← Chapters

အခန်း(၄၂၄)

Vol. 29 Ch. 424

အခန်း(၄၂၄)

Vol. 29 Ch. 424

"မိုးကြိုး ဆန္ဒ တတိယအဆင့်က စိတ်ဝင်စားဖို့ ကောင်းသားပဲ"

လေထဲမှ မိုးကြိုးပုံရိပ်ကို ကြည့်ရင်း ကျန်းချန်၏ ပါးစပ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ဤတပည့်အသစ် အဆင့်သတ်မှတ် ပြိုင်ပွဲသည် အကဲဖြတ်မှုတစ်ခု မဟုတ်ပေ။

၎င်းက တပည့်အသစ် အားလုံးအတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။

သိထားရမည်မှာ သိုင်းသခင်နယ်ပယ် အကြီးအကဲ၏ တတိယအဆင့် မိုးကြိုးဆန္ဒကို နားလည်သဘောပေါက်ရန် ဂုဏ်ကျက်သရေ အမှတ် အနည်းငယ်မျှပင် မလိုအပ်ပေ။

ထို့ကြောင့် ကျန်းချန်သည် တတိယအဆင့် မိုးကြိုးဆန္ဒကို လေ့လာနေခဲ့သည်။

ယင်းက ဂိုဏ်းအတွင်း မကြာသေးမီက ဝင်ရောက်ခဲ့သော တပည့်အသစ်များ အတွက် ရရန် ခဲယဥ်းသည့် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။

လေထဲမှ တတိယအဆင့် မိုးကြိုးဆန္ဒကို တစ်စုံတစ်ရာ နားလည် သဘောပေါက်ခဲ့လျှင် အဆုံးမဲ့ အကျိုးများပေလိမ့်မည်။

"ကျန်းချန်.. တပည့်အသစ် အဆင့်သတ်မှတ် ပြိုင်ပွဲမှာ မင်း ငါနဲ့ ယှဥ်ပြိုင်ရဲလား"

ကျန်းချန်က လေထဲမှ မိုးကြိုးပုံရိပ်ကို ကြည့်နေစဉ် ရင်းနှီးသော အသံတစ်သံသည် သူ၏ နားထဲ၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က ခေါင်းငဲ့၍ ကြည့်လိုက်ရာ သူနှင့် မလှမ်းမကမ်းတွင် ရှိသော ဖူယုံက သူ့ကို ရန်စောင်သော မျက်နှာထားဖြင့် ကြည့်နေသည်ကို တွေ့ရှိခဲ့သည်။

"မင်းက ငါနဲ့ ယှဥ်ချင်တာလား"

ကျန်းချန်က မထီတရီ ပြုံး၍ ပြောလိုက်သည်။

"ဘာလဲ.. အရင်က မင်းကို သင်ခန်းစာပေးထားတာ မလုံလောက်သေးလို့လား"

"ကျန်းချန်... ငါ့ရှေ့မှာ မင်း မာန်တက်ပြမနေနဲ့"

"ဒီတပည့်အသစ် အဆင့်သတ်မှတ် ပြိုင်ပွဲမှာ ငါ မင်းကို နောက်တစ်ကြိမ် ရှုံးနိမ့်မှာ မဟုတ်ဘူး"

ဖူယုံ၏ မျက်လုံးထဲ၌ အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

"ဒီတစ်ကြိမ် ငါ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်း လောင်းကြေးထပ်ချင်တယ်.. မင်း ငါနဲ့ လောင်းကြေးထပ်ဖို့ သတ္တိရှိလား"

"ဂုဏ်ကျက်သရေ အမှတ် ငါးသောင်း လောင်းကြေး"

ဖူယုံ၏ စကားသံများကို ကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။

"အမှတ် ငါးသောင်း လောင်းရအောင် မင်းမှာ ရှိလို့လား"

ဖူယုံက သူ၏ အထောက်အထား တံဆိပ်ပြားကို တိုက်ရိုက် ထုတ်ယူခဲ့သည်။

သူ၏ အထောက်အထား တံဆိပ်ပြား ပေါ်၌ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းသည် အထင်ကြီးလောက်စရာ ရှိနေခဲ့၏။

"ကျန်းချန်... ဒီထဲမှာ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်း ရှိတယ်"

ဖူယုံက သူ၏ လက်ထဲမှ အထောက်အထား တံဆိပ်ပြားကို မြှောက်ပြလိုက်သည်။

ထို့နောက် သူက မထီမဲ့မြင်ပြုံး၍ ကျန်းချန်ကို စိုက်ကြည့်လိုက်၏။

"မင်း သတ္တိရှိရင် တပည့်အသစ် အဆင့်သတ်မှတ် ပြိုင်ပွဲမှာ လေထဲကဖိအားကို ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ပြိုင်ကြတာပေါ့"

ဤပြိုင်ပွဲအတွက် ဖူယုံသည် နှလုံးသားထဲကနေ ယုံကြည်မှု ရှိနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ဖူမိသားစု၏ အဓိက တပည့်တစ်ယောက်ထံမှ ထောက်ပံ့မှုကို အပြည့်အဝ ရရှိခဲ့သောကြောင့်ပင်။

ဖူမိသားစု၏ အဓိက တပည့်သည် ကျန်းချန်၏ လက်ထဲမှ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို မျက်စိကျနေသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

ကျန်းချန်၏ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို အနိုင်ရရှိရန် အတွက် ဖူမိသားစု၏ အဓိက တပည့်သည် သူတို့ကို များစွာ အကူအညီ ပေးခဲ့၏။

အတွင်းစည်းမှ ဖူမိသားစု တပည့်၏ အကူအညီဖြင့် သူနှင့် ဖူထန့် တို့သည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်၂သို့ ချိုးဖျက်နိုင်ခဲ့သည်။

ထို့အပြင် သူတို့သည် လျှို့ဝှက် နည်းစနစ်တစ်ခုကိုလည်း ရရှိခဲ့သည်။

ထိုလျှို့ဝှက် နည်းစနစ်ကို အသုံးပြုပါက သူနှင့် ဖူထန့်သည် တပည့်အသစ် အဆင့်သတ်မှတ် ပြိုင်ပွဲတွင် လေထဲမှ ဖိအားကို ရင်ဆိုင်ရန်အတွက် အင်အားများကို ပူးပေါင်းနိုင်၏။

ဤ ဝှက်ဖဲများဖြင့် ကျန်းချန်ကို အနိုင်မယူနိုင်ဟု ဖူယုံ အမှန်တကယ် မယုံကြည်ခဲ့ပေ။

ဤတစ်ကြိမ်တွင် သူသည် ကျန်းချန်ဆီမှ ဆုံးရှုံးခဲ့သော အရာအားလုံးကို ဆယ်ဆ ပြန်လည် ရယူရပေမည်။

"ဟားဟား... ဂုဏ်ကျက်သရေ အမှတ် ငါးသောင်း လောင်းကြေးထပ်တာက တကယ်ကို ကြီးမားတဲ့ ကိစ္စတစ်ခုပဲ"

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။

"မင်းက ဒီလောက်တောင် လောင်းကြေးထပ်ချင်မှတော့ ငါသဘောတူရတော့မှာပေါ့"

ဖူယုံ၏ လောင်းကြေးထပ်ခြင်းသည် ကြိုတင်စီစဉ်ထားသည်ကို သိရှိသော်လည်း ကျန်းချန်သည် မကြောက်ရွံ့ခဲ့ပေ။

စစ်မှန်သော အဓိပ္ပါယ် ငါးခုကို ကျွမ်းကျင်ပြီး ဓားဆန္ဒ ဒုတိယ အဆင့်ကို ရောက်ရှိနေသော လူတစ်ယောက်အနေဖြင့် မိုးကြိုး၏ စစ်မှန်သော အဓိပ္ပါယ် ဖိအားကို ဆန့်ကျင်ရာတွင် ထိုက်ရှဂိုဏ်း၏ အပြင်စည်း တပည့်များထဲ၌ မည်သူမျှ သူ့ကို ယှဉ်နိုင်မည် မဟုတ်လောက်ပေ။

ဖူယုံက တံခါးဝထိ အမှတ်များ လာပို့ရန် အစပျိုးနေမှတော့ ကျန်းချန်က အဘယ်ကြောင့် ငြင်းပယ်ရပါမည်နည်း။

"ငါ နားကြားမမှားပါဘူးနော်.. သူတို့က ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို လောင်းကြေးထပ်ကြမယ်တဲ့လား"

"ဒါ... ဒါက အရမ်း မများလွန်းဘူးလား"

"............."

ကျန်းချန်တို့ နှစ်ယောက်ကြားမှ စကားပြောဆိုမှုကို ကြားလျှင် ပတ်ဝန်းကျင်မှ လူတိုင်းသည် အံ့သြ တုန်လှုပ်သွားကြသည်။

ဂုဏ်ကျက်သရေ အမှတ် ငါးသောင်း လောင်းကြေးထပ်ခြင်း။

ယင်းမှာ အမှန်တကယ်ကို ကြီးမားသော လောင်းကြေးထပ်ခြင်းပင်။

အခန်း(၄၂၄) ပြီး၏

All Chapters