← Chapters

သရဲတစ်ထောင်စုဝေးပွဲ

Vol. 7 Ch. 101

သရဲတစ်ထောင်စုဝေးပွဲ

Vol. 7 Ch. 101

“သေမျိုးကောင်လေးတစ်ယောက်ကို မိုးမြေသန္ဓေ ပေးချင်တာလား”

ငရဲဖီးနစ် စိတ်ဝင်တစား ပြန်မေးသည်။

“သေမျိုးတဲ့လား၊ သူ့ကိုသေမျိုးလို့ မင်းဘာလို့ထင်တာလဲ”

တုန်ဟွမ်းက ပြုံး‌၍ပြောလိုက်သည်။

“ငါသူ့ကို စားချင်စိတ်ပေါ်လာတယ်လေ။ အဲဒါ သေမျိုးဖြစ်လို့ပဲ မဟုတ်လား”

ငရဲဖီးနစ် တွေးရခက်နေဟန်ဖြင့် ပြန်မေးသည်။

ဖုန်ချင်အန်းနှင့် အနီးကပ်တွေ့ပြီးနောက် တုန်ဟွမ်းက ထူးခြားမှုကို အာရုံခံမိသည်။ ငရဲဖီးနစ်လည်း ထိုနည်းတူပင်ဖြစ်သည်။ တစ်ခုခုကို သူနားလည်မှုလွဲနေဟန်ရှိသည်။ ယခုအကြိမ်သည် ဖီးနစ်အနေဖြင့် လူသားကမ္ဘာသို့ဆင်း၍ သေမျိုးများကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

“မဟုတ်ဘူး။ မင်းကိုယ်မင်း အထင်မသေးပါနဲ့။ မြေအောက်ဘုံကို ဆင်းပြီးရင်တောင် သေမျိုးတစ်ယောက်အပေါ် ဒီလိုခံစားချက်မျိုးတွေ ဘယ်တော့မှရှိလာမှာမဟုတ်ဘူး။

တုန်ဟွမ်း အခိုင်အမာပြောသည်။

“ဒါဆို သူ့ခန္ဓာကိုယ်ကို ငါဘာလို့ တပ်မက်နေတာလဲ။ သူက အနံ့အရမ်းမွှေးတယ်။ ဆိတ်ကြည့်ချင်စိတ်တောင်ပေါက်တယ်”

“ဘာလို့အဲလိုဖြစ်ရသလဲဆိုတာ ဦးနှောက်ခြောက်ခံပြီး စဉ်းစားနေစရာမလိုပါဘူး။ မင်းအတွေးတွေကိုပဲ ထိန်းချုပ်ထားပါ။ ဒီကိစ္စကို ငါကိုင်တယ်ပါ့မယ်”

ဖီးနစ်ကို သူရှင်းမပြတော့။ မွေးရာပါဝိညာဉ်မြစ် သို့မဟုတ် မသေမျိုးဆေးမြစ်မှ မွေးဖွားလာသည့်လူအကြောင်းကို သူ့ညီမတစ်‌ယောက်သာ သိသင့်သည်။ တစ်ခြားဖြစ်တည်မှုများ သိ၍မဖြစ်။

ထို့ကြောင့်လည်း မိုးမြေသန္ဓေကို သူယူလိုခြင်းဖြစ်သည်။ သရဲနိုင်ငံတစ်ခုကို ဖျက်ဆီးရမည်ဆိုလျှင်ပင် သူအရေးမစိုက်။

လူသားကမ္ဘာနှင့် မြေအောက်ကမ္ဘာကြားမှ အက်ကြောင်းကိုဖြတ်၍ ဝိညာဉ်ရေစင်စမ်းချောင်းသို့ သူပြန်လာသည်။ စမ်းချောင်းစပ်တွင် သီချင်းဆိုရန် စိတ်မပါတော့သည့် နန်းကောက အချိန်တိုအတွင်းပြန်ရောက်လာသည့် သူ့အမကို တအံ့တဩကြည့်နေသည်။

“မမ၊ ဖုန်ချင်အန်းနဲ့ တွေ့ခဲ့လား”

တုန်ဟွမ်းခေါင်းငြိမ့်သည်။ လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် ငွေရောင်ဖီးနစ်က ရေထဲမှ ထွက်ပေါ်လာသည်။ လေထဲသို့ ထိုးတက်သွားပြီး ငွေရောင်အစိတ်အပိုင်းများစွာကွဲထွက်သွားသည်။ သံချပ်ကာအစိတ်အပိုင်းများအဖြစ်ပြောင်း၍ တုန်ဟွမ်ကိုယ်ပေါ်သို့ ကွက်တိကျဖုံးအုပ်သွားသည်။

မြန်လွန်းလှသည်။

ထိုမြင်ကွင်းကိုကြည့်၍ နန်းကော ပို၍အံ့ဩသွားသည်။

“မမသွားတော့မှာလား”

နန်းကော ဝမ်းသာဝမ်းနည်းဖြစ်နေသည်။ ခံစားချက်များ ရှုပ်ထွေးနေသည်။

သူ့အမထွက်သွားလျှင် ဖုန်ချင်အန်းနှင့် လွတ်လပ်စွာ တွေ့ခွင့်ရတော့မည်ဖြစ်၍ သူဝမ်းသာသည်။ သို့သော် အချိန်တိုအတွင်း သူအမနှင့်ထပ်ခွဲရတော့မည်ဖြစ်၍ ဝမ်းနည်းသည်။ သူ့အမ ထိုမျှအလျင်စလိုဖြစ်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

“ငါလိုအပ်တဲ့ ရတနာတစ်ခုရှိတယ်။ စိတ်မပူပါနဲ့။ အဲဒီ့ပစ္စည်းရပြီးရင် ငါပြန်လာမှာ။ သိပ်မကြာလောက်ပါဘူး”

တုန်ဟွမ်း နန်းကောကို တစ်ချက်ကြည့်သည်။ သူ့ပုခုံးပေါ်မှ ဖီးနစ်ငှက်က ကောင်းကင်သို့ပျံတက်သွားသည်။ လက်တစ်ဆုပ်စာအရွယ်အစားမှ မျက်တောင်တစ်ခတ်အတွင်း ပေတစ်ရာကျော်တောင်ပံဖြန့်ထားသည့် ကြောက်စရာငရဲဖီးနစ်အသွင်သို့ ပြောင်းသွားသည်။

တုန်ဟွမ်း သူ့ကျောကုန်းပေါ်တက်၍ သူ့နိုင်ငံဆီ ပျံသန်းသွားသည်။ သူ့သရဲတပ်ဖွဲ့ကိုစုစည်း၍ ရေနတ်ဆိုးဘုရင်ကို စစ်တိုက်ရမည်။

နန်းကော သူ့အမထွက်သွးသည်ကို ကြည့်နေသည်။ သို့သော် မြင်ကွင်းမှပျောက်သွား ခြေထောက်ကိုရေစိမ်နေရာမှ ချက်ချင်းခုန်ထလိုက်သည်။

အပြာရောင်တောအုပ်က ဝတ်ရုံအဖြစ်ချက်ချင်းပြောင်း၍ သူ့ခန္ဓာကိုယ်ပေါ် ရောက်လာသည်။ လူသားကမ္ဘာသို့သွားသည့် အက်ကြောင်းဆီ ခြေကုန်သုတ်၍ပြေးသည်။

“ဖုန်ချင်အန်း”

ဖုန်ချင်အန်း အတွေးနက်နေစဉ် နန်းကောက ခြံစည်းရိုးနံရံကိုကျော်၍ ပြတင်းပေါက်ကိုဖြတ်ကာ သူ့ရင်ခွင်ထဲသို့ တိုးတင်လာသည်။ ကြည်လင်၍ နှင်းဆီရောင်သန်းနေသည့်မျက်နှာတွင် အပျော်ရိပ်များပြည့်နေသည်။

“နန်းကော၊ မင်းဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”

ဖုန်ချင်အန်း အငိုက်မိ၍ အံ့အားသင့်သွားသည်။ အမဖြစ်သူက ထွက်သွားသည်မှာ မကြာသေး။ ညီမက သူ့အိပ်ယာထဲ ရောက်လာပြန်သည်။ သူ့အမသည် အတော်စိတ်သဘောပွင့်လင်းဟန်ရှိသည်။

“ဘာဖြစ်လို့လဲ။ ငါဘာလို့ မလာရမှာလဲ”

နန်းကောက သူ့ရင်ခွင်ထဲမှ ခေါင်းထောင်ကြည့်သည်။ နူးညံ့သည့်မျက်နှာတွင် အလိုမကျသည့်အရိပ်များ ပေါ်လွင်နေသည်။ မျက်လုံးတွင် မျက်ရည်စို့လာသည်။

“မင်းအမက အခုပဲ ထွက်သွားတာလေ။ မင်းက ချက်ချင်းငါ့ကိုလာတွေ့တယ်။ နည်းနည်းမသင့်တော်ဘူးလားလို့ပါ”

“ငါ့အမက သွားပြီ”

“သွားပြီ၊ ဟုတ်လား”

“ဟုတ်တယ်။ သရဲနိုင်ငံကို ပြန်သွားပြီ။ အရေးကြီးကိစ္စတစ်ခုရှိတယ်ထင်တယ်”

“ဪ ဒါကြောင့်ကိုး”

ဖုန်ချင်အန်း နားလည်သွားသည်။ တုန်ဟွမ်သည် သူနှင့်ခဏသာတွေ့ပြီးနောက် အလျင်စလိုထွက်သွားခြင်းဖြစ်မည်။

“ဒါဆို မင်းဘာမှစိုးရိမ်စရာမရှိပါဘူး”

“ဒါပေ့ါ”

ချစ်ခင်ရင်းနှီးသည့်အရိပ်များ သူတို့နှစ်ယောက်မျက်နှာတွင် ပေါ်လာသည်။ စကားမပြောသော်လည်း အချင်းချင်းနားလည်ကြသည်။

...................

အရိုးများမြေပေါ်တွင် ပြန့်ကျဲလျက် ယင်စွမ်းအင်များ ကောင်းကင်တွင် ပြည့်နေသည်။

လွင်တီးခေါင်နယ်မြေတစ်ခု ဖြစ်သည်။ ပုံမှန်မြင်ရသည် သဲပြင်များ ကျောက်ဆောင်များ မညီညာသည့်တောင်ကတုံးများ ရှိနေသော်လည်း သက်ဝင်လှုပ်ရှားမှုမရှိ။ ကျောက်သားအက်ကြောင်းကြားမှ ထိုးထွက်နေသည့် အပင်တစ်ချို့ပင် အသက်ဓာတ်ကင်းမဲ့နေသည်။

သို့သော် ဝိညာဉ်ရေစင်စမ်းချောင်းပတ်ဝန်းကျင်နှင့်ယှဉ်လျင် ဤကျစ်တီးလွင်ပြင်က အသက်ဝင်သေးသည်။ ကျောရိုးစိမ့်မတတ် များပြားလှသည့် အဖြူရောင်ဝိညာဉ်များ ခြောက်ခြားစရာအသံဖြင့် အော်ဟစ်နေသည်။

သို့သော် ဤလေလွင့်ဝိညာဉ်များသည် လူသားကမ္ဘာတွင်သာ ပြဿနာရှာနိုင်သည်။ ဤလောကတွင်မူ မှုန်ပြပြကောင်းကင်ကို မထင်မရှားတန်ဆာဆင်နေသည့် အရာများသာဖြစ်သည်။

ထူထဲသည့် ယင်စွမ်းအင်များ အတောင်ပံနှစ်ဘက်တွင် လွှမ်းခြုံနေသည့် ကြောက်စရာငှက်များ ကောင်းကင်တွင် ပျံသန်းသွားသည်။နေသည်။ ဝိညာဉ်ဖြူများ သူတို့လမ်းကြောင်းရှေ့တွင် နှောက်ယှက်လာတိုင်း ပါးစပ်ဟ၍ ရာပေါင်းများစွာ မျိုချကြသည်။ အစာအဖြစ်သုံးသည်။

ကျစ်တီးခေါင် သဲပြင်နှင့် တောင်ကတုံးများကြားတွင် မြေအောက်သားရဲများ လှည့်ပတ်သွားလာနေသည်။ သို့သော် ကောင်းကင်မှ အသားစားငှက်များ မြေပြင်မှ ကြောက်စရာသားရဲများသည့် ဤနေရာကို အုပ်ချုပ်သူများမဟုတ်။

ပြင်းထန်သည့် အမှောင်စွမ်းအင်များ တိုက်စားမှုကြောင့် အသိဉာဏ်နည်းနည်းသာ ကျန်တော့သော်လည်း ကွင်းပြင်အမြင့်ပိုင်းတွင် ကမ္ဘာဦးသားရဲတစ်ကောင်နှင့်တူသည့် ခမ်းနားထည်ဝါးသည့်မြို့တော်ကို အလွန်တရာ ကြောက်ရွံ့ကြသည်။

သရဲတစ်သောင်းဆုံစည်းရာ သရဲမြို့တော်တစ်ခုဖြစ်သည်။ မြို့တော်ထဲတွင် သူတု့ထက်ကြောက်စရာကောင်းသည့် ဖြစ်တည်မှုများရှိနေသည်။ မီတာဆယ်ချီမြင့်သည့် နတ်ဆိုးကြီးများ အလွန်တရာ ပေါ်များလှသည်။

လွင်တီးခေါင်တွင် လှည့်လည်သါားလာနေည့် ထိုမြေအောက်သားရဲများက မြို့တော်ကို ငေးမောတသစွာ မော့ကြည့်ရသည်။မြို့ထဲသို့ဝင်ရန် တောင့်တကြသည်။

သရဲမြို့တော်ထဲသို့ ဝင်ခွင့်ရလျှင် အစေခံသားရဲပင်ဖြစ်စေ အမြဲတမ်းအန္တရာယ်ကြုံနေရသည့် အဖြစ်မျိုးရှိမည်မဟုတ်တော့။ ‌ပျောက်ဆုံးနေသည့် သူတို့မှတ်ဉာဏ်များ ပြန်ရလာပြီး လျှို့ဝှက်ကျင့်စဉ်တစ်ခုခုကို သင်ယူခွင့်ရနိုင်သည်။

“ဂီး”

(**အော်တတ်သလို အော်လိုက်ခြင်းဖြစ်ပါသည်)

ဖီးနစ်အော်သံက မိုးမြေကြားတွင် ပဲ့တင်ထပ်သွားသည်။ ပျံသန်းသွားသည်။ရာလမ်းတစ်လျှောက်မှ ဝိညာဉ်အားလုံး အင်အားကြီးလေပြင်းကြောင့် ကြေမွပျက်စီးသွားကြသည်။

ဖီးနစ်အော်သံကြားသည်နှင့် ကောင်းကင်မှ သားစားငှက်များအားလုံး အောက်သို့ဆင်းကြသည်။ တစ်ချို့က မြေပေါ်သို့ ပြုတ်ကျသွားသည်။ အစာရှာရန် ထွက်လာသည့် မြေအောက်သားရဲများ ခန္ဓာကိုယ် ကျုံ့နေကြသည်။ ငရဲဖီးနစ် သတိထားမိမည်စိုး၍ မလှုပ်ရှားရဲကြ။

ငရဲဖီးနစ် ခမ်းနားသည့် သရဲမြို့တော်ထဲသို့ ဆင်းလာချိန်တွင် ကျယ်ပြန့်သည့်စင်္ကြံလမ်းတစ်ခု ‌သူ့ရှေ့တွင် ပေါ်လာသည်။ သို့သော် သိပ်မကြာမီ ထိုလမ်းပေါ်တွင် ထူထဲသည့် ဝိညာဉ်များစွာ ပြည့်နက်သွားသည်။

"ဘုန်း ဘုန်း ဘုန်း"

ထိုဝိညာဉ်များ မည်မျှ ရုန်းကန်အော်ဟစ်နေသော်လည်း မြို့တော်တွင်းမှ ထွက်လာသည့် စည်တီးသံများဖြင့် ဖိနှိပ်ထားခံရသည်။

ထိုစည်တော်သံသည် အုပ်ချုပ်သူသခင် စစ်ပွဲထွက်တော့မည့် သင်္ကေတပင်ဖြစ်သည်။

All Chapters