← Chapters

အပိုင်း (၈၅)

Vol. 6 Ch. 85

အပိုင်း (၈၅)

Vol. 6 Ch. 85

“ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ခုနှစ်ဆယ့်သုံးယောက်မြောက် ဟုတ်လား”

လူပေါင်းများစွာတို့သည့် ခေါင်းမော့ကာ ကြည့်ရှုလိုက်၏။ ၎င်းတို့သည် ဆန်းကြယ်လွန်းလှသည့် ရွှေရောင်သင်္ဘောကြီး တစ်စင်းကို မြင်လိုက်ရ၏။ ထိုအရာသည် နန်းတော်ကြီးတစ်ခုလိုပင် လေဟာနယ်ထဲသို့ ရွေ့လျားလာ၏။

အရှေ့ဆုံးတွင် မတ်မတ်ရပ်လျက်ရှိနေသည်မှာ ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက် ဖြစ်ပြီး ကြီးကျယ်လွန်းလှသည့် ဟိတ်ဟန်များကို ထုတ်ဖော်ပြလျက် ရှိနေ၏။ ၎င်း၏ အသားအရေသည် ကြေးနီရောင်ကဲ့သို့ပင် တောက်ပနေ၏။ ၎င်း၏ မျက်နှာတစ်ခုလုံးသည်လည်း ထက်ရှပြီး ရှည်လျားလှသည့် မျက်ခုံးမွှေးများကို ပိုင်ဆိုင်၏။ အသွင်အပြင် အမူအရာသည် သူရဲကောင်းတစ်ယောက်၏ ဟိတ်ဟန် အမူအရာမျိုး ပင်။

စစ်နတ်ဘုရားနန်းတော် ပေါ်ပေါက်လာခဲ့ပြီးနောက် တခြားသောဘက်ခြမ်းတွင် နဂါးလှေများသည် လေဟာနယ်ကို ထိုးခွင်းကာ ရောက်ရှိလာခဲ့ပြန်၏။ ဤကြေးနီရောင်ကဲ့သို့ နဂါးလှေများသည် သတ်ဖြတ်ခြင်းဆန္ဒများ ထွက်ပေါ်လျက် ရှိသည်။ ၎င်းသည် ရေတွက်လို့မရအောင် များပြားလှသည့် တိုက်ပွဲများကို ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ သလိုပင်။ ၎င်းတို့၏ ဓားများ၊ လှံများ၏ ထိပ်များသည် အနည်းငယ်ပဲ့လို့နေခဲ့၏။ လှေ၏ ပဲ့ဦးတွင်တော့ ကြီးမား လွန်းလှသည့် အလံတိုင်ကြီးသည့် လေထဲတွင် လွင့်မျောလျက်ရှိ၏။ ထိုအလံတိုင်ကြီးဆီမှာ တစ်လုံးတည်းသော စာလုံးကို ရေးထိုးထား၏။ “ချောင်”

ထိုအချိန်မှာတော့ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည် လူငယ်တစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ထိုအလံတိုင်ကြီးအောက်တွင် မတ်မတ်ရပ်လျက်ရှိသည်။ ၎င်း၏ ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောလျက်ရှိပြီး သူ၏ မျက်လုံးများသည် နက်ရှိုင်းကာ နက်နဲလွန်းလှ၏။ ကောင်းကင်တစ်ခုလုံးကို ထွင်းဖောက်နိုင်မည့် ဓားအော်ရာများကို ထုတ်လွှတ်လျက် ရှိနေသည်။

ဟူး....

လူတော်တော်များသည် သက်ပြင်းချလိုက်မိ၏။ “ဒါက တော်ဝင်ချောင်နိုင်ငံတော်ရဲ့ ဆယ့်ခုနှစ်ယောက်မြောက် မင်းသားလား”

“ဖြစ်နိုင်တယ်။ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ခုနှစ်ဆယ့်လေးယောက်မြောက် လူပဲလေ။ သူက စစ်နတ်ဘုရား နန်းတော်ရဲ့ မျိုးဆက်ထက် အဆင့်တစ်ခုပဲ နိမ့်တယ်။ သူတို့ ပေါ်လာတယ်ဆိုတာ ကျိန်းသေပေါက် တိုက်ခိုက်ဖို့ပဲ ဖြစ်ရမယ်”

“ခုနှစ်ဆယ့်သုံးနဲ့ ခုနှစ်ဆယ့်လေး အသီးသီး ပေါ်လာကြပြီဆိုတော့ တခြားသူတွေကကော”

“အင်း... ဒီနေ့ကျုပ်တို့ကတော့ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ပထမတန်းစားလူတွေကို မြင်ရတော့မယ်နဲ့ တူတယ်”

............

“ဆရာ.. ဒါ ကောင်းကင်ပါရမီရှင်စာရင်း အမှန်လား” လူအုပ်ကြားထဲတွင် ရှိနေသည့် အမျိုးသမီးတစ်ယောက်က စိတ်ဝင်တစားနှင့် မေးမြန်းလိုက်သည်။

သူမသည် ပိန်သွယ်ပြီး နှင်းကဲ့သို့ ဖြူဖွေးလှသည့် အသားအရေ ကို ပိုင်ဆိုင်၏။ သူမသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ လှုပ်ရှားလိုက်သည့် ကိုယ်ဟန်သည် အမှန်ပဲ ကြည့်လို့ကောင်းလှသည်။ မီးတောက်များကြားထဲမှ အသစ်ပြန်လည် မွေးဖွားလာသည့် ဖီးနစ်ငှက်တစ်ကောင်ကဲ့သို့ပင်။ သူမ၏ မျက်နှာတစ်ခုလုံးကို အနီရောင်ခြုံပုဝါဖြင့် လွှမ်းခြုံထားသည်ဆိုလျှင်တောင်မှ အလွန်လှပသည့် ဟန်ပန်အမူအရာများကို မဖုံးကွယ်ထား နိုင်ချေ။

သူမကို ကြည့်ရှုလိုက်သည့် လူများသည် မျက်လုံးခွာရန်ပင် မနည်းကြိုးစားနေခဲ့ကြ၏။ သို့ပေမဲ့ သူမဆီသို့ မည်သူမှ မချဉ်းကပ်ရဲကြချေ။ ဤအမျိုးသမီးသည် အလွန်တရာ ကြည့်ကောင်းပြီ ကျက်သရေ ရှိလှသလို သာမန်ထက်ပိုသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ သူမသည် ကျိန်းသေပေါက် နတ်နယ်မြေ တချို့ဆီမှ နတ်နတ်မိမယ် တစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။

အဝေးဆီမှ အကြည့်များ ရောက်ရှိလာခဲ့သည် ဆိုသော်လည်း ထိုသူများအားလုံးသည် အဆင်ခြင်မဲ့စွာဖြင့် ခပ်ရိုင်းရိုင်းတော့ မကြည့်ရဲကြပေ။

ထို့အပြင် အရှေ့တွင် အင်ပါရီယန်ရီကလန်ကလည်း တည်ရှိလို့နေခဲ့၏။ မည်သူက သွားရောက်ကာ ပြဿနာ ရှာရဲမည်နည်း။

“အင်း.. အမှန်ပဲ”

သူမ၏ လက်ချောင်းပေါ်တွင် ရှိနေသည့် ရှေးလက်စွပ်ကြီးတစ်ကွင်းဆီမှ အသံအိုကြီးတစ်ခု ထွက်ပေါ်လာ၏။ “ပါရမီရှင်တွေ ပေါ်ပေါက်လာတာကို သုံးသပ်ရမယ်ဆိုရင် တကယ့်ကို ကောင်းကင်ပါရမီရှင်တွေအဖြစ် သတ်မှတ်ခံရဖို့ ထိုက်တန်တဲ့ လူတွေကြီးပဲ။”

“ဒါဆိုရင် သုံးဆယ့်တစ်ယောက်မြောက် နေရာမှာ ရှိတဲ့ ကျွန်မကကော ... အရမ်အားကောင်းတာပေါ့” မိန်းကလေးက စဉ်းစားလိုက်သည်။

“ရူးကြောင်ကြောင် ကောင်မလေး .. ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က အစောကြီးကတည်းက ပြောပြီးပြီလေ။ ဒါက အစောကြီးကတည်းက လူသားပါရမီရှင်စာရင်းကို သုံးသပ်ထားတာ။ လောကကြီးထဲမှာ ရေတွက်လို့မရအောင် များပြားတဲ့ ပါရမီရှင်တွေ ရှိတယ်။ တခြား အဓိက ကလန်တွေပါ ထည့်ပေါင်းမယ်ဆိုရင် မင်းရဲ့အဆင့်က အများကြီးမြင့်မှာ မဟုတ်ဘူး” အဘွားအိုသည် သေသေချာချာ ရှင်းပြလိုက်၏။

“အင်ပါယာဖြစ်လာမယ့် လမ်းစဉ်ကို လျှောက်လှမ်းဖို့ဆိုတာ မင်းအနေနဲ့ အဆင့်တူ ပါရမီရှင်တွေကို တိုက်ခိုက် အနိုင်ယူဖို့ လိုအပ်တယ်။ အတိတ်တုန်းက မင်းအနေနဲ့ တခြားသူတွေရဲ့ လုပ်နိုင်စွမ်းတွေကို ကောင်းကောင်း မသိရှိခဲ့ဘူးလေ။ ဒီနေ့ကစပြီးတော့ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးသုံးဆယ်စာရင်းကို သေသေချာချာ အာရုံစိုက်ပြီး ကြည့်ထား”

“နားလည်ပါပြီ” မိန်းကလေးသည် ခေါင်းကို အသာညိတ်လိုက်သည်။

“ကြည့်... ရောင်စဉ်အလင်းနတ်သားတော်နဲ့ တိုင်ချူးနတ်သားတော်တို့ ရောက်ရှိလာခဲ့ပြီ။ သူတို့က အနာဂတ်မှာ မင်းရဲ့ ပြိုင်ဘက်တွေ ဖြစ်လာလိမ့်မယ်” အဘွားအို၏အသံက ထပ်မံထွက်ပေါ်လာပြန်၏။

မိန်းကလေးသည် ခေါင်းကို ငဲ့ကာဖြင့် အဝေးတစ်နေရာကို လှမ်းကာ ကြည့်ရှုလိုက်သည်။

အမဲရောင်ဆံနွယ်များ လေထဲတွင် လွင့်မျောလျက် ရှိနေသည့် ရောင်စဉ်အလင်းနတ်သားတော်သည် အလွန် အားကောင်းလှသည့် အော်ရာများကို ထုတ်ဖော်ကာ လှမ်းလာလျက်ရှိသည်။ ၎င်းဝတ်ဆင်ထားသည့် တိုက်ပွဲဝင် ချပ်ဝတ်သည် အလွန်ကြည့်ကောင်းလွန်းလှချေ၏။ သေမျိုးလောကထဲသို့ ဆင်းသက်လာခဲ့သည့် နတ်သားတစ်ပါး ကဲ့သို့ပင်။

သူ၏ဘေးတွင်တော့ အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်က လိုက်ပါလာ၏။ ထိုသူသည် ရွှေရောင်နတ်ဘုရား ဝက်ဝံကြီးကို စီးနင်းကာ ရောက်ရှိလာခဲ့ပြီး သူရဲကောင်းတစ်ယောက်၏ ဟိတ်ဟန်များကို အလုံးစုံ ထုတ်ဖော်လျက် ရှိနေသည်။

ထိုနှစ်ယောက် ပေါ်ပေါက်လာသည့်အချိန်မှာတော့ အောက်တွင်ရှိနေသည့် လူအုပ်ကြီးသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်၏။ တစ်ယောက်သည် သုံးဆယ်နှစ်ယောက်မြောက် စာရင်းတွင် တည်ရှိပြီး တခြားတစ်ယောက်မှာတော့ နှစ်ဆယ့်လေးယောက်မြောက် စာရင်းတွင် ရှိသည့် လူများဖြစ်၏။ ၎င်းတို့သည် ဘေးချင်းယှဉ်ကာ ရပ်လျက်ရှိ၏။

“အင်း.. ဒါ ကျွန်မရဲ့ အနာဂတ်ပြိုင်ဘက်တွေလား”

မိန်းကလေး၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ သူမ၏ အနီရောင်ဝတ်စုံသည် မီးတောက်ကဲ့သို့ပင် တဟူးဟူးဖြင့် လေနှင့်လွင့်နေ၏။ သူမသည် ဖီးနစ်ငှက်တစ်ကောင်ကဲ့သို့ အသွင်ပြောင်းသွားသကဲ့သို့ပင်။

“ဟုတ်တယ်”

အဘွားအိုက အတည်ပြုလိုက်သည်။ “အင်း.. ဒါ တကယ့်ပွဲပဲ။ ထိပ်ဆုံး ပါရမီရှင် သုံးဆယ်တို့ ရောက်လာပြီ ဆိုရင် ထိပ်တန်း ဆယ်ယောက်စာရင်းကလည်း ထွက်လာအုံးမှာပဲ။ ဒီအခွင့်အရေးကို လွှဲချော်လို့ မဖြစ်ဘူး။ သူတို့ရဲ့ အားအင်အဆင့်တွေကို သေသေချာချာ ကြည့်ထား”

ပြောနေတုန်းမှာပဲ ကောင်းကင်ယံတွင် မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာ၏။ ကြီးမားလွန်းလှသည့် ရွှေရောင် တော်ဝင်ဖန်းသားရဲကြီးတစ်ကောင်သည် တောင်ပံကို လှုပ်ခါကာဖြင့် ရောက်ရှိလာခဲ့၏။ ဆင်းသက်လာခဲ့ပြီးသည့်နောက် ၎င်းသည် လူသားတစ်ယောက်ကဲ့သို့ အသွင်ပြောင်းလဲလိုက်သည်။ ၎င်းသည် ကြီးမားလွန်းလှသည့် ပုဆိန်ကြီးကို ကိုင်ဆောင်ထား၏။ ထွက်ပေါ်နေသည့် အော်ရာများသည် ကြောက်မက်ဖွယ်ရာပင်။

“ရွှေတောင်ပံ တော်ဝင်ဖန်းသားရဲကြီးပါလား” မိန်းကလေးက ပြောလိုက်မိ၏။ သူမ၏ လှပသည့် မျက်လုံးထဲတွင် နှောင့်နှေးမှုများ ဖြစ်တည်လာခဲ့၏။ ဤလူသားကောင်းကင်ပါရမီရှင်စာရင်းကို ရှေးမွန်းစတား ကလန်မှ လူများပင်လျှင် စိတ်ဝင်တစား ရှိလိမ့်မည်ဟု သူမထင်မှတ်ခဲ့ချေ။

ရွှေတောင်ပံဖန်းသားရဲကြီး ပေါ်ပေါက်လာပြီးသည့်နောက် ကြည့်ရှုနေသည့် လူများ၏ အမူအရာသည် ပြောင်းလဲ သွားသည်။ သူတို့သည် အံ့အားတသင့်ဖြင့် ရေရွတ်လိုက်မိ၏။ “ဘယ်လိုဖြစ်ပြီးတော့ မွန်းစတားကလန်ကပါ လူသားမျိုးနွယ် ပါရမီရှင်တွေ စုဝေးပွဲကို လာရတာလဲ”

“ဖြစ်နိုင်တာက သူတို့ လာကြည့်တာပဲ နေမှာပေါ့။ ပြီးတော့ သူတို့ မွန်းစတားတွေက ကောင်းကင်ပါရမီရှင် စာရင်းမှာ မပါဘူးလေ။ ဒါကြောင့် သူတို့ လူသားပါရမီရှင်စာရင်းကို လာကြည့်တာပဲနေမယ်”

“အမှန်ပဲလေ။ အင်း.. ဒါနဲ့ ကျောက်စိမ်းသီလ နတ်သားတော် ဘယ်ပျောက်သွားတာလဲ”

“ကျောက်စိမ်းသီလနတ်နယ်မြေက ပိုပြီးတော့ ဝေးတယ်လေ။ ဒါကြောင့် နည်းနည်းကြာနေတာ နေမှာပေါ့”

များပြားလှသည့်လူများ ဆွေးနွေးလျက် ရှိနေတုန်းမှာပဲ ကောင်းကင်ယံတွင် နဂါးအော်သံတစ်ခုက ထွက်ပေါ်လာ၏။ နဂါးတစ်ကောင် ဆွဲယူထားသည့် ကြီးမားသည့် ကျောက်စိမ်းစစ်ရထားကြီးတစ်စင်းသည် ကောင်းကင်ယံတွင် လွင့်မျောကာ ရောက်ရှိလာခဲ့၏။

“အင်း... ကျောက်စိမ်းသီလ နတ်သားတော် နောက်ဆုံးတော့ ရောက်လာပြီကိုး”

များပြားလှသည့် ပါရမီရှင်များ သည် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်၏။ ၎င်းတို့၏ မျက်နှာပေါ်တွင်တော့ အံ့အားသင့်သည့် အရိပ်အယောင်များ ထွက်ပေါ်လျက်ရှိနေသည်။

All Chapters