← Chapters

မဟာကန္တရသိုင်းကမ္ဘာကြီးတစ်ခုလုံးကို မင်းနဲ့အတူ မြှုပ်နှံထားလိမ့်မယ်....

Vol. 24 Ch. 357

မဟာကန္တရသိုင်းကမ္ဘာကြီးတစ်ခုလုံးကို မင်းနဲ့အတူ မြှုပ်နှံထားလိမ့်မယ်....

Vol. 24 Ch. 357

"သူက အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်လား"

ဟေးဟူက ကျန်းရှန်ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။

ကျန်းထျန်းမင်နှင့် ချန်ယောင်လင်းတို့ထံမှ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် ဒဏ္ဍာရီကို ကြားဖူးသည်။ ကျန်းရှန်က အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် ဖြစ်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

တရားထိုင်နေသော ကျန်းရှန်က မျက်လုံးကိုဖွင့်ကာ သွေးဆာနေသော အင်းဆက်မျှော်စင်ခေါင်မိုးပေါ်ရှိ တိုင်ရှီးချန်ကို မော့ကြည့်လိုက်သည်။

တိုင်ရှီးချန်က သူ့လက်ကို မြှောက်လိုက်ပြီး "ကလေး၊ ငါ့နောက်ကို လိုက်ခဲ့"

ထိုအချိန်တွင်၊ ဟေးဟူ ပျံသန်းလာပြီး သူနှင့် ကျန်းရှန် ရှေ့တွင်ပိတ်ရပ်လိုက်ကာ တိုင်ရှီးချန်ကို အံကိုကြိတ်ပြီး ကြည့်လိုက်သည်။

တိုင်ရှီးချန် က "မင်းငါ့ကို အာခံချင်တာလား..."

ဟေးဟူက... "သခင်လေး တိုင်ရှီး၊ သူက တကယ်ပဲ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်မဟုတ်ဘူး.... နောက်ပြီး သူ့နောက်ခံက မရိုးရှင်းပါဘူး။ ဒုက္ခမဖြစ်အောင် ​

အကြံပေးပါရစေ..."

တိုင်ရှီးကလန်သည် အင်အားကြီးမားသော်လည်း ဟေးဟူ၏ထင်မြင်ယူဆချက်အရ တာအိုဘိုးဘေးကို ရန်မစသင့်ပေ။

အရေးအကြီးဆုံးကတော့ သူသည် ယခု တာအိုဘိုးဘေးလက်အောက်တွင် ရှိနေခဲ့ပြီး ဘာမှ မလုပ်နိုင်ဘဲ ရှိနေခဲ့သည်။

ယခင်က သူရဲဘောကြောင်သူမဟုတ်ကြောင်း သက်သေပြဖို့ မဟာကန္တရ၏ အရှင်သခင်ကိုပင် ဆန့်ကျင်ရန် သတ္တိရှိခဲ့သည်။ တာအိုဘိုးဘေးထံ ခိုလှုံရခြင်း အကြောင်းရင်းမှာ တာအိုဘိုးဘေးက သူ့ကို အသက်ရှင်ခွင့်ပေးခဲ့သည့် ကျေးဇူးကြောင့် ဖြစ်သည်။

"နောက်ခံ... ငါ့မှာ နောက်ခံအသိုင်းအဝိုင်းမရှိဘူးလို့ မင်းထင်သလား..... ကောင်းကင် နတ်လက်နက်တစ်ခုဟာ ဒီနေ့ သေမျိုးကမ္ဘာဆီ ဆင်းသက်လာရင်တောင် အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ကို မကာကွယ်နိုင်ဘူး!"

တိုင်ရှီးချန်က သူ၏ညာဖက်လက်ဖဝါးဖြင့် ဖိချရင်း အေးစက်စွာပြောလိုက်သည်။ တခဏချင်းမှာပဲ သွေးရောင်လက်ဖဝါးအရိပ်တစ်ခု ထွက်ပေါ်လာပြီး လေးလံစွာ အရှိန်နဲ့ ဖိချလိုက်သည်။ ဟေးဟူ ချက်ချင်းပင် တန်ပြန်တိုက်စစ်ဆင်ရန် လက်သီးကို ပင့်ထိုးလိုက်သည်။

​သွေး​ရောင်​လက်​ဖဝါးရိပ် ဆင်း​သက်လာ​ပြီး တောင်​တစ်​ခု​လုံး ပြို​ကျ​သွား​ကာ ကျိုးပဲ့နေသော ကျောက်တုံးများ လွင့်ပျံသွား၍ ဖုန်မှုန့်များ လွင့်သွားသည်။ အဝေးမှ လျှို့ဝှက်ဆန်းကြယ် ငွေကျောက်တုံးများကို စုဆောင်းနေကြသော ကောင်းကင်စစ်သည်များနှင့် သိုင်းပညာရှင်တို့ ၎င်းတို့၏ လုပ်လက်စများကိုပစ်ချလိုက်ပြီး ကောင်းကင်သို့ ပျံသန်းသွားကြသည်။

"မလာနဲ့!"

ကျန်းထျန်းမင်၏ အသံ ထွက်ပေါ်လာပြီး သူ့လေသံတွင် ပြင်းထန်သော ဒေါသများ ပါ၀င်နေသည်။

ဖုန်မှုန့်တွေ လွင့်စင်သွားတဲ့အခါ ဟေးဟူ နဲ့ တခြားနှစ်ယောက် ပေါ်လာပြီး လေထဲမှာ လွင့်ပျံနေသည်။ ဟေးဟူ၏အမူအရာ ညိုးနွမ်းနေပြီး အဝတ်တွေတောင် စုတ်ပြဲသွားသည်။ သူ့လက်မောင်းများကို သွေးများ ဖုံးလွှမ်းနေပြီး အရိုးများကို ယောင်ဝါးဝါးမြင်နိုင်သည်။ အဲဒီတိုက်ခိုက်မှုကို ခုခံကာကွယ်ရင်းနဲ့ သူ့နောက်ကလူနှစ်ယောက်ကို ကာကွယ်ဖို့ သူ့ရဲ့ ချီဓာတ် အစစ်အမှန်ကို အသုံးပြုခဲ့ရသည်။

တိုင်ရှီးချန်က မျက်ခုံးပင့်လိုက်ပြီး "မင်း ဒီလောက်အထိ စိတ်ပိုင်းဖြတ်ထားမယ်လို့ ထင်မထားဘူး..... ဒါပေမယ့် ငါ့ရဲ့ ဒုတိယ လက်ဝါးရိုက်ချက်ကို ခံနိုင်မလား ကြည့်ရအောင်..."

သူ့ဘေးနားရှိ ငှက်မွှေးယပ်တောင်ကိုင်ထားသော အဘိုးအို ရုတ်တရက် ပျောက်ကွယ်သွားပြီး ကျန်းရှန်၏ နောက်ကွယ်မှ ပေါ်လာ၍ သူ့ပခုံးကိုဆွဲကိုင်ကာ အဆောက်အဦးထဲသို့ အမြန်ပြန်သွားခဲ့သည်။

ဟေးဟူ ထိတ်လန့်တုန်လှုပ်သွားသည်။ မြန်လွန်းသဖြင့် ရပ်တန့်ရန် အချိန်မရှိပေ။

ကျန်းထျန်းမင်က ဒေါသတကြီး အော်ဟစ်ပြီး "လွှတ်လိုက်စမ်း..!"

သူသည် ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သွေးဆာနေသော အင်းဆက်မျှော်စင်ဆီသို့ ပြေးသွားခဲ့သည်။ သူ့ရဲ့အရှိန်အဟုန်က ခမ်းနားပြီး သွေးဆာနေတဲ့ အင်းဆက်မျှော်စင်ကို တုန်လှုပ်စေခဲ့ပေမယ့် တိုင်ရှီးချန်ရဲ့ စစ်မှန်တဲ့ချီဓာတ် က သူ့ကို ရပ်တန့်လိုက်သည်။

သွေးရောင်စစ်မှန်သော ချီဓာတ်များ ကျန်းထျန်းမင်ကို ဖုံးအုပ်ထားကာ ရှေ့သို့မတိုးနိုင်တော့ပေ။ အရိုးခိုက်လောက်သည့် နာကျင်​မှု​ကြောင့်​ သူ့မျက်​နှာကို ရှုံ့မဲ့သွားပြီး သူ့​ခေါင်း​ပေါ်က ဆံပင်​တွေ အလင်း​ရောင်​​ဖျော့ဖျော့​ဖျော့​ဖျော့​နဲ့အတူ လွှင့်မြောနေသည်။

"မင်းရဲ့ အရည်အချင်းက တော်တော်ကောင်းတာပဲ၊ မင်း ငါ့အတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိလား? မင်းကို အပြင်လောကဆီ ခေါ်သွားမယ်။"

တိုင်ရှီးချန်က ကျန်းထျန်းမင်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။ ကျန်းထျန်းမင် က လူသားတစ်ဦးဖြစ်သော်ငြား သူ၏သွေးချီက အလွန်အစွမ်းထက်ပြီး အော်ရာကလည်း အလွန်ရှုပ်ထွေးကြောင်း တစ်ချက်တည်းနှင့် သိနိုင်သည်။

ကျန်းထျန်းမင်က အံကြိတ်ကာ ...“မဖြစ်နိုင်ဘူး…”ဟု အော်လိုက်သည်။

သူ့နဖူးပေါ်ရှိ တတိယမျက်လုံးကိုဖွင့်လိုက်ပြီး သွေးရောင်စစ်မှန်သော ချီဓာတ် ကိုဖြတ်သွားသော အလင်းတန်းတစ်ခုကို ရုတ်တရက် ပစ်လွှတ်လိုက်သည်။ တိုင်ရှီးချန် မသိစိတ်ကြောင့် သူ့ခေါင်းကို လှည့်လိုက်သော်လည်း သူ့ပါးကို အလင်းတန်းထိရှသွားကာ သူ့နောက်ဘက်ရှိ သွေးဆာနေသော အင်းဆက်မျှော်စင်ကို ဖြတ်၍ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်စေခဲ့သည်။

တိုင်ရှီးချန် အံ့သြသွားသည်။ သူ့အကြည့်တွေက ကျန်းထျန်းမင် ပေါ်ပြန်ရောက်လာပြီး သူ့မျက်လုံးထဲမှာ ထိတ်လန့်ပြီး ဒေါသတွေနဲ့ ပြည့်နေသည်။

ငှက်မွှေးယပ်တောင် ကိုင်ထားသည့်

အဘိုးအိုက မျက်မှောင်ကြုံကာ ကျန်းထျန်းမင်ကို စိုက်ကြည့်နေသည်။

အထက်ကမ္ဘာတွင် မျက်လုံးသုံးလုံးပါသော လူသားသိုင်းပညာရှင်မရှိသော်လည်း ကျန်းထျန်းမင်၏ တတိယမျက်လုံးက သူ့နယ်ပယ်တွင် မရှိသင့်သော စွမ်းအားကို ပြသနေသည်။

"ကောင်းပြီ ဒါဆို မင်းမျက်လုံးတွေကို ငါဖောက်လိုက်မယ်!"

တိုင်ရှီးချန် ရင်ထဲတွင် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေခဲ့သည်။ သူတိုက်ခိုက်ခါနီးတွင် ကျန်းထျန်းမင်၏နဖူးစည်း ကွဲထွက်သွားပြီး အပြာရောင်အရိပ်တစ်ခုအဖြစ်သို့ လျင်မြန်စွာ ပေါင်းစည်းသွားသည်။ဤသည်မှာ ကျန်းချန်ရှန်း၏ တာအိုနှလုံးသားကိုယ်ပွား ဖြစ်သည်။

တာအိုနှလုံးသားကိုယ်ပွားက ညာလက်ကို ဝှေ့ယမ်းလိုက်တော့ သွေးရောင်စစ်မှန်သော ချီဓာတ်များ တိုက်ရိုက်လွင့်စင်သွားကာ အရပ်ရပ်သို့ ပြင်းထန်စွာ တိုက်ခတ်သွားသော လေပြင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ဟေးဟူ၏ ရှည်လျားသော ဆံပင်များသည် လေထဲတွင် လွင့်ပျံနေကာ အလွန်ကျေနပ်ဝမ်းသာနေရှာသည်။

"တာအိုဘိုးဘေး... "

ဟေးဟူ အံ့သြဝမ်းသာစွာဖြင့် အော်ဟစ်လိုက်သည့်အခါ ကျန်းထျန်းမင် လှည့်ကြည့်လိုက်တော့ တာအိုနှလုံးသားကိုယ်ပွားကိုတွေ့လိုက်ရသည်။ ဒီပုံသဏ္ဍာန်ကို မှတ်မိတဲ့အခါ သက်ပြင်းချရုံကလွဲလို့ မတတ်နိုင်ခဲ့ပေ။

ငှက်မွှေးယပ်တောင်က်ိုင်ထားသည့်အဘိုးအို ဖမ်းချုပ်ထားတဲ့ ကျန်းရှန်ဟာ တာအိုနှလုံးသားကိုယ်ပွားကို တစ်ခါမှ မမြင်ဖူးပေ။ သို့သော် ဟေးဟူ ပြောတာကို ကြားလိုက်ရတော့ ဝမ်းသာအားရ အံ့သြသွားမိသည်။

"အဘိုး!" အဘိုးလား ?

တိုင်ရှီးချန်နှင့် အဖိုးအိုတို့ မျက်မှောင်ကြုတ်လိုက်သည်။

တာအိုနှလုံးသားကိုယ်ပွား မော့ကြည့်လိုက်ပြီး သူ့အကြည့်တွေက ကျန်းရှန်ဆီကို ရောက်သွားခဲ့သည်။

တိုင်ရှီးချန်က “မင်း ဘယ်သူလဲ” ဟု အသံနက်ကြီးဖြင့် မေးလိုက်သည်။

တာအိုနှလုံးသားကိုယ်ပွားက "မင်းရဲ့ အစွမ်းအစနဲ့ တိုက်ခိုက်မလား ဒါမှမဟုတ် သေမလား" ဟုသာပြောလိုက်သည်။

တိုင်ရှီးချန် ဒေါသထွက်သွားသည်။ သူစကားပြောခါနီးမှာ ငှက်မွှေးယပ်တောင်နဲ့ အဖိုးအိုက သူ့ကို တားလိုက်သည်။ အဘိုးအိုက တာအိုနှလုံးသားကိုယ်ပွားကို စိုက်ကြည့်ကာ "မင်းက အပြင်လောကသား မဟုတ်ဘူးလား" ဟု မေးသည်။

တာအိုနှလုံးသားကိုယ်ပွားက အဖြေမပေးခဲ့ပေ။

ငှက်မွှေးယပ်တောင်နဲ့ အဖိုးအိုက "အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်က သိုင်းကမ္ဘာပြိုင်ပွဲမတိုင်ခင် လူပြန်ဝင်စားခဲ့တယ်... မင်းက သူ့အဖိုးမို့လို့ မင်းလည်း အပြင်

သိုင်းလောကက လာတာလို့ ငါယုံကြည်တယ်။ ဒီသိုင်းကမ္ဘာပြိုင်ပွဲမှာ အလွန်ထူးခြားတဲ့ သိုင်းကမ္ဘာတစ်ခုရှိတယ်...အဲ့တာက မဟာကန္တရသိုင်းကမ္ဘာပဲ...

သိုင်းကမ္ဘာကိုအုပ်စိုးတဲ့ နတ်ဘုရားက သူအုပ်ချုပ်တဲ့ သိုင်းကမ္ဘာကလူတွေကြောင့်သေခဲ့ရတယ်...ဒါ မင်းလက်ချက်မဟုတ်လား....."

"အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ရဲ့ အရေးပါပုံကို မင်းမသိနိုင်ဘူး.... မင်းရဲ့သွေးသားအဆက်အနွယ်အဖြစ် လူပြန်ဝင်စားခံရဖို့က သူ့ရွေးချယ်မှုပဲ၊ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် ဆင်းသက်ပြီးတာနဲ့ သူဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးသွေးသားတည်ဆောက်ပုံနဲ့ လူပြန်ဝင်စားလာမှာဖြစ်ပြီး သူ့ရဲ့ ကံကြမ္မာကို နိုးထလာစေဖို့အတွက် အုတ်မြစ်ချလိုက်တာပဲ.... သူကြီးပြင်းလာတာနဲ့အမျှ သူကြီးပြင်းလာတဲ့အခါ နောက်ထပ် သတ်ဖြတ်မှုတွေကို ဆက်လက်ရှာဖွေနေလိမ့်မယ်... သူ့ကို အခုချက်ချင်း လွှတ်လိုက်ပါ။ မင်းက သန်မာနေနိုင်ပေမယ့် မင်းမှာ ကျောထောက်နောက်ခံ မရှိဘူး၊ လက်ရှိ မဟာကန္တရသိုင်းကမ္ဘာကြီးကို ထိန်းချုပ်ထားတဲ့ နတ်ဘုရားဇီဟွမ်း ကတောင် အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ကို မထိဝံ့ဘူး...."

ထိုစကားကိုကြားသောအခါ ကျန်းရှန် အံ့ဩသွားသည်။ ကျန်းထျန်းမင် သူ့ကိုကြည့်ကာ တခုခုကို နားလည်လာသည်။ တိုက်ပွဲပြီးတိုင်း ဒီကလေးရဲ့ ခွန်အားတွေ သိသိသာသာ တိုးလာတာ အံ့သြစရာမရှိတော့ပေ။ သူသည် သန်မာလာစေရန် သတ်ဖြတ်ခြင်းအပေါ် မှီခိုအားထားရသော အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် ဖြစ်ခဲ့ကြောင်း ထင်ရှားခဲ့သည်။

တိုင်ရှီးချန်က "သူ့ရဲ့ရုပ်ရည်အစစ်ကို ထုတ်မပြဝံ့တဲ့လူကို ဘာလို့ကြောက်နေရမှာလဲ"

ပြောပြီးသည်နှင့် ညာလက်ကို မြှောက်လိုက်သည်။ ထိုအခါ အင်းစက်မျှော်စင် အောက်တွင် သွေးအင်းဆက်ပိုးများ ပိုများလာသည်။ သူသည် သွေးဆာနေသော အင်းဆက်မျှော်စင်ကို လျင်မြန်စွာ ရုတ်သိမ်းလိုက်ပြီး ကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။ မရေမတွက်နိုင်သော သွေးအင်းဆက်ပိုးကောင်များ ကောင်းကင်ကိုဖုံးလွှမ်းကာ သွေးဆာသော အင်းဆက်မျှော်စင်ကို နစ်မြှုပ်သွားပြွး လသာဆောင်တခုသာ ပွင့်ထွက်နေသည်။

အဆုံးမရှိသော သွေးအင်းဆက်ပိုးမွှားများထဲမှ တိုင်ရှီးချန်က "ငါ့ကို ခြိမ်းခြောက်ပြီး အသေသတ်ဖို့ ဘယ်သူမှ မပြောရဲကြဘူး.... မင်း လူမှားပြီး ထိမိပြီ....."

သွေးအင်းဆက်ပိုးမွှားများအားလုံး ပါးစပ်ကိုဖွင့်ကာ တစ်ချိန်တည်းနီးပါးတွင် သွေးလိုင်းများ ထွက်လာသည်။ထိုသွေးလိုင်းများ စုဝေး၍ သွေးအိုင်ကဲ့သို့ မြေပြင်ကို ဖုံးလွှမ်းကုန်၏ ကောင်းကင်စစ်သားများနှင့် အဝေးမှ သိုင်းပညာရှင်တို့တောင် အံ့အားသင့်သွားကြသည်။

အဲဒါက ဘယ်လို သိုင်းပညာမျိုးလဲ။

အင်းဆက်ပိုးမွှားများကို တိုက်ခိုက်ရန် ခိုင်းစေနိုင်သည်ကို မည်သူမျှ မမြင်ဖူးကြပေ။ အများစုမှာ အဆိပ်ရှိသော အင်းဆက်များကို မွေးမြူကြသည်။

တာအိုနှလုံးသားကိုယ်ပွားက ညာလက်ကို မြှောက်ကာ လက်ညိုးကို ဆန့်လိုက်သည်။

ဝုန်းးးးး

ချီလက်ချောင်းက သွေးအိုင်အင်းဆက်ပိုးကောင်များကို ဖောက်ထုတ်ကာ အချင်းပေတစ်သောင်းကျော်ရှိသော ကြီးမားသောအပေါက်တစ်ခု ဖန်တီးခဲ့သည်မှာ အလွန်တရာ အံ့မခန်း တုန်လှုပ်စရာ ဖြစ်ခဲ့သည်။

သူ လက်ညိုးညွှန်လ်ိုက်သည်နှင့် အင်းဆက်မျှော်စင်၏ ခေါင်မိုးကို အပေါက်ဖောက်န်ိုင်ခဲ့သဖြင့် တိုင်ရှီးချန် နှင့် အဘိုးအိုတို့ အေးခဲသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါက ဘယ်လိုသိုင်းပညာလဲ... ".

အဘိုးအိုက တုန်လှုပ်တဲ့အသံနဲ့ ပြောလိုက်သည်။ဒီလက်ချောင်းက သူတို့ကို ဉီးတည်နေရင် သေသွားနိုင်လောက်သည်။

တိုင်ရှီးချန်က ပိုလို့တောင် ဒေါသဖြစ်သွားသည်။ သူသည် သူ၏စွမ်းအင်ကို ဖြန့်ကျက်ရန် တိမ်ပင်လယ်ထက်မှ လျင်မြန်စွာ ပျံတက်သွားသည်။

ကောင်းကင်က သွေးအင်းဆက်ပိုးမွှားတွေ ပေါက်ကွဲကုန်ပြီး သွေးစွန်းနေတဲ့ အမှုန်အမွှားတွေကြောင့် ကောင်းကင်ကို သွေးနီရောင်ပြောင်းသွားစေခဲ့သည်။

တိုင်ရှီးချန်က ဒေါသတကြီးအော်ဟစ်ပြီး ညာလက်ကို မြှောက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော သွေးချီဓာတ်များ သူ့လက်ဖဝါးမှ ဖျန်းခနဲ လျှပ်စီးလက်သလိုစီးဆင်းသွားသည်။ ထို့နောက် ညာလက်ကို အောက်သို့ ဝှေ့ယမ်းလိုက်သည်။

ပြင်းထန်သော သွေးလေပွေက ထောင်ပေါင်းများစွာသော မိုးကြိုးများသဖွယ်လေထုကို ဖြတ်ကျော်သွားသည်။

ကောင်းကင်မှာ တိမ်ပင်လယ်ကြီး ပြန့်ကျဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းသည် ကောင်းကင်စစ်သားများနှင့် သိုင်းပညာရှင်တို့ကို အဝေးသို့ ပျံသန်းစေခဲ့သည်။ တောင်တန်းများ ကြေမွသွားကာ မရေမတွက်နိုင်သော ကျောက်ခဲများနှင့် ဖုန်မှုန့်များ ကောင်းကင်ဘုံသို့တိုင် လွှင့်ပျံသွားသည်။

မြေပြင် ပြင်းထန်စွာ တုန်ခါပြီး ကောင်းကင်နှင့် မြေပြင် ကွဲသွားသလိုပင်...

တိုင်ရှီးချန်က သူ၏ခွန်အားကို အပြည့်အဝပြသခဲ့ပြီး၊ သူသည် ကမ္ဘာကြီးကို ထိတ်လန့်တုန်လှုပ်စေကာ သရဲတစ္ဆေများနှင့် နတ်ဘုရားများ ငိုကြွေးစေနိုင်သည်ဟု ဆိုနိုင်သည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာကို ရင်ဆိုင်ရာတွင် တာအိုနှလုံးသားကိုယ်ပွားက ချွန်ထက်သောမြှားသဖွယ်ရှေ့သို့ပျံသန်းလာသည်ဖယ ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ သွေးရောင်လေပွေ တိုက်ရိုက် ပြန့်ကျဲသွားပြီး တာအိုနှလုံးသားကိုယ်ပွား တိုင်ရှီးချန် ရှေ့သို့ ချက်ချင်းရောက်လာသည်။

မယုံကြည်နိုင်သော အရိပ်အယောင်ကို ထုတ်ပြလိုက်သောအခါ တိုင်ရှီးချန်၏ မျက်လုံးပြုးကျယ်လာသည်။

သူ့တုံ့ပြန်မှုက အရမ်းမြန်ပြီး အလိုလို ရှောင်တိမ်းချင်ပေမယ့် တာအိုနှလုံးသားကိုယ်ပွားက ပိုမြန်ကာ သူ့ဝမ်းဗိုက်ကို ရိုက်ချလိုက်သည်။

ဝုန်းးးးးးးး

တိုင်ရှီးချန်၏ ခန္ဓာကိုယ်သည် လွင့်စင်သွားပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော လေပြင်းများ သူ့နောက်တွင် ပေါ်လာပြီးကာ ကောင်းကင်သို့ ခုန်တက်သွားသည်။

တိုင်ရှီးချန် သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။ထိုသွေးများက တာအိုနှလုံးသားကိုယ်ပွား ပေါ်မကျခင်မှာ အငွေ့ပျံသွားသည်။

"မင်း သတ္တိကောင်းနေရင်တောင် သူ့ကို မသတ်နိုင်ဘူး။....မဟုတ်ရင် မဟာကန္တရသိုင်းကမ္ဘာတစ်ခုလုံး မင်းနဲ့အတူ မြုပ်နှံရလိမ့်မယ်!"

ငှက်မွှေးယပ်တောင်ကိုင်ထားသည့်အဘိုးအိုက ဒေါသတကြီးအော်လိုက်တော့ ရုတ်တရက် တာအိုနှလုံးသားကိုယ်ပွား သူ့ရှေ့တွင် ပေါ်လာပြီး သူ၏ ဘယ်ဘက်လက်ကို လှုပ်ခါလိုက်သည်နှင့် အဘိုးအို၏ဉီးခေါင်း ပေါက်ကွဲသွားသည်။ ကောင်းကင်ပေါ်က သွေးတွေ ကျလာပြီး ကျန်းရှန် ထိတ်လန့်တုန်လှုပ်သွားသည်။

သူသည် တိုင်ရှီးချန် နှင့် အဘိုးအိုတို့​နှင့် အနီးကပ်ဆုံးဖြစ်သည်။ ထိုသူနှစ်ဉီး၏အော်ရာက သူ့ကိုမွန်းကြပ်စေသည်။

အချိန်မရွေး သို့သော် သူတို့နှစ်ဦးခင်မျာ သူ့အဘိုးရှေ့တွင် အစွမ်းအစမရှိခဲ့ပေ။

တာအိုနှလုံးသားကိုယ်ပွား၏ ညာလက်က တိုင်ရှီးချန် ကို ကိုင်ထားဆဲပင်။ သူ၏ဘယ်လက်က တိုင်ရှီးချန်းသွေးကြောများကို လျင်မြန်စွာ နှိပ်လိုက်ပြီး သူ၏ ချီဓာတ် နှင့် စိတ်ဝိညာဉ်ကို တံဆိပ်ခတ်ရန် တံဆိပ်တစ်ခု ချထားလိုက်သည်။ ကူကယ်ရာမဲ့စွာ တိုင်ရှီးချန် မျက်လုံးများကိုမှိတ်ထားလိုက်သည်။

တာအိုနှလုံးသားကိုယ်ပွားက ဟေးဟူထံပြန်လာပြီး တိုင်ရှီးချန်ကို ပေးအပ်ခဲ့သည်။ "ဒီလူကို ကောင်းကင်တရားရုံးကို ပြန်ခေါ်သွားပြီး ဘာမှ မပေါက်ကြားစေနဲ့။ သူငါ့ကို ချိတ်ပိတ်ထားတယ်...."

ထိုစကားနှင့်အတူ တာအိုနှလုံးသားကိုယ်ပွား ပျောက်ကွယ်သွားကာ ဟေးဟူကတော့ အကြောင်သားကျန်ရစ်ခဲ့သည်။

ကျန်းထျန်းမင်သည် ကျန်းရှန် သို့ ပျံသန်းပြီး သူ့ကို သွေးဆာနေသော အင်းဆက်မျှော်စင်မှ ဆွဲထုတ်ခဲ့သည်။

"မင်းဘာလို့ဒီလောက်တုန်လှုပ်နေတာလဲ!"

ကျန်းထျန်းမင် ဟစ်အော်လိုက်သည်။ ကျန်းရှန်၏ စွမ်းဆောင်မှုကို သူ မကျေနပ်နိူင်ပေ။

ကျန်းရှန်က "ငါက အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ဖြစ်တာကြောင့် ငါအံ့အားသင့်သွားခဲ့တယ်..."

ကောင်းကင်စစ်သားများနှင့် သိုင်းပညာရှင်တို့ အဝေးတစ်နေရာသို့ ပြေးထွက်သွားကြသည်။ တာအိုနှလုံးသားကိုယ်ပွား၏ ခွန်အားကြောင့် သူတို့အားလုံး ထိတ်လန့်သွားပြီး အလွန်စိတ်လှုပ်ရှားနေကြသည်။

"တင်းထျန်းခေါတ်၏ 52 နှစ်တွင် တိုင်ရှီးချန်နှင့် တိုင်ရှီးဇီပေါင်တို့က သင်၏မြေး ကျန်းရှန်ကို ဖမ်းမိခဲ့သည်။ ကံကောင်းစွာပင်၊ သင်သည် အချိန်မီလုပ်ဆောင်ပြီး သင်နှင့် ၎င်းတို့ကြားရှိ ကံကြမ္မာကို ဖြတ်တောက်ပစ်လိုက်သည်။ သင်သည် ရှင်သန်ခြင်းဆုလာဘ်အဖြစ် 'ကောင်းကင်နှင့်မြေပြင်ပျက်စီးခြင်း' စွမ်းရည်ကို ရရှိခဲ့သည်။"

ခရမ်းရောင်တိမ်တိုက်နန်းတော်တွင်.... ကျန်းချန်ရှန်းက သတိပေးချက်ကို ကြည့်ပြီး သူ့နှုတ်ခမ်းထောင့်များ ကွေးကောက်သွားသည်။

တာအိုနှလုံးသားကိုယ်ပွား တိုက်ခိုက်တဲ့နေစဉ် တိုက်ပွဲကို စောင့်ကြည့်နေပြီး အဖိုးအိုရဲ့ စကားကို ကြားလိုက်သည်။

"မင်းရဲ့သခင်လေးကို ငါမသတ်နိုင်ဘူးလို့ မင်းပြောတယ်၊ အဲဒါအစား မင်းကိုသတ်လိုက်မယ်... မင်းကျေနပ်ရဲ့လား"

သူသည် ယုံကြည်မှုရှိသော်လည်း အရာအားလုံးကို လျှော့တွက်ရန် စိတ်မဝင်စားပေ။ မဟာကန္တရသိုင်းကမ္ဘာကို သူနှင့်အတူ မြှုပ်နှံမည်ဟု တဖက်လူက ပြောထားသောကြောင့် တိုင်ရှီးချန်ကို အသက်ရှင်လျက် အဆုံးအထိ တံဆိပ်ခတ်ထားမည်ဖြစ်သည်။

သူသည် ကောင်းကင်နှင့်မြေပြင် ဖျက်ဆီးခြင်းစွမ်းရည်နှင့်ပတ်သတ်သောအချင်အလက်များကို လက်ခံလိုက်သည်။

ကောင်းကင်နှင့်မြေပြင်ဖျက်ဆီးခြင်းစွမ်းရည်သည် ဖျက်ဆီးခြင်းဆိုင်ရာသိုင်းပညာအမျိုးအစားဖြစ်သည်။၎င်းသည် ကမ္ဘာ့မျက်နှာပြင်ကို ဖျက်ဆီးရန်အတွက်သာမက ကောင်းကင်နှင့်မြေပြင်၏ စည်းမျဉ်းများကိုပါ တစ်ပြိုင်နက်တည်း ဖျက်ဆီးပစ်နိုင်သည်။

ဘယ်လောက်ကြောက်စရာကောင်းတဲ့ စွမ်းရည်လဲ.....

၎င်းသည် အင်မော်တယ်အဆင့်နျူကလီးယားဗုံး သို့မဟုတ် ပြင်းထန်စွာ အဆင့်မြှင့်ထားသောဗားရှင်းတစ်ခုလို ခံစားရသည်။

နောက်ဆုံးတွင် တိုင်ရှီးချန် နှင့် တိုင်ရှီးဇီပေါင်တို့ နှစ်ဦးစလုံးက မူလကောင်းကင်အဓိပတိနယ်ပယ်တွင်ရှိကြသည်။ သူတို့ထံမှ ရရှိမည့် ရှင်သန်ခြင်းဆုလာဘ်များက အမှန်ပင် အားကောင်းသင့်သည်။

ကျန်းထျန်းမင်ပေါ်ရှိ ဆံချည်မျှင်ကို ကျန်းချန်ရှန်းက လွန်ခဲ့သော နှစ်အနည်းငယ်က သူ့အား ပေးအပ်ခဲ့ပြီး သူ၏ နောက်ဆုံးခွန်အားကို ကိုယ်စားပြုသည်။ ၎င်းသည် မြင့်မြတ်သောစွမ်းအားဖြင့် ပြုလုပ်ထားသော ကိုယ်ပွားတစ်ခုသာဖြစ်ခဲ့သော်လည်း၊မူလကောင်းကင်အဓိပတိနယ်ပယ်နှစ်ဉီးကို အလွယ်တကူ အနိုင်ယူနိုင်လောက်အောင် လုံလောက်ပါသည်။

All Chapters