← Chapters

အခန်း(၄၂၆)

Vol. 29 Ch. 426

အခန်း(၄၂၆)

Vol. 29 Ch. 426

"နောက်ဆုံးတော့ ဒုတိယအဆင့်ကို ရောက်ရှိသွားခဲ့ပြီ"

သူ၏ စိတ်ထဲက သတိပေးချက် အသံကို ကြားလျှင် ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ဓားဆန္ဒ အပြင် နောက်ထပ် စစ်မှန်သော ကိုယ်ခံပညာဖြစ်သည့် မိုးကြိုး ဆန္ဒသည်လည်း ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

မိုးကြိုးဆန္ဒ ဒုတိယအဆင့်ကို ရောက်ရှိပြီးနောက်တွင် ကျန်းချန်သည် လေထဲမှ တတိယအဆင့် မိုးကြိုးဆန္ဒ၏ ဖိအားကို ရင်ဆိုင်ရသောအခါ သံသယဖြစ်ဖွယ်ရာ မရှိ ပိုမို၍ သက်သောင့်သက်သာ ဖြစ်လာခဲ့သည်။

"ကျန်းချန်က ဖိအားကို ခုခံဖို့ ပိုမို လွယ်ကူလာတယ်လို့ ငါဘာလို့ ခံစားရတာလဲ"

"ဒါ... ဒါက မယုံနိုင်စရာကောင်းလွန်းတယ်ဟ"

ကျန်းချန်၏ တည်ငြိမ်သော အသွင်အပြင်ကို မြင်လျှင် လူတိုင်းသည် အံ့အားသင့်သွားကြသည်။

အချိန်၏ ဖြတ်သန်းမှုနှင့်အတူ လေထဲမှ မိုးကြိုး

ဆန္ဒ၏ ဖိအားသည် ဆက်လက် တိုးမြင့်လာခဲ့သည်။

ဤကြောက်မက်ဖွယ်ရာ ဖိအားကို ခုခံရန် ဖူယုံတို့ ညီအကိုသည် သွေးစွမ်းအားကိုပင် ထုတ်ဖော်ခဲ့ရ၏။

သို့တိုင် သူတို့သည် ဖိအားအောက်တွင် ရုန်းကန်နေရသည်။

ကျန်းချန်ကမူ က္ကုန္ဒြေမပျက် ရှိနေဆဲပင်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျန်းချန်၏ အခြေအနေကို အာရုံစိုက်နေသော ဖူယုံ၏ မျက်လုံးများထဲ၌ ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်လာ၏။

သူက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ဒုတိယ အဆင့်ကို ချိုးဖျက်ပြီးနောက်တွင် သူ၏ အင်အားသည် ကျန်းချန်နှင့် ယှဉ်ပြိုင်နိုင်သည်အထိ မြင့်တက်လာခဲ့ပြီဟု တွေးထားခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်လည်း ကျန်းချန်သည် သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ပြန်၏။

ယခုအခါ သူနှင့် ကျန်းချန်ကြားမှ ကွာဟချက်သည် ပိုမို ကြီးမားလာခဲ့သည်။

ကံကောင်းစွာဖြင့် သူ၏ လက်ထဲ၌ အကြီးမားဆုံး ဝှက်ဖဲက ကျန်ရှိနေပါသေး၏။

သို့မဟုတ်လျှင် ဤတစ်ကြိမ်၌ သူသည် ကျန်းချန်ကို အမှန်တကယ် ရှုံးနိမ့်သွားပေလိမ့်မည်။

"ညီနောင်ထန့်... ဒီကောင်က တကယ် မလွယ်ဘူး.. ငါတို့ သူ့ကို အနိုင်ယူချင်ရင် လျှို့ဝှက် နည်းစနစ်ကို အသုံးပြုမှ ရတော့မယ် ထင်တယ်"

ဖူယုံက အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး သူ့ဘေးမှ ဖူထန့်ကို ပြောလိုက်သည်။

ဤတစ်ကြိမ် ကျန်းချန်နှင့် ယှဉ်ပြိုင်ခြင်းသည် ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းနှင့် ဆက်စပ်နေသည့် ကြီးမားသော အလောင်းအစား ဖြစ်သည်။

အနိုင်ရပါက အရာအားလုံးက လွယ်ကူသွားမည် ဖြစ်သော်လည်း ရှုံးနိမ့်ပါက ထိုက်ရှဂိုဏ်း၌ သူ၏ ဘဝသည် လွယ်ကူတော့မည် မဟုတ်ပေ။

ဖူထန့်က ခေါင်းညိတ်ပြီး ရင်ဘတ်နားတွင် လက်ကိုကပ်ကာဆန်းကြယ်သော လက်ဟန်များကို အလျင်အမြန် ပြုလုပ်လိုက်သည်။

ထိုအချင်းအရာကို မြင်လျှငိ ဖူယုံသည် လျှို့ဝှက် နည်းစနစ်ကို စတင်ရန် ဖူထန့်နှင့် အလျင်အမြန် ပူးပေါင်းလိုက်၏။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်း ဖူမိသားစု ညီအစ်ကို၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ မှိန်ဖျော့သော စိမ်းပြာရောင် အလင်းတန်းများ လည်ပတ်နေသည်ကို အားလုံးက တွေ့ရှိခဲ့သည်။

ဤစိမ်းပြာရောင် အလင်းတန်းများ ပေါ်ထွက်ခြင်းနှင့်အတူ လူနှစ်ယောက်၏ ခွန်အားက ပေါင်းစပ်သွားပြီး လေထဲမှ ဖိအားကို ရင်ဆိုင်ရာတွင် ပိုမို လွယ်ကူလာခဲ့သည်။

စိမ်းပြာရောင် အလင်းတန်း။

ယင်းမှာ ဖူယုံ ရရှိခဲ့သည့် ဆန်းကြယ်သော လျှို့ဝှက် နည်းစနစ် ဖြစ်သည်။

ထိုနည်းစနစ်က အင်အားကြီးမားသော အကာအကွယ်အလင်းတန်းတစ်ခုကို တည်ဆောက်ရန် အင်အားကို ပေါင်းစပ်နိုင်ပြီး ခုခံမှုကို ချက်ချင်းဆိုသလို အဆပေါင်းများစွာ မြင့်တက်စေသည်။

"ဖူယုံတို့က ဘာတွေလုပ်နေတာလဲ"

"သူတို့ ညီနောင် နှစ်ယောက်က လျှို့ဝှက် နည်းစနစ်တစ်ခုကို လုပ်ဆောင်ခဲ့တဲ့ပုံပဲ.. ဒီနည်းစနစ်က ဖိအားကို ဆန့်ကျင်ဖို့ သူတို့ရဲ့ စွမ်းရည်ကို ပေါင်းစပ်စေပုံရတယ်"

"ဖူယုံက အတော် အရှက်မရှိတာပဲ.. ဒါက လှည့်စားတာပဲ မဟုတ်လား"

"............"

လူတိုင်းက ဤမြင်ကွင်းကို မြင်ခဲ့ကြ၏။

သူတို့၏ ဖူယုံကို ကြည့်သော မျက်လုံးများတွင် အထင်သေးသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

"ကျန်းချန်.. ငါတို့က တပည့် အဆင့်သတ်မှတ်ပွဲမှာ ဘယ်သူက ပိုကြာကြာတောင့်ခံနိုင်မလဲ ယှဥ်ပြိုင်ကြတာပဲ.. ဒါပေမဲ့ ပြိုင်ပွဲမှာ အကူအညီ ယူဖို့ ခွင့်မပြုဘူး ဆိုတဲ့ စည်းမျဥ်းကို မပြောခဲ့ကြဘူး"

"အခု ငါတို့က လျှို့ဝှက် နည်းစနစ်ကို အသုံးပြုထားတာကြောင့် ဖိအားကို ဆန့်ကျင်ရာမှာ ပိုမို အားကောင်းသွားခဲ့ပြီ.. ဒါက အဆ ဘယ်လောက်ထိ အားကောင်းသွားလည်းတော့ ငါ မသိဘူး... ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တော့ မင်း ရှုံးနိမ့်ဖို့ သေချာသွားခဲ့ပြီ"

ဖူယုံက ပတ်ဝန်းကျင်မှ မထီမဲ့မြင် အကြည့်များကို လျစ်လျူရှုခဲ့သည်။

သူက ကျန်းချန်ကို ခနဲ့တဲ့တဲ့ ကြည့်လိုက်၏။

သူ၏ မျက်လုံးထဲ၌ အလွန် ယုံကြည်မှုရှိသော အရိပ်အယောင် ရှိနေခဲ့သည်။

"ဒါက မင်းငါ့ကို လောင်းကြေးထပ်ရဲတဲ့ ဝှက်ဖဲလား"

"ဒီလောက်လေးနဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ တကယ်ကြီး ထင်နေတယ်ပေါ့"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူထံမှ အထက်စီးဆန်သော အသံသည် ပတ်ဝန်းကျင်ကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။

"အကူအင်အားကို သုံးပြီး အသာစီးရချင်တယ်ပေါ့.. ရန်သူက တစ်ယောက်မကလို့ နှစ်ယောက် ဖြစ်ပါစေ.. ငါ ကျန်းချန်က သောက်ဂရုမစိုက်ဘူး"

အခန်း(၄၂၆) ပြီး၏

All Chapters