မြို့တော်ကိုဖျက် နိုင်ငံကိုရှင်း
Vol. 7 Ch. 102
“ဂါး”
စစ်ပွဲစည်သံလွင့်ပျံလာသည်။ ဆူညံနေသည့် မြေအောက်ဘုံတစ်ခုလုံး မီးတောင်ပေါက်ကွဲသကဲ့သို့ ရုန်းကြွလှုပ်ရှားလာသည်။ ကုန်းမြင့်များ တောင်တန်းများပေါ်တွင် တည်ဆောက်ထာသည့် သရဲမြို့များ စစ်ချီအလံတလူလူ လွှင့်တင်ကြသည်။
ပေတစ်ရာခန့်မြင့်မား၍ တောင်တစ်လုံးစာမျှကြီးမားသည့် သရဲများ စစ်ချီအလံကိုကိုင်၍ သရဲမြို့တော်မှ ထွက်လာကြသည်။ အလံများမြှောက်တင်လိုက်သည်နှင့် အနက်ရောင်စွမ်းအင်ဖုံးလွှမ်းနေသည့် သရဲနတ်ဆိုးများ ကြမ်းတမ်းသည့် မြေအောက်သားရဲကိုယ်စီး၍ စွမ်းအားမြင့်လက်နက်များကိုင်ဆောင်ကာ စစ်ချီအလံများအောက်တွင် စုစည်းကြသည်။ စမ်းချောင်းများ ပင်လယ်ထဲသို့ စုစည်းလာသလိုပင်ဖြစ်သည်။
သရဲမြို့တော်တစ်ခုစီမှ သောင်းချီသည့် သရဲဝိညာဉ်များ စုစည်းနေကြသည်။ ကြောက်စရာယင်စွမ်းအင်များ မြို့တော်အထက်သို့ ထိုးထွက်လာသည်။ ညိမှိုင်းသည့် တိမ်သားအသွင်ဖြင့် လေးဘက်လေးတန် ပျံ့လွင့်လာသည်။ မကြာမီ ယင်စွမ်းအင်တိမ်တိုက်များ မြေအောက်ကမ္ဘာအထက်ကောင်းကင်တွင် မိုင်းပေါင်းများစွာ ဆန့်ထွက်သွားသည်။
“သခင်မ၊ ဘာလို့ ရေနတ်ဆိုးဘုရင်ကိုတိုက်ခိုက်ဖို့ ရုတ်တရက်ကြီး ဆုံးဖြတ်လိုက်တာလဲ”
ယင်တိမ်တော်အထက်တွင် ငရဲဖီးနစ်က မြင့်မားစွာ ပျံဝဲနေသည်။ ငွေသံချပ်ကာဝတ်ထားသည့် ယုဟွမ်နိုင်ငံသခင်မက အောက်ဘက်မှ စုစည်းထားသည့်သရဲတပ်ဖွဲ့ကို ငုံ့ကြည့်နေသည်။ သူ့ဘေးတွင် သရဲစစ်သူကြီး ဆယ်ယောက်ကျော် ရပ်နေသည်။ ယခု ရိုရိုသေသေမေးမြန်းလိုက်သူသည် ဦးခေါင်းတွင် ချိုနှစ်ချာင်းပါသည့် သရဲစစ်သူကြီးတစ်ယောက်ဖြစ်သည်။ ဒူးတစ်ဘက်ထောက်၍ အရိုအသေပေးနေသည်။
“ရေနတ်ဆိုးဘုရင်မှာ ငါလိုချင်တဲ့ပစ္စည်းတစ်ခု ရှိတယ်”
စကားသံက အေးစက်သည်။ မျက်လုံးများက စူးရှသည်။ ယခု ဒူးထောက်မေးမြန်းနေသူသည် ကိုယ်ပိုင်နယ်မြေဖန်တီး၍ ကိုယ်ပိုင်သရဲနိုင်ငံထူထောင်နိုင်သော်လည်း သူ့နောက်လိုက်အဖြစ်နေရန် ရွေးချယ်ခဲ့သည့် စွမ်ရည်မြင့်စစ်သူကြီးဖြစ်၍ သူရှင်းပြလိုက်သည်။
“ကျုပ်မေးချင်တာတစ်ခုရှိပါတယ်။ သခင်မလိုချင်တာက ဘာပစ္စည်းများလဲ”
“မိုးမြေသန္ဓေ”
“ကျုပ်အခုချက်ချင်း စစ်တိုက်ဖို့ ပြင်ဆင်လိုက်ပါ့မယ်”
သရဲစစ်သူကြီး ဆက်မမေးတော့။
မိုနာ့တစ်ယောက်ကို တပ်ဖွဲ့များပြန်လွှတ်ရန် အကြံပေးဖို့ မဖြစ်နိုင်ပေ။ သခင်မဆန္ဒသည် အရာအားလုံးဖြစ်သည်။ သူမေးသည်ကလည်း သိလို၍သာဖြစ်သည်။
တစ်ခြားသရဲစစ်သူကြီးများလည်း အမိန့်အတိုင်း ကိုယ်ပိုင်တပ်ဖွဲ့များကို စီမံကွပ်ကဲရန် ထွက်သွားကြသည်။ တစ်နာရီအတွင်း ယင်တိမ်တိုက်များပေါ်တွင် အစီစဉ်တကျစုစည်းထားသည့် အင်အားကြီးသရဲတပ်ဖွဲ့တစ်ခု ထွက်ပေါ်လာသည်။
သူ့နောက်ဘက်မှ တင်းကျပ်စွာစီစဉ်လေ့ကျင့်ပေးထားသည့် တပ်ဖွဲ့ကိုကြည့်၍ တုန်ဟွမ်းစိတ်ထဲ ကျေနပ်သွားသည်။ သို့သော် သူ့မျက်နှာ အပြောင်းအလဲမရှိ။
သူ့သရဲနိုင်ငံသည် အလွန်တရာကျယ်ပြန့်သဖြင့် သရဲဝိညာဉ်အားလုံးကို စစ်သည်အဖြစ်ပြောင်းလဲနိုင်သည်။ သန်းချီသည့်သရဲစစ်သည်များကို သူအလွယ်တကူ ဖွဲ့စည်းနိုင်သည်။ သို့သော် အရေအတွက်များလွန်းလျှင် ယခုသူ့ရှေ့မှတပ်ဖွဲ့ကဲ့သို့ ကျစ်ကျစ်လျစ်လျစ်ရှိမည်မဟုတ်။
သရဲစစ်သည်ရွေးချယ်ရာတွင် သူအလွန်စည်းကမ်းတင်းကြပ်သည်။ နာကျည်းဒေါသစွမ်းအင်များ တိုက်စားခံရသဖြင့် အသိစိတ်ပျက်စီးနေသည့် ဝိညာဉ်များသည် အလွယ်တကူ ရူးသွပ်သွားနိုင်သည်။ သရဲစစ်သည်ဖြစ်ရန် အရည်အသွေးမပြည့်။ မြို့တော်ထဲမှာပင် ရူးသွပ်သွားသည့် သရဲဝိညာဉ်များကို ချက်ချင်းသုတ်သင်ပစ်လေ့ရှိသည်။
ထိုသို့ သေချာရွေးချယ်ထားသဖြင့် တစ်ခြားသရဲနိုင်ငံတပ်ဖွဲ့များထက် အရွယ်အစားငယ်သော်လည်း တကယ့်တိုက်ပွဲတွင် ကိုယ့်ထက် ဆယ်ဆအင်အာကြီးသည့်တပ်ဖွဲ့ကို အလွယ်တကူ ထိန်းထားနိုင်စွမ်းရှိသည်။ ဆယ်ဆ သို့မဟုတ် အဆနှစ်ဆယ်အင်အားကြီးသည်ဖြစ်စေ သူတို့ အောင်ပွဲခံနိုင်သည်။
“ချီတက်မယ်”
ကြည်လင်ပြတ်သားသည့် သခင်မအမိန့်သံ မိုင်ချီဆန့်ထွက်နေသည့် ယင်တိမ်တိုက်များကြား ပဲ့တင်ထပ်သွားသည်။ ဖီးနစ်အ်ောသံ လွင့်ပျံလာသည်။လာသည်။ သရဲတပ်ဖွဲ့ စတင်ချီတက်သည်။
ယုဟွမ်နိုင်ငံလည်း ဗလာဖြစ်မကျန်ခဲ့။ သူတို့ခေါင်းဆောင်က တပ်ဖွဲ့၏တစ်ချို့တစ်ဝက်ကိုသာ ဦးဆောင်ခေါ်သွားသည်။ တိုင်းပြည်စောင့်ရှောက်ရန် စစ်သည်ပမာဏအတော်များများ ကျန်နေသေးသည်။ တစ်ခြားသရဲတိုင်းပြည်များကို တိုက်ခိုက်မှုကို ခုခံနိုင်လောက်အောင် အင်အားကြီးသည်။
ထို့ကြောင့် ရေနတ်ဆိုးအတွက် မမျှော်လင့်သည့် ကြောက်စရာကပ်ဆိုးတစ်ခု ဖြစ်လာသည်။ ယုဟွမ်က တိုက်ခိုက်လာမည်ဟု မျှော်လင့်မထား။
ရေနတ်ဆိုးဘုရင်သည် ရှားပါးသက်ရှိဝိညာဉ်တို့ဖြင့်ဖေါ်စပ်ထားသည့် အဆင့်မြင့်ဝိုင်ကိုသောက်၍ သရဲပျိုမေများ ကပြအသုံးတော်ခံသည်ကို ရှုစားနေခဲ့သည်။
ထိုစဉ် ကြောက်စရာဓားရိပ်တစ်ခု ကျလာသည်။ သူနေထိုင်သည့် သရဲမြို့တော် နှစ်ခြမ်းကွဲထွက်မတတ်ဖြစ်သွားသည်။ ပင်ပင်ပန်းပန်းကြိုးစားအားထုတ်၍ တွဲဆက်တည်ဆောက်ထားသည့် နန်းတော်များစွာ ပျက်စီးသွားသည်။
“ယုဟွမ်”
ဒေါသထွက်သွားသဖြင့် ပေရာချီရှည်သည့် ကြောက်စရာမူလပုံစံအစစ်သို့ သူပြောင်းလိုက်သည်။ တောင်တန်းများအထက်မှစီးမိုး၍ သရဲမြို့တော်ကို ငုံ့ကြည့်သည်။ ကြောက်နေသည့် သရဲဝိညာဉ်များ သရဲဘုရင်စွမ်းအားဖြင့် တိုက်ခိုက်ရန် ချက်ချင်းစိတ်အားတက်ကြွလာသည်။ ကြမ်းတမ်းသည့်ဗီဇသဘာဝ နိုးထလာကြသည်။
များစွာသော် သရဲဝိညာဉ်များ ဒီရေလှိုင်းပမာ ကောင်းကင်သို့ ထိုးတက်သွားကြသည်။ ယင်တိမ်တိုက်ပေါ်မှ သရဲတပ်ဖွဲ့ထံ ပြေးတင်သွားသည်။ ဖြစ်လာသည့်ရလာဒ်က ထင်ရှားသည်။ သရဲဝိညာဉ်များ အပိုင်းပိုင်းပြတ်ထွက်၍ မိုးရွာသလိုကျလာသည်။
တစ်ဘက်သတ်စစ်ပွဲဖြစ်သည်။ စစ်ပွဲဟုပင် မဆိုနိုင်။ သတ်ပွဲဖြစ်သည်။
သရဲဝိညာဉ်များ မချိမဆန့်အော်ဟစ်၍ သေဆုံးသွားကြသည်။ တုန်ဟွမ်းအမူအရာ အပြောင်းအလဲမရှိ။ အသိလွတ်ကာ ဒေါသတကြီး အော်ဟစ်ကြုံးဝါး၍ သေဆုံးသွားကြသည်။ တုန်ဟွမ်းမျက်တောင်တစ်ချက်မခတ်။
တိုက်မည်ဟု ဆုံးဖြတ်ကတည်းက စစ်ပွဲရလာဒ်ကို သတ်မှတ်ပြီးဖြစ်သည်။ မည်မျှပေးဆပ်၍ မည်မျှအကျိုးအမြတ်ရမည်ကိုသာ သူစဉ်းစားသည်။
နိုင်ငံတည်နေရာအနေအထားကြောင့် တိုက်ပွဲအသာစီးရလျှင်ပင် ရေနတ်ဆိုးဘုရင်၏ သရဲနိုင်ငံကို သိမ်းယူနိုင်ရန် ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် ယခုလို တိုက်ခိုက်သည်မှာ နည်းလမ်းကောင်းမဟုတ်။ ရလာမည့် အကျိုးအမြတ်က အကန့်အသတ်ရှိသည်။
သို့်သော် ထိုအချက်က သူ့လက်အောက်မှ သရဲစစ်သူကြီးများအတွက်သာဖြစ်သည်။ မိုးမြေသန္ဓေကိုသာရလျှင် မည်မျှပေးဆပ်ရသည်ဖြစ်စေ စစ်ပွဲကိုသူလက်ခံနိုင်သည်။
သရဲနိုင်ငံတည်ထောင်ခဲ့သည်မှာလည်း သူ့ကိုယ်ပိုင်တိုးတက်မျုအတွက်သာဖြစ်သည်။
“ယုဟွမ်”
သူ့နိုင်ငံမှသရဲစစ်သည်များစွာ အသတ်ခံနေရသည်ကိုကြည့်၍ ရေနတ်ဆိုး ဒေါသတကြီးအော်ဟစ်လိုက်သည်။
ကွင်းဆက်ကိုးခု ဓားပြာကို ဆွဲထုတ်သည်။ ယင်တိမ်တိုက်ပေါ်မှ သရဲတပ်ဖွဲ့ဆီ လှမ်းခုတ်လိုက်သည်။
“ဂီး”
ဖီးနစ်အော်သံ ထွက်လာသည်။ အနက်ရောင်မီးတောက်များ ကောင်းကင်သို့ မြင့်တက်လာသည်။ ဒြပ်ထုမရှိသည့် ဖြစ်တည်မှုဖြစ်သည်။ သို့သော် အလွန်မာကျောသည့် နတ်လက်နက်လည်းဖြစ်သည်။ နတ်ဆိုးဘုရင်၏ဓားပြားက ထိုမီးတောက်ကိုထိသည်နှင့် ချက်ချင်းအရည်ပျော်ကျ၍ အက်ကြောင်းကြီးတစ်ခု ပေါ်လာသည်။
“ခွေမသားတိရစ္ဆာန်၊ မင်းကို အစိတ်အစိတ်အမွှာမွှာ ဆွဲဖြဲပြီး ဝိုင်နဲ့မြည်းပစ်မယ်ကွ”
လက်နက်ပျက်စီးသွားသော်လည်း ရေနတ်ဆိုးဘုရင် အကြောက်အရွံ့မရှိ။ ခြေတစ်လှမ်းဖြင့် ယင်တိမ်တိုက်ပေါ် တက်လိုက်သည်။ သူ့နိုင်ငံမှ သရဲများလည်း သူ့နောက်မျ လိုက်လာကြသည်။ ယင်တိမ်တိုက်များဆီ ချီတက်သည်။ စည်းပျက်ကမ်းပျက်တပ်ဖွဲ့ကို ဖျက်ဆီးရန် ကြိုးစားသည်။
တုန်ဟွမ်းအားလုံးကို မြင်သည်။ သို့သော် မတုန်လှုပ်။ စစ်သည်ထောင်ချီကြားတွင်ရှိနေသည့် သူ့မြင်းကို နတ်ဆိုးဘုရင်က ဓားဖြင့် ခေါင်းဖြတ်ရန် ချိန်ရွယ်လိုက်သည်။
“ရွှီဂ”
တောက်ပသည်အလင်းရောင်ရှိသည့် ဓားဖြူတစ်လက် တုန်ဟွမ်းနောက်ဘက်တွင် ပေါ်လာသည။ ထို့နောက် ဒုတိယဓားအလင်း တောက်ပလာသည်။ ရွှေရောင်ဓားတစ်လက်ပေါ်လာသည်။ ထို့နောက် တတိယဓားတစ်လက် ထပ်ပေါ်လာသည်.
ထိုဓားများ ကောင်ကင်ပေါ်မြင့်တက်လာချိန်တွင် ရေနတ်ဆိုးဘုရင် တုန်လှုပ်သွားသည်။သွားသည်။ တုန်ဟွမ်းဘေးတွင် နောက်ထပ်ထဓားရိပ်တစ်ချို့ ရှိသေးသည်ကို သူမြင်သည်။ တုံ့ဆိုင်းမနေတော့ဘဲ အက်ကြောင်းထနေသည့် သူ့ဓားကိုပစ်ချ၍ နောက်လှည့်ထွက်ပြေးသည်။ သူ့ခန္ဓာကိုယ်လည်း မှုန်ဝါးလာသည်။ မိုးမြေကြားတွင် ကိုယ်ရောင်ဖျောက်သွားရန် ကြိုးစားသည်။
“ယုဟွမ်၊ ငါတို့အရင်က ဘာရန်ညှိုးမှမရှိခဲ့ဘူး။ မုန်းတီးစရာအကြောင်လည်းမရှိဘူး။ မင်းဘာလို့ငါ့ကို အင်အားအလုံးရင်းနဲ့ တိုက်နေရတာလဲ
အစက ယုဟွမ်သခင်မသည် သူ့ကို တိုက်ခိုက်ချင်ရုံသာဖြစ်သည်ဟု တွေးခဲ့သည်။ ထိုအဖြစ်မျိုးက သရဲနိုင်ငံများအတွက် ဘာမှမဆန်းလှ။ ယနေ့ ကိုယ့်ကိုလာတိုက်ခိုက်လျှင် နောက်တစ်ရက်တွင် ကိုယ်က ပြန်သွားတိုက်မည်။
သို့သော် ဓားအလင်းရောင်ကိုမြင်သည်နှင့် တုဟွမ်သခင်မ အသေအကြတိုက်တော့မည်ဖြစ်ကြောင်း သူသိလိုက်သည်။ စန်းလော်ဓားသေတ္တာဖြစ်သည်။ တစ်ခြားနိုင်ငံများကြောက်ရွံ့ရသည့် ယုဟွမ်နိုင်ငံ၏ လက်နက်များထဲမှတစ်ခုဖြစ်သည်။ ဓားအိမ်(သေတ္တာ)ကိုဖွင့်လိုက်သည်နှင့် သရဲဘုရင်တစ်ယောက် ကျဆုံးရသည်။
သရဲဘုရင်၏ ကြောက်စရာကိုယ်ထည် ပျောက်ကွယ်ခါနီးတွင် သူ့ကိုယ်နှင့်ယှဉ်လျှင် အလွန်တရာ သေးငယ်သည့် စာအုပ်လေးတစ်အုပ် သူ့ဦးခေါင်းပေါ် ကျလာသည်။