အပိုင်း (၇၅)
Vol. 6 Ch. 75
ဤနေရာသည် ထျန်းကန်ဂိုဏ်း၏ အဓိကဂိတ်တံခါး တည်နေရာဖြစ်သော်လည်း လက်ရှိအခြေအနေသည် လူပေါင်း များစွာတို့ တွန်းလှန်နိုင်သည့်အရာမျိုး မဟုတ်ချေ။ သူတော်စင်အဆင့်ဆီသို့ ရောက်ရှိသွားခဲ့သည် တစ်စုံတစ်ဦးသော လူတစ်ယောက်သည် ဂိုဏ်းတစ်ခုလုံးကို ဖိနှိပ်ထားခဲ့ပြီး အကုန်လုံးကို တိတ်ဆိတ်ငြိမ်သက် စေခဲ့၏။
“ဒီနေ့မှာ ကျုပ်က စိတ်ကောင်းဝင်နေတယ်။ ဒါကြောင့် ဒီတစ်ကြိမ် ခွင့်လွှတ်လိုက်မယ်”
ယန်ရှိုသည် လူပေါင်း များစွာကို ကြည့်ရှုပြီးသည့်နောက် သူ၏ အင်္ကျီလက်ကို ကြည့်ကောင်းလှစွာဖြင့် ဝှေ့ယမ်းလိုက်၏။ ပြောပြောပြီးချင်း မှာပဲ သူသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ မိုင်တစ်ထောင်အကွာအဝေးဆီသို့ ရုတ်တရက် ရောက်ရှိသွားခဲ့သည်။
သူသည် အမြန်ဆုံးနှုန်းဖြင့် ထွက်ခွာသွားခဲ့ခြင်းသာ ဖြစ်သည်။ ဤအမြန်နှုန်းသည် သက်တောင့်သက်သာ ထွက်ခွာ သွားခြင်းနှင့် မဆင်တူလှပေ။ ထွက်ပြေးသွားခြင်းနှင့် ပို၍ ဆင်တူလှ၏။
လက်ရှိအခြေအနေမှာတော့ ထျန်းကန်ဂိုဏ်း၏ အကြီးအကဲများ အားလုံးတို့သည် အမှန်ပင် ထိတ်လန့်လျက် ရှိနေကြ၏။ ၎င်းတို့သည် ရောင်စဉ်အလင်းနတ်နယ်မြေဆီသို့ သတင်းပေးပို့ထားပြီးသားဖြစ်သည်။ ရောင်စဉ်အလင်း နတ်နယ်မြေ၏ အားအင်အဆင့်အရဆိုလျှင် သူတော်စင်တစ်ယောက်သည် မကြာခင်မှာ ရောက်ရှိလာတော့မှာ ဖြစ်၏။
ဤနေရာတွင် ဆက်နေပြီး ထျန်းကန်ဂိုဏ်းကို အမြစ်ဖြတ် သုတ်သင်နေသည်ဆိုပါက ကျိန်းသေပေါက် ပြဿနာတစ်ခု ဖြစ်လာပေလိမ့်မည်ဟု ယန်ရှိုက ကောင်းကောင်းသိသည်။ ထို့ကြောင့် မြန်မြန်ဆန်ဆန်ဖြင့် ထွက်ခွာသွားခြင်းကသာ အကောင်းဆုံး ဖြစ်မည်။ သူတော်စင်တစ်ယောက်၏ ကျင့်ကြံခြင်းဆိုသည်မှာ တခြားသော တည်နေရာများတွင် ခန့်မှန်း၍ မရအောင် အားကောင်းချင် အားကောင်းပေလိမ့်မည်။ သို့ပေမဲ့ ရောင်စဉ်အလင်းနတ်နယ်မြေနှင့် ရင်ဆိုင်ပါက အချိန်ခဏ အတွင်းပဲ သေဆုံးသွားနိုင်သည်။
ယနေ့အချိန်မှာတော့ ထျန်းကန်ဂိုဏ်း၏ လူပေါင်းများစွာတို့ရှေ့တွင် ယန်ရှိုသည် ရောင်စဉ်အလင်း နတ်နယ်မြေကို ဟိတ်ကြီးဟန်ကြီးနှင့် မောက်မာစွာ စိန်ခေါ်ပြောဆိုခဲ့ပြီးသည့်နောက် ထွက်ခွာသွားခဲ့ပြီဖြစ်၏။ တကယ်တမ်း သူ၏ အစစ်အမှန် ရည်ရွယ်ချက်မှာတော့ ရောင်စဉ်အလင်းနတ်နယ်မြေဆီမှ ထွက်ပြေးသွားခဲ့ခြင်းပင်။
…………..
ထျန်းကန်ဂိုဏ်း
ရေတွက်လို့မရအောင် များပြားလှသည့် အကြီးအကဲနှင့် တပည့်များ အားလုံးတို့သည် ဆွံ့အလျက် ရှိနေ၏။ သူတို့ အားလုံးသည် တည်နေရာတွင် ကြက်သေ သေနေကြ၏။
နတ်ဆိုးစွမ်းအင်များသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ အရာအားလုံးသည် ပုံမှန်အတိုင်း နေ့အလား ပြန်လည်ရှင်းလင်းပြီး တောက်ပလာခဲ့၏။ အရာအားလုံးသည် အိမ်မက် မက်နေသကဲ့သို့ပင် အစစ်အမှန် မဟုတ်ဟု ခံစားနေမိကြ၏။ အားလုံးသော သူတို့သည်သာ ဒဏ်ရာ ရရှိခဲ့ခြင်း မရှိသည်ဆိုပါက သူတို့သည် အိမ်မက် မက်နေသည်ဟုသာ ထင်မှတ်မှာ သေချာသည်။
“ဂိုဏ်းချုပ်”
ထျန်းကန်ဂိုဏ်း၏ အကြီးအကဲသည် တစ်စုံတစ်ခုကို သတိရသွား၏။ သူသည် သူ၏ခန္ဓာကိုယ်တွင် ဖြစ်တည်နေသည့် ဒဏ်ရာများအားလုံးကို လျစ်လျှူရှုပြီးသည့်နောက် ဂိုဏ်းချုပ်၏ ဟောခန်းဆီသို့ အလျင်အမြန် ပြေးဝင်သွား၏။
မကြာခင်မှာပဲ တံခါးပိတ်ကျင့်ကြံရာ အခန်းထဲသို့ ရောက်ရှိသွား၏။ ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကျင့်ကြံခြင်းအဆင့်များ စည်းခတ်ခံထားရကြောင်း သူမြင်လိုက်ရသည်။
“ဂိုဏ်းချုပ်.. ဘယ်လိုဖြစ်ရတာလဲ” အကြီးအကဲကြီးသည် စည်းကို ပြန်လည်ဖြေပြီးသည့်နောက် စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်၏။
“တောက် ….”
လက်ရှိအခြေအနေမှာတော့ စည်းသည် ပြေသွားခဲ့ပြီဖြစ်၏။ ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အကြီးအကျယ် ဒေါသထွက်လျက်ရှိနေပြီး လူသားမဆန်တော့ပေ။ သူသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် ကြမ်းတမ်း လှသည့်အော်ရာများကို ထုတ်ဖော်လျက်ရှိသည်။
“ယန်ရှို ဘယ်ရောက်သွားလဲ။ ကျုပ် သူနဲ့ မျှမျှတတ တစ်ပွဲလောက် တိုက်ခိုက်ချင်တယ်”
“ဂိုဏ်းချုပ်… သူက သူတော်စင် ဖြစ်သွားပြီလေ”
“ဘာ”
ထျန်းကန်ဂိုဏ်း ဂိုဏ်းချုပ်၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွားခဲ့သည်။ သူသည် ဒေါသထွက်လွန်း သောကြောင့် မေ့မျောလုမတတ်ပင်။ ကောင်းကင်ကို မော့ကြည့်ပြီးနောက် နာကျည်းမှုအပြည့်ဖြင့် အော်ဟစ်လိုက်၏။ “ငါ့ရဲ့ ကောင်းကင်နဲ့မြေပြင် သန့်စင်ခြင်းဆေးလုံး။ မြန်မြန်… မြန်မြန် ရောင်စဉ်အလင်းနတ်နယ်မြေ ဆီကို သတင်းပို့လိုက်တော့။ ယန်ရှို လွတ်မြောက်သွားလို့ မဖြစ်ဘူး”
လက်ရှိအခြေအနေမှာတော့ ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သတိပြန်ဝင်လာခဲ့၏။ သူသည် အလျင်အမြန်ဖြင့် မှာကြားစရာရှိသည်များကို အလျင်အမြန် အမိန့်ပေးလေသည်။
“ဂိုဏ်းချုပ်.. စိတ်မပူပါနဲ့။ ကျုပ်တို့ ရောင်စဉ်အလင်းနတ်နယ်မြေကို အစောကြီးကတည်းက သတင်းပေးပြီးသား။ သူတို့က လူတွေလွှတ်ပေးပြီးတော့ ယန်ရှိုနောက်ကို လိုက်လိမ့်မယ်။ ဒီကလိန်ကကျစ်ကောင်က သူတော်စင် ဖြစ်သွားပြီဆိုပေမဲ့ အဝေးကြီး သွားနိုင်မှာ မဟုတ်ပါဘူး”
ထျန်းကန်ဂိုဏ်း၏ အကြီးအကဲကြီးသည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်၏။
“ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ အားအင်အဆင့်အရဆိုရင် ကျုပ်တို့အတွက် ကျိန်းသေပေါက် လက်စားချေပေး နိုင်မှာပါ”
လက်စားချေပေးနိုင်သည် ဆိုသည့် စကားလုံးကို ကြားရသည့်အချိန်မှာတော့ ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ၏ အားအင်အဆင့်များ ပြန်လည်ကာ တိုးကာသည်ဟု ခံစားနေမိ၏။ ပြီးနောက် ထျန်းကန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် စိတ်ကိုလျော့လိုက်၏။ မြေပေါ်သို့ ရုတ်တရက် ထိုင်ချလိုက်ပြီးသည့်နောက် မျက်ရည် အဝိုင်းသားဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ယန်ရှို ကျိန်းသေပေါက် သေရမယ်။ ဒါပေမဲ့ ငါ့ရဲ့ ကောင်းကင်နဲ့မြေပြင် သန့်စင်ခြင်းဆေးလုံးကတော့ ဆုံးရှုံးသွားခဲ့ပြီ”
…………
ရောင်စဉ်အလင်းနတ်နယ်မြေ၏ တောင်ထွတ်တစ်ခု အပေါ်မှာတော့ အလွန်ကြီးမားပြီး နှစ်ပေါင်းများစွာ ကြာမြင့် နေပြီဖြစ်သည့် ဆီးပင်ကြီးတစ်ခု တည်ရှိလို့နေသည်။ အကိုင်းအခက်များတွင် ဆီးပန်းများ ပွင့်လန်းလျက်ရှိ၏။ မွှေးပျံ့လှသည့် ဆီးပန်းရနံ့များသည် တောင်၏ထိပ် တည်နေရာတစ်ခုလုံးကို ပျံ့လွှင့်နေ၏။
ဆီးပင်ကြီး၏ အောက်မှာတော့ ရောင်စဉ်အလင်းနတ်အရှင်သည် ရှည်လျားလှသည့် ဝတ်စုံကြီးကို ဝတ်ဆင်ကာ ထိုင်လျက် ရှိ၏။ မျက်နှာသွင်ပြင်တစ်ခုလုံးသည် နတ်ဘုရားအလင်းတန်းများ တောက်ပလျက်ရှိနေသည်။ သူသည် ကျောက်စားပွဲကြီး၏တစ်ဖက်တွင် ထိုင်ကာဖြင့် လက်ထဲတွင် စစ်တုရင်ရုပ်တစ်ခုကို ကိုင်ဆောင်ထား၏။ သူသည် အမဲရောင်အရိပ်တစ်ခုနှင့် စစ်တုရင် ကစားနေခြင်းသာလျှင်ဖြစ်သည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သတင်းအချက်အလက်တွေကို ရှာတွေ့ခဲ့လား”
ရောင်စဉ်အလင်းနတ်အရှင် သည် စစ်တုရင်ရုပ်တစ်ခုကို အသာချကာဖြင့် တည်တည်ငြိမ်ငြိမ် မေးမြန်းလိုက်၏။
“ရှာလို့ မတွေ့ဘူး”
အမဲရောင်ပုံရိပ်သည် ခေါင်းကိုခါယမ်းပြီးသည့်နောက် စစ်တုရင်အရုပ်တစ်ခုကို ကောက်ယူ လိုက်၏။ သူသည် အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက် ပြောလိုက်သည်။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်က လေထုထဲကနေ ပေါ်ပေါက်လာတာ။ တစ်ညအတွင်း တော်ဝင်သဲကန္တာရမြို့ထဲမှာ ပေါ်ပေါက်လာတဲ့ အရာပဲ။ ကျုပ်တို့ တော်ဝင်သဲကန္တာရမြို့ရဲ့ မိုင်သန်းချီပတ်လည် တည်နေရာအကုန်လုံးကို ရှာပြီးပြီ။ အဲတာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုမှ ရှာမတွေ့ဘူး”
“အမ်”
ရောင်စဉ်အလင်းနတ်အရှင်သည် မျက်ခုံးပင့်လိုက်မိ၏။ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “လေထုထဲမှာ ပေါ်ပေါက်လာတာ ဟုတ်လား။ ခင်ဗျားရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းနဲ့တောင် သူ့ရဲ့ သဲလွန်စကို ရှာလို့ မတွေ့ဘူးပေါ့”
“လုံးဝကို ရှာလို့ မတွေ့ဘူး” အမဲရောင်ပုံရိပ်သည် ခေါင်းကို ခါယမ်းလိုက်သည်။
“ထူးဆန်းလိုက်တာ” ရောင်စဉ်အလင်းနတ်အရှင်သည် မျက်မှောင်ကုတ်လိုက်၏။
ဤလောကကြီးတွင် တစ်စုံ တစ်ယောက်သည် မည်သည့်နေရာကမှန်းမသိ ပေါ်ပေါက်လာသည် ဆိုသည့်စကားကို သူမယုံကြည်ချေ။ ထို့အတူ တစ်စုံတစ်ယောက်သည် အတိတ်က ဖြစ်ရပ်များ အားလုံးကို ဖယ်ရှားနိုင်လိမ့်မည်ဟု သူမယုံကြည်ပေ။ သို့ပေမဲ့ သူ၏ လက်ရှိစုံစမ်းစစ်ဆေးချက်များ အရဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အသေးစိတ် အချက်အလက် တစ်ခုချင်းစီကိုပင် ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။
“အင်း… တစ်စုံတစ်ယောက်က သူရဲ့အတိတ်က ဖြစ်ရပ်တွေကို ဖျက်ဆီးပျောက်ကွယ်ထားနိုင်တဲ့ စွမ်းရည် ရှိနေတာလား”
ရောင်စဉ်အလင်းနတ်အရှင်သည် စစ်တုရင်ရုပ်ကို ပေါ့ပေါ့ပါးပါးဖြင့် အသာချလိုက်၏။ သူ၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာခဲ့သည်။ သူသည် လေးလေးနက်နက် ပြောလိုက်၏။ “ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေ တွက်ချက်၊ ဖျောက်ဖျက်နိုင်တာလား။ ဒါကြောင့် သူ့ရဲ့အတိတ်ကို ကျုပ်တို့ ရှာလို့မရတာလည်း ဖြစ်နိုင်တယ်”
“အင်း”
အရိပ်လိုလူသည် ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည် “ဟုတ်တယ်။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်က ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်တယ် ဆိုကတည်းက တားဆီးတယ် ဆိုတာကလည်း ခက်ခဲတဲ့ ကိစ္စရပ်တော့ မဟုတ်ဘူးထင်တယ်။ ဒီလူက အရမ်း အန္တရာယ်များတယ်”
ရောင်စဉ်အလင်းနတ်အရှင်၏ မျက်နှာသွင်ပြင်သည် မပျော်မရွှင် ဖြစ်သွား၏။ သူက ပြောလိုက်၏။ “သူ ဘယ်သူ ဖြစ်တယ်ဆိုတာက ဆန်းကြယ်နေတယ်။ ပြီးတော့ ရောင်စဉ်အလင်းနတ်နယ်မြေနဲ့လည်း ပဋိပက္ခ ဖြစ်ထားတယ်။ ကျုပ်စိုးရိမ်တာက ကျုပ်တို့ ဘာလဲဆိုတာကို သူတွက်ချက် သိရှိသွားနိုင်မှာကိုပဲ။ သူသာ တွက်ချက် သိရှိသွားမယ်ဆိုရင် ကျုပ်တို့ နှစ်ပေါင်းထောင်ချီ ပြင်ဆင်ထားတဲ့အရာအားလုံးကို တစ်ခါတည်း ကံဆိုးမိုးမှောင် ကျသွားလိမ့်မယ်”
“ပြီးတော့”
ရောင်စဉ်အလင်းနတ်အရှင်က ဆက်ပြောလိုက်သည်။ “ရောင်စဉ်အလင်းနတ်နယ်မြေနဲ့ ပြဿနာ တက်ထားတဲ့ ရန်သူ ဖြစ်တာမို့ ဒီလူက ကျုပ်တို့အတွက် ခန့်မှန်းလို့ မရနိုင်အောင် အားကောင်းတဲ့ရန်သူ ဖြစ်လာလိမ့်မယ်”
ရောင်စဉ်အလင်းနတ်အရှင်၏ စကားလုံးများသည် ဇဝေဇဝါ ဖြစ်မိစေ၏။ သို့ပေမဲ့ အရိပ်လိုလူမှာတော့ သာမန် ကဲ့သို့ ခံစားနေရပုံပင်။ သဘောတူစွာဖြင့် ခေါင်းကိုသာ ညိတ်လိုက်၏။
အရိပ်လိုလူသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်သည်။ “ခင်ဗျား ဘာပြောနေတာလဲဆိုတာ ကျုပ်နားလည် ပါတယ်။ ဒါပေမဲ့”
သူသည် တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်၏။
သို့ပေမဲ့ ရောင်စဉ်အလင်းနတ်အရှင်၏ မျက်နှာသွင်ပြင်သည် ပြောင်းလဲသွားခဲ့၏။ သူသည် လက်ကိုယမ်းခါကာ ပြောလိုက်သည်။ “တစ်စုံတစ်ယောက် ရောက်လာပြီ။ ခင်ဗျား အခု ထွက်သွားတော့”
“နားလည်ပါပြီ”
အရိပ်လိုလူက ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူ၏ ပုံပန်းသွင်ပြင်သည် လေထုထဲမှာပဲ ပျောက်ကွယ်သွား၏။ သူရှိနေသည်ဆိုသော အရိပ်အယောင်၊ အော်ရာ အားလုံးသည် ပျောက်ကွယ်သွား၏။
ထိုသူ ထွက်ခွာသွားချင်းချင်းမှာပဲ လန်ချင်းရှုသည် တောင်၏ခြေရင်းဆီမှာ တောင်ပေါ်သို့ တစ်လှမ်းချင်း တက်လှမ်း လာလေသည်။