မဟာနတ်ဆိုး
Vol. 5 Ch. 63
“တောင်နက်၊ တော်တော့။ ဆက်လိုက်စရာမလိုဘူး။ ရပ်လိုက်”
တောင်နက်၏ ခြေလက်ဒဏ်ရာမှ အရိုးများကို မြင်နေရသည်။ ပြေးလိုက်နေစဉ် သွေးများ အဆက်မပြတ်ထွက်ကျနေသည်။
တိုက်ပွဲကို အစအဆုံးကြည့်နေခဲ့သဖြင့် တောင်နက်လှုပ်ရှားမှုအားလုံးကို သူမြင်ခဲ့သည်။ သူ့သားရဲ ခွန်ပြည့်အားပြည့်တိုက်ခိုက်သည်ကို သဘောကျသည်။ ယုတ်မာသည့် ဝတ်ရုံနက်ကို အပြတ်ရှင်းလိုပါသည်။
တောင်နက် သူ့ကိုကာကွယ်နိုင်စွမ်းရှိကြောင်း သူသိခဲ့ပြီဖြစ်သည်။ သို့သော် ထိုအခြေအနေမျိုးတွင် တောင်နက်အသက်ကို သူအဆုံးရှုံးမခံနိုင်။
“မင်းသတ္တိရှိရှိ တိုက်ခိုက်ခဲ့ပြီးပြီပဲ။ အခု ရပ်လိုက်တော့”
တောင်နက်က သူ့စကားကို အရေးမစိုက်။ ရင်ဘတ်ထဲမှလူသတ်ရိပ်များစွာ ထိုးထွက်လာသည်။ ထွက်ပြေးနေသည့်လူသည် သူ့သခင်အတွက် အန္တရာယ်တစ်ခုဖြစ်ကြောင်းသာ သူသိသည်။
အပြတ်ရှင်းပစ်ရမည်။
“တောင်နက်”
ဖုန်ချင်အန်း အာရုံခံမိသည်။ ကျေးဇူးလည်းတင်မိသလို စိတ်လည်းပျက်သည်။ သစ္စာရှိသည်က ကောင်းပါသည်။ သို့သော် တောင်နက်က အသက်ကိုပင် ပဓာနမထားတော့။ ထိုသို့မလုပ်သင့်။
“တိရစ္ဆာန်ကောင်၊ ငါကမင်းကို ကြောက်မယ်များထင်နေလားကွ”
တောင်နက်က အဆက်မပြတ်လိုက်လာသဖြင့် သိုင်းစွမ်းအားရှင် ရွေးစရာမရှိတော့ဘဲ နောက်လှည့်ရင်ဆီုင်ရသည်။
နတ်ဆိုးများထက် ဤတောအုပ်ကို သူပို၍မရင်းနှီးနိုင်ပေ။ အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးသော်လည်း တောင်နက်က တဖြေးဖြေးလိုက်မီလာသည်။
သူ့ကိုယ်ထဲတွင် ချီစွမ်းအင်များစွာ ကျန်သေးသည်။ စွမ်းအားကုန်ထုတ်သုံး၍ ရင်ဆိုင်မှသာ ရှင်သန်နိုင်ရန် မျှော်လင့်ချက်ရှိတော့မည်။ ထို့အပြင် ဤဝံပုလွေလည်း တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များ ပြည့်နေပြီဖြစ်သည်။
“ဂါး”
သူလှည့်ကြည့်ချိန်မှာပင် တောင်နက်က ချက်ချင်းခုန်အုပ်လိုက်သည်။ ပြင်းထန်သည့်တိုက်ပွဲတစ်ခု ထပ်ဖြစ်လာသည်။ ဤညတွင် သူတို့ထဲမှ တစ်ယောက်သာ အသက်ရှင်ရမည်။
ဖုန်ချင်အန်း ဘာမှထပ်မပြောတော့။ ဝင်မစွက်ဖက်တော့။
“ဒုတိယသားရဲတစ်ကောင်ကို ငါမြန်မြန်စာချုပ်ချုပ်နိုင်မှဖြစ်တော့မယ်”
အနီရောင်သွေးများ လေထဲတွင် ပြန့်ကျဲသွားသည်။ လရောင်အောက်မှ သစ်ကိုင်းသစ်ရွက်ဆေးများပေါ် သူလဲကျသွားသည်။ ဖုန်ချင်အန်းအတွက် နာကျင်ရသည့်တိုက်ပွဲတစ်ခုဖြစ်သည်။
သူ့သစ္စာရှိသားရဲ၏အသက်ဓာတ်များ လွင့်ပါးပျောက်ကွယ်နေသည်။
သို့သော် တောင်နက် အဆုံးထိ တောင့်ခံနိုင်ခဲ့သည်။ ထွက်ပြေးသည့်သိုင်းစွမ်းအားရှင်ကို တစ်စစီဆွဲဖြဲနိုင်ခဲ့သည်။
ဒုတိယမြောက်အောင်ပွဲကို ရရှိခဲ့သည်။ ရန်သူခြိမ်းခြောက်မှုမရှိတော့မှန်း သေချာမှ မြေပေါ်သို့ လဲကျသွားသည်။ ထရပ်ရန် ကြိုးစားရုန်းကန်နေသည်။ သူ့အသက်က လေအဝှေ့တွင် ချုပ်ငြိမ်းတော့မည့် ဖယောင်းမီးလိုဖြစ်နေသည်။
“တောင်နက်”
သူ့အကိုစာအုပ်များကို ဆွဲယူ၍ တောင်တန်းပေါ်သွားပြီး တောင်နက်ကို ပြန်သယ်လာရန် ဖုန်ချင်အန်းင်အန်းစိတ်ကူးမိသည်။
သို့သော် ထိုခဏမျှာပင် ဝိညာဉ်အလင်းတစ်ချို့ ကောင်းကင်မှ အဆက်မပြတ်ကျဆင်းလာသဖြင့် သူ့လှုပ်ရှားမှုများ ရပ်တန့်သွားသည်။
အလင်းများက ယောက်ျားသုံးယောက်နှင့် မိန်းမနှစ်ယောက်အသွင်ပြောင်းသွားသည်။ ထူးထူးခြားခြား တင့်တယ်ခံ့ညားကြသည်။ သူတို့ခြေထောက်အောက်တွင် ဝိညာဉ်အလင်းမျိုးစုံ တောက်ပနေသည်။ အရာဝတ္ထုများကို ထိန်းချုပ်၍ ပျံသန်းနိုင်စွမ်းရှိသည်မှာ သေချာနေသည်။
“မသေမျိုးကျင့်ကြံသူတွေပါလား”
ဖုန်ချင်အန်းင်အန်း အတော်အံ့အားသင့်သွားသည်။
ထိုကျင့်ကြံသူမျိုးကို တွေ့ချင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ယခုလိုအချိန်တွင် ပေါ်မလာစေချင်။ တောင်နက်က ဒဏ်ရာအပြင်းအထန်ရ၍ သေလုမျောပါးဖြစ်နေသည်။ သူသည် နတ်ဆိုးဝိညာဉ်ဖြစ်သည်။
သီု့သော် အခြေအနေက ထင်သလောက်တော့မဆိုးလှ။
ကျောက်စိမ်းပေတံပေါ်ရပ်နေသည့် လူငယ်တစ်ယောက်က မြေပေါ်လဲနေသည့်တောင်နက်ကို လှမ်းကြည့်သည်။ တောင်နက်က ခေါင်းထောင်ကြည့်၍ သွားဖြဲပြနေသည်။
“ခုနက ငါတို့စစ်ဆေးကြည့်ပြီးပြီ။ ဟိုလူတွေ တစ်ယောက်မကျန် အသတ်ခံလိုက်ရတာပဲ။ ဒီတောင်တန်းက သားရဲတွေဟာ အဲလောက်တောင်ကြမ်းတာလား”
“မဟုတ်သေးဘူး။ နေဦး၊ ဒီဝံပုလွေကို ငါမှတ်မိတယ်”
စက္ကူကြိုးကြာရုပ်ပေါ်စီးနေသည့် မိန်းမလှက တောင်နက်ကို ခဏစိုက်ကြည့်နေသည်။ မှတ်မိသွားဟန်ရှိသည်။ သူ့ကိုထဲမှ ကျောက်စိမ်းတစ်ခုထုတ်၍ တောင်နက်ဆီထိုးချိန်လိုက်သည်။ ဝိညာဉ်စွမ်းအင်တစ်ခု ထိုးထွက်လာပြီး ကြမ်းတမ်းသည့်ခွေးဝံပုလွေပုံရိပ်တစ်ခုအဖြစ် ပြောင်းသွားသည်။ တောင်နက်ကိုယ်ပေါ်မှ သွေးဒဏ်ရာများမှလွဲလျှင် ချွတ်စွပ်တူနေသည့်ပုံရိပ်ဖြစ်သည်။
“ဘာဝံပုလွေလဲ။ အဲဒါ တော်ဝင်မင်းသားမွေးထားတဲ့ ခွေးနက်ပါ”
သေချာနှိုင်းယှဉ်ကြည့်ပြီးနောက် တစ်ခြားတစ်ယောက်က ထပ်ပြောသည်။
“ဟား၊ အဲဒါ ဒီခွေးနက်လေးလား”
“ဒီခွေးက ရန်သူတိုက်ခိုက်မျာ အာရုံခံမိလို့ သူ့သခင်ကို သစ္စာရှိရှိ ကာကွယ်ခဲ့တာပဲ။ တိုက်ပွဲကြောင့် သူသေလုမျောပါးဖြစ်နေတာဖြစ်မယ်”
“ဖြစ်နိုင်တယ်”
“တကယ်သစ္စာရှိတဲ့ ခွေးပါလား။ နတ်ဆိုးဖြစ်လာတာတောင် သစ္စာရှိတုန်းပဲ”
“ဒီအတိုင်း ရပ်ကြည့်မနေကြနဲ့လေ။ မင်းတို့ဝိညာဉ်ဆေးလုံးတွေထုတ်ပြီး ဒီခွေးရဲ့အသက်ကို မြန်မြန်ကယ်ကြပါ”
ထိုလူများအမြင်တွင် တောင်နက်က ကိုယ်ပိုင်အသိစိတ်ဖြင့်လုပ်သည်ဟုသာ ယူဆသည်။ ဖုန်ချင်အန်း၏သိစိတ်ဆက်သွယ်ထားသည်ကို သတိမထားမိကြ။ မည်သို့ပင်ဆိုစေ ဖုန်ချင်အန်းသည် ရွာထဲတွင် ပညာသင်နေသည့် ကလေးတစ်ယောက်သာဖြစ်သည်။
တစ်ယောက်က ခါးမှကျောက်စိမ်းပုလင်းကိုဖြုတ်၍ ဆေးတစ်လုံးထုတ်လိုက်သည်။ ဆေးမြစ်နံ့က သင်းပျံ့လာသည်။ တောင်နက်ရှေ့သို့ ထိုဆေးလုံး လွင့်ပျံလာသည်။ သို့သော် တောင်နက်က ချက်ချင်းမစား။ သူတို့ကို သေချာစိုက်ကြည့်နေသည်။
“မင်းက တောင်နက်မဟုတ်လား။ နားလည်မှုမလွဲပါနဲ့။ ငါတို့က မင်းရန်သူမဟုတ်ပါဘူး။ မင်းသမီးချုန်ဘန်က လွှတ်လိုက်တာပါ။ အင်ပါယာက သခင်ဖုန်ချင်ပင်းကို မင်းသမီးနဲ့လက်ဆက်ပေးဖို့ စီစဉ်ထားတယ်လေ”
ဆေးပေးသည့်လူက တောင်နက်ကိုကြည့်၍ ရှင်းပြသည်။ နတ်ဆိုးတစ်ကောင်သည် လူစကားနားလည်နိုင်မှန်း သူသိသည်။
“စားလိုက် တောင်နက်”
ဖုန်ချင်အန်း အမိန့်ပေးလိုက်သည်။ ထိုလူများဆွေးနွေးနေသည့်စကားကြောင့် အံ့ဩနေသော်လည်း ယခုလောလောဆယ် တောင်နက်၏အသက်ကသာ အရေးကြီးသည်။
တောင်နက် ခဏတုံ့ဆိုင်းနေပြီးနောက် ဆေးလုံးကိုမျိုချလိုက်သည်။ ဓားချက်ကြောင့်အက်ကွဲနေသည့် သူ့ပါးစပ်ထောင့်မှ သွေးများကျလာသည်။
“ဒီခွေးလုပ်ခဲ့တာတွေကို အသေးစိတ်အစီရင်ခံစာရေးပြီး မင်းသမီးဆီပို့လိုက်ပါ”
“ဒါပေမယ့် သူက နတ်ဆိုးခွေးတစ်ကောင်ပဲလေ။ အဲလောက်ထိ လိုအပ်လို့လား”
“မင်းဘာသိလို့လဲ။ သစ္စာရှိတဲ့ခွေးဆိုတာက နေရာတိုင်းရှိပါတယ်။ ဒါပေမယ့် သူက နတ်ဆိုးဖြစ်လာပြီ။ တောင်တန်းဘုရင်တောင်ဖြစ်နေပြီလေ။ ဒါတောင် သစ္စာရှိတုန်းပဲ။ သူ့သခင်လုံခြုံရေးအတွက် အသက်ကိုတောင် ရင်းခဲ့တာ။ ဒီလိုခွေးမျိုး တာ့ကျင်းတစ်ခုလုံးရှာရင်တောင် တွေ့ချင်မှတွေ့မှာ။ သူ့သွေးဆက်က အဆင့်နိမ့်ပေမယ့် သူ့ကံကြမ္မာကိုပြောင်းလဲပေးဖို့ မင်းသမီးမှာ နည်းလမ်းရှိနိုင်တယ်။ ငါတို့သတင်းပို့ပေးလိုက်ရင် ဒီခွေးဆုချီးမြှင့်ခံရမှာ သေချာတယ်။ နောင်တစ်ချိန် မဟာနတ်ဆိုးတစ်ကောင် ဖြစ်လာဖို့ အခွင့်အရေးရှိနိုင်တယ်လေ”
“မဟာနတ်ဆိုးတဲ့လား။ ကျွတ်...ငါတို့ကတော့ လခလေးနည်းနည်းရဖို့ မိုင်ထောင်ချီဖြတ်ပြီးလာခဲ့ရတယ်။ ဒီနတ်ဆိုးခွေးလေးက အတော်ကံထူးတာပဲ။ ငါတကယ် မနာလိုဖြစ်မိတယ်ကွာ။ ခွေးအဖြစ်ပြောင်းပြီး သူ့နဲ့တောင် နေရာချင်းလဲချင်လာပြီ”
“အင်း..ဒါဆိုရင်တော့ မင်းနောက်ဘဝထိစောင့်ပေါ့။ နောက်ဘဝကျရင် မင်းသခင်ကို သစ္စာရှိရှိနဲ့ စောင့်ရှောက်ရင် အခွင့်ထူးရနိုင်ပါတယ်”
"ဟားဟားဟား"
“တော်ဝင်မင်းသားကိုလား။ မင်းသမီးချုန်ယန်ကိုလားကွ”
တောင်နက် အသက်အန္တရာယ်မရှိတော့မှန်းသိသဖြင့် ဖုန်ချင်အန်း ကုတင်ပေါ်ပြန်ထိုင်လိုက်သည်။ သို့သော် ပြောဆိုရယ်မောနေသည့် ထိုလူစုကို တောင်နက်မြင်ကွင်းမှကြည့်၍ သူအံ့အားသင့်နေမိသည်။