အခန်း(၄၂၈)
Vol. 29 Ch. 428
"ဒီကျန်းချန်က အရမ်း ကြမ်းတာပဲ"
"ဒါက သာမန် ကြမ်းတာမျိုး မဟုတ်ဘူး..ဒီကောင်လေးက ဂိုဏ်းထဲကို မကြာသေးခင်ကမှ ဝင်ရောက်ခဲ့တဲ့ တပည့်အသစ်တစ်ယောက်ပဲ"
"ဖူယုံတော့ ဒီတစ်ကြိမ်မှာ လုံးဝ ခံလိုက်ရပြီ"
"........."
လူအများအပြားက မှင်တက်နေရာကနေ အသိစိတ်ကို ပြန်လည်ရရှိခဲ့ပြီးနောက်တွင် အံ့အားသင့်သော အမူအရာများကို ပြသခဲ့ကြသည်။
အစပိုင်း၌ ကျန်းချန်သည် ဖူယုံ၏ များပြားလှသော လောင်းကြေးကို လက်ခံခဲ့သည်။
ဤကောင်လေးက ခေါင်းကို မြည်းအကန်ခဲ့ရပြီး အရူးတစ်ယောက် ဖြစ်လာသည်ဟု သူတို့ တွေးထင်ခဲ့ကြ၏။
သို့သော် ယခုအခါတွင် အရူးက သူတို့ကိုယ်တိုင်သာ ဖြစ်သည်ကို နားလည် သဘောပေါက်ခဲ့ကြသည်။
ကျန်းချန်သည် ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို လောင်းကြေးအဖြစ် လက်ခံခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူ့တွင် လက်ခံနိုင်သည့် စွမ်းရည် ရှိသောကြောင့်ပင်။
ဖူယုံက နှစ်ယောက်တစ်ယောက် ကဲ့သို့ ရှက်စရာကောင်းသော နည်းလမ်းများကို အသုံးပြုခဲ့သည့်တိုင် ကျန်းချန်သည် ဖူယုံကို အမှိုက်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။
လက်ရှိ အခြေအနေတွင် မည်သူ့ဘက်က ပိုသာသည်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် မြင်နိုင်၏။
မတော်တဆမှုများ မရှိသရွေ့ ကျန်းချန်သည် ဂုဏ်ကျက်သရေ အမှတ် ငါးသောင်း လောင်းကြေးကို အနိုင်ရရှိရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။
လူတိုင်းသည် ကျန်းချန်၏ ကြီးမားသော အင်အားကြောင့် တုန်လှုပ်နေသောအချိန်တွင် ဖူမိသားစု ညီအစ်ကို နှစ်ယောက်ကို စိမ်းပြာရောင် အလင်းတန်းက ဆက်လက် ထောက်ပံ့ပေးခဲ့၏။
သို့သော်လည်း ဖူယုံတို့ ညီအကိုနှစ်ယောက်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်နေရသည်။
ချွေးသီးချွေးပေါက်များက သူ၏ နဖူး ပေါ်ကနေ အဆက်မပြတ် လှိမ့်ဆင်းလာခဲ့သည်။
စိမ်းပြာရောင် အလင်းတန်းကို ကြာမြင့်စွာ အသုံးပြုပြီးနောက်တွင် သူ၏ ခန္ဓာကိုယ် အသက်ဓာတ်က လုံးဝ ကုန်ဆုံးလုနီးပါး ဖြစ်လာခဲ့သည်။
"ဒီကောင် ကျန်းချန်... သေလုနီးပါး ဖြစ်နေလောက်ပြီ.. ခဏလောက် တောင့်ခံထားရင် အနိုင်ရရှိသူက ငါပဲ ဖြစ်ရမယ်"
ဖူယုံက သူ၏ သွားများကို အံကြိတ်လိုက်သည်။
ခဏအကြာတွင် ဖူယုံသည် သူ့ကိုယ်သူ ဆက်လက် မတောင့်ခံနိုင်တောဟု ခံစားလိုက်ရပြီး ကျန်းချန် ရှိသော နေရာကို ငေးကြည့်လိုက်၏။
ထိုအခါ ကျန်းချန်က နေရာမှာပင် တည်ငြိမ်စွာဖြင့် သိက္ခာတော်ရ ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ဆက်လက် ထိုင်နေသည်ကို မြင်လျှင် သူ လုံးဝ မှင်တက်သွားခဲ့သည်။
"ဒါ... ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ"
ဖူယုံ၏ မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွား၏။
သူ၏ ပါးစပ်ကနေ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
ကျန်းချန်ကို အနိုင်ယူနိုင်ရန်အတွက် ဖူယုံသည် နယ်ပယ် အဆင့်သေး တစ်ဆင့်ကို မြှင့်တင်ခဲ့ရုံသာမက စိမ်းပြာရောင် အလင်းတန်း၏ အင်အားကြီးမားသော နည်းစနစ်ကိုပါ ဝှက်ဖဲအဖြစ် ပြင်ဆင်ထားခဲ့သည်။
ဤကဲ့သို့ လုံလောက်သော ပြင်ဆင်မှုဖြင့်ဆိုလျှင် ဤတစ်ကြိမ်၌ ကျန်းချန်ကို အလွယ်တကူ အနိုင်ယူနိုင်သည်ဟု သူ ယုံကြည်ခဲ့၏။
သို့သော် သူသည် ဤကဲ့သို့ မြင်ကွင်းမျိုးကို မည်သည့်အခါမျှ မတွေးထားခဲ့ပေ။
ကျန်းချန်သည် ကိုယ်ပိုင် အင်အားကို အားကိုးပြီး သူ့ကို နောက်တစ်ကြိမ် အနိုင်ကျင့်ခဲ့သည်။
ထိုခဏတွင် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်သည် ဖူယုံအပေါ်သို့ သက်ရောက်သွားခဲ့၏။
သူ၏ အကန့်အသတ်ကို ရောက်ရှိသွားသော ဖူယုံသည် လုံးဝ ပြိုလဲလုနီးပါးပင်။
ထိုအချိန်မှာပင် လေထဲကနေ ပိုမို ပြင်းထန်သော မိုးကြိုး ဖိအားတစ်ခုက ချက်ချင်း ဖိနှိပ်လာခဲ့သည်။
ပြိုလဲလုနီးပါး ဖြစ်နေသော ဖူယုံသည် ဤကြောက်မက်ဖွယ်ရာ မိုးကြိုး ဖိအားအောက်၌ ခန္ဓာကိုယ် ရုတ်တရက် တုန်ယင်သွားခဲ့သည်။
နောက်တစ်ခဏ၌ သူ၏ ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျကာ မေ့မြောသွားခဲ့သည်။
ဖူယုံ လဲကျပြီးနောက်တွင် စိမ်းပြာရောင်အလင်းတန်းကို မထုတ်ဖော်နိုင်တော့၍ ဖူထန့်သည်လည်း မကြာမီမှာပင် လဲကျသွားခဲ့၏။
ဖူမိသားစု ညီအစ်ကို ထွက်သွားပြီးနောက်တွင် စင်ပေါ်၌ ကျန်းချန်သာ ကျန်ရှိတော့သည်။
ထို့နောက်တွင် လေထဲမှ မိုးကြိုးပုံရိပ်သည် ကျန်းချန်ကို တစ်ချက်ကြည့်လိုက်သည်။
ပြီးသည်နှင့် ချက်ချင်းဆိုသလို အာကာပြင်ကို ဆုတ်ဖြဲကာ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
မိုးကြိုးပုံရိပ် ပျောက်ကွယ်သွားပြီးနောက်တွင် ကုန်းစွန်းယန်၏ ပုံရိပ်သည် ချက်ချင်းဆိုသလို စင်မြင့် အလယ်၌ ပေါ်လာခဲ့သည်။
"ကောင်လေး... မင်း ဒီလောက်ထိ စွမ်းဆောင်နိုင်မယ်လို့ ငါတကယ် မမျှော်လင့်ခဲ့ဘူး.. မင်းက မိုးကြိုးဆန္ဒကို ဒုတိယအဆင့်ထိ နားလည်သဘောပေါက်ထားတာပဲ.. အရမ်းကောင်းတယ်"
ကုန်းစွန်းယန်က ပြုံး၍ ကျန်းချန်ကို ပြောလိုက်သည်။
ထို့နောက်တွင် သူက တပည့်အသစ် အဆင့်သတ်မှတ်မှုကို ကြေညာရန် စတင်ခဲ့သည်။
အငြင်းပွားဖွယ်ရာမရှိ၊ ကျန်းချန်သည် တပည့်အသစ် အဆင့်သတ်မှတ် ပြိုင်ပွဲ၌ ပထမနေရာကို ရရှိခဲ့သည်။
အခန်း(၄၂၈) ပြီး၏