← Chapters

အခန်း(၄၃၁)

Vol. 29 Ch. 431

အခန်း(၄၃၁)

Vol. 29 Ch. 431

ကျန်းချန်၏ မောက်မာသော စကားများကြောင့် ကွင်းပြင် အတွင်းရှိ လူအားလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

"လခွမ်း...ကျန်းချန်က ကြမ်းလှချည်လားဟ"

အားလုံးက တုန်လှုပ်သော မျက်နှာထားဖြင့် ကျန်းချန်ကို ကြည့်ရှုနေခဲ့ကြ၏။

သူတို့၏ မျက်လုံးများ၌ ချီးကျူးလေးစားမှုများ ပြည့်လျှံနေခဲ့၏။

ဂိုဏ်းတွင်းသို့ မကြာသေးမီကမှ ဝင်ရောက်လာသော တပည့်သစ်တစ်ဦးသည် အပြင်စည်း၏ ထိပ်ဆုံးဆယ်ယောက်စာရင်းဝင် ကျောင်းနန်ကို စိန်ခေါ်ရန် ရဲရင့်ခြင်းသည် အလွန် အံ့သြဖို့ ကောင်းနေပြီ ဖြစ်သည်။

သို့သော်လည်း ယခုအခါ ကျန်းချန်သည် အတွင်းစည်းတပည့် ဖူထုံကို ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ ထိပ်တိုက် ရင်ဆိုင်ခဲ့ပြီး ဖူထုံကိုပင် ကြိမ်းမောင်းလိုက်သေး၏။

ဤသို့သောသူကို အံ့သြဖို့ကောင်းသည်ဟု ဖော်ပြရန်ပင် မလုံလောက်တော့ပေ။

"ကောင်လေး.. မင်းက အေးအေးဆေးဆေး မနေချင်ဘူးကိုး"

"အစောပိုင်းက ငါရဲ့ လက်သီးချက်ကို ပိတ်ဆို့နိုင်တာနဲ့ပဲ ငါ့ရှေ့မှာ မာနထောင်လွှားနိုင်မယ်လို့ မင်းထင်နေလား"

"မင်းက အခြေအနေကို နားမလည်မှတော့ ငါ ရိုင်းစိုင်းတာကို အပြစ်မတင်နဲ့တော့"

ဖူထုံ၏ မျက်လုံးများ၌ အေးစက်သော အလင်းတန်းများ တောက်ပလာသည်။

သူ့ထံကနေ သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ် ဆဋ္ဌမအဆင့်၏ အရှိန်အဝါက ချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့၏။

"ဖူထုံ.. မင်းက အတွင်းစည်း တပည့်တစ်ဦးဖြစ်ပြီး ဂိုဏ်းအတွင်းကို မကြာသေးမီကမှ ဝင်ရောက်လာတဲ့ တပည့်သစ်တစ်ဦးကို အနိုင်ကျင့်ဖို့ အပြင်စည်းကို ထွက်လာတာလား"

"ဒီမှာ ဇောင်းလာမကြွဘဲ အတွင်းစည်းထဲ ချက်ချင်း ပြန်သွားစမ်း"

ဖူထုံ တိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် ဒေါသတကြီး ကြိမ်းမောင်းသံတစ်သံ ထွက်ပေါ်လာခဲ့၏။

ရုတ်တရက် ထွက်ပေါ်လာသော ဒေါသသံကြောင့် ဖူထုံ၏ မျက်နှာထားသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူ့ကို ငေါက်လိုက်သောသူသည် စွမ်းအင်သိပ်သည်းခြင်း အဆင့် အကြီးအကဲ တစ်ဦး ဖြစ်သည်။

သူက အတွင်းစည်း တပည့်တစ်ဦး ဖြစ်သော်လည်း စွမ်းအင်သိပ်သည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး၏ ရှေ့၌ ရိုင်းပျစွာ ပြုမူရန် မဝံ့ပေ။

ထို့အပြင် သူ့ကို ကြိမ်းဝါးလိုက်သော အကြီးအကဲသည် ကျန်းချန်ကို မျက်နှာသာပေးရန် ရည်ရွယ်နေသည်မှာ ထင်ရှား၏။

သူသာ တကယ် လုပ်ဆောင်ခဲ့လျှင် ကျန်းချန်ကို လုံးဝ ထိနိုင်မည် မဟုတ်လောက်ပေ။

"ကောင်လေး... မင်းကံကောင်းသွားတယ်"

"ငါ ဒီနေ့ ကိစ္စကို မှတ်သားထားမယ်.. အတွင်းစည်းထဲကို မင်းရောက်လာရင် ဒီကိစ္စကို ရှင်းကြတာပေါ့"

ဖူထုံက အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက် သူက မြေပြင်ပေါ်၌ လဲနေသော ဖူယုံကို လျစ်လျူရှုပြီး လှည့်ထွက်သွားသည်။

ဖူထုံ ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် ဖူယုံဆီသို့ တန်းတန်းမတ်မတ် ပြန်လျှောက်လာခဲ့သည်။

ဖူယုံ၏ ဖြူဖျော့သော အကြည့်အောက်မှာပင် သူသည် ဖူယုံ၏ အထောက်အထား တံဆိပ်ပြား ပေါ်မှ ဂုဏ်ကျက်သရေ အမှတ် ငါးသောင်းကို လွှဲပြောင်းယူလိုက်သည်။

ထို့နောက် အံ့သြ တုန်လှုပ်နေသော အကြည့် အများအပြား အောက်မှာပင် သူသည် ထိုနေရာမှ ဖြည်းညင်းစွာ ထွက်ခွာလာခဲ့သည်။

သို့သော် ကျန်းချန် တစ်ယောက် ခြေလှမ်း အနည်းငယ်သာ လျှောက်ရသေး၏။

ရင်းနှီးသော ပုံရိပ်တစ်ခုသည် လူအုပ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။

ကျန်းချန်၏ ရှေ့၌ ရုတ်တရက် ပေါ်လာသော သူမှာ အခြားသူ မဟုတ်ပေ။

အပြင်စည်း၏ နံပါတ်၁၀ အဖြစ် အဆင့်သတ်မှတ်ခံရသော ကျောင်းနန် ဖြစ်သည်။

"ကျန်းချန်... ငါမင်းကို လျှော့တွက်မိခဲ့တယ်"

"မမျှော်လင့်ဘဲ တပည့် အဆင့်သတ်မှတ်မှုမှာ ပထမနေရာကို ရယူဖို့အတွက် မင်းမှာ စွမ်းရည်အချို့ ရှိနေတာပဲ"

ကျောင်းနန်က သူ့ရှေ့မှ ကျန်းချန်ကို ခနဲ့တဲ့တဲ့ ကြည့်လိုက်၏။

"ငါ့မှာ စွမ်းရည် မရှိရင် မင်းရဲ့ အပြင်စည်း နံပါတ်၁၀နေရာကိုဘယ်လိုလုပ်ပြီး စိန်ခေါ်ရဲမှာလဲ"

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ကျောင်းနန်ကို စူးစိုက်ကြည့်လိုက်သည်။

"မင်း ပြန်ရောက်ရင် မင်းရဲ့ နံပါတ်၁၀ နေရာကို စွန့်လွှတ်ဖို့ အသင့်ပြင်ထားပါ.. မနက်ဖြန် အဆင့်သတ်မှတ် စိန်ခေါ်မှုမှာ မင်းရဲ့နေရာကို ငါယူတော့မယ်"

"ဟမ့်... ငါ ကျောင်းနန်ရဲ့ နေရာက ဘယ်သူမဆို လိုချင်တိုင်း ယူနိုင်တဲ့ အရာ မဟုတ်ဘူး"

"မင်းရဲ့ အင်အားလောက်ကို ငါကျောင်းနန်က ဂရုမစိုက်ဘူး"

"မနက်ဖြန် အဆင့်သတ်မှတ် စိန်ခေါ်မှုမှာ မင်းနဲ့ငါ့ရဲ့ ကြားမှာ ကွာဟချက် ဘယ်လောက် ကြီးမားတယ်ဆိုတာ မင်းကို ပေးသိမယ်"

ကျောင်းနန်က နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် ချက်ချင်းဆိုသလို ကျန်းချန် ရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။

"မင်းနဲ့ ငါ့ကြားက ကွာဟချက်က တကယ်ပဲ ကြီးမားတယ်.. ဒါပေမဲ့ ဒီကွာဟချက်က မင်း ထင်ထားတာနဲ့တော့ အနည်းငယ် ကွဲပြားတယ်"

ပျောက်ကွယ်သွားသော ကျောင်းနန်၏ နောက်ကျောကို ကြည့်ရင်း ကျန်းချန်၏ နှုတ်ခမ်းထောင့်၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ယင်းနောက် သူက ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာလာခဲ့သည်။

အခန်း(၄၃၁) ပြီး၏

All Chapters