အပိုင်း (၈၀)
Vol. 6 Ch. 80
[ယုရှင်းချန်၏ အားအင်အဆင့်ကို သိရှိရန်အတွက် လက်ခံသူသည် ကောင်းကင်လျို့ဝှက် အမှတ် တစ်သောင်းကို ပေးအပ်ရန် လိုအပ်၏။ ထိုသို့ဆိုလျှင် ကျင့်ကြံခြင်းနှင့် နတ်ဘုရား နည်းစနစ် အားလုံးကို ပြသပေလိမ့်မည်။ ]
"မပြောခဲ့ဘူးလို့သာ မှတ်လိုက်တော့" လီယွင် သည် ပြောင်စပ်စပ်နှင့် ပြောလိုက်၏။
သူ၏ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုက ပေါ်ပေါက်လာ၏။ သူသည် ပိုင်ချမ်းဟန်ဆီသို့ လှမ်းပစ်ပေးကာ ပြောလိုက်သည်။ "ရော့ …. ဒါခင်ဗျားလိုချင်နေတဲ့ သတင်းအချက်အလက်တွေပဲ"
ဟမ် …
ပိုင်ချမ်းဟန် သည် ကျောက်စိမ်းပြားကို လှမ်းယူလိုက်၏။ သူသည် အသက်ပင် မရှုရဲသည့် အခြေအနေသို့ ရောက်ရှိနေ၏။ ဤအတိုင်း သူ ရရှိခဲ့သည်လား။ ပိုင်ချမ်းဟန်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်မိနေ၏။
ဤကဲ့သို့သော ကိစ္စရပ်များကို သူ ရင်းနှီးပြီးဖြစစ်သည်။ နောက်ဆုံးအချိန်တုန်းက သူသည် ကျောက်စိမ်းပြား တစ်ခုကို ရရှိခဲ့၏။ ပြီးနောက် သူတော်စင် ကောင်းချီးနည်းစနစ်ကို ရရှိခဲ့၏။ ဤတစ်ကြိမ် လက်ထဲတွင် ရောက်ရှိလာခဲ့သည့် ကျောက်စိမ်းပြားမှာ သေးငယ်လှသည့်အခွင့်အရေးတော့ မဟုတ်နိုင်ချေ။
အပြင် လောကဆီသို့သာ ပြန့်နှံ့သွားပါက အုတ်အော်သောင်းနင်း ဖြစ်သွားမှာ သေချာ၏။ ပြီးနောက် ပိုင်ချမ်းဟန်သည် နတ်ဘုရားအသိများ ကို ကျောက်စိမ်းပြားထဲသို့ ထည့်သွင်းကာ အကြောင်းအရာများကို စစ်ဆေးလိုက်၏။
[ကောင်းကင်ပါရမီရှင် စာရင်း]
ထိုစကားစုကို မြင်လိုက်ရသည့် အချိန်မှာတော့ ပိုင်ချမ်းဟန်သည် မျက်မှောင်ကုတ်လိုက်မိ၏။ ပြီးနောက် သူသည် ဆက်လက်ကာ ဖတ်ရှုလိုက်၏။ သူ၏ အကြည့်များသည် နောက်မှ စာကြောင်းများဆီသို့ ရောက်ရှိသွားသည်။
[ပထမ - ယုရှင်းချန်]
“ဟမ်”
ပိုင်ချမ်းဟန်သည် မှက်မှောင်ကုတ်လိုက်၏။ သူသည် စိတ်ထဲမှာ စတင်ကာ တွေးတောလာမိ၏။ တစ်ခုချင်းစီကို ဖတ်ရှုပြီးသည့်နောက် သူ၏ သံသယများသည် အကောင်အထည် ပေါ်လာလေ၏။
ဤအရာသည် ပါရမီရှင်များစာရင်းပင် ဖြစ်လေ၏ အားအင်ကို အခြေခံကာ ဖန်တီးထားခြင်းဖြစ်သည်။ ဘယ်လိုဖြစ်နိုင်မည်နည်း။ ပါရမီရှင်များသည် တစ်ယောက်နှင့် တစ်ယောက် မတိုက်ခိုက်ဖူးသလို တွေ့ဆုံခြင်းလည်း မရှိကြချေ။ အဘယ့်ကြောင့် အဆင့် သတ်မှတ်ချက်များအဖြစ် ပေါ်ပေါက်လာရသနည်း။
ပို၍ အရေးကြီးသည်မှာ ပထမတည်နေရာသည် ဘာဖြစ်သနည်း။ တော်ဝင်ရင်နိုင်ငံတော်၏ ဘုရင်တစ်ယောက် ဖြစ်သည်နှင့်အညီ သူ၏ သတင်းအချက်အလက် ကွန်ယက်သည် တကယ်ပင် ကြီးမားလွန်းသည်။ သို့ပေမဲ့ သူ၏ မှတ်ဉာဏ်ထဲတွင် မျိုးရိုးနာမည် ယု အမည်ရသော လူငယ်ပါရမီရှင် မရှိချေ။
အောက်တွင် ရှိနေသော ကျင့်ကြံသူများသည် အနည်းဆုံး မည်သည့်ဂိုဏ်းမှ ဖြစ်ပြီး မည်သည့် ကျင့်ကြံခြင်းကို ကျင့်ကြံသည်များ ပါဝင်၏။ ၎င်းတို့၏ ပါရမီသည် ကောင်းမွန်လွန်းလှပြီး ဘိုးဘေးများ၏ လမ်းညွှန်မှုကြောင့် ကျိန်းသေပေါက် တခြားပါရမီရှင်များထက် သာလွန်သူဟု သတ်မှတ်နိုင်၏။
ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်ဆီမှ ထွက်ပေါ်လာသော သတင်းအချက်အလက် ဖြစ်သည်မို့ ပိုင်ချမ်းဟန်သည် မယုံကြည်ဘဲ မနေနိုင်ချေ။ ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင် သည် ကောင်းကင်၏ လျို့ဝှက်ချက်များကိုပင် တွက်ချက်နိုင်၏။ ထိုသူက အားကောင်းသည်ဟု ပြောဆိုလျှင် အစစ်အမှန် အားကောင်းသူ ဖြစ်ပေလိမ့်မည်။
"ငါ့သား ပိုင်ချမ်းရွှမ်က တော်ဝင်သူတော်စင်တစ်ယောက် ဖြစ်လာရမယ့်သူပဲ။ ငါ့ရဲ့လမ်းညွှန်မှုနဲ့ဆိုရင် လောလောဆယ် ပါရမီရှင်စာရင်းမှာ အဆင့်သုံးဆယ်အတွင်းတော့ ဝင်နိုင်ပါတယ်"
ပိုင်ချမ်းဟန်သည် မိမိကိုယ်ကိုယ်ကို နှစ်သိမ့်လိုက်၏။ တော်ဝင်ရင်နိုင်ငံတော်၏ အကြောင်းကို သူ အသိဆုံးဖြစ်သည်။ အားအင်မနည်းလှသော်လည်း အင်ပါရီရာ ကျမ်းစာ နှင့် အင်ပါရီရာ လက်နက်များ လိုအပ်လျက် ရှိနေ၏။
သူ၏သားသည် အင်ပါရီရာ ကလန််များမှ သားတော်များကို ကျော်ဖြတ်ကာဖြင့် ရှိနေမည်ဆိုပါက အဓိပ္ပာယ်မရှိသလို ဖြစ်ပေလိမ့်မည်။ သိုပေမဲ့ ဆက်လက်ကာ ဖတ်ရှုရင်း သုံးဆယ့်တစ်ယောက်မြောက်ကို ရောက်ရှိသည့် အခါမှာတော့ ပိုင်ချမ်းဟန်သည် မေးခွန်းထုတ်လိုက်မိသည်။
[၃၁ ယောက်မြောက် - ဖန်းနီရှန်၊ ဂိုဏ်းမရှိ ]
"သောက်ကျိုးနည်း” ပိုင်ချမ်းဟန်၏ စိတ်တစ်ခုလုံးသည် ယောက်ယက်ခတ်လျက် ရှိနေ၏။
[ဂိုဏ်းမရှိ]
ဤအရာသည် တိကျသေချာစွာ ရှင်းရှင်းလင်းလင်း ရေးသားထား၏။ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။ သူ၏သား ပိုင်းချမ်းရွှမ်သည် တစ်ကိုယ်တော် ကျင့်ကြံသူလောက်တောင်မှ အားမကောင်းပေဘူးလား။ နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့သည့် တော်ဝင်ရင်နိုင်ငံတော်၏ အားအင်အဆင့် နှင့် အနာဂတ်မျိုးဆက်သည် တစ်ကိုယ်တော်ကျင့်ကြံသူများကို ကျော်ဖြတ်ရန်ပင် မဖြစ်နိုင်ပေဘူးလား။
သူသည် ခံစားချက်များကို ဖိနှိပ်ကာဖြင့် ဆက်လက် ဖတ်ရှုလိုက်၏။
[၃၂ - ယောက်မြောက် ရောင်စဉ်အလင်း နတ်သားတော်၊ ဂိုဏ်း - ရောင်စဉ်အလင်းနတ်နယ်မြေ]
ထိုနာမည်ကို မြင်တော့ သူသည် စိတ်သက်သာရာ ရသွားမိ၏။ ရောင်စဉ်အလင်းနတ်နယ်မြေမှ သားတော်ပင်လျှင် ဤနေရာတွင် ပါဝင်နေ၏။ ထို့ထက်ပိုသော တည်နေရာတွင် သူ၏ သားတော်ကို တွေးထားပါက ရူးနေ၍သာ ဖြစ်ပေလိမ့်မည်။
"ဒါပေမဲ့ စီနီယာ ရောင်စဉ်အလင်းနတ်နယ်မြေ အထက်မှာ တစ်ကိုယ်တော်ကျင့်ကြံသူကို ထားတယ်ဆိုတော့ ဒါသက်သက် ရောင်စဉ်အလင်းတန်းနယ်မြေကို အရှက်ခွဲချင်တာလား" ပိုင်ချမ်းဟန်သည် တီးတိုးရေရွတ်လိုက်၏။
ရောင်စဉ်အလင်းနတ်နတ်နယ်မြေနှင့် ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်တို့ကြားရှိ ရန်ငြိုးသည် ကျင့်ကြံခြင်းလောကတွင် လျို့ဝှက်ချက် တစ်ခုမဟုတ်ချေ။ လူပေါင်းများစွာတို့ သိရှိကြသည်။ စီနီယာသည်သာ ဤစာရင်းကို ထုတ်ပြန်လိုက်ပါက တမင်တကာ ရောင်စဉ်အလင်းနတ်နယ်မြေ၏ အထက်တွင် တစ်ကိုယ်တော် ကျင့်ကြံသူကို ထားခြင်းဖြစ်ကြောင်း အားလုံးက သတ်မှတ်ကြပေလိမ့်မည်။
"စီနီယာက အမြင်ကျင်းတာပဲ"
ပိုင်ချန်းသည် စိတ်ထဲမှာ ရေရွတ်လိုက်၏။ သူသည် စီနီယာ၏ ရည်ရွယ်ချက်ကို နားလည်သွားသလို ခံစားလိုက်မိသည်။ ထိုကဲ့သို့ လုပ်ခြင်းအားဖြင့် ရောင်စဉ်အလင်းနတ်သားတော်၏ အနောက်တွင် ရှိနေသော ရောင်စဉ်အလင်း နတ်နယ်မြေ တစ်ခုလုံးကို တည့်တည့် ထိမှန်မှာ သေချာသည်။
"ကိစ္စမရှိဘူး။ စီနီယာ ငါ့အပေါ်ကောင်းတာပဲလေ။ ငါ့သားအဆင့်က နိမ့်ကျနေတော့ရော ဘာဖြစ်လဲ"
သူ၏ သားသည်သာ ဖန့်နင်းရှန်နှင့် တခြားသော ကျင့်ကြံသူများကို အနိုင်ယူနိုင်ပါက ထိုနေရာများကို ရရှိသွားပေလိမ့်မည်။
"ငါ့သားရဲ့ ပါရမီက မှန်းဆလို့မရဘူး။ သူ့အနေနဲ့ ထိပ်ဆုံး သုံးဆယ်ထဲကို မဝင်နိုင်တောင်မှ ထိပ်ဆုံး ငါးဆယ်ထဲကိုတော့ ဝင်ဖို့တော့ ပြဿနာမရှိလောက်ဘူး"
ပိုင်ချမ်းဟန်သည် ဆက်လက်ကာ ဖတ်ရှုလိုက်၏။ သူ၏ မျက်စိသူငယ်အိမ်များသည် ကြုံ့ဝင်သွားသည်။ ထိပ်ဆုံးငါးဆယ် စာရင်းတွင် ပိုင်ချမ်းရွှမ်ဟုသည့် နာမည် တစ်ခုမှ မပါပေ။ ထိုသို့ဆိုလျှင် ငါးဆယ် အနောက်ဘက် ဆိုလျှင်ရော …။
ပိုင်ချမ်းဟန်သည် မယုံကြည်နိုင်အောင် ဖြစ်မိနေ၏။ တော်ဝင်ရင်နိုင်ငံတော်သည် ကြီးမားလှသည့် ဂုဏ်ကျက်သရေကို ပိုင်ဆိုင်၏။ သို့ပေမဲ့ သူ၏ သားသည် ထိပ်ဆုံးငါးဆယ်ထဲတွင် မပါဝင်ချေ။ ဤသတင်းသည်သာ ပြန့်နှံ့သွားပါက ကျိန်းသေပေါက် ရယ်စရာ ဖြစ်ပေလိမ့်မည်။
[ ၉၉ ယောက်မြောက် - ချမ်း …]
[ ၁၀၀ မြောက် - ရမ်ချင်းရှောင် ။ ဂိုဏ်း - တော်ဝင်ဓားဂိုဏ်း]
နောက်ဆုံးမှာတော့ တော်ဝင်ဓားဂိုဏ်းကို ကိုယ်စားပြုသူပင် ပါဝင်လာခဲ့သည်။ သို့ပေမဲ့ တော်ဝင်ရင်နိုင်ငံတော်မှ တစ်စုံတစ်ယောက်မှ မပါခဲ့ချေ။
“မဖြစ်နိုင်ဘူး”
ပိုင်ချမ်းဟန်သည် ခေါင်းကို မော့လိုက်ပြီး မယုံကြည်နိုင်သလို ပြောလိုက်၏။ "စီနီယာ ဒီစာရင်းက မှားယွင်းတာ ရှိနေလား။ ကျုပ်သားရဲ့ နာမည်မပါလို့။ ကျုပ် သားက သာမန်ထက်ပိုတဲ့ ပါရမီကို ပိုင်ဆိုင်ပါတယ်။ တော်ဝင်သူတော်စင် ဖြစ်လာနိုင်တဲ့ အလားအလာကိုလည်း ပိုင်ဆိုင်တယ်။ ဒါပေမဲ့ သူ က ထိပ်ဆုံးတစ်ရာ စာရင်းထဲကို မဝင်ခဲ့ဘူး။ ဒါက တစ်ခုခုမှားယွင်းနေသလိုပဲ"
လီယွင်သည် စာနာသနားစွာဖြင့် ကြည့်ရှုလိုက်၏။ "ခင်ဗျား ပြောနေတဲ့ စကားတွေကို နားထောင်လိုက်ရုံနဲ့ ခင်ဗျားသားက တစ်ပန်းရှုံးနေပြီ။ ကိုယ့်သားကို သေချာ ဖိနှိပ်ပြီး ကြိုးစားခိုင်းမယ် မရှိဘူး။ တော်ဝင်သူတော်စင် ဖြစ်မယ့်သူ ဘာညာနဲ့ လျှောက်မြှောက်ပေးနေတယ်။ တော်ဝင်သူတော်စင် ဖြစ်တော့ရော ဘာဖြစ်လဲ။ အပြိုင်စကြဝဠာထဲမှ ဒီထက် အဆမတန် အားကောင်းတဲ့ ကျင့်ကြံသူတွေ မြစ်ထဲက သဲလိုပဲ ရှိနေတယ်။”