← Chapters

အဆုံးစွန်သောသိုင်းပညာကျွမ်းကျင်မှု.... သိုင်းတာအိုမူလအစ

Vol. 24 Ch. 358

အဆုံးစွန်သောသိုင်းပညာကျွမ်းကျင်မှု.... သိုင်းတာအိုမူလအစ

Vol. 24 Ch. 358

ကောင်းကင်နှင့်မြေကြီးပျက်စီးခြင်းစွမ်းရည်ဆိုင်ရာ အချက်အလက်များကို အမွေဆက်ခံပြီးနောက် ချက်ချင်းမလေ့ကျင့်ခဲ့ပေ။

"တိုင်ရှီးချန် ဖိတ်ခေါ်နိုင်တဲ့ အပြင်းထန်ဆုံး ကျွမ်းကျင်သူက ဘယ်လောက် အစွမ်းထက်လဲ"

"လောလောဆယ်မှာ၊ စနစ်က တွက်ချက်လို့ မရပါ.... ပစ်မှတ်က စနစ်ရဲ့တိုင်းတာနိုင်တဲ့ အကွာအဝေးအတွင်း မရှိပါ..."

စမ်းကြည့်ချင်ရုံသပ်သပ်မို့

ကျန်းချန်ရှန်း စိတ်မပျက်ခဲ့ပေ။

သူသည် ကောင်းကင်နှင့်မြေပြင် ပျက်စီးခြင်းအကြောင်းကို စတင်လေ့လာခဲ့သည်။ မဟာကန္တရသိုင်းကမ္ဘာက ကျယ်ပြောလှသောကြောင့် ဤစွမ်းရည်ကိုလေ့ကျင့်ရန် နေရာများ အမြဲရှိပေလိမ့်မည်။

မဟာတာအို အသွင်ပြောင်းခြင်းနှင့်အတူ ကျန်းချန်ရှန်း ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခြင်းမပြုခဲ့လျှင်ပင် ရှင်သန်ခြင်းဆုလာဘ်ကို ရရှိရန် အခွင့်အရေးရှိမည်ဖြစ်သည်။ အခုအချိန်မှာတော့ အထက်ကမ္ဘာကလူတွေရောက်လာမည်ကို ပိုလို့တောင် မျှော်လင့်နေသည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် တိုက်ပွဲဝင်နေသောကြောင့် အားကောင်းနေပါက အကောင်းဆုံးဖြစ်မည်။

တင်းထျန်း၏ ၅၅ နှစ်မြောက် ဆောင်းဦးရာသီ၌.....

ကျန်းဇီယုက တော်ဝင်စာကြည့်ဆောင်၌ စစ်ဗိုလ်ချုပ်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ထိုဗိုလ်ချုပ်က တာအိုဘိုးဘေး၏ လုပ်ရပ်များကို စိတ်လှုပ်ရှားစွာ ပြန်ပြောပြနေပါသည်။

" တာအိုဘိုးဘေးက တကယ်ကို အစွမ်းထက်တယ်။ ရန်သူက ကောင်းကင်ကို ဖုံးလွှမ်းသွားတဲ့ သွေးအင်းဆက်တွေ အများကြီးကို ထိန်းချုပ်ထားပေမယ့် တာအိုဘိုးဘေးတွေရှေ့မှာတော့ သူတို့အစွမ်းအစက ပြောဖို့ မထိုက်တန်ဘူး!"

ထိုတိုက်ပွဲအကြောင်း ပြောနေရင်း ဗိုလ်ချုပ်က ရွှင်မြူးကခုန်နေတော့မလိုပင်.....

ကျန်းဇီယုကတော့ အံ့သြမနေပေ.. သူတို့ရဲ့ အထောက်အထားတွေကိုသာ သူ ပိုသိချင်လာသည်။

ပြီးတော့ သူ့သားက…အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်.....

ကျန်းချန်ရှန်းက ကျန်းရှန်ဟာ မရိုးရှင်းဘူးလို့ ပြောခဲ့ပေမယ့် သူ့မှာ ဒီလို အင်အားကြီးတဲ့ နောက်ခံရှိဖို့ မမျှော်လင့်ထားခဲ့ပေ။

သူသည် သူ့လူများကို သတင်းပိတ်ရန် ချက်ချင်း အမိန့်ပေးခဲ့သည်။ ကံကောင်းထောက်မစွာ၊ ဤတစ်ကြိမ်တွင် စေလွှတ်လိုက်သောသူများက ယုံကြည်ထိုက်သူဖြစ်သည်။

အမွှေးတိုင်စာခန့် အကြာ၌ ဗိုလ်ချုပ်ပြန်သွားပြီး အခန်းတွင်း၌ ကျန်းဇီယု တွေးတောနေရင်း ကျန်ရစ်ခဲ့သည်။

အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် ကိစ္စကို ဖော်ထုတ်ပြီးသည်နှင့် အဆုံးမရှိသော ဒုက္ခများကြုံတွေ့ရလိမ့်မည်။ သို့သော်လည်း ကျန်းရှန်က သူ၏ ပထမဆုံးသားဖြစ်ပြီး ကြီးပြင်းလာသည်ကို သူ စောင့်ကြည့်ခဲ့သည်။ ထို့အပြင်၊ အရင်ဘဝက ကျန်းရှန်၏နောက်ခံအကြောင်းကိုလည်း ဂရုမစိုက်ပေ။

ဘာပဲဖြစ်ဖြစ် သူ့အဖေက ကျန်းရှန်ကို ပြုစုစောင့်ရှောက်နေတာမို့ စိတ်ပူစရာ မလိုပေ။ သူရင်ဆိုင်ရမည့်ရန်သူက သူကိုင်တွယ်ဖြေရှင်းနိုင်သော အဆင့်လည်းမဟုတ်ပေ။

သူသေချာစဉ်းစားပြီးနောက် ကျန်းဇီယု လွတ်လွတ်လပ်လပ်ပြုံးလိုက်သည်။

ဒါပေမယ့် ဒီကိစ္စက သူ့ကို အကြံသစ်တစ်ခုပေးခဲ့သည်။

အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ကြောင့် အနာဂတ်တွင် ပြင်ပကမ္ဘာမှ လူများစွာကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး

ထျန်းကျင်းအတွက်လည်းအကျိုးရှိနိုင်သည်။

တစ်ချိန်တည်းမှာပင် ခရမ်းရောင်တိမ်တိုက်နန်းတော်၌.....

ကျန်းရှန်သည် ကျန်းချန်ရှန်း၏ရှေ့တွင် ရှုပ်ယှက်ခတ်နေသော ခံစားချက်ဖြင့် ထိုင်နေသည်။ အပြန်လမ်းတွင် ဟေးဟူထံမှတစ်ဆင့် အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်အကြောင်း ဒဏ္ဍာရီများစွာကို သင်ယူခဲ့သည်။

ကျန်းရှန်က ငယ်ငယ်ကတည်းက ကြင်နာတတ်တဲ့သူဖြစ်ပေသည်။ သတ်ဖြတ်ခြင်းကို သိသော်လည်း တိုင်းတစ်ပါးသားတို့ကိုသာ တိုက်ခိုက်ခဲ့ဖူးသည်။ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် အဖြစ် သူ့အထောက်အထားက သူ့နားလည်မှုကို သက်ရောက်မှုရှိခဲ့ပြီး ဒီအချိန်အတွင်းမှာ သူ့ကို စိတ်ရှုပ်ထွေးစေပြီး ကောင်းမွန်စွာ လေ့ကျင့်နိုင်ခြင်း မရှိခဲ့ပေ။

" ကောင်လေး.... မင်းဘာလို့စိတ်ညစ်နေတာလဲ... အပြင်မှာအနိုင်ကျင့်ခံခဲ့ရလို့လား...."

ပိုင်ချီက ခပ်တိုးတိုး လေသံနဲ့ ပြောလိုက်တော့ ကျန်းရှန်က သူ့ကိုကြည့်ကာ ထုတ်ဖော်မပြနိုင်သော ခါးသီးသောအပြုံးကို ထုတ်ဖော်လိုက်သည်။

ပိုင်ချီက.... “ဒါနဲ့ နင်က အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် မဟုတ်ဘူးလား....ငါကတော့ နင့်ကို အားကျနေလိုက်ရတာ...နင့်ရုပ်ကဘယ်လိုဖြစ်နေတာလဲ...နင်အရင်ဘဝက ဘာပဲလုပ်လုပ်၊ အနည်းဆုံးတော့ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ဆိုတဲ့ နင့်ရဲ့ကံကြမ္မာက နင့်ကို ခွန်အားပေးနိုင်တယ်..ဘယ်လောက်ပဲ သန်မာပါစေ စိတ်စေတနာကောင်း ကုသိုလ်ကောင်းမှုပြုရင် ကုသိုလ်ကောင်းမှုတွေရမယ်.... နင်ဘယ်လောက်ပဲ ပျော့ညံ့နေပါစေ စိတ်ဓာတ်မကောင်းရင် လူကောင်းမဖြစ်နိုင်ဘူး...."

ကျန်းရှန် ထိုစကားကိုကြားသောအခါ ဉာဏ်အလင်းရသွားသလိုပင်။

ကျန်းချန်ရှန်းက မျက်လုံးတွေကို ဖွင့်လိုက်ပြီး တိတ်တဆိတ် စူးစမ်းနေသည်။ ပိုင်ချီဆီမှာ ဒီလိုနားလည်မှုမျိုးရှိဖို့ သူ မမျှော်လင့်ထားပေ။

ပိုင်ချီက ဂုဏ်ယူစွာပြုံးပြီး.... "ဆရာတော်ကဘဝတလျှောက်လုံးမှာ လူဘယ်နှစ်ယောက်လောက် သတ်ခဲ့သလဲ သိလား....

ဒါပေမယ့် သူလည်း လူတွေကို ပိုအကျိုးပြုခဲ့တယ်....ချီယွမ်က စစ်ဆန့်ကျင်ရေးသဘောတရားကို ဟောပြောခဲ့တယ်၊ ဒါပေမယ့် သူ့တပည့်တွေကစစ်တိုက်နေကြတုန်းပဲ..."

စကားပြောလေလေ သူမ ပိုစိတ်လှုပ်ရှားလေလေပါပင်... အဓိကအားဖြင့် ကျန်းချန်ရှန်းက သူမကို စိုက်ကြည့်နေခြင်းကြောင့် အစွမ်းအစထုတ်ဖော်ပြသရန် အခွင့်အရေးရောက်လာပြီဟု ခံစားလိုက်ရသောကြောင့်ဖြစ်သည်။

ကျန်းချန်ရှန်းက သူမကို မတားခဲ့ပေ။ ကျန်းရှန်၏ အတွေးများကို သူ ခံစားနိုင်သည်။ အကြံဉာဏ်တွေကို နားထောင်နေရင်း တခါတလေ မေးခွန်းတွေ မေးနေတတ်သည်။

အချိန်အတော်ကြာပြီးနောက်....

ကျန်းရှန် အသက်ပြင်းပြင်းရှူပြီး ကျန်းချန်ရှန်းကို ကြည့်လိုက်ကာ.....

"အဘိုးက ကျွန်တော့်အရင်ဘဝက ဆိုးဝါးမှုတွေကို ဖြတ်တောက်ပစ်ချင်တာကြောင့် ကျန်းရှန်လို့ နာမည်ပေးခဲ့တယ်...ဒါကြောင့် ကျွန်တော်က ကျွန်တော်ပဲ....ကျွန်တော်က ကျန်းရှန်းပဲ......"

ကျန်းချန်ရှန်းက ပြုံးပြီး...... "မင်းစဉ်းစားပြီးသွားပြီပဲ.... ရှေ့လျှောက် ကောင်းကောင်းလေ့ကျင့်ပါ....မင်း အရင်ဘဝက အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ဖြစ်ပြီး မဟာရွှမ်းဟန်ကမ္ဘာကြီးကို ထိတ်လန့်စေခဲ့တယ်ဆိုပေမယ့် အခုဘဝမှာ ဒါတွေကိုမေ့ထားပြီး ကောင်းကင်တရားရုံးကိုယ်စား မသမာသူတွေကို နှိမ်နင်းပေးပါ...."

ကျန်းရှန် စိတ်လှုပ်ရှားနေပြီး ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။ သူက ကျန်းချန်ရှန်းကို ဦးညွှတ်ပြီး ပိုင်ချီ ကိုပါ ဦးညွှတ်ကာ ထွက်သွားလေတော့သည်။

သူထွက်သွားပြီးနောက် ကျန်းချန်ရှန်းက တိုင်ရှီးချန်ကို ထုတ်ယူလိုက်သည်။

ယခုအချိန်တွင် တိုင်ရှီးချန် ရေခဲထဲတွင် ပိတ်လှောင်ခံထားရသည်။ ရေခဲထဲမှာ အလုံပိတ်မခံရခင် သူ့ဒဏ်ရာတွေ သက်သာသွားပြီဖြစ်သည်။ ကျန်းချန်ရှန်း မူလက သူ့ကို မသတ်မီ အနှစ်တစ်ထောင်အကျဉ်းချထားခဲ့ချင်သော်လည်း ယခုတွင် နောက်ထပ် အတွေးတစ်ခုပေါ်လာသည်။

တိုင်ရှီးချန်၏စိတ်ကိုပြောင်းလဲရန် သူကြိုးစားသင့်ပါသလား.....

ကျန်းချန်ရှန်း မဟာတာအိုမျက်လုံးကို ဖွင့်ကာ တိုင်ရှီးချန်၏ မှတ်ဉာဏ်များကို ဖတ်ရှုခဲ့သည်။

ထိုအခါ အကန့်အသတ်မဲ့မှတ်ဉာဏ်များ ကျန်းချန်ရှန်း၏မျက်လုံးထဲသို့ ဒီရေကဲ့သို့ တိုးဝင်လာသည်။

တိုင်ရှီးကလန်သည် နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့သော ရှေးဟောင်း

မိသားစုတစ်ခုဖြစ်သည်။ ၎င်းတို့၏ မျိုးနွယ်စုတွင် နတ်ဘုရားလေးပါး ရှိသော်လည်း ၎င်းတို့ထက် ပိုမိုသန်မာသော ကလန်သားများလည်းရှိသည်။ တစ်ချိန်တည်းမှာပင် သွေးဆာနေသော အင်းဆက်မျှော်စင်ကို တည်ထောင်ခဲ့ကြသည်။ ပါရမီရှင်တိုင်းတွင် သွေးဆာနေသော အင်းဆက်မျှော်စင်ရှိကြသည်။ သွေးဆာနေသော အင်းဆက်ပိုးမွှားများ စုပ်ယူနိုင်စေရန် လတ်ဆတ်သော အသွေးအသားများကို မျှော်စင်ထဲတွင် သိုလှောင်ထားပြီး အင်းဆက်များက ၎င်းတို့ရရှိသော စွမ်းအားကို ပါရမီရှင်ထံ လွှဲပြောင်းပေးမည်ဖြစ်သည်။

တိုင်ရှီးချန်က သူ့ကံကြမ္မာကို ပြန်လည် ရယူနိုင်ရန်အတွက် အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ကို ဝါးမျိုဖို့ သွေးဆာနေသော အင်းဆက်များကို အသုံးပြုလိုခဲ့သည်။

သွေးဆာနေသော အင်းဆက်မျှော်စင်သည် မဟာရွှမ်းဟန်ကမ္ဘာကြီးရှိ အားကောင်းသည့် ကိုယ်ခံပညာဂိုဏ်းတစ်ခုလည်းဖြစ်ပြီး သိုင်းလောကတွင် မရေမတွက်နိုင်သော တပည့်များ ရှိခဲ့သည်။

မဟာရွှမ်းဟန်ကမ္ဘာကြီးတွင် မရေမတွက်နိုင်သော မျိုးနွယ်စုများရှိသဖြင့် တိုင်ရှီး

မျိုးနွယ်စုကို ပထမအဆင့် သတ်မှတ်၍မရပေ။ တိုင်ရှီးချန်၏မှတ်ဉာဏ်များတွင်၊ ကောင်းကင်မူလအဓိပတိနယ်ပယ်က အသန်မာဆုံးနယ်ပယ်မဟုတ်ပေ။ ကောင်းကင်မူလအဓိပတိနယ်ပယ်ကျွမ်းကျင်သူများကို တိုင်ရှီးကလန် ၏ အဓိကကျသူအဖြစ်သာ မှတ်ယူနိုင်သည်ဟုပင် ဆိုနိုင်သည်။

ကောင်းကင်နယ်ပယ် ပြီးနောက် သိုင်းဘုရင်နယ်ပယ်၊မဟာသူတော်စင်နယ်ပယ်

ကောင်းကင်နှင့် မြေပြင်ဧကရာဇ်နယ်ပယ် ၊တုနှိုင်းမဲ့နတ်ဘုရားနယ်ပယ်၊မူလ​ကောင်းကင်အဓိပတိနယ်ပယ်၊အတုမဲ့လေဟာနယ်နယ်ပယ်နှင့် သိုင်းတာအိုဝိဉာဉ်နယ်ပယ်တို့ရှိကြသည်။

တုနှိုင်းမဲ့နတ်ဘုရားနယ်ပယ်သို့ရောက်ရှိသည့်အခါ ကောင်းကင်နှင့်မြေပြင်၏ စည်းမျဉ်းများကို စတင်နားလည်လာလိမ့်မည်။မူလအစကောင်းကင်အဓိပတိ နယ်ပယ်ရှိသူများသည် ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားအချို့ကို ချေးငှား စုဆောင်းနိုင်သည်။ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားမြှင့်တင်မှုအောက်တွင် ၎င်းတို့၏ခွန်အား အဆမတန်တိုးလာမည်ဖြစ်သည်။

လူတစ်ဦးသာ အတုမဲ့လေဟာနယ်နယ်ပယ် သို့ရောက်ရှိသောအခါ၊ ၎င်းတို့၏ ခန္ဓာကိုယ်၏ အနှစ်သာရသည် ပြောင်းလဲသွားမည်ဖြစ်ပြီး၊ ၎င်းတို့၏ qi အစစ်အမှန်ချီဓာတ်က သိုင်းယွမ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး၊ ၎င်းတို့၏ ခန္ဓာကိုယ်ကလည်း လေဟာနယ်ခြင်း၏ စည်းမျဉ်းများကို နားလည်နိုင်ပြီး လေဟာနယ်ဖြစ်သွားမည်ဖြစ်သည်။

အထင်ရှားဆုံးအချက်မှာ အတုမဲ့လေဟာနယ်နယ်ပယ် ရှိသူများသာ လေဟာနယ်အဖြစ်သို့ ပြောင်းလဲနိုင်ပြီး သူတို့ရဲ့ နယ်ပယ်အောက်က လူတွေ သူတို့ကို လုံးဝမထိနိုင်တော့ပေ။ထို့အပြင် လေဟာနယ် နယ်မြေလွတ်ကိုလည်း ဖန်တီးနိုင်သည်ဟု ဆိုသည်။ တိုင်ရှီးချန်၏မှတ်ဉာဏ်တွင် တိကျသောအချက်အလက်များ မရှိပါ။ သို့သော် သူသည် တိုင်ရှီးကလန်ရှိ အတုမဲ့လေဟာနယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် အဆက်အသွယ်ရခဲ့သည်။ ဤနယ်ပယ်သို့ရောက်သောအခါ ၎င်းတို့ကို လေဟာနယ် ကျွမ်းကျင်သူများဟုလည်း ခေါ်ကြသည်။

အထက်ဖော်ပြပါ သိုင်းတာအို​ဝိဉာဉ်နယ်ပယ်ကတော့ တိုင်ရှီးကလန်ပင် မထိတွေ့နိုင်သောအရာဖြစ်သည်။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက သိုင်းတာအို​ဝိဉာဉ်နယ်ပယ်ရောက်မှ ပျောက်ကွယ်သွားသော ကျွမ်းကျင်ပညာရှင်တစ်ဦး ရှိခဲ့သည်။

လေဟာနယ်ကျွမ်းကျင်ပညာရှင်..

ကျန်းချန်ရှန်း အတိဒုက္ခကို မကျော်ဖြတ်မီတွင် ကောင်းကင်မြစ်ထက် ပိုကြီးမားပြီး နီမြန်းသော မျက်လုံးကြီးတစ်စုံကို တွေ့လိုက်ရသည်ကို ရုတ်တရက် သတိရမိသည်။

လေဟာနယ်ကျွမ်းကျင်သူများလား....မဟုတ်ဘူး...အဲ့ထက် ပိုတောင် အားကောင်းသေးတယ်.....

ကောင်းကင်မြစ်တစ်ခုလုံးထက် ပိုကြီးသော မျက်ဝန်းတစုံ.... ၎င်း၏နယ်ပယ်ကို စိတ်ကူးယဉ်ရန် ခက်ခဲသည်။

ကျန်းချန်ရှန်း အဆင့်တက်မည်ကို မထိတ်လန့်ပေ။ တိုင်ရှီးကလန်ကို သူသတိမပေးသရွေ့ အနှစ်တစ်ထောင်ကာလ ကုန်ဆုံးပြီးနောက် သူတို့ကို အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့သည်။

ကျန်းချန်ရှန်းက တိုင်ရှီးချန်၏ မှတ်ဉာဏ်များကို ဆက်လက်ဖတ်ရှုခဲ့သည်။

တိုင်ရှီးကလန်သည် တစ်ချိန်က ယဲ့ကလန်၏ လက်အောက်ခံမျိုးနွယ်ဖြစ်သည်။ တိုင်ရှီးချန်၏မှတ်ဉာဏ်များထဲတွင် ယဲ့ရှန်ခုံးဟုခေါ်သောလူကိုတွေ့ခဲ့သည်။ အဆုံးမရှိသော နတ်ဆိုးများ ဝိုင်းရံထားသော တိုင်ရှီးကလန်တွင်၊ယဲ့ရှန်ခုံးက တောက်ပသော နေရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး အကူအညီပေးရန် ရောက်ရှိလာသည်။ သူက လေဟယာနယ်ကို လက်သီးဖြင့် ဖြိုခွဲလိုက်ရာ နတ်ဆိုးများအားလုံးကို အာကာသ လှိုင်းထန်မှုထဲသို့ တွန်းပို့ကာ ၎င်းတို့၏ ခန္ဓာကိုယ်များကို ပြာအဖြစ် စုတ်ပြဲသွားစေခဲ့သည်။

အရမ်းအစွမ်းထက်လွန်းတယ်....

ကွဲအက်နေသော လေဟာနယ် ဧရိယာက မဟာကန္တရသိုင်းကမ္ဘာ တစ်ခုလုံးထက်ပင် ကြီးမားသည်။

နောက်ပိုင်းတွင် ယဲ့ရှန်ခုံးက သိုင်းနတ်ဘုရားနယ်ပယ်သို့ တစ်ယောက်တည်း ဝင်ရောက်ခဲ့ကြောင်း ကြားသိရသည်။

သူတယောက်တည်းနှင့် သိုင်းနတ်ဘုရားနယ်ပယ်တခုလုံးကို ကမောက်ကမဖြစ်စေခဲ့သည်။ နောက်ပိုင်းတွင်၊ နတ်သိုင်းနယ်ပယ်က ယဲ့ရှန်ခုံးကို ကွပ်မျက်ရန် အမိန့်ပေးခဲ့ပြီး နတ်ဘုရားများအပါအဝင် နတ်ဘုရားသိုင်းနယ်ပယ်ရှိ ယဲ့ကလန်သားများ၏ရာထူးအားလုံးကို ဖယ်ရှားခဲ့သည်။ ယင်းကြောင့် ယဲ့ကလန် ဆုတ်ယုတ်သွားခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့သည် အခြားအင်အားကြီးမျိုးနွယ်စုများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး လုံးဝပြိုလဲသွားခဲ့သည်။

တိုင်ရှီးချန်၏ မှတ်ဉာဏ်များက အလွန်များပြားလှသည်။ တကယ်တော့ ဒီလူဟာ အနှစ်တစ်သောင်းကျော်နေထိုင်ခဲ့ပြီး ကျန်းချန်ရှန်းအဖို့ သူ့မှတ်ဉာဏ်တွေကို ​​ဖတ်ရခက်နေသည်။

တိုင်ရှီးချန်၏မှတ်ဉာဏ်များအားလုံးကို လုံးဝပြောင်းလဲပစ်ရန် ရှုပ်ထွေးလွန်းသောကြောင့် သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။

သို့သော် တိုင်ရှီးချန်မှတဆင့် ကျန်းချန်ရှန်း အရာများစွာကို နားလည်ခဲ့ရသည်။

တိုင်ရှီးချန်ကို မသတ်ခဲ့မိတာ ကံကောင်းလှပေသည်။

ကျန်းချန်ရှန်း မျက်လုံးကိုဖွင့်၍ ခရမ်းရောင်တိမ်တိုက်နန်းတော်၏ထောင့်တွင် တိုင်ရှီးချန်ကို ရေခဲပန်းပုရုပ်အဖြစ်ထားရှိလိုက်သည်။

ပိုင်ချီက တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေခဲ့ပြီး ဆက်မမေးရဲပေ။

တိုင်ရှီးချန်၏သွေးချီဓာတ်က အေးခဲခြင်းမခံရမီ အလွန်အားကောင်းနေပြီဖြစ်သည်။ထို့ကြောင့် ထိုသို့သော ဖြစ်တည်မှုကို နှိုးဆွရန် မတတ်နိုင်ပေ။

“ရှေးဟောင်းဂိုဏ်းတွေ…”

တိုင်ရှီးချန်၏မှတ်ဉာဏ်အရ ထိုအမည်သည် မဟာရွှမ်းဟန်ကမ္ဘာကြီးတွင်အကြီးကျယ်ဆုံးတားမြစ်ချက်ဖြစ်သည်။

ရှေးဟောင်းဂိုဏ်းများက သိုင်းပညာခေတ်မတိုင်မီကတည်းက အာဏာရရှိရန် တည်ရှိခဲ့သည်ဟု ဆိုကြသည်။ ၎င်းတို့ကို သိုင်းနတ်ဘုရားနယ်မြေတွင် တားမြစ်ချက်များအဖြစ် သတ်မှတ်ခြင်းခံရသည်။ ရှေးဟောင်းဂိုဏ်းများနှင့် ပတ်သက်သူ မည်သူမဆို သနားခြင်းမရှိဘဲ သတ်ဖြတ်ခြင်း ခံရလိမ့်မည်။

ရှေးဟောင်းဂိုဏ်းများက ရှေးဟောင်းသိုင်းပညာများကို လိုက်စားကြသည်။ထိုရှေးဟောင်းသိုင်းပညာများက ကျင့်ကြံ​ခြင်းများလားဟုပင် တွေးမိသည်။

ကျန်းချန်ရှန်း ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်သည်။ သိုင်းလောကရှိ ကမ္ဘာဉီးမူလကျောက်စာက လိုချင်သောလေ့ကျင့်မှုစနစ်ကို ဖန်တီးနိုင်သော်လည်း အထက်ကမ္ဘာမှ သိုင်းပညာနှင့် မလိုက်လျောညီထွေရှိသော စနစ်များကို သည်းမခံနိုင်ပေ။

ဒါက ငါးစာမဟုတ်ဘူးလား?

အခြားသိုင်းပညာများကိုဖန်တီးဖို့ ကမ္ဘာဉီးမူလကျောက်စာကိုအသုံးပြုသူမည်သူမဆို သိုင်းနတ်ဘုရားနယ်မြေမှရှာဖွေတွေ့ရှိပြီး ဖျက်ဆီးခံရမည်မှာ သေချာပါသည်။ နောက်ဆုံးတွင်၊ သိုင်းလောကများကို သိုင်းနတ်ဘုရားနယ်မြေက ထိန်းချုပ်ထားသည်မဟုတ်လော....

ဒီအကြောင်း များများတွေးလေ၊ ဖြစ်နိုင်ချေကို ပိုခံစားရလေလေဖြစ်သည်။

သူ့မှတ်ဥာဏ်ထဲမှာ သိုင်းလောကအကြောင်း မရေမတွက်နိုင်အောင် သင်ယူခဲ့ရသည်။ ကမ္ဘာသုံးထောင်ဆိုသည်မှာ ယေဘူယျဝေါဟာရတစ်ခုသာဖြစ်သည်။ အောက်ခြေသိုင်းလောကကမဟာရွှမ်းဟန်ကမ္ဘာကြီးအတွက် ဘာမှမဟုတ်ပေ။ ပြစ်မှု ထင်ရှားသရွေ့ကောင်းကင် ပြစ်ဒဏ်က တိုက်ရိုက်ဆင်းသက်လာပြီး ကမ္ဘာတစ်ခုလုံးကိုဖျက်ဆီးပစ်လိမ့်မည်။

“ အဆင့်တက်ဖို့အချိန်တွေကို အကောင်းဆုံး အသုံးချဖို့ လိုနေပြီ.... အနှစ်တစ်ထောင်ကာလ မရောက်လာခင် နောက်တစ်ဆင့်ကို ဖြတ်ကျော်ရမှာပေါ့။”

မဟာရွှမ်းဟန်ကမ္ဘာကြီးက ကျယ်ပြောပြီး အကန့်အသတ်မရှိသည်ကို သူသိထားပြီးဖြစ်သည်။ ကျယ်ပြောလှသောကြောင့် နတ်ဘုရားသိုင်းလောကက နယ်မြေအားလုံးကို မစောင့်ကြပ်နိုင်ပေ။

ထိုအချိန်တွင်၊ သူသည် မဟာကန္တရသိုင်းကမ္ဘာကို အဝေးသို့ ရွှေ့ပစ်လိုက်သည်။

ဒီလိုလုပ်ချင်ရင် ပိုသန်မာရမယ်.....

အနည်းဆုံးတော့၊ သူသည် မဟာကန္တရသိုင်းကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ပြီး မဟာရွှမ်းဟန်ကမ္ဘာကြီးသို့ ဝင်ရောက်ရန် အားကိုးရလောက်အောင် အစွမ်းထက်သူ ဖြစ်ရမည်။

ကျန်းချန်ရှန် ထိုနေ့ကို စောင့်မျှော်နေကာ မျက်စိမှိတ်ပြီး ဆက်လက်ကျင့်ကြံခဲ့သည်။

ဒါ​ပေမယ့်​ ဒီလိုလုပ်​ဖို့ သူအရင်​ဆုံး တာအိုကျင့်စဉ်၏ အဆင့်​ 11သို့ ရောက်ရမည်။

ဘေးမှာ လဲလျောင်းနေတဲ့ ပိုင်ချီက သူ့အမူအရာ အပြောင်းအလဲကို သတိပြုမိပြီး တိတ်တဆိတ် သိချင်နေ၏.. "ဆရာတော် တစ်နေ့လုံး ဘာတွေ တွေးနေတာလဲ၊ သူ့မှာ သာမန်လူသားတစ်ယောက်ရဲ့ အလိုဆန္ဒတွေ မရှိဘူးလား"

All Chapters