အပိုင်း (၈၄)
Vol. 6 Ch. 84
“စီနီယာ.. ကြားပြီးပြီလား”
ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်းမှာတော့ ပိုင်ချမ်းဟန်သည် စိုးရွံ့လျက် ရှိနေ၏။ သိုပေမဲ့ သူသည် စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ ကောင်းကင်ပါရမီစာရင်း ပျံ့နှံ့သွားပြီးသည့်နောက် ကျင့်ကြံခြင်းလောက တစ်ခုလုံးသည် ရှုပ်ထွေးကာ ပွက်လောရိုက်သွားခဲ့၏။
ထိုအတောအတွင်း ထိုအရာများကို ပြုလုပ် ဖန်တီးခဲ့သည်လူမှာတော့ ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာဖြင့် ထိုင်လျက်ရှိပြီး ရေနွေးကြမ်းကို ဇိမ်ကျကျဖြင့် သောက်လျက်ရှိသည်။
“ဘာကို ကြားရမှာလဲ” လီယွင်သည် ရေနွေးကို တစ်ငုံသောက်လိုက်၏။
“ကျောက်စိမ်းသီလ နတ်သားတော်က ရီချန်ကို စိန်ခေါ်ခဲ့တယ်လေ” ပိုင်ချမ်းဟန်သည် အလျင်အမြန် ပြောလိုက်သည်။
ဤကိစ္စသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာနှင့် ပတ်သက်လျက် ရှိသည်။ အံ့အားသင့်စရာ ကောင်းလှစွာပဲ စီနီယာသည် တစ်ချက်ကလေးမှ စိုးရိမ်ပူပန်မှုကို မပြသခဲ့ချေ။ ဤကဲ့သို့သော အခြေအနေတွင် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်၍ တိုက်ပွဲ၏ရလဒ်ကို ကြည့်ရှုရနိုင်လေသည်လား။
“ခင်ဗျား သွားကြည့်ချင်လို့လား” လီယွင်သည် မျက်ခုံးကို ပင့်ကာဖြင့် ပိုင်ချမ်းဟန်ကို လှမ်းကြည့်လိုက်၏။
“သွားကြည့်ချင်တာပေါ့။ ဒါပေမဲ့ ကျုပ်ရဲ့ အားအင်အဆင့်အရ ဒီလိုလုပ်ဖို့ ခွင့်ပြု မပေးထားဘူးလေ” ပိုင်ချမ်းဟန် သည် နာနာကျင်ကျင်ဖြင့် ပြုံးကာပြောလိုက်သည်။
ရီချန်နှင့် ကျောက်စိမ်းသီလ နတ်သားတော်တို့၏ ဂုဏ်သိက္ခာတရားဆိုသည်မှာ အလွန်ပင် ကြီးမားလွန်းလှ၏။ တိုက်ပွဲတွင် ဖြစ်ပေါ်လာနိုင်သည့် ရလဒ်သည် ၎င်းတို့၏ နောက်ကွယ်တွင် ရှိနေသည့် အင်အားစုများကို ကိုယ်စားပြုလျက် ရှိနေ၏။
များပြားလှသည့် ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများ အားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် ထိုပွဲကို သွားရောက်ကာ ကြည့်ရှုရန် စီစဉ်နေကြ၏။ အကယ်၍ ဖြစ်နိုင်မည်ဆိုပါက သူသည်လည်း သွားချင်၏။ သို့ပေမဲ့ တော်ဝင်ရင်နိုင်ငံမှ ထွက်ခွာသွားပါက သူ၏ အားအင်အဆင့်သည် သူတော်စင်အဆင့် အားအင်မျိုးကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ချေ။ သူသည် သိမ်ငယ်လွန်းလှချေသည်။
“စိတ်မပူနဲ့”
လီယွင်သည် ရေနွေးခွက်ကို အသာချကာဖြင့် တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ “ပြိုင်ပွဲမှာ ဘာမှ အမှားအယွင်း ဖြစ်လာမှာ မဟုတ်ဘူး”
ရီချန်အနေနှင့် ပွဲကို တမင်အရှုံးပေးခြင်းသာ မဟုတ်ဘူးဆိုပါက ဖြစ်ပေါ်လာနိုင်သည့် ရလဒ်သည် တစ်ခုတည်း သာလျှင် ရှိ၏။ သို့ပေမဲ့ ရီချန်ဆိုသည်မှာ မည်သူဖြစ်သနည်း။ အင်ပါရီယာကလန်တစ်ခု၏ အမွေဆက်ခံသူလည်း ဖြစ်၏။ ထို့ကြောင့် ကျိန်းသေပေါက် ရှုံးနိမ့်ချင်သည် ဆိုလျှင်တောင်မှ အရှုံးပေး၍ မရနိုင်ချေ။
အဘယ်ကြောင့်ဆိုသော် သူ၏နောက်တွင် ရှိနေသော အင်ပါရီယာကလန်သည် ထိုကဲ့သို့ ရှုံးနိမ့်မှုမျိုးကို ခွင့်ပြုပေးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် တိုက်ပွဲတွင် ကျိန်းသေပေါက် အားကုန်ထုတ်ကာ တိုက်ခိုက်ပေ လိမ့်မည်။ သနားညှာတာမှု ဆိုသည်ကို ထုတ်ဖော်ပြသလိမ့်မည် မဟုတ်ချေ။
“စီနီယာ… သေချာရဲ့လား”
ပိုင်ချမ်းဟန်သည် အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်မိနေသည်။ စီနီယာ၏ ကောင်းကင် လျှို့ဝှက်ချက်များကို တွက်ချက်နိုင်သည့် နည်းလမ်းသည် တကယ်ပင် ဆန်းကြယ်လွန်းလှသည်။ တည်နေရာတွင် ထိုင်ပြီး ရေနွေးသောက်ရုံမျှ နှင့် ကောင်းကင်လျှို့ဝှက်ချက်များကို လွယ်လွယ်ကူကူ အဖြေရှာနိုင်သည်လား။
ကောင်းကင်လျှို့ဝှက်ချက်များကို တွက်ချက်တတ်သည့် တခြားသောသူများနှင့် အလွန်တရာ ကွာခြားလျက် ရှိနေလေ၏။ တခြားသော သူများသာဆိုပါက အနည်းနှင့်အများ သတိအပြည့်ဖြင့် သေသေချာချာ ပြုမူဆောင်ရွက်တတ်ကြ၏။ သူတို့သည် ကောင်းကင်တာအို၏ တန်ပြန်မှုကို အလွန်အမင်း ကြောက်လန့်ကြ၏။ သို့ပေမဲ့ စီနီယာမှာတော့ သက်တောင့်သက်သာဖြင့် ထိုင်ခုံပေါ်တွင် ထိုင်ကာ ရေနွေးသောက်ရင်း စဉ်းစား တွက်ချက်လျက် ရှိနေလေသည်။
“ဘာလို့မသေချာရမှာလဲ”
လီယွင်သည် ပိုင်ချမ်းဟန်ကို တစ်ချက်လှမ်းကြည့်ကာဖြင့် အထင်အမြင်သေးသလို ပြောလိုက်၏။ “ကျုပ်ရဲ့ ကောင်းကင်လျှို့ဝှက်ချက်တွေကို တွက်ချက်တဲ့ နည်းလမ်းက တခြားသူတွေ သင်ယူတတ်မြောက်နိုင်တဲ့ နည်းလမ်းမျိုးမဟုတ်ဘူး။ ကျုပ်တစ်ယောက်တည်း တတ်မြောက်တာမျိုးပဲ”
“အင်း”
ပိုင်ချမ်းဟန်၏ အမူအရာ တစ်ခုလုံးသည် အေးခဲသွား၏။ စီနီယာသည် သူ၏အတွေးများကို မြင်နိုင်စွမ်း ရှိပုံပင်။
လီယွင်သည် ခေါင်းကို ခါယမ်းလိုက်၏။ သို့ပေမဲ့ သူသည် စိတ်ထဲတွင် မထားလှချေ။ သူ၏ရှေ့တွင် ရှိနေသည့် စနစ်၏ မြင်ကွင်းကိုသာ လှမ်းကာ ကြည့်ရှုနေ၏။ ကောင်းကင်ပါရမီရှင်စာရင်းကို ထုတ်ပြလိုက်ပြီးသည့်နောက် ဘာကို ဆက်လက်ကာ ထုတ်ပြရမည်နည်း။ “လက်နက်စာရင်းလား”
အနာဂတ်တွင် အင်ပါယာနှစ်ယောက် တိုက်ခိုက်မည်ဆိုလျှင် တစ်ယောက်က ပြောရပေလိမ့်မည်။ “ကျုပ် လက်ထဲမှာ ရှိတဲ့ဓားက ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ လက်နက်အဆင့် သတ်မှတ်ချက်အရဆိုရင် အဆင့်သုံး နေရာမှာ ရှိတယ်”
“အင်း.. နားထောင်လို့တော့ ကောင်းသားပဲ။ ဒါပေမဲ့ အလှအပစာရင်းဆိုရင်လည်း ကောင်းတာပဲ”
လီယွင်သည် အတွေးနက်သွားမိ၏။ ဤကဲ့သို့ စာရင်းကို ထုတ်ဖော်လိုက်သည်ဆိုပါက မိစ္ဆာကျင့်ကြံသူများအကြိုက် ဖြစ်သွားပေလိမ့်မည်။ ၎င်းတို့အနေနှင့် ချောမောလှပသည်ဆိုသော မိန်းကလေးများအား တကူးတက လိုက်လံ ရှာဖွေနေစရာ မလိုအပ်တော့ချေ။ အဆင့်သတ်မှတ်ချက်ကို ကြည့်ကာ လိုက်လံဖမ်းဆီးရုံပင်။
“အရင်ဆုံး ဒီအတိုင်းပဲ ထားလိုက်အုံးမယ်။ ကောင်းကင်ပါရမီရှင်စာရင်း တုံ့ပြန်မှုကို အရင်ဆုံး ကြည့်ကြတာပေါ့။ တကယ့်ကို ကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ရရှိပြီဆိုရင် နောက်ထပ် ဘာစာရင်းကို ထုတ်ပြန်မလဲဆိုတာကို စဉ်းစားရမယ်”
ခဏလောက် တွန့်ဆုတ်နေပြီးသည့်နောက် လီယွင်သည် သေသေချာချာ တွေးတောလိုက်မိ၏။ အနာဂတ်တွင် သူ့အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုသည့် စကားစုအား လောကကြီးတစ်ခုလုံးထဲတွင် ကြီးမားလှသည့် အခွင့်အာဏာကို ပိုင်ဆိုင်လာစေရန် စတင်တည်ထောင်ရပေလိမ့်မည်။
အဆင့်သတ်မှတ်ချက်များကို ထုတ်လိုက်သည်နှင့်တပြိုင်နက် မည်သူကမှ မေးခွန်းမထုတ်နိုင်သည့်အခြေအနေမျိုး ဖြစ်ပေါ်လာရပေမည်။
စာရင်းကို တစ်ခုပြီးတစ်ခု ခဏခဏ အများကြီး ထုတ်ဖော်နေခြင်းသည် ကောင်းမွန်လှသည့် အရာ မဟုတ်ချေ။ အားလုံးသောသူတို့သည် သံသယ ဝင်လာနိုင်သလို အလေးအနက်မထားစွာဖြင့် အခြေအနေမျိုးလည်း ဖြစ်လာနိုင်၏။
လီယွင်သည် စိတ်ကို ပြင်ဆင်လျက် ရှိနေတုန်းမှာပဲ မိုင်သန်းနှင့်ချီ အဝေး .....
ကန်လန်နယ်မြေ၊
မြင့်မားလှသည့် နတ်ဘုရား တောင်ထွတ်ပေါ်တွင် ရှိနေသာ အင်ပါရီယာရီကလန်ရှေ့တွင် ဆန်းကြယ်ပြီး ခံညားလွန်းသည့် စင်မြင့်ကြီး တစ်ခု တည်ရှိလို့နေခဲ့၏။
ထိုစင်မြင့်ကြီး၏ မျက်နှာပြင်သည် နက်နဲလွန်းလှသည့် နတ်ဘုရားနည်းစနစ်များကို အသုံးပြုကာ ထက်ပိုင်း ပိုင်းဖြတ်ခြင်းကို ခံထားရသကဲ့သို့ပင် ပြောင်ချောပြီး ညီညာလို့နေသည်။
ဤစင်မြင့်သည် ရီချန် နှင့် ကျောက်စိမ်းသီလ နတ်သားတော်တို့၏ တိုက်ပွဲတည်နေရာပင်ဖြစ်လေ၏။
လက်ရှိအခြေအနေမှာတော့ ရီချန် ရောက်ရှိလာခဲ့၏။ သူသည် အလယ်ဗဟို၌ ထိုင်လျက်ရှိနေ၏။ သူ၏ ဆံပင်များ သည် ရေတံခွန်ကဲ့သို့ အနောက်ဘက်တွင် ကျဆင်းလျက်ရှိသည်။ နေ၏ အလင်းရောင်အောက်တွင် ဆံနွယ်ဆီမှ တလက်လက် တောက်ပနေသည့် အလင်းရောင်များပင် ထွက်ပေါ်နေ၏။ သူ၏ ခန္ဓာကိုယ်ဆီမှ အားကောင်း လှသည့် အော်ရာများ ထွက်ပေါ်နေသည်မှာ အရှိန်တငြီးငြီး နှင့်ပင်။
အော်ရာသီးသန့်နှင့်ပင် ကြည့်ရှုသူများအားလုံး မျက်စိ မဖွင့်နိုင်အောင် ရှိနေသည်။ ၎င်းသည် လူငယ် အင်ပါယာလေး တစ်ယောက်ကဲ့သို့ပင်။ ကောင်းကင်နှင့်မြေကြီး၏ အလုံးစုံသော ကောင်းချီးကို ခံစားရသကဲ့သို့ပင် ခန္ဓာကိုယ်ဆီမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လျက်ရှိ၏။ သာမန်မဟုတ်သည့် သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း မျက်မြင် ထင်ရှားလှ၏။
သူ၏အနောက်ဘက်တွင်တော့ သွေးနီရောင်လှံတစ်စင်းသည် မတ်မတ်ထောင်လျက်ရှိ၏။ လှံ၏ ထိပ်သွားသည် ကောင်းကင်ယံကို ထိုးထွင်းလျက် ရှိနေပြီး နေ၏အလင်းရောင်နှင့်အတူ ၎င်းသည်လည်း တောက်ပလျက် ရှိနေ၏။ လှံကို မည်သည့်အသက်သွင်းခြင်းမှ မပြုလုပ်သေးသည်ဆိုလျှင်တောင်မှ ထက်ရှမှုတစ်ခုတည်းနှင့် လူပေါင်း များစွာ တို့၏ ကျောရိုးမကြီးများကို စိမ့်တက်သွားစေ၏။ ဤလှံသည် အနိမ့်ဆုံးအနေဖြင့် ကောင်းကင်အသွင်ပြောင်းခြင်း အဆင့် လက်နက်တစ်ခုသာလျှင် ဖြစ်ပေလိမ့်မည်။
အင်ပါရီယာရီကလန် အနေဖြင့် ပိုမိုကောင်းမွန်လှသည့် လက်နက်များကို မထုတ်ဖော်နိုင်၍ မဟုတ်ချေ။ သူတို့ အနေနှင့် အကုန်လုံးကို ထုတ်ဖော်လာ၍ မဖြစ်ချေ။ ရီချန်အား နတ်အဆင့်လက်နက်များကို ပေးအပ်ပြီး တိုက်ပွဲ ဝင်ခိုင်းခြင်းဆိုသည်မှာ အဓိပ္ပာယ် မရှိလှချေ။ ပါရမီရှင်များအကြား လက်နက်ကွာခြားမှုကြောင့် အနိုင်ယူနိုင်သည် ဆိုသည့်အခြေအနေမျိုးကို ဖြစ်သွားနိုင်၏။ အားလုံးသော သူတို့၏ ပြောဆိုစရာများ ဖြစ်လာပေလိမ့်မည်။
မနီးမဝေးတွင်တော့ များပြားလှသည့် ဂိုဏ်းဂဏ အသီးသီးဆီမှ အကြီးအကဲများ တည်ရှိနေကြသည်။ ၎င်းတို့သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်ကာဖြင့် ပြိုင်ပွဲတည်နေရာကို ကြည့်ရှုလျက် ရှိနေ၏။
“ကောင်းကင်ပါရမီရှင်စာရင်း ထုတ်လွှင့်လိုက်တာက တကယ့်ကို အမှန်ပဲ။ ရီချန်ဆီက ထွက်လာတဲ့ အော်ရာ သီးသန့်ကိုကြည့်တာနဲ့တင် သူက နိဗ္ဗာနအဆင့် ထိပ်ဆုံးကို ရောက်နေတာပဲ ဖြစ်ရမယ်။ တကယ်လို့ တိုက်ပွဲမှာသာ အားကုန်ထုတ်ပြီး တိုက်ခိုက်မယ်ဆိုရင် ကောင်းကင်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့တောင် ယှဉ်ပြိုင်နိုင်လောက်တယ်” စီနီယာအဆင့် ကျွမ်းကျင်သူတစ်ယောက်က သက်ပြင်းချကာဖြင့် ပြောလိုက်သည်။
“တာအိုရောင်းရင်း.. ခင်ဗျားပြောတာ မှားနေတယ်”
တစ်စုံတစ်ယောက်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်က ထုတ်လွှင့်လိုက်တဲ့ ကောင်းကင်ပါရမီရှင်စာရင်းအရဆိုရင် ရီချန်က ကောင်းကင်အသွင်ပြောင်းခြင်းအဆင့်ကို ရောက်ဖို့ နည်းနည်းပဲ လိုတော့တယ်။ သူ့ရဲ့အားအင်အဆင့်က ခန့်မှန်းလို့ မရနိုင်ဘူး”
“ကောင်းကင်ပါရမီရှင်စာရင်းရဲ့ နံပါတ်နှစ်က တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းတာပဲ။ ကျုပ်ထင်တာ ပထမကကော ဘယ်လောက်ကောင်းမွန်လှတဲ့ စွမ်းဆောင်ရည်တွေကို ပြသပေးနိုင်မလဲ”
“ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ပထမမှာ ပါဝင်တဲ့လူက ဘယ်သူလဲ မသိဘူး။ ဆန်းကြယ်လွန်းတယ်လေ”
အားလုံးသောသူတို့ အပူတပြင်း ဆွေးနွေးလျက် ရှိနေတုန်းမှာပဲ တစ်စုံတစ်ယောက်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ပြောလိုက်၏။
“ကြည့်အုံး။ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ခုနှစ်ဆယ့်သုံးယောက်မြောက်မှာရှိတဲ့ စစ်နတ်ဘုရားနန်းတော်ရဲ့ မျိုးဆက်သစ် ရောက်လာပြီ”