နတ်သမီးအင်္ကျီ
Vol. 6 Ch. 81
အဆင့်မြင့်သားရဲဖြစ်သည့် ဝံပုလွေဖြူသခင် စိုးရိမ်ပူပန်နေသည်။ တောင်တန်းစိမ်းသို့လာသည်မှာ သူတစ်ယောက်တည်းမဟုတ်။
သူနှင့်အရွယ်အစကားတူသော်လည်း ကိုယ်ဟန်သွယ်သည့် ဝံပုလွေဖြူတစ်ကောင်ပါလာသည်။ ဝံပုလွေမဖြစ်ပုံရသည်။ ထိုဝံပုလွေမနှင့်အတူ ပို၍အရွယ်အစားငယ်သည့် ဝံပုလွေဖြူတစ်ကောင် ထပ်ပါသေးသည်။
မိသားစုလိုက်လာခြင်းဖြစ်သည်။
“မင်းနောက်က ဝံပုလွေလေးကိုမေးရင် ပိုကောင်းတဲ့အဖြေမျိုး ရနိုင်တယ်”
ဝတ်ရုံစိမ်းက ပြန်ပြောသည်။ အသွင်တည်ငြိမ်သော်သည်? သူ့အောက်ဘက်တောင်တန်းက အနည်းငယ်တုန်ခါသွားသည်။နေသည်။
တောင်တန်းများပေါ်ရှိ မှော်သားရဲမျိုးစုံ ရောက်လာသည်။ မြွေများ၊ နဂါးဖြူများ၊ သမင်ချိုပါသည့်သားရဲများ။ အတောင်ပါသည့်သားရဲများ စသဖြင့် တောအုပ်ပေါ်တွင် မကြာခဏအရိပ်များ ထင်နေသည်။ တောင်တန်းနတ်ဘုရားထံ အားကိုးရာလာရှာကြခြင်းဖြစ်သည်။
တောင်တန်းပေါ်တွင်နေထိုင်သည့် သာမန်သားရဲများလည်း ထူးထူးခြားခြား မလှုပ်ရှားရဲကြ။ နတ်ဆိုးများစွာ ကောင်းကင်တွင်လှုပ်ရှားနေသည်ကို သတိပြုမိဟန်ရှိသည်။ ကြည်ညိုလေးစားမှုအပြည့်ဖြင့် ကြည့်ကြသည်။ တောင်တန်းအပြင်ဘက်တွင် ဘာတွေဖြစ်နေသည်ကို သူတို့မသိ။ မသိခြင်းသည် သုခတစ်ပါးဖြစ်သည်။
ဝံပုလွေလေး။
နတ်ဘုရားစကားကြောင့် ဝံပုလွေဖြူသခင်မျက်လုံးတွင် ဒေါသရိပ်တစ်ချက်သန်းသွားသည်။
ဝံပုလွေနက်တစ်ကောင်က သူ့သမီးကို ပိုးပန်းရန် ကြိုးစားနေသည်။ ပိုဆိုးသည်မှာ သူ့သမီးကလည်း ထိုဝံပုလွေကို ငြင်းပယ်လိုဟန်မရှိ။ အတော်ရင်းနှီးနေဟန်ရှိသည်။
အခက်တွေ့နေသည့် ကိစ္စများကြောင့် ဝံပုလွေနက်ကို သူဘာမမလုပ်ခဲ့။ သူ့သမီးကို ဝံပုလွေနက်နှင့် ခွဲထုတ်၍ နတ်ဘုရားရှေ့သို့လာခဲ့သည်။
နတ်ဘုရားစကားကြားမှ ထိုဝံပုလွေနက်သည် သူတို့မိသားစုနောက်သို့ တစ်ချိန်လုံးခိုးလိုက်နေခဲ့ကြောင်း သတိထားမိသွားသည်။
“ဒီတောင်တန်းတွေထဲကကိစ္စတွေကိုပဲ ငါသိတယ်။ တောင်တန်းအပြင်က အခြေအနေကိုတော့ မင်းသူ့ကိုမေးတာ ပိုသင့်တော်တယ်”
နတ်ဘုရားက ထိုသို့ပြောရင်း လက်ညှိုးဆန့်ထုတ်လိုက်သည်။ တိမ်တိုက်များ စတင်လှုပ်ရှားလာသည်။
တောင်တန်းတစ်နေရာမှ လျှိုမြောင်ထဲတွင် ပုန်းခိုနေသည့် တောင်နက်မှာ ရုတ်တရက် ဝိညာဉ်တိမ်တိုက်များ ဆွဲခေါ်ခြင်းခံရပြီး နတ်ဘုရားရှေ့တွင် ပေါ်လာသည်။
“ဒီလောက်ငယ်ငယ်နဲ့ ဒီအဆင့်ထိ ပြောင်းလဲနိုင်တာ ချီးကျူးစရာပါပဲ။ ငါ့တုန်းကထက်တောင် မင်းပိုကံကောင်းတယ်”
အသွင်ပြောင်းလဲပြီးစတောင်နက်ကိုကြည့်၍ နတ်ဘုရား ရေရွတ်လိုက်သည်။
တောင်နက်သည် ဤတောင်တန်းများပေါ်တွင် ကြီးမားသည့်အပြောင်းအလဲကြုံခဲ့သည်။ ထိုစဉ်က နတ်ဘုရား အိပ်မောကျနေခဲ့သည်။ သူနိုးလာချိန်မှ အဖြစ်အပျက်အားလုံးကို သိရသည်။ တောင်နက်သည် သူ့ထက်ပင် ပိုကံကောင်းသည်။ သို့သော် သူ့စိတ်က အချိန်ကာလကြောင့် ရင့်ကျက်ခဲ့ပြီဖြစ်သည်။ ထိုမျှလောက်ဖြင့် သူစိတ်လှုပ်ရှားမှုမရှိတော့။
“သရဲဝံပုလွေသွေးဆက်”
ဝံပုလွေဖြူသခင်လည်း တအံ့တဩရေရွတ်လိုက်သည်။ ဘယ်လိုကြည့်ကြည့် တောင်နက်ကို သူသဘောမကျ။ အလိုမကျဟန်ဖြင့် ကျိတ်၍ရေရွတ်မိသည်။
တောင်နက်ကို အရင်လို အဆင့်နိမ့်သားရဲအဖြစ် သူယူဆ၍မရတော့သော်လည်း သရဲဝံပုလွေဖြစ်လာနိုင်သည့် သတ္တဝါတစ်ကောင်က သူ့သမီးအားပိုးပန်းနေသည်ကို လုံးဝမကြိုက်။
တောင်တန်းနတ်ဘုရားက အားလုံးကိုရိပ်စားမိသော်လည်း ဝံပုလွေဖြူသခင်၏မနှစ်မြို့စိတ်ကို အရေးမစိုက်။ နည်းနည်းစိုးရိမ်ရှက်ရွံ့နေဟန်ရှိသည့် တောင်နက်ကိုသာ စိုက်ကြည့်နေသည်။ အချိန်ကြာလာလျှင် ဝံပုလွေသခင် ထိုအခြေအနေကို အသားကျသွားပေလိမ့်မည်။
“တောင်တန်းအပြင်မှာ ဘာတွေဖြစ်နေတာလဲ”
“တောင်တန်းအပြင်ဘက်ကကိစ္စ”
နတ်ဘုရားအမေးကြောင့် တောင်နက် နားမလည်နိုင်အောင်ဖြစ်သွားသည်။ သူ့အမြင့်က အဆင့်မြင့်နတ်ဆိုးသားရဲများလောက် မစူးရှသေး။ ဖုန်အိမ်တော်အဖြစ်အပျက်ကို သူမမြင်နိုင်ပေ။
“မင်းမသိဘူးလား”
တောင်တန်းနတ်ဘုရား နည်းနည်းစိတ်ပျက်သွားသည်။ တောင်နက်နဖူးပြင်ကို လက်ညှိုးဖြင့် ချိန်ရွယ်လိုက်သည်။ တောင်တန်းအပြင်မှ ပုံရိပ်များ သူ့အတွေးအာရုံသို့ဝင်လာသည်။
အခြေအနေကို သူနားလည်သွားသည်။ အပြာရောင်တောက်နေသည့် သူ့မျက်လုံးများ ပို၍ပြူးကျယ်လာသည်။ ထိုမြင်ကွင်းကို သူရင်းနှီးနေသည်။ သို့သော် မြေအောက်ဘုံတွင် မြင်ခဲ့သည့်မြင်ကွင်းဖြစ်သည်။
“မင်းဒါကို သိနေတဲ့ပုံပဲ”
တောင်နက်အမူအရာကို နတ်ဘုရားအကဲခတ်မိသည်။ စိတ်ပျက်သည့်အမူအရာမှ ပြုံးရောင်သန်းလာသည်။
“အဲဒီ့အခြေအနေကို မင်းရှင်းပြပေးနိုင်မလား”
“ဝုတ်”
တောင်နက်တုံ့ဆိုင်းနေသည်။ နတ်ဘုရားသည် သဘောကောင်းသည်မှန်သော်လည်း ထိုကိစ္စက သူ့သခင်နှင့်တ်သက်နေသည်။ ဝိညာဉ်စာချုပ်ကြောင့် သူ့သခင် အရင်တစ်ကြိမ်ကလို အသွင်ပြောင်းနေခြင်းဖြစ်ကြောင်း သူခံစားမိသည်။
သူသဘောမကျသည့် မိန်းကလေးက သူ့သခင်ကို ကာကွယ်ပေးနေခြင်းဖြစ်ပေလိမ့်မည်။ ထိုအခြေအနေကို နတ်ဘုရားအား သူထုတ်မပြောနိုင်။ နတ်ဘုရားက သူ့သခင်ကို အန္တရာယ်မပေးလျှင်ပင် ပြောသင့်သည့်ကိစ္စနှင့် မပြောသင့်သည့်ကိစ္စကိုတော့ သူခွဲခြားနားလည်သည်။
“မင်းမပြောချင်ဘူးလား”
နတ်ဘုရား သက်ပြင်းတစ်ချက်ချလိုက်သည်။ ဘေးတွင်ရပ်နေသည့် ဝံပုလွဖြူသခင်က တောင်နက်အပြုအမူကို လုံးဝသဘောမကျ။ မည်သို့ပင်ဆိုစေ တောင်တန်းနတ်ဘုရားသည် ထိုဝံပုလွေကို အဆင့်မြင့်စွမ်းရည်များ လက်ဆောင်ပေးခဲ့သည်။ လူသားအမြင်ဖြင့်ကြည့်လျှင် နတ်ဘုရားသည် ထိုဝံပုလွေအတွက် ဆရာလို အဖေလို ပုဂ္ဂိုလ်ဖြစ်သည်။
“အဲလိုလုပ်ဖို့မလိုပါဘူး”
တိုက်ခိုက်ရန်ပြင်နေသည့် ဝံပုလွေဖြူသခင်ကို နတ်ဘုရားက တစ်ချက်စိုက်ကြည့်သည်။ ဝံပုလွေဖြူ အမိန့်နာခံ၍ ပြန်ထိုင်လိုက်သည်။ နတ်ဘုရားအလိုကို သူမဆန့်ကျင်ရဲ။
“ဒီကိစ္စက မင်းသခင်နဲ့ပတ်သက်နေပုံပဲ။ သူ့ကိုယ်ပိုင်လျှို့ဝှက်ချက်တွေကို ငါစူးစမ်းချင်လို့မဟုတ်ပါဘူး။ ဒီကိစ္စက တောင်တန်းအပေါ် သက်ရောက်လာနိုင်ခြေရှိမရှိပဲ သိချင်တာပါ”
နတ်ဘုရား၏ စကားသံက နူးညံ့သည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့သည့် ဉာဏ်ရည်မြင့်ပုဂ္ဂိုလ်တစ်ယောက်လေသံဖြစ်သည်။
“ဝုတ်”
တောင်နက်ခဏ တုံ့ဆိုင်းနေပြီးနောက် ခေါင်းခါပြလိုက်သည်။ တောင်တန်းအပေါ် လုံးဝမသက်ရောက်နိုင်။
“ဒါဆိုရင် ကောင်းပါတယ်”
နတ်ဘုရား ခေါင်းတစ်ချက်ငြိမ့်သည်။ တောင်နက်စကားကို သူယုံကြည်လိုက်သည်။ တောင်တန်းစိမ်းလည်း တုန်ခါမှု ရပ်တန့်သွားသည်။ ပြန်လည်အေးချမ်းလာသည်။ နှလုံးခုန်သံနှင့်တူသည့် အသံလည်း တိတ်ဆိတ်သွားသည်။
သို့သော် မြွေစိမ်းတောင်တန်းတစ်နေရာတွင် အစိမ်းရောင်ဝတ်ရုံရှင် ပြန်ပေါ်လာသည်။ ကြယ်လအရောင်ကို ပိတ်ဆို့ဖုံးလွှမ်းနေသည့် ကောင်းကင်မှ အပြာရောင်တောအုပ်ကို စိုက်ကြည့်နေသည်။ မျက်လုံးများက တည်ငြိမ်သော်လည်း မျှော်လင့်ချက်အရောင်သန်းနေသည်။
“ကောင်းကင်ရတနာတစ်ခုများလား”
ထူးဆန်းသည့် ထိုတောအုပ်သည် ရတနာတစ်ခု အသက်ဝင်လာခြင်းဖြစ်နိုင်ကြောင်း တောင်တန်းနတ်ဘုရား သိသည်။ ထိုမျှ အံ့ဩဖွယ်ကောင်းသည့်မြင်ကွင်း ဖန်တီးနိုင်သည့်ရတနာမျိုး သူတစ်ခါမှမတွေ့ခဲ့ဖူးပေ။ ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။
သူရွေးချယ်ခဲ့သည့်လမ်းသည် တောင်တန်းများကို စောင့်ကြည့်ကာကွယ်ရန်သာဖြစ်သည်။ နှစ်တစ်ထောင်အတွင်း တောင်တန်းအပြင်သို့ သူမမထွက်ဖူး။ လောကအတွေ့အကြုံ စုံခဲ့သော်လည်း သူမသိနားမလည်သည့်အရာများ ရှိနေဆဲဖြစ်သည်။
“တကယ်ထူးခြားတာပဲ”
ထိုတောအုပ်သည် ကောင်းကင်ရတနာတစ်ခု နိုးထ၍ စွမ်းအားပြသနေခြင်းလား သိပ်တော့မသေချာ။ ထိုရတနာမျိုး မမြင်ဖူးသဖြင့် နှိုင်းယှဉ်ချင့်ချိန်စရာမရှိ။
သို့သော် တစ်ခုတော့ သေချာသည်။ ထိုအပြောင်းအလဲသည် တောင်တန်းများအပေါ် သက်ရောက်မှုမရှိလောက်ပေ။ တောင်တန်းနတ်ဘုရားအနေဖြင့် ဝင်ရောက်စွက်ဖက်စရာ အကြောင်းမရှိ။ ကြည့်နေရုံသာရှိသည်။
ညလေပြေနှင့်အတူ သူ့အသွင်က မှေးမှိန်ပြောက်ကွယ်သွားသည်။ အဝေးမှရွာကလေးတွင် ပန်ချီကားနှင့်တူသည့် တောအုပ်ပုံရိပ်က ဖုံးအုပ်ထားဆဲဖြစ်သည်။ တစ်ကိုယ်လုံးချွေးများစိုရွှဲနေသည့် လူငယ်တစ်ယောက် မျက်လုံးပွင့်လာသည်။ စိတ်ပေါ့ပါးသွားဟန်ဖြင့် သက်ပြင်းချသည်။ သူ့မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာသည်။
*******************************************
းခံစားမိသည်။ သူ့မျက်နှာ ပန်းရောင်နည်းနည်းသန်းလားသည်။