မဟာကန္တရသိုင်းကမ္ဘာကို သိမ်းပိုက်နိုင်တော့မည် မဟုတ်ပေ....
Vol. 24 Ch. 355
ဟေးဟူသည် သူ့ရှေ့က တာအိုဘိုးဘေးနှင့်ပတ်သက်၍ ခံစားချက်များ ရောထွေးနေသည်။ သူသည် ကောင်းကင်နန်းတော်သို့ မ၀င်ရောက်မီတွင် တာအိုဘိုးဘေး၏ ဒဏ္ဍာရီများကို ကြားသိခဲ့ရသည်။ အရင်တုန်းကတော့ အဓိပ္ပါယ်မဲ့သည်ဟုထင်ခဲ့ပေမယ့် အခုတော့ သူဟာ ရေတွင်းထဲက ဖားတစ်ကောင်ပဲဆိုတာ သိလိုက်ရသည်။
ယခု သူရောက်နေသော လျှို့ဝှက်ဆန်းကြယ်သောသောနယ်မြေကိုဆိုမထားနှင့် သူဘယ်မှာ ရှိနေသည်ကို နားမလည်နိုင်တော့ပေ....
အဆုံးမရှိသော မီးလျှံများက သူ့ကို အချိန်မရွေး လောင်ကျွမ်းစေနိုင်သော်လည်း သူ၏ ရှင်သန်မှုကို ထောက်ပံသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိနေသည်။
တာအိုနှလုံးသားကိုယ်ပွားက ....."ငါ မင်းကို ရွေးချယ်ခွင့် နှစ်ခုပေးမယ်....တစ်ခုက ကောင်းကင်တရားရုံးမှာ ပါဝင်ပြီးကောင်းကင် စစ်သည်တစ်ဦးအဖြစ် စတင်ပါ....နောက်တစ်ခုက...."
"ကျွန်တော် ပါဝင်ဖို့ ဆန္ဒရှိပါတယ်!"
ဟေးဟူက ပြတ်ပြတ်သားသားအဖြေပေးလိုက်သည တစ်ဖက်လူက သူ့ကို လက်ခံချင်ကြောင်း ကြားတော့ သူ အံ့သြသွားသည်။
အခုအချိန်မှာတော့ တာအိုဘိုးဘေးက သူ့ကို လုံးဝယုံကြည်သွားပြီ။ သို့သော် နှစ်များတစ်လျှောက် နှိပ်စက်ညှဉ်းပန်းမှုက သူ့ကို အလွန်သတိရှိစေခဲ့သည်။
သူပြောပြီးတာနဲ့ တာအိုနှလုံးသားကိုယ်ပွားပျောက်ကွယ်သွားပြီး ဟေးဟူ ချက်ခြင်းပဲ စိုးရိမ်ထိတ်လန့်သွားတယ်။ သူစကားပြောခါနီးမှာ ကမ္ဘာကြီးတခုလုံး ချာချာလည်လာသလို ခံစားလိုက်ရသည်။
နောက်တစ်စက္ကန့်တွင် သူသည် ခရမ်းရောင်တိမ်တိုက်နန်းတော်အပြင်ဘက်တွင် ပေါ်လာသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ နတ်ဘုရားအဖြစ်အပ်နှင်းခြင်းစာလိပ်ကို တွေ့လိုက်ရကာ ချက်ချင်းပင် နတ်ဘုရားအဖြစ်အပ်နှင်းခြင်းစာလိပ်သို့ ကျသွားသည်။ ပြင်းထန်သောအလင်းရောင်တစ်ခုက သူ့အမြင်အာရုံကို လွှမ်းခြုံသွားပြီး အပူဓာတ်များ အရပ်ရပ်မှ တိုးဝင်လာကာ ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားပေးသည်။
သိပ်မကြာခင်မှာပဲ ဟေးဟူ နတ်ဘုရားအဖြစ်အပ်နှင်းခြင်းစာလိပ်ထဲက ထွက်လာခဲ့ပြီး လှည့်ကြည့်လိုက်တော့ ကြီးမားလှတဲ့ နတ်ဘုရားအဖြစ်အပ်နှင်းခြင်းစာလိပ်ကြီး ကျုံ့သွားတာကို တွေ့လိုက်ရသည်။
"ဒီမှာ ခဏလောက်စောင့်ပါ.....မင်းက အခု ကောင်းကင်စစ်သည်တစ်ယောက် ဖြစ်နေပြီ.....ကောင်းကင်စစ်သူကြီးတွေကမင်းကို ကောင်းကင်တရားရုံးနဲ့ ရင်းနှီးကျွမ်းဝင်အောင် ကူညီပေးလိမ့်မယ်....အခုကစပြီး မင်း သူ့တို့စကားကိုနားထောင်ရမယ်....ကောင်းကောင်းမွန်မွန် လုပ်ဆောင်မယ်ဆို ရာထူးတိုးခံရမယ်...."
ကျန်းချန်ရှန်း၏ လျစ်လျူရှုသောအသံ ခရမ်းရောင်တိမ်တိုက်နန်းတော်မှ ထွက်ပေါ်လာသည်။
ဟေးဟူ ထိုစကားကိုကြားသောအခါ ချက်ချင်းပင် သက်တောင့်သက်သာ ခံစားရပြီး ကောင်းကင်တရားရုံးရှိ သူ၏အနာဂတ်ဘဝအတွက်ပင် မျှော်လင့်နေမိတော့သည်။
ခဏအကြာတွင် သူ့ဘေးနားတွင် အရိပ်တစ်ခုပေါ်လာသည်။
တိချန်............
တိချန်၏မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေသည်။ ဟေးဟူ လည်း ရှုပ်ထွေးသော အမူအရာဖြင့် သူ့ကို လှည့်ကြည့်လိုက်သည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဒီအတိုင်းသာ ကြည့်နေကြသည်။
"ဟူး.....သူက ငါတို့ထဲက တစ်ယောက်ဖြစ်သွားပြီ!"
"သေစမ်း.... ငါက ဒီသန်ကောင်ရှည်ရဲ့ လက်အောက်ခံဖြစ်သွားပြီ...!"
နှစ်ယောက်စလုံး နှလုံးသားထဲမှာ တစ်ယောက်ကိုတစ်ယောက် ဆဲဆိုကြိမ်းမောင်းနေကြသော်လည်း
ဟေးဟူက ပထမဆုံး ပြုံးပြီး.. "ကျေးဇူးပြုပြီး သင်ပ ပေးပါဦး!"
တိချန်ကလည်း အားတင်းပြုံးပြပြီး "ငါ့နောက်လိုက်ခဲ့" လို့ပြောလိုက်သည်။
သူ လှည့်ထွက်သွားသည်နှင့် ဟေးဟူးလည်း အလျင်စလို နောက်ကလိုက်လာသည်။
ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်း၌
ပိုင်ချီက "ဆရာတော် သူ့ကို ဒီလိုပဲ နှိမ့်ချလိုက်တာလား...."
ကျန်းချန်ရှန်းက မျက်လုံးကိုမှိတ်ထားရင်းကနေ....." အများစုက မလိုအပ်ဘဲ မသေချင်ကြဘူး....ဟိုတုန်းက မင်းလဲ သူ့လိုပဲမဟုတ်လား...."
ပိုင်ချီက ရယ်မောပြီး "အဟုတ်ပဲ.... ဆရာတော်နောက်ကို လိုက်ဖို့က အခွင့်ကောင်းတစ်ခုပဲလေ....ဆရာတော်ရဲ့ ကြင်နာတတ်တဲ့စိတ်ကြောင့် တရားလွန်မဟုတ်သ၍ တခြားသူတွေကို ရှင်သန်ဖို့ အခွင့်အရေး အမြဲပေးနိုင်ပါတယ်....."
တချိန်တုန်းက ရှုထျန်းကျီသည်လည်း ယခုလို ခေါင်းငုံ့ခဲ့၍ တောက်ပသော အနာဂတ်ကိုပိုင်ဆိုင်နိုင်ခဲ့သည်။
ဓားနတ်ဘုရား... ရဲရွှမ်...စောရနတ်ဘုရား..ရှုမန်...သူတို့သည်လည်း ထိုနည်း၎င်းပင်...... တာအိုဘိုးဘေး ရှင်သန်ခွင့်ပေးထား၍သာ သူတို့အသက်ရှင်နိုင်ခဲ့ကြသည်မဟုတ်လော......
ဟေးဟူ၏ပူးပေါင်းမှုက ကောင်းကင်တရားရုံးကို အမှန်တကယ် အားကောင်းစေနိုင်သော်လည်း ဟေးဟူက မာနကြီးသူဖြစ်သည်။ထို့ကြောင့် အခုလို ဉီးချိုးထားရခြင်းဖြစ်သည်။ ဟေးဟူသည် ကောင်းကင်စစ်သည်များနှင့် ကောင်းကင်စစ်သူကြီးများကို သင်ကြားပေးနိုင်သည်။
ကျန်းချန်ရှန်း အခြားကိစ္စတစ်ခုကို စဉ်းစားခဲ့ပြီး ၎င်းမှာ ဟေးဟူပြောပြခဲ့သည့် စီနီယာဆိုသူဖြစ်သည်။ထိုကျွမ်းကျင်သူသည် လူများစွာကို အောက်ကမ္ဘာသို့ ခေါ်ဆောင်လာခဲ့သော်လည်း ၎င်းတို့တွေ မဟာကန္တရသိုင်းကမ္ဘာသို့ ကိုယ်တိုင်ကိုယ်ကျ မရောက်ခဲ့ကြပေ။ ထို့အပြင်၊ မဟာကန္တရသိုင်းကမ္ဘာက ရွေးချယ်ထားသော သိုင်းကမ္ဘာများစာရင်းတွင် ပါဝင်နေကြောင်း တဖက်လူက ကြိုတင်သိထားသည်။ ဆိုလိုသည်မှာ တဖက်လူက သြဇာကြီးမားရုံသာမက ကျယ်ပြန့်သော ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားသည်။ ၎င်းတို့သည် မြင့်မြတ်သောသိုင်းလောကမှပင် ဖြစ်နိုင်သည်။
ထိုသူကို မီးတောက်သခင်ဟုခေါ်ကြောင်း ဟေးဟူ သိသော်လည်း မီးတောက်သခင် မည်မျှ တန်ခိုးကြီးသည်ကို သူမသိပေ။ တစ်ဖက်သားရဲ့ ရည်ရွယ်ချက်ကိုတောင် မသိခဲ့ပေ။
ကျန်းချန်ရှန်း တွက်ချက်မှုအချို့ ပြုလုပ်ခဲ့သည်။ မီးတောက်သခင်က အခြားသိုင်းလောကတွင်ရှိနေဆဲဖြစ်သောကြောင့် မီးတောက်သခင် မည်မျှအစွမ်းထက်သည်ကို လောလောဆယ်တွင် မတွက်ချက်နိုင်ပေ။
ဟေးဟူ၏ မှတ်ဉာဏ်များအရ မီးတောက်သခင် တစ်စုံတစ်ခုကို စီစဉ်နေကြောင်း ထင်ရှားသည်။ ထိုသူက တပ်ဖွဲ့များကို အငမ်းမရ စုဆောင်းနေပြီး မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ထျန်းကျင်း နှင့် ကောင်းကင်တရားရုံးတို့ကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။
ကျန်းချန်ရှန်းသည် သူ့အား ကြီးမားသော ရှင်သန်ခြင်းဆုလာဘ်ကို ပေးဆောင်မည့် တစ်ဖက်လူကို စောင့်မျှော်နေသည်။
ဟေးဟူ ကောင်းကင်တရားရုံးသို့ဝင်ရောက်လာသောကြောင့် ကောင်းကင်တရားရုံး ပိုမိုအသက်ဝင်လာသည်။ တာအိုဘိုးဘေးက သိုင်းနတ်ဘုရားကို လက်ခံခဲ့ပြီ ကောင်းကင်စစ်သည်အဖြစ် စတင်တာဝန်ပေးခဲ့ကြောင့် နတ်ဘုရားများ သိလာကြသည့်အခါ သူတို့ အလွန်သိချင်လာကာ ဟေးဟူကို တယောက်ပြီးတယောက် တွေ့သွားကြသည်။
တိချန်၏ စီစဉ်မှုအောက်တွင် ဟေးဟူက မြောက်ပိုင်းကောင်းကင်တံခါးကို စောင့်ကြပ်ရသည်။ သူ့ကြောင့် မြောက်ပိုင်းကောင်းကင်တံခါးသည် အသက်ဝင်ဆုံးတံခါးဖြစ်လာခဲ့သည်။ ဟေးဟူက ကောင်းကင်စစ်သူကြီးအဖြစ် အမြန်ဆုံးရာထူးတိုးရန်အတွက် ကောင်းကင်စစ်သည်များ အလွန်ခင်မင်ရင်းနှီးနေပြီဖြစ်သည်။ သူသည် ၎င်းတို့အား လေ့ကျင့်သင်ကြားရာတွင်ပင် လမ်းညွှန်ခဲ့ပြီး အထက်ကမ္ဘာမှ သိုင်းပညာများကို သင်ကြားပေးခဲ့သည်။
ဤလုပ်ငန်းစဉ်အတွင်း၊ ဟေးဟူက တာအိုဘိုးဘေးနှင့်ပတ်သက်သော ဒဏ္ဍာရီများကို ပို၍လေ့လာသင်ယူခဲ့ပြီး သူ့အပေါ် လေးစားမှု နက်ရှိုင်းလာသည်။
မည်သို့ပင်ဆိုစေကာမူ အထက်ကမ္ဘာ၌ တာအိုဘိုးဘေးကဲ့သို့ တန်ခိုးကြီးသော တည်ရှိမှုကို သူ တစ်ခါမျှ မကြုံခဲ့ဖူးပေ။ အစမှအဆုံးအထိ သူသည် တာအိုဘိုးဘေး၏ အသွင်အပြင်ကို တစ်ခါမျှ မမြင်ဖူးသော်လည်း အလွယ်တကူ ဖိနှိပ်ခံခဲ့ရသည်။
ထိုသို့ဖြင့် ငါးနှစ်မပြည့်မီတွင်၊ ဟေးဟူ စိတ်ဝိညာဉ်ကင်းလွတ်ခြင်းနယ်မြေသို့ ဝင်ရောက်နိုင်ခဲ့သည်။
ထို့နောက် သူ အံ့သြသွားကာ ထိုနယ်မြေကို စွဲလန်းလာသည်။
တင်းထျန်းခေတ်၏ 45 နှစ်တွင်၊ 193 နှစ်အရွယ်ရှိ ကျန်းဇီယုသည် နောက်ဆုံးတွင် မဟာသူတော်စင်နယ်ပယ်သို့ဝင်ရောက်ခဲ့ပြီး ကမ္ဘာကြီးကို ထပ်မံတုန်လှုပ်စေခဲ့သည်။
ယခင်ဘဝနှင့်မတူဘဲ၊ ကျန်းဇီယုသည် ဤဘဝတွင် အစိုးရရေးရာများကို အလွန်အမင်းအာရုံစိုက်ခြင်းမရှိပေ။ အဲဒီအစား သူက ဝန်ကြီးချုပ်စံအိမ်ကို ထောက်ခံပြီး လေ့ကျင့်ဖို့ အချိန်အလုံအလောက်ရဖို့အတွက် အချင်းချင်း ထိန်းကျောင်းခိုင်းထားသည်။
ဝိညာဉ်တောင်ထိပ်ရှိ ခြံဝင်းတစ်ခုတွင်.....
ကျန်းဇီယု ရှားရှားပါးပါး အနားယူနေချိန်မို့ ဝန်ကြီးချုပ်နှစ်ယောက်ရဲ့ အစီရင်ခံစာကို နားထောင်နေခဲ့သည်။
ချန်းလီ ကြက်သွေးရောင်ကောင်းကင်သိုင်းကမ္ဘာ၏ လူသားစစ်တပ်စခန်းမှ ထွက်ခွာပြီးနောက် ၎င်းတို့သည် ချက်ချင်းအညံ့ခံခြင်း သို့မဟုတ် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခြင်းမပြုခဲ့ပေ။ ယင်းအစား၊ ၎င်းတို့သည် စစ်ပွဲများစွာကို ဆက်လက်ဆင်နွှဲခဲ့ပြီး လွန်ခဲ့သည့် သုံးနှစ်ကသာ ရပ်တန့်ခဲ့သည်။
ကြက်သွေးရောင်ကောင်းကင်သိုင်းကမ္ဘာ ဘက်တွင် စစ်သူကြီး ၃၅ ဦး ရှိသည်။ ၎င်းတို့သည် တပ်ဖွဲ့ဝင် ၈၀၀,၀၀၀ ခန့်ကို ခေါ်ဆောင်နိုင်သော်လည်း အများစုမှာ မသန်စွမ်းသူများဖြစ်သည်။
ဝန်ကြီးချုပ်တစ်ယောက်က သူ့မျက်နှာမှာ အပြုံးတခုဆင်မြန်းပြီး အစီရင်ခံနေသည်။
ကျန်းဇီယုက ခေါင်းညိတ်ပြီး..... "သူတို့ရဲ့ ရာထူးကို ဆက်ထိန်းထားရင်းနဲ့ ထျန်းကျင်းမှာရှိတဲ့ မတူညီတဲ့ပြည်နယ်တွေကို လူစုခွဲလိုက်ပါ။"
လောလောဆယ်တွင်၊ သူသည် ကြက်သွေးရောင်ကောင်းကင်သိုင်းကမ္ဘာ ကို နှလုံးသွင်းမထားပေ။ သူသည် စစ်ဘုရင်ဖြစ်သော်ငြားလည်း ထျန်းကျင်း သူ့ဘာသာသူ အားကောင်းနေရမည်ကို နားလည်ခဲ့သည်။
ခဏကြာ စကားစမြည်ပြောပြီးနောက် ဝန်ကြီးချုပ်နှစ်ဦး ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။
သူတို့ ထွက်သွားစဉ်မှာပင် ကောင်းကင်မှ ပုံသဏ္ဍာန်တစ်ခု ဆင်းသက်လာသည်။
ကျန်းထျန်းမင်......
ကျန်းထျန်းမင်က ကျန်းဇီယုကို အကဲခတ်လိုက်ပြီး ပြုံးလိုက်သည်။
"မဟာသူတော်စင်နယ်ပယ်ရောက်ပြီပဲ...မဆိုးပါဘူး...."
ကျန်းဇီယုက မျက်လုံးကို မှိတ်ထားပြီး "မင်းနဲ့ အတူတူပဲ မဟုတ်ဘူးလား..... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"
ကျန်းထျန်းမင်က စားပွဲမှာထိုင်ပြီး ဝိုင်တခွက်မော့သောက်ကာ.... "မကြာသေးမီက ကောင်းကင်စစ်သည်တစ်စုကို မဟာကန္တရ အလယ်ပိုင်းဒေသကို သွားပို့ရမယ်.... အဲဒါက အကျိုးကျေးဇူးတွေ အများကြီးရစေတယ်...အဲဒီကိုသွားတုန်း၊ ငါက ထျန်းကျင်းက ပါရမီရှင်တစ်စုကို ဦးဆောင်နိုင်တယ်။ ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ဘူး...မင်း ငါ့ကို တောင်းပန်မယ်ဆို ငါမင်းကို ခေါ်သွားပေးမယ်...."
ကျန်းဇီယုက ဒေါသတကြီးနဲ့ "ငါအထက်ကိုတက်တဲ့အခါ မင်းငါ့စကားကို နားထောင်ရမှာ....မင်း တော်တော်သတ္တိကောင်းနေတယ်ပေါ့"
ကျန်းထျန်းမင်က ဂုဏ်ယူစွာပြုံးပြီး "ငါ့လက်အောက်မှာ စစ်သူကြီးတစ်ယောက်ရှိတယ်!"
စစ်သူကြီးလား?
ကျန်းဇီယုက အံ့အားသင့်စွာဖြင့် "တိချန် က မဟာသူတော်စင်လေ... သူက မင်းရဲ့လက်အောက်ငယ်သားဖြစ်နိုင်ပါ့မလား"
ကျန်းထျန်းမင်က ခေါင်းယမ်းလိုက်ပြီး "ငါ့မှာ သူတော်စင်တိချန်ထက် ပိုသန်မာတဲ့ ကောင်းကင်စစ်သည်တစ်ယောက်ရှိတယ်။ သူက ဒီခရီးစဉ်ရဲ့ ဘေးကင်းမှုကို အာမခံနိုင်တယ်...မင်း တစ်စုံတစ်ယောက်ကို စေလွှတ်ချင်သလား"
ကျန်းဇီယုက "ကောင်းပြီ.... တိုက်ဆိုင်စွာပဲ၊ ငါလည်း ဒီကိစ္စကို စိတ်ပူနေတာ... အခု ထျန်းကျင်းမှာ ပါရမီရှင်တွေ ပိုများလာနေတယ်... ဒါပေမယ့် သူတို့ စစ်တပ်ထဲဝင်ရင် သူတို့ရဲ့ လေ့ကျင့်မှုကို ထိခိုက်စေလိမ့်မယ်...အပြင်ထွက်ပြီး သူတို့တွေ ကျယ်ကျယ်ပြန့်ပြန့် သွားလာနေတာ ပိုကောင်းပါတယ်....."
ကျန်းဇီယုက ခေါင်းစဉ်ပြောင်းပြီး ပြုံးကာ မတ်တပ်ရပ်လိုက်သည်။
"ငါတို့ မတိုက်ခိုက်ဖြစ်တာကြာပြီ... အခု ငါတို့ နှစ်ယောက်လုံး မဟာသူတော်စင်နယ်ပယ်ဖြစ်နေပြီဆိုတော့ လက်ရည်စမ်းကြရအောင်...."
ကျန်းထျန်းမင်ကလည်း ပြုံးပြလိုက်သည်။ သူ ဒီကိုလာကတည်းက ကျန်းဇီယုနဲ့ လက်ရည်စမ်းဖို့ စိတ်ကူးရှိခဲ့တာ သဘာဝပင်.....
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တိမ်ပင်လယ်ထဲသို့ တခဲနက် ပျံသန်းသွားကြသည်။ များမကြာမီပင်၊ ဆူညံသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ရှီပြည်နယ်ရှိ ပြည်သူများကို ထိတ်လန့်စေခဲ့သည်။
အဆုံးမဲ့ပင်လယ်ပြင်ရှိ ကျွန်းစုတစ်ခုတွင် .....
ကောင်းကင်ပေါ်၌ စစ်သည်များ လခြမ်းသဏ္ဍန်နေရာယူ၍ ပျံသန်းနေကြပြီး သူတို့ကို ဉီးဆောင်လာသူမှာ လင်းဟုန်ချန်ဖြစ်သည်။
လင်းဟုန်ချန်က ကျွန်းပေါ်ရှိ ရုပ်ပုံလွှာကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ကွမ်းထျန်းက တကယ်ကို အထင်ကြီးစရာပဲ.....လူတွေအများကြီး ငါ့ကိုလာပြီး စိန်ခေါ်ရတာ တန်သလား"
ထိုသို့ ခရမ်းရောင်၀တ်စုံ ဝတ်ဆင်ထားသူဖြစ်သည်။ သူသည် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေသည်။ထိုသူက မကြာသေးမီက ပြင်ပကမ္ဘာမှ ဆင်းသက်လာသော ယဲ့ကလန်မှ ယဲ့ကျန်း ဖြစ်သည်။ သူသည် ခရမ်းရောင်ဝတ်စုံကိုပြောင်းလဲဝတ်ဆင်ထားသော်လည်း ဧကရာဇ်မင်း၏ အသွင်အပြင်ကို ပြသကာ သရဖူကို ၀တ်ဆင်ထားဆဲပင်....
ယဲ့ကျန်း၏ စကားကိုကြားတော့ လင်းဟုန်ချန်က...... "မင်းရဲ့ လျို့ဟုန် မင်းဆက်က တိုက်ပွဲတွေ အများကြီး အောင်နိုင်ခဲ့ပြီးပြီ၊ ငါ ဘယ်လို ပေါ့ပေါ့တန်တန် တွေးနိုင်မလဲ? လျို့ဟုန် မင်းဆက်ရဲ့ အပြင်းထန်ဆုံး ကျွမ်းကျင်သူက သူတို့ရဲ့ ဧကရာဇ်ဖြစ်ပြီး၊ သူက ကမ္ဘာကြီးကို နှိမ်နင်းဖို့ ခွန်အားတွေ ပိုင်ဆိုင်ထားတယ်။ ထုံးစံအတိုင်း၊ ငါက ကွမ်းထျန်းရဲ့ အထိပ်တန်းကျွမ်းကျင်သူတွေခေါ်လာရမှာပေါ့....."
ယဲ့ကျန်းက လှောင်ပြောင်သည့်အမူအရာကိုသာ ထုတ်ပြလိုက်သည်။
လင်းဟုန်ချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး စစ်တပ်က ကျွန်းစုတွေကို ဝန်းရံဖို့ အလျင်အမြန် စီစဉ်လိုက်သည်။
ယဲ့ကျန်း မဲ့ပြုံးပြုံးပြီး အော်ရာများ ရုတ်တရက် ပေါက်ကွဲသွားသည်။ သူ့ခြေထောက်အောက်က ကျွန်းစုပင် ချက်ချင်း ဖုန်မှုန့်တွေ ဖြစ်သွားပြီး ပင်လယ်ထဲ ပြိုကျသွားသည်။ ကျွန်းစုများ တစ်ခုပြီးတစ်ခု ကြေမွသွားကာ အရပ်ရပ်သို့ တိုက်ခတ်လာသော ကြောက်မက်ဖွယ်လေပြင်းများ ဖြစ်ပေါ်လာသည်။ တခဏတွင်းမှာပင် ကျယ်ပြောလှသော ကျွန်းစုကြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကာ ကွမ်းထျန်းတပ်များ မျောပါသွားကာ စစ်တပ်ဖွဲ့စည်းမှုလည်း လူစုကွဲသွားခဲ့သည်။
လင်းဟုန်ချန် မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားသည်။
'ဘယ်လိုဖြစ်နိုင်မှာလဲ...'
ထိုအချိန်တွင် လင်းဟုန်ချန် စိတ်ထဲ၌ တာအိုဘိုးဘေးကိုသာ တွေးတောနေခဲ့သည်။
သူတို့ရဲ့ တုံ့ပြန်မှုကို မစောင့်ဘဲ ယဲ့ကျန်း က ကောင်းကင်ကို ထိုးဖောက်ပျံသန်းကာ ချက်ခြင်းပင်၊ သူ၏ ကြောက်မက်ဖွယ်ကောင်းသောချီဓာတ်များက လွင့်ပျံလာသော လက်သီးချက်ကဲ့သို့ ဖြစ်သွားသည်။ မရေမတွက်နိုင်သော ကွမ်းထျန်း စစ်သည်များ၏ သံချပ်ကာများ ကွဲအက်သွားကာ ၎င်းတို့၏ အသားများစုတ်ပြဲ၍ အရိုးများကိုပင်အတိုင်းသားမြင်နေရသည်။ သိပ်မကြာခင်မှာပဲ သူတို့ရဲ့အဖြူရောင်အရိုးတွေ ပြာတွေဖြစ်ကုန်သည်။
ကောင်းကင်မှာ တိမ်ပင်လယ်တွေ ပြန့်ကျဲသွားပြီး လင်းဟုန်ချန် နောက်ဆုတ်လိုက်ရသည်။ သူ့လက်တွေကို ကြည့်လိုက်တော့ သူ့ချပ်ဝတ်တန်ဆာမှာ အက်ကွဲကြောင်းတွေနဲ့ ဖုံးလွှမ်းနေတာကို တွေ့လိုက်ရသည်။
သူ မော့ကြည့်လိုက်တော့ ယဲ့ကျန်း ရောက်နေပြီဆိုတာ တွေ့လိုက်ရပြန်သည်။
တိုက်ပွဲအခြေအနေသို့ ရောက်ရှိလာသော ယဲ့ကျန်း၏မျက်နှာပေါ်တွင် အေးစက်သောအမူအရာရှိပြီး သူ၏အနက်ရောင်ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူသည် လက်သီးချက်နှင့် ခြေကန်များကို ထုတ်ဖော်ကာ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ ကွမ်းထျန်း မင်းဆက်က ပညာရှင်တွေ ချက်ချင်းပေါက်ကွဲပြီး ကောင်းကင်ပေါ်က သွေးမိုးရွာကျလာသည်။
အရမ်းမြန်တယ်........
လင်းဟုန်ချန်လို အစွမ်းထက်သူတစ်ဦးပင်လျှင် ယဲ့ကျန်း၏ရုပ်သွင်ကို သာမန်မျက်စိဖြင့် မမြင်န်ိုင်ပေ။
လင်းဟုန်ချန်က သိုလှောင်ကွင်းထဲက လှံတစ်ချောင်းကို ထုတ်လိုက်ပြီး ယဲ့ကျန်း သူ့ရှေ့ရောက်လာချိန်မှာတော့ တိုက်ပွဲဝင်ဖို့အဆင့်ပြင်နေချေပြီ.....
သူတို့ မျက်လုံးချင်းဆုံပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက လင်းဟုန်ချန်ကို ဖုံးအုပ်ထားကာ သူ့ကို မလှုပ်နိုင်အောင် တားဆီးထားသည်။ သူ၏စစ်မှန်သောချီဓာတ် အေးခဲသွားပြီး လက်ထဲက လှံသည်လည်း ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။
ယဲ့ကျန်းက လင်းဟုန်ချန် ၏လည်ပင်းကို ညှစ်လိုက်ကာ လှောင်ပြောင်သေယလေသံဖြင့်..... "ကွမ်းထျန်းကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ငါ စိတ်ပူနေခဲ့တာ... မင်း ငါ့ဆီရောက်လာမယ်လို့ မမျှော်လင့်ထားဘူး... အဆုံးမဲ့ သမုဒ္ဒရာကို ပေါင်းစည်းဖို့ အခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ်....မင်း ဘာကို ရင်ဆိုင်နေရတယ်ဆိုတာ မင်းမသိဘူး.... မဟာကန္တရသိုင်းကမ္ဘာက သာမန်လူတွေကို ယှဉ်နိုင်တဲ့အရာ မဟုတ်တော့ဘူး။'
လင်းဟုန်ချန် ကြောက်လန့်တကြားဖြင့် မျက်လုံးပြူးသွားသည်။
အထက်ကမ္ဘာကလူတွေ.....
ထိုစဉ် ယဲ့ကျန်း၏ နဖူးပေါ်တွင် ထူးဆန်းသော အနီရောင်ပုံစံ ရုတ်တရက် ပေါ်လာသည်။ ထ်ိုအခါ လင်းဟုန်ချန် ၏အမူအရာ ပြောင်းလဲလာပြီး မကြာမီတွင် အရာအားလုံး အမှောင်ကျသွားလေတော့သည်။
ယဲ့ကျန်းက လင်းဟုန်ချန် ယကို လက်တစ်ဖက်တည်းဖြင့် ကိုင်လိုက်ပြီး အဝေးမှ အသက်ရှင်ကျန်နေသော ကွမ်းထျန်း ကျွမ်းကျင်သူများကို လှည့်ကြည့်လိုက်သည်။
"မင်းတို့ရဲ့သခင်က ငါ့လက်ထဲမှာရှိတယ်.... ပြေးဖို့တောင် မစဉ်းစားနဲ့...."
သူပြောသည်နှင့် တပြိုင်နက် ကွမ်းထျန်းမှ ကျွမ်းကျင်သူများ၏ အမူအရာများ ပြောင်းလဲသွားသည်။
မကြာခင်မှာ တစ်စုံတစ်ယောက်က လေထဲမှာ ဒူးထောက်လိုက်သည်။
တစ်စုံတစ်ယောက်၏ ဦးဆောင်မှုနှင့်အတူ၊ ကွမ်းထျန်း၏ ကျွမ်းကျင်သူများ ပိုများလာကာ ဒူးထောက်လိုက်သည်။
ဤတိုက်ပွဲ၏ကြာချိန်က အလွန်တိုတောင်းလှသည်။ လေထုထဲတွင် လွင့်ပျံနေသော အသွေး၊ အသားနှင့် အရိုးမှုန့်များကသာ ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သက်သေပြန်ိုင်ခဲ့သည်။