← Chapters

နဂါးဝတ်ရုံ

Vol. 6 Ch. 90

နဂါးဝတ်ရုံ

Vol. 6 Ch. 90

“မင်းကငြင်းတယ်ပေါ့”

ဖုန်ချင်အန်း ပြုံးလိုက်သည်။ ထိုကြက်ဖတွင် သူ့အတွေးနှင့်သူ ရှိပုံပေါ်သည်။

တော်ဝင်ချီများက ခြံထဲတွင်သာ ဖုံးအုပ်နေသည်။ ထိုကြက်ဖ နတ်ဆိုးအဖြစ်ပြောင်းလိုလျှင် ခြံပြင်သို့ ပျံထွက်ရန် လိုအပ်သည်။ ထိုသို့လုပ်နိုင်စွမ်းလည်းရှိသည်မှာ သေချာသည်။

သို့သော် ဤကြက်ဖက ခြံထဲမှ လုံးဝမထွက်။ အမြဲတမ်း အူတူတူပုံစံလုပ်နေသည်။ ခြံထဲမှထွက်ရမည်ထက် အသေသာခံလိုသည့်သဘောရှိသည်။

“ကောင်းပြီလေ၊ ဒါဆိုလည်း နေခဲ့ပေါ့”

သူအတင်းဖိအားမပေး။ ခြံထဲမှ ခေါ်ထုတ်သွားဖို့ စိတ်မကူး။ ထိုကြက်ဖတွင် ကိုယ်ပိုင်အတွေး ကိုယ်ပိုင်မျှော်မှန်းချက် ရှိနေသဖြင့် ချန်ထားခဲ့ရုံသာရှိသည်။ တော်ဝင်ချီဖိနှိပ်မှုအောက်မှာပင် စွမ်းရည်တိုးလာသည့် ထိုကြက်ဖ မည်သို့ပြောင်းလဲလာမည်ကို သူသိလိုသည်။

အိမ်မွေးကြက်နှင့်သားရဲများသာ နတ်ဆိုးဖြစ်နိုင်သည်မဟုတ်။ တော်တန်းပေါ်မှ ဝံပုလွေဖြူသခင်သည် မြင့်မြတ်ဝိညာဉ်လမ်းကို လျှောက်ခဲ့သည်။ ထို့ကြောင့် တော်ဝင်ချီ၏ ဖိနှိပ်ခြင်းမခံရ။

“သွားစို့ တောင်နက်”

မနက်စောစော ထူထဲသည့်နှင်းများကြားတွင် ဖုန်ချင်အန်း ရွာထဲမှထွက်သည်။ အသွင်ပြောင်းထားသည့် တောင်နက်ကျောပေါ်တွင်စီး၍ တောင်တန်းများဆီ ဦးတည်သည်။

ပထမအကြိမ် တော်ပေါ်တက်ဖူးခြင်းဖြစ်သည်။ နှင်းဖုံးတောအုပ်များထဲသို့ တောင်နက်ခေါ်သွားချိန်တွင် အဆက်မပြတ်ကျနေသည့်နှင်းများ လေထဲတွင် ရုတ်တရက် ရပ်တန့်သွားသည်။

ထို့နောက် သူ့မျက်စိရှေ့မှာပင် နှင်းမှုန်များက ဝတ်ရုံဖြူလူရည်သန့်တစ်ယောက်အသွင်ပြောင်းသွားသည်။ ကြမ်းတမ်းသည့်နှင်းများကြားမှာပင် ထိုလူ့အသွင်က ခံ့ညားထည်ဝါနေသည်။ လက်ထဲတွင် အဝတ်တစ်ထထုပ် ကိုင်ထားသည်။

“တောင်တန်းနတ်ဘုရား”

သူမျှော်လင့်မထား။ တောင်တန်းနတ်ဘုရားက သူ့ကို များစွာအရေးပေးနေသည်။ တောင်တန်းပေါ် ခြေချသည်နှင့် ချက်ချင်းပေါ်လာသည်။ ထို့ကြောင့် တောင်နက်ကျောပေါ်မှဆင်း၍ နတ်ဘုရားဆီလျှောက်သွားသည်။

“အတော်ကောင်းတဲ့ ကျင့်စဉ်နည်းလမ်းပဲ”

နတ်ဘုရားက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်၍ သဘောကျသွားဟန်ရှိသည်။

ဖုန်ချင်အန်းအပြောင်းအလဲသည် တောင်နက်၏ နတ်ဆိုးစွမ်းအင်ကြောင့် ဖြစ်လာကြောင်း နတ်ဘုရားသိသည်။ လူသာခန္ဓာဖြင့် နတ်ဆိုးစွမ်းအင်ထိန်းချုပ်သည့်ကိစ္စက မဆန်းလှ။ သို့သော် ဖုန်ချင်အန်းလို အပြောင်းအလဲမျိုး သူပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

“ခင်ဗျားဘာလို့ ဒီကိုရောက်လာတာလဲ”

ဖုန်ချင်အန်း မေးလိုက်သည်။ နတ်ဘုရားက သူ့ကိုရင်းရင်းနှီးနှီးဆက်ဆံသည်။ တောင်တန်းကို အုပ်ချုပ်သူလည်းဖြစ်သည်။ ထို့ကြောင့် သူလေးစားရမည်။

“ဆောင်းရာသီရဲ့ ဆယ့်နှစ်လမြောက်မှာ ခြေဗလာနဲ့ ဘာလို့လျှောက်သွားနေတာလဲ။ မင်းခန္ဓာကိုယ်ကို မထိခိုက်ဘူးဆိုရင်တောင် မြင်ရတာ မသင့်တော်ဘူး။ ဒါက ငါ့အဝတ်ဟောင်းတွေပါ။ စိတ်မရှိဘူးဆိုရင် ငါလက်ဆောင်အဖြစ်ပေးမယ်”

“ကျေးဇူးတင်ပါတယ် တောင်တန်းနတ်ဘုရား”

သူကျေးဇူးမမသိတတ်၍မဖြစ်။ အဝတ်များကိုထိလိုက်သည်နှင့် သာမန်မဟုတ်ကြောင်း ချက်ချင်းရိပ်စားမိသည်။

“ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး။ အဝတ်ဟောင်းတွေပေးလို့ မင်းမငြိုငြင်ရင်ဘဲ တော်ပါပြီ”

သိပ်သည်းသည့် လေ‌အေးများ တိုက်ခတ်လာသည်။ နှင်းများ ထူထပ်စွာကျလာသည်။ ဖုန်ချင်အန်း မော့ကြည့်လိုက်သည်။ တောင်တန်းနတ်ဘုရားအသွင်ကို မတွေ့ရတော့။ အဝတ်အစားပေးပြီးနောက် လေအေးနှင့်ရောယှက်ကာ နှင်းမှုန်များအသွင်ပြောင်းသွားဟန်ရှိသည်။

“ဒီဝတ်စုံက..”

စိမ်းပြာရောင်အရေးအကြောင်းများရှိသည့် ဝတ်ရုံဖြူကို သူလက်ဖြင့်ပွတ်ကြည့်သည်။ နူးညံ့သ်ောလည်း ခိုင်ခန့်သည်။ ပိုးချည်မျိုးမဟုတ်။ စိမ်းပြာ‌ရောင်အကွက်များက အကြေးခွံပုံစံကွက်နှင့်တူနေသည်။

အဝတ်ဟောင်း။

သူ့နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။ တုံ့ဆိုင်းမနေတော့ဘဲ ဝတ်စုံပြည့်ဝတ်လိုက်သည်။ အဝတ်ဟောင်းမို့ စိတ်မငြိုငြင်ဖို့ နတ်ဘုရားက ပြောသွားသည်မှာ စကားအလိမ္မာသာဖြစ်သည်။ နတ်ဘုရားသုံးခဲ့သည့်ပစ္စည်းသည် တန်ဖိုးမနည်းနိုင်။

ဝတ်စုံဝတ်ပြီးနောက် တောင်နက်အာရုံမှတစ်ဆင့် ထူးထူးခြားခြားခံ့ညားတင့်တယ်၍ ကြမ်းတမ်းခက်ထန်သည့် ဝတ်ရုံဖြူလူငယ်တစ်ယောက်အသွင် ဖြစ်လာသည်။

“ငါနဲ့လိုက်ဖက်ပါတယ်”

သူ့အသွင်သူ အတော်ကျေနပ်သွားသည်။ ကြမ်းတမ်းခက်ထန်သည်မှာ မှော်အစွမ်းကြောင့်ဖြစ်သည်။ ရှောင်လွှဲမရ။ သူ့စိတ်ထဲ ထည့်မထား။

“သွားစို့တောင်နက်”

တောင်နက်ကိုစီး၍ တောင်တန်းပေါ် ဒုန်းစိုင်းပြေးတက်သည်။ ရေပူစမ်းများရှိသည့် တောင်ကြားတစ်ခုသို့ ရောက်လာသည်။

နှင်းကျနေသော်လည်း မြေပြင်ပေါ်တွင် နှင်းဖုံးမနေ။ အနွေးဓာတ်ရှိနေသည်။ စမ်းချောင်းများ ဖွံ့ဖြိုးသည့်သစ်ပင်များ ရျိနေသည်။

တောင်နက် တောင်ကြားထဲဝင်လာသည်။ ဆောင်းငွေ့လှုံ့နေသည့် ဝံပုလွေးများ သူ့ဘေးသို့ ဝိုင်းအံ့လာကြသည်။ ကျွဲတစ်ကောင်လောက်ကြီးမားသည့် ဝံပုလွေကြီးတစ်ကောင် ဦးဆောင်လာသည်။ ထိုဝံပုလွေမျက်လုံးထဲတွင် သရဲမီးတောက်များရှိနေသည်။ သူ့နောက်မှ ဝံပုလွေသားရဲ အကောင်နှစ်ဆယ်ခန့်ပါလာသည်။

ထိုမြင်ကွင်းကို တောင်နက်အာရုံဖြင့် အကြိမ်ကြိမ်မြင်ဖူးပြီးဖြစ်သော်လည်း ယခုမှ ကိုယ်တွေ့ကြုံဖူးခြင်းဖြစ်သည်။ သို့သော် သူမကြောက်။ ရဲရဲတင်းတင်း အောက်သို့ဆင်းလိုက်သည်။

ကျူးကျော်လာသည့် ဖုန်ချင်အန်းထံမှ သူတို့ဘုရင်၏စွမ်းအင်ရောင်ကို ဝံပုလွေများအာရုံခံမိသည်။ လေးစားမှုနှင့် စိတ်ဝင်စားမှုအရိပ်များ သူတို့အကြည့်တွင် ပေါ်လွင်နေသည်။

ထိုအသွင်ပြောင်းဝံပုလွေများ အထူးသဖြင့် သရဲမျက်လုံးဝံပုလွေလို ဂျင်နရယ်အဆင့်သားရဲများ သူ့ကို ကြောက်ရွံ့အံ့ဩနေကြသည်။

ဝံပုလွေဘုရင်၏စွမ်းအင်ရောင်သာမက။ အဆုံးစမဲ့တောင်တန်းများကို ရင်ဆိုင်တွေ့ရသလို ပိုအဆင့်မြင့်သည့် ကြောက်စရာကောင်းသည့် စွမ်းအားမျိုးလည်း ခံစားကြရသည်။

သို့သော် ထိုခံစားချက်များက ခဏသာဖြစ်သည်။ ဖုန်ချင်အန်းလက်အောက်တွင် ဝံပုလွေဘုရင်ရှိနေသဖြင့် သူတို့လုံးဝ မလှုပ်ရှားရဲကြ။ အဖြစ်က နည်းနည်းငြီးငွေ့စရာကောင်းသည်။

“ပျင်းစရာကောင်းလိုက်တာ”

ဝံပုလွေများ၏ အပြုအမူကိုကြည့်၍ ဖုန်ချင်အန်း အတော်စိတ်ပျက်သွားသည်။ အစက အားသုံး၍ အနိုင်ယူသိမ်းသွင်းရန် သူကြံရွယ်ထားခဲ့သည်။

သို‌သော် ဖုန်ချင်အန်းက တောင်နက်ထံ နတ်ဆိုးစွမ်းအင်များ ပြန်လွှဲပေးသည့်အချိန်တွင် အားလုံး သေမတတ် ကြောက်ရွံ့သွားသည်။

တစ်ခု ထူးခြားသည်။ ဖုန်ချင်အန်းခန္ဓာကိုယ် ကျုံ့ဝင်သွားချိန်တွင် သူ့ဝတ်စုံက လျှောကျမသွား။ သူနှင့်အတူ ကွက်တိကျဖြစ်အောင်ပြောင်းလဲလာသည်။

“တောင်တန်းနတ်ဘုရားက တကယ်သဘောကောင်းတာပဲ”

ထိုဝတ်စုံ မည်သည့်ပစ္စည်းမျိုးဖြစ်ကြောင်း သူသေချာကြည့်သည်။

တောင်နက်စွမ်းအားကို မသုံးလျှင်ပင် ဤတောင်တန်းပေါ် သူလွတ်လပ်စွာ လျှောက်သွားနိုင်ကြောင်း သိသည်။ ဘယ်သူ့မှ သူ့ကိုအန္တရာယ်ပြုရဲမည်မဟုတ်။

“အခါအခွင့်သင့်ရင် ငါသေချာပေါက် ကျေးဇူးပြန်ဆပ်မယ်”

သူ့ဘာသာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ ကျေးဇူးဆိုသည်မှာ အတုံ့အလှည့်ရှိသည်ဟု သူယုံကြည်သည်။

“တောင်နက်၊ မင်းမျက်နှာ ဘာဖြစ်နေတာလဲကွ”

ဝံပုလွေအုပ်ကို အကဲခတ်ပြီး နောက်လှည့်ကြည့်ချိန်တွင် တောင်နက်က မနာလိုဖြစ်နေဟန်ဖြင့် မှုန်သိုးသိုးထိုင်နေသည်ကို မြင်လိုက်ရသည်။

လက်ကိုဆန့်ထုတ်၍ ခေါင်းကိုတစ်ချက်ရိုက်လိုက်သည်။ သူ့အဆင့်အတန်းကို ဖွင့်ထုတ်ပြခြင်းဖြစ်သည်။

ထိုသို့လုပ်ခြင်းဖြင့် ဝံပုလွေများအား ဝိညာဉ်စားသွေးသန့်စင်စွမ်းရည်ထုတ်သုံးရာတွင် အမိန့်နာခံတတ်အောင် ရိုသေတတ်အောင် ထိန်းထားနိုင်မည်ဖြစ်သည်။

ဝံပုလွသားရဲများ ဝိညာဉ်စုစည်းအရိုးသန့်စင်စွမ်းရည်ကို ရကြသည်။ ထူးကဲကောင်းမွန်မှုအရသာကို မြည်းစမ်းခွင့်ရကြသည်။ နေ့ဝင်အတွင်း ဖုန်ချင်အန်းင်အန်းက တောင်နက်ထက်သာလွန်သွားသည်။ ဝံပုလွေအုပ်ထဲတွင် အလိုလားဆုံးပုဂ္ဂိုလ်ဖြစ်လာသည်။

ထိုအဖြစ်ကို တောင်နက်အလိုမကျမဖြစ်ပါ။ ဖုန်ချင်အန်းကို အိမ်သို့ပြန်သယ်ဆောင်ခွင့်ရသည်ကပင် ပျော်စရာကောင်းနေပြီဖြစ်သည်။

သို့သော် ရွာနားသို့ရောက်လာချိန်တွင် အလံတလူလူလွှင့်၍ ခံ့ညားသည့်အသွင်ရှိသည့် သူရဲကောင်းတပ်ဖွဲ့တစ်ခုကို သူတို့ မြင်တွေ့ကြရသည်။

သို့သော် ဖုန်ချင်အန်း အမြင်အာရုံက ထက်မြက်သည်။ နှင်းများကြားတွင် ရင်းနှီးနေသည့် မြင်းရထားတစ်ခုကို တွေ့လိုက်ရသည်။ သူရဲကောင်းစစ်သည်များ ဝန်းရံနေသည်။ အလံတစ်ခုပေါ်တွင် ‘ဖုန်’ ဟူသည့်စားလုံးတစ်ခု ရေးထားသည်။ လွဲမှားနိုင်စရာမရှိ။

*******************************************

All Chapters