မင်းတို့ သူ့ကို ကြည့်လို့ရတယ်....."

သူ့လက်ကို မြှောက်ပြီး ခရမ်းရောင်ဘူးသီးခြောက်ကိုပေးလိုက်ပေမယ့် လူတိုင်း ငေးကြည့်ရုံသာငေးကြည့်ရဲပြီး ဘယ်သူမှ ရှေ့ကို မလှမ်းရဲတော့ပေ။

လက်တဖက် အဘိုးကြီးက ချက်ချင်းပင် လူအုပ်ကြားထဲ တိုးဝင်ကာ ချန်းလီထံသို့ အမြန်လျှောက်သွားခဲ့သည်။ ခရမ်းရောင်ဘူးသီးခြောက်ကို ယူ၍ ဘူးထဲသို့ ငုံ့ကြည့်လိုက်သည်။ မကြာခင်မှာပဲ မျက်ဆံ ကျဉ်းမြောင်းလာပြီး မယုံကြည်နိုင်တဲ့ အရိပ်အယောင်တွေ ပေါ်လာသည်။

တခြားသူတွေက အဘိုးအို တစ်ခုခုဖြစ်လာမှာကို စိုးရိမ်ပြီး ပိုလို့တောင် တုန်လှုပ်သွားကြသည်။

လက်တဖက် အဘိုးအိုက အသက်ပြင်းပြင်းရှူကာ သံချပ်ကာဝတ်အမျိုးသားကို လှည့်ကြည့်လိုက်သည်။ "ဗိုလ်ချုပ် လာကြည့်စမ်းပါဉီး..."

သံချပ်ကာဝတ်အမျိုးသား ထိုစကားကိုကြားသောအခါ ချက်ခြင်းပြေးသွားကာ အခြားလူများက သူ့ကိုဝိုင်းထားကြသည်။

လက်တဖက် အဘိုးအိုက ခရမ်းရောင်ဘူးသီးခြောက်ကို သံချပ်ကာဝတ်အမျိုးသားအား ပေးလိုက်သည်။ သံချပ်ကာဝတ်အမျိုးသားက ဘူးသီးခြောက်ထဲကို ကြည့်လိုက်တော့ အထဲမှာ မီးတောက်တွေ တဟုန်းဟုန်းတောက်နေပြီး အနက်ရောင် မြူခိုးတွေ ရံဖန်ရံခါ လောင်ကျွမ်းသွားသည်ကို တွေ့ရှိခဲ့သည်။ သူ့နယ်ပယ်က မြင့်မားပြီး သူ့မျက်လုံးတွေက သာလွန်ကောင်းမွန်တာကြောင့် မကြာခင်မှာ သဲထက်သေးငယ်တဲ့ ရုပ်ပုံလွှာကို မြင်နိုင်ခဲ့သည်။ ၎င်းသည် ယခင်က ကောင်းကင်တရားရုံးကို တိုက်ခိုက်ခဲ့ဖူးသော အနက်ရောင်ဝတ်ထားသူဖြစ်သည်။ သူက မီးတောက်တွေကို အဖက်ဖက်ကနေ တွန်းလှန်နေသည်။ သူ့တွင် အဆုံးမရှိသော နည်းစနစ်များရှိပြီး သူ၏စစ်မှန်သောချီဓာတ်က ကြီးမားပြီး အကန့်အသတ်မရှိပေ။

'ဘယ်လိုဖြစ်နိုင်မှာလဲ...'

သံချပ်ကာဝတ်အမျိုးသား မျက်လုံးပြူးပြီး နှလုံးသားတခုလုံး ကမောက်ကမ ဖြစ်နေသည်။ ဝတ်ရုံနက်အမျိုးသား၏အော်ရာကို သူ ခံစားသိရှိနိုင်ပြီး သူ့ကို ရင်တုန်စေသည်။ တစ်နည်းအားဖြင့်ဆိုရသော် တဖက်လူက ထင်ယောင်ထင်မှားဖြစ်စေသည့်အရာမဟုတ်သော်လည်း ဘူးသီးထဲတွင် အမှန်တကယ်ပိတ်မိနေသည့် တကယ့်ပုဂ္ဂိုလ်ဖြစ်သည်။

ဘေးနားမှ စစ်သူကြီးတစ်ဦးကလည်း ဘူးသီးခြောက်ကို လုယူကာ အထဲကို လှမ်းကြည့်လိုက်သည်။ထိုအခါ လက်တဖက်အဘိုးကြီးက အလွန် ထိတ်လန့် တုန်လှုပ်သွားပြီး.... ညင်သာစမ်းပါ...အထဲကလူကို အပြင် မထုတ်မိစေနဲ့ ..!

သိုင်းဧကရာဇ်နယ်ပယ်ထက်သာလွန်သော တည်ရှိမှုတစ်ခု လွတ်မြောက်ပြီးသည်နှင့် သေချာပေါက် ဘေးဥပဒ်ဖြစ်လိမ့်မည်။

သူ့စကားကြားတော့ တခြားလူတွေက ပိုလို့တောင် အံ့သြသွားသည်။ကောင်းကင်တရားရုံးမှ ဤလူပြောသည့်စကားများက အမှန်ဖြစ်နိုင်ပါသလား။

ချန်းလီက "မထိတ်လန့်ပါနဲ့....ဧကရာဇ်က အဲဒီအပေါ်မှာ စည်းတံဆိပ်ခတ်ထားပြီးသားပါ။ မင်း အစွမ်းကုန် ကြိုးစားရင်တောင်မှ သူထွက်လာလို့မရဘူး.... အပြင်လောကကို အာရုံမခံစားနိုင်တဲ့အတွက် မင်းပဲ သူ့ကို မြင်နိုင်မှာ....."

ဤစကားများသည် သံချပ်ကာဝတ်အမျိုးသားနှင့်လက်တဖက် အဘိုးအိုတို့ကို ကောင်းကင်ဧကရာဇ်နှင့် ပတ်သက်၍ ရိုင်းစိုင်းသော အတွေးများ ဖြစ်စေခဲ့သည်။

ဗိုလ်ချုပ်များက ခရမ်းရောင်ဘူးသီးခြောက်ကို လက်လွှဲယူပြီး စပ်စုနေကြ၏။အထဲကို မြင်လိုက်တိုင်း တိတ်ဆိတ်နေပြီး ထိတ်လန့်တုန်လှုပ်သော အမူအရာများကို ထုတ်ဖော်ကြသည်။

အားလုံးပြီးသွားတဲ့အခါ ချန်းလီက ဘူးသီးခြောက်ကို ပြန်သိမ်းလိုက်သည်။

ချန်းလီက သူတို့ကိုကြည့်ပြီး "လူတွေက ပိုမြင့်တဲ့နေရာတွေရအောင် ကြိုးစားကြလိမ့်မယ်.... အဆုံးထိရှင်သန်ဖို့ကံကောင်းနေတယ်ဆိုရင်တောင် အနှစ်တစ်ထောင်လောက်ကြာတော့မှဆိုရင် အသက်ရှည်ဖို့မျှော်လင့်ချက် နည်းတယ်....ထျန်းကျင်းနဲ့ပူးပေါင်းပြီး တိုက်ပွဲဝင်လိုက်ပါ.... အနှစ်တစ်ထောင်ကြာတဲ့အခါ မင်းတို့တွေ နတ်ဘုရား ဖြစ်လာနိုင်တယ်.....အော် ပြောဖို့မေ့နေလို့....လက်ရှိထျန်းကျင်းရဲ့ဧကရာဇ်ကအပြင် နောင်အသစ်တက်မယ့် ကောင်းကင်ဧကရာဇ်ဆိုလဲ မမှားဘူး...."

ထိုစကားဆုံးသည်နှင့် ချန်းလီ လှည့်ထွက်သွားခဲ့သည်။

စခန်းထဲမှာ လျင်မြန်ပြီး လေးလံတဲ့ အသက်ရှူသံတွေကို ကြားနေရချေပြီ.....

သိုင်းပညာရှင်တစ်ဦးက.... "ဗိုလ်ချုပ် ဒါအမှန်ပဲလား" ဟုမေးသည်။

သံချပ်ကာဝတ်ထားသူက အသက်ပြင်းပြင်းရှူပြီး ....."သူ့ရဲ့အော်ရာကို တုပလို့ မရဘူး..... နောက်ပြီး သူ့ရဲ့ရုပ်ခန္ဓာကိုယ်သာ ပုံမှန်အရွယ်အစားအတိုင်းပြန်ဖြစ်လာမယ်ဆို သူ့ရဲ့ ဖျက်ဆီးနိုင်စွမ်းကို တွေးကြည့်လိုက်စမ်း......."

လူတိုင်း သူပြောသည့်စကားကိုကြားတော့ မထိန်းနိုင်ဘဲ တုန်လှုပ်သွားကြသည်။

"ဒါ့အပြင် ဒီဘူးသီးခြောက်ရဲ့ တည်ရှိမှုက ငါတို့စိတ်ကူးနိုင်တာထက် ကျော်လွန်နေပြီ ....."

သံချပ်ကာဝတ်အမျိုးသားက စိုးရိမ်စိတ်ဖြင့် ပြောကာ သူ့စကားကြောင့် လူတိုင်း နှုတ်ဆိတ်သွားခဲ့သည်။

ဟုတ်ပေသည်....

အရင်ကတော့ ဘူးသီးခြောက်တခုက သိုင်းဧကရာဇ်ထက် သန်မာတဲ့ တည်ရှိမှုကို ထောင်ချောက်ဆင်ဖမ်းဆီးနိုင်မည်ဟု မထင်ခဲ့မိပေ။

ချန်းလီ ယခင်ပြောခဲ့သော စကားများကို သတိရမိကြသည်။

သူတို့ သိုင်းကမ္ဘာ၏

ကောင်းကင်နှင့်မြေပြင်၏နတ်ဘုရားသည် တုနှိုင်းမဲ့နတ်ဘုရားနယ်ပယ်၌သာရှိနေပါသလား.........

ကောင်းကင်မြို့သို့ပြန်ရောက်ပြီးနောက် ခရမ်းရောင်ဘူးသီးခြောက်သည် ချန်းလီ၏ထိန်းချုပ်မှုမှ အလိုအလျောက်ထွက်ခွာသွားပြီး တိမ်ပင်လယ်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ယင်းကြောင့် ချန်းလီသည် တာအိုဘိုးဘေး၏ ထူးထူးခြားခြား စွမ်းဆောင်ရည်ကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ သက်ပြင်းချခဲ့မိသည်။ သူသည် ချီယွမ် ၏ နန်းဆောင်ဆီ ချက်ချင်း ပျံသန်းခဲ့ပြီး ချီယွမ်နှင့် အတူ ရတနာများသန့်စင်ခြင်းကို လေ့လာခဲ့သည်။ ခရမ်းရောင်ဘူးသီးခြောက်က ကြက်သွေးရောင်ကောင်းကင်သိုင်းကမ္ဘာမှလူများကို ထိတ်လန့်စေရုံသာမက ချန်းလီတို့ကိုလည်း လိုချင်စိတ်ဖြစ်လာစေသည်။

ဤအသေးအမွှားကိစ္စမျိုးက ကျန်းချန်ရှန်း၏ကျင့်ကြံမှုကိုမထိခိုက်စေပါ။

သူ၏ကိုယ်ပွားသည် တောင်တန်းနှင့် ပင်လယ်များ၏စာလိပ်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေ ရတနာကြေးမုံတို့ကိုသုံး၍ ကမ္ဘာကို လှည့်ပတ်နေသေးသည်။ ဤမြင့်မြတ်သော ရတနာနှစ်ပါးသည် အလွန်တန်ခိုးကြီးသော အဆင့်သို့ ရောက်ရှိခဲ့ပြီး ၎င်းတို့အနက်မှ မည်သူမဆို မဟာကန္တရနတ်ဘုရားကိုပင် နှိမ်နှင်းနိုင်သည်။ ကျန်းချန်ရှန်းနှင့်အတူ မြင့်မြတ်သော ရတနာနှစ်ပါး အားကောင်းလာသည်နှင့်အမျှ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ရောင်ပြန်ဟပ်သည့် အရှိန်အဟုန်နှင့် ပိုမိုမြန်ဆန်လာကာ ကျန်းချန်ရှန်း မဟာကန္တရသိုင်းကမ္ဘာ ကို သိမ်းပိုက်နိုင်မည်ဖြစ်သည်။

ထို့အပြင်၊ ကျန်းချန်ရှန်းသာ ကောင်းကင်နှင့်မြေကြီး ရတနာကြေးမုံကို မဖွင့်ထားသရွေ့ နတ်သခင်ဇီဟွမ်းဘက်က ၎င်းကို ရှာဖွေတွေ့ရှိမည်မဟုတ်ပေ။ ထို့အပြင် သိုင်းကမ္ဘာပြိုင်ပွဲကိုလည်း ဆက်လက်ကျင်းပနေဆဲဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ငရဲ၌ ဝိညာဉ်များ ပိုများလာကာ တစ္ဆေကျွန်အရေအတွက် ၂၀၀,၀၀၀ ကျော်သွားပြီဖြစ်သည်။သိုင်းကမ္ဘာပြိုင်ပွဲက ငရဲကိုမထိခိုက်စေသော်လည်း ငရဲသည် အခြားသိုင်းလောက၏ လူဝင်စားသံသရာနှင့် ထိတွေ့နိုင်သော်လည်း အချိုးအစားမှာ အလွန်နည်းပါးနေသေးသည်။

တင်းထျန်းခေတ် ၃၅ နှစ်......

လင်းရှောင် နန်းတော်တွင်၊ ကျန်းချန်ရှန်းက အင်မော်တယ်နတ်ဘုရားများကို ဆင့်ခေါ်ခဲ့သဖြင့် အားလုံး စုရုံးရောက်ရှိနေကြသည်။

ဤသည်မှာ ရာထူးအပ်နှင်းပြီးကတည်းက လင်းရှောင် နန်းတော်မှ ပထမဆုံးအကြိမ်စုရုံးခဲ့တာဖြစ်လို့ အင်မော်တယ်နတ်ဘုရားတွေအားလုံး စုရုံးရတဲ့အကြောင်းရင်းကို သိချင်နေကြသည်။

လွန်ခဲ့သည့် ၃၅ နှစ်တာကာလအတွင်း၊ သူတို့သည် ကောင်းကင်တရားရုံး၏ ကံကြမ္မာနှင့် နတ်ဘုရားအဖြစ်အပ်နှင်းခြင်းစာလိပ်၏ အကျိုးသက်ရောက်မှုကိုအားကိုးခဲ့ကြသည်။ ထို့ကြောင့် အသီးသီးသန်မာ အားကောင်းလာကြပြီဖြစ်သည်။

မုလင်းလော့က ကျန်းချန်ရှန်း နံဘေးတွင် ထိုင်နေပြီး ခန်းမအတွင်းရှိ ကြယ်ပွင့်သခင်များထဲမှ တစ်ဦးဖြစ်သည့် ယုယန်ရိကတော့ မနာလိုစိတ်ဖြင့် ပြည့်နှက်နေသည်။

ပိုင်ချီသည် ကျန်းချန်ရှန်း၏ခြေရင်းရှေ့တွင် မောက်မာသောအမူအရာဖြင့် လှဲအိပ်နေသည်။

ထိုအချိန်တွင် အနက်ရောင်လေပြင်းတသုတ် လင်းရှောင် နန်းတော်ထဲသို့ ပြေးဝင်လာသဖြင့် အင်မော်တယ်နတ်ဘုရားများ ထိတ်လန့်သွားကြသည်။ သို့သော် တာအိုဘိုးဘေးက ဒါကို လျစ်လျူရှုထားသည်ကို မြင်သဖြင့် စောဒက မတက်ဝံ့ကြပေ။

အနက်ရောင်လေများ ပျောက်ကွယ်သွားကာ အပြစ်ပေးအကြီးအကဲ ..ကျန်းစယ်..ကျန်းရွှယ်နျန်တို့နှင့်အတူ ငရဲဘုရင်ငါးပါးနှင့်အတူ ပေါ်လာသည်။

ကျန်းရွှယ်ကျန့်က ကျန်းရွှယ်နျန်ကိုမြင်သောအခါတွင်၊ သူသည် မျက်လုံးပြူးပြီး အံ့သြဖွယ်ကောင်းသော အမူအရာကို ထုတ်ဖော်လိုက်သည်။ ကျန်းရွှယ်နျန်က သူ့ကိုမျက်စိတဖက် မှိတ်ပြပြီး စိတ်လှုပ်ရှားမနေဖို့ အချက်ပေးလိုက်သည်။

"မင်္ဂလာပါ ဧကရာဇ်မင်းမြတ်..မင်္ဂလာပါ ဧကရီ...."

အပြစ်ပေးအကြီးအကဲနှင့်ငရဲဘုရင်ငါးပါးတို့က ဦးညွှတ်ကာ တစ်ခဲနက် နှုတ်ဆက်ကြသည်။

ကျန်းချန်ရှန်းက "ငါ ငရဲကို တည်ထောင်ခဲ့ပြီး လူဝင်စားခြင်းအမိန့်ကို တာဝန်ယူထားတယ်.... အပြစ်ပေးအကြီးအကဲက လက်ရှိငရဲရဲ့ အရှင်သခင်ပဲ.... အနာဂတ်မှာ၊ ကောင်းကင်တရားရုံးနဲ့ ငရဲဘုံတို့ အတူပူးပေါင်းဆောင်ရွက်နိုင်မှာပါ။ ငရဲပြည်မှာ ဒုက္ခရောက်ရင်၊ ကောင်းကင်တရားရုံးရဲ့ အကူအညီကို လာရှာနိုင်ပါတယ်...အင်မော်တယ်နတ်ဘုရားတွေ အခွင့်အာဏာကိုအလွဲသုံးစားလုပ်ရင် ကောင်းကင်တရားရုံးက နှင်ထုတ်ပြီး ဘဝပေါင်းတရာ လူဝင်စားသံသရာမှာ အပြစ်ပေးခံရမယ်...."

သူပြောသည်နှင့် တပြိုင်နက်၊နတ်ဘုရားများသည် မျက်လုံးပြူးကျယ်လာပြီး အပြစ်ပေးအကြီးအကဲကို ကြည့်သည့်ပုံစံ ပြောင်းလဲသွားသည်။

ယန်ချယ်နှင့် ချန်းလီတို့က အပြစ်ပေးအကြီးအကဲနှင့် ကျန်းစယ်ကိုကြည့်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။ တာအိုဘိုးဘေးက အမှန်တကယ်ပင် စိတ်ကူးယဉ်ဆန်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ငရဲနှင့် ကောင်းကင်တရားရုံး၏ အရာရှိများ တွေ့ဆုံမှုသည် ကျန်းချန်ရှန်း၏ အစီအစဉ် လမ်းကြောင်းမှန်ပေါ်ရောက်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။

လင်းရှောင်နန်းတော်၌ မကြာမီတွင် ဆွေးနွေးမှုများနှင့် ပြည့်လာခဲ့သည်။ ကျန်းချန်ရှန်းက သူတို့ကို မတားခဲ့ပေ။ ကောင်းကင်တရားရုံးမှ အရာရှိများအား ငရဲဘုံ၏ လုပ်ဆောင်ချက်များနှင့် ရင်းနှီးကျွမ်းဝင်စေရန် ခွင့်ပြုပြီးနောက်၊ သူက....

" သိုင်းကမ္ဘာပြိုင်ပွဲပြီးဆုံးရင် မဟာကန္တရသိုင်းကမ္ဘာက အထက်ကမ္ဘာဖြစ်တဲ့ မဟာရွှမ်းဟန်ကမ္ဘာနဲ့ထိတွေ့ဆက်ဆံရတော့မယ်... ကောင်းကင်တရားရုံးရဲ့တည်ရှိမှုသက အထက်ကမ္ဘာကို ကြောက်ရွံ့မှု တိုးလာစေလိမ့်မယ်...ဘာကြောင့်လဲဆိုတော့ အထက်ကမ္ဘာကလူတွေက အစွမ်းထက်တဲ့သူတွေမို့ ကောင်းကင်တရားရုံးကို တည်ထောင်ခြင်းက သူတို့အတွက် ခြိမ်းခြောက်မှုဖြစ်လာလို့ပဲ.... အနှစ်တစ်ထောင်အကြာမှာ ကောင်းကင်တရားရုံးက ပထမဆုံးသောကပ်ဘေးကိုကျော်ဖြတ်ပြီး ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်သလားဆိုတာ သက်သေပြရတော့မယ်....အင်မော်တယ်နတ်ဘုရားတွေဖြစ်တဲ့ သင်တို့က တာဝန်တွေအပြင် ကြိုးစားကျင့်ကြံအားထုတ်ဖို့လိုတယ်...ငါ့ကို စိတ်မပျက်စေနဲ့..... "

နတ်ဘုရားများက ဤအကြောင်းကို ကြာမြင့်စွာကတည်းက သိခဲ့ကြသော်လည်း ယင်းကို မမေးမြန်းခဲ့ကြပေ။ ကျိုးကြောင်းဆီလျော်တယ်လို့ သူတို့ယူဆကြသည်။ သူတို့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အာဏာနဲ့ အကျိုးအမြတ်တွေအတွက် ပြိုင်ဆိုင်ကြရမည်သာ.... ကောင်းကင်တရားရုံးက ၎င်းတို့၏မြင့်မြတ်သောအခွင့်အာဏာကို ကျင့်သုံးလိုပါက၊ ၎င်းတို့သည် အဆုံးမဲ့ရန်သူများကို မလွဲမသွေကြုံတွေ့ရလိမ့်မည်။

တစ်နာရီကြာပြီးနောက် ကျန်းချန်ရှန်း သည် မုလင်းလော့၊ပိုင်ချီတို့နှင့်အတူ လင်းရှောင်နန်းတော်မှ ပျောက်ကွယ်သွားခဲ့သည်။ ထိုမှသာ နတ်ဘုရားများက ငရဲ၏အခြေအနေကို သိချင်သောကြောင့် အပြစ်ပေးအကြီးအကဲနားတွင် ဝန်းရံခဲ့ကြသည်။

ကျန်းရွှယ်နျန် နှင့် ကျန်းရွှယ်ကျန့်တို့က တစ်ယောက်ကိုတစ်ယောက် စိတ်လှုပ်ရှားစွာ ပွေ့ဖက်ထားသည်။ သူတို့မှာ တူညီတဲ့ကံတရားတွေရှိတာကြောင့် ယင်နဲ့ယန်လို မခွဲခွာဘဲ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နိုင်ကြပေသည်။

ကျန်းစယ်လည်း ကျန်းထျန်းမင်ထံရောက်လာပြီး "မင်းကြီးပြင်းလာပြီပဲ...."

ကျန်းထျန်းမင် စိတ်လှုပ်ရှားနေကာ ခံစားချက်တွေ တဟုန်ထိုး မြင့်တက်လာသော်လည်း တစ်ခုခုကို တွေးနေပုံရသည်။

ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်း၌......

ကျန်းချန်ရှန်း၏နားတွင်ထိုင်ချလိုက်ပြီး မုလင်းလော့က..... "မဟာရွှမ်းဟန်ကမ္ဘာကြီးမှာ ဘယ်နယ်ပယ်က အသန်မာဆုံးလဲ....."

"အင်မတန် အားကောင်းကြတယ်.... ကမ္ဘာပေါင်း သုံးထောင်ကို ထိန်းချုပ်နိုင်ဖို့ဆို သူ့ရဲ့ ခွန်အားကို မှန်းဆကြည့်ပေါ့...."

ကျန်းချန်ရှန်းက ထိုသို့ဖြေပြီး ခရမ်းရောင်ဘူးသီးခြောက်ကို ထုတ်ယူပြီး တာအိုနှလုံးသားကိုယ်ပွားကို ဖြည့်တင်းရန်အတွက် သူ၏ဝိညာဉ်ရေးဆန္ဒဖြင့် ၎င်းကို စမ်းသပ်ခဲ့သည်။

တဟုန်းဟုန်းတောက်နေသော မီးတောက်များကြား၌ အနက်ရောင်ဝတ်ထားသူ လှဲနေရင်း မောဟိုက်လာသည်။

ဤနေရာတွင် ဆွဲငင်အားမရှိပေ။ ထုံကျဉ်သော မျက်လုံးများဖြင့် လွင့်မျောနေသော ဝိညာဉ်တစ်ကောင်နှင့်တူသည်။

"မင်းရဲ့ ကိုယ်ရေးအချက်အလက်ကိုပြောပြ..... မင်းဒီလိုလုပ်ရင် အသက်ရှင်ဖို့ အခွင့်အလမ်းနည်းနည်းပဲ ရှိလိမ့်မယ်...' အသံတစ်ခုထွက်ပေါ်လာပြီး ဝတ်ရုံအနက်အမျိုးသား ချက်ချင်းထထိုင်လိုက်သည်။

သူက တာအိုနှလုံးသားကိုယ်ပွားကို ထိတ်လန့်စွာကြည့်ကာ.....

"ကောင်း...ကောင်းကင်ဧကရာဇ်... တာအိုဘိုးဘေးလား...."

နှစ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက်၊ သူသည် ကျန်းချန်ရှန်းကို အလွန်ကြောက်လန့်လာခဲ့သည်။

ကျန်းချန်ရှန် သူ့ကို အချိန်အကြာကြီး ထိန်းထားရတဲ့ အကြောင်းရင်းက ဒီကောင်လေးက ရှင်သန်ခြင်း ဆုလာဘ်ကို မပေးခဲ့လို့ပင်....

ဒီကောင်က မပျော့ညံ့ဘူး!

ဒါဆို သူဘာကြောင့် ရှင်သန်ခြင်းဆုလာဘ်ကို မပေးခဲ့တာလဲ.....

တဖက်လူက ကောင်းကင်တရားရုံးနှင့် ရန်သူမဖြစ်လိုသောကြောင့် ဖြစ်နိုင်ပါသလား။

သေသေချာချာတွေးကြည့်တော့ အဓိပ္ပါယ်ရှိပေသည်......

သူ့လေသံက မာနကြီးပေမဲ့ တိချန်ကို တမင်တကာ လှည့်စားပြီး ဆွပေးနေသလိုပင်.....

"ငါ့ကို အမှန်အတိုင်းပြော..."

အနက်ရောင်ဝတ်ထားသူက ချက်ချင်းပြန်ဖြေပြီး သူ့နောက်ကြောင်းကို ဖွင့်ပြောလိုက်သည်။

အမှန်စင်စစ် သူသည် အထက်ကမ္ဘာမှ ဖြစ်၏။ သူ့နာမည်က ဟေးဟူ ဖြစ်ပြီး တုနှိုင်းမဲ့နတ်ဘုရားနယ်ပယ်ရောက်နေပြီဖြစ်သည်။ သူသည် ဟိုးရှေးရှေးတုန်းက မဟာကန္တရသိုင်းကမ္ဘာမှ အထက်သို့ တက်လှမ်းခဲ့သော လူသားသိုင်းပညာရှင်တစ်ဦးဖြစ်သည်။ ရှေးရှေးတုန်းက မဟာကန္တရနတ်ဘုရား၏ စော်ကားနှိမ့်ချခြင်း ခံခဲ့ရဖူးသည်။သူသည် သေခြင်းတရားမှ သီသီလေး လွတ်မြောက်ခဲ့ပြီး ကံကောင်းစွာ လွတ်မြောက်ခဲ့သည်။ ထိုအချိန်မှစ၍ ပုန်းကွယ်၍ လက်စားချေနိုင်မည့်နေ့ကို စောင့်မျှော်နေခဲ့သည်။ သို့ရာတွင်၊ မဟာကန္တရနတ်ဘုရားက မဟာကန္တရသိုင်းကမ္ဘာ၏ အရင်းအမြစ်များနှင့် သိုင်းလောက၏ စွမ်းအားများကိုအသုံးပြုနိုင်သဖြင့် သူ့တွင် ကလဲ့စားချေရန် မျှော်လင့်ချက်မရှိခဲ့ပေ။

မဟာကန္တရနတ်ဘုရားကျဆုံးကြောင်းကို ကြားသောအခါ မဟာကန္တရသိုင်းလောက၌ ဖြစ်ပျက်ခဲ့သမျှကို ကြည့်ရှုရန် အောက်ပြည်သို့ ဆင်းသက်လာခဲ့သည်။

တာအိုဘိုးဘေးဟုခေါ်သော တန်ခိုးကြီးတဲ့ တည်ရှိမှုကြောင့် မဟာကန္တရနတ်ဘုရားသေဆုံးခဲ့ရမည်ဟုလည်း ထင်မထားပေ။ထို့ကြောင့် တာအိုဘိုးဘေးကို စမ်းသပ်ရန် ကောင်းကင်တရားရုံးသို့ ရောက်လာခြင်းဖြစ်သည်။

သို့သော် တိချန်နဲ့ တိုက်ခိုက်ရသည့်အခါ အလွန်စိတ်ပျက်သွားသည်။ လှည့်စားခံရတယ်လို့ ခံစားရပြီး ထိုကဲ့သို့ ခွန်အားရှိသောသူသည် မဟာကန္တရနတ်ဘုရားကို မည်သို့သတ်နိုင်မည်နည်း။ ထို့ကြောင့် ကျန်းချန်ရှန်းဘက်က မလှုပ်ရှားမချင်း သူ့ကို လှောင်ပြောင်ခဲ့သည်။

တာအိုနှလုံးသားကိုယ်ပွားက ဟေးဟူ၏ မှတ်ဉာဏ်ကို ဖတ်ရန် မဟာတာအိုမျက်လုံးကို ချက်ချင်းအသုံးပြုခဲ့သည်။ မလိမ်ညာကြောင်း သေချာပြီးနောက် မဟာတာအိုမျက်လုံးကို ပိတ်ပစ်လိုက်သည်။

ဟေးဟူ သတိပြန်ဝင်လာပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာကို မသိလိုက်ပေ.....

"တာအိုဘိုးဘေး.... သိုင်းကမ္ဘာပြိုင်ပွဲက ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုပါ.....လူတော်တော်များများက အောက်ကမ္ဘာကို ဆင်းသက်လာကြပါပြီ....စီနီယာတစ်ယောက်တောင်မှ ကျွန်တော့်ကို ဒီနေရာကို ခေါ်ဆောင်လာဖို့ အားကိုးနေရပါတယ်....... အဲဒီလို ကျွမ်းကျင်သူတွေအတွက်တော့ ခင်ဗျားသာဒီနေရမှာမရှိရင် သူတို့ရဲ့ အာရုံကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး......"

All Chapters