← Chapters

မွေးရာပါယင်ဝိညာဉ်

Vol. 5 Ch. 67

မွေးရာပါယင်ဝိညာဉ်

Vol. 5 Ch. 67

“ငါအိပ်မက်မက်နေတာလား”

သူ့‌ရှေ့မှမြင်ကွင်းကိုကြည့်၍ တအံ့တဩရေရွတ်လိုက်သည်။

အိပ်ယာပေါ်လှဲနေခဲ့သည်ကို သူသေချာမှတ်မိသည်။ အိပ်မောကျသွားသည်။ ယခု သူ့ရှေ့တွင် ထူးဆန်းသည့်မြင်ကွင်းတစ်ခု တွေ့နေရသည်။

နေရာတိုင်းတွင် အရောင်တစ်မျိုးတည်း ယှက်သန်းနေသည်။ အဆုံးစမရှိသည့် အပြာရောင်ပြင်ကျယ်ကြီးဖြစ်သည်။ ကောင်းကင်ကလည်း အပြာရောင်ရှိသည်။ မိုးကုတ်စက်ဝိုင်းဆီ နိမ့်ဆင်းသွားချိန်တွင် အပြာရင့် မင်နက်ရောင်ပြောင်းသွားသည်။

ထို့နောက်တောက်ပသည့် မြင်ကွင်းတစ်ခု ပေါ်လာသည်။ တောအုပ်တစ်ခု။ သစ်ရွက် သစ်ပင်ခေါက် အမြစ်များကအစ အပြာရောင်သဏ္ဌာန်မျိုးစုံ ဖြစ်နေသည်။ အရောင်လက်နေသည်။

သစ်ပင်များကြားတွင် မြူပါးပါးရှိသည်။ သစ်ရွက်များကြား ဝေ့ဝဲတိုးယှက်နေသည်။ ထူထဲသည့် သစ်ရွက်လွှာများက အပြာရောင်ကမ္ဗလာများနှင့်တူသည်။ သူ့အကြည့် နိမ့်ဆင်းသွားသည်။ ထူးဆန်းသည့်သစ်သီးများရှိနေသည့် အပင်ငယ်များရှိသည်။ ချုံပုတ်များရှိသည်။ ထူထဲသည့် နွယ်ပင်များ ကျယ်ပြန့်စွာပေါက်ယောက်နေသည်။ တစ်လွှာပြီးတစ်လွာ တစ်ထပ်ပြီးတစ်ထပ်ရှိနေသည်မှာ မျက်စိပသာဒဖြစ်ရာကောင်းသည်။

ထူးခြားသည့်မြင်ကွင်းကြောင့် အိပ်မက်ဟုသာ သူထင်သည်။ သို့သော် သူ့အသိစိတ်က ကြည်လင်ရှင်းလင်းနေသည်။

ပါးကိုလက်ဖြင့်ဆိတ်ကြည့်သည်။ ဘာမှမခံစားရ။ အားနည်းနည်းပိုစိုက်ကြည့်သည်။ ဘာမှမထူး”

“ထူးဆန်းတဲ့အိပ်မက်ပဲ”

“မဟုတ်ဘူး။ မဟုတ်သေးဘူး”

သူမျက်မှောင်ကျုံ့သည်။ အိပ်ပျော်ခါနီးတွင် ကြားခဲ့ရသည့်အသံကို သူမှတ်မိသည်။

“မြေအောက်ဘုံ၊ မှန်ကန်တဲ့အချိန်ဆုံမှတ်”

သူ့လက်သူ ကြည့်လိုက်သည်။ လက်ဝါးအစစ်ကို မြင်ရသည်။ သူစဉ်းစားမရတော့။

တောင်တန်းနတ်ဘုရား ဖိတ်ခေါ်စဉ်ကအဖြစ်ကို သူပြန်သတိရလာသည်။ သူ့ဝိညာဉ်သည် တာအိုယင်ရှန်းနှင့်တူသည်ဟု နတ်ဘုရားကပြောသည်။ အားနည်းနေသည်သာရှိသည်။

ယင်ရှန်း ညခရီးသွားခြင်း။

ထိုအတွေး ရုတ်တရက်ဝင်လာသည်။ သူလည်း ထိုသို့ဖြစ်လာနိုင်စရာရှိသည်။ သို့သော ဝိညာဉ်အားနည်းနေသဖြင့် ပြင်ပလမ်းညွှန်မှုလိုသေးသည်။

“ငါတကယ် အိပ်မက်မက်နေတာလား”

သူ့ကိုယ်သူ သျေခာမသိတော့။ ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။

သို့သော် ထိုခဏမှာပင် သာယာသည့်သီးချင်းသံတစ်ခု တောအုပ်ထဲမှ လွင့်ပျံလာသည်။လာသည်။ နူးညံ့သည့်လရောင် တိုက်ခတ်သည့်လေပြေ စီးဆင်းနေသည့်စမ်းချောင်းနှင့်တူသည်။ ကြားဖူးသမျှတွင် အသာယာဆုံးဖြစ်သည်။

ခဏနားထောင်ပြီးနောက် အသိပြန်ဝင်လာသည်။ သီးချင်းသံဆီ သူလျှောက်သွားသည်။ တောအုပ်တစ်လျှောက် စူးစမ်းကြည့်သည်။

သစ်ပင်ခြုံနွယ်များ ထူထပ်သ်ောလည်း အနှောက်အယှက်မရှိ။ အပင်များက သူ့ကိုဒုက္ခမပေးကြ။ ဤနေရာတွင် သူသည် ပြိုင်ဘက်ကင်းတစ်ယောက်လိုဖြစ်နေသည်။

သိပ်တော့မဝေးလှ။ သစ်ရွက်ကြီးတစ်ခုကို တွန်းဖယ်လိုက်ပြီးနောက် အထူးဆန်းဆုံးမြင်ကွင်းကို မြင်လိုက်ရသည်။

တောအုပ်ထဲမှ ကွင်းပြင်တစ်နေရာတွင် ကြည်လင်သည့်ရေကန်တစ်ခုရှိနေသည်။ ရေကန်စပ် ပန်းပွင့်များကြားတွင် မိန်းကလေးတစ်ယောက် ထိုင်နေသည်။ ခြေထောက်များကို ကန်ထဲနှစ်ထားသည်။ နူးညံ့သည့်ဆံပင်နက်များက သေးသွယ်သည့်လည်ကုပ်ပေါ် ဝဲကျနေသည်။ အသားအရေက ကျောက်စိမ်းကဲ့သို့ ကြည်လင်သည်။ ပတ္တမြားနီရောင်နှုတ်ခမ်းများ အနည်းငယ်ဟလျက် သာယာသည့်သီချင်းတစ်ပုဒ် ဆိုနေသည်။ ကောင်းကင်တေးသွားမျိုးဖြစ်သည်။

မိန်းမလှများနှင့် သူမစိမ်းလှ။ လူနုံလူအ တောသားလည်မဟုတ်။ သို့သော် ထိုမိန်းကလေး၏ ရုပ်ရည်သွင်ပြင်က ဖမ်းစားနိုင်လွန်းသည်။

မိန်းက‌လေးက ဘေးတစ်စောင်းထိုင်နေသဖြင့် စင်းနေသည့်နှာတံက ရှေ့သို့ထိုးထွက်လာသည်။နေသည်။ မျက်တောင်ရှည်များ တဖျတ်ဖျတ်ခတ်နေသည်။ မျက်လုံးများက ကြည်လင်တောက်ပနေသည်။ လှုပ်ရှားနေသည့် စွဲမက်ဖွယ်နှုတ်ခမ်းများပေါ်တွင် ကြယ်ရောင်တောက်နေသလိုရှိသည်။

ဖုန်ချင်အန်း ခြေလှမ်းရပ်သွားသည်။ လှပသည့်မြင်ကွင်း ပျက်စီးသွားမည်စိုး၍ သူအသံမထွက်ရဲ။

အပြစ်ကင်း၍ နုနယ်သည့်မိန်းကလေးက လက်ပြတ်အင်္ကျီဝတ်ထားသည်။ ပိုးသားရောင်ဆံပင်နက်များက နောက်ကျောသို့ကျနေသည်။ သေးကျဉ်သည့်ခါးကို မြင်နေရသည်။ ရေစိုနေသည့်ခြေထောက်များက မကြာခဏ ရေပြင်ကို လှုပ်ခါနေသည်။

ခရမ်းရောင်လောကတွင် အဖြူရောင်ဝတ်မိန်းကလေးက အထင်းသားပေါ်လွင်နေသည်။ ဖုန်ချင်အန်း မျက်လုံးခွာမရ။

သို့သော် သူ့ဝသီအတိုင်း စိတ်ထဲမှ အလိုလိုရေရွတ်လိုက်မိသည်။

“အကဲဖြတ်မယ်”

“အမျိုးအစား - မွေးရာပါယင်ဝိညာဉ်)

(ဗီဇ - ယင်၊ ကောင်ကင်၊ ဝိညာဉ်)

(စွမ်းရည် - မိုနာ့၊ အလတ်တန်းဆင့်)

(တိုက်ခိုက်စွမ်းအား - ဝိညာဉ်နိုးထခြင်း၊ ထိပ်တန်း)

“ငါအိပ်မက်မက်နေတာပဲ ဖြစ်မှာပါ”

ရလာဒ်ကိုကြည့်၍ သူသက်ပြင်းချသည်။ သစ်ပင်နောက်ကွယ်မှ တိုးထွက်လိုက်သည်။

မိုနာ့အဆင့်စွမ်းရည်နှင့် ဝိညာဉ်နိုးထခြင်းစွမ်းရှိသည့် လက်တွဲဖေါ်တစ်ယောက်ကို စာချုပ်ချုပ်နိုင်ဖို့ကိစ္စ။ အလှမ်းဝေးလွန်းသည့် စိတ်ကူးဖြစ်သည်။

ဖြစ်နိုင်စရာမရှိ။ သို့သော် ခြောက်ပြစ်ကင်းသည့် မိန်းကလေးတစ်ယောက် သူ့ရှေ့တွင် နူးညံ့သည့်အသွင်ဖြင့် ရှိနေသည်။

နူးညံ့လွန်းသည်။ တောင်နက်အကူအညီမယူပဲ ထိုမိန်းကလေးကို အတင်းစာချုပ်ချုပ်နိုင်မည်ဟု သူခံစားရသည်။

သို့သော် တောင်နက်နှင့်ဝိညာဉ်စာချုပ်ချုပ်စဉ်ကအဖြစ်ကို ပြန်သတိရသည်။ ခိုင်မာသည့်ယုံကြည်ချက် တည်ဆောက်ဖို့လိုသည်။ မဟုတ်လျှင် စာချုပ်ချုပ်ရန်မဖြစ်နိုင်။

အကြမ်းနည်းဖြင့် အတင်းစာချုပ်ချုပ်ခြင်းမျိုး ဖြစ်၍မရ။ စာချုပ်တော့ ဖြစ်နိုင်ပါသည်။ သို့သော် သားရဲဝိညာည်နှင့် ပူးပေါင်းဆောင်ရွက်ရသည့် ကျင့်စဉ်နည်းများအတွက် အဆင်မချောနိုင်။

တောအုပ်ထဲမှ မြက်ပြင်ပေါ်သို့ ထွက်လာသည်နှင့် သူ့ခြေထောက်က အပြာဖျော့ဖျော့သစ်ရွက်ကြွေများကို နင်းမိသည်။ သီးချင်းသံရပ်သွားသည်။ မိန်းကလေးက သူ့ကို စူးစမ်းဟန်ဖြင့် လှည့်ကြည်လ့ာသည်။

မိန်းကလေးကို သူအတင်းထိန်းချုပ်နိုင်သည်ဟု စဉ်းစားနေသည်။ သို့သော် မိန်းကလေးကလည်း သူ့ကိုထိုသို့မြင်နေနိုင်သည်။ ကလေးအရွယ်နုပျိုမှုက သူ့မျက်နှာတွင် ရှိနေသဖြင့် မိန်းကလေးက သိပ်အရေးစိုက်ဟန်မရှိ။

“နင်က ဘယ်သူလဲ”

အသံက ကြည်လင်နူးညံ့သည်။

“ဒီနေရာကို ဘယ်လိုရောက်လာတာလဲ”

“ငါ့နာမည် ဖုန်ချင်အန်းပါ။ မင်းသီးချင်းသံကြားလို့ လိုက်လာရင်း ဒီကိုရောက်လာတာ”

အမှန်အတိုင်း ဖြေလိုက်သည်။

မိန်းကလေး၏ စူးစမ်းသည့်အကြည့် ပြေလျော့သွားသည်။ သူလျှောက်သွား၍ ဘေးတွင်ထိုင်လိုက်သည်။ မိန်းကလေး၏ပုံစံအတိုင်း ဖိနပ်ချွတ်၍ ခြေထောက်ကို ကြည်လင်သည့်ရေကန်ထဲ နှစ်လိုက်သည်။

All Chapters