← Chapters

သွေးစွန်းသည့်တိုက်ပွဲ

Vol. 5 Ch. 62

သွေးစွန်းသည့်တိုက်ပွဲ

Vol. 5 Ch. 62

“လူသားတွေကိစ္စမှာ ငါဝင်မပါချင်ပါဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ မျက်ကွယ်ပြုထားလို့မရဘူး။ ငါဒီအတိုင်း ရပ်ကြည့်နေလို့ ရတဲ့ကိစ္စမဟုတ်ဘူး”

အစိမ်းရောင်ဝတ်ရုံရှင်က တိမ်တိုက်ပေါ်မှ လောကကိုငုံ့ကြည့်နေသည်။ သူသည် အိပ်နေရာမှ နိုးထခဲသည်။ ပြန်အိပ်ဖို့ အစီအစဉ်မရှိတော့။ အထူးသဖြင့် တောင်တန်းအပြင်ဘက်တွင် ထင်ရှားသည့်လူသားတစ်ယောက် ပေါ်လာသောကြောင့်ဖြစ်သည်။ ဤလောကသည် အရင်လို ငြီးငွေ့စရာကောင်းမည်မဟုတ်တော့။

စိမ်းပြာရောင်သူ့မျက်ဝန်းထဲတွင် ဝတ်ရုံနက်လူတစ်စု တောထဲသို့ ဖြတ်သန်းလာသည်ကို မြင်နေရသည်။ လှုပ်ရှာမှုများက သေသပ်မြန်ဆန်သည်။ သေခြင်းရှင်ခြင်းကို အလေးမထားသည့် မျက်ဝန်းများရှိသည့်။

ကြေးစားလူသတ်သမား။

ရှည်လျားသည့် သူ့သက်တမ်းတစ်လျှောက် ထိုလူစားမျိုး များစွားမြင်ဖူးသည်။ ပုံမှန်အားဖြင့် သူအရေးမစိုက်ခဲ့။ သို့သော်ယခု ထိုလူသတ်သမားတို့၏ ရည်ရွယ်ချက်ကို နတ်ဆိုးဝံပုလွေလေး၏အိပ်မက်ထဲသို့ သူထည့်ပေးခဲ့သည်။

အတိအကျဆိုလျှင် လူသားကိစ္စကို သူဝင်မစွက်ခဲ့။ အသိပေးရုံသာဖြစ်သည်။

“ဂါး”

ကျွမ်းကျင်နေသည့် မြေပြင်ဖြစ်၍ တောင်နက်တို့ဝံပုလွေအုပ် တောအုပ်ထဲမှ ဝတ်ရုံနက်လူစုကို ဖြတ်လမ်းမှလိုက်မီလာသည်။ အဝတ်အစား၊ အရေအတွက်က သူ့အိပ်မက်ထဲကအတိုင်းပင်ဖြစ်သည်။

တွေ့သည်နှင့် တုံ့ဆိုင်းမနေတော့။ ဝံပုလွေအုပ်ကို ဦးဆောင်၍ အတင်းတိုးဝင်သွားသည်။ နောက်လိုက်များကလည်း တုံ့ဆိုင်းမနေကြ။

ပြင်းထန်သည့်တိုက်ပွဲတစ်ခု ပေါ်လာသည်။ ဝံပုလွေအော်သံများ ပဲ့တင်ထပ်သွားသည်။ ဝံပုလွေအဝိုင်းခံရသည့် လူသတ်သမားများလည်း ပြန်လည်တိုက်ခိုက်ကြရသည်။ကောင်းစွာ လေ့ကျင့်ထားသူများဖြစ်သော်လည်း ကျိန်ဆဲမိကြသည်။

“ဒီသားရဲတွေ ဘာဖြစ်နေတာလဲကွာ”

“နတ်ဆိုးတွေပဲ။ သူတို့ကို လေ့ကျင့်ပေးထားတာကွ”

“တိုက်ခိုက်ပြီး ဖောက်ထွက်ကြ”

ဝတ်ရုံနက်တစ်ယောက် တည်ငြိမ်စွာ ပြောလိုက်သည်။ ခါးမှ ဓားရှည်ကိုဆွဲထုတ်သည်။ ဓားမှ ပြင်းထန်သည့်စွမ်းအင်လှိုင်းတစ်ခု ထိုးထွက်လာသည်။ ဘေးနှစ်ဘက်သို့ လှိုင်းထသွားသည်။ ထိုစွမ်းအင်လှိုင်းနှင့် ထိတွေ့မိသည့် ဝံပုလွေများ အော်ပင်မအော်နိုင်ပဲ နှစ်ပိုင်းပြတ်သွားကြသည်။

ဝံပုလွေသွေးများ ပြန့်ကျဲသွားသည်။ သို့သော် ဝံပုလွေများက ကြောက်ရွံ့သွားခြင်းမရှိ။ ပို၍ပင် ခက်ထန်ကြမ်းတမ်းလာသည်။

သရဲမျက်လုံးဝံပုလွေက ဝတ်ရုံနက်ကို ခပ်စိမ်းစိမ်းစိုက်ကြည့်နေသည်။ တစ်ချက်အော်ဟစ်ဟိန်းဟောက်ပြီးနောက် နွားတစ်ကောင်ပမာ ကြီးမားသည့်ခန္ဓာကိုယ်ဖြင့် ဝ

ဝတ်ရုံနက်ကို ခုန်အုပ်သည်။

“ခွေးမသား”

ဝတ်ရုံနက်ကျိန်ဆဲသည်။ သန္ဓေအဆင့်ထိ လေ့ကျင့်ထားသည့် သူ့သိုင်းပညာကို ထုတ်သုံးရသည်။

မာကျောသည့်ခန္ဓာသည် မည်သည့်တိုက်ခိုက်မှုမျိုးမဆို ခံနိုင်ရည်ရှိသည်။ သို့သော် အပြည့်အဝဖွံ့ဖြိုးပြီးသည့် နတ်ဆိုးသားရဲကို ရင်ဆိုင်ရသဖြင့် သူ့သန္ဓေသိုင်းစွမ်းအားကို အစွမ်းကုန်ထုတ်သုံးရသည်။

“ချွင်”

ရတနာဓားကို အစွမ်းကုန်ဝှေ့ယမ်းသည်။ ပြင်းထန်သည့်အားလှိုင်းကြောင့် ဓားလမ်းကြောင်းမှ ကျောက်သားများ နှစ်ပိုင်းပြတ်သွားသည်။ သို့သော် ဝံပုလွေအတွက် အရေပြားပြတ်ရှရုံသာရှိသည်။ ဓားက နတ်ဆိုးအရိုးနှင့် တွေ့သည်။ သံချင်းထိခတ်သည့်အသံ ပေါ်လာသည်။

“နတ်ဆိုးသားရဲ”

လူနှင့်ဝံပုလွေ တိုက်ခိုက်ကြသည်။ သူတို့တိုက်ပွဲကို ဝတ်ရုံနက်များနှင့်သာမန် ဝံပုလွေများက ဝေးဝေးရှောင်ပေးထားသည်။ သီးခြားတိုက်ပွဲကွင်းဖြစ်လာသည်။

“ငါ့ကို ဒီကနေကူထုတ်ပေးကြ”

ဝတ်ရုံနက်စိုးရိမ်လာသည်။ ထိုဝံပုလွေမျိုးနှင့် ရုပ်စွမ်းအားသက်သက်ဖြင့် ယှဉ်ရန်ခက်ခဲသည်။

သူ့နောက်လိုက်များ၏အသံ ထွက်မလာသဖြင့် သူခေါင်းလှည့်ကြည့်လိုက်သည်။ မျက်နှာဖြူရော်သွားသည်။ သူ့အဖွဲ့မှ နောက်ထပ်သန္ဓေသိုင်းဆရာတစ်ယောက် သူ့ရှေ့မှဝံပုလွေထက်ပင် ပိုသန်မာသည့် နတ်ဆိုးဝံပုလွေတစ်ကောင်နှင့် ရင်ဆိုင်နေသည်။ သွေးသံရဲရဲဖြစ်နေသည်။ လက်တစ်ဘက်မရှိတော့။ အော်ပင်မအော်နိုင်တော့။ မကြာမီ ဝံပုလွေအစွယ်အောက် ရောက်တော့မ်။

သို့သော် သူတို့အဖွဲ့တွင် သန္ဓေသိုင်းဆရာသုံးယောက်ရှိသည်။ အပြင်လောကတွင် ထိပ်တန်းအဆင့်ဟု ဆိုနိုင်သည့် စစ်သည်တော်ကိုးယောက်ရှိသည်။

သူတို့ကို ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းက ထိုထက်အဆင့်မြင့်သည့် တိုက်ခိုက်‌ရေးသမားများကိုပင် ပို့လွှတ်နိုင်စွမ်းရှိသည်။ သို့သော် ယခု သူတို့ရောက်လာသည့်တာဝန်က ကျင့်စဉ်စွမ်းအားမရှိသည့် သာမန်လူသုံးယောက်ကို ရှင်းရန်သာဖြစ်သည်။

ထို့အပြင် ပိုအဆင့်မြင့်သည့် စစ်သည်တော်များ လွှတ်လျှင် တစ်ခြားလူများက သတိထထားမိကြမည်။ မစ်ရှစ်မစတင်မီပင် တားဆီးခံရနိုင်သည်။ ယခုသူတို့က ထိုမျှလောက်စွမ်းအားမကြီးသဖြင့် ပုန်းလျှိုးကွယ်လျှိုးလှုပ်ရှားခွင့်ရသည်။

“သုံးစားမရတဲ့ကောင်”

သရဲမျက်လုံးဝံပုလွေနှင့် တိုက်ခိုက်နေရင်းမှ ထိုလူက သူတို့အဖွဲ့မှ တတိယသန္ဓေသိုင်းစွမ်းအားရှင်ကို လှည့်ကြည့်သည်။ ဒေါသအကြီးအကျယ်ထွက်သွားပြီး သူကျိန်ဆဲလိုက်သည်။

ထိုတတိယလူကို နတ်ဆိုးဝံပုလွေပေါက်စများနှင့် များစွာသော တောရိုင်းဝံပုလွေများက ဝိုင်းဝန်းတိုက်ခိုက်နေသည်။ သူ့ခြေရင်းတွင် ဝံပုလွေအလောင်းများ ပုံနေသော်လည်း ဘာမှထူးခြားမလာနိုင်ပေ။

သူတို့နှင့်ပါလာသည့် စစ်သည်ကိုးယောက်လည်း ဝံပုလွေအုပ်ကြောင့် အားလုံးနီးပါးသေသွားသည်။ ဝံပုလွေတစ်ကောင်သည် ကြောက်စရာမဟုတ်။ သာမန်ဝံပုလွေများသည်လည်း လေ့ကျင့်ထားသည့် စစ်သည်တော်အတွက် သိပ်အခက်အခဲမရှိ။ သို့သော် ရာချီသည့် ဝံပုလွေအုပ်သည် သန္ဓေစွမ်းအားရှင်ကိုပင် နောက်ဆုတ်စေနိုင်သည်။

“သေလိုက်စမ်း”

အားအကောင်းဆုံးဝံပုလွေနှင့် တိုက်ခိုက်နေသူမှာ အကူရှာစရာမရှိသဖြင့် တစ်ကိုယ်လုံးမှ ချီစွမ်းအင်စစ်များကို ညှစ်ထုတ်လိုက်သည်။ တိုက်ခိုက်စွမ်းအားကို ယာယီမြှင့်တင်လိုက်သည်။ သို့သော် ပေးဆပ်ရသည်ကရှိသည်။ သူတို့အတွက် မနက်ဖြန်ဆိုသည်မှာ ရှိတော့မည်မဟုတ်။

မစ်ရှစ်အောင်မြင်အောင် ထမ်းဆောင်ရင်း သေဆုံးရခြင်းနှင့် ထူးဆန်းသည့်သားရဲများကြောင့် သေဆုံးရခြင်းက မတူပါ။ ထိုနတ်ဆိုးသားရဲများ အဘယ်ကြောင့် တိုက်ခိုက်လာသည်ကို ယခုထိ သူနားမလည်သေး။

"ဖျောင်း”

သွေးများ ရှေ့သို့ထွက်ကျလာသည်။ ထို့နောက် အသက်စွမ်းအင်များ တောနက်ထဲတွင် ပျောက်ကွယ်သွားသည်။ ခန္ဓာကိုယ်လည်း မြေပြင်သို့ ဖြေးညှင်းစွာ ပုံကျသွားသည်။

ကျန်သည် သန္ဓေသိုင်းစွမ်းအားရှင်နှစ်ယောက် သူ့ကိုပြိုင်တူလှည့်ကြည့်လာသည်။ ရက်စက်ကြမ်းတမ်းသည့် နတ်ဆိုးသားရဲက အလောင်းပေါ်ခြေနင်း၍ သူတို့ကို ဟိန်းဟောက်နေသည်။

“ပြေးတော့”

ဝံပုလွေများဝိုင်းတိုက်ခံနေရသည့် နောက်တစ်ယောက်လည်း သူ့အဖေါ်ကို အော်ဟစ်၍ လှည့်ပြေးသည်။ အသေခံ၍ ဤနေရတွင် ဆက်မတိုက်လိုတော့။

“မင်း”

သရဲဝံပုလွေနှင့်တိုက်ခိုက်နေသည့်စွမ်းအားရှင် ဒေါသထွက်သွားသည်။ သူ့အဖေါ်က သူတစ်ယောက်တည်း ချန်ထားခဲ့သည်။

သို့သော် ဤနေရာတွင် သေရသည်ဖြစ်စေ သူနောက်မဆုတ်နိုင်။

“ဂါး”

ထိုစဉ် နတ်ဆိုးဝံပုလွေက ဟိန်းဟောက်သံကို ကြားရသည်။ ဓားချက်ကြောင့် ဦးခေါင်းနှင့်ခြေလက်များ ဒဏ်ရာရနေသော်လည်း ထွက်ပြေးသည့် သူ့အဖေါ်နောက်သို့ တရှိန်ထိုးပြေးလိုက်သွားသည်။ အလွတ်ပေးမည့်ဟန်မရှိ။

“ခွေးမသား”

“သေလိုက်စမ်း”

ထွက်ပြေးရန် မဖြစ်နိုင်တော့သဖြင့် တစ်ခြားအတွေးအားလုံးဖယ်ထုတ်၍ သားရဲကို သေရွာသို့အတူဆွဲခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် တောင်နက်ကလည်း တောနက်ထဲ မျောက်တစ်ကောင်လို ထွက်ပြေးနေသည့် နောက်ဆုံးဝတ်ရုံနက်ကို စိုက်ကြည့်နေသည်။ ကိုယ်ပေါ်မှဒဏ်ရာများကို အရေးမစိုက်။ စိတ်အာရုံမှ ဆူငေါက်နေသံများကို အရေးမစိုက်တော့။

All Chapters