နှုတ်ခမ်းကြားက တိုက်ပွဲ
Vol. 7 Ch. 104
“မင်းကို သတိပေးခဲ့တယ်လေ။ အခုမင်းက လူသားခန္ဓာကိုယ်နဲ့ ရှိနေတာ။ ယင်နဲ့ယန်သဘာဝကို လေးစားရမယ်”
အေးစက်စက်စကားသံ အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။ ဖုန်ချင်အန်းင်အန်းကို သူစိုက်ကြည့်သည်။ လေသံကတင်းသည်။
ဖုန်ချင်အန်း ပို၍နေမထိထိုင်မသာဖြစ်သွားသည်။ သူ့ကို နန်းကောနှင့်များ မှားနေသလားမသိ။ သူ့အမရင်းတစ်ယောက်လေသံမျိုး ဖြစ်နေသည်။ နန်းကောက သူ့ကိုစည်းကမ်းဖေါက်ဖျက်အောင် ဆွဲဆောင်ခဲ့သည့် မိန်းမဆိုးလေးဟု ပြောနေသလိုရှိသည်။
ဘာပြန်ပြောရမှန်းမသိ။
“မင်းအရွယ်မရောက်သေးဘူး။ နန်းကောလာတွေ့တဲ့အခါ ဖက်လှဲတကင်းနေတာက ကိစ္စမရှိဘူး။ ဒါပေမယ့် သူဒီထက်ပိုလိုချင်လာရင် မင်းသူ့ကိုလာခွင့်မပေးန့”
ယုဟွမ်သခင်မနှုတ်မှ ထိုစကားများထွက်လာသည်။
“အဲ..”
“မင်းငယ်သေးတယ်။ အသက်ဓာတ်ကို ထိန်းထားရမယ်။ ယန်ဓာတ်ကို မပျက်စီးအောင် ထိန်းထားရမယ်”
သတိပေးသံထပ်ပေါ်လာသည်။
ဖုန်ချင်အန်း ရူးမတတ်ဖြစ်သွားသည်။ တုန်ဟွမ်းသည် ဘယ်သူ့အမမှန်းမသိတော့။
“ကောင်းပါပြီ”
သူခေါင်းငြိမ့်လိုက်သည်။ တကယ်လည်း နောက်ဆုံးအဆင့်သို့ မရောက်အောင် သူထိန်းသိမ်းထားသည်။ အခက်အခဲမရှိ။ သူစဉ်းစားတတ်သည်။
“ဒါဆိုကောင်းတာပေါ့”
တုန်ဟွမ်း ခေါင်းတစ်ချက်ငြိမ့်သည်။ လူသားမျိုးနွယ်အကြောင်း သူကောင်းကောင်းသိသည်။ သူသည်လည်း လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ဖူးသည်။ ယောက်ျားလေးမဟုတ်သော်လည်း ကြိုတင်ရှောင်ရှားရမည့် ကိစ္စများကို သူနားလည်သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က မင်းအလိုအပ်ဆုံးပစ္စည်း လက်ဆောင်ပေးမယ်လို့ ကတိပေးခဲ့တယ်။ အခု ငါအဲဒီ့ကတိကို ဖြည့်ဆည်းပေးလိုက်ပြီ”
ဖုန်ချင်အန်း နည်းနည်းအံ့ဩသွားသည်။ တုန်ဟွမ်းက ကျောက်သားတံဆပ်ပြားကို ထုတ်လိုက်သည်။ မသေမျိုးအလင်းတစ်ခု ခပ်မှိန်မှိန်ပေါ်လာသည်။
“ဒါ မိုးမြေသန္ဓေပဲ”
တုန်ဟွမ်း ရှင်းပြသည်။
“ဒါက မင်းကိုယ်ထဲက စွမ်းအင်ရောင်ကို ဖုန်းကွယ်ပေးနိုင်တယ်။ ဒါကိုဆောင်ထားရင် မင်းဆီက မူမမှန်တာကို ငါတောင်အာရုံမခံနိုင်ဘူး။ မင်းကိုသာမန်သေမျိုးတစ်ယောက်လို့ပဲ ငါမြင်ရမှာ”
ဖုန်ချင်အန်း ချက်ချင်းသဘောပေါက်သွားသည်။ သူလိုအပ်နေသည့် အချက်ကို သိသွားသည်။
မှန်သည်။ ထိုအရာမျိုး သူလိုအပ်သည်။ သူ့ကမ္ဘာငယ်လေးတွင် သူ့အကိုချန်ထားခဲ့သည့် တော်ဝင်ချီက သူ့ကိုကူညီပေးသည်။ မြွေစိမ်းတောင်တန်းသို့သွားလျှင် တောင်တန်းနတ်ဘုရား၏ နဂါးဝတ်ရုံရှိသည်။ သို့သော် လောကထဲသို့ထွက်လျှင် ထိုသို့အေးအေးဆေးဆေးရှိလိမ့်မည်မဟုတ်။
နဂါးဝတ်ရုံကို သူဝတ်နိုင်ပါသည်။ သူ့အကိုပေးသည့်ဓားကို ခါးတွင်ချိတ်ထားနိုင်သည်။ သို့မဟုတ် တောင်နက်ကို ကျမ်းစာအုပ်များ သယ်ခိုင်းထားနိုင်သည်။ သို့သော် ထိုအဖြစ်များက အရာအားလုံးကို ဖြေရှင်းနိုင်မည်မဟုတ်။
ဝိညာဉ်တစ်သောင်းခန္ဓာက အန္တရာယ်ကို လက်ယပ်ခေါ်နေသည်နှင့်တူသည်။ မပြည့်စုံသေးသော်လည်း ဖြစ်တည်မှုများစွာကို ဆွဲဆောင်နိုင်သည်။ တုန်ဟွမ်းလို အားလုံးက စိတ်စေတနာကောင်းရှိမည်မဟုတ်။ နန်းကောလို ရေရှည်လက်တွဲရန်လည်း ရွေးချယ်ကြမည်မဟုတ်။
သူသည် လက်ရှိထန်မင်းဆက်၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။ နတ်ဘုရားရင်သွေးငယ် လူဝင်စားထက်ပင် ပို၍စွမ်းအားကြီးသည့် ဖြစ်တည်မှုဖြစ်သည်။ လောကထဲ ခရီးဆန့်လျှင် သူတွေ့ကြုံရမည့် အခက်အခဲများက စမ်းသပ်ချက် ၈၁ စုပေါင်းထားသည်ထက် ပိုများပေလိမ့်မည်။
သူ့သန္ဓေစွမ်းအင်ကိုယူရန် ချဉ်းကပ်လာသည့် နတ်ဆိုးမတစ်ယောက်ကို တွေ့ကောင်းတွေ့နိုင်သည်။ တစ်ဖြေးဖြေးချင်း သူ့ကိုစုပ်ယူမည်။ ထိုထက်ပိုဖြစ်နိုင်သည်မှာ သူ့တစ်ကိုယ်လုံးကို သန့်စင်ဝါးမျိုလိုသည့် နတ်ဆိုးများ မကောင်းဆိုးဝါးများ ရှိနေပေလိမ့်မည်။
တုန်ဟွမ်းအဘယ်ကြောင့် သူ့အပေါ်ထူးခြားသည့် သဘောထားမျိုးရှိနေမှန်း သူသဘောပေါက်သွားသည်။ ဝိညာဉ်တစ်သောင်းခန္ဓာသည် အားလုံးစွဲမက်စရာဖြစ်နေသည်။
ညီမဖြစ်သည့် နန်းကောလည်း ထိုသို့ပင် ခံစားမိပေမည်။
“ကျေးဇူးတင်ပါတယ်။ ကျုပ်အရေးတကြီးလိုအပ်နေတာ အဲဒါပါပဲ”
အားမနာတော့ဘဲ တံဆိပ်ပြားကို လက်လှမ်းယူလိုက်သည်။ လက်ထဲတွင်ကိုင်၍ ခဏစစ်ဆေးကြည့်သည်။
“ဒီသန္ဓေကို ဘယ်လိုသုံးရမှာလဲ”
“ကိုယ်ပေါ်မှာပဲ ဆောင်ထားပါ”
“အဲလို ရိုးရိုးလေးပဲလား”
သူနည်းနည်းအံ့အားသင့်သွားသည်။
“မင်းက ဘယ်လောက်ခက်ခဲမယ်ထင်ထားလို့လဲ”
တုန်ဟွမ်း ပြန်ပြောသည်။ သန္ဓေအသုံးပြုပုံက တကယ်ရိုးရှင်းသည်။ နတ်ဆိုးငယ်တစ်ကောင်ပင် အသုံးပြုနိုင်သည်။ မဟုတ်လျှင် ‘မိုးမြေသန္ဓေ’ဟု ခေါ်မည်မဟုတ်။
“သခင်အဖြစ် သူအသိအမှတ်ပြုလာအောင် လုပ်တဲ့နည်းလမ်းရှိလား။ သန့်စင်တာတို့ ဘာတို့ပေါ့။ ကိုယ်ပေါ်မှာ ဝတ်ထားရုံပဲဆိုရင် ပျောက်သွားဖို့လွယ်တယ်လေ။ အခိုးခံရတာတို့ အလိမ်ခံရတာတီု့လည်း ဖြစ်နိုင်တယ်”
သူမကျေနပ်မိ။ ပိုင်ဆိုင်မှုသတ်မှတ်သည့်နည်းလမ်း မရှိလျျင် ဘာဆက်ဖြစ်မည်မသိ။ အမြဲတမ်းလည်း သတိထားနေနိုင်မည်မဟုတ်။
“မင်းက ဒါကိုသန့်စင်ချင်တယ်ပေါ့”
တုန်ဟွမ်းမျက်ခုံးတစ်ဘက် မြင့်တက်သွားသည်။ ထို့နောက် ဓားနှင့်တူသည့်မျက်ခုံးနှစ်ဘက် အနည်းငယ်ကျုံ့သွားသည်။ ဖုန်ချင်အန်းကို ခြေဆုံးခေါင်းဆုံးကြည့်သည်။ ထို့နောက် တဖြေးဖြေး စိတ်သက်သာရာရသွားသည်။
“မင်းဝိညာဉ်စွမ်းအားက သိပ်မဆိုးဘူး။ ဝိညာဉ်အာရုံကို သုံးနိုင်တယ်မဟုတ်လား။ မင်းစွမ်းအားကို သန္ဓေထဲ ပေါင်းစပ်ပြီး အမှတ်အသားလုပ်လိုက်ပါ။ သန့်စင်သလိုသဘော ဖြစ်သွားမှာပါ။ ဒီသန္ဓေရှိတဲ့နေရာကို မင်းအာရုံခံနိုင်လိမ့်မယ်။ မင်းကိုယ်တိုင် စွန့်ပစ်တာမျိုးမဟုတ်ရင် မပျောက်နိုင်ပါဘူး”
“စမ်းကြည့်မယ်”
လက်ထဲမှသန္ဓေကို သူအာရုံစူးစိုက်လိုက်သည်။ နှစ်နှစ်နီးပါးကျင့်ကြံထားသည့် ဝိညာဉ်စွမ်းအင်အားလုံးကို သန္ဓေထဲသို့ ပေါင်းစပ်လိုက်သည်။
မိုးမြေသန္ဓေ ချက်ချင်းအရောင်တောက်လာသည်။ နဂါးဟိန်းသံ ဖီးနစ်အော်သံများ ကြားရသည်။ ထို့နောက် အားလုံးငြိမ်သက်တိတ်ဆိတ်သါားသည်။
အမျိုးအမည်မသိသည့် မထင်မရှားအားလှိုင်းတစ်ခု တစ်ကိုယ်လုံးလွှမ်းခြုံသွာသည်ကို ခံစားလိုက်ရသည်။ အားလုံးကိုလျှို့ဝှက်ထားသည့်ပုံမျိုးဖြစ်သည်။ ထို့နောက် စိတ်ထဲ ပေါ့ပါးလန်းဆန်းသွားသည်။
“ဘယ်လိုခံစားရလဲ”
သန္ဓေစွမ်းအင်ရောင်ကိုကြည့်၍ သန့်စင်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တုန်ဟွမ်းသိသည်။
“သိပ်ကောင်းတယ်။ ဆောင်းတွင်းမှာ သိုးမွှေဝတ်ရုံထူထူ ခြုံထားရသလိုပဲ”
သူ့ခိုင်းနှိုင်းဥပမာက အဆီအငေါ်မတည့်။ သို့သော် စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။
“ဒါဆိုလည်း ကောင်းပြီလေ”
“ဘယ်အရာမှ အလကားမရဘူးလို့ ရှေးဆိုရိုးစကားရှိတယ်။ ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်း လက်ဆောင်ပေးထားတော့ ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး”
အရိုးခံစိတ်အတိုင်း သူပြောလိုက်သည်။
မိုးမြေသန္ဓေသည် ရတနာဖြစ်သည်မှာ သေချာသည်။ သို့သော် ယုဟွမ်သခင်မက ဒုတိယမြောက်တွေ့ဆုံချိန်တွင် လက်ဆောင်ပေးသည်။ ပထမစတွေ့ကတည်းက စိတ်ကူးထားခြင်းဖြစ်မည်။
သူ့အကို ဖုန်ချင်ပင်းက ပေးသည်ဆိုလျှင် စိတ်ရှင်းရှင်းဖြင့် လက်ခံလိုက်မည်သာဖြစ်သည်။ သို့သော် ယခု သူ့ရှေ့မှမိန်းကလေးသည် သူနှင့်ဆွေမျိုးမတော်စပ်။ ရင်းလည်းမရင်းနှီး။ ထိုမျှရက်ရောနေသည်မှာ အကြောင်းတစ်ခု ရျိရမည်။
“ဪ ငါ့ကိုဘယ်လိုကျေးဇူးဆပ်ရမလဲ တကယ်မသိဘူးပေါ့”
တုန်ဟွမ်းမျက်နှာ ပြုံးစေ့စေ့ဖြစ်လာသည်။ စိတ်ဝင်စားဟန်ဖြင့် မျက်ခုံးများ မြင့်တက်သွားသည်။
ဖုန်ချင်အန်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူနားမလည်စရာမကြောင်းမရှိ။ သူ့ကိုလက်ဆောင်ပေးသည်။ သူ့ညီမကို နှင်ထုတ်ထားသည်။ ပုခုံးပေါ်မှဖီးနစ်ကိုပင် အဝေးပို့ထားသည်။ ရည်ရွယ်ချက်က ရှင်းနေပါသည်။
ဖုန်ချင်အန်း အနေဖြင့် ထိုလုပ်ရပ်မျိုးလုပ်ရန် နည်းနည်းစိတ်မရဲသလိုဖြစ်နေသည်။ ထူးဆန်းလွန်းနေသည်။
“ဂီး”
သူတုံ့ဆိုင်းနေစဉ် ဖီးနစ်အော်သံ ထွက်လာသည်။ မှော်သားရဲက ညကောင်းကင်ကိုဖြတ်၍ ခြံထဲသို့ဝင်လာပြီး တုန်ဟွမ်းပုခုံးပေါ်တွင် နားလိုက်သည်။
တုန်ဟွမ်မျက်နှာမှအပြုံးများ ပျောက်ကွယ်သွားပြီး ပုံမှန်အေးစက်စက်မျက်နှာမျိုး ဖြစ်လာသည်။ အမွှေးများကိုနှုတ်သီးဖြင့်သပ်နေသည့် ဖီးနစ်ကို လှည့်ကြည့်သည်။
“နန်းကောကို ပြန်သွားပို့ပြီးစောင့်ကြည့်ထားဖို့ ငါအမိန့်ပေးထားတယ်မဟုတ်လား။ ဘာလို့ ပြန်လာတာလဲ”
“နန်းကောက လိမ္မာပါတယ်။ ပြန်ပို့လိုက်ရုံနဲ့ အဆင်ပြေပါတယ်။ စောင့်ကြည့်နေစရာမလိုပါဘူး။ ပြီးတော့ သူကငါ့ကိုလည်း စကားမပြောဘူး။ ပျင်းလွန်းလို့ ငါနင့်ကိုလာတွေ့တာပါ”
ဖီးနစ်က ကလေးတစ်ယောက်လို အသံစာစာဖြင့် ပြန်ဖြေသည်။ လူစကားပြောသည့်ဖီးနစ်ကို ဖုန်ချင်အန်း မအံ့ဩမိ။
ဖီးနစ်၏ အကြောင်းပြချက်က အတော်ရိုးရှင်းနေသည်။ ပုံမှန်နေ့မျိုးတွင် သခင်မဆန္ဒကို ဖီးနစ်ဆန့်ကျင်လျှင် ခွင့်လွှတ်နိုင်သည် နားလည်နိုင်သည်။ သို့သော် ယနေ့တော့မရ။
“ပျင်းတယ်ပေါ့”
တုန်ဟွမ်း လက်ကိုဆန့််ထုတ်၍ ဖီးနစ်ကိုဖမ်းချုပ်လိုက်သည်။
“မင်းငါ့ကို ဘာလာတွေ့စရာအကြောင်းရှိလို့လဲ။ ငါတစ်ခုခုကို စိတ်ဝင်စားနေတယ်ထင်လို့လား”
စကားလုံးများက နှေးကွေးလေးလံသော်လည်း ပုံမှန်လေသံမဟုတ်ကြောင့် ဖီးနစ်ရိပ်စားမိသည်။
“ခြံထဲကိသွားပြီး ဟိုကြက်ဖကိုရှာပါ။ သူက မင်းအတွက် ကစားဖေါ်ကောင်းဖြစ်ပါလိမ့်မယ်”
လက်ကို ဝှေ့ယမ်းလိုက် ဖီးနစ်ကို ပြတင်းပေါက်အပြင်ဘက် လွှင့်ပစ်လိုက်သည်။ ပြတင်းပေါက် အလိုလိုပိတ်သါားသည်။ အပြင်လောကနှင့် မထိတွေ့နိုင်သည့် သီးခြားနေရာတစ်ခု ဖြစ်လာသည်။
ဂလု။
ဖုန်ချင်အန်း အလိုလိုတံတွေးမျိုချမိသည်။ အသက်ရှူသံ နည်းနည်းပြင်းလာသည်။ ဘာဖြစ်လာတော့မည်ကို သူသိသည်။ နည်းနည်း ကမောက်ကမဖြစ်နေသော်လည်း ဆိုးသည့်အရာတော့ ဟုတ်ဟန်မတူ။ လူအတော်များများ မရနိုင်သည့်အခွင့်အရေးဖြစ်သည်။
ယုဟွမ်သခင်မသည် မသေမျိုးများကို လှည့်စားနိုင်သည့် ရတနာတစ်ခုကို အလွယ်တကူပေးခဲ့သည်။
ဆန်ပျော့စားရသည်မှာ ပျော့တိပျော့ဖတ်နိုင်သည့်။ သို့သော် အတော်လည်း အရသာရှိသည်။
“ငါ့ညီမနဲ့နေတာ ဘယ်လာက်ကြာပြီလဲ”
“နှစ်နှစ်လောက်ရှိပြီ”
“သူက ညတိုင်းလာတွေ့တာလား”
“ညတိုင်းနီးပါပဲ”
“ဒါဆို ငါ့ညီမ နည်းနည်းလောဘကြီးလွန်းတယ်မထင်ဘူးလား”
တုန်ဟွမ်း ကုတင်ရှေ့သို့ လျှောက်လာသည်။ သာမန်လူများထက်မြင့်သည့်အရိပ်မျိုးရှိ၍ ကုတင်ပေါ်ထိုင်လျက်သားရှိနေသည့် ဖုန်ချင်အန်းအတွက် ဖိအားတစ်မျိုး ခံစားနေရသလိုရှိသည်။
ခုနကပင် ယန်စွမ်းအင်ကို ထိန်းသိမ်းဖို့ ပြောခဲ့သည်။ ယခု ထိုသို့မဟုတ်ပြန်တော့။ ထိုကိစ္စ အရေးကြီးမကြီး သူမသိ။
“နည်းနည်းတော့ လောဘကြီးတယ်ထင်တယ်”
ဘယ်လိုဖြေရမှန်းမသိသဖြင့် မယုတ်မလွန်ပြောလိုက်သည်။
“ဒါဆို မင်းသဘောတူတယ်ပေါ့။ ငါ့ညီမက အဲလိုပဲ။ နောက်ကို မင်းပိုပြီး သည်းခံရလိမ့်မယ်။ ငါက သူ့လိုမဟုတ်ဘူး။ ငါယူတယ်ဆိုတာက အထိန်းအကွပ်ရှိပါတယ်”
ထို့နောက် ဖုန်ချင်အန်းကို ဘာမှဆက်ပြောခွင့်မပေးတော့ ရှည်လျားသည့်ခန္ဓာကိုယ်ကို ကွေးညွှတ်၍ ခေါင်းငုံ့လာသည်။ နန်းကောနှင့်မတူသည့် ရနံ့မျိုးကို ဖုန်ချင်အန်း ရလိုက်သည်။
မုန်တိုင်းနှင့်တူသည်။ လျှပ်စီးမိုးကြိုးနှင့်တူသည်။ စစ်မြေပြင်တွင် လက်နက်အပြည့်အစုံရောက်လာသကဲ့သို့ ဖုန်ချင်အန်း ခံစားလိုက်ရသည်။
နန်းကောနှင့်မတူ။ လွှမ်းမိုးအားကောင်းသည်။ အထက်စီးဆန်သည်။ အတော်အရိုင်းဆန်၍ စိမ်းနေသယောင်ရှိသည်။ လွှမ်းမိုးသိမ်းပိုက်ခံရသလို ဖုန်ချင်အန်း ခံစားမိသည်။
အိပ်မက်တော့ မဖြစ်နိုင်ပါ။
စွမ်းအားချင်းယှဉ်လျှင် သူနိုင်စရာအကြောင်းမရှိ။ ကွာဟချက်က ကြီးမားလွန်းသည်။ သူခုခံနိုင်မည်မဟုတ်။
သို့သ်ော သခင်မ၏ အကြမ်းစားစွမ်းရည်များက ဤနေရာတွင် ခဏသာ လွှမ်းမိုးနိုင်သည်။ ဖုန်ချင်အန်းက နန်းကောနှင့် အတွေ့အကြုံရင့်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် တန်ပြန်တိုက်စစ်ဆင်သည်။
ကုတင်က စစ်တလင်းဖြစ်လာသည်။ ခန္ဓာကိုယ်တစ်ခု ပွတ်တိုက်နေကြသည်။
ကျွမ်းကျင်မှုကိုအားပြု၍ ဖုန်ချင်အန်း ပြန်အသာစီးရလာသည်။ အနိုင်ပိုင်းရန် ပြင်ဆင်သည်။ ထိုစဉ် စိတ်ပျက်စရာကောင်းသည့် ကြက်ဖတွန်သံ ထွက်ပေါ်လာလေသည်။
ညာဉ့်နက်သန်းကောင် တွန်နေသည်။ ကြောက်လန့်နေသည့်တွန်သံမျိုးဖြစ်သည်။ ထို့နောက် ဖီးနစ်ငှက်၏ အောင်မြင်စွာဟစ်ကြွေးသည့်အသံ ပေါ်လာပြန်သည်။
ခြံထဲမှအသံများကြောင့် တုန်ဟွမ်း အခွင့်အရေးရသွားသည်။ အရေးနိမ့်တော့မည်ဖြစ်ကြောင်း ရိပ်စားမိသဖြင့် တိုက်ပွဲကိုနား၍ ထရပ်လိုက်သည်။ ကုတင်ပေါ်မှဆင်းသည်။ နောင်တရိပ်မျိုးလုံးဝမရှိ။ အခန်းတံခါးဖွင့်၍ ခြံထဲဆင်းသွားသည်။
“ယွီယွီ၊ မင်းဘာတွေလုပ်နေတာလဲ”
************************************************