အပိုင်း (၈၇)
Vol. 6 Ch. 87
“ဘယ်လိုဖြစ်နိုင်မှာပဲ”
လူပေါင်းများစွာတို့၏ အသံသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြ၏။ ၎င်းတို့၏ ရှေ့မှာ ရှိနေသည့် မြင်ကွင်းကို မြင်ရပြီးသည့်နောက် ၎င်းတို့သည် ပုံရိပ်ယောင်တစ်ခုကို မြင်ရသလို၊ အိမ်မက် မက်နေသလိုပင် ခံစားနေမိသည်။
“စီနီယာအစ်ကို”
“နတ်သားတော်”
ကျောက်စိမ်းသီလနတ်နယ်မြေဆီမှ တပည့်ပေါင်းများစွာတို့သည် ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်ကြသည်။ ၎င်းတို့သည် ပျံသန်းသွားခဲ့ပြီးသည့်နောက် ကျောက်စိမ်းစင်မြင့်ပေါ်သို့ လှမ်းတက်ရန် ပြင်ဆင်လိုက်ကြသည်။ ကံဆိုးစွာဖြင့် အစီအရင်သည် ၎င်းတို့အား တားဆီးထားခဲ့၏။ မည်သူမှသည် အတားအဆီးကို ကျော်ဖြတ်ကာ ရှေ့ဆီသို့ ခြေတစ်လှမ်းမှ မလှမ်းနိုင်ခဲ့ကြချေ။
လက်ရှိအခြေအနေမှာတော့ ကျောက်စိမ်းသီလနတ်နယ်မြေမှ ရောက်ရှိလာခဲ့သည့် အကြီးအကဲများပင်လျှင် ဆွံ့အလျက်ရှိနေသည်။ မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။ အလွန်ထူးချွန်လှပါသည်ဆိုသော ၎င်းတို့၏ နတ်သားတော်သည် အဘယ်ကြောင့် တိုက်ခိုက်ချက် တစ်ခုတည်းနှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားရသနည်း။
“ကျား ...”
သူ၏ မာန်သွင်းသံသည် မိုးခြိမ်းသံကဲ့သို့ပင် ပဲ့တင်ထပ်လျက်ရှိ၏။ ကျောက်စိမ်းစင်မြင့် တစ်ခုလုံးသည် လှုပ်ခါလျက် ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ သွေးစွမ်းအင်များသည် တဝုန်းဝုန်းနှင့် ဖြစ်တည်လျက် ရှိသည်။ သူ၏ လှံတစ်ချက်ကို ဝှေ့ယမ်းလိုက်သည့် ဟန်ပန်အမူအရာမျိုးသည် ကောင်းကင်မှ စစ်နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့် ဟန်ပန်မျိုးပင်။
အချိန်မြစ်ထဲတွင် ပေါ်ပေါက်လာသည့် ရှေးတောင်တန်းကြီး ကဲ့သို့ပင် အလုံးစုံ ဖျက်ဆီးမရနိုင်သည့် ဟိတ်ဟန် အမူအရာများကို ထုတ်ဖော်လျက် ရှိနေပြီး ၎င်းဆီမှ ထွက်ပေါ်လာသည့် ဖိအားများသည် ကျောက်စိမ်းသီလ နတ်သားတော်ဆီသို့ ကျဆင်းလာခဲ့၏။ ကျောက်စိမ်းသီလ နတ်သားတော်သည် ခန္ဓာကိုယ်တစ်ခုလုံး ကွဲကြေလုမတတ် ခံစားနေရ၏။ သွေးများသည် အဆမတန် ပန်းထွက်လာ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဆိုးရွားသည့် အခြေအနေမျိုးဆီသို့ ရောက်ရှိနေလေ၏။
“မဖြစ်နိုင်ဘူး” ကျောက်စိမ်းသီလ နတ်သားတော်သည် ဆံပင်များ ပွစာကျဲလျက်ရှိ၏။ ၎င်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ရူးသွပ်သွားသူ တစ်ယောက်ကဲ့သို့ပင်။ သူသည် ကျန်းချီများကို လက်ထဲတွင် စုစည်းပြီးသည့် နောက် တောက်ပသည့်အလင်းတန်းများကို ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့သည်။
သို့ပေမဲ့ အဘယ်ကြောင့် သွေးနီရောင် အလင်းတန်းများသည် သူ့အား လွှမ်းခြုံကာဖြင့် တစ်စက်လေးမှ ပြန်လည်တိုက်ခိုက်၍ မရနိုင်အောင် ဖိနှိပ်ထားနေနိုင်သနည်း။
ဘုန်း ဘုန်း ဘုန်း ...။
လှံရှည်ကြီး ထပ်မံကျဆင်းလာသည့် အချိန်မှာတော့ ကျောက်စိမ်းသီလ နတ်သားတော်သည် ဓားကို မြှောက်ကိုင်ကာဖြင့် ရေတွက်လို့မရအောင် များပြားသော ဓားအလင်းများကို ထုတ်ဖော်ကာဖြင့် တိုက်ခိုက်လိုက်၏။ ၎င်းသည် ကောင်းကင်ယံထက်တွင် တာအို၏ နိယာမများကို ထုတ်ဖော်ကာ တိုက်ခိုက်၏။ သူသည် တစ်ဖက်လူ၏ တိုက်ခိုက်ချက်များကို မြန်မြန်ဆန်ဆန်နှင့် တားဆီးနိုင်ရန်အတွက် တိုက်ခိုက်နေခြင်းသာ။
သို့ပေမဲ့ ထိပ်တိုက် တိုက်ခိုက်ပြီးသည့်နောက် ဓားအလင်းတန်းများသည် ပျောက်ကွယ်သွားခဲ့၏။ ဤလှံနှင့် ရင်ဆိုင်သည့် နေရာတွင် သူ၏ အကာအကွယ်အားအင်များ အားလုံးသည် မည်သို့မှ မရှိတော့ဘဲ သေဆုံးရန် စောင့်မျှော်နေရသည့် လူတစ်ယောက်ကဲ့သို့ပင်။
“ကောင်းကင်ပါရမီရှင်စာရင်း ဒုတိယမြောက်လူရဲ့ အားအင်အဆင့်က ဒီလောက်တောင်လား”
ကျောက်စိမ်းသီလ နတ်သားတော်သည် စိတ်ပျက်လက်ပျက် ဖြစ်သွားမိ၏။ သူ၏ ပြိုင်ဘက်သည် တကယ့်ကို ကြီးမားလှသည့် တောင်ထွတ်ကြီးတစ်ခုကဲ့သို့ သူ၏ရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေပြီး သူ့အနေနှင့် တစ်ဖက်လူကို မည်သို့မှ တိုက်ခိုက်နိုင်စွမ်း မရှိချေ။
ဤကဲ့သို့သော တိုက်ခိုက်နည်းများနှင့် ရင်ဆိုင်ရသည့်နေရာ၌ သူသည် သေးငယ်လှသည့် ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ပင် ခံစားနေရ၏။
လှံထိပ်သည် သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။
“ချန်အာ... လုံလောက်ပြီ”
“ရပ်”
အသံနှစ်ခုသည် ချက်ချင်းပဲ ထွက်ပေါ်လာခဲ့၏။ အားလုံးသော သူတို့သည် သတိဝင်သွားခဲ့၏။ အားလုံး ကြည့်ရှု လိုက်သည့်အချိန်မှာတော့ တည်နေရာထဲတွင် လူနှစ်ယောက် ပေါ်ပေါက်လာခဲ့သည်ကို မြင်လိုက်ရ၏။ သက်လတ်ပိုင်း လူတစ်ယောက်နှင့် အဘိုးအို တစ်ယောက်တို့ပင်။ ၎င်းတို့သည် ရီချန်၏ ရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေပြီး လှံသွား ကျဆင်းလာသည်ကို တားဆီးထားခဲ့ကြ၏။
အသံထွက်ပေါ်လာသည်ကို ကြားရသည့်အချိန်မှာတော့ ကျောက်စိမ်းသီလ နတ်သားတော်သည် စိတ်သက်သာရာ ရသွားမိ၏။ ရရှိခဲ့သည့် ဒဏ်ရာများသည် ပြင်းထန်လွန်းသောကြောင့် ချက်ချင်းပဲ မေ့မျောသွားခဲ့သည်။
အဘိုးအို သည် အသာချဉ်းကပ်လာပြီးသည့်နောက် ဒဏ်ရာများကို စစ်ဆေးလိုက်သည်။ ပြီးနောက် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။
ဆေးတစ်လုံးကို ထုတ်ယူလိုက်ပြီးသည့်နောက် ကျောက်စိမ်းသီလ နတ်သားတော်၏ ပါးစပ်ထဲသို့ ထိုးထည့်ကာ တိုက်ကျွေးလေ၏။ အသာလှည့်ပြီးသည့်နောက် အဘိုးအို၏ မျက်နှာသွင်ပြင်သည် ချက်ချင်း လေးနက်သွား ခဲ့၏။ သူသည် အံကိုကြိတ်ကာဖြင့် ပြောလိုက်သည် “ကျုပ်တို့ နတ်သားတော် ရှုံးပြီ”
“အင်း... ဒါက သာမန် သိုင်းပြိုင်ပွဲလေးတစ်ခုပါပဲ။ ကျုပ်သားက အနိုင်ရရုံလေးပါပဲ။ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ဒုတိယမြောက်ဖြစ်ဖို့ကတော့ မထိုက်တန်လှပါဘူး” သက်လတ်ပိုင်းလူသည် ပြုံးကာ ပြောလိုက်၏။
ကျောက်စိမ်းသီလ နတ်သားတော် အနေနှင့် ရီချန်ကို စိန်ခေါ်ရသည့် ရည်ရွယ်ချက်ကို အားလုံးသော သူတို့က သိရှိပြီးဖြစ်၏။ ကျောက်စိမ်းသီလနတ်သားတော် သည် ရီချန်ကို နင်းတက်ကာ အပေါ်ဆီသို့ တက်သွားနိုင်ရန် စဉ်းစားခဲ့ခြင်းသာဖြစ်၏။ ရှုံးနိမ့်သွားသည်ဆိုပါက ၎င်းတို့အနေနှင့် ဘာတစ်ခုမှ ဖြစ်သွားလိမ့်မည် မဟုတ်ချေ။
ယနေ့အချိန်၌ ရီချန် ရှုံးနိမ့်ခဲ့သည်ဆိုပါက ရီကလန်တစ်ခုလုံးသည် ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် ဟာသ လုပ်စရာ ဖြစ်သွားပေလိမ့်မည်။
“ကလန်ခေါင်းဆောင်ရီက တကယ့်ကို သဘောထားကြီးတာပဲ” အဘိုးအို၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် တည်ငြိမ်လျက် ရှိနေ၏။ ဤကဲ့သို့သော စကားအနည်းငယ်ကို ခက်ခက်ခဲခဲဖြင့် ပြန်လည်ကာ ပြောဆိုခဲ့ရ၏။
ကောင်းကင်ပါရမီရှင်စာရင်းတွင် ဒုတိယဖြစ်ရခြင်းသည် ထိုက်တန်လှသည် မဟုတ်ဟု ပြောဆိုလျက်ရှိသည်။ ယနေ့ တိုက်ပွဲကို ကြည့်ရှုရမည်ဆိုလျှင် ဤစာရင်းကို သံသယဝင်သူများအားလုံးသည် ဦးနှောက်မြင်းကန်ခံထားရသည့် လူများဖြစ်ကြောင်း သေချာသွားခဲ့သည်။
“ကျုပ်တို့ နတ်သားတော်က ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့တယ်။ ဒီတော့ အရင်ဆုံး သွားပါအုံးမယ်”
ပြောပြီးသည့်နောက် အဘိုးအိုသည် သက်လတ်ပိုင်းလူ ပြန်လည်ဖြေဆိုသည်ကို မစောင့်တော့ချေ။ ချက်ချင်း ဆိုသလိုပဲ လှည်ပြီး သူတို့၏ နတ်သားတော်ကို ကောက်ချီကာ ထွက်သွားတော့၏။
ဤအရှက်ကွဲမှုသည် ကြီးမားလွန်းလှ၏။ သူတို့သည် ဤနေရာတွင် ကြာကြာဆက်နေ၍လည်း ဂုဏ်သိက္ခာ မရှိတော့ချေ။
တိုက်ကွက်အနည်းငယ်ကို ထုတ်ဖော်ဖလှယ်ပြီး ရှုံးနိမ့်သွားသည်ဆိုပါက လက်ခံနိုင်သေး၏။ သို့ပေမဲ့ သူတို့၏ နတ်သားတော်သည် မြန်မြန်ဆန်ဆန် ရှုံးနိမ့်ခဲ့၏။ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ခြင်းသာဖြစ်၏။ သူသည်သာ ဝင်ရောက်ကာ မတုံ့ပြန်သည်ဆိုပါက ရီချန်၏ လှံသည် သူတို့ နတ်သားတော်၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်နေမှာ သေချာ၏။
ကျောက်စိမ်းသီလနတ်နယ်မြေဆီမှ အကြီးအကဲ ထွက်ခွာသွားပြီးသည့်နောက် အခြေအနေတစ်ခုလုံးသည် ပြန်လည်ကာ လေးနက်တည်ကြည်သွား၏။ ကျောက်စိမ်းစင်မြင့် အနီးအနားတွင် ရှိနေသည့် တည်နေရာကြီး တစ်ခုလုံး၌ လူပေါင်းများစွာတို့သည် အပြင်းအထန်နှင့် ဆွေးနွေးလျက် ရှိနေသည်။
“ငါ့မျက်လုံးကို ငါမယုံနိုင်ဘူး။ နတ်နယ်မြေရဲ့ သားချင်းတူတူကို ကျောက်စိမ်းသီလ နတ်သားတော်က တစ်ကွက်တည်း နဲ့ ရှုံးနိမ့်ခဲ့တာပဲ”
“ယုံကြည်ဖို့ ခက်တယ်ဆိုပေမဲ့ အချက်အလက်တွေက ဒီလိုဖြစ်ခဲ့တာပဲလေ။ ရီချန်ရဲ့ အားအင်အဆင့်က မျိုးဆက်တွေ အားလုံးထဲမှာ ထိပ်ဆုံးအဆင့်ကို ရောက်နေပြီလေ။ သူနဲ့ ယှဉ်ပြိုင်နိုင်တဲ့လူက လက်ရှိလောကမှာ အနည်းငယ်ပဲ ရှိတော့မယ်နဲ့တူတယ်”
“ခုနက ကောင်းကင်ပါရမီရှင်စာရင်း ထွက်ပေါ်လာတာကို သံသယဖြစ်တဲ့လူတွေ။ ခင်ဗျားတို့ သတ္တိရှိရင် ရှေ့တက်ပြီး တစ်ကွက်လောက် တိုက်ခိုက်ကြရအောင်။ ကျုပ်နာမည်က ချန်းဖန်ပါ။ ကိုးဆယ့်ကိုးယောက်မြောက် စာရင်းထွက်တယ်။ ဒီနေ့အချိန်မှာ ကျုပ်ကို အနိုင်ယူနိုင်တဲ့လူက ကျုပ်နေရာကို ယူနိုင်ပါတယ်”
ဟူး...
“ရှေးရောင်စဉ်နန်းတော်ရဲ့သား ချန်းဖန်ကလည်း ရောက်နေတာကိုး။ သူက ကိုးဆယ့်ကိုးယောက်မြောက် စာရင်းထဲမှာ ရှိနေတယ်ဆိုပေမဲ့ သူ့ရဲ့အားအင်အဆင့်ကို အထင်သေးလို့ မရနိုင်ဘူး။ မှတ်ထား။ လူသားမျိုးနွယ်ရဲ့ ရေတွက်လို့ မရအောင် များပြားတဲ့ ပါရမီရှင်တွေ အများကြီး ရှိတဲ့အထဲမှာ ထိပ်ဆုံးတစ်ရာကို ဝင်တဲ့လူတွေလေ”
လူအသီးသီးတို့သည် ကျောက်စိမ်းစင်မြင့်နားတွင် စုဝေးလျက် ရှိနေကြ၏။ ၎င်းတို့အနေဖြင့် လက်ရှိဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို မယုံကြည်လည်း ယုံကြည်နေရမည်ဖြစ်၏။ သံသယ ရှိခဲ့သည်ဆိုလျှင်တောင်မှ သူတို့၏ မျက်စိရှေ့တွင် အစစ်အမှန်တရားက တည်ရှိနေခဲ့၏။
ကျောက်စိမ်းသီလ နတ်သားတော်သည် တိုက်ခိုက်ချက် တစ်ခုတည်းနှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့၏။ တစ်ကွက်တည်းကိုပင် မခုခံနိုင်ခဲ့ချေ။ ခေါင်းမာမာဖြင့် ၎င်းတို့သည် မဖြစ်နိုင်ဘူးဟု စွတ်ကာ အော်နေသည် ဆိုပါက အလကားလူများ၊ ဦးနှောက်မဲ့သည့်လူများ ဖြစ်သွားပေလိမ့်မည်။
“အင်း... ဒါ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ဒုတိယလား”
လေဟာနယ်ထဲမှာတော့ ရွှေရောင်အတောင်ပံ တော်ဝင်ဖန်းသားရဲကလန်၏ သခင်လေးသည် ကြီးမားလှသည့် ပုဆိန်ကြီးကို အသာမြှောက်ပြီးသည့်နောက် အားကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက်ရှိသည်။ ၎င်း၏ ရွှေရောင်မျက်လုံးများသည် တလက်လက်နှင့် တောက်ပနေ၏။
“သခင်လေး.. အရမ်းကြီး စိတ်မလောနဲ့”
ဘေးတစ်ဖက်တွင် ရှိနေသည့် အဘိုးအိုသည် လျင်လျင်မြန်မြန်ဖြင့် ရှေ့ကိုတက်ပြီး လှမ်းကာ တားဆီးလိုက်သည်။ “သခင်လေး... သခင်လေးက သူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ အလျင်စလို သွားမယ်ဆိုရင် အသက်ပေးရလိမ့်မယ်”
သူတို့သည် ဝန်ခံရမည်ကို မနှစ်သက်သော်လည်း ဤအရာမှာ အစစ်အမှန်တရားသာဖြစ်၏။ ရီချန် ထုတ်ဖော်ခဲ့သည့် အားအင်အဆင့်သည် သာမန်ကောင်းကင်အသွင်ပြောင်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ပင် ၎င်း၏ ပြိုင်ဘက်မဟုတ်ချေ။ သူတို့၏ သခင်လေးသည် အပေါ်သို့ တက်သွားသည် ဆိုသည်နှင့် ကျိန်းသေပေါက် ရှုံးနိမ့်မှာ သေချာ၏။
ရွှေရောင်အတောင်ပံ တော်ဝင်ဖန်းမျိုးနွယ်သည် နှာခေါင်းကို ရှုံ့လိုက်၏။ သူသည် ကြီးမားလွန်းလှသည့် ပုဆိန်ကြီးကို သိမ်းဆည်းကာ ပြောလိုက်သည်။ “အနာဂတ်မှာ ကျုပ် ရီချန်နဲ့ တစ်ပွဲလောက် တိုက်ခိုက်ချင်တယ်”
“အင်း... ကောင်းပြီ” ဦးလေးဖူ.. ပြန်ရောက်ရင် လက်ဆောင်တွေယူပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသွား။ ပြီးတော့ ကျုပ်တို့ မွန်းစတားကလန်တွေရဲ့ ကောင်းကင်ပါရမီရှင်စာရင်းကို ဘယ်တော့ ထုတ်လွှင့်မလဲဆိုတာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို မေးခဲ့။ ကျုပ်ရဲ့အဆင့်ကို ကျုပ် အရမ်းသိချင်နေပြီ”
“ကောင်းပါပြီ” ဦးလေးဖူ ဟုခေါ်သည့်လူသည် တီးတိုး ပြန်လည်ကာ ပြောဆိုလိုက်၏။