အခန်း(၄၃၀)
Vol. 29 Ch. 430
"ဖူယုံက မထင်မှတ်ဘဲ ရှုံးနိမ့်သွားတယ်..အခုတော့ သူကျဥ်းထဲကျပ်ထဲရောက်နေပြီ"
"ဒါက ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းတောင် ဆိုတော့ လွယ်လွယ်ကူကူ ပေးအပ်ဖို့ ဆန္ဒမရှိတဲ့ပုံပဲ"
"ဖူယုံကို အတွင်းစည်းထဲက ဖူမိသားစု တပည့်တစ်ယောက်က ကျောထောက်နောက်ခံ ပေးထားတယ်.. ကျန်းချန်အနေနဲ့ ဒီဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို ရရှိဖို့ မလွယ်ဘူး"
"............."
ထိပ်တိုက်တွေ့နေသော ကျန်းချန်နှင့် ဖူယုံကို ကြည့်ရင်း လူအများအပြားသည် ထိုကိစ္စကို တီးတိုး ဆွေးနွေးနေကြသည်။
ကျန်းချန်သည် ပတ်ဝန်းကျင်မှ အသံများကို အာရုံမစိုက်ခဲ့ပေ။
သူက ဖူယုံကို အေးစက်စက် စိုက်ကြည့်ခဲ့သည်။
"ငါမင်းကို နောက်ဆုံးတစ်ကြိမ် မေးမယ်.. မင်း ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို ပေးမှာလား မပေးဘူးလား"
"ကျန်းချန်... ဖူယုံက ယခုလေးတင်မှ သတိရလာတော့ စိတ်အခြေအနေ မကောင်းသေးဘူး.. မင်း ဘာကြောင့် ဒီလောက်ထိ အလေးအနက် ထားနေရတာလဲ.. ဒီကိစ္စကို ဒီမှာပဲ ရပ်တန့်လိုက်စမ်းပါ"
"မဟုတ်ရင် ဒါက တကယ့် ပြဿနာ ဖြစ်စေလိမ့်မယ်.. ဒါက မင်းအတွက် အကျိုးရှိစေမှာ မဟုတ်ဘူး"
ဖူယုံဘေးမှ ဖူထန့်က ဝင်ပြောလိုက်သည်။
ကျန်းချန်၏ မျက်လုံးများက အေးစက်သွား၏။
တစ်ချိန်တည်းမှာပင် မိုးကြိုးဆန္ဒသည် ဖူမိသားစု ညီအစ်ကိုကို ဖိနှိပ်ရန် ကြောက်မက်ဖွယ်ရာ အင်အားကို ယူဆောင်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဖူမိသားစု ညီအစ်ကိုသည် သူတို့၏ နှလုံးသားက ပြင်းပြင်းထန်ထန် ထိုးနှက်ခံရသလို ခံစားခဲ့ကြရသည်။
ချက်ချင်းပင် သူတို့ နှစ်ယောက်၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် တိုက်ရိုက် လွင့်ထွက်သွားခဲ့သည်။
"ဝေါ့"
ဖူမိသားစု ညီအစ်ကို နှစ်ယောက်သည် ပေအနည်းငယ် ဝေးသော နေရာထိ လွင့်စင်သွားပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
သူတို့က ဆန့်ကျင်ဘက်၌ ရှိသော ကျန်းချန်ကို ကြည့်လိုက်၏။
သူတို့၏ မျက်လုံးထဲ၌ ထိတ်လန့်သော အရိပ်အယောင်က ဖုံးဖိမရစွာ ရှိနေခဲ့သည်။
ကျန်းချန်က အေးစက်စက် ကြည့်လိုက်ပြီး တစ်လှမ်းချင်း လှမ်းကာ လျှောက်လာ၍ ဖူယုံကို ခြေထောက်ဖြင့် နင်းထားလိုက်သည်။
ထို့နောက် သူက အောက်သို့ ငုံ့ကြည့်လိုက်၏။
သူ၏ အေးစက်သော အသံသည် ထွက်ပေါ်လာခဲ့သည်။
"ဘယ်သူမှ ငါ့ကိုလူပါးဝလို့မရဘူးလို့ ငါကြိုပြောခဲ့သားပဲ"
"မင်း ငါ့ဆီ ရှုံးနိမ့်ခဲ့တဲ့ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို ငါ့ဘာသာပဲ ယူလိုက်တော့မယ်"
ကျန်းချန်က ထိုစကားကို ပြောပြီးနောက်တွင် ဖူယုံကို စကားပြန်ပြောရန် အခွင့်အရေး မပေးခဲ့ပေ။
သူသည် ဖူယုံ၏ အထောက်အထား တံဆိပ်ပြားကို ဆွဲယူရန် လက်ကို ဆန့်ထုတ်လိုက်သည်။
သို့သော် ထိုခဏမှာပင် လက်သီးဆန္ဒ ပါဝင်သော ပြင်းထန်သော လက်သီးချက်တစ်ခုသည် ကျန်းချန်၏ နောက်ကျောကို ရုတ်တရက် ဝင်ရောက် လာခဲ့၏။
ကျန်းချန်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွား၏။
သူက ပြင်းထန်သော လက်သီးချက်တစ်ခုကို ထုတ်ဖော်ကာ ပြန်လည် တုံ့ပြန်လိုက်သည်။
"ဝုန်း"
အင်အားချင်း တူညီသောလက်သီးချက် နှစ်ခုသည် လေထဲ၌ ထိပ်တိုက် ဆုံမိသွားပြီး ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်သည် အနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။
သူက သူ၏ ဆန့်ကျင်ဘက်မှ ခြေလှမ်း အနည်းငယ် နောက်သို့ ဆုတ်သွားသော အနက်ရောင် ဝတ်စုံနှင့် လူငယ်ကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်၏။
"မင်း ဘယ်သူလဲ.. ငါ့ကို ဘာကြောင့် အနှောင့်အယှက် ပေးနေရတာလဲ"
"ငါက အတွင်းစည်း တပည့် ဖူထုံပါ"
အနက်ရောင် ဝတ်စုံနှင့် လူငယ်က ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်းက ငါ့တို့ ဖူမိသားစုက လူကို ဒီလောက်ထိ စော်ကားနေတာ ငါတို့ ဖူမိသားစုကို မျက်လုံးထဲ မထည့်တဲ့ သဘောလား"
"မမျှော်လင့်ဘဲ ဖူမိသားစုရဲ့ အတွင်းစည်း တပည့် ဖူထုံ ကိုယ်တိုင် ရောက်လာခဲ့ပြီဟ"
"သွားပြီ.. ကျန်းချန်တော့ ဒုက္ခရောက်ပြီ"
ရုတ်တရက် ပေါ်လာသော အနက်ရောင် ဝတ်စုံနှင့် လူငယ်ကို မြင်သောအခါ လူတိုင်းသည် သူတို့၏ နှလုံးသားထဲ၌ ကျန်းချန်အတွက် မစိုးရိမ်ဘဲ မနေနိုင်ကြပေ။
ထိုက်ရှဂိုဏ်း၏ အတွင်းစည်း တပည့်များနှင့် အပြင်စည်း တပည့်များသည် အင်အားချင်း အလွန်ကွာခြားကြ၏။
အင်အား အနည်းဆုံး ဖြစ်သည့် အတွင်းစည်း တပည့်ကပင် အပြင်စည်း တပည့် မည်သူ့ကိုမဆို အနိုင်ကျင့်ရန် လုံလောက်သည်။
ကျန်းချန်သာ အတွင်းစည်း တပည့် ဖူထုံ နှင့် ပဋိပက္ခ ဖြစ်ခဲ့လျှင် ကြက်ဥဖြင့် ကျောက်ဆောင်ကို ပေါက်သည့် ဥပမာကဲ့သို့ ဘာမှကွာခြားသွားမည် မဟုတ်ပေ။
"ဖူယုံက ငါ့ဆီမှာ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်း ရှုံးနိမ့်ခဲ့တယ်.. ငါက သူ့ဆီကနေ ငါ့ရသင့်တာကို ပြန်ယူတာပဲ"
ကျန်းချန်က ခပ်မာမာ ပြောဆိုလိုက်သည်။
"မင်းကိုကြည့်ရတာ သူ့ဘက်ကနေ အပြည့်အဝ ရပ်တည်မဲ့ပုံပဲ"
"မင်းတို့ အရင်က ဘာဖြစ်ခဲ့လဲဆိုတာ ငါ ဂရုမစိုက်ဘူး.. မင်း အခု ငါတို့ ဖူမိသားစုကို အနိုင်ကျင့်နေတာပဲ ငါ သိတယ်"
ဖူထုံက နှာခေါင်းရှုံ့၍ အေးစက်စွာ ပြောလိုက်သည်။
"ငါ အခု ဘာမှ မလုပ်သေးခင် ငါ့ရှေ့ကနေ အမြန် ပျောက်ကွယ်သွားစမ်း"
ထိုစကားကိုကြားလျှင် ကျန်းချန်သည် ဖူထုံကို အေးစက်စွာ စိုက်ကြည့်ခဲ့သည်။
သူ၏ မောက်မာသော အသံသည် ချက်ချင်းပင် ထွက်ပေါ်လာခဲ့၏။
"ဟမ့်... မင်း ဘယ်သူလဲဆိုတာကို ငါ ဂရုမစိုက်ဘူး... မင်းက ငါရသင့်တာကို မရအောင် ငါ့ကို တားဆီးချင်ရင်တော့ အတွင်းစည်း တပည့်တစ်ယောက် ဖြစ်လည်း ငါ အလွှတ်ပေးမှာ မဟုတ်ဘူး"
အခန်း(၄၃၀) ပြီး၏