← Chapters

ကြိုတင်ရည်ရွယ်

Vol. 6 Ch. 77

ကြိုတင်ရည်ရွယ်

Vol. 6 Ch. 77

“ဖုန်ချင်အန်း”

ညသန်းခေါင်းရောက်သည်နှင့် မိုးမြေကြာတွင် ယင်ဓာတ်များလွှမ်းမိုးလာသည်။ နတ်သမီးလည်း ကတိပေးထားသည့်အတိုင်း ရောက်လာသည်။ တစ်ယောက်တည်းတော့မဟုတ်။ အပြာရောင်မျက်လုံးနှင့် အနက်ရောင်အမွေးများတောက်ပြောင်နေသည့် တောင်နက်လည်း ပါလာသည်။

“ပြန်ရောက်လာပြီလား တောင်နက်”

ဖုန်ချင်အန်း တောင်နက်ဦးခေါင်းကို ပွတ်လိုက်သည်။ ထို့နောက် မိန်းကလေးကို လှည့်ကြည့်သည်။

“မင်းကို မေးစရာတစ်ခုရှိတယ် နန်းကော”

“ပြောပါ”

“တောင်နက်က သရဲဝံပုလွေသွေးဆက်ကို ပိုင်ဆိုင်ထားတယ်။ သရဲဝိညာဉ်တွေကိုစားပြီး အသွင်ပြောင်းလဲနိုင်တယ်။ မနေ့ညက မြေအောက်ဘုံကိုသွားတာ သရဲဝိညာဉ်အမဲလိုက်ဖို့ပါ။ ဒါပေမယ့် တစ်ညလုံးရှာတာတောင် ဘာမှမတွေ့ဘူး။ အဲဒီ့အကြောင်းရင်းကို မင်းသိလား။

မြေအောက်ဘုံတွင် သရဲရှာမတွေခြင်းသည့် လူသားကမ္ဘာတွင် လူရှာမတွေ့သလိုပင် ဖြစ်သည်။

“တောင်နက်က သရဲဝိညာဉ်တွေစားပြီး ပြောင်းလဲနိုင်တယ်ပေါ့”

နန်းကော တအံ့တဩကြည့်သည်။ ဤကမ္ဘာသို့ သူဝင်လာကတည်းက မြင်ခဲ့ရသည့်တိရစ္ဆာန်ဟူ၍ လက်ငါးချောင်းပင်မပြည့်။ သရဲဝံပုလွေဆိုသည်ကို သူနားမလည်ပါ။ တောင်နက်ကို စားကောင်းမည့်သတ္တဝါဟုသာမြင်သည်။

“ဒါက မျိုးဗီဇပါရမီမျိုးပါ”

ဖုန်ချင်အန်း ရှင်းပြသည်။

“ဒါဆိုရင်တော့ ရှာတဲ့နေရာမှားနေပြီ”

နန်းကော ခေါင်းခါသည်။

“ငါ့အမက စစ်တိုက်ဖို့သွားရင် အချိန်အတော်ကြာအောင် ပြန်မလာဘူး။ ငါ့အတွက် အနှောက်အယှက်ဖြစ်မှာစိုးလို့ ဝိညာဉ်စမ်းချောင်းဘေးပတ်လည်က သရဲဝိညာဉ်တွေအားလုံးကို သူရှင်းပစ်ခဲ့တာ။ ဒါကြောင့် တောင်နက်ရှာမတွေ့တာပါ”

ဖုန်ချင်အန်း အသံတိတ်သွားသည်။ တောင်နက်ကို ငုံ့ကြည့်သည်။ တစ်ခုခုမူမမှန်ကြောင်း ခွေးရောလူပါ သိကြသည်။ ဖုန်ချင်အန်းက နည်းနည်းကြိုခန့်မှန်းမိသော်လည်း တောင်နက်က လုံးဝမှင်သက်မိနေသည်။

တစ်ညလုံးရှာ၍ သရဲဝိညာဉ်တစ်ကောင်တစ်လေ မတွေ့နိုင်သည်အထိ ရှင်းပစ်နိုင်သူ။

ဘယ်လိုဖြစ်တည်မှုမျိုးနှင့် သူ့သခင် ပတ်သက်မိပြီမသိ။ နန်းကောကိုပင် အိမ်အထိခေါ်လာသည်။

“မင်း မင်းအမက အရမ်းစွမ်းအားကြီးတာပဲ”

ခဏတုံ့ဆိုင်းနေပြီးနောက် လေးစားသည့်လေသံအပြည့်ဖြင့် ပြောလိုက်သည်။ ဓားသွားထက်တွင် ကနေရသလို သူခံစားမိသည်။

နန်းကောအမအကြောင်း နည်းနည်းသိထားသ်ောလည်း ထိုမျှစွမ်းအားကြီးမည်ထင်မထား။ ညီမတစ်ယောက်အတွက် သရဲဝိညာဉ်မဲ့နေရာတစ်ခု ဖန်တီးပစ်ခဲ့သူ၏စွမ်းအားက တကယ်ကြောက်စရာကောင်းပေလိမ့်မည်။

ထိုစွမ်းအားရှင်က သာမန်သေမျိုးတစ်ယောက ညီမဖြစ်သူနှင့် ညတိုင်းကလူကျီစယ်နေသည်ကိုတွေ့လျှင် မည်သို့ဖြစ်လာမည်ကို ဖုန်ချင်အန်း မသိတော့။

ယခု အဖြစ်သင့်ဆုံး အန္တရာယ်အကင်းဆုံးဖြေရှင်းနည်းမှာ နန်းကောကို ပြန်လွှတ်ပြီး အဆက်အသွယ်ဖြတ်ဖို့ပင် ဖြစ်သည်။

သို့သော် အိမ်အထိရောက်အောင် ခေါ်လာခဲ့သည့် ယင်ဝိညာဉ်မိုနာ့တစ်ယောက်ကို ပြန်လွှတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ရယ်စရာကောင်းလွန်းသည်။

နန်းကောအမ သိသွားလျှင်လည်း အရေးမစိုက်။ နန်းကောအပေါ် သူကောင်းကောင်း ဆက်ဆံခဲ့သည်။

အရွယ်ရောက်လျှင် ယောက်ျားရော မိန်းမပါ လက်ထပ်ထိမ်းမြားကြရသည်။ သူနှင့်နန်းကောသည် နတ်ရေးသည့်ဖူးစားဟု ယူဆသည်။ စိုးရိမ်နေစရာမလို။

နန်းကောအမက သူ့ကိုသဘောမကျလျှင်လည်း နန်းကောနှင့်ဝိညာဉ်စာချုပ်ချုပ်နိုင်လျှင် သူအပြောင်းအလဲသစ်ကြုံရမည်။ ဝိညာဉ်တစ်သောင်းခန္ဓာလည်း ပြောင်းလဲလာမည်။

ထိုအချိန်ရောက်လျှင် နန်းကောအမသည် သူ့ကိုထိရဲမည်မဟုတ်။

“ဟုတ်တယ်၊ အမကြီးက အတော်စွမ်းအားကြီးပါတယ်”

သူ့အမအကြောင်းပြောချိန်တွင် နတ်ဆိုးမနှင့်တူသည့် မိန်းကလေး၏မျက်လုံးပင် ဂုဏ်ယူဝင့်ကြွားသည့်အသွင် ရှိနေသည်။

“မင်းအမ ဘယ်ကိုသွားတာလဲသိလား။ အရမ်းဝေးတဲ့က နေရာတစ်ခုလား”

“မသိဘူး။ ဒီလိုကိစ္စတွေ သူငါ့ကိုမပြောဘူး”

“သူဘယ်အချိန်လောက် ပြန်လာတတ်သလဲ”

“မပြောတတ်ဘူး။ ပုံသေမရှိဘူး”

ဖြေသမျှအဖြေတိုင်းက ‘မသိဘူး’ဆိုသည့် အဖြေချည်းဖြစ်သည်။ ဖုန်ချင်အန်းင်အန်း စိတ်ရှုပ်သွားသည်။ ထပ်မပြောတော့။ အားတင်းပြုံးပြလျက် သူ့ခြေလှမ်းကို အရှိန်မြှင့်ရန် ဆုံးဖြတ်သည်။ တောင်နက်ကို ငုံ့ကြည့်သည်။

“တောင်နက်၊ မြေအောက်ဘုံမှာ မင်းအချိန်အကြာကြီးလျှောက်သွားခဲ့ရတာ။ အခု တောင်တန်းပေါ်ပြန်ပြီး နားလိုက်တော့”

သူ့စကားကြောင့် တောင်နက်မယုံကြည်နိုင်သည့်မျက်လုံးဖြင့် သူ့သခင်ကို စိုက်ကြည့်သည်။

ယခုမှ အိမ်ပြန်ရောက်သည်။ ယခုပင် နှင်ထုတ်နေသည်။ အရင်က ခန္ဓာကိုယ်အရွယ်အစားကြောင့် အိမ်နားမကပ်နိုင်ချိန်မှာပင် သူ့သခင်က ဝိညာဉ်အာရုံမှ အမြဲဆက်သွယ်နေသည်။ သွေးသန့်စင်မှု အရိုးနှင့်ကြွက်သားသန့်စင်မှုများ ပုံမှန်လုပ်ပေးသည်။ ယခု စကားပင် သိပ်မပြောရသေး။ နှင်ထုတ်နေသည်။

ဘာကြောင့်လဲ။

သူ့အကြည့်က နန်းကောထံ အလိုလိုရောက်သွားသည်။ ဤနေရာတွင်မူမမှန်သည့်အရာဟူ၍ ထိုမိန်းကလေးသာရှိသည်။

“ဘာတွေတွေးနေတာလဲ တောင်နက်”

ဖုန်ချင်အန်း တောင်နက်ဦးခေါင်းကို ခပ်တင်းတင်းဆုပ်ကိုင်၍ ကိုင်လှုပ်လိုက်သည်။ တောင်နက်စိတ်ကို သူနားလည်သည်။

ခံစားချက်ကို နားလည်သည်။ သို့သော် အလိုလိုက်၍မဖြစ် ဤနှစ်ပိုင်းတွင် တောင်နက် ပို၍စွမ်းအားတိုးလာသည်။ စွမ်းအင်နှင့်အသိစိတ် မြင့်မားလာသည်။ သူညွှန်ကြားစရာမလိုပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်သည်။

“ဟိုဝံပုလွေဖြူလေးကို မင်းမကြည့်ချင်တော့ဘူးလား။ မင်းသူ့ဆီသွားပြီး အနားကပ်ကြည့်ပါ။ မင်းအဲလိုလုပ်ချင်နေတာမဟုတ်လား”

ဝံပုလွေထီးတစ်ကောင်၏စိတ်ကို ဆွပေးလိုက်သည်။ မိသားစုတစ်ခုတည်ထောင်၍ ဘဝစတင်ခြင်းသည် အထီးများအတွက် လွတ်လပ်မှုကို ခံစးရသည့် ဗီဇလှုံ့ဆော်မှုမျိုးဖြစ်သည်။

ဝံပုလွေဖြူ။

သခင်စကားကြောင့် လှပသည့်ဝံပုလွေဖြူ၏ပုံရိပ်က တောင်နက်အတွေးအာရုံတွင် ပေါ်လာသည်။ သူသွားချင်သည်။ သို့သော် ဘေးမှ မိန်းကလေးကိုကြည့်သည်။ သူထွက်သွားရန် စိတ်မချ။

ထွက်သွားလျှင် တန်ဖိုးကြီးသည့်အရာ အစားထိုးမရသည့်အရာတစ်ခု ဆုံးရှုံးရမည်ဟု ခံစားနေရသည်။ ထိုမိန်းကလေးသည် အဓိကကျသ်ည့ အန္တရာယ်ဖြစ်သည်။ တောအုပ်တစ်ခုလုံးကို ဝတ်စုံတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သည်ကို သူ့မျက်စိနှင့် တပ်အပ်မြင်မိသည်။

ထိုမိန်းကလေးမျိုးကို သူ့သခင်နှင့် နှစ်ယောက်တည်း ချန်မထားခဲ့နိုင်။

“တောင်နက်၊ မင်းဒီမှာနေလို့ ဘာအကျိုးမှမရှိဘူး။ သူ့အမပြန်လာလို့ ငါ့ကိုဒုက္ခပေးရင်တောင် မင်းရှိနေလည်း ဘာမှထူးလာမှာမဟုတ်ဘူး။ နောက်ထပ် ဝံပုလွေအလောင်းတစ်ခုပဲ တိုးလာမှာ”

တောင်နက်စိတ်မချနိုင်ဖြစ်နေသဖြင့် ဖုန်ချင်အန်း စိတ်ပျက်သွားသည်။ သိစိတ်ဝိညာဉ်မှ အကြံပေးသည်။

သို့သော် သူ့သခင်နှင့် နတ်သမီးလေး နှစ်ကိုယ်တည်းအချိန်ဖြုန်းမည့်အဖြစ်ကို သူလက်မခံနိုင်သေး။ သူဆက်နေလျှင်လည်း အနှောက်အယှက်မဖြစ်နိုင်ဟု သူတွေးမိသည်။

လူသားမဟုတ်သည့် ထိုမိန်းကလေးကို သူ့သခင် ဘာလုပ်ဖို့ကြံနေသည်မသိ။

“မင်းရော ဝံပုလွေဖြူလေးနဲ့ အတူမရှိချင်ဘူးလား။ ငါလည်း သူနဲ့အတူနေချင်တာပေါ့”

တောင်နက်ခေါင်းကိုပွတ်၍ သူဆက်ဖိအားပေးသည်။

တောင်နက်မျက်လုံးတွင် ရှုပ်ထွေးသည့်အရိပ်များ ပေါ်လာသည်။ ဝံပုလွေဖြူလေးကို သူတွေ့ချင်ပါသည်။

“ကဲ၊ အခု တောင်ပေါ်ကိုပြန်ပြီး အဲဒီ့ဝံပုလွေမလေးကိုရှာတော့”

All Chapters