← Chapters

ညဧည့်သည်

Vol. 7 Ch. 99

ညဧည့်သည်

Vol. 7 Ch. 99

ညာဉ့်နက်ပိုင်း ယင်စွမ်းအင်အထူထပ်ဆုံးအချိန်တွင် ဖြူရော်နေသည့်လက်တစ်ဘက် ရွာအဝင်ဝတွင် ပေါ်လာသည်။ ထိုလက်ကို တစ်ချက်လှုပ်ရှားလိုက်သည်နှင့် မြေအောက်ဘုံအက်ကြောင်း ပွင့်သွားသည်။ စက္ကူတစ်စကို ဆုတ်ဖြဲလိုက်သလိုရှိသည်။

ကောင်းကင်က ကြည်လင်သည်။ လေပြေက ပေါ့ပါးသည်။

ဘုံနှစ်ခု ဆက်စပ်သွားသည်။

သပ်ရပ်သည့်အရောင်ဖျော့ဝတ်စုံနှင့် အရပ်မြင့်မြင့်မိန်းကလေးတစ်ယောက် မြေအောက်ဘုံမှ လူသားကမ္ဘာသို့ ဝင်လာသည်။

ကြောက်စရာစွမ်းအင်ရောင်မျိုး ထွက်ပေါ်မနေ။ လူသားမဆန်သည့် ချောမောကြည်လင်သည့်မျက်နှာရှိသည်။ လွှမ်းမိုးနိုင်သည့်ဟန်ပန်အမူအရာက အားလုံးထက်သာလွန်နေသည်။ သို့သော် သူ့ကို လူသားကမ္ဘာမှ ဝိညာဉ်နတ်သမီးဟုသာ ထင်ကြပေလိမ့်မည်။

သူ့သွားရမည့် တည်နေရာကို ချက်ချင်းတွေ့လိုက်သည်။ အမှောင်ထုထဲတွင် လင်းဖြာနေသည့် ရွှေရောင်အလင်းများက လွဲမှားနိုင်စရာမရှိ။

“တကယ်ပြင်းထန်တဲ့ တော်ဝင်စွမ်းအင်ရောင်ပဲ”

သူ့မျက်နှာတွင် ကြောက်ရွံ့သည့်အရိပ်မျိုးမရှည်။ အားပါသည့်ခြေတံရှည်များဖြင့် ဖုန်အိမ်တော်ဆီ လျှောက်သွားသည်။ ပတ်ဝန်းကျင်ကို နည်းနည်းမှအရေးမစိုက်။

သို့သော် သူ့ပုခုံးပေါ်ရှိ လက်တစ်ဆုပ်စာအရွယ် ဖီးနစ်ငှက်လေးက လူသားပတ်ဝန်းကျင်ကို စိတ်ဝင်တစား လှည့်ပတ်၍ ကြည့်နေသည်။ ရှည်လျားသည် အမြီးက နောက်ဘက်တွင် ဝဲကျနေသဖြင့် သူ့မျိုးနွယ်ကို အပီအပြင်ထင်ဟပ်နေသည်။

ရုတ်တရက် မြေပြင်တစ်နေရာမှ တစ်စုံတစ်ခုကို သူသတိထားမိသည်။ သူ့နှုတ်သီးမှ အနက်ရောင်မီးတောက်တစ်ချို့ ထွက်လာသည်။ မျက်လုံးတွင် စိတ်အားထက်သန်သည့်အရိပ်များ ပေါ်လာသည်။

“ပြဿနာမရှာနဲ့”

သခင်မက ငေါက်ငမ်းလိုက်သဖြင့် ဒဏ္ဍာရီသွေးဆက်ငှက်ကလေး ချက်ချင်းငြိမ်ကျသွာသည်။ မလှုပ်ရဲတော့။

မိန်းကလေး ဖြတ်သန်းသွားပြီးနောက်‌ ဖီးနစ်ငှက်စိုက်ကြည့်ခဲ့သည့် မြေပြင်နေရာ အနည်းငယ် တုန်ခါသွားသည်။ မြေအောက်အတော်နက်နက်တွင်ရှိနေသည့် ဝိညာဉ်နတ်ဆိုး ခါတိုင်းလို အသံကျယ်ကျယ်မထွက်ရဲ။ ကိုယ့်အဖြစ်ကိုယ် ဝမ်းနည်းနာကျည်းနေသည်။

“မြေစောင့်နတ်ဖြစ်ရတာ ဘာတွေများကောင်းတွေလို့လဲ။ ဓားသွားပေါ် စင်္ကြံလျှောက်ရသလိုပဲ။ ငါမြန်မြန်အပြောင်းအရွှေ့မကျရင် လေလွင့်‌(သေဆုံး)ဝိညာဉ်ဖြစ်လာတော့မယ်။ ငါ့ရဲဘောရဲဘက်တွေအဖမ်းခံရတာမှ အဲလိုဘဝထထက် ပိုကောင်းသေးတယ်။ ထွက်ပြေးလို့လည်း မရဘူး။ ငါဘာလို့ မြေစောင့်နတ်ဖြစ်လာပါလိမ့်”

ခုနက ဖီးနစ်ငှက်အကြည့်ကြောင့် သူတကယ်ကြောက်သွားသည်။ မြေပြင်အနက်ထဲအောင်း၍ ပုန်းခိုနေရသည်။ ဘာမှလည်းမတတ်နိုင်။ သူ့စွမ်းအားက အကန့်အသတ်ရှိသည်။ ထိုသို့သာ လုပ်ရသည်။ မြေပြင်အောက် ပေတစ်ရာတွင် ပုန်းနေသည့်တိုင် လုံခြုံသည်ဟု သူမခံစားရ။

မိန်းက‌ေလေးက ဖုန်အိမ်တော်တံခါးဝသို့ ရောက်လာသည်။ တုံ့ဆိုင်းခြင်းလုံးဝမရှိပဲ တော်ဝင်စွမ်းအင်လွှမ်းခြုံနေသည့် အိမ်တော်ထဲသို့ ဝင်ရန်ပြင်သည်။

ရွှေရောင်အလင်းက သူ့ကိုဒုက္ခမပေး။ ဖိနှိပ်ခြင်းမရှိ။ သူ့ပုခုံးပေါ်မှ ဖီးနစ်ငှက်လည်း ထိုအတိုင်းသာဖြစ်သည်။

“ဒေါက် ဒေါက်”

တံခါးကြေးကွင်းကို ညင်သာစွာခေါက်လိုက်သည်။ တိတ်ဆိတ်နေသည့် ညအချိန်ဖြစ်၍ တံခါးခေါက်သံက ခြံဝန်းထဲသို့ လွင့်ပျံလာသည်။သွားသည်။

“ဒေါက် ဒေါက်”

တံခါးခေါက်သံကို ဖုန်ချင်အန်း အိမ်ထဲမှ ကြားနေရသည်။ သူ့ဘေးနားတွင်ကပ်၍ တံခါးခေါက်နေသလို ခံစားရသည်။

အိပ်ယာဘေးမှဓားကို ဆွဲယူလိုက်သည်။ အခန်းထဲတွင်ပြည့်နေသည့် ‌တော်ဝင်စွမ်းအင်ရောင်များက အပြောင်းအလဲမရှိ။ တံခါးခေါက်သံကြောင့် လှုပ်ရှားလာခြင်းမရှိ။

သို့သော် ထိုအချိန်မျိုးတွင် တံခါးခေါက်လာသည်မှာ ဖြစ်နိုင်ခြေတစ်ခုသာရှိသည်။ ဘယ်လူသားမှ ညာဉ့်နက်သန်းခေါင် လာလည်မည်မဟုတ်။ သူ့အကိုပြန်လာစဉ်က လာလည်သည့်ဧည့်သည်များပင် ညအချိန်တွင် အားမနာလျှာမကျိုး တံခါးလာခေါက်မည်မဟုတ်။

“ဒေါက် ဒေါက်”

တံခါခေါက်သံက မဖွင့်မချင်း ရပ်မည့်ပုံမပေါ်။

“ကောင်းကောင်းဆိုးဆိုးကွာ။ အန္တရာယ်ဆိုရင်လည်း ရှောင်လို့မှမရတာ”

ဘေးပတ်လည်မှ တော်ဝင်စွမ်းအင်များကို တစ်ချက်ကြည့်လိုက်သည်။ ဓားကိုခါးချိတ်ကာ အခန်းထဲမှ သူထွက်လိုက်သည်။ တံခါးဆီသွားသည်။ မင်းတုန်းဖြုတ်၍ ဖြေးညှင်းစွာ တွန်းဖွင့်လိုက်သည်။

အပြင်ဘက်တွင် သိပ်မကြာသေးခင်က မြင်ဖူးခဲ့သည့် မျက်နှာပိုင်ရှင် မိန်းကလေးတစ်ယောက် ရပ်နေသည်။ ယခု ပုံမှန်အဝတ်အစားမျိုး ဝတ်ထားသော်လည်း အဆင့်အတန်းမြင့်သည့် အသွင်အပြင်နှင့် ဩဇာရိပ်လွှမ်းသည့်ဟန်ပန်က ထင်ရှားနေသည်။

မိန်းကလေးက ခုနစ်ပေနီးပါး အရပ်မြင့်သဖြင့် သူဖိအားတစ်ခု ခံစားနေရသည်။ သူ့ခန္ဓာကိုယ်က သာမန်လူများထက် ဖွံ့ဖြိးသော်လည်း ခေါင်းမော့ကြည့်ရသည်။

“ငါက နန်းကောရဲ့အမ တုန်ဟွမ်းပါ”

ဖုန်ချင်အန်းကိုကြည့်၍ ယုဟွမ်သခင်မ ပျော်သွားသည်။ အပြုံးမျက်နှာဖြင့် သူ့ကိုယ်သူ မိတ်ဆက်သည်။

“ဖုန်ချင်အန်းပါ”

ဖုန်ချင်အန်း ပြန်မိတ်ဆက်လိုက်သည်။

“ငါ့ကို အထဲမခေါ်တော့ဘူးလား။ ဒီမှာရပ်ပြီး စကားပြောစေချင်တာလား။ ငါ့ညီမကိစ္စ ဒီနေရာမှာဆွေးနွေးလည်း အဆင်ပြေတယ်နော်”

တုန်ဟွမ်း စိတ်ကြည်နေသည်။ ထိုမျှအနီးကပ်အကဲခတ်၍ ဖုန်ချင်အန်း၏ထူးခြားမှုကို သတိမပြုမိလျှင် သူသည် နိုင်ငံအုပ်ချုပ်သူဖြစ်ဖို့ ထိုက်တန်သူမဟုတ်တော့။ ဖုန်ချင်အန်း နောက်ခံဇာတ်ရုပ်ကို သူခန့်မှန်းကြည့်နေသည်။

သာမန်သေမျိုးရွာတစ်ရွာတွင် နေသည်။ သို့သော် ထူးဆန်းသည့် တော်ဝင်စွမ်းအင်ရောင်က ကာကွယ်ထားသည်။ သူကြိုတင်ခန့်မှန်းထားသည့်အတိုင်း ဟုတ်မှန်နေသည့်သဘောဖြစ်သည်။

သက်ရှည်ဆေးတစ်ခုမှ အသက်ဝင်လာသူဖြစ်နိုင်သည်။ လောကဓမ္မ အချုပ်အနှောင်ကို မလိုချင်သဖြင့် လူသားကမ္ဘာတွင် ပြန်ဝင်စားခြင်းဖြစ်နိုင်သည်။ သို့မဟုတ် မွေးရာပါဝိညာဉ်မြစ်ပိုင်ရှင်ဖြစ်နိုင်သည်။

မည်သို့စဉ်းစားသည်ဖြစ်စေ ဤဖုန်ချင်အန်းသည် မသေမျိုးဆေးလုံးတစ်ခုမှ ပြန်ဝင်စားလာခြင်းသာဖြစ်မည်ဟု သူယူဆသည်။ မဟုတ်လျှင် သူ့ညီမ၏ စွမ်းအင်ရင်းမြစ် အားကောင်လာမည်မဟုတ်။

သေမျိုးတစ်ယောက်က သူ့ညီမကိုသွေးဆောင်ဖျားယောင်း၍ တိုးတက်လမ်းကိုဖျက်ဆီးလျှင် သူ့လက်နက်စာမိမည်။ ပြန်မွေးဖွားခွင့်ပင် ပေးမည်မဟုတ်။ သူထိုမျှလောက် သနားကြင်နာစိတ်မရှိ။

သို့သော် ထိုလူငယ်က ထူးခြားသည်။ မသေမျိုးဝိညာဉ်ဆေး သို့မဟုတ် သက်ရှည်ဆေးမြစ်တစ်ခုမှ မွေးဖွားလာသူဖြစ်လျှင် သူ့ညီမရှေ့တွင် ပေါ်လာခြင်းသည် သူ့ညီမအတွက် အကောင်းဆုံးကံကြမ္မာနှင့် ဆုံစည်းခြင်းဖြစ်သည်။

ညီအမအရင်းများဖြစ်၍ သူကိုယ်တိုင်အတွက်လည်း ကံကောင်းသည်ဟု ဆိုနိုင်သည်။

“ဝင်ပါ”

ကြိုတင်ပြင်ဆင်ထားသော်လည်း ဖုန်ချင်အန်း မှင်သက်မိနေသည်။ ထိုမိန်းကလေး ထိုမျှမြန်မြန်ရောက်လာမည်ထင်မထား။

“အဲလောက်ကြီး တင်းမာနေစရာမလိုပါဘူး”

ဖုန်ချင်အန်း လမ်းဖယ်ပေးသည်ကိုကြည့်၍ တုန်ဟွမ်း ရယ်မောလျက် ခြံထဲဝင်လာသည်။ အသေးသွယ်စူးရှသည့် သူ့မျက်လုံးများက ခြံထဲမှအရာအားလုံးကိုမြင်သည်။

အော်စမန်သစ်ပင်က လရောင်အောက်တွင် ညင်သာစွာယိမ်းနွဲ့လှုပ်ရှားနေသည်။ ငါးရောင်ခြယ်ဘရိုကိတ်ကြက်က နံရံအက်ကြောင်းကြားသို့ ခေါင်းလျှိုနေသည်။

“စိတ်ဝင်စားစရာပဲ”

အော်စမန်သစ်ပင်နှင့် ခြေထောက်များတုန်ရင်နေသည့် ကြက်ဖထံ သူလှမ်းကြည့်သည်။ ထို့နောက် ခပ်ညှင်းညှင်းရယ်မောလျက် ဖုန်ချင်အန်းအခန်းဆီ လျှောက်သွားသည်။

သူ့ပုခုံးပေါ်မှ ဖီးနစ်ငှက်လေးက တုန်ရင်နေသည့်ကြက်ဖကို အထင်သေးအမြင်သေးကြည့်လိုက်သည်။ အနက်ရောင်မီးတောက်တစ်ချို့ သူ့နှုတ်သီးမှထွက်လာသည်။

သူတို့နောက်မျှလိုက်လာသည့် ဖုန်ချင်အန်းက စိတ်ထဲတွင်ကျိတ်၍ ရေရွတ်လိုက်သည်။

“အကဲဖြတ်မယ်”

(မျိုးနွယ် - မွေးရာပါယင်ဝိညာဉ်)

(ဗီဇ - ယင်၊ ကောင်းကင်၊ ဝိညာဉ်)

(စွမ်းရည် - မိုနာ့အဆင့်၊ ထိပ်တန်း)

(တိုက်ခိုက်စွမ်းအား - မိုနာ့အဆင့်၊ ထိပ်တန်း)

(မျိုးနွယ် - ငရဲဖီးနစ်)

(ဗီဇ - ဖီးနစ်၊ ယင်၊ မီးတောက်)

(စွမ်းရည် - မိုနာ့အဆင့်၊ ထိပ်တန်း)

(တိုက်ခိုက်စွမ်းအား - မိုနာ့အဆင့်၊ ထိပ်တန်း)

All Chapters