← Chapters

အဆုံးစမဲ့ စွမ်းအား

Vol. 6 Ch. 82

အဆုံးစမဲ့ စွမ်းအား

Vol. 6 Ch. 82

(ခန္ဓာပြောင်းလဲခြင်း ပြီးဆုံးပါပြီ)

(ဂုဏ်ယူပါတယ် သားရဲသခင်၊ သင်ဟာ မြေနတ်ဘုရားခန္ဓာကိုယ်ကို ရရှိပါပြီ)

“နောက်ဆုံးတော့လည်း ပြီးသွားပြီပေါ့”

တစ်ကိုယ်လုံး ရေချိုးထားသကဲ့သို့ ချွေးများစိုရွှဲနေသည်။ သူ သက်ပြင်းချမိသည်။ ခရီးမဆုံးသေးကြောင်း သူသိသည်။ ကြားဖြတ်အားယူသည့် ကာလသာဖြစ်သည်။ မပြီးဆုံးသေး။

(သားရဲသခင်ဟာ ဝိညာဉ်တစ်သောင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်)

(ခန္ဓာပေါင်းစပ်နိုင်စွမ်း။ ဝိညာဉ်တစ်သောင်းခန္ဓာဟာ မြေနတ်ဘုရားခန္ဓာနှင့် ပေါင်းစပ်နိုင်ပါတယ်)

(ပေါင်းစပ်လိုပါသလား)

“ပေါငးစပ်မယ်”

(ခန္ဓာပေါင်းစပ်ခြင်းဖြစ်စဉ်...)

(ပေါင်းစပ်ခြင်းပြည့်စုံပါပြီ)

စနစ်သံကိုကြားသော်လည်း သူ့မျက်နှာ အပြောင်းအလဲမရှိ။ သူဘာမှမခံစားရ။ တစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးနေသည်။

ယခုအသိပေးချက်သည် မေးမြန်းရုံသာမေးမြန်းခြင်းဖြစ်သည်။ တကယ့်ပေါင်းစပ်မှုက ခန္ဓာအသွင်ပြောင်းကတည်းက ပြီးဆုံးပြီးဖြစ်ပေလိမ့်မည်။

“ဖန်သားပြင်ပြပါ”

(သားရဲထိန်းသခင် - ဖုန်ချင်အန်းင်အန်း)

(အဆင့် - မြေသားရဲဂျင်နရယ်)

(ခန္ဓာ - ဝိညာဉ်တစ်သောင်းခန္ဓာ) (ကြည့်ရန်)

(ပထမဝိညာဉ်စာချုပ်- တောင်နက်) (ကြည့်ရန်)

(ဒုတိယဝိညာဉ်စာချုပ် - နန်းကော) (ကြည့်ရန်)

“ခန္ဓာအမျိုးအစားကိုကြည့်မယ်”

(ဝိညာဉ်တစ်သောင်းခန္ဓာ)

(ပြောင်းလဲနှုန်း ၀.၀၀၀၁ ရာနှုန်း)

(ရုပ်ခန္ဓာသဘာဝ (၁) - မသေမျိုးဝိညာဉ်ရင်းမြစ်) (မပြည့်စုံ)

(ရုပ်ခန္ဓာသဘာဝ (၂) - ယွမ်ဝိညာဉ်)

(ရုပ်ခန္ဓာသဘာဝ (၃) - မြေနတ်ဘုရား) (ကြည့်ရန်)

“တတိယသဘာဝကိုကြည့်မယ်”

(မြေဝိညာဉ်၊ မြေနတ်)

“ကြည့်ရန်” ဆိုသည့်အရာကို ဖွင့်လိုက်သည်နှင့် စာတစ်ကြောင်းတည်းသာပေါ်လာသည်။ လုံလောက်သည်။ သူနားမလည်သော်လည်း ခန့်မှန်းနိုင်သည်။

“မြေဝိညာဉ်၊ မြေနတ် တဲ့လား”

နန်းကောစိုးရိမ်တကြီးကြည့်နေသော်လည်း ရင်ခွင်ထဲမှမထသေးဘဲ မျက်လုံးကို အသာမှိတ်လိုက်သည်။

ထို့နောက် သူ့အောက်ဘက်မှ သွေးခုန်နှုန်းတစ်ခုကို ခံစားမိသည်။ နန်းကော၏ သွေးခုန်နှုန်းမဟုတ်။ ကုတင်အောက်မှ မြေကြီးအတွင်းပိုင်းမှလာသည့် သွေးခုန်နှုန်းဖြစ်သည်။

“မြေနတ်ဘုရား”

သူ့ဘာသာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ တစ်ခုခု နားလည်သွားသယောင်ရှိသည်။ ထို့နောက် မျက်လုံးဖွင့်၍ သူ့ခန္ဓာကိုယ်တွင် ရစ်ပတ်နေသည့် နွယ်ပင်များကိုငုံ့ကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ထို့နောက် နန်းကောကို လှည့်ကြည့်၍

“နန်းကော၊ ငါ့ကိုလွှတ်ပေးတော့လေ”

နွယ်ပင်များမှ စီးဝင်လာသည့် ဝိညာဉ်ချီများကြောင့် သက်တောင့်သက်သာ ခံစားသော်လည်း သိပ်အဆင်မပြေသည့် ပုံရိပ်အာရုံမျိုးကို သူတွေးမိသည်။ နန်းကောနှင့်သူ နေရာချင်းလွဲနေသည်ဟုခံစားရသည်။ ထိုခံစားချက်က ယခုပို၍ပြင်းထန်လာသည်။

“နင်ဘယ်လိုနေသေးလဲ”

နန်းကောက သူ့စကားကို အရေးမစိုက်။ ဖုန်ချင်အန်း ဝေဒနာမခံစားရတော့မှန်း သူရိပ်မိသော်လည်း ခရမ်းဝတ်ရုံဖြင့် ခပ်ကြာကြာရစ်ပတ်ထားပေးလိုသေးသည်။

“ငါအဆင်ပြေပါပြီ။ ထရပ်ပြီး လမ်းလျှောက်ချင်တယ်”

မြေပြင်မှ ထွက်ပေါ်နေသည့် ဆွဲအားတစ်ခုကို သူခံစားရသည်။ အိပ်ယာပေါ်မှဆင်း၍ ခြေထောက်ကို မြေပြင်နှင့် ထိတွေ့လိုသည်။ မြေနတ်ဟူသည့်အဓိပ္ပါယ်ကို ပို၍နားလည်ချင်သည်။

“ဒါဆိုသတိထားပါ”

နန်းကော ဝတ်ရုံကိုဖယ်ပေးလိုက်သည်။ ဖုန်ချင်အန်း အမြင်အာရုံများ ချက်ချင်းပြောင်းသွားသည်။ နွယ်ပင်များ ချက်ချင်းပျောက်ကွယ်သွားသည်။

“အိုကေ”

နွယ်ပင်ဝိညာဉ်ချီများ ပျောက်ကွယ်သွားသဖြင့် နည်းနည်းပင်ပန်းလာသလိုရှိသည်။ သို့သော် နန်းကောပေါင်ပေါ်မှ ထရပ်၍ မြေပေါ်သို့ ခြေချလိုက်သည်။

ဖေါ်ပြမရသည့် စိတ်ကျေနပ်မှုမျိုး သူ့အာရုံတွင် ပေါ်လာသည်။ နွေးထွေနက်ရှိုင်းသည့် စွမ်းအားတစ်ခု ခြေထောက်မှတစ်ဆင့်စီးဝင်လာသည်။ ကုန်ခန်းသွားသည့်အားအင်များ ပြန်ပြည့်လာသည်။

မြေနတ်ဘုရား။

မကုန်ခမ်းနိုင်သည့်စွမ်းအင်တို့ဖြင့် ကမ္ဘာမြေပေါ် ခြေချခဲ့ပြီဖြစ်သည်။

အရာအားလုံး ကြည်လင်ရှင်းလင်းလာသည်။

(သားရဲသခင်ရဲ့ ခုခံနိုင်စွမ်းတိုးလာပါတယ်။ ဝိညာဉ်တစ်သောင်းခန္ဓာ ဆက်ပြီးပြောင်းလဲလို့ရပါတယ်။ ဆက်လုပ်လိုပါသလား)

ထင်သည့်အတိုင်း စနစ်အသိပေးချက် ထပ်ပေါ်လာသည်။ သူချက်ချင်း မတုံ့ပြန်သေး။ သူ့ကိုစိုက်ကြည့်နေသည့် နန်းကောဘက်သို့လှည့်လိုက်သည်။ သူ့ခန္ဓာအပြောင်းအလဲကို နန်းကောလည်း အာရုံခံမိဟန်ရှိသည်။

မြေပြင်သို့သူခြေထိသည်နှင့် မြေစွမ်းအင်ချီများ နန်းကော၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် အာရုံခြောက်ပါးထဲသို့ ချက်ချင်းစိမ့်ဝင်လာသည်။

“နန်းကော၊ ငါအသွင်ပြောင်းတာမပြီးသေးဘူး။ အခုငါဆက်ပြီး သတိမေ့သွားနိုင်သေးတယ်”

ပြောင်းလဲမှုဖြစ်စဉ်အားလုံးကို သူမှတ်မိသည်။ မြင်နိုင်သည်။ အရင်က သူအာရုံသိပ်မစိုက်နိုင်ခဲ့။ သို့သော် ယခု ထပ်ကြုံရတော့မည်။

ခရမ်းရောင်အလင်းက သူ့အခန်းထဲတွင် ပြည့်လျှံနေသည်။ ပြတင်းပေါက်ကိုဖြတ်၍ အပြင်ဘက်သို့ ဆန့်ထွက်နေသည်။ တစ်ရွာလုံးလွှမ်းခြုံထားသည်။ အထက်မိုးကောင်းကင်မှ တောပန်းချီကားကိုပင် သူမြင်နေရသည်။

နန်းကောဝတ်ရုံမှ ထွက်ပေါ်နေခြင်းဖြစ်သည်။ ထိုအဖြစ်မျိုး သူမမြင်ဖူးပေါ်လည်း ထိုတောအုပ်သည် ဝတ်ရုံ၏စွမ်းအားဖြစ်ကြောင်း သူခန့်မှန်းမိသည်။

“နင်ဆက်လုပ်ချင်လား”

နန်းကောမျက်နှာမှအပြုံးတွင် စိုးရိမ်နေသည့်အရိပ်တစ်ခု ယှက်သန်းနေသည်။

“အင်း၊ ဒါပေမယ့် ငါသတိမေ့သွားရင် မြေပေါ်မှာပဲ ဒီအတိုင်းထားပါ။ ကုတင်ပေါ်ကို မရွှေ့နဲ့”

ခန္ဓာကိုယ်ပြောင်းလဲမှုဖြစ်စဉ်သဘာဝကို သူတွက်ဆမိသဖြင့် သတိပေးလိုက်သည်။ ခန္ဓာကိုယ်တစ်ခုသည် ပြောင်းလဲမှုပြီးပြီးချင်း အသန်မာဆုံးအခြေအနေရောက်မည်မဟုတ်။ မြေနတ်ဘုရားခန္ဓာလည်း ထိုနည်းတူဖြစ်မည်။ ယခုထိ သူလည်း သိပ်နားမလည်သေး။

ခန္ဓာအမျိုးအစားအရ မြေပြင်နှင့် ထိတွေ့နေခြင်းသည် အကောင်းဆုံးဖြစ်မည်ဟု သူယူဆသည်။

“ကောင်းပြီလေ”

နန်းကော ချက်ချင်းခေါင်းငြိမ့်သည်။ ဖြစ်ခဲ့သည့်အပြောင်းအလဲသည် မြေစွမ်းအားနှင့် ဆက်စပ်နေမှန်း သူရိပ်စားမိသည်။

သူ့အမလည်း ထိုပြောင်းလဲခြင်းမျိုး ဖြတ်သန်းဖူးသည်။ ဖုန်ချင်အန်းပြောင်းလဲပုံလောက်တော့ မမြန်။ အားမပြင်း။ အံ့ဩစရာမကောင်း။

“ဒါဆိုရင် မင်းကိုပဲ ငါထပ်ပြီး အားကိုးရတော့မယ်”

ကုတင်ပေါ်မှထရပ်လာသည့် နန်းကောအပေါ် သူ့ယုံကြည်မှုများပုံအပ်လိုက်သည်။ ထို့နောက် စိတ်ထဲမှ အမိန့်ပေးလိုက်သည်။

“ဝိညာဉ်တစ်သောင်းခန္ဓာ၊ ဆက်ပြီးအသွင်ပြောင်းမယ်”

သူ့စိတ်များ အဆုံးစမဲ့ဝိညာဉ်နယ်မြေနှင့် နောက်တစ်ကြိမ်ဆက်စပ်မိပြန်သည်။ အဆုံးစမဲ့ စွမ်းအင်ပင်လယ်နှင့် ဆက်စပ်မိသည်။ အပြောင်းအလဲမရှိ။ ပြီးခဲ့သည့်တစ်ကြိမ်ကလိုပင် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။

သူခုခံနိုင်စွမ်းသာ အရင်ထက် စက္ကန့်အနည်းငယ်ပိုကြာသည်။ ထို့နောက် တစ်ကိုယ်လုံး ဖျက်ဆီးဝါးမျိုခံရသလို ခံစားလိုက်ရသည်။ သိစိတ်တစ်ခုလုံး အမှောင်ထုထဲကျသွားသည်။

(ဝိညာဉ်တစ်သောင်း ခန္ဓာပြောင်းလဲခြင်းဖြစ်စဉ် - ၀.၀၀၁ရာနှုန်း)

(သားရဲသခင်အန္တရာယ်ကင်းဖို့အတွက်၊ ပြောင်းလဲမှုကို ရပ်တန့်လိုက်ပါပြီ”

သူ့တစ်ကိုယ်လုံး တုန်ရင်နေသည်ကို နန်းကောက စိုးရိမ်တကြီးစိုက်ကြည့်နေသည်။ ထို့နောက် လဲကျသွားချိန်တွင် အမြန်ဆီးပွေ့လိုက်သည်။

ကြိုတင်ညွှန်ကြားထားသည့်အတွက် ဖုန်ချင်အန်းကို ကုတင်ပေါ်သို့ သူမရွှေ့၊ မြေပေါ်မှာပင် ချထား၍ ပွေ့ဖက်ထားသည်။ အပြာရောင်ဝတ်ရုံဖြင့် ဖုံးအုပ်ပေးသည်။

အနီးကပ်ထိတွေ့နေသဖြင့် ဖုန်ချင်အန်း၏ အပြောင်းအလဲကို သူချက်ချင်

All Chapters