← Chapters

ဘုံလမ်းကြောင်း

Vol. 5 Ch. 70

ဘုံလမ်းကြောင်း

Vol. 5 Ch. 70

မိုးနတ်မယ်ကို နေ့ရောညပါ သူတမ်းတနေသည်။ သို့သော် တွေ့ခွင့်မရ။ အိပ်မက်တစ်ခုကြောင့် ခံစားရခက်သည်။ စိတ်ဓာတ်ကျသည်။ အိပ်ယာပေါ် ဘယ်လူးညာလှိမ့်ဖြစ်နေသည်။

ယောက်ျားသားများ တွေ့ကြုံရသည့် ခံစားချက်မျိုးကို နက်နက်ရှိုင်းရှိုင်း သူခံစားနေရသည်။ ယနေ့ညကျင့်ကြံမှု ပြီးဆုံးသွားသော်လည်း သူအိပ်မပျော်။ ကျင့်ကြံမှုနှုန်း အရင်ရက်များထက် တိုးတက်နှုန်း နှစ်ဆသုံးဆပိုလာသည်။ သို့သော် ထိုကိစ္စကို သိပ်မစဉ်းစားချင်။ ဝိညာဉ်ရေစင်ကြောင့် ဖြစ်နိုင်သည်။

ယခု တစ်ခုတည်းသော်ဆန္ဒက ထိုမိန်းကလေးကို ပြန်တွေ့လိုခြင်းဖြစ်သည်။ သို့သော် စနစ်က သူ့ကို တစ်ကြိမ်သာ အခွင့်အရေးပေးသည်။ အခွင့်အရေးလည်း ရခဲ့ပါသည်။ သို့သော် အချိန်က မလုံလောက်။ ဘယ်အချိန်မှ မြေအောက်ဘုံကို သူပြန်သွားနိုင်မည်မသိ။

ကြံရာမရဖြစ်လာသဖြင့် တောင်နက်၏ဝိညာဉ်အာရုံကိုသာ ဆက်သွယ်လိုက်သည်။ ရထားသည့် သရဲဝံပုလွေအမွေအား မည်သို့သုံးသပ်နေသည်ကို သူသိလိုသည်။

“‌တောင်နက်...မင်း..”

အာရုံဆက်သွယ်မိသည်နှင့် မူမမှန်ကြောင်း သတိထားမိလိုက်သည်။

တောင်နက်ခန္ဓာကိုယ်က အတော်ကြီးထွားခဲ့သည်။ ဝံပုလွေအုပ်အပါအဝင် တောင်တန်းပေါ်မှ အရာအားလုံးကို အပေါ်စီးမြင်ကွင်းဖြင့် မြင်ရသည်။

သို့သော်ယခု သာမန်ဝံပုလွေတစ်ကောင်နှင့် တစ်တန်းတည်းဖြစ်နေသည်။ မြေပြင်အနိမ့်အမြင့်လည်း ကွာခြားသည်မဟုတ်။

တောင်တန်းဝံပုလွေများ မူမမှန်ခြင်းတော့မဟုတ်။ တောင်နက် ဝပ်နေခြင်းဖြစ်ကောင်းဖြစ်မည်။

“အာဝူး..”

တောင်နက် တစ်ချက်အူလိုက်သည်။ ဖုန်ချင်အန်း၏မြင်ကွင်း တဖြေးဖြေးမြင့်တက်လာသည်။ ဝံပုလွေအုပ်ကို အပေါ်စီးမှ မြင်လာရပြန်သည်။ ဝံပုလွေများက အံ့ဩလေးစားမှုဖြင့် ကြည့်နေကြသည်။

“မင်းခန္ဓာကိုယ်အရွယ်အစားကို ပြောင်းလဲနိုင်သွားပြီလား”

သဘောပေါက်လိုက်သည်။ တောင်နက်သည် သွေးဆက်ပြောင်းလဲမှုကြောင့် ထိုစွမ်းအားမျိုး ရလာဟန်ရှိသည်။

“အာဝူး...”

ဝင့်ကြွားသည့်အသံဖြင့် တောင်နက် အော်ဟစ်လိုက်သည်။ ရွာထဲသို့ ပြန်လာနိုင်ပြီဖြစ်သည်။

“ဒီစွမ်းအားအပြင် တစ်ခြား ဘာရှိဦးမလဲ”

ဖုန်ချင်အန်း နည်းနည်းစိတ်လှုပ်ရှားလာသည်။

စနစ်က သူ့ကိုတစ်ကြိမ်သာ အခွင့်အရေးပေးသည်။ သို့သော် သူကိုယ်တိုင် ဒုတိယအခွင့်အရေး ဖန်တီးနိုင်ရမည်။

သူ့သားရဲရောက်နိုင်သည့် အဝိုင်းအဝန်းသည် သူရှာဖွေနိုင်သည့် အဝိုင်းအဝန်းဖြစ်သည်။

တစ်နည်းဆိုရလျှင် ယင်ဝိညာဉ်ရှိနေသည့် မြေအောက်ဘုံသည် ယခုသူရှာဖွေနိုင်သည့် နယ်မြေအတွင်းရှိသည်။ နည်းလမ်းမှန် မတွေ့သေးခြင်းသော်လည်း သူရောက်အောင်သွားနိုင်သည့်သဘောဖြစ်သည်။

မြေအောက်ဘုံသွားဖို့ တောင်နက်က ကူညီပေးနိုင်လောက်သည်။ စွမ်းအင်ဆေးယူလာသည့် မိန်းကလေးက တောင်နက်အသွင်ပြောင်းပြီးလျှင် သရဲမျိုးနွယ်မှ သရဲဝိညာည်များကို စားသောက်ရင်း အားအင်ကြီးထွားနိုင်သည်ဟု ပြောခဲ့သည်။

“အာဝူး..”

တောင်နက် စိတ်လှုပ်ရှားနေဟန်ဖြင့် အော်ဟစ်လိုက်သည်။ သူ့အခြေအနေကို စိတ်အာရုံဖြင့်ပြောပြသည်။

သရဲဝံပုလွေအမွေရပြီးနောက် အသက်ရှူနည်းလမ်းများ သူရခဲ့သည်။ တစ်မျိုးတည်းမဟုတ်။ ငါးမျိုးဖြစ်သည်။ ဝံပုလွေဖြူဘုရင်ပေးခဲ့သည်ထက် ပိုများသည်။

ထိုနည်းလမ်းများက သွေးဆက်မှရသည့် အခြေခံအမွေကျင့်စဉ်များသာဖြစ်သည်။ သွေးဆက်မှ နိုးထလာသည့် မှော်စွမ်းအားနှင့် အတုမဲ့ဗီဇစွမ်းရည်များလည်း ရှိသည်။

ယခု တောင်နက်သည် ပါးစပ်မှ အပြာရောင်မီးတောက်တစ်မျိုးကိုပင် မှုတ်ထုတ်နိုင်ပြီဖြစ်သည်။ ထိုမီးတောက် ပူလောင်ခြင်းမရှိ။ ဝိညာဉ်ကိုထိုးဖေါက်နိုင်သည့် အအေးဓာတ်မျိုးရှိသည်။

ဝိညာဉ်စားသရဲမီးတောက်။

သရဲဝံပုလွေသွေးဆက်မှ ဆင်းသက်လာသည့် မှော်စွမ်းအားဖြစ်သည်။ ထို့ကြောင့်လည်း သရဲမျိုးနွယ်များကိုစားသုံး၍ သရဲဝံပုလွေ ရှင်သန်ကြီးထွားနိုင်ခဲ့ခြင်းဖြစ်သည်။

သရဲမျိုးနွယ်သည် နာကျည်းဒေါသနှင့် အမုန်းတရားကဲ့သို့ မကောင်းသည့်စွမ်းအင်မျိုးစုံ ပိုင်ဆိုင်ကြသည်။ ထိုအရာများကို ချေဖျက်နိုင်သည့်နည်းလမ်းမရှိလျှင် သရဲဝိညာဉ်များ အဆက်မပြတ်စားသောက်ရသည့်အတွက် မဟာနတ်ဆိုးသားရဲအဆင့်ပင် ရူးသွပ်သွားပေလိမ့်မည်။

တောင်နက်ပြောသည့်အကြောင်းများ ဖုန်ချင်အန်း စိတ်ရှည်လက်ရှည်နားထောင်သည်။ ထိုသားရဲသည် ပထမဆုံးဝိညာစာချုပ်သားရဲဖြစ်သည်။ ယခု စွမ်းရည်က အံ့မခန်းတိုးလာသည်။ သူတကယ်ပျော်ရွှင်မိသည်။

“အာဝူး...”

တောင်နက်က သရဲမီးတောက်ကို မှုတ်ပြပြီးနောက် ဖုန်ချင်အန်းနှင့် စကားဆက်ပြောသည်။ ကြွားနေခြင်းဟု ဆိုနိုင်သည်။ သူ့စကားနားထောင်ပြီးနောက် အခွင့်အရေးတစ်ခု တွေးမိသဖြင့် ဖုန်ချင်အန်း ရယ်မောလိုက်သည်။

“မင်းက မြေအောက်ဘုံကို ဝင်နိုင်ထွက်နိုင်တယ်ပေါ့။ ဒါပေမယ့် ဘယ်လိုသွားရမှန်းမသိဘူးမဟုတ်လား”

“မြေအောက်ဘုံအက်ကြောင်းကို မင်းရှာဖို့လိုတယ်”

ကုတင်ပေါ်မှ ဝမ်းသာအားရ သူခုန်ဆင်းလိုက်သည်။ မှန်သည်။ မြေအောက်ဘုံကို သူသွားနိုင်ဖို့ တောင်နက်သည် အားကိုးရာဖြစ်သည်။ သူ့သုံးသပ်ချက် လုံးဝမမှား။

“တောင်နက် ဝံပုလွေအုပ်ကို အစီအစဉ်တကျထားခဲပြီး ရွာကိုပြန်လာပါ။ ရွာအနီးအနားမှာ မင်းရှာချင်တဲ့ မြေအောက်ဘုံအက်ကြောင်းကို ရှာတွေ့နိုင်တယ်”

သူတွေးတွေးဆဆပြောလိုက်သည်။

ဖုန်မိသားစုအိမ်တော်အနီးတွင် မြေအောက်ဘုံအက်ကြောင်းတစ်ခု ရှိရမည်။ သီးခြားအချိန်တစ်ခုမှာသာ ပွင့်လိမ့်မည်။ ကြက်တွန်သံက သူ့ကို မြေအောက်ဘုံမှ ဆွဲခေါ်ခဲ့သည်။ ထို့ကြောင့် ထိုအက်ကြောင်းသည် သူနှင်သိပ်ဝေးမည်မဟုတ်။

“အာဝူး....”

တောင်နက် ချက်ချင်းထရပ်လာပြီး သံရှည်ဆွဲ၍ တစ်ချက်အော်သည်။

သူသည် သရဲဝံပုလွေဖြစ်သည်။ သရဲဝိညာဉ်များစားမှသာ ကြီးထွားနိုင်မည်။ သို့သော် တောင်တန်းပေါ်တွင် သရဲဝိညာဉ်များများစားစား မရှိနိုင်။ သာမန်သားရဲများသည် ဉာဏ်ရည်မမြင့်ကြ။ သေခြင်းရှင်ခြင်းကို ထူးခြားသည့်ခံစားချက်မျိုးမရှိကြ။ ထို့ကြောင့် နာကျဉ်းဒေါသစိတ် မပေါက်ဖွားနိုင်သဖြင့် သရဲဝိညာဉ်ဖြစ်မလာကြ။

ထို့အပြင် သားရဲတို့၏ဝိညာဉ်သည် အားနည်းသည်။ လူသားမျိုးနွယ်ထက် အဆင့်နိမ့်သည်။ နာကျည်းဒေါသစိတ်ရှိလျှင်ပင် သရဲဝိညာဉ်ဖြစ်လာရန် ခက်ခဲသည်။ နတ်ဆိုးသားရဲများကတော့ သရဲဝိညာဉ်ဖြစ်ရန် အရည်အချင်းမီသည်။ သို့သော် ထိုသတ္တဝါမျိုးကလည်း တောင်တန်းများပေါ်တွင်အလွန်ရှားပါးသည်။

ဤကမ္ဘာမှ သာမန်လူများကိုလည်း တာ့ကျင်း၏ တင်းကြပ်သည့်ဥပဒေအောက်တွင် နတ်မင်းများက ထိန်းသိမ်းထားသည်။ မြေအောက်လောကအမိန့်ဥပဒေမျိုး တည်ဆောက်ထားသည်။ သရဲဝိညာဉ်များကို အရမ်းကာရော ဝါးမျိုခွင့်ပြုမည်မဟုတ်။ တစ်ခုတည်းသောနည်းလမ်းမှာ မြေအောက်ဘုံကို သွားဖို့သာဖြစ်သည်။ တောင်နက်၏သွေးဆက်အမွေအရ ထိုဘုံလောကတွင် စားသောက်စရာ သရဲဝိညာဉ်များ မရေမတွက်နိုင်အောင်ရှိကြောင်း သိထားသည်။

မြေအောက်ဘုံအက်ကြောင်းကိုရှာနိုင်လျှင် သူမြန်မြန်စွမ်းအားတိုးလာမည်။ နန်းမြို့တော်မှ အမျိုးသမီးပြောသလို မဟာနတ်ဆိုးပင် ဖြစ်လာနိုင်သည်။

သူထိုသို့တွေးသည်နှင့် တောင်နက်လည်း တုံ့ဆိုင်းမနေတော့။ ဝံပုလွေအုပ်ကို အော်ဟစ်ဟိန်းဟောက်ပြီးနောက် လေအလျင်မျိုးဖြင့် တောင်ကြားမှထွက်ကာ ရွာဆီသို့ ပြေးဆင်းလာသည်။

မြေအောက်ဘုံသို့ဝင်၍ ယင်ဝိညာဉ်မိန်းကလေးကို ပြန်တွေ့နိုင်ရန် ဖုန်ချင်အန်း အသေအလဲ စဉ်းစားနေသည်။

ထိုအချိန်တွင် မြေအောက်ဘုံ အပြာရောင်တောအုပ်အလယ်မှ ဝိညာဉ်ရေစင်စမ်းချောင်းတွင် နူးညံ့သည့်ခြေထောက်တစ်ဘက်က ရေပြင်ကို ကန်ထုတ်နေသည်။ ရေမျက်နှာပြင်တွင် လှိုင်းဂယက်များ ပေါ်လာသည်။ မိန်းကလေးက သီချင်းဆိုနေဆဲဖြစ်သည်။ သို့သော် သူ့အသံက အထီးကျန်၍ ဝမ်းနည်းရိပ်သန်းနေသည်။

ရုတ်တရက် သီချင်းသံ ရပ်သွားသည်။ သူခေါင်းစောင်း၍ မြက်ပြင်တစ်ဘက်စွန်းမှ အရွက်ဝိုင်းကြီးများရှိသည့် သစ်ပင်ဆီသို့ရှိသည်။ ခဏကြာအောင် လှမ်းကြည့်နေသော်လည်း သစ်ရွက်များကို တွန်းဖယ်၍ မြက်ခင်းကိုဖြတ်ကာ သူ့အနားလာထိုင်မည့်သူကို မတွေ့ရ။

“လူလိမ်...လူလိမ်ကြီး”

သီးချင်းဆိုဖို့ သူစိတ်မပါတော့။ ခြေထောက်များက ရေထဲနှစ်ထားဆဲဖြစ်သည်။ မျက်နှာတွင် ပျော်ရွှင်ကြည်နူးရိပ်ကင်းနေသည်။ ခြေဗလာဖြင့်ထရပ်၍ မြက်ခင်းပေါ်သို့သွားသည်။ လေးအေးတစ်ချက် တိုက်ခတ်လာသည်။ သို့သော် သစ်ရွက်လှုပ်ရှားသံမှတစ်ပါး တစ်ခြားအသံမကြားရ။

သူ့သီချင်းသံရပ်သွားသည်နှင့် ထိုနေရာက ခြောက်ကပ်တိတ်ဆိတ်သွားသည်။ ထိုမြင်ကွင်းမျိုးကို မိန်းကလေး အသားကျနေပြီဖြစ်သည်။ သို့သော်ယခု သူသည်းမခံနိုင်တော့။

“ဖုန်ချင်အန်း၊ နင်အတော်ဆိုးဝါးတဲ့လူပဲ”

မနေ့ကအဖြစ်အပျက်များကို ပြန်မြင်ယောင်လာသည်။ သို့သော် သူနဲ့ကစားဖို့ ဘယ်သူမှပေါ်မလာ။

စကားပြော၍ ဆော့ကစားခဲ့ရသည့်အရသာကို တွေ့ကြုံပြီးနောက် အထီးကျန်မှုဒဏ်ကို သူမခံစားနိုင်တော့။

All Chapters