အင်မော်တယ်ဖြစ်လာရန် အရည်အချင်းများ.....
Vol. 24 Ch. 359
တိုင်ရှီးချန်မှတဆင့် မဟာရွှမ်းဟန်ကမ္ဘာကြီးအကြောင်း သင်ယူပြီးကတည်းက ကောင်းကင်နန်းတော်အား သိုင်းလောကတွင် လေ့ကျင့်ခြင်းထက် ကာကွယ်ခြင်းကိုဉီးစားပေးရန် ကျန်းချန်ရှန်း အမိန့်ပေးခဲ့သည်။
ကောင်းကင်သခင်သုံးပါးက ထျန်းကျင်း ကို စောင့်ကြည့်နေသဖြင့် တစ်ခုခုဖြစ်မည်ကို စိုးရိမ်ခြင်းမရှိပေ။
အချိန်သည် လွန်းပျံယာဉ်ကဲ့သို့ လျင်မြန်စွာရွေ့လျားသွားသည်။
ကျန်းချန်ရှန်း အချိန်အတော်ကြာအောင် တံခါးပိတ်ကျင့်ကြံနေပြန်သည်။
မုလင်းလော့ ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်း အကြိမ်ကြိမ် ဝင်ထွက်သွားလာခဲ့သည်။ ပိုင်ချီ နှင့် ပိုင်လုံတို့က နန်းတော်တဝိုက်တွင် လှုပ်ရှားနေကြသော်လည်း ကျန်းချန်ရှန်းကတော့ မလှုပ်ဘဲ တရားထိုင်နေလေသည်။
သိုင်းကမ္ဘာများမှ ၎င်းတို့၏လူများကို မဟာကန္တရသို့ ပိုမိုစေလွှတ်လာကြသည်။
ထျန်းကျင်းက ကြက်သွေးရောင်ကောင်းကင်သိုင်းကမ္ဘာမှစစ်သားများစွာကို ဖိနှိပ်ထားသော်လည်း၊ ၎င်းသည် မကြုံစဖူးသော ကာလရှည်စစ်ပွဲကို တွန်းအားပေးခဲ့သည်။
ကောင်းကင်သခင်သုံးပါးနှင့် သူတော်စင်လေးပါး၏ ထိန်းချုပ်မှုအောက်တွင်၊ ကောင်းကင်တရားရုံးက တန်ခိုးကြီးသောရန်သူများကို အဆုံးမရှိအောင်နိုင်ခဲ့သည်။ ဟေးဟူနှင့် တိချန် ၏အမည်များ ကမ္ဘာတစ်ဝှမ်းတွင် ကျော်ကြားခဲ့ပြီး ကောင်းကင်တရားရုံး၏ စစ်နတ်ဘုရားနှစ်ပါးက တွန်းလှန်မရနိုင်ကြောင်း လူတိုင်းသိကြသည်။
မဟာကန္တရတွင်.......
သစ်တောများက မြင့်မားသော တောင်တန်းများကြားတွင် လှုပ်ယမ်းနေသည်။ မရေမတွက်နိုင်သော နတ်ဆိုးသားရဲများ တောင်ပေါ်တောထဲတွင် ပြေးသွားကာ ၎င်းတို့အားလုံး လမ်းကြောင်းတစ်ခုကိုဉီးတည်ပြေးလွှားနေသဖြင့်
ဖုန်မှုန့်များ လွင့်ထွက်လာကြသည်။
နတ်ဆိုးသားရဲများက အရပ်မျက်နှာပေါင်းစုံမှ တောင်တန်းများကြားရှိ မြေပြင်ကျယ်ဆီသို့ ခုန်ဆင်းသွားကြသည်။ အရွယ်အစားအမျိုးမျိုးနှင့် မျိုးနွယ်အမျိုးမျိုးရှိသည့် နတ်ဆိုး အများအပြား ထိုနေရာတွင် စုရုံးခဲ့ကြသည်။
သူတို့အားလုံး မြေပြင်ပေါ်တွင် ဝပ်တွားကာ သူတို့ရှေ့က ချောက်ကမ်းပါးပေါ်ရှိ ရုပ်သဏ္ဍာန်နှစ်ခုကို ကြည့်နေကြသည်။ ထိုသူတို့က တောက်လောင်နေသော နေရောင်ခြည်ကျောပေးထားသဖြင့် သူတို့၏ အမူအရာများကို သဲကွဲစွာမမြင်နိုင်ပေ။
၎င်းတို့သည် လူနှင့်တူသော ကိုယ်ဟန်အနေအထားရှိသော ထွားကျိုင်းသော အမျိုးသားနှစ်ဦးဖြစ်သော်လည်း ကြောင်တစ်ကောင်၏ ဝိသေသလက္ခဏာများကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ ၎င်းတို့မှာ ဟွမ်းထျန်းနှင့် ဟေးထျန်းတို့ဖြစ်သည်။ သူတို့၏အမွှေးအမျှင်များက အလွန်ရှည်လျားပြီး ခြင်္သေ့များနှင့်တူသည်။ သူတို့မျက်နှာတွေက ဆင်တူပေမယ့် ကျန်းချန်ရှန်းနဲ့ ပို၍ဆင်တူသည်။ သူတို့၏လည်ပင်းများကို သားမွေးများဖြင့် ဖုံးအုပ်ထားပြီး တိရစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသည့် ၀တ်ရုံကြီးများကို ၀တ်ဆင်ထားသည်။
နှစ်များစွာကြာပြီးနောက်၊ အထူးသဖြင့် ဟွမ်းထျန်းက ပိုမိုတည်ငြိမ်လာကာ သူ့မျက်နှာမှာ အမာရွတ်တွေနဲ့ ဖုံးလွှမ်းနေပြီး အကြည့်တွေက အေးစက်နေသည်။
အချိန်အတော်ကြာပြီးနောက် အရာအားလုံးငြိမ်သက်သွားသောအခါ ဟွမ်းထျန်းနှင့် ဟေးထျန်းတို့က အောက်ကိုငုံ့ကြည့်လိုက်သည်။ တောင်တစ်ခုလုံး နတ်ဆိုးများနှင့် ပြည့်နှက်နေပြီး သစ်ပင်တွေပေါ်မှာတောင် နတ်ဆိုးသားရဲတွေနဲ့ ပြည့်နှက်နေသည်။
သိုးတပိုင်း နတ်ဆိုးသားရဲအိုကြီးတစ်ဦးက ......“နတ်ဆိုးသားရဲဘုရင်များ အသက်ရှည်ပါစေ” ဟုကြွေးကျော်လိုက်သည်။
သူပြောပြီးသည်နှင့် နတ်ဆိုးသားရဲများ အားလုံး တညီတညွတ်တည်း ကြွေးကြော်ကြကာ လူ့ဘာသာစကား မပြောနိုင်သော နတ်ဆိုးသားရဲများက ဟိန်းဟောက်ကြသည်။
"နတ်ဆိုးသားရဲဘုရင်များ သက်တော်ရာကျော်ပါစေ"
"နတ်ဆိုးသားရဲဘုရင်များ သက်တော်ရာကျော်ပါစေ"
မြေပြင်အက်ကွဲလောက်သော ဟိန်းဟောက်သံများကိုကြားတော့ ဟေးထျန်း စိတ်ခံစားမှုများ မြင့်တက်လာကာ ဟွမ်းထျန်းကိုကြည့်ပြီး "အစ်ကို...ငါတို့အောင်မြင်ပြီ!"
ဟွမ်းထျန်းရဲ့ အမူအရာက တည်ငြိမ်အေးဆေးပြီး..... "လုံလောက်ပါတယ်ကွာ၊ ဒီအင်အားနည်းနည်းက ရာထူးကြီးအတွက် တိုက်ပွဲဝင်ဖို့ မလုံလောက်ပါဘူး"
ဟေးထျန်းက သက်ပြင်းချလိုက်ပြီး " ရွေးချယ်စရာမရှိတော့ဘူးလေ.... ငါတို့က အရမ်းငယ်သေးတယ်..."
"ငယ်သေးတယ်...? ထျန်းကျင်းက ကျန်းထျန်းမင်နဲ့ကျန်းဇီယုတို့တောင် မဟာသူတော်စင်နယ်ပယ်ရောက်နေပြီကွ..."
“ သူတို့က ဆရာတော်ရဲ့ မျိုးဆက်တွေမို့ လက်ခံလို့ရတယ်လေ....”
"ဟမ့် ငါတို့က ကိုယ့်ကို ဧကရာဇ်အဖြစ် ကြေငြာပြီးပြီ၊ ငါတို့ ဘယ်လိုနောက်ဆုတ်နိုင်မှာလဲ..."
ဟွမ်းထျန်းက ဟေးထျန်းကို စိုက်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။ ဟေးထျန်း အရမ်းထိတ်လန့်သွားပြီး တခြားဘာမှ မပြောရဲတော့ပေ။
ကောင်းကင်တရားရုံး၏သတင်းများကို သူတို့နားထောင်ပြီး ထျန်းကျင်းက ပိုအားကောင်းလာပြီး သူတို့သခင်က သူတို့ကို စောင့်ကြည့်နေနိုင်တယ်ဆိုတာ သိတာကြောင့် ပြင်းပြင်းထန်ထန်ကြိုးစားပြီး သက်သေပြချင်နေကြသည်။
“မဟာကန္တရရဲ့ အနောက်ဘက်ခြမ်းကို သွားကြစို့။”
ဟွမ်းထျန်းက ကျယ်လောင်စွာ အော်လိုက်သည်။ ထို့နောက် ရုတ်တရက် မိုးကုတ်စက်ဝိုင်းဆီသို့ ပျံသန်းသွားခဲ့သည်။ ဟေးထျန်း နဲ့ နတ်ဆိုးစစ်တပ်က သူ့နောက်ကို ချက်ချင်းနောက်ကလိုက်သွားကြသည်။
ထျန်းကျင်း အားကောင်းလာသည်နှင့်အမျှမဟာကန္တရ၏ တောင်ပိုင်းဒေသများရှိ ရည်မှန်းချက်ကြီးသော မျိုးနွယ်စုများသည် ထျန်းကျင်းမှ ထွက်ခွာရန်နှင့် ဝေးဝေးတွင်နေရန် ရွေးချယ်စရာလမ်းမရှိတော့ပေ။ ဟွမ်းထျန်းရဲ့ နတ်ဆိုးမျိုးနွယ်မှာလည်း အလားတူပင်...
ခပ်ဝေးဝေးတွင်၊ အသက်အရွယ်ကြီးရင့်သော အသွင်အပြင်ရှိသော မျက်နှာတစ်ခု တောင်နံရံပေါ်တွင် ရုတ်တရက် ပေါ်လာသည်။ “ဒီနတ်ဆိုးနှစ်ကောင်ရဲ့ အရေးကြီးတဲ့အချက်ကို ငါတကယ်မသိရသေးဘူး...ထားလိုက်ပါတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ထွက်သွားပြီပဲ... ငါ တိုင်တောင်သခင် သတင်းပို့ပြီး ကောင်းကင်နတ်ဘုရားဆီ အကြောင်းကြားခိုင်းရမယ်...."
သူပြောပြီးသည်နှင့် တပြိုင်နက် သူ့မျက်နှက တောင်နံရံနှင့် ဖြည်းညှင်းစွာ ပေါင်းစပ်သွားသည်။
မုလင်းလော့ ခရမ်းရောင်တိမ်တိုက်နန်းတော်ထဲသို့ ရောက်လာတော့ ကျန်းချန်ရှန်းတရားထိုင်နေဆဲပင်။ထို့ကြောင့် သူမ ပိုင်ချီထံရောက်လာပြီး "သူမျက်လုံးမဖွင့်သေးဘူးလား" ဟုမေးလိုက်သည်။
ပိုင်ချီက ပျင်းရိစွာအကြောဆန့်လိုက်ပြီး.... "ဟုတ်တယ်....ဆရာတော်က အဆင့်တက်တော့မယ်ထင်တယ်...."
မုလင်းလော့က ကျန်းချန်ရှန်းကိုကြည့်ကာ စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
ဒီလူရဲ့တိုးတက်နှုန်းက မွန်းစတားဆန်လိုက်တာ......
အနည်းငယ် စိတ်ခံစားမှု ခံစားရပြီးနောက် မုလင်းလော့၏ နှလုံးသားသည် လုံခြုံသည့်ခံစားချက်တို့ဖြင့် ပြည့်နှက်သွားသည်။ သူမတင်မကဘဲ ကောင်းကင်တရားရုံးတစ်ခုလုံးလည်း အတူတူပင်.... တာအိုဘိုးဘေး တည်ရှိနေသဖြင့် မည်သူကိုမျှ မကြောက်ကြပေ။
"လူ့လောကထဲမှာ ဘယ်နှစ်နှစ်ရှိပြီလဲ" ပိုင်ချီ မေးလိုက်တော့ မုလင်းလော့က ထိုင်ချလိုက်ပြီး "အနှစ် ၄၀....ထျန်းကျင်းမှာက တင်းထျန်းခေတ်ရဲ့ ၉၅ နှစ်ကို ရောက်နေပြီ...."
ပိုင်ချီ စကားပြောခါနီးမှာ ရင်းနှီးတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။ “အနှစ် ၄၀ ရှိပြီလား... မြန်လိုက်တာ၊ ငါ အိပ်ပြီး အိပ်မက်မက်နေသလို ခံစားရတယ်......”
ပိုင်ချီ နဲ့ မုလင်းလော့ လှည့်ကြည့်လိုက်တော့ ကျန်းချန်ရှန်းက မျက်လုံးဖွင့်ပြီး အကြော ဆန့်တန်းနေတာကို တွေ့လိုက်ရသည်။
"အစ်ကိုချန်ရှန်း.... နောက်ဆုံးတော့ နိုးလာပြီပေါ့.....ရှင် အဆင့်တက်တော့မှာလား...."
မုလင်းလော့က ကျန်းချန်ရှန်း၏ နံဘေးသို့ရောက်လာပြီး ဝမ်းသာအားရ မေးလိုက်သည်။
ကျန်းချန်ရှန်းက ပြုံးပြီး "ဟုတ်တယ်၊ မကြာခင်အဆင့်တက်တော့မှာ...."
တံခါးပိတ်ကျင့်ကြံပြီးနောက်တွင် သူ၏ မှော်စွမ်းအင်များ မတိုးနိုင်တော့ကြောင်း သူသဘောပေါက်ခဲ့သည်။ ကန့်သတ်ချက်သို့ ရောက်နေပြီဖြစ်သည်။ ထို့အပြင် သူ၏ တာအိုသစ်သီးသည်လည်း ကန့်သတ်ချက်သို့ ရောက်ရှိလာပြီး မပြောင်းလဲနိုင်တော့ပေ။ တစ်ဆို့နေသည့်ပုံပေါက်နေပြီဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံနည်းတခု သူ့စိတ်ထဲတွင် ပေါ်လာသည်။
တာအိုကျင့်စဉ်က သဘာဝအတိုင်း နားမလည်နိုင်သော အရာဖြစ်သည်။ သူ၏ ကျင့်ကြံမှုတိုးတက်လာသည်နှင့်အမျှ ၎င်းသည် ပိုမိုလေးနက်သော စိတ်ပိုင်းဆိုင်ရာ ကျင််ကြံနည်းများကို စဉ်ဆက်မပြတ် ထုတ်ပြန်နိုင်မည်ဖြစ်သည်။ ဆက်လက်ကျင့်ကြံနေမည်ဆိုလျှင် အဆင့်တက်ဖို့သိပ်ကြာမည်မဟုတ်ပေ။
ထိုမတိုင်မီက ကောင်းကင်နှင့် ကမ္ဘာမြေပျက်စီးခြင်းစွမ်းရည်ကို လေ့ကျင့်ရန် စီစဉ်ထားသည်။အဆင့်တက်ခြင်းက အထက်ကမ္ဘာ၏ အာရုံကို စွဲဆောင်လာပါက၊ ကောင်းကင်နှင့် မြေပြင် ပျက်စီးခြင်းစွမ်းရည်ကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်ကျွမ်းထားပါက အဟန့်အတားရနိုင်သည်ဟု ယူဆနိုင်မည်။
ကျန်းချန်ရှန်း လူ့လောကတွင် ကျင်လည်ရန် ဆုံးဖြတ်ခဲ့သည်။
မုလင်းလော့နှင့် းပိုင်ချီ တို့က သူ သေမျိုးကမ္ဘာသို့ ဆင်းသက်တော့မည်ကို သိရှိသောအခါတွင် သူတို့လည်း သူ့နောက်လိုက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ခဲ့ကြသည်။ ဒါပေမယ့် ကျန်းချန်ရှန်းက ငြင်းဆိုခဲ့ပြီး သူတို့ဘာသာ လေ့ကျင့်ဖို့သာပြောခဲ့သည်။
ကျန်းချန်ရှန်း ထိုနေရာမှာ ပျောက်ကွယ်သွားပြီး ကိုယ်ပွားကို မချန်ထားခဲ့ပေ။ ယခုအချိန်တွင်၊ မဟာကန္တရသိုင်းကမ္ဘာက သူ့ထိန်းချုပ်မှုအတွင်း၌ရှိနေပြီး မုလင်းလော့နှင့် ပိုင်ချီတို့အပေါ်တွင် မဟာတာအို အသွင်ပြောင်းမှုဖြင့် ဖန်တီးထားသော ဆံပင်များရှိနေသေးသဖြင့် ၎င်းတို့လုံခြုံနေလိမ့်မည်။
ခဏအကြာတွင်.....
ကျန်းချန်ရှန်း လူသူကင်းမဲ့သော တောင်ပေါ်သို့ ရောက်ရှိလာပြီး ကောင်းကင်နှင့် မြေပြင် ဖျက်ဆီးခြင်းစွမ်းရည်ကို စတင်လေ့ကျင့်ခဲ့သည်။ လုံးဝ ကျွမ်းကျင်ဖို့ မလိုပါဘဲ ၎င်းကို အသက်သွင်းရာတွင် ကျွမ်းကျင်ရန်သာ လိုအပ်သည်။
လျှို့ဝှက်ဆန်းကြယ်သော နန်းတော်ထဲတွင်......
နတ်ဘုရားဇီဟွမ်း မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ၊ မဟာကန္တရသိုင်းကမ္ဘာမှာ တစ်ခုခုဖြစ်သွားတာလား"
သူမ မဟာကန္တရသိုင်းကမ္ဘာကို သိမ်းပိုက်ပြီးနောက် သူမ၏ ကံကြမ္မာသည်လည်း ၎င်းနှင့် ပေါင်းစည်းခဲ့သည်။ ထို့ကြောင့်၊ သူမ ဤကမ္ဘာပေါ်ရှိ ကောင်းကင်နှင့်မြေပြင်၏ ကံတရားကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။
မကြာသေးမီက ဧရိယာတစ်ခုရှိ ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားများ ပျောက်ကွယ်သွားခဲ့သည်။ သူမ ကွာခြားချက်ကို ခံစားနိုင်သော်လည်း ၎င်းကို မရှင်းပြနိုင်ပေ။ ယခုတော့ သိုင်းကမ္ဘာ ပြိုင်ပွဲကြောင့် အောက်ကမ္ဘာကို မသွားနိုင်သေးပေ။ "ဒီကောင်တွေ တာအိုဘိုးဘေးနဲ့တိုက်ခိုက်နေကြတာလား...."
ယခုချိန်တွင် သူမသည် မည်သည့်ဘက်မှ ပံ့ပိုးရမည်ကို မသိဘဲ ဝေခွဲမရပေ။ တာအိုဘိုးဘေး ကိုသတ်ခဲ့လျှင် မဟာကန္တရသိုင်းကမ္ဘာ ပျောက်ကွယ်သွားလိမ့်မည်မှာ သေချာပါသည်။ တာအိုဘိုးဘေး အနိုင်ရရင် တာအိုဘိုးဘေးနဲ့ ရှေးဟောင်းဂိုဏ်းတွေကြောင့် တကယ်ပဲ ဒုက္ခဖြစ်မှာကို စိုးရိမ်ရပြန်သည်။
ဒီအကြောင်းကို များများတွေးလေ ခေါင်းကိုက်လေလေပင်.....
“မျှော်လင့်ထားတဲ့အတိုင်း ဘိုးဘေးတွေပြောခဲ့တာ မှန်တယ်.... လူတစ်ယောက်က လောဘ ကြီးလွန်းရင် အဆုံးမဲ့ ဒုက္ခတွေနဲ့ရင်ဆိုင်ရလိမ့်မယ်...."
နတ်ဘုရားဇီဟွမ်း သက်ပြင်းချလိုက်သည်။ ထို့နောက် သူမ မဟာကန္တရသိုင်းကမ္ဘာအကြောင်း တွေးမနေတော့ဘဲ သူမ၏ လေ့ကျင့်မှုကိုသာ အာရုံစိုက်ခဲ့သည်။
သူတို့ရဲ့ နယ်ပယ် မြင့်မားလေလေ လေ့ကျင့်ရေး အတွက် အချိန်ပိုပေးရ
လေလေပင်.... ဘာကြောင့်လဲဆိုတော့ သူတို့ တိုးတက်ချင်ရင် အရင်ကထက် ပိုကြာလိမ့်မည်။ ထို့ပြင် သူတို့အားလုံး မသေချင်ကြပေ။ သူတို့၏ တစ်ခုတည်းသော ဆန္ဒမှာ သက်တမ်းဆက်လက် တိုးလာစေရန်အတွက် ဖြစ်သည်။
ကျန်းချန်ရှန်း ချောက်ကမ်းပါးပေါ်သို့ ဆင်းသက်လာပြီး ယင်ယန်တာအိုဝတ်စုံ အနည်းငယ် တဖျပ်ဖျပ်လွင့်သွားကာ တုနှိုင်းမဲ့ယန်အလင်းတန်းများ သူ့ဉီးခေါင်းနောက်တွင် ဖြာထွက်နေသည်။ သူ ရှေ့ကို လှမ်းကြည့်လိုက်သည်နှင့် ပြုံးလိုက်မိသည်။
သူ့ရှေ့မှာ အနက်ရောင်အလင်းလုံးကြီးတစ်ခု ပေါ်လာကာ အချင်းမိုင်တစ်ရာကျော်ရှိပြီး အရပ်မျက်နှာတိုင်းရှိ တောင်တန်းများထက် ပိုမြင့်သည်။ ဂရုတစိုက်ကြည့်လျှင် အနက်ရောင်အလင်းလုံးမဟုတ်ကြောင်း သတိပြုမိပါလိမ့်မည်။
ကျန်းချန်ရှန်း လက်ရှိတွင် ကောင်းကင်နှင့်မြေပြင်ဖျက်စီးခြင်းစွမ်းရည်ကို အသုံးပြုခြင်း၏ အကျိုးဆက်များကို စောင့်ကြည့်နေပါသည်။
ဤအရာ မဟာကန္တရသိုင်းကမ္ဘာကို ဖြတ်ကျော်သွားသည်ဟု ယူဆနိုင်ပါသလား.....
သူ၏ဝိညာဉ်စိတ်ဆန္ဒဖြင့် စူးစမ်းလေ့လာခဲ့ရာ အလင်းလုံးထဲသို့ လုံးဝမစိမ့်ဝင်နိုင်ကြောင်း တွေ့ရှိခဲ့သည်။
ထိုမှသာလျှင် ကျန်းချန်ရှန်း ကောင်းကင်နှင့်မြေပြင် ဖျက်ဆီးခြင်းစွမ်းရည်ကို လျှော့တွက်ထားကြောင်း သဘောပေါက်လာသည်။
အခုချိန်မှာတော့ မြေပြင်က သူ့အလိုလို ကုစားနိုင်မလား..... နောက်ဆုံးတွင်၊ သူသည် သိုင်းလောကတစ်ခုလုံးမဟုတ်ပဲ မြေဧရိယာတစ်ခုကိုသာ ဖျက်ဆီးပစ်ခဲ့သည်။ တမင်တကာ ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။ သူ၏ ခွန်အားကို အပြည့်အ၀ အသုံးချမည်ဆိုပါက ကောင်းကင်နှင့် မြေပြင် ပျက်စီးမည့် အတိုင်းအတာကို တိုင်းတာ၍ မရပေ။
ကျန်းချန်ရှန်း မြေကြီးပေါ်တွင်ထိုင်ကာ ကောင်းကင်နှင့်မြေပြင် ပျက်စီးခြင်းမှအစပြုသော ကောင်းကင်နှင့်မြေပြင်၏ နိယာမများကို ရိပ်မိခဲ့သည်။
နေ့ရက်တွေ ကုန်လွန်သွားပြီး တစ်လကြာပြီးနောက်.....
နောက်ဆုံးတွင် ကျန်းချန်ရှန်း ကောင်းကင်နှင့်မြေကြီး၏နိယာမများကို နောက်ဆုံးတွင် ခံစားသိရှိလိုက်ရသည်။ တစ်နည်းဆိုရသော် အချိန်အလုံအလောက်ရှိသရွေ့ ဤဧရိယာသည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
ကောင်းကင်နှင့်မြေပြင်၏ စည်းမျဉ်းများက အမှန်တကယ်ပင် တန်ခိုးကြီးပါသည်။
ဒီနေရာ ပြန်ကောင်းလာနိုင်တဲ့အတွက် ကျန်းချန်ရှန်း သက်သာရာရသွားခဲ့သည်။
မတ်တပ်ရပ်ပြီး လှည့်ကြည့်တော့ မီတာရာနဲ့ချီအကွာ တောအုပ်ထဲမှာ ပုန်းနေတဲ့ပြီး သူ့ကိုကြည့်နေတဲ့လူထွားကြီးတစ်ယောက်ကိုမြင်လိုက်ရသည်။
ကျန်းချန်ရှန်း လက်ကို မြှောက်လိုက်ပြီး ထိုလူကို သူ့ရှေ့သို့ ဆွဲခေါ်လိုက်သည်။ထိုသူက လူလတ်ပိုင်းအရွယ် ပိန်ပိန်ပါးပါး လူငယ်နှင့် ရင်ဆိုင်ရသောအခါ အလွန်စိတ်လှုပ်ရှားနေ၏။
"ငါ...မင်းကိုဒုက္ခမပေးပါဘူး..."
လူထွားကြီးက ထိတ်လန့်စွာပြောရှာသည်။
ကျန်းချန်ရှန်းက "မင်းဘယ်ကလာတာလဲ"
လူထွားကြီးက တုန်တုန်ယင်ယင်နှင့် “ကျွန်တော်က တကျန်းက လာတာပါ.... မင်းဆက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေကြောင့် ဇနီးနဲ့ သားသမီးတွေနဲ့အတူ မဟာကန္တရကို ထွက်ပြေးခဲ့တယ်....အမဲလိုက်နေချိန်မှာ ဒီအနက်ရောင်အလင်းလုံးကို မြင်လိုက်ရတော့ သိချင်စိတ်ကြောင့်စပ်စုမိတာပါ...…”
ဤလူသည် ကောင်းကင်နှစ်ခုနယ်ပယ် တွင်ရှိနေသည်။ ထိုကဲ့သို့သော ခွန်အားဖြင့် သူသည် မဟာကန္တရတွင် ရှင်သန်နိုင်သလောက်ပင်။
ကျန်းချန်ရှန်းက "မင်းမိန်းမနဲ့ သားသမီးတွေ ဘယ်မှာလဲ"
လူထွားကြီး၏ မျက်လုံးများ မှိန်ဖျော့သွားကာ... “သူတို့သေသွားပြီ၊ ရက်စက်တဲ့ သားရဲရဲ့ ခြေသည်းအောက်မှာ သေဆုံးသွားကြတာ..."
ထိုအရာသည် သူနောင်တရဆုံးအရာပင်။ ထိုအချိန်မှစ၍ သူသည် တစ်စုံတစ်ဦးကို မြင်တိုင်း ပုန်းကွယ်နေခဲ့သည်။ သူ့ကိုယ်သူ လုံလှပြီထင်ပေမယ့် ဒီတစ်ကြိမ်တော့ ရှာတွေ့သွားမည်ဟု မမျှော်လင့်ထားပေ။
ကျန်းချန်ရှန်းက "မင်းကို တာဝန်တစ်ခု ပေးမယ်... ဒီနေရာမှာ နေပြီး ဒီဧရိယာ ပြန်ကောင်းလာဖို့ စောင့်ပါ..... အဲ့ဒီ့နားကို မချဉ်းကပ်နဲ့၊ ဒါဟာ အနက်ရောင်အလင်းလုံးမဟုတ်ဘဲ နေရာလွတ်တခုပဲ ...... အဲဒါကို ထိလိုက်တာနဲ့ ဖုန်မှုန့် ဖြစ်သွားလိမ့်မယ်"
“တကယ်လို့ ပြန်ကောင်းလာတဲ့အထိ စောင့်ရှောက်နိုင်ရင် အင်မော်တယ် အရည်အချင်းတွေ မင်းကို ငါ ဆုချမယ်....”
ကျန်းချန်ရှန်းက ညာလက်ညိုးကို မြှောက်ကာ လူထွားကြီး၏ မျက်လုံးများကို ညွှန်လိုက်သည်။ အလင်းတန်းများ သူ့လက်ချောင်းထိပ်များမှတစ်ဆင့် တစ်ဖက်သူ၏မျက်လုံးထဲသို့ ဝင်ရောက်လာပြီး ကျန်းချန်ရှန်း၏ရုပ်သွင်ကို ထင်ဟပ်စေသည်။
မည်မျှကြာသွားသည်မသိသော်လည်း လူထွားကြီး နိုးလာသောအခါ ကျန်းချန်ရှန်းကို မည်သည့်နေရာမှ မတွေ့ရတော့ပေ။
“အင်မော်တယ် အရည်အချင်းတွေ…”
လူထွားကြီး မျက်လုံးပြူးကာ တံတွေးကို မျိုချလိုက်သည်။
သူ့စိတ်ထဲက ကျင့်စဉ်များကို ပြန်သတိရပြီး စိတ်လှုပ်ရှားနေမိသည်။
တဖက်လူက အမှန်တကယ် အင်မော်တယ်နတ်ဘုရားဖြစ်နိုင်သလား.....
သူ နှစ်ပေါင်းများစွာ ခရီးတွေ အများကြီး ထွက်ခဲ့ပေမယ့် ဤသို့ မျှဝေတဲ့ နည်းလမ်းကို တစ်ခါမှ မတွေ့ဖူးပေ။
အဝေးက ကြီးမားတဲ့ အနက်ရောင်အလင်းလုံးကို လှည့်ကြည့်လိုက်တော့ သူ့အမူအရာ တင်းမာလာသည်။မည်သို့ပင်ဆိုစေကာမူ သူသည် တစ်နေ့တာလုံး ဘာအလုပ်မှမရှိသောကြောင့် စမ်းကြည့်နိုင်သည်။
အင်မော်တယ်ဖြစ်လာပြီးနောက် လူဝင်စားသံသရာသို့ ဝင်ရောက်နိုင်သည်ဟု ဒဏ္ဍာရီတွင် ဆိုထားသည်မဟုတ်လော......