← Chapters

သရဲဝံပုလွေ

Vol. 5 Ch. 64

သရဲဝံပုလွေ

Vol. 5 Ch. 64

“တာ့ကျင်းဟာ သာမန်သေမျိုးနိုင်ငံတစ်ခု မဟုတ်ဘူးပဲ”

ဖုန်ချင်အန်းစိတ်များ ရှုပ်ထွေးနေသည်။ ရုတ်တရက် ပေါ်လာသည့် ထိုလူငယ်များသည် တော်ဝင်သားတော် သမီးတော်များလို တစ်ခြားနောက်ခံအသွင်တစ်ခုဖြင့် နေကြသူများဖြစ်လိမ့်မည်။ သို့သော် သူတို့၏ယခုသွင်ပြင်က အံ့ဩစရာကောင်းလွန်းသည်။

မသေမျိုးကျင့်ကြံသူများ။

အဓိကအချက်မှာ ယခုသူတို့သည် အပြင်ကမ္ဘာတွင် တာဝန်ထမ်း‌ဆောင်နေခြင်းပင်ဖြစ်သည်။ မင်းသမီးချုန်ယန်က သူတို့ကို အမိန့်ပေးနိုင်သည်။ သမက်တော်မင်းသား ဖုန်ချင်ပင်းလည်း ရှိသည်။

“ငါ့အကိုက တကယ်စွမ်းအားကြီးတာပဲ”

နောက်ဆုံးတစ်ခေါက် သူ့အကိုပြန်လာစဉ်က မြို့တော်မှအထက်တန်းလွှာမိန်းမပျိုတစ်ယောက်နှင့် ပတ်သက်ခဲ့မည်ဟု သူသံသယဝင်ခဲ့သည်။ ထိုမိန်းမပျိုက တော်ဝင်မင်းသမီးဖြစ်နေမည်ဟုတော့ ထင်မထား။

“ငါ့မရီးက မင်းသမီးပေါ့”

ဖုန်ချင်အန်း ပို၍ပျော်သွားသည်။ အစက နည်းနည်းအရွယ်ရောက်အောင်စောင့်ပြီး သားရဲထိန်းအဆင့်တက်အောင်ကြိုးစားမည်။ ထို့နောက် ပို၍သန်မာသည့် သားရဲများမွေးဖြူကာ လောကကြီးထဲလှည့်လည်၍ မသေမျိုးကျင့်စဉ်ရှာဖွေဟု စီစဉ်ခဲ့သည်။ သို့သော်ယခု ထိုမျှလောက် ဒုက္ခခံနေစရာမလိုတော့။ သူ့အကိုသမက်တော်ဖြစ်လာတော့မည်။ ညီဖြစ်သည် သူသည်လည်း တော်ဝင်မျိုးနွယ် ဖြစ်လာတော့မည်။

တာ့ကျင်းတော်ဝင်မျိုးနွယ်တွင် မသေမျိုးကျင့်စဉ်ရှိလျှင် သူ့အတွက် ရရန်မခက်ခဲ့တော့။

ဓားပျံစီး၍ လေတွင်ပျံသန်းမည်။ လောကထဲမှ သားရဲများကိုလေ့ကျင့်ပျိုးထောင်မည်။

သားရဲထိန်းအဖြစ် လေ့ကျင့်ရသသည်က တကယ်ညင်သာသည်။ အလားအလာကောင်းသည့် သားရဲတစ်ကောင်ရွေးချယ်နိုင်လျှင် ဘာမှမလုပ်ရဘဲ အလိုလိုစွမ်းအားတိုးလာသည်။ သို့သော် မသေမျိုးကျင့်စဉ်ကိုလည်း သူမမေ့မရ။

နှစ်ခုလုံးလိုချင်သည်။

လှုပ်ရှားနေသည့်စိတ်ကို တည်ငြိမ်အောင်ထိန်းလိုက်သည်။ ထိုကိစ္စမျိုးသည် အလျင်စလိုလုပ်၍မရ။ သူ့မရီးတော်ကိုပင် မတွေ့ရသေး။

သူ့အကိုလက်ထပ်ပြီးချိန်ထိစောင့်ရမည်။ သားရဲထိန်းကျင့်စဉ်ကို အာရုံစိုက်၍ကျင့်ထားရမည်။

“တောင်နက်”

ဝိညာဉ်ဆေးလုံးအစွမ်းကြောင့် တောင်နက်မသေနိုင်တော့ကြောင်း သူခံစားမိသည်။ ယခု တောင်နက် အခြေအနေ ဖြေးဖြေးချင်းပြန်သက်သာလာသည်။

ဘာအတွက်ရောက်လာမှန်းမသိသည့် ကျင့်ကြံသူလူစုက တောင်နက်၏အထက် ကောင်းကင်တွင်ရပ်လျက် တောင်နက်ရနိုင်မည့်ဆုလာဒ်များအကြောင်း ဆွေးနွေးနေကြသည်။

သူတို့စကားကို နားထောင်ပြီး ဖုန်ချင်အန်း နည်းနည်းစိတ်လှုပ်ရှားမိသည်။ တောင်နက် အကျိုးရလျှင် သူလည်း အကျိုးရမည်သာဖြစ်သည်။ ထို့ကြောင့် သူ့အကိုမျက်နှာကြောင့် မမြင်ရသေးသည့် မရီးတော်က ချီးမြှင့်မည့်ဆုလာဒ်အကြောင်း အတော်သိချင်နေသည်။

တောင်နက်လည်း သူတို့ဆွေးနွေးနေသည့်အကြောင်းကို နားလည်သည်။ သူလည်းလိုချခင်သည်။ သို့သော် စိတ်ပူသည်။

“တောင်နက်၊ ငါတို့ ဒီအလောင်းတွေကို ယူသွားမယ်။ ဒီလူတွေရဲ့နောက်ခံကို နည်းလမ်းတစ်မျိုးနဲ့ စစ်ဆေးကြည့်ဖို့လိုတယ်။ ဒီကိစ္စက ငါတို့ဘက်က ပေါ့ဆသွားတာပါ။ ဒီလိုအဖြစ်မျိုး နောက်ထပ်မကြုံစေရပါဘူး”

အခြေအနေရှင်းပြပြီးနောက် ဝတ်ရုံနက်အလောင်းများကို ထူးဆန်းသည့်မှော်ပညာတစ်မျိုးဖြင့် သိမ်းယူလိုက်သည်။ တောင်နက်က မတား။ အလောင်းအားလုံး အိတ်ငယ်တစ်ခုထဲးထည့်သိမ်းပြီးနောက် ညအမှောင်ရိပ်ထဲ တိုးဝင်ပျောက်ကွယ်ကြသည်။

“မှော်အိတ်”

အလောင်းသိမ်းဆည်းသွားပုံကိုကြည့်၍ ဖုန်ချင်အန်း ပိုစိတ်လှုပ်ရှားလာသည်။ သူလည်း ထိုအစွမ်းမျိုး လိုချင်မိသည်။

သို့သော် လောလောဆယ် စိတ်ချုပ်တည်းထားရုံသာရှိသည်။ အချိန်တိုအတွင်း မဖြစ်နိုင်သေး။ ထိုလူများက သူ့ကို လာတွေ့ကြမည်မဟုတ်။

“တောင်နက်၊ ကျန်နေတဲ့ဝံပုလွေတွေကို စစ်ဆေးပါ။ အကောင်ရေဘယ်လောက်ပဲကျန်ကျန် ဂူဆီကိုပြန်ခေါ်သွား”

တောင်နက်ဒဏ်ရာများ သက်သာလာပြီဖြစ်၍ ဝံပုလွေအုပ်များအတွက် သူပြန်စဉ်းစားမိသည်။

“ကျန်နေတဲ့ဝံပုလွေတွေကို သေချာလေ့ကျင့်ပေးရမယ်။ နတ်ဆိုးအဖြစ်ပြောင်းပေးဖို့ နည်းလမ်းရှာမှဖြစ်မယ်”

ယခုလို ရှောင်တခင် ပြဿနာမျိုးတွင် တောင်နက်လက်အောက်ခံ ဝံပုလွေများသည်လည်း အရေးပါသည်။ သူသေချာအလေးထားရမည်။

တောင်နက်မရှိလျှင် သူ့ပထမစာချုပ်ပိုင်ရှင်ရာထူး ပြုတ်ကျသွားမည်။ သူ့ဝိညာဉ်လည်း ဝိညာဉ်စာချုပ်ပျက်စီးမှုကြောင့် တန်ပြန်သက်ရောက်မှုခံရမည်။

သိုသော် သာမန်တောင်တန်းသားရဲများသည် နတ်ဆိုးအဖြစ်ပြောင်းရန်မလွယ်။ ပြင်ပအကူအညီယူရမည်။ သူတို့ဘာသာပြောင်းလဲဖို့ဆိုသည်မှာ အပုံတစ်သောင်းတွင် တစ်ပုံပင် ဖြစ်နိုင်ခဲလှသည်။

“ငါတောင်ပေါ်ကိုတက်ရင် ကောင်းမလား”

အကောင်းအဆိုးကို သူတွက်ဆသည်။ ယခု သာရဲလေ့ကျင့်သည့်စွမ်းရည်နှစ်ခု သူကျွမ်းကျင်ပြီးဖြစ်သည်။ ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်စွမ်းရည်နှင့် ဝိညာဉ်စုအရိုးသန့်စင်စွမ်းရည်ဖြစ်သည်။ သဘာဝဗီဇလည်းရှိ၍ ကြိမ်ဖန်များစွာသန့်စင်မှုလည်း လုပ်ပေးလျှင် ဝိညာဉ်နိုးထမှုအဆင့်‌သို့ ရောက်စေနိုင်သည်။ နတ်ဆိုးသားရဲအဖြစ် ပြောင်းလဲနိုင်သည်။

လက်ရှိသူ့ဝိညာဉ်စွမ်းအားကလည်း အကြိမ်တစ်ရာလောက် ဆက်တိုက်သုံးနိုင်သည့် အနေအထားရှိသည်။ သားရဲများသာ အဓိကဖြစ်သည်။ ဝိညာဉ်စွမ်းအင်ပေါင်းစပ်မှု ခံနိုင်ရည်ရှိသည့် အတိုင်းအတာပေါ် မူတည်သည်။

သို့သော် ထိုကိစ္စလည်း စိုးရိမ်စရာတေ့မရှိ။ ဝံပုလွေအုပ်ထဲတွင် အကောင်ရေများစွာရှိသည်။ ဤတစ်ကြိမ် ထိခိုက်သေကျေမှုရှိလျှင်ပင် ဝံပုလွေများစွာ ကျန်ဦးမည်။

“အကိုဘယ်တော့ ပြန်လာမှာလဲ”

ဖုန်ချင်အန်း တောင်နက်အာရုံကို ပြန်ရုတ်သိမ်း၍ အိပ်ယာပေါ်ပြန်လှဲရင်း သူ့အကိုကိုတမ်းတမိသည်။

.................

တာ့ကျင်းနိုင်ငံ၊ နန်းမြို့တော်။

ခမ်းနားထည်ဝါသည် အဆောက်အဦးတစ်ခုက တော်ဝင်နန်းတော်နှင့် ဘေးချင်းကပ်လျက် ရှိနေသည်။

ရောင်စုံပန်းနှင့် မွှေးပျံ့သည့်ရနံ့များ လွှမ်းခြုံနေသည့် ကန်ငယ်တစ်ခုအစွန်းတွင် မိန်းကလေးတစ်ယောက်ထိုင်နေသည်။ မျက်ခုံးများက မိုးမခသစ်ရွက်သဏ္ဌာန်၊ မျက်လုံးများက ကြယ်အလင်းသဏ္ဌာန် ရှိသည်။ သွားများ ဖြူဖွေးသည်။ နှုတ်ခမ်းများနုဖတ်သည်။ အသားအရေ ကျောက်စိမ်းသားလို ကြည်လင်သည်။ ဆံနွယ်များက ပိတုန်းရောင်သန်းသည်။ ဆံထုံးထက်တွင် နှင်းပန်းတစ်ပွင့်ပန်ထားသည်။ ငှက်တစ်ကောင်ပုလဲလုံးကိုက်ထားဟန် သရဖူနှင့်အတူ ရွှေဆံတိုးတစ်ခု ပန်ထားသည်။ ကြည်လင်သည့်မျက်လုံးများက တဖျတ်ဖျတ် သက်ဝင်လှုပ်ရှားနေသည်။

သေမျိုးလောကသို့ ဆင်းလာသည့် တော်ဝင်နတ်ပန်းတစ်ပွင်ပမာ လှပသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။

“အရှင်”

တိတ်ဆိတ်၍ ကဗျာဆန်သည့် ရှုခင်းသို့ စကားသံတစ်ခု ဝင်လာသည်။ မိန်းမလှတစ်ယောက် ပန်းခင်းထဲလျှောက်လာပြီး ဦးညွှတ်အရိုအသေပြုသည်။

“ယုန်နင်ကောင်တီက တိမ်စာလွှာ ရောက်လာပါတယ်”

“ငါ့ကိုပြပါ”

“ဟုတ်ကဲ့”

ရွှေရောင်ကြိုးထုံး၍ တော်ဝင်ချိပ်ခတ်နှိပ်ထားသည့် စာလိပ်တစ်ခုကို မိန်းကလေးရှေ့တွင် ဖြန့်လိုက်သည်။ စာလိပ်က ဖြေညှင်းစွာ ပြန့်ကျသွားသည်။ ရေးမှတ်ထားသည့်အရာအားလုံး သူ့မျက်လုံးရှေ့တွင် ပေါ်လာသည်။

“ရွှမ်ကျန်း”

“ဟုတ်ကဲ့ အရှင်မ”

စာပို့မိန်းကလေးသည် လူချမ်းသာတစ်ယောက်အသွင်ရှိသော်လည်း ယခု အစေခံတစ်ယောက်လို ရိုကျိုးနေသည်။

“ငါအရင်က ကြားဖူးတယ်။ အဖေ့အမိန့်နဲ့ စစ်သူကြီးတစ်ယောက်က ကပ်ဆိုးသယ်လာတဲ့ မဟာသားရဲတစ်ကောင်ကို သတ်ခဲ့တယ်တဲ့။ အဲဒါက ဝံပုလွေသားရဲထင်တယ်။ သူ့သွေးဆက်က ဘာလဲ”

“လျှောက်တင်ပါတယ် အရှင်မင်းသမီး၊ အဲဒါ သရဲဝံပုလွေပါ။ သရဲဝိညာဉ်ကိုစားပြီး မြေအောက်ကမ္ဘာကို ဝင်နိုင်ထွက်နိုင်တဲ့သားရဲမျိုးပါ”

“သရဲဝံပုလွေတဲ့လား။ အင်း..ကောင်းကင်ဆင်းရဲကိုဖြတ်ပြီး နတ်ဆိုးဘုရင်ဖြစ်လာတယ်ဆိုတော့ မဆိုးပါဘူး။ အဲဒီဝံပုလွေရဲ့ အတွင်းသန္ဓေက ဘယ်မှာလဲ”

“ရတနာတိုက်ထဲမှာ သိမ်းထားပါတယ်”

“သွားယူလိုက်ပါ။ ဆရာတန်တင်းကို စွမ်းအင်ဆေးလုံးတစ်ချို့ ဖေါ်စပ်ခိုင်းပြီး ယုန်နင်ကောင်တီကို ကိုယ်တိုင်သွားပို့ပါ”

“ဟုတ်ကဲ့”

စာပို့မိန်းကလေးက ရိုရိုသေသေဖြေ၍ ပြန်ထွက်သွားသည်။

မိန်းကလေးက ရေကန်ဘေးပန်းခင်းထဲတွင် ငြိမ်သက်စွာ ဆက်ထိုင်နေသည်။ သူ့မျက်လုံးက ရှေ့မှစာလွှာကိုကြည့်နေသည်။

“ဒီခွေးနက်က တစ်နှစ်အတွင်း နှစ်တစ်ရာနတ်ဆိုးနဲ့ညီမျှတဲ့စွမ်းအားမျိုးရလာတယ်။ သာမန်ရွာကလေးက သားရဲတွေနဲ့ပြည့်နေတယ်ပေါ့။ ငါ့ရဲ့’ဦးလေးငယ်”က သာမန်လူတော့ ဟုတ်ပုံမရဘူး။ မဟာနတ်ဆိုးအတွင်းသန္ဓေတစ်ခု လက်ဆောင်ပေးရုံလေးနဲ့ သူကျေနပ်ပါ့မလား”

All Chapters