← Chapters

နည်းလမ်းသုံးမျိုး ပူးပေါင်းလေ့ကျင့်ခြင်း

Vol. 6 Ch. 88

နည်းလမ်းသုံးမျိုး ပူးပေါင်းလေ့ကျင့်ခြင်း

Vol. 6 Ch. 88

အပူလှိုင်းဟူ၍ ထွက်မလာ။ သူ့လက်ဝါးပြင်တွင် တောက်ပနေသည့် အပြာရောင်မီးတောက်မှ အဆုံးစမဲ့ အေးစိမ့်မှုများသာ ထွက်လာသည်။

"ဝိညာဉ်စားသရဲမီးတောက်"

သူနဲ့စိမ်းနေသေးသည့် မီးတောက်ကို စိုက်ကြည့်နေသည်။ သရဲဝံပုလွေ သွေးဆက်အမွေဖြစ်သည်။ ညတစ်ဝက်ခန့် လေ့ကျင့်ခဲ့ပြီးနောက် ယခု သူထိန်းချုပ်နိုင်ပြီဖြစ်သည်။

အရင်ရက်များက သူကြိုတင်ပြင်ဆင်ခဲ့သောကြောင့်လည်းဖြစ်သည်။ အရေးကြီးဆုံးအချက်က တောင်နက်၏ ပူးပေါင်းမှုကြောင့်ဖြစ်သည်။

တောင်နက်ဆန္ဒ မပါလျှင် သူအောင်မြင်မည်မဟုတ်။

ထိုအချက်ကို သူနက်ရှိုင်းစွာ နားလည်လာသည်။ သူ့လက်ထဲမှမီးတောက်သည် အသန့်စင်ဆုံး သရဲဝံပုလွေသွေးဆက်များသာ ပိုင်ဆိုင်နိုင်သည်။

ထိုမီးတောက်သည် သရဲဝိညာဉ်များကို ဖျက်ဆီးနိုင်သည်။ စိတ်ဝိညာဉ်ရှိသည့် သရဲအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသည်။

ထိုဖြစ်တည်မှုများ၏ စိတ်ဝိညာဉ်ကို အပြင်းအထန် ထိခိုက်စေနိုင်သည်။ ခန္ဓာကိုယ်ဒဏ်ရာဆိုသည်မှာ ဝိညာဉ်ဆေးလုံးများ ရတနာများဖြင့် ကုသနိုင်သည်။ ပျက်စီးသွားသည့် စိတ်ဝိညာဉ်ကို ကုသဖို့က အဆများစွာ ပိုခက်ခဲသည်။

"အောက်အီးအီးအွတ်"

အက်ကြောင်းအပြင်ဘက်မှ စူးရှသည့် ကြက်တွန်သံပေါ်လာသည်။ ပထမဆုံး မြေအောက်ဘုံသို့ ရောက်စဉ်က ကြက်တွန်သံကြောင့် လန့်နိုးခဲ့သည့်အဖြစ်ကို ပြန်သတိရလာသည်။

ထိုကြက်ဖသည် တစ်ခုခုတော့ မူမမှန်။

ထိုသို့တွေးရင်း ဝမ်းနည်းရိပ်သန်းနေသည့် နန်းကောမျက်နှာကို သူလှည့်ကြည့်လိုက်သည်။ နန်းကောသည် သူနှင့်တစ်ညလုံး အတူနေခဲ့သည်။ ကန္တာရပြင်ကျယ်ကို အသုံးချ၍ သားရဲစွမ်းအားကို ထိန်းချုပ်ရန် သူလေ့ကျင့်သည်ကို ကြည့်နေခဲ့သည်။ သို့သော် အနီးကပ်နေခွင့်မရခဲ့။

ယခု ဖုန်ချင်အန်း ပြန်ရတော့မည်မှန်း သူသိသည်။ သူမတားနိုင်။ ဖုန်ချင်အန်းပိုင်ဆိုင်သည့် စွမ်းအားသည် ကိုယ်ပိုင်မဟုတ်။ ငှားယူသုံးထားခြင်းဖြစ်သည်။ မြေအောက်ဘုံတွင် အချိန်ကြာကြာနေရန်မသင့်။

"နန်းကော၊ တောင်နက်ကိုခေါ်ပြီး ငါပြန်တော့မယ်"

"ကောင်းပြီလေ၊ ပြန်ကြပါ။ ညနေရောက်မှ ငါလာတွေ့မယ်"

"ကောင်းပြီ"

ဖုန်ချင်အန်း ခေါင်းငြိမ့်လိုက်သည်။ ထပ်ပြောရန်လည်း မလိုတော့။ နန်းကောနှင့် ဆက်နေ၍မဖြစ်။ အက်ကြောင်းမှတစ်ဆင့် လူသားကမ္ဘာသို့ ပြန်သည်။

အေးစိမ့်သည့် ဆောင်းလေကို သူရှူရှိုက်လိုက်သည်။ အရှေ့မိုးဂုတ်စက်ဝန်းတွင် အမှောင်မကွဲသေး။ နေထွက်ရန် တစ်နာရီကျော် ကြာဦးမည်။ တစ်လောကလုံး အမှောင်လွှမ်းနေဆဲဖြစ်သည်။

သို့သော် အမှောင်ထုက သူ့မြင်ကွင်းကို တားဆီးနိုင်စွမ်းမရှိ။ အမှောင်လွှာခြုံထားသည့် တောင်တန်းများကို မြင်ရသည်။ ထိုတောင်တန်းသည် သူ့အတွက် အရင်လို ခြောက်ခြားစရာမြင်ကွင်းမျိုး မဟုတ်တော့။

တစ်ခုခုနှင့် ရင်းနှီးကျွမ်းဝင်လာလျှင် အကြောက်တရား မရှိတော့။ မြွေစိမ်းတောင်တန်းအကြောင်း သူအားလုံးသိသည်။ တောင်တန်းပေါ်တွင် ဘာရှိသည်ကိုသိသည်။ ကြောက်စရာအကောင်းဆုံးဖြစ်တည်မှုကိုသိသည်။ သူမသိသည့်အရာဟူ၍ မကျန်တော့။ ကြောက်စရာအကြောင်းလည်း မရှိတော့။

"တောင်နက်၊ နှစ်သက်ကူးချိန် နီးလာပြီ။ ငါအားလပ်ရက် အကြာကြီးရတော့မယ်"

တောင်နက်ခေါငး်ကို သူပွတ်လိုက်သည်။ မျက်လုံးပြာများက တောင်တန်းများဆီ စိုက်ကြည့်နေသည်။

"မင်းအချိန်ရရင် မင်းရဲ့ဝံပုလွေအုပ်ကို ခေါ်ထားပါ။ အားလပ်ရက်အတွင်း တောင်တန်းပေါ်ကို ငါတက်မယ်"

ဆောင်းရာသီတွင် တောင်တန်းပေါ်တက်ရသည်မှ အလွန်တရာခက်ခဲသည်။ သဘာရင့်မုဆိုးများပင် မသွားကြ။ သို့သော် ကြမ်းတမ်းသည့် ထိုပတ်ဝန်းကျင်က သူ့ဆန္ဒကို မတားဆီးနိုင်ပေ။

ရသည့်အချိန်တွင် သူသွားရခြင်းဖြစ်သည်။ တောင်တန်းပေါ် သူသွားချင်ခဲ့သည်။ သို့သော် လုံခြုံသည်ဟု မခံစားရ။ သို့သော်ယခု 'နတ်စွမ်းအား'မျိုး သူပိုင်ထားသည်။ တောင်နက်စွမ်းအားကို လွှဲပြောင်းယူနိုင်သည်။ ဘေးကင်းလုံခြုံသည်ဟု ယုံကြည်မှုရှိနေသည်။

တောင်တန်းပေါ်သို့ တက်ရဲသည့်သတ္တိရှိလာသည်။ တောင်နက်၏ဝံပုလွေအုပ်ကို အဆင့်မြှင့်ပေးလိုသည်။ တောင်နက်ကို မြွေစိမ်းတောင်တန်းမှ ဝံပုလွေများ၏ ဘုရင်အစစ်ဖြစ်စေချင်သည်။

သာမန်သားရဲများကို နတ်ဆိုးဖြစ်အောင် အဆင့်မြှင့်ပေးနိုင်သည့် နည်းလမ်းများ တစ်ခုမကရှိနေသည်။ လက်ရှိဝိညာဉ်စွမ်းအားအရလည်း လုံလောက်သည်။ စွမ်းရည်ထူးခြားလျှင် ဝံပုလွေတစ်အုပ်လုံးကို အဆင့်မြှင့်ပေးနိုင်သည်။ အချိန်တိုအတွင်း နတ်ဆိုးသားရဲအသွင် ပြောင်းပေးနိုင်မည်ဟု သူယုံကြည်သည်။

နတ်ဆိုးဖြစ်ပြီး မည်မျှစွမ်းအားကြီးမည် သူမသိ။ ဝံပုလွေများ၏ ကံကြမ္မာပေါ်သာ မူတည်သည်။ အသက်ရှူနည်းလမ်း ဆယ်မျိုးခန့် ကျွမ်းကျင်ထားသည့် တောင်နက်လမ်းညွှန်မှုကလည်း အရေးကြီးသည်။

"ငါနဲ့အိမ်ပြန်လိုက်ခဲ့မလား။ ဒါမှမဟုတ် တောင်တန််းဆီသွားမလား"

"ဝုတ်"

တောင်နက်တုံ့ဆိုင်းခြင်းမရှိ။ အိမ်ပြန်မည်။

"ဒါဆိုသွားကြစို့"

ပေါ့ပါးစွာ တစ်ချက်ခုန်၍ ခြံထဲသို့ သူဝင်လိုက်သည်။ သူ့အခန်းဆီ သွားသည်။ ထို့နောက် သားရဲစွမ်းအင်အားလုံးကို ‌တောင်နက်ထံ ပြန်လွှဲပေးလိုက်သည်။

သားရဲစွှမ်းအင်များ လျော့ပါးသွားသည်နှင့် ခန္ဓာကိုယ် ချက်ချင်းကျုံ့သွားသည်။ မူလအသွင် ပြန်ဖြစ်လာသည်။

(မြေသားရဲဂျင်နရယ် - မစ်ရှင်ခွဲ၊ ငှားယူအသွင်ပြောင်းခြင်း ပြီးဆုံးပါပြီ)

(ဆုလာဒ် - ဝိညာည်စားဝိညာဉ်သန့်စင်စွမ်းရည်ပါ၊ လက်ခံလိုပါသလား)

"လက်ခံမယ်"

ကျင့်စဉ်အသစ် သူ့မှတ်ဉာဏ်ထဲ ဝင်လာသည်။ အခြေခံသားရဲသခင်ကျင့်စဉ်နှစ်ခု သူရထားပြီးဖြစ်သည်။ ယခု သုံးခုဖြစ်လာသည်။

"ဝိညာဉ်စုစွမ်းရည်၊ ဝိညာဉ်အားဖြည့်စွမ်းရည်၊ ဝိညာဉ်စားဝိညာဉ်သန့်စင်စွမ်းရည်"

ကျင့်စဉ်သုံးမျိုး သူ့မှတ်ဉာဏ်ထဲတွင် စွဲထင်နေသည်။ တစ်ခုချင်းဆီကို လွတ်လပ်စွာ ကျင့်ကြံနိုင်သည်။ တဖြေးဖြေးတိုးမြင့်လာခြင်းဖြစ်ဟန်ရှိသည်။ နောက်ကျင့်စဉ်က အရင်ကျင့်စဉ်ထက် ပိုသာသည်။ အစားထိုးအသုံးပြုနိုင်ပုံရသည်။

ကျင့်စဉ်အချင်းချင်း ဆက်စပ်မှုရှိနေသဖြင့် သူမရသေးသည့် အလားတူကျင့်စဉ်မျိုး ရှိဦးမည်ဟု တွေးမိသည်။

ကျောင်းသွားချိန်အထိ ထိုအတွေးက သူ့စိတ်ထဲစိုးမိုးနေသည်။ ကျင့်စဉ်သုံးမျိုးကြားမှ ဆက်စပ်မှုကို စဉ်းစားသည်။ တစ်ခုပြီးတစ်ခု ဆက်တိုက်ကျင့်ကြံရမည်ထင်သည်။

သို့သော် သူသေချာစစ်ဆေးပြီးနောက် ကျင့်စဉ်သုံးမျိုးလုံး တစ်ပြိုင်တည်း ကျင့်ကြံနိုင်ကြောင်း သိလိုက်ရသည်။ နည်းနည်းတော့ ခက်ခဲမည်"

"ဝိညာဉ်စားဝိညာဉ်သန့်စင်ကျင့်စဉ်ကို ငါကျွမ်းကျင်သွားတဲ့အချိန်ကျရင် အားလုံးပေါင်းပြီး ကျင့်ကြံကြည့်ရဦးမယ်"

သူအလျင်မလို။ တစ်ခုချင်းသွားသင့်သည်။ တစ်ဆင့်ချင်း ကျင့်ကြံသင့်သည်။ စူးစမ်းရှာဖွေချိန် များစွာရှိသေးသည်။

နှစ်ရက်ကြာပြီးနောက် ဆရာကျန်းက အတန်းထဲတွင် ကျောင်းအားလပ်ရက်ပေးကြောင်း ကြေညာသည်။ နှစ်သစ်ချိန် နီးလာပြီဖြစ်သည်။ ယုန်ခန် ၂၈နှစ်မြောက် ပြီးဆုံး၍ နှစ်သစ်ရောက်တော့မည်။

ရက်အတော်ကြာ ကျောင်းပိတ်ကြောင်း ကြားသည်နှင့် တစ်တန်းလုံး ပျော်သွားသည်။ မည်သည့်ခေတ် မည်သည့်ကမ္ဘာတွင်ဖြစ်စေ လွတ်လပ်မှုကို မြတ်နိုးသည့် ကလေးများသည် ကျောင်းပိတ်ချိန်ကိုသာ အမျှော်လင့်ဆုံးဖြစ်သည်။

All Chapters