← Chapters

လာရှာသူ

Vol. 5 Ch. 71

လာရှာသူ

Vol. 5 Ch. 71

“တောင်နက်၊ မင်းတကယ် တိုးတက်လာတာပဲကွ”

ခြံထဲတွင် တောင်တန်းမှပြန်လာသည့် တောင်နက်ကို ဖုန်ချင်အန်း နှုတ်ဆက်သည်။ တောင်နက်က ခန္ဓာကိုယ်ကို သာမန်ဝံပုလွေအရွယ်အစား ထိန်းထားနိုင်သဖြင့် သူသဘောကျသွားသည်။

နတ်ဆိုးဝံပုလွေအသွင်မျိုးလုံးဝမရှိ။ သို့သော် ညအမှောင်တွင် မျက်လုံးများက အပြာရောင်ကျောက်များကဲ့သို့ အလင်းတောက်ပနေသည်။

“အာဝူး...”

ချီးမွှမ်းသံကြောင့် တောင်နက် ဝင့်ကြွားစွာအော်ဟစ်လိုက်သည်။ လက်ရှိအသွင်အသွင်ကိုလည်း ကျေနပ်နေသည်။ ချီမွှမ်းခံရသဖြင့် ပို၍ပင်ပျော်သွားသည်။

“အခု ငါမိဘတွေလည်း မင်းနဲ့ပြန်အသားကျဖို့ အချိန်နည်းနည်းတော့ ကြာလိမ့်ဦးမယ်”

ဖုန်ချင်အန်း တောင်နက်ဦးခေါင်းကို ပုတ်လိုက်သည်။

“ဒီအနီးအနားမှာ သွားပတ်ရှာကြည့်ပါ။ လျှို့ဝှက်ဘုံတစ်ခုကိုသွားတဲ့ လမ်းကြောင်းတစ်ခု ရှိလောက်တယ်။ ဒါပေမယ့် အခုတော့ မြင်ရဦးမှာမဟုတ်ဘူး။ သန်းခေါင်းချိန်ကျမှ ပေါ်လာမှာ”

“အာဝူး...”

တောင်နက် ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။ ထို့နောက် နံရံပေါ်ခုန်ကျော်၍ ဆယ်မိုင်နီးပါးရှိသည့် ရွာဘေးပတ်လည်ကို စတင်ရှာဖွေသည်။

အသွင်ပြောင်းပြီးနောက် မီးခိုးရောင်အမွှေးများက ရှင်းသန့်တောက်ပြောင်နေသည်။ ညအမှောင်ထဲ အလွယ်တကူ ကိုယ်ရောင်ဖျောက်နိုင်သည်။ အရိပ်ထဲတွင်ပုန်းနေပြီး မျက်လုံးပိတ်ထားလျှင် လရောင်အောက်မှာပင် လူအများ မျက်စိရှန်းသွားကြပေမည်။

သို့သော် သာမန်သေမျိုးအမြင်အာရုံကိုသာ လှည့်စားနိုင်သည်။ ထိုးထွက်လာသည်။နေသည့် နတ်ဆိုးစွမ်းအင်များက ဝိညာဉ်နတ်များကိုတော့ လှည့်စား၍မရ။

အေးအေးဆေးဆေးလျှောက်သွားရင်းမှ ဖုန်မိသားစုတောင်ကုန်း ဘိုးဘေးဘုံကျောင်းနားသို့ တောင်နက်ရောက်လာသည်။ ဘုံကျောင်းဆီတစ်ချက်လှမ်းကြည့်သည်။ ထိုဘုံကျောင်းမှ ပတ်ဝန်းကျင်နှင့်ကွဲထွက်နေသည့် စွမ်းအင်ရောင်တစ်ခုကို သူမြင်ရသည်။

နတ်ဘုရားနေထိုင်သည့် အစိမ်းရောင်တောင်တန်းကို သူပြန်သတိရမိသည်။ သို့သော် ယခုအဆောက်အဦးက ထိုတောင်တန်း၏ခမ်းနားမှုနှင့်စာလျှင် ဘာမှမပြောပလောက်။

စပ်စုလိုစိတ်ဖြင့် ဘုံကျောင်းမြေနားသို့ သူအသာကပ်သွားသည်။ နေရာအခြေအနေတစ်ချက်ကြည့်ပြီးနောက် စည်းရိုးကိုခုန်ကျော်၍ ဘုံကျောင်းထဲ ဝင်လိုက်သည်။ အထဲတွင် ကြိမ်တုန်တစ်ချောင်းကိုင်ထားသည့် လူပုအဘိုးအိုတစ်ယောက်က သူ့ကို မျက်နှာတင်းတင်းဖြင့်ကြည့်နေကြောင်း တွေ့လိုက်ရသည်။

“တောင်နက်၊ မင်းဘာလုပ်နေတာလဲ”

မြေစောင့်နတ်ကိုကြည့်၍ တောင်နက်တစ်ချက် ဟိန်းလိုက်သ်ည။ ပါးစပ်မှ သွားရေများကျလာသည်။

“တောင်နက်၊ ကောင်းကောင်နေပါ။ နောက်ဆုတ်စမ်း”

ဖုန်ချင်အန်း အချိန်မီတားလိုက်သည်။ ထိုအဘိုးအိုကို သူကောင်းကောင်းသိသည်။

ယခု သူသည်တောင်နက်အမြင်ကိုမသုံးလျှင်ပင် သာမန်သေမျိုးများမမြင်နိုင်သည့် ဖြစ်တည်မှုများ ပစ္စည်းများကို မြင်နိုင်ပြီဖြစ်သည်။ ထို့ကြောင့် အိမ်နှင့်ရွာကျောင်းကြား ဖြ်သန်းသွားတိုင်း ကလေးများကိုကြည့်၍ ပြုံးနေတတ်သည့် ထိုအဘိုးအိုကို မကြာခဏမြင်ဖူးခဲ့သည်။

တစ်ခါမြင်ရုံဖြင့် လူတိုင်းမှတ်မိကြပေလိမ့်မည်။

ဖုန်ချင်အန်း ငေါက်ငန်းသံကြောင့် တောင်နက် ညည်းသံတစ်ချက်ပေးသည်။ မြေနတ်မင်းကို တစ်ချက်လှမ်းကြည့်သည် ထို့နောက် စည်းရိုးပေါ်ခုန်ကျော်၍ ထွက်သွားသည်။ သူ့နေရာသူသိသည်။

ဖုန်ချင်အန်း သက်ပြင်းချလိုက်သည်။ တောင်နက်၏သွေးဆက်ဗီဇ နိုးထလာပြီးဖြစ်၍ မထင်မရှားဝိညာဉ်တစ်ခုကို ဝါးမျိုလျှင် ကိစ္စမရှိ။ သို့သော် နတ်မင်းများက ထိုသို့မဟုတ်။ ပြဿနာအကြီးအကျယ် တက်သွားနိုင်သည်။

“တောင်နက်၊ အဲဒါ ရွာသားတွေ ရှိခိုးကြတဲ့ မြေစောင့်နတ်ပဲ။ မလေးမစား မလုပ်ရဘူး”

မြင်သမျှဝိညာဉ်တိုင်းကို စားလို့မရကြောင်း ဖုန်ချင်အန်း သင်ပြပေးသည်။

မွှေးတိုင်ပူဇော်မှု ရရှိသည့်ဝိညာဉ်တိုင်းသည် အသက်ရှိစဉ်က အကြည်ညိုခံပုဂ္ဂိုလ် သို့မဟုတ် ကျေးဇူးရှင်များဖြစ်သည်။ နောက်ဆက်တွဲ ပြဿနာမကြောက်ဘဲ ထိုဝိညာဉ်များကို ဝါးမျိုနိုင်စွမ်းရှိလျှင်ပင် မလုပ်သင့်။

“အူးးး”

တောင်နက် တစ်ချက်ညည်းညူလိုက်သည်။ သူနားလည်သွားသည်။ ခုနကလည်း နတ်မင်းကို တကယ်ဝါးမျိုရန် ကြိုးစားခဲ့သည်မဟုတ်။ နိုးထလာသည့် သရဲဝံပုလွေသွေးဆက်အရ အလိုလို တုံ့ပြန်မိခြင်းဖြစ်သည်။ သို့သော် ထိုဗီဇကို သူထိန်းချုပ်နိုင်သည်။

“ကဲ၊ သန်းခေါင်းချိန်ရောက်တော့မယ်၊ မြေအောက်ဘုံကိုသွားမဲ့အက်ကြောင်းက မကြာခင်ပေါ်တော့မယ်။ သေချာစောင့်ကြည့်ထား”

“အာဝူး...”

တောင်နက်တစ်ချက်အော်၍ ခေါင်းထောင်လာသည်။ သာမန်ဝံပုလွေအရွယ်အစားသာရှိသော်လည်း အိမ်တစ်လုံး၏ခေါင်မိုးထက်သို့ အသာအယာခုန်တက်သွားနိုင်သည်။ ညအရောင်လွှမ်းခြုံနေသည့်ရွာကို အပေါ်စီမှကြည့်နေသည်။ ဖုန်ချင်အန်းပြောသည့် အက်ကြောင်းပေါ်ချိန်ကို စောင့်နေသည်။

ဖုန်ချင်အန်းက သူ့ကိုလှည့်စားခြင်းဟုတ်မဟုတ် သူတွေးစရာမလို။ သွေးဆက်အရ မြေအောက်ဘုံနှင့်ဆက်စပ်နေသည့် အက်ကြောင်းများရှိမှန်း သွေးဆက်အမွေမှတ်ဉာဏ်အရ သိပြီးဖြစ်သည်။

သန်းခေါင်းချိန် တိတ်တဆိတ်‌ရောက်လာသည်။ မိုးမြေကြားတွင် ယင်စွမ်းအားများ ထူထပ်သိပ်သည်းလာသည်။ မြေပြင်မှ ယင်စွမ်းအင်များ စိမ့်ထွက်လာသည်။ ကင်းလှည့်နတ်မင်းများပင် သတိပြုမိနိုင်ရန် ခဲ့ယဉ်းသည့် အက်ကြောင်းလေးတစ်ခု ရွာအပြင်ဘက်တွင် ပေါ်လာသည်။

သို့သော် ထိုအက်ကြောင်းပေါ်လာသည်နှင့် စောင့်ကြည့်နေသည့်‌တောင်နက်က ချက်ချင်းသတိပြုမိသည်။ ယင်စွမ်းအင်စိမ့်ထွက်သည့်မြင်ကွင်းက သူ့အတွက် ရှင်းလင်းလွန်းနေသည်။

စိတ်လှုပ်ရှားလာဟန်ဖြင့် တစ်ချက်အော်ဟစ်လိုက်ပြီး အိမ်ပေါ်မှခုန်ဆင်း၍ အက်ကြောင်းဆီ ပြေးသွားသည်။

“ဖုန်ချင်အန်း၊ နင်ငါ့ကိုလာမတွေ့ဘူးပေါ့”

ဝိညာဉ်ရေစင်စမ်းချောင်းတွင် သီချင်းဆိုသံရပ်သွားသည်။ တိတ်ဆိတ်ငြိမ်သက်သည့် တောနက်ကိုကြည့်ရင်း မိန်းကလေး စိတ်ပျက်လက်ပျက်ခြေဆောင်နေသည်။

ထိုစဉ် ရုတ်တရက် တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် မျက်လုံးများ အရောင်လက်လာသည်။

“နင်လာမတွေ့ရင် ငါနင့်ကိုလာတွေ့မယ်”

သူတစ်ချက်လှုပ်ရှားလိုက်သည်။ စမ်းချောင်းဘေးမှ လှပသည့်တောနက်တစ်ခုလုံး မှုန်ဝါးသွားသည်။ အစစ်အမှန်ရှိခဲ့သည့် သစ်ပင်များက ပန်းချီကားပမာဖြစ်လာသည်။

ယင်စွမ်းအင်လေပြင်းတစ်ခု တိုက်ခတ်လာသည်။ ကျယ်ပြန့်သည် တောအုပ်ကြီးတစ်ခုလုံး ကောင်းကင်သို့ ပျံတက်သွားသည်။ ထို့နောက် တစ်ဖြေးဖြေးကျုံ့သွားပြီး မိန်းကလေးခန္ဓာကိုယ်နှင့် ကိုက်ညီသည့်အရွယ်အစားတစ်ခုအဖြစ်ပြောင်း၍ အောက်သို့ပြန်ကျလာသည်။

ခရမ်းရောင်အလင်းများ တောက်ပနေသည်။ ရဲတင်းပွင့်လင်းသည့် မိန်းကလေးမှာ ယခု ခံ့ညားထည်ဝါသည့် အပြာရောင်နန်းတွင်းဝတ်စုံတစ်ခု ဝတ်ထားသည်။ လှပသည့်ရုပ်သွင်၊ ဟန်ပန်၊ ခံ့ညားမှု၊ တင့်တယ်မှု၊ မြင့်မြတ်မှု အားလုံးပေါင်းစပ်ထားသလိုရှိသည်။

“ဖုန်ချင်အန်း၊ ငါနင့်ကိုလာရှာပြီ”

သူ့မျက်လုံးထောင့်စွန်းများ ကွေးညွှတ်သွားသည်။ စိတ်တက်ကြွလန်းဆန်းလာပုံရသည်။ သူ့ရပ်နေသည့်နယ်မြေသည် စမ်းချောင်းလေးဘေးပတ်လည်မှ ပန်းပွင့်များနှင့်မြက်ပြင်မှလွဲလျှင် ခြောက်ကပ်သည့်မြေသားနှင့် ကျောက်သားများသာရှိသည်။ အစောပိုင်းက ထူထပ်သည့်သစ်ပင်များ တောအုပ်များ မရှိတော့။

သို့သော် မိန်းကလေးက အရေးစိုက်ဟန်မရှိ။ မလှမ်းမကမ်း တောင်ကမူလေးပေါ်မှ နူးညံ့သည့်လှုပ်ရှားမှုကိုကြည့်နေသည်။ ထိုနေရာတွင် ထူးခြားသည့် လေထုတစ်ခု ဖြစ်ပေါ်နေသည်။ ထိုနေရာမှ ရင်းနှီးနေသည့်စွမ်းအင်ရောင်ကို ခံစားမိသည်။

သူခပ်သွက်သွက်လျှောက်သွားသည်။ ခုနက ဣန္ဒြေရှိ၍ တည်ကြည်သည့်အသွင် ပျောက်သွားသည်။ အမတစ်ယောက်၏ဝတ်စုံကို ဝတ်ထားသည့် ကောင်မလေးတစ်ယောက် သူ့သူငယ်ချင်းကို သီးခြားတွေ့ဆုံရန် သွားနေသည်။

“ကျဉ်းကျဉ်းလေးပါလား”

တောင်ကမူလေးပေါ်ရောက်ပြီးနောက် မှန်ပြပြစွမ်းအင်ရောင်ထွက်နေသည့်နေရာကို တွေ့သည်။ သူစိတ်ပျက်သွားသည်။ ထိုမျှသေးငယ်သည့်နေရာမှ သူဖြတ်သွားရန်မဖြစ်နိုင်။

သို့သော်ခဏစဉ်းစားနေပြီးနောက် သူ့လက်ကိုဆန့်ထုတ်၍ အက်ကြောင်းလေးကို ထိလိုက်သည်။ သူ့ဝတ်စုံမှ ပြင်းထန်သည့်စွမ်းအင်ရောင်တစ်ခု ထိုးထွက်လာသည်။လာသည်။ အက်ကြောင်းက ချက်ချင်းဟ,လာသည်။ ခုနစ်ပေခန့်မြင့်၍ လူတစ်ကိုယ်ဝင်နိုင်လောက်အောင် ဖြစ်လာသည်။

All Chapters