ကောင်းကင်တာအို အတိဒုက္ခ.....သိုင်းကမ္ဘာကို ဖျက်ဆီးခြင်း....
Vol. 24 Ch. 360
ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ပြန်ရောက်ပြီးနောက်၊ ကျန်းချန်ရှန်း ကောင်းကင်ကို စတင်ကြည့်ရှုခဲ့သည်။
ယခုနှစ်သည် တင်းထျန်းခေတ်၏ 99 နှစ်မြောက်ဖြစ်သည်။ ကျန်းဇီယုက နန်းသက်ပထမနှစ်တစ်ရာအတွက် ပွဲတခုကျင်းပတော့မည်ဖြစ်သည်။ ကျန်းချန်ရှန်း အတွက် အချိန်က အလွန်လျင်မြန်သော်လည်း ကျန်းဇီယုအတွက် အချိန်ကြာလှသည်။ ကောင်းကင်တရားရုံး၏အကူအညီဖြင့်ပင် သူ့အတွက် အလွန်ပင်ပန်းခဲ့ပြီး အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်။
သိုင်းပညာထက် လူတွေရဲ့အရေးကိစ္စက ပိုရှုပ်ထွေးသည်။ မည်သူမျှ ပုန်ကန်ဝံ့ခြင်းမရှိလျှင်ပင် ၎င်းတို့၏အကျိုးအတွက် ပရမ်းပတာအခြေနေများကို ဖန်တီးမည့်သူများရှိပါသေးသည်။
နောက်ဆုံးတွင်၊ ကျန်းဇီယုက ထိုစိန်ခေါ်မှုများကို အောင်မြင်စွာကျော်ဖြတ်ပြီး စစ်မှန်သောဧကရာဇ်ဖြစ်လာခဲ့သည်။
ထျန်းကျင်းတွင် သိုင်းဘုရင်နယ်ပယ် ကျွမ်းကျင်သူများ ပိုများလာသော်လည်း မဟာသူတော်စင်နယ်ပယ် အနည်းငယ်သာ ရှိသေးသည်။ သို့သော်၊ ထျန်းကျင်းတွင် ပါရမီရှင်များစွာ ပေါ်ထွက်လာခဲ့သည်။ ကျန်းဇီယုနဲ့ မယှဉ်နိုင်ပေမယ့် သူတို့မှာ မဟာသူတော်စင်နယ်ပယ် ဖြစ်ဖို့ အရည်အချင်းတွေ ရှိနေဆဲပင်.....
ကောင်းကင်တရားရုံးဘက်၌ ၎င်းတို့၏ အရှိန်အဟုန်က ထျန်းကျင်းထက် အဆပေါင်းများစွာ အားကောင်းလာသည်။ ကျန်းချန်ရှန်း၏ ကံကြမ္မာနှင့် နတ်ဘုရားအဖြစ်အပ်နှင်းခြင်းစာလိပ်တို့၏ကောင်းချီးကြောင့် အညံ့ဆုံး ကောင်းကင်စစ်သည်ပင်လျှင် ကောင်းကင်ငါးခုနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ကောင်းကင်တရားရုံးက တောင်နတ်ဘုရားများ၊ မြေနတ်ဘုရားများနှင့် နတ်သမီးများကို စုဆောင်းနေသော်လည်း ကောင်းကင် စစ်သည်များနှင့် ကောင်းကင် စစ်သူကြီးများ၏ အရေအတွက်မှာ မတိုးလာသေးပေ။ ကျန်းချန်ရှန်းက အထက်တန်းစားများ၏ လမ်းကြောင်းကို လျှောက်ရန် ရည်ရွယ်သည်။ အင်မော်တယ်နတ်ဘုရားများသည် မသေနိုင်သောနတ်ဘုရားများဖြစ်သောကြောင့် သတ်မှတ်ထားသောစံနှုန်းတစ်ခုအထိ ရှိရမည်ဖြစ်သည်။
"မင်းတို့အားလုံး အလုပ်ကြိုးစားတဲ့အတွက်၊ ငါလည်း အဆင့်တက်ပြီး မင်းတို့ကို ကာကွယ်ပေးမယ်...."
ကောင်းကင်တရားရုံးနှင့်ထျန်းကျင်းက အချင်းချင်း ကူညီနေကြသောကြောင့် သူ့ကို ဒုက္ခမပေးခဲ့ကြပေ။ အဓိကကတော့ သူ့မှာ အရည်အချင်းရှိတဲ့ လက်အောက်ငယ်သားတွေ အများကြီးရှိလို့ပင်။ထို့ကြောင့် အလုံးစုံ အခြေအနေကို ထိန်းချုပ်ရန်သာ လိုအပ်သည်။
သူ့မျက်လုံးတွေကိုမှိတ်ပြီး သူ့စွမ်းအင်တွေ ဖြန့်ကျက်လိုက်သည်နှင့်ရက်အတော်ကြာပြီးနောက်တွင် ပြင်းထန်သောဖိအားတစ်ခုပေါက်ကွဲကာ ခရမ်းရောင်တိမ်တိုက်နန်းတော်တစ်ခုလုံးကို ဖုံးအုပ်သွားသဖြင့် ပိုင်ချီ၊ မုလင်းလော့နှင့် အိပ်ပျော်နေသော ပိုင်လုံတို့ကို နိုးထစေခဲ့သည်။
အထူးသဖြင့် မုလင်းလော့က ကျန်းချန်ရှန်းကို မယုံကြည်နိုင်စွာ ကြည့်နေကြ၏။ မည်သို့ပင်ဆိုစေကာမူ သူမ မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သို့သော် ဤဖိအားကိုရင်ဆိုင်ရချိန်တွင် သူမ အချိန်မရွေး ပြာဖြစ်သွားသလို ခံစားခဲ့ရသည်။
ကံကောင်းထောက်မစွာ၊ ကျန်းချန်ရှန်း က သူတို့ကို မထိခိုက်မိအောင် အမြန် တွန်းထုတ်လိုက်သည်။
တံခါးရှေ့၌.......
မုလင်းလော့က ပြုံးလိုက်ပြီး ပိုင်ချီနဲ့ပိုင်လုံ ကြည့်လိုက်ကာ....
"လမ်းလျှောက်ဖို့အတွက် သေမျိုးကမ္ဘာကို ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ....ဘယ်သူနဲ့ လိုက်ချင်လဲ"
ပိုင်လုံက....ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်.... အရသာရှိတဲ့ အစားအစာရင် ခေါ်ဖို့ မမေ့နဲ့
ပိုင်ချီက ခေါင်းခါပြီး တံခါးရှေ့မှာ အစောင့်ခွေးတကောင်လို ဝပ်နေခဲ့သည်။
မုလင်းလော့က သူမကို အတင်းအကြပ် မခေါ်ဘဲ ပိုင်လုံပေါ်သို့ ခုန်တက်ကာ ထွက်သွားလေသည်။
ခရမ်းရောင်တိမ်တိုက်နန်းတော်တွင်.....
တိုင်ရှီးချန်၏ခန္ဓာပေါ်ရှိ ရေခဲလွှာများ ခရမ်းရောင်အလင်းများဖြင့် တဖျပ်ဖျပ်လင်းလက်နေကာ နန်းတော်တစ်ခုလုံးသည် လှပဆန်းကြယ်သောလေထုဖြင့် တောက်ပနေပါသည်။
ကျန်းချန်ရှန်း အာရုံစိုက်၍ အသစ်ရရှိထားသော စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံနည်းအရ၊ သူ၏ဝိညာဉ်စွမ်းအားကို တာအိုသစ်သီးထဲသို့ ထည့်သွင်းခဲ့သည်။
ဝုန်းးးးးး
သူ့အသိစိတ်က မူးဝေလာပြီး တခဏချင်းမှာ မသက်မသာမှုများ ပျောက်သွားသည်။မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ လင်းလက်နေသော စကြဝဠာတစ်ခုတွင် သူ့ကိုယ်သူ တွေ့ရှိခဲ့သည်။ မရေမတွက်နိုင်သော ကြယ်များက စကြဝဠာကြီးကိုလှဆင်ထားပြီး စကြဝဠာတစ်ခုလုံးကို အလွန်လှပစေသည့် တောက်ပသော ချည်မျှင်များလည်း ရှိသည်။
ကျန်းချန်ရှန်း အနီးကပ်ကြည့်လိုက်သည်။ ထိုကြယ်များသည် တကယ့်ကြယ်များမဟုတ်သော်လည်း မှော်စွမ်းအင်ဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။
သူ့အရင်ဘဝက သူသိခဲ့တာတွေကို ပြန်အမှတ်ရမိလိုက်သည်။ လူသားဆဲလ်များ၏ အတွင်းပိုင်းဖွဲ့စည်းပုံက ဤစကြာဝဠာတွင်ပြသထားသည့် မြင်ကွင်းနှင့် အလွန်ဆင်တူပါသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် လောကီစည်းမျဥ်းများ၏ စွမ်းအားတစ်မျိုးမျိုးဖြစ်ပုံရသည်။ လောကစည်းမျဥ်းများကို စတင်နားလည်လာသော်လည်း မရေမတွက်နိုင်သော စည်းကမ်းများ မည်မျှရှိသည်ကို မသိပေ။
မဟာတာအို 3000 ရှိပြီး တာအိုသည် အရာခပ်သိမ်းကို မွေးဖွားပေးကြောင်း မှတ်တမ်းတင်ထားသည်။ စွမ်းအားနိယာမများလည်း အဆုံးမရှိမှေးဖှားလာနျိုငျသညျ။
ကျန်းချန်ရှန်း သူ၏ တာအိုသစ်သီး၏ အသွင်ပြောင်းမှုကို စတင်ခံစားလိုက်ရသည်။ထိုအခါ အာကာသဟင်းလင်းပြင် အနည်းငယ် တုန်ခါနေပြီး ကြယ်များ ပိုများလာသည်ကို မြင်ရသည်။
တာအိုကျင့်စဉ်၏ ဒသမအဆင့်ပြီးနောက် တာအိုသစ်သီးကို ကျင့်ကြံဖြစ်ခဲ့သည်။ ယခု သူသည် တာအိုသစ်သီး စုပေါင်းခြင်းကို ကျော်လွန်ကာ အဆင့်တက်တော့မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်တရားရုံးတစ်ခုလုံး၏ ကံကြမ္မာ ပြောင်းလဲလာသည်။ လေ့ကျင့်သင်ကြားနေသော အင်မော်တယ်နတ်ဘုရားများသည် ကောင်းကင်တရားရုံးရှိ သိုင်းပညာဆိုင်ရာ ဝိညာဉ်စွမ်းအားများ တိုးလာနေပြီး သူတို့၏စိတ်များသည် ပိုမိုရှင်းလင်းလာသည်ကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ကာ ဉာဏ်အလင်းရသွားသလို ခံစားနေကြရသည်။
တဟုန်းဟုန်းတောက်နေသော ချော်ရည်ပင်လယ်ထက်တွင် သူ၏ခန္ဓာကိုယ်အပေါ်ပိုင်း၌ မီးတောက်တောက်ပုံစံများရှိသည့် အမျိုးသားတစ်ဦးက တောက်လောင်နေသော ချော်ရည်များကို စုပ်ယူနေသည်။ထိုသူသည် အထက်ကမ္ဘာမှ မီးတောက်သခင်ဖြစ်သည်။ သူသည် အောက်ကမ္ဘာတွင် နှစ်ရာနှင့်ချီ၍ လေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။
မီးတောက်သခင် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ့မျက်လုံးများတွင် မီးတောက်များ တောက်လောင်လာသည်။
သူ မျက်မှောင်ကြုတ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး "ထူးဆန်းလိုက်တာ ဒီခံစားချက်ကဘာလဲ"
မတ်တပ်ထရပ်ပြီး ဂရုတစိုက် အာရုံပြုသော်လည်း အတည်မပြုနိုင်ပေ။
နောက်ဆုံးတွင် ထိုင်ပြီး လေ့ကျင့်မှုဆက်လုပ်ရန် မရွေးချယ်မီ တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။
အကြောင်းအရင်း ရေရေရာရာ မတွေ့နိုင်သောကြောင့် ဤသိုင်းလောကတွင် ဘာမှမဖြစ်ခဲ့ဟု ဆိုလိုခြင်းဖြစ်သည်။အောက်ကမ္ဘာမှာ ပြသာနာဖြစ်နေတာလား.....
တစ်ဖက်တွင်......
နန်းတော်တွင်းရှိ နတ်ဘုရားဇီဟွမ်းသည်လည်း တုန်လှုပ်သွားသည်။
"ဘာဖြစ်ပြန်ပြီလဲ?"
နတ်ဘုရားဇီဟွမ်းက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။ နောက်ဆုံးအကြိမ်၊ မဟာကန္တရသိုင်းကမ္ဘာ၏ တစိတ်တပိုင်း ပျောက်ဆုံးသွားသည်ဟု သူမ ခံစားခဲ့ရသည်။ ယခုအချိန်တွင်၊ မဟာကန္တရသိုင်းကမ္ဘာ၏ သိုင်းတာအို မတည်မငြိမ်ဖြစ်နေသည်ဟု သူမ ခံစားမိသည်။ နောက်ဆုံးတွင် သူမ မဟာကန္တရနတ်ဘုရား၏ ခံစားချက်ကို နားလည်လာချေပြီ......
တကယ်ပဲ တာအိုဘိုးဘေးက ကွဲလွဲချက်ဖြစ်နေတာလား....
နတ်ဘုရားဇီဟွမ်းသည် မထိုင်နိုင်တော့ပေ။ ဒါကို သူမ အထက်လူကြီးတွေကို အကြောင်းကြားရမည်။ ဒီလိုမှမဟုတ်ရင် တစ်ခုခုဖြစ်သွားရင် ချန်ကလန် အသက်ရှင်နိုင်မှာမဟုတ်ပေ။
သူမ ချက်ချင်း ပျောက်ကွယ်သွားပြီး ခန်းမထဲက ဆီမီးခွက်နှစ်ခု မီးလောင်သွားလေသည်ယ
နှစ်တွေ ကုန်လွန်သွားပြီး တင်းထျန်းခေါတ်၏ 103 နှစ်သို့ရောက်ရှိလာသောအခါ ကျန်းချန်ရှန်း ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး မျက်လုံးများပွင့်လာသည်။ ခန်းမထဲက ခရမ်းရောင်အလင်းတန်းတွေ ပျောက်သွားပြီ.....
သူ မျက်ခုံးပင့်ကာ အကန့်အသတ်မဲ့အမြင်အာရုံကို အသုံးပြုခဲ့သည်။ သူ၏အကြည့်များ မဟာကန္တရ သိုင်းကမ္ဘာမှ လျင်မြန်စွာကျော်လွန်သွားပြီး အာကယသထဲသို့ ချောင်းကြည့်လိုက်သည်။
" ငါအဆင့်တက်တဲ့အော်ရာတွေက အထက်ကမ္ဘာကို နှောင့်ယှက်လိုက်တာလား...."
အခုမှပဲ သူလျှိုလုပ်ခံရတယ်လို့ ခံစားနေရပြီး တစ်ချက်ကြည့်ရုံမျှဖြင့်ပင် သူ့ကို ထိတ်လန့်စေလောက်အောင်ပင်။
ကျန်းချန်ရှန်းအနေဖြင့် အဆင့်မတက်ခင် အစွမ်းထက်သောပုဂ္ဂိုလ်များကိုဆွဲဆောင်မိမည်ကို ကြောက်ရွံ့ခဲ့သည်။ တဖက်လူက သူ့ကို မဖမ်းနိုင်ရင်တောင် သူတို့က မဟာကန္တရသိုင်းကမ္ဘာ ကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်သည်။ သူ့ကိုယ်သူ ဦးစားပေးထားသော်လည်း ဖြစ်နိုင်ပါက မဟာကန္တရသိုင်းကမ္ဘာကို ဖျက်ဆီးပစ်ရန် ဆန္ဒမရှိပေ။
ခဏနေဉီး..!
ကျန်းချန်ရှန်း ရုတ်တရက် တစ်ခုခုကို တွေးမိပြီး မျက်လုံးများ တောက်ပလာသည်။
အဲ့ဒီမြေနေရာလွတ်က.......
ထိုနေရာသို့ ဝင်ရောက်သောအခါ
သူ့စိတ်ဝိဥာဉ် စိတ်ဆန္ဒတွေ ပျောက်ကွယ်သွားပေမယ့် သူ့ရုပ်ခန္ဓာမှာ ဘာမှဖြစ်မလာပေ။ နောက်ဆုံးတွင်၊ သူသည် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးပစ်ပြီးနောက် အာကာသထဲတွင် ရှိနေခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် သူ ထိုနေရာကတဆင့် ပြင်ပကမ္ဘာကို စောင့်ကြည့်နေခဲ့သည်။
ဖြစ်နိုင်ပါ့မလား.....
ကျန်းချန်ရှန်း ကိုယ်ပွားတစ်ခုအား ထားခဲ့ပြီး ခန်းမထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်ရှန်း နေရာလွတ်အနီးအနားတွင်ပေါ်လာသော်လည်း အနက်ရောင်အလင်းလုံးကို စောင့်ကြပ်နေသည့် လူထှားကွိီးကတော့ သတိမထားမိပေ။
ယခုဆို အနက်ရောင်အလင်းလုံးက ကမ္ဘာကြီးကို သိမ်းပိုက်လိုက်သလို ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်ခဲ့သည်။ သူထွက်ခွာသွားသည့် နောက်ဆုံးအကြိမ်နှင့် နှိုင်းယှဉ်ပါက ကြီးမားသော အနက်ရောင်အလင်းလုံးက အရွယ်အစားမပြောင်းသေးပေ။
ကျန်းချန်ရှန်း ကြည့်လိုက်တော့ သူတာဝန်ပေးထားသည့်လူထွားကြီးက ချောက်ကမ်းပါးမှာ ရပ်ပြီး လေ့ကျင့်နေသည်။ သူ ကိုယ်အလေးချိန် အများကြီးကျသွားပြီး အချိန်တိုအတွင်း ဝဖြိုးသော လူထွားကြီးအဖြစ်ကနေ သန်မာတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားချေပြီ.....
အချိန်အတော်ကြာအောင်ကြည့်ပြီးနောက် ကျန်းချန်ရှန်းက မည်သူမျှသတိမထားမိဘဲ အနက်ရောင်အလုံးထဲကို တိတ်တဆိတ်ဝင်ရောက်သွားခဲ့သည်။အတွင်းပိုင်း၌ လုံးဝဗလာဖြစ်သောကြောင့် အတိဒုက္ခ ကျော်ဖြတ်နေပါက အပြင်လောကသားများ သူ့ကို မမြင်နိုင်ပေ။ သိုင်းပညာရှင်တစ်ဦး၏အမြင်အာရုံနှင့် ချိတ်ဆက်နိုင်သော အာကာသဆိုင်ရာ စည်းမျဉ်းများ မရှိခဲ့ပေ။ နောက်ဆုံးတွင်၊ သိုင်းပညာများသည် ကမ္ဘာ၏စည်းမျဉ်းများအပေါ်အခြေခံ၍ မွေးဖွားလာခဲ့ပြီး ၎င်းတို့ကို မှီခိုအားထားခဲ့သည်။
ကျန်းချန်ရှန်းသည် အနက်ရောင်အလုံးထဲရှိ နယ်မြေလွတ်ထဲ၌ အာရုံများကို ထိန်းသိမ်းရန် လုံလောက်သော အစွမ်းထက်သော်လည်း ဤနေရာ၌ အလင်း၊ အသံ သို့မဟုတ် အော်ရာပင်မရှိပေ။
နေရာလွတ်ထဲသို့ ဝင်ပြီးနောက်၊ ကျန်းချန်ရှန်း ထိုင်ချလိုက်ပြီး စွမ်းအင်များကို ဖြန့်ကျက်လိုက်သည်။
ဤနေရာ၌ ကောင်းကင်နှင့်မြေပြင်၏ ဝိညာဉ်ရေးစွမ်းအင်ကို သူ နားမလည်နိုင်ခဲ့ပေ။ကံကောင်းထောက်မစွာ၊ သူ့တွင် တာအိုကမ္ဘာရှိပြီးအဆင့်တက်နိုင်ရန် ကောင်းကင်နှင့်မြေပြင် ဝိညာဉ်စွမ်းအင်ကို နက်နဲသောနေရာမှ စုပ်ယူနိုင်ခဲ့သည်။
တာအိုကမ္ဘာတွင် နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သောကြောင့် ၎င်းတွင်ပါရှိသော ဝိညာဉ်စွမ်းအင်များက သူ့အတွက် အဆင့်တက်နိုင်ရန် လုံလောက်ပေသည်။ ဒီနေရာမှာ အဆင့်တက်ရင် ကောငျးကငျအတျိဒုက်ခနဲ့ ကြုံရမှာလား
ကျန်းချန်ရှန်းထံတွင် ရူးမိုက်သော အကြံဥာဏ်တစ်ခု ရှိသည်။
ကောင်းကင်အတိဒုက္ခဟု ခေါ်ခြင်းသည် လောကစည်းမျဥ်းများ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ လောကစည်းမျဥ်းများမရှိလျှင် ကောင်းကင်အတိဒုက္ခ မည်သို့ဖြစ်နိုင်မည်နည်း။
ကျန်းချန်ရှန်း စိတ်လှုပ်ရှားလာပြီ.......
အဲဒီလိုလုပ်ရင် သူ့အမွှေးတိုင်အရေအတွက်တွေနဲ့ ကံကောင်းခြင်းတွေကို သိမ်းထားနိုင်မှာ မဟုတ်ဘူးလား......
မျက်လုံးမှိတ်ပြီး အဆင့်တက်ဖို့ အာရုံစိုက်လိုက်ချေပြိ......
အချိန်တွေကုန်တာမြန်လွန်းလှသည်.....
ပကတိအမှောင်ထဲတွင် ကျန်းချန်ရှန်း၏ တုနှိုင်းမဲ့ယန်အလင်းတန်းကသာ တစ်ခုတည်းသောအလင်းဖြစ်သည်။
အချိန်အတော်ကြာပြီးနောက်.....
ကျန်းချန်ရှန်း ကောင်းကင်၏ စွမ်းအားကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်ပြီး မျက်လုံး ပြူးကျယ်သွားသည်။
ကောင်းကင်အတိဒုက္ခရောက်လာတော့မယ်......
ကောင်းကင်နှင့်မြေပြင်၏စည်းမျဉ်းများမရှိလျှင်ပင် သူသည် ကောင်းကင်ဆိုင်ရာအတ်ဒုက္ခကို ရင်ဆိုင်ရပေဦးမည်!
ခဏတာ ထိတ်လန့်တုန်လှုပ်သွားပြီးနောက်၊ သူ့အတွက် ကောင်းကင်အတိဒုက္ခက လောကစည်းမျဥ်းများမှ ဆင်းသက်လာခြင်းမဟုတ်ကြောင်း သဘောပေါက်လာသည်။ ယခင်က အတိဒုက္ခများက မဟာကန္တရသိုင်းကမ္ဘာ ရှိ ကမ္ဘာ့စည်းမျဉ်းများဖြင့်သာ အားကောင်းခဲ့သည်။ တကယ်တမ်းတော့ ကောင်းကင်အတိဒုက္ခ၏ အနှစ်သာရမှာ ကောင်းကင်တာအိုဖြစ်သည်။
အင်မော်တယ်ဖြစ်ဖို့ကျင့်ကြံခြင်းသည် တာအိုကို ကျင့်ကြံခြင်းဖြစ်ပြီး တာအိုကို ကျင့်ကြံခြင်းသည် ကောင်းကင်တာအိုကို ရှာဖွေခြင်းပင်ဖြစ်သည်။
ဤကမ္ဘာ၌ ကျင့်ကြံခြင်း မရှိသောကြောင့် ကောင်းကင်တာအိုမရှိကြောင်း လွဲမှားစွာ ယုံကြည်ခဲ့သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် ကောင်းကင်တာအိုသည် ဆက်လက်တည်ရှိပြီး သိုင်းပညာစည်းမျဉ်းများအောက်တွင် ပုန်းကွယ်နေခဲ့သည်။ တကယ်ဆို သိုင်းပညာကို ကောင်းကင်တာအိုက ဖန်တီးခဲ့တာ ဖြစ်နိုင်လောက်သည်။
မည်သို့ပင်ဆိုစေ၊ သူသည် ကောငျးကငျအတျိဒုက်ခကို ရင်ဆိုင်ရပေမည်......
စနစ်ကို စစ်ဆေးကြည့်တော့... [လက်ရှိ အမွှေးတိုင်အရေအတွက်- 157,033,319,908]
[လက်ရှိ ကံကောင်းစေသော အမှတ်များ- 293,355,001,176]
နောက်ဆုံးအကြိမ် အဆင့်တက်တုန်းက အမွှေးတိုင်ပေါင်း ၂၃ ဘီလီယံပဲ သုံးစွဲခဲ့ကာ အဆင့်တက်ရန်ဝေးကွာသော်လည်း အနည်းဆုံးတော့ သူ လွတ်မြောက်ခဲ့သည်။
ကျန်းချန်ရှန်းက သူ့ရဲ့ မှော်အစွမ်းအားလုံးကို တာအိုသစ်သီးထဲကို ပို့လွှတ်လိုက်တာကြောင့် တကယ့်အသွင်ပြောင်းမှုကို အထောက်အကူဖြစ်စေသည်။
တာအိုကျင့်စဉ်ရဲ့ အဆင့်တဆယ်....ငါလာပြီ.......
ကျယ်ပြောလှသော အာကာသဟင်းလင်းပြင်၌ ကောင်းကင်မြစ်ကို မရေမတွက်နိုင်သော ကြယ်များဖြင့် ဝန်းရံထားသည်။ အောက်ဘက်တွင်၊ ကောင်းကင်မြစ်၏ စွမ်းအားသည် သိုင်းလောကများစွာကို ချိတ်ဆက်ပေးသည့် ခမ်းနားသော အလင်းတန်းများကို ဖြစ်ပေါ်စေပြီး အာကာသဟင်းလင်းပြင်ကို နှစ်ခြမ်းခွဲလိုက်သကဲ့သို့ တုနှိုင်းမရလောက်အောင် ကြီးကျယ်ခမ်းနားသော အသွင် ဖြစ်လာသည်။
ကောင်းကင်မြစ်၏ထိပ်ပိုင်းရှိ အလင်းတိမ်တိုက်များတွင် လူနှစ်ဉီးရပ်နေကြသည်။
၎င်းတို့မှာ နတ်ဘုရားဇီဟွမ်းနှင့် စိမ်းပြာရောင်ဝတ်ရုံဝတ်ထားသော ဆံပင်ဖြူ အဘိုးအိုတို့ဖြစ်သည်။အဘိုးအိုက ပညာရှိနှင့်တူသော ဂုဏ်သိက္ခာရှိသော အသွင်အပြင်ရှိသည်။
"ဆရာကြီး.... ပြဿနာဖြစ်နေလို့လား...."
နတ်ဘုရားဇီဟွမ်းက အဘိုးအိုကို သေသေချာချာ မေးလိုက်သည်။
ဆံပင်ဖြူ အဘိုးအိုက ....
"မဟုတ်ဘူး...မဟာကန္တရသိုင်းကမ္ဘာရဲ့ ကံကောင်းခြင်းတွေက ငြိမ်သက်နေပြီး ပုံမှန်မဟုတ်တဲ့ အရာတွေ မရှိဘူး.... ကောင်းကင်နဲ့ မြေပြင်ရဲ့ စည်းမျဉ်းတွေကလည်း တည်ငြိမ်လွန်းတယ် ...."
နတ်ဘုရားဇီဟွမ်း ထိုစကားကို ကြားသောအခါ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ထို့နောက် ."ဒါဆို ကျွန်မ အတွေးလွန်နေတာလား"
ဆံပင်ဖြူအဖိုးအိုက..." အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်နဲ့ တစ်ခုခုတော့ ပတ်သက်မှု ရှိကောင်းရှိနိုင်တယ်....သိုင်းပညာရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တဲ့ ပုံစံကွဲလွဲနေတယ်ဆိုရင် အဲ့ဒါက မဟာကန္တရသိုင်းကမ္ဘာ မှာ ရှိတယ်ဆိုတာ အတည်ပြုသရွေ့တော့ အဲဒါကို ရှာဖွေတွေ့ရှိမှာပါ.... "
နတ်ဘုရားဇီဟွမ်း သူမ၏ ယခင်ခံစားချက်များကို တွေးပြီး တစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။
တာအိုဘိုးဘေးသာ ရှေးဟောင်းဂိုဏ်းများနှင့် ဘာမှမဆိုင်ပါက သူမ ပျော်ရွှင်နေပေလိမ့်မည်။ ထိုသို့မဟုတ်ပါက သူမကိုယ်တိုင် စတေးရပေလိမ့်မည်။ အနည်းဆုံးတော့ သူမ ချန်ကလန်ကိုသာ ကာကွယ်နိုင်ပေမည်။
ထို့ပြင် ဤနန်းတော်သခင်သည် သူ့ထက် များစွာ တန်ခိုးကြီးသည်။ ထို့အပြင်၊ သူသည် သိုင်းလောကများစွာ၏နတ်ဘုရား ဖြစ်သည်။ ခိုသူ၏ အမြင်နှင့် စီရင်ချက်များက သူမနှင့် နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပေ။
"မူမမှန်တာတွေရှိရင်တောင် စိတ်ပူနေစရာမလိုပါဘူး.... သိုင်းကမ္ဘာ ပြိုင်ပွဲ ပြီးသွားရင်တော့ ဒီကမ္ဘာပေါင်းတစ်ရာကရှိတော့မှာ မဟုတ်ဘူး။"
ဆံပင်ဖြူ အဘိုးအို၏ ခပ်အေးအေးလေသံက နတ်ဘုရားဇီဟွမ်း၏ လှပသော မျက်လုံးများကို ပြူးကျယ်စေခဲ့သည်။