← Chapters

တိုးတက်လာတဲ့စွမ်းရည်

Vol. 5 Ch. 65

တိုးတက်လာတဲ့စွမ်းရည်

Vol. 5 Ch. 65

ဆောင်းက ပီပြင်သည်။ တစ်ညလုံး နှင်းများထူထဲစွာကျသည်။ တောင်တန်းပေါင်းသောင်းချီကို နှင်းလွှာများဖုံးသွားသည်။ စိမ်းစိုနေခဲ့သည့် တောင်တန်းများ တိတ်ဆိတ်သွားသည်။ သို့သော် ဆောင်းခိုသည့်ရာသည်မှာပင် တောင်တန်းပေါ်တွင် သက်ဝင်လှုပ်ရှားသည့်နေရာက ရှိနေသည်။

အဆက်မပြတ်သွယ်တန်းနေသည့် တောင်တန်းများနှင့်ခြားနားနေသည့် တောင်ကြားတစ်ခု။ နွေဦးနတ်ဘုရား ကောင်းချီးပေးထားသယောင်ယောင်။ ပန်းများဖူးပွင့်နေသည်။ ငှက်များပျံဝဲနေသည်။ သက်ဝင်လှုပ်ရှားနေသည်။ တစ်နှစ်ပတ်လုံးရှိနေသည့် ရေပူစမ်းချောင်းကြောင့်ဖြစ်သည်။

တောင်ကြားအတွင်းပိုင်းတွင် အလွန်တရာကြီးမားသည့် ဝံပုလွေနက်တစ်ကောင် ဝပ်နေသည်။ တောင်တန်းနွားရိုင်းအရွယ်အစားရှိသည်။ အသက်တစ်ချက်ရှူတိုင်း ဆောင်းတွင်းနေရောင်ခြည်မှ အသက်စွမ်းအင်တစ်ချို့ တိုးဝင်သွားသည်။

တောင်ကြေားတစ်‌လျှောက် အကြီးအငယ် အရွယ်အလတ် ဝံပုလွေရာချီ၍ ရှိသည်။ တောင်နက်လုပ်နေသည့်ပုံစံကို တုပ၍ နေစွမ်းအင်သန္ဓေကို ရှူရိုက်ရန် ကြိုးစားကြသည်။

သို့သော် ဝံပုလွေဖြူသခင်လွှဲပြောင်းခဲ့သည့် အသက်ရှူနည်းကို သူတို့နားမလည်နိုင်ကြ။ တောင်နက်က ထိုဝံပုလွေများကို စိတ်ပျက်ဟန်ဖြင့် ကြည့်နေသည်။ သူသင်ပေးချင်ပါသည်။ သို့သော် သူ့ဝံပုလွေများက သင်ယူနိုင်စွမ်းမရှိ။

တောင်တန်းဝံပုလွေတို့သည် အူသံပေး၍ အချင်းချင်းဆက်သွယ်နိုင်သည်။ သို့သော် ရှုပ်ထွေးနက်နဲ့သည့် အသက်ရှူနည်းများကို မည်သို့လွှဲပြောင်းပေးနိုင်မည်နည်း။ ဝံပုလွေဖြူသခင်က ထူးခြားသည့်ဝိညာဉ်စွမ်းအားတစ်မျိုးဖြင့် ထိုနည်းလမ်းများကို သူသိစိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သာ သူနားလည်ခဲ့သည်။

ဝံပုလွေဖြူသည် ထူးခြားသည့် ထိုလွှဲပြောင်းနည်းလမ်းကို တတ်ကျွမ်းသည်။ သို့သော် တောင်နက် မသင်ယူနိုင်။ ထို့ကြောင့် သူ့ဝံပုလွေများ မည်မျှဉာဏ်ထက်သည်ကိုသာ စောင့်ကြည့်နေရသည်။ တုပ၍လိုက်လုပ်နေကြရုံသာ ရှိသည်။ အကျိုးရှိမရှိကို သူလည်းမသိ။

ရုတ်တရက် နေသန္ဓေရှုရှိုက်ရင်းမျ သူ့တစ်ကိုယ်လုံးတောင့်တင်းသွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အေးစက်စက်မျက်နှာထားနှင့် မိန်းကလေးတစ်ယောက် နှင်းတိမ်တိုက်ပေါ်ရပ်လျက် ကောင်းကင်မှ ဖြေးညှင်းစွာဆင်းလာသည်။

ထူးခြားသည့်မြင်ကွင်းကြောင့် ဆော့ကစားနေသည့် တောင်ကြားမှဝံပုလွေများ ချက်ချင်းရပ်သွားသည်။ တိုက်ခိုက်ရန် အသင့်ပြင်ကြသည်။

သို့သော် ထိုမိန်းကလေးကိုယ်ပေါ်မှ ရင်းနှီးနေသည့်အနံ့တစ်ခု အာရုံခံမိသဖြင့် အော်သံတစ်ချက်ပေး၍ ဝံပုလွေအုပ်ကို ထိန်းလိုက်သည်။ အားလုံး နောက်ဆုတ်သွားသည်။

“တောင်နက်။ ငါက မင်းသမီးချုန်ယန်ရဲ့ အထောက်တော်ပဲ။ သူ့အမိန့်နဲ့ ငါလာခဲ့တာ။ ဖုန်မိသားစုကို မင်းကာကွယ်ခဲ့တယ်။ အဲဒါကို အသိအမှတ်ပြုတဲ့အနေနဲ့ မင်းသမီးကမင်းကို မရဏချိုးဖျက်ခြင်းဆေးလုံး ချီးမြှင့်လိုက်တယ်”

ထိုသို့ပြောပြီးနောက် ခရမ်းပြာရောင် ကျောက်စိမ်းဆေးဘူးကို ချပေးသည်။

“ဒီဆေးလုံးကို မင်းသမီးတောင်ဆိုလို့ ဆေးပညာရှင်တစ်ယောက်က ဖေါ်စပ်ထားတာ။ နတ်ဆိုးဘုရင်ဖြစ်ခါနီး သရဲဝံပုလွေရဲံ အတွင်းသန္ဓေကိုသုံးပြီး ဖေါ်စပ်ထားတာ။ နတ်ဆိုးချီအများစုကို ဖယ်ထုတ်ထားပြီးပြီ။ သွေးဆက်ထိန်းရုံလောက်ပမာဏပဲ ချန်ထားတယ်။

မင်းနတ်ဆိုးဖြစ်ချင်ရင် ဒီဆေးလုံးကိုသောက်လိုက်ပါ။ နာကျင်တဲ့ဝေဒနာတော့ ခံရလိမ့်မယ်။ ဒါပေမယ့် သာမန်အသွင်ကို ကျော်ဖြတ်ပြီး သရဲဝံပုလွေခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မယ်။ အဲဒါဆိုရင် တောင်တန်းပေါ်က ဝိညာဉ်တွေကို မင်းစားလို့ရပြီ။ နှစ်တစ်ရာအတွင်းမှာ မင်းဟာ မဟာနတ်ဆိုးဖြစ်လာမယ်။ ဒါတကယ်ပြောနေတာပါ။ နတ်ဆိုးဘုရင်တောင် ဖြစ်လာနိုင်ပါတယ်”

တောင်နက်အမူအရာ ပြောင်းသွားသည်။ ဖုန်ချင်အန်းလည်း အပြင်းအထန်စိတ်လှုပ်ရှားလာသည်”

“ငါ့မရီးတော် လွှတ်လိုက်တဲ့လူပေါ့”

အလည်ရောက်လာသည့် မင်းသမီး၏အထောက်တော်နှင့် သူစကားပြောခွင့်ရချင်မိသည်။

သူ့မရီး မည်သည့်အဆင့်အတန်းမျိုး စုံစမ်းလို့သည်။ သူ့မရီးက ရက်ရောလွန်းသည်။ မင်းသမီးတစ်ပါးဆိုသော်လည်း တော်ဝင်မိသားစုကလေးများကြားတွင် အဆင့်များစွာရှိသည်။ ဦးစားပေးမခံရသူများမှာ တော်ဝင်မိသားစုတို့၏ အစေခံနှင့်မခြားလှ။

ဤမရီးမင်းသမီးက အတော်ထူးခြားသည်။ မဟာနတ်ဆိုးတစ်ကောင်၏ အတွင်းသန္ဓေကိုပင် ပေးနိုင်သည်။ တောင်နက်သည် မြွေစိမ်းတောင်တန်းပေါ်တွင် ရက်ပေါင်းများစွာအတွင်း နတ်ဆိုးကြီးနှစ်ကောင်သာ ကြုံဖူးသည်။

နတ်ဆိုးနှစ်ကောင်နှင့် တောင်တန်းနတ်ဘုရားကို မွေးထုတ်ပေးနိုင်သည့် တောင်တစ်တောင်သည် မိုင်တစ်ထောင်ပတ်လည်အတွင်းမှ တောင်တန်းများကြားတွင် မြင့်မားသည့်အဆင့်အတန်းမျိုးရှိသည်။ တကယ်ထူးခြားပါသည်။ သို့သော် ထိုတောင်တန်းမျိုး မတွေ့နိုင်သည်တော့မဟုတ်။

သို့သော် ထိုအချက်ကိုကြည့်ခြင်းဖြင့် မဟာနတ်ဆိုးအဆင့်ဆိုသည်မျာ မည်မျှရှားပါးကြောင်းသိသာသည်။ ယခု နတ်ဆိုးဘုရင်ဖြစ်ခါနီး သားရဲကြီးတစ်ကောင် အသတ်ခံရသည်။ အတွင်းသန္ဓေကို ဆေးဖေါ်သည်။ တောင်နက်ကို ပေးသည်။

“ယူလိုက်ပါ”

အားနာနေစရာအကြောင်းမရှိသဖြင့် သူအမိန့်ပေးလိုက်သည်။ တောင်နက်က ဆေးဘူးကို သူ့လက်ဖဝါးအောက်တွင် ထားလိုက်သည်။

“အဲဒီ့သရဲဝံပုလွေဟာ နတ်ဆိုးဘုရင်ဖြစ်ခါနီးအဆင့်ပါ။ ‌အဆင့်ကူးနေတုန်းမှာ အသတ်ခံလိုက်ရပေမယ့် သူ့သန္ဓေကနေ နတ်ဆိုးဘုရင်တစ်ယောက် မွေးထုတ်ပေးနိုင်တယ်။ မင်းသမီးကဘာလို့မင်းကို ဒီလောက်တန်ဖိုးထားနေမှန်းတော့ ငါမသိဘူး။ ဒါပေမယ့် မင်းတာဝန်ကို မမေ့နဲ့။ သစ္စာရှိရှိနဲ့ ဖုန်မိသားစုကို ကာကွယ်ပါ”

“ဝုတ်”

မိန်းကလေးကို မထီတရီတစ်ချက်ကြည့်၍ တောင်နက် ထိုးဟောင်လိုက်သည်။ အမိန့်လာပေးနေစရာ မလိုပါ။ သူ့သခင်အိမ်ကို သူကာကွယ်စောင့်ရှောက်မည်သာဖြစ်သည်။

ဆေးအကြောင်းပြောပြီးနောက် မိန်းကလေးက တုံ့ဆိုင်းမနေဘဲ ကောင်းကင်သို့ပျံတက်သွားသည်။

“တောင်နက်၊ ဖွင့်ကြည့်လိုက်ပါဦး”

ဖုန်ချင်အန်း အမြန်တိုက်တွန်းလိုက်သည်။

ရုတ်တရက် ပြင်းထန်သိပ်သည်းသည့် နတ်ဆိုးချီများ ဆေးလုံးများထဲမှ ထိုးထွက်လာသည်။ အနက်ရောင်ဝံပုလွေဦးခေါင်းပုံရိပ်အဖြစ်ပြောင်းသွားပြီး ဟိန်းဟောက်နေသည်။ မြေပေါ်တွင်ဝပ်နေသည့် ဝံပုလွေရိုင်းများ တုန်လှုပ်သွားသည်။သွားကြသည်။ သန္ဓေဝိညာဉ်အော်သံကြောင့် ထပင်မရပ်ရဲကြ။

တောင်နက်ဘေးတွင် ဝိုင်းနေကြသည့် နတ်ဆိုးဝံပုလွေနှစ်ဆယ်လည်း မြေပေါ်တွင် တွားသွားနေရသည်။ ထမရပ်နိုင်ကြ။

သို့သော် နွားတစ်ကောင်ခန့်ကြီးမားသည့် နောက်ထပ်ဝံပုလွေတစ်ကောင် ရှိနေသည်။ ဆေးဘူးကို မက်မောစွာ စိုက်ကြည့်နေသည်။ သွားရည်တများများကျနေသည်။ သို့သော် တောင်နက်က ထိုဝံပုလွေကို ဟိန်းဟောက်လိုက်သည်။ သရဲမျက်လုံးဝံပုလွေ ထပ်မကြည့်ရဲတော့။

‌တောင်နက် ပြန်ခေါင်းငုံ့၍ ဘူးထဲမှ ဆေးသုံးလုံးကို အကဲခတ်ကြည့်သည်။ မည်းနက်နေသည်။ ပြင်းထန်သည့်နတ်ဆိုးချီများ ထိုးထွက်၍ ကြောက်စရာဝံပုလွဦးခေါင်းတစ်ခု ဖြစ်ပေါ်နေသည်။

“ဂါး”

သွေးဆက်မှဖြစ်လာသည့် ဖိအားကို ခံစားနေရသော်လည်း ယခုပုံရိပ်သည် စွမ်းအင်ချီကြောင့် ပေါ်လာခြင်းသာဖြစ်သည်။ အသက်မရှိသည့် စွမ်းအင်တစ်ခုက လာခြိမ်းခြောက်နေသည်ကို တောင်နက်သည်းမခံနိုင်ပေ။

သူဟိန်းဟောက်လိုက်သည်နှင့် ဦးခေါင်းပုံရိပ် ချက်ချင်းတစ်စစီပြိုကွဲ၍ ချီစွမ်းအင်များအဖြစ်ပြန်ပြောင်းကာ ဆေးသုံးလုံးထဲသို့ ပြန်ဝင်သွားသည်။ ထို့နောက်တွင် တောင်နက် တုံ့ဆိုင်းမနေတော့ဘဲ ဆေးလုံးသုံးခုလုံး မျိုချလိုက်သည်။

သူ့ကိုယ်မှ ထူထဲမည်းနက်သည့် အခိုးအငွေ့များထွက်လာပြီး တစ်ကိုယ်လုံးလွှမ်းခြုံသွားသည်။ မကြာခဏဆိုသလို ထိုအခိုးများထဲမှ ဝံပုလွေဦးခေါင်းပုံများပေါ်လာပြီး ဟိန်းဟောက်သည်။ ဘေးတွင်ရှိနေသည့်ဝံပုလွေများ တုန်ရင်နေကြသည်။

“တောင်နက်”

ဖုန်ချင်အန်း မတားလိုက်နိုင်။ တောင်နက်၏ ခန္ဓာကိုယ်အပြောင်းအလဲကိုသာ ဝိညာဉ်စာချုပ်မှတစ်ဆင့် သူစောင့်ကြည့်နေရတော့သည်။

ထိုစဉ် ဝိညာဉ်စာချုပ်မှ ပြင်းထန်သည့်အားလှိုင်းတစ်ခု ရိုက်ခတ်လာသည်ကို သူခံစားမိသည်။ တောင်နက်ထံမှာ အကျိုးတစ်ချို့ရခဲ့သဖြင့် ပျော်နေရင်းမှာပင် အိပ်ယာပေါ်သို့ ပစ်လဲကျသွားသည်။ တစ်ကိုယ်လုံး ရေနွေးပူလောင်းခံရသလို နီရဲလာသည်။

“အားးး”

အံကိုတင်းတင်းကြိတ်၍ အသက်ကိုမောပန်းစွာရှူရှိုက်လိုက်ရသည်။ ပြင်းထန်သည့် ထိုစွမ်းအင်၏အဟာရကြောင့် သူ့ခန္ဓာကိုယ် အပြောင်းအလဲဖြစ်နေသည်ကို ခံစားမိသည်။

ပြောင်းလဲဖြစ်စဉ်က မသက်သာလှသော်လည်း အရင်တစ်ကြိမ် ပြောင်းလဲခဲ့စဉ်ကလောက် မနာကျင်တော့။

All Chapters