← Chapters

လျှို့ဝှက်နယ်မြေ

Vol. 5 Ch. 66

လျှို့ဝှက်နယ်မြေ

Vol. 5 Ch. 66

“တောင်နက်”

ပြင်းထန်သည့်တန်ပြန်အားလှိုင်းလွှမ်းမိုးခံထားရသော်လည်း သိစိတ်မလွတ်သေး။ တောင်နက်ခံစားနေရသည့်နာကျင်မှုကို အာရုံခံမိသည်။

ဓားပေါင်းများစွာ ခုတ်လှီးထိုးဖြတ်ခံရသလို အရိုးကွဲမတတ်နာကျင်နေသည်။

‌တောင်နက်ခံစားနေရသည့်ဝေဒနာကို ပြောပြ၍ပင်မရ။ ညည်းညူဖို့အားပင် မရှိ။ မရဏချိုးဖျက်ခြင်းဆေးလုံးအစွမ်းကြောင့် အရိုးအသားအရေပြားနှင့် ဝိညာဉ်တို့ ကြီးမားသည့်အပြောင်းအလဲကို ရင်ဆိုင်နေရသည်။ ခန္ဓာကိုအစိတ်စိတ်ချေမွခံရပြီး ပြန်တည်ဆောက်နေသည်။

သေမျိုးခန္ဓာသည် မဟာနတ်ဆိုးအဆင့်သို့ တစ်ချက်တည်းခုန်တက်ရခြင်းဖြစ်သည်။ သည်းခံရမည်။

“တောင့်ခံထားပါ”

ဖုန်ချင်အန်း စိတ်ဓာတ်ခွန်အားသာပေးနိုင်သည်။ ထိုအပြောင်းအလဲကြောင့် သူလည်းဝေဒနာခံစားနေရသည်။ သားရဲ၏ကိုယ်ပိုင်စိတ်စွမ်းအားဖြင့် တောင့်ခံရမည်။

ဖုန်ချင်အန်း တစ်ညလုံးမအိပ် တောင်နက်အာရုံကို အဆက်မပြတ်ဆက်သွယ်ထားသည်။ သူရလာသည့်စွမ်းအားလည်း တိုးတက်လာသည်။ တောင်နက်ခံစားနေရသည့်ဝေဒနာကို အတိအကျ အာရုံခံမိသည်။

အာရုဏ်မတက်မီ တောင်နက်၏အသွင်ပြောင်းခြင်း ပြီးဆုံးသွားသည်။ အနက်ရောင်မြူခိုးကြား စွမ်းအင်ဆေးလုံးသောက်ကတည်းက ရစ်ဆိုင်းနေဆဲဖြစ်သည်။ တောင်ကြားဝံပုလွေများအားလုံး စောင့်ကြည့်နေကြသည်။

အနက်ရောင်မြူခိုးများကြားမျှ ကြီးမားသည့်အနက်ရောင်ဝံပုလွေတစ်ကောင် ပေါ်လာသည်။ ရင်းနှီးနေသည်။ သို့သော် ထူးဆန်းနေသည်။ မည်းနက်သည့်အမွှေးအမျှင်များက ကြီးမားသည့်ခန္ဓာကိုယ်ကို တင်းကြပ်စွာတွယ်ကပ်နေသည်။ သေခါနီးဝံပုလွေတစ်ကောင်လို ဖြစ်နေသည်။

သို့သော် ထွက်ပေါ်လာသည့် စွမ်းအင်ရောင်က ပြင်းထန်လွန်းသဖြင့် သရဲမျက်လုံးဝံပုလွေ ချက်ချင်းဒူးထောက်ကျသွားသည်။ ယှဉ်ပြိုင်နိုင်စွမ်း ခုခံနိုင်စွမ်းလုံးဝမရှိ။

“ဂါး”

အသွင်ပြောင်းပြီးစတောင်နက် အော်သံတစ်ချက်ပေးလိုက်သည်။ ထိုအချိန်ကျမှ ဝံပုလွေအုပ်က သူတို့ဘုရင်အစစ်ဖြစ်ကြောင်း သိသွားသည်။ အသွင်လုံးဝပြောင်းလဲသွားသော်လည်း တစ်ချို့အရာများက အရင်အတိုင်းသာဖြစ်သည်။

ထို့နောက် တောင်ကြားအပြင်ဘက်တွင် လောလောလတ်လတ်အမဲလိုက်ထားသည့် အသားစိမ်းများကို တောင်နက်ရှေ့သို့ယူလာကြသည်။ တောင်နက် လောဘတကြီးစားသောက်သည်။

ပိန်ကပ်နေသည့်ခန္ဓာကိုယ် ချက်ချင်းအသားပြည့်လာသည်။ အသက်ဓာတ်တိုးပွားလာသည်။ မူလစွမ်းအားထက်ကျော်လွန်ပြီး နောက်တစ်ဆင့်တိုးသွားသည်။

အစာစားပြီးနောက် နည်းနည်းပိန်နေသေးသည့်တောင်နက် ဝံပုလွေအုပ်ရှေ့တွင် ရပ်လိုက်သည်။ တစ်မီတာခန့်မြင့်သည့် ခန္ဓာကိုယ်က ဝံပုလွေအားလုံး အံ့ဩမှင်သက်မိစရာဖြစ်နေသည်။

ပြင်းထန်သည့်အနက်ရောင်နတ်ဆိုးစွမ်းအင်များ ထိုးထွက်လာသည်။နေသည်။ တောင်ကြားတွင် ကျနေသည့်နှင်းများ တုန်ခါသွားသည်။ ချက်ချင်းဆိုသလိုပင် ထိုစွမ်းအင်ကို တောင်တန်းပေါ်မှ စွမ်းအားကြီးဝိညာဉ်များ အာရုံခံမိကြသည်။

သို့သော် ရန်လိုသည့်အကြည့်ဖြင့် စူးစမ်းသလိုကြည့်ပြီးနောက် ချက်ချင်းမျက်နှာလွှဲသွားကြသည်။ ထိုစွမ်းအင်ထဲတွင် စိမ်းပြာရောင်နတ်ဘုရားစွမ်းအင်တစ်ချို့ ရောပါနေသည်။ သူတို့ ဒုက္ခမပေးရဲကြ။ ဒေါသမထွက်ရဲကြ။

ဖုန်ချင်အန်း တောင်နက်၏စွမ်းရည်အဆင့်ကို စစ်ဆေးကြည့်သည်။

(ပထမဝိညာဉ်စာချုပ် - တောင်နက်)

(မျိုးစိတ် - သရဲဝံပုလွေ)

(ဗီဇ - နတ်ဆိုး၊ သားရဲ)

(စွမ်းရည် - သခင်၊ ထိပ်တန်းအဆင့်)

(တိုက်ခိုက်စွမ်းအား - ဂျင်နရယ်၊ အလတ်တန်းဆင့်)

“မဟာနတ်ဆိုးစွမ်းရည်”

ဖုန်ချင်အန်း ပျော်သွားသည်။ မဟာနတ်ဆိုး အရွယ်ရာက်လာလျှင် မည်မျှကြောက်စရာကောင်းလာဦးမည်မသိ။ အချိန်နည်းနည်းပေး၍ ကူညီလိုက်လျှင် တောင်နက် ထိုအဆင့်မျိုးရောက်လာနိုင်သည်။ သူမပျော်ဘဲမနေနိုင်တော့။

သိပ်ကောင်းသည်။

တိုက်ခိုက်စွမ်းအားသိပ်မတိုးလာသော်လည်း စွမ်းရည်အတောတိုးလာသည်။ ကျေနပ်သည်။ ထိုစဉ် စနစ်အသံက ပေါ်လာပြန်သည်။

(လျှို့ဝက်မစ်ရှင်အောင်မြင်မှု - အသွင်ပြောင်းခြင်း)

(မစ်ရှင်လိုအပ်ချက် - သားရဲစွမ်းအင်ကို အဆင့်တစ်ခုခုန်တက်သွားအောင် မြှင့်တင်ပါ)

(ဆုလာဒ် - ရှာဖွေခွင့်၊ တစ်ကြိမ်)(ရှင်းလင်းချက်)

“လျှို့ဝှက်တာဝန်အတွက် ဆုလာဒ်က တစ်ကြိမ်တည်းလား”

ဖုန်ချင်အန်း မယုံနိုင်တော့။ သို့သော် ရှင်းလင်းချက်ကိုဖတ်ပြီးနောက် သူနားလည်သွားသည်။

(ရှာဖွေခွင့် - သားရဲထိန်း၏ လက်ရှိရောက်နိုင်ထိနိုင်သည့် အဝိုင်းအဝန်းအတွင်း တိုက်ခိုက်စွမ်းအားနိမ့်ပြီး စွမ်းရည်မြင့်သည့် အသင့်တော်ဆုံးသားရဲကို ရှာဖွေနိုင်သည်)

“တစ်ကြိမ်းအခွင့်ပေးတာမဆန်းတော့ပါဘူး”

ထိုအခွင့်အရေးကို သေချာအသုံးချနိုင်လျှင် သူအားစိုက်ရ အတော်သက်သာသွားမည်။ စိတ်အေးလက်အေးနေနိုင်မည်။

ပြီးခဲ့သည့်ကာလအတွင်း တောင်နက်ကို သင့်တော်သည့်သားရဲရှာဖွေရန် အကြိမ်များစွာ သူစေလွှတ်ခဲ့သည်။ နတ်ဆိုးသားရဲများ ရာချီ၍တွေ့ခဲ့ပါသည်။ သို့သော် အများစုက သူ့လိုအပ်ချက်နှင့်မကိုက်။ ကိုက်ညီသည့်သားရဲများကလည်း သူရယူဖို့ မဖြစ်နိုင်။

သူ့အဖြစ်က ထိုသို့ရှိနေသည်။ ရနိုင်သည့်သားရဲများကို သူစိတ်မဝင်စား။ မရနိုင်သည့်သားရဲများကို လိုချင်နေသည်။

ယခု စွမ်းအင်ဆေးလုံးများကြောင့် တောင်နက်အသွင်ပြောင်းသွားသည်။ လျှို့ဝှက်တာဝန်အောင်မြင်မှု ရသွားသည်။ တစ်ကြိမ်ရှာဖွေခွင့် ရလာသည်။ သူလိုအပ်သည်နှင့်ကွက်တိဖြစ်သည်။

“ရှာဖွေခြင်း အတည်ပြုမယ်”

တောင်နက်၏အပြောင်းအလဲများကို သူဆက်မကြည့်တော့။ တောင်ကြားတွင် အမဲလိုက်၍ စားသောက်နေပေလိမ့်မည်။ ရှာဖွေခွင့်ကိုသာ သူစမ်းကြည့်ချင်နေသည်။

(ခွင့်ပြုချက် အသက်ဝင်ပါပြီ။ ရှာဖွေခြင်းစတင်နေပါပြီ။ စောင့်ဆိုင်းပေးပါ)

(သင့်တော်တဲ့သားရဲကို အာရုံခံမိပါတယ်)

သူပျော်သွားသည်။ သို့သော် နောက်ထပ်မက်ဆေ့တစ်ခု တက်လာသည်။

(သားရဲသခင်ရဲ့ လက်ရှိအချိန်ဆုံမှတ်ဟာ မမှန်ကန်ပါဘူး။ လျှို့ဝှက်မြေကိုဝင်ဖို့ မဖြစ်နိုင်ပါဘူး”

(စိတ်ရှည်ရှည်ထားပြီး မှန်ကန်တဲ့အချိန်ထိစောင့်ပါ)

သူမျက်မှောင်ကျုံ့သွားသည်။ လှည့်စားခံရသလိုပင်ဖြစ်သည်။ မျှော်လင့်မထားခဲ့။

“ဒါဆို မှန်ကန်တဲ့အချိန်ဆိုတာက ဘာလဲ”

“သောက်လခွမ်းပဲကွာ”

သူခပ်တိုးတိုးကျိန်ဆဲလိုက်သည်။ အတော်ကြာအောင်စောင့်နေသော်လည်း စနစ်သံက ပေါ်မလာတော့။ စိတ်ပျက်လက်ပျက် သူထရပ်သည်။ စနစ်က နောက်ထပ်ရှင်းပြချက်ပေးတော့မည်မဟုတ်။

တောင်နက်၏ပြောင်းလဲမှုများကို အတွေ့အကြုံအရ သူသိပ်စစ်ဆေးစရာမလိုတော့။ တောင်နက်လည်း သူ့အပြောင်းအလဲသူ နားလည်အောင်ကြိုးစားနေသည်။ တစ်ခုတော့သေချာသည်။ အသွင်ပြောင်းဖြစ်စဉ် ပြီးသွားပြီဖြစ်၍ သူသည် အဆင့်နိမ့်နတ်ဆိုးမဟုတ်တော့။ သွေးဆက်အမွေ ရခဲ့ပြီဖြစ်သည်။

နေ့စဉ်လုပ်နေကျတာဝန်များလုပ်ပြီးနောက် ညနေပိုင်းတွင် တောင်နက်ကို သူတစ်ကြိမ်ပြန်စစ်ဆေးကြည့်သည်။ သရဲဝံပုလွေသွေးဆက်အမွေကို တောင်နက်လေ့လာနေဆဲဖြစ်သည်။ ယခုအထိ နားမလည်သေး။

ဖုန်ချင်အန်း ထပ်မစူးစမ်းတော့။ နတ်ဆိုးမျိုးနွယ်သွေးဆက်အမွေသည် သူနှင့်သက်ဆိုင်သည်မဟုတ်။ ထို့ကြောင့် အိပ်လိုက်သည်။ အိပ်စက်ခြင်းသည် အပန်းဖြေခြင်းနှင့်ဇိမ်ခံခြင်းတစ်မျိုးဖြစ်သည်။

ညာဉ့်နက်လာသည်နှင့် လပြည့်ဝန်းက ကောင်းကင်အမြင့်ဆုံးသို့ရောက်လာသည်။ သန့်စင်သည့်အလင်းများ ဖြန့်ကျက်နေသည်။ ယင်စွမ်းအင်များ အမြင့်ဆုံးသို့‌ရောက်လာသည်။ သန်ခေါင်းချိန်ဖြစ်သည်။ သရဲဝိညာဉ်များ လှည့်လည်သွားလာသည့်အချိန်ဖြစ်သည်။

(သားရဲထိန်းသခင်ဟာ မှန်ကန်တဲ့အချိန်ဆုံမှတ်ကိုရောက်ပါပြီ)

(လျှို့ဝှက်နယ်မြေ - မြေအောက်ဘုံ၊ ၆ခုမြောက်အလွှာ၊ အာရုံခံမိပါပြီ။ လမ်းကြောင်းပွင့်ပါပြီ)

(လျှို့ဝှက်နယ်မြေနှင့် ဆက်သွယ်နေပါတယ်)

အတက်အကျမရှိသည့်စကားသံများကြောင့် ဖုန်ချင်အန်း ကုတင်ပေါ်တွင် စိတ်ပျက်လက်ပျက်လူးလှိမ့်နေသည်။ ထို့နောက် သူ့မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။

All Chapters